Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


အစိုးရနှင့် ဖက်ဒရယ်စနစ်ကို ဆွေးနွေးရန် အခက်အခဲမရှိနိုင်ဟု တိုင်းရင်းသားခေါင်းဆောင်များမျှော်လင့်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဘုံသဘောတူညီချက်ရထားသည့် အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုများတွင် ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်သော ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးအတွက် အစိုးရနှင့် ဆွေးနွေးရာတွင် ခက်ခဲမှုမရှိနိုင်ဟု မျှော်လင့်ထားကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)၏ ဒုတိယ စစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်က အောက်တိုဘာလ ၃၀ ရက်မှ ၂ ရက်နေ့အထိ လိုင်ဇာမြို့တွင် ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်ညီလာခံ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“အခုအချိန်မှာ အစိုးရဘက်ကလည်း ဖက်ဒရယ်ကို ပြောနေပါတယ်။ တစ်နိုင်ငံလုံးလည်းပြောနေပြီဆိုတော့ ခေါင်းစဉ် ကတော့ အားလုံးပြောပြနေတဲ့ ခေါင်းစဉ်တစ်ခုဖြစ်နေပါပြီ။ အဲဒီတော့ ဆက်ပြီးဆွေးနွေးရင် သိပ်ပြီးအခက်အခဲ ရှိမယ် မထင်ပါဘူး”ဟု ၎င်းကဆိုသည်။

ထို့အတူ ချင်းအမျိုးသားတပ်ဦး (CNF) ၏အဓိပတိကောင်စီဝင်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) ၏ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက အစိုးရဘက်မှ တိုင်းရင်းသားအဖွဲ့များ သုံးစွဲနေသည့် ဖက်ဒရယ်စကားလုံးကို သုံးစွဲလာခြင်းသည် ကောင်းသော လက္ခဏာတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အစိုးရဘက်ကလည်း ကျွန်တော်တို့ပြောတဲ့အတိုင်း ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို သုံးပါတယ်။ ဒါက အင်မတန်မှ ကောင်းတဲ့ အလားအလာဖြစ်ပါတယ်။ ဟိုတုန်းက ဖက်ဒရယ်ဆိုတာကို ခွဲထွက်ရေးဆိုပြီးတော့ ကင်ပွန်း တပ်တယ်။ အခု သူတို့ကလည်း ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမဟုတ်ဘူး။ ပူးပေါင်းရေးဖြစ်တယ် ဆိုတာ သူတို့ လက်ခံ လာတယ်။ သိမြင်လာတယ်”ဟု ဆလိုင်းလျန်မှုန်းက ဆိုသည်။

ထို့အပြင် ပင်လုံမူကို အခြေခံသော ပြည်ထောင်စုကို ပြန်လည်ထူထောင်ရန် အားလုံးကြိုးစားသင့်သည့် အချိန်ကို ရောက်နေပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

“ပင်လုံမူအတိုင်း ပြည်ထောင်စုပြန်လည်ထူထောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ဘက်ကလည်း လုပ်မယ်။ ပြီးတော့ သူရဦးရွှေမန်းတို့ ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် ကလည်း လုပ်မယ်။ သမ္မတဦးသိန်းစိနဦးဆောင်တဲ့ အစိုးရကလည်း လုပ်မယ်လို့ ကျွန်တော်မျှော်လင့်တယ်။ဆိုတော့ ကျွန်တော်တို့ အားလုံးရဲ့ တူညီမှုအပေါ်မှာ ဒီပြည်ထောင်စုကို ပြန်လည်ထူထောင်ဖို့ အကောင်းဆုံးကာလဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီးအစည်းအဝေးပွဲတွင် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးကော်မတီ(WGEC) ကရေးဆွဲထားသော မူကြမ်း၊ ညီညွတ်သော  တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ကရေးဆွဲထားသော ဘုံသဘောတူညီချက်၊ ၂၀၁၂ ခုနှစ် တိုင်းရင်းသားညီလာခံတွင် ရေးဆွဲခဲ့သော မူကြမ်း၊ ကရင်အမျိုးအသားအစည်းအရုံး(KNU) နှင့် RCSS တို့က တင်ပြခဲ့ သော WGEC ၏မူကြမ်းကို အစိုးရက ပြင်ဆင်ဖြည့်စွက်ရေးဆွဲထားသော မူကြမ်းများကို ပေါင်းစည်းပြီး မူကြမ်းတစ်ခု အနေဖြင့် ရေးဆွဲခဲ့သော တိုင်းရင်းသားလက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်ကို သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

YC


ပင်လုံကျောက်တိုင်နှင့် ပင်လုံပြတိုက် ကျပ် ၅၁ သန်းကျော် သုံးစွဲတည်ဆောက်မည်

ပင်လုံစာချုပ်ရေးထိုးသည့် အထိမ်းအမှတ်အဖြစ် စိုက်ထူခဲ့သော ပြည်ထောင်စုကျောက်တိုင် အကြီးစားပြုပြင်ရန် နှင့် ပင်လုံ ပြတိုက် တည်ဆောက်ရန် ငွေကျပ်သန်းပေါင်း ၅၁ သန်းကျော် အသုံးပြုသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိမ်းမောင်က ပြောကြားသည်။

“တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်လို့ အခုလို ပြင်ဆင်ဖို့ လိုအပ်တဲ့အတွက် ပြည်ထောင်စု ကျောက်တိုင်ကို အကြီးစား ပြုပြင်မွမ်းမံသွားနိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အခုလို စီစဉ်ခဲ့တာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၄-၁၅ ခုနှစ်အတွက် အစိုးရထံမှ ရှမ်းပြည်နယ်ဘတ်ဂျက်တွင် ပြည်ထောင်စုကျောက်တိုင် အကြီးစား ပြုပြင်မွမ်းမံရန်အတွက် ဘဏ္ဍငွေကျပ် ၅၁ သန်းကျော် အသုံးပြုခွင့်ပေးရန် အစိုးရထံ တင်ပြထားခဲ့ရာ အစိုးရအနေဖြင့် လည်း ယခုကိစ္စသည် လုပ်ဆောင်သင့်သည့်ကိစ္စ ဖြစ်သည့်အတွက် အမြန်ဆုံးချပေးသင့်သည်ဟု ပြောကြားခဲ့ကြောင်း ဦးခွန်သိမ်းမောင်က ဆိုသည်။

ပြည်ထောင်စု ကျောက်တိုင်၏ အရှေ့ဘက်၊ မြောက်ဘက်နှင့် အနောက်ဘက်တို့တွင် အဝင်မုခ်ဦး သုံးခုကို လည်း ခမ်းနားစွာ တည်ဆောက်မည်ဖြစ်ပြီး ပင်လုံပြတိုက်အတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားေ ခါင်းဆောင်များ၏ ပင်လုံစာချုပ် လက်မှတ်ရေးထိုးကြသည့် ပုံရိပ်များသာမက ပင်လုံစာချုပ်ကိုပါ ပြသသွား မည်ဖြစ်ကြောင်း သိရသည်။

“ပြည်ထောင်စုကျောက်တိုင်ကို ပြင်တာ မူရင်းလည်းမပျက်အောင် ပြင်ဆင်စေချင်ပါတယ်။ ပင်လုံစာချုပ်ကို ပြသမယ့်နေရာမှာလည်း စာချုပ်ကို မူရင်းအတိုင်း ဖော်ပြစေချင်ပါတယ်။ သမိုင်းကို အမှားတွေနဲ့ မပြောင်းလဲပစ်စေ ချင်ပါဘူး” ဟု ပင်လုံမြို့ခံတစ်ဦးဖြစ်သူ အသက် ၈၀ အရွယ်ရှိ ဦးစိုင်းအောင်မြတ်က ပြောသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်၌ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားးခေါင်းဆောင်များသည် ဗြိတိသျှထံမှ လွတ်လပ်ရေးကို တောင်တန်း- မြေပြန့် မခွဲခြားဘဲ အတူတကွရယူရန် သဘောတူ လက်မှတ်ထိုးသည့် အထိမ်းအမှတ်အဖြစ် တောင်တန်း-မြေပြန့် ပူးပေါင်းရေး စာချုပ်ကျောက်တိုင် (ပြည်ထောင်စု ကျောက်တိုင်) ကို စိုက်ထူခဲ့ခြင်းဖြစ်သည်။

YC


 

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် အတည်ပြု

ပြည်ထောင်စုလွှတ်တော် နာယကအနေဖြင့် လွှတ်တော်ရေးရာကိစ္စများတွင် ပိုမိုထိရောက် အောင် မြင်စွာ ဆောင်ရွက်နိုင် ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ လွှတ်တော်ဆိုင်ရာအဖွဲ့ကို လွှတ်တော်၏ သဘောတူညီ ချက်ဖြင့် ဖွဲ့စည်း နိုင်သည့်အချက် များ အပါအဝင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား နိုဝင်ဘာလ ၁ ရက်နေ့တွင် အမျိုးသားလွှတ်တော်မှ အတည်ပြုခဲ့ကြောင်း သိရှိရသည်။

စာချုပ် ၊ သဘောတူညီချက်များ ၊ လျှပ်စစ်ဓါတ်အား စီမံကိန်းကြီးများအား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ ရမည့် အချက်များ ပါဝင်သော အဆိုပါ ဥပဒေကြမ်းကို အောက်တိုဘာလ ၂၈ ရက်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ကန့်ကွက်သူမရှိသဖြင့် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကာ ဆွေးနွေးမည့် လွှတ်တော် ကိုယ်စားလှယ်စာရင်း ပေးသွင်း ခြင်းမရှိသည့်အတွက် အမျိုးသားလွှတ်တော်မှ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယခု ပြင်ဆင်လိုက်သည့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းတွင် ထပ်မံ ဖြည့်စွက်ခဲ့သော အပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများ နှင့် သဘောတူညီချက်များ ၊ ဒေသဆိုင်ရာ စာချုပ်များနှင့် သဘောတူညီချက် များ ဆိုင်ရာ ကိစ္စ၊ အခွန်အကောက်များနှင့် သက်ဆိုင်သည့်ကိစ္စ၊ သဘာဝ စွမ်းအင်များနှင့် သယံဇာတ ပစ္စည်းများ ထုတ်ဖော်မှုနှင့် သက်ဆိုင်သည့်ကိစ္စ နှင့် လျှပ်စစ်ဓာတ်အား စီမံကိန်းကြီး စသည့် ကိစ္စများတွင် ဖြည့်စွက်ထား သည်များကို အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီမှ သဘောတူခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံတွင် ပြဋ္ဌာန်းထားသော ပြည်ထောာင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးရေ ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးရေ ၊ ပြည်ထောာင်စုအစိုးရ၏ ဝန်ကြီးဌာန အရေ အတွက် နှင့် ပြည်ထောင်စုဝန်ကြီး ဦးရေ သတ်မှတ်ရေးတို့အတွက် နိုင်ငံတော်သမ္မတ၏ တင်ပြချက်နှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေး ရမည်ဟု ထပ်မံဖြည့်စွက်ထားပြီး လွှတ်တော်သည် ပုဒ်မ ၃၁ အရ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ ဦးရေ သတ်မှတ်ချက်၊ ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန အရေအတွက် နှင့် ပြည်ထောင်စုဝန်ကြီး ဦးရေတို့ကို အခါအားလျော်စွာ ပြင်ဆင်ခြင်း ၊ ဖြည့်စွက်ခြင်း ၊ ဦးရေကို တိုးခြင်း ၊ လျှော့ခြင်းများ ပြုလုပ်လိုကြောင်း နိုင်ငံတော်သမ္မတ၏ တင်ပြချက်နှင့် စပ်လျဉ်းပြီး အဆုံးအဖြတ် ပေးရမည် ဟု ဖြည့်စွက်ထားသည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက အဆိုပြုလာသည့် ပြည်ထောင်စုအဆင့်များဖြစ် သော ပြည်ထောင်စု တရားသူကြီးချုပ် နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ် ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်များကို ခန့်အပ် ရာတွင် လွှတ်တော်၏ သဘောတူညီချက်ကို ရယူရမည်ဖြစ်ကြောင်း ထပ်မံ ဖြည့်စွက်ထားသည်ဟု သိရှိရသည်။

YC 


 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

ဒေါ်အောင်ဆန်းစုကြည်၏ စွန့်စားရမည့် မပာာဗျူပာာ

(30 Oct 2013 ရက်စွဲပါ The Interpreter မှ Andrew Selth ရေးသားသော Aung San Suu Kyi’s risky strategy ကိုဘာသာပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပတွင်ရောက်ရှိနေပြီး ၁၉၉၀ ခုနှစ်က ဥရောပပါလီမန်က ချီးမြှင့်သော လွတ်လပ်စွာတွေးခေါ်ခြင်းအတွက် Sakharov ဆုကို လက်ခံရယူခဲ့ပါသည်။ ခရီးစဉ်အတွင်း အကြီးတန်းတာဝန်ရှိသူများ နှင့်တွေ့ဆုံခြင်း၊ လူအများအား မိန့်ခွန်းပြောခြင်းများ ပြုလုပ်ခဲ့ပါသည်။

သူသည် ယခင်က ထိုသို့သော ခရီးစဉ်မျာွးင် လုပ်ဆောင်ခဲ့သကဲ့သို့ သူသည် ကမ္ဘာ့ခေါင်းဆောင်များအား မြန်မာအစိုးရအပေါ် ပြုပြင်ပြောင်းလဲရေးတွင် နယ်ပယ်နှင့် နှုန်းတိုးမြှင့်လုပ်ဆောင်ရေး ဖိအားပေးရန်တိုက်တွန်းခဲ့ပါသည်။ ၎င်းက အတိအကျထုတ်ဖော်ပြောဆိုခဲ့သော ကိစ္စရပ်တစ်ခုမှာ ဥရောပသမဂ္ဂအနေဖြင့် ရှင်းရှင်းလင်းလင်း ရှိနေရမည့် အချက်မှာအခြေခံဥပဒေကို ပြောင်းလဲရန်လိုအပ်သည်ဆိုသည့်အချက်ဖြစ်ပါသည်။ ၎င်းက လက်နက်ကိုင်တပ်များက မြန်မာနိုင်ငံရေးတွင် အထူးနေရာယူထားမှုကိုလည်း အဓိကကျသော ပြဿနာအဖြစ် သတ်မှတ်ပြောကြားခဲ့ပါသည်။

နိုင်ငံခြားအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို သူ၏ပြည်တွင်းနိုင်ငံရေးရည်မှန်းချက်များ အောင်မြင် ရန်ကူညီရေးအတွက် လူသိရှင်ကြားတောင်းဆိုခြင်း မပာာဗျူပာာမှာ အသစ်အဆန်းတစ်ခုမပာုတ်ပဲ ဤအခြေအနေမျိုး တွင် မျှော်လင့်နေမည့်ကိစ္စတစ်ခုဖြစ်ပါသည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းတွင် စွန့်စားရမည့်အန္တရာယ်များရှိပါသည်။

၁၉၉၀ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်ကြားတွင် ဒေါ်အောင်ဆန်းစုကြည်သည် သနားညှာတာခြင်းကင်းမဲ့သော စစ်အစိုးရ၏အမိန့်ဖြင့် (၁၄)နှစ်ခန့် နေအိမ်အကျယ်ချုပ်ခံခဲ့ရပါသည်။ ထိုကာလအတွင်း ၎င်းသည် မြန်မာနိုင်ငံတွင်း၌ နိုင်ငံရေးအရ အသာစီးရအောင် သူ၏ပေါ်ပြူလာဖြစ်မှုကို အသုံးချလုပ်ဆောင်ရန် အတိုင်းအတာအနည်းအကျဉ်းသာ ရရှိခဲ့ပါသည်။ သို့သော် နိုင်ငံပြင်ပတွင်မူ ကြီးစွာသော လေးစားမှုကို ခံယူရပြီး ပါဝါရှိနိုင်ငံရေးပုဂ္ဂိုလ်များ၊ အင်စတီကျူးရှင်း များနှင့် အစိုးရများ၏ ကျောထောက်နောက်ခံပြုပေးမှု ပိုမိုရရှိရန် သူ၏ ရရှိခဲ့သော သြဇာလွှမ်းမိုးမှုကို အသုံးချနိုင်ခဲ့ပါ သည်။

ထိုအချိန်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် သူ၏နိုင်ငံခြားမှထောက်ခံသူများကို မြန်မာစစ်အစိုးရ အား ဖိအားပေးကြရန် အားပေးအားမြှောက်ပြုခဲ့ပါသည်။ ၎င်းတို့သည် တင်းကြပ်သော နိုင်ငံရေးအရနှင့် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများနှင့်အတူ သူ့အားလွှတ်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခြင်း၊ အခြားနိုင်ငံရေးအကျဉ်းသား လွှတ်ပေးရန်၊ နိုင်ငံတကာအသိအမှတ်ပြု လူ့အခွင့်အရေးစနစ်များ အသိအမှတ်ပြုရန်နှင့် စစ်မှန်သော ဒီမိုကရေစီ အစိုးရဖန်တီးရန် တောင်းဆိုခဲ့ကြပါသည်။

၂၀၁၁ တွင် နေပြည်တော်၌ အစိုးရအဖွဲ့သစ်ဖွဲ့စည်းခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်သည်လည်း လွတ်လပ်ဿ တရားမျှတသော ရွေးကောက်ပွဲမှတစ်ဆင့် လွှတ်တော်တွင် အရွေးခံရပါသည်။ စစ်တပ်သည်လည်း နေ့စဉ်အစိုးရ အုပ်ချုပ်ရေးမှ နောက်ဆုတ်သွားခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အကြံဥာဏ်များ၊ လက်တွေ့အကူအညီ များပေး၍ အပြေးအလွှားဝင်ရောက်လာခဲ့ပါသည်။ အချို့ကမူ ဝင်ရောက်သည်မှာ မြန်ဆန်လွန်းသည်ပာုဆိုပါသည်။ အချို့ကိစ္စရပ်များသည် အတိတ်က နိုင်ငံတကာချိတ်ဆက်ရေးတွင် အတားအဆီးအဖြစ် သတ်မှတ်ခဲ့သော်လည်း ယနေ့ပြဿနာတစ်ရပ်ပာု ရှုမြင်ခြင်းမရှိတော့ပေ။

အဆိုပါ ကြိုဆိုရမည့် တိုးတက်မှုများအပြင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးသိန်းစိန်နှင့် အချိန်ပိုင်းတွေ့ ဆုံဆွေးနွေးမှုများလည်း ရှိနေသော်လည်း ၎င်းသည် နေပြည်တော်အပေါ် ပြင်ပဖိအားပေးရန် ၎င်း၏ နိုင်ငံတကာ တွင်ရှိသော ပေါ်ပြူလာဖြစ်သည့်အနေအထားကို အသုံးပြုရန် ဆက်လက်ဆုံးဖြတ်ထားပုံရပါသည်။ ထို့ကြောင့် ထိုကဲ့သို့သော မပာာဗျုပာာည် ဒေါ်အောင်ဆန်းစုကြည်အား ၎င်းအလိုရှိသော အဖြေရရန် ဆောင်ကြဉ်းပေးနိုင်မည်လော ပာူသော မေးခွန်းကို ထွက်ပေါ်လာစေပါသည်။

အရေးယူပိတ်ဆို့မှုဖက်မှ ကာကွယ်ပြောဆိုနေသူများကမူ နိုင်ငံတကာဖိအားသည် မူဝါဒ၏ပါရာဒိုင်းပြောင်းရွေ့မှု ကို လျင်မြန်စွာ ဖြစ်စေသည် ပြောဆိုနေဆဲဖြစ်ပြီး ထို့ကြောင့်ပင် အရပ်သား-စစ်တပ် အရောအစိုးရကိုတွေ့မြင်ရကာ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များ စတင်လုပ်ဆောင်ခဲ့ခြင်းကို တွေ့ရသည်ပာုဆိုကြပါသည်။ သို့သော်လည်း အဆိုပါ အမြင်ကိုထောက်ခံသော သက်သေပြချက်မတွေ့ခဲ့ရပေ။ အမှန်တကယ်ပင် အမေရိကန်နှင့် အခြားတာဝန်ရှိအစိုးရများက ဝန်ခံခဲ့သည်မှာ အရေးယူပိတ်ဆို့မှုများသည် စစ်အစိုးရကို အရေးမပါလှသော အဆင်မပြေမှုအနည်းပယ်ပေးနိုင်သည်မှ လွဲ၍ အရပ်သားပြည်သူများ၏ ဘဝများကိုမူ ပိုမိုခက်ခဲစေခဲ့သည်ပာုဆိုပါသည်။

လိုရင်းကိုပို၍ရောက်အောင်ဆိုရလျှင် နိုင်ငံခြားအစိုးရများနှင့် အဖွဲ့အစည်းများ၏ ဖိအားများနှင့် ၎င်းတို့၏ ပြောဆိုရေးသားမှုများသည်ခုတ်ရာတခြား ရှရာတစ်လွဲပာုဆိုရပေမည်။ မြန်မာနိုင်ငံ၏ စစ်တပ်ခေါင်းဆောင်များကို စိတ်ဆိုးစေပြီး ၎င်းတို့ကိုယ် ၎င်းတို့ကာကွယ်ည့် စိတ်ဓာတ်နှင့် စစ်တပ်စောင့်ရှောက်သော  တိုင်းပြည်အဖြစ် လုပ်ဆောင်ရေးကို အားပေးသလိုဖြစ်ရပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏တိုင်းပြည်အပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ရန် အများထောက်ခံမှုရရေးကြိုးပမ်းမှုများနှင့် အစိုးရပြောင်းလဲမှုအတွက် တောင်းဆိုမှုများကို ဗိုလ်ချုပ်ကြီးများက ၎င်းမှာ တိုင်းပြည်အပေါ် အန္တရာယ်ပြုခြင်းပာု မယူဆသည့်တိုင် မျိုးချစ်စိတ်မရှိပာု ရှုမြင်ခဲ့ကြပါသည်။

ပြုပြင်ပြောင်းလဲရေး ပိုမိုအောင်မြင်ရန် မက်လုံးပေးခြင်းများလည်းမဖြစ်နိုင်ပေ။ မျောက်ကို ငှက်ပျောသီးပြ၍ ကခိုင်ခြင်းမှာ နည်းလမ်းမပာုတ်ကြောင်း၊ မိမိတို့မှ မျောက်မပာုတ်ကြောင်း ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အဆိုပါအပြုအမူမျိုးသည် မျိုးချစ်စိတ်ပြင်းထန်သည့် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပြင်ပဖိအားများကို ပိုမိုဆန့်ကျင်ရန်နှင့် အစိုးရစနစ်သစ်ကို စီမံ ထားသော အသွင်ကူးပြောင်းရေးမှတစ်ဆင့်သွားရန် ကိုယ်ပိုင်အစီအစဉ်များဖြင့်သာ ချမှတ်ရေးပိုမိုဆုံးဖြတ်ချက် ခိုင်မာစေ ပါသည်။

ယခုအခါ စစ်အစိုးရ၏ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသို့ လမ်းပြမြေပုံကို ကျင့်သုံးမှုအတွက် ရှင်းလင်း ချက်များကို ကျယ်ကျယ်ပြန့်ပြန့်လက်ခံလာသည့် သဘောရှိပါသည်။ စစ်အစိုးရ၏ စဉ်းစားမှုတွင် ပြင်ပမှ အကြောင်း အချက်များသည် တစ်စိတ်တစ်ပိုင်း သက်ရောက်မှုရှိလိမ့်မည်မပာုတ်ပာု ကြေညာမည်ဆိုပါက ခပ်တုံးတုံးအတွေး အခေါ်ပာုဆိုရမည်ဖြစ်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲမှစ၍ မူဝါဒပြောင်းလဲမှုများသည် ပြည်တွင်းအကြောင်း အချက်များအပေါ်တွင် ကြီးစွာအခြေခံဖြစ်ပေါ်သည်မှာ ထင်ရှားပါသည်။ တိုင်းပြည်ကိုခေတ်မှီအောင် လုပ်ဆောင်သည့် အစိုးရ၏အကျိုးစီးပွားသည် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ သို့မပာုတ် နိုင်ငံခြား၏ ခြိမ်းခြောက်မှုများ၏ ရလဒ်ကြောင့် မပာုတ်ပေ။

ထိုအကြောင်းများကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဦးသိန်းစိန်အစိုးရသည် ယခင်စစ်အစိုးရ ထက်စာ လျှင် ပြင်ပဖိအားများကို ပို၍တုန့်ပြန်မှုပြုသည်ပာု စဉ်းစားနေပုံရနေခြင်းသည် ထူးဆန်းဖွယ်ဖြစ်ပါသည်။ သမ္မတနှင့် ၎င်း၏အနီးတွင် ဝန်းရံနေသူများအနေဖြင့် ထိုသို့သော လုပ်ဆောင်မှုများ၏ သြဇာလွှမ်းမိုးမှုသက်ရောက်မှုရှိမည်ပာု ဆိုသည့်တိုင် စစ်တပ်၏ခေါင်းဆောင်မှုသည် ထပ်မံပေါ်လာမည်မပာုတ်။ သို့သော် ပြုပြင်ပြောင်းလဲရေး ဆက်လက်ဖြစ် ပေါ်ရန်နှင့် အခြေခံဥပဒေပြင်ဆင်ရေးတွင် စစ်တပ်၏ထောက်ခံမှုသည် ကြီးစွာအရေးပါလှပါသည်။

နောက်ထပ်စိတ်ထဲတွင် ထည့်သွင်းထားရမည့်အချက်မှာ ၂၀၁၁ ကတည်းက နိုင်ငံခြားအစိုးရများနှင့် နိုင်ငံတကာအအဖွဲ့အစည်းများသည် ဦးသိန်းစိန်ကို လက်ကမ်းကြိုခဲ့ပြီး ၎င်း၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို လူသိရှင်ကြား ချီးကျုးခဲ့ကြခြင်းဖြစ်ပါသည်။

သဘာဝအားဖြင့် ၎င်းတို့သည် ၂၀၀၈ အခြေခံဥပဒေကဲ့သို့သော သဘောမတူညီမှုများရှိနိုင်သည့်ကိစ္စရပ်မျိုးများ ကို ဆွေးနွေးပိုင်ခွင့်ကိုမူ ထိန်းသိမ်းထားမည်ဖြစ်ပါသည်။ သို့သော် အဆိုပါအစိုးရများကသည်ပင် ပြုပြင်ပြောင်းလဲ ရေုးလုပ်ငန်းစဉ်၏ အရှိန်အပာုန်ကို ထိခိုက်မည့်အကြောင်းအရာ(သို့) နေပြည်တော်အပေါ် ၎င်းတို့အသစ်ရရှိထားသော သြဇာလွှမ်းမိုးမှုလျော့ကျသွားမည့်အကြောင်းအရာများနှင့် ပတ်သက်၍ လုပ်ဆောင်ခြင်း(သို့) ပြောဆိုခြင်းကို စိုးရိမ်ပူ ပန်ကြလိမ့်မည်ဖြစ်ပါသည်။

မည်သို့ဆိုစေ ဒေါ်အောင်ဆန်းစုကြည်သည် အတိတ်ကထက်စာလျှင် ကမ္ဘာ့ရေးရာများတွင် ၎င်း၏သြဇာ လွှမ်းမိုးမှုနည်းပါးလာပါသည်။ ထိုသို့ဖြစ်စေရန် ပြောင်းပစ်လိုက်သူမှာ မြန်မာအစိုးရတစ်ခုတည်းမပာုတ်ပေ။ ကမ္ဘာ့အနှံ့ရှိ အစိုးရသစ်များမှာလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီသင်္ကေတ၏ သြဇာလွှမ်းမိုးမှုလျော့ကျလာပြီး၊ မြန်မာနိုင်ငံ ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်သည်ပာု စွပ်စွဲမှုခံရမည်ကို ပို၍စိုးရိမ်လာသည့်သဘောရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင်လျှင် မူဆလင်ရိုပာင်ဂျာနှင့် ကချင်ကဲ့သို့သော အဖိနှိပ်ခံ လူ့အဖွဲ့အစည်းများကို အထောက်အပံ့ဖြစ်မည့် စကားပြောကြားရန် ပျက်ကွက်မှုအတွက် အဝေဖန်ခံရလျက်ရှိနေပါသည်။

အံ့သြဖွယ်ကောင်းသောအချက်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိမြန်မာဗိုလ်ချုပ်များနှင့် ယုံကြည်မှုတိုး၍ရရှိရန် ကြိုးပမ်းမှုနှင့် ဆန့်ကျင်ဖက်ဖြစ်စေမည့် မပာာဗျူပာာကို ကျင့်သုံးခြင်းပင်ဖြစ်ပါသည်။ ၎င်း အနေဖြင့်လည်း မြန်မာနိုင်ငံသည် စစ်တပ်၏ သဘောတူညီမှုနှင့် ထောက်ခံမှုမရပဲ စစ်မှန်သော ဒီမိုကရေစီ၏ အသွင်ကူး ပြောင်းရေးကို မဖော်ဆောင်နိုင်ပာု သိရှိနားလည်ထားပြီးဖြစ်ပါသည်။ လွှတ်တော်ရှိစစ်တပ်၏ ထောက်ခံမှုဖြင့် အခြေခံဥပဒေကို မပြင်ဆင်နိုင်ပါကလည်း သူ့အနေဖြင့် သမ္မတဖြစ်လာလိမ့်မည်မပာုတ်။

အထက်ပါအချက်များကို ထည့်သွင်းတွက်ချက်၍ အချို့သောစောင့်ကြည့်လေ့လာသူများက ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းကို နေပြည်တော်အပေါ်ဖိအားပေးရန် ဆက်လက်တောင်းဆိုခြင်းသည် အကောင်းထက်အဆိုးကို ပိုမိုဖြစ်စေမည်လားဆိုသည့်မေးခွန်းကို မေးလာကြပါသည်။ နိုင်ငံခြားတိုင်းပြည်များက တုန့်ပြန်မှုရှိသည် မရှိသည်ထားဦး၊ ထိုသို့သော မပာာဗျူပာာသည် သူနှင့် ဦးသိန်းစိန်အစိုးရကြားရှိ လှုပ်လီလှုပ်လဲ့ ရှိနေသော ဆက်ဆံရေးကို ထိခိုက်ရန် ခြိမ်းခြောက်နေပါသည်။ ထို့အပြင် သူမှီခိုနေရသည့် ဗိုလ်ချုပ်ကြီးများနှင့် ဆက်ဆံရေးပျက်ယွင်းရုံမျှမက သူ၏ခေါင်းဆောင်ဖြစ်ရန် ရည်ရွယ်ချက်များကို သဘောပေါက်စေရန်ကြိုးစားမှုနှင့် အနောက်မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးလမ်းကို ထိခိုက်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive