Transparency Myanmar

transparency.myanmar@gmail.com

ဘာသာပြန်သတင်းများ (၂)

(AAP News မှ 2 Jan 2014 ရက်စွဲပါ “Aussie aid cuts hit Thai clinic for poor” သတင်းကို ဘာသာပြန်ဆိုသည်)

(Fair Fax NZ News မှ 2 Jan 2013 ရက်စွဲပါ “Burmese children’s clean water from Retary” သတင်းကို ဘာသာပြန်ဆိုသည်)


မယ်တော်ဆေးခန်းသို့ သြစတြေးလျားရန်ပုံငွေ လျှော့ချဖြတ်တောက်

(AAP News မှ 2 Jan 2014 ရက်စွဲပါ “Aussie aid cuts hit Thai clinic for poor” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းအနောက်ပိုင်းမှ ဒုက္ခသည်ဆေးခန်းသို့ သြစတြေးလျား ရန်ပုံငွေဖြတ်တောက်မှုသည် အနီးတစ်ဝိုက် မြန်မာ့နယ်စပ်မှ လူပေါင်း ၄၀၀,၀၀၀ လောက်အထိ နစ်နာအောင် ခြိမ်းခြောက်လျက်ရှိသည်။

မယ်တော်ဆေးခန်းသို့ ပေးနေသော ထောက်ပံ့ငွေမှ ဒေါ်လာ ၄၂၀,၀၀၀ ဖြတ်တောက်ရန် သြစတြေးလျား အစိုးရက ဆုံးဖြတ်ခြင်းကြောင့် ဆေးခန်း၏ ရေရှည်ကူညီစောင့်ရှောက်နိုင်စွမ်းကို ထိခိုက်စေသည်ဟု ဆေးခန်း စီမံခန့်ခွဲမှု ဒါရိုက်တာ ဒေါက်တာမောင် (စင်သီယာမောင်) က ပြောကြားသည်။

ဇန်နဝါရီလ ၁ ရက်တွင် စတင်အကြုံးဝင်မည့် ရန်ပုံငွေ ဖြတ်တောက်မှုသည် ဆေးခန်းဘတ်ဂျက်၏ ၂၅ ရာခိုင်နှုန်းရှိသည်။

ဝန်ထမ်းတွေနဲ့ လူနာတွေအားလုံးအတွင် ဒီငွေနဲ့သုံးနေရတာဆိုတော့ တကယ်ကို စိတ်ပျက်ပြီး ပင်ပန်းပါတယ် ဟု ဒေါက်တာမောင်က AAP သို့ ပြောကြားသည်။

၁၉၉၈ ခုနှစ်က ဒီမိုကရေစီ အရေးတော်ပုံ ဖြိုခွဲခံရမှုကြောင့် ထွက်ပြေးလာ ကြသော ကျောင်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ထူထောင်ခဲ့သော ဆေးခန်းသည် ယခုအခါ ဝန်ထမ်း ၇၀၀ ခန့်ဖြင့် တစ်နှစ်လျှင် လူနာ ၁၅၀,၀၀၀ ခန့်ကို ဆေးကုသပေးနေသည်။

ရန်ပုံငွေဖြတ်တောက်မှုကြောင့် နယ်စပ်ဖြတ်ကူးရွှေ့လျား ကျန်းမာရေးအစီအစဉ်ကို အများဆုံး ထိခိုက်နိုင်ပြီး ၎င်း ကျန်းမာရေး လုပ်သားများသည် ထိုင်းနိုင်ငံနယ်စပ်အနီး ကရင်ပြည်နယ်နှင့်မွန်ုပြည်နယ်မှ ဒေသခံ ၄၀၀,၀၀၀ ခန့်ကို လိုက်လံဆေးကုသပေးနေသည်ဟု ဒေါက်တာမောင်က ဆိုပါသည်။

ပြီးခဲ့သောနှစ်များအတွင်း ကရင်တပ်နှင့် အစိုးရတပ်များ တိုက်ခိုက်နေစဉ် ကာလတွင် ရွေ့လျားကျန်းမာရေး လုပ်သားများသည် ကျေးလက်လူထုအား မြန်မြန်ဆန်ဆန် အသက်ကယ် စောင့်ရှောက်မှုပေးရာတွင် အဓိကကဏ္ဍမှ ပါဝင်ခဲ့ကြသည်ဟု သိရှိရသည်။

ယခုနောက်ပိုင်းတွင်မူ ၎င်းရွှေ့လျား ကျန်းမာရေးလုပ်သားများသည် ကျန်းမာရေးပညာပေးခြင်း အပါအဝင် ခြင်မှ ပြန့်ပွားသော ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ရောဂါများကို ကုသပေးရန်အတွက် စင်တာများဖွင့်၍ လုပ်ဆောင် နေကြသည်။

‘သြစတြေးရန်ပုံငွေသည် ရွှေ့လျားကျန်းမာရေး အစီအစဉ်ကို ပံ့ပိုးကူညီခဲ့သော်လည်း ယခုအခါ နယ်စပ်နေ ပြည်သူများကို စိန်ခေါ်နေကြောင်း ရွှေ့လျားအဖွဲ့များသည် မြန်မာနိုင်ငံဖက်ခြမ်းမှ ပြည်တွင်း အိုးအိမ်မဲ့ ဒုက္ခသည် IDPs များအတွက် ကျန်းမာရေးသင်တန်းနှင့် အကူအညီများပေးနေကြောင်း ယခု ရန်ပုံငွေ ဖြတ်တောက်မှုကြောင့် မိမိတို့ ကွန်ယက်နှင့် လုပ်ဖော်ကိုင်ဖက်များကို ထိခိုက်စေမည်  ဖြစ်ကြောင်း’ ဒေါက်တာမောင် က ရှင်းလင်းပြောကြားသည်။

သြစတြေးလျား ဖက်ဒရယ်အစိုးရက နိုင်ငံခြားရေးရာနှင့် ကုန်သွယ်ရေးဌာနဘတ်ဂျက်၏ လာမည့်လေးနှစ် အတွက် ပင်လယ်ရပ်ခြားထောက်ပံ့မှုကို ဒေါ်လာ ၄.၅ ဘီလီယံ လျှော့ချမည်ဟု ၂၀၁၃ တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မနှစ်က ဆစ်ဒနီငြိမ်းချမ်းရေးဆု လက်ခံရရှိခဲ့သူ ဒေါက်တာမောင်က သြစတြေးလျား တာဝန်ရှိသူများအား ရန်ပုံ ငွေဖြတ်တောက်မှုပြင်ဆင်ပေးရန် မေတ္တာရပ်ခံမှု မအောင်မြင်ခဲ့ဟု ပြောကြားသည်။ ဘန်ကောက်မြို့ သြစတြေးလျား သံရုံးက မယ်တော်ဆေးခန်း၏ နယ်စပ်ဒေသ ကလေးလူငယ် ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များအတွက် သြစတြေးလျား ဒေါ်လာ ၁၀,၀၀၀ ပေးအပ်ကူညီခဲ့သည်။

လတ်တလော ရန်ပုံငွေ အခက်အခဲကိုမူ ပင်လယ်ရပ်ခြားအလှူရှင်များထံမှ အလှူငွေများဖြင့် ဖြေရှင်းကျော် လွှားခဲ့သည်ဟု ဒေါက်တာမောင်က ဆိုသည်။

“၂၀၁၄ အတွက်တော့ တစ်ခြားရန်ပုံငွေရင်းမြစ်တွေနဲ့ ဖြေရှင်းနိုင်ခဲ့ပေမယ့် ရေရှည်မှာတော့ စိန်ခေါ်မှုတွေ ပိုများ လာပါလိမ့်မယ်။ အဆောက်အဦးတွေ ပိုများလာပါလိမ့်မယ်။ အဆောက်အဦးတွေ၊ လိုအပ်တဲ့ပစ္စည်းတွေ အတွက်ကတော့ အခုထိ ရုန်းကန်နေရတုန်းပါပဲ။ ဒီနှစ် (၂၀၁၄) အတွက် လုပ်ငန်းလည်ပတ်စရိတ်ကတော့ အဆင်ပြေသွားပါပြီ” ဟု သူမက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီးနောက်ပိုင်း နိုင်ငံတကာအလှူရှင်များက ရန်ကုန်မှ တဆင့် မြန်မာနိုင်ငံတွင်းသို့ တိုက်ရိုက်လှူဒါန်းမှုများ တိုးမြှင့်ပြုလုပ်နေကြသော်လည်း နယ်စပ်ဒေသနေ ကျေးလက်လူထု ထံ ရောက်ရှိနိုင်ရန် အခြေခံအဆောင်အဦးစနစ်များ လုံလောက်မှုမရှိသေးပေ။

မည်သို့ပင်ဖြစ်စေ၊ နိုင်ငံရေး အပြောင်းအလဲများ ရှိနေသော်လည်း ဆေးခန်းကိုတိုးတက်အောင် ဆက်လက် လုပ်ဆောင်နေသည်ဟု ဒေါက်တာမောင်က ပြောကြားသွားသည်။


 

 မြန်မာကျေးလက်ကလေးသူငယ်များအတွက် Rotary Club ထံမှ စေတနာသောက်ရေသန့်

(Fair Fax NZ News မှ 2 Jan 2013 ရက်စွဲပါ “Burmese children’s clean water from Retary” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာကလေးသူငယ် ကျောင်းသား ကျောင်းသူ ၁၀၀၀ ကျော်သည် နယူးဇီလန် Palmerston Nortin Club အဖွဲ့ဝင်များ၏ ကျေးဇူးကြောင့် သန့်ရှင်းသော သောက်ရေရရှိတော့မည် ဖြစ်သည်။

Milson မှ Rotary Club အဖွဲ့ဝင် ၁၂ ဦးနှင့် Auckland မှ ဇနီးမောင်နှံအဖွဲ့တို့သည် မြန်မာနိုင်ငံမှ ကျေးရွာ ၄ ရွာတွင် ရေသန့်ကိရိယာများ တပ်ဆင်ရန် လာမည့်အပတ်အတွင်း သွားရောက်ကြလိမ့်မည်။

လွန်ခဲ့သော ငါးနှစ်က မြန်မာကျေးရွာတစ်ခုတွင် ရေသန့်ကိရိယာ သွားရောက်လှူဒါန်းတပ်ဆင် ပေးခဲ့ဖူးသူ ဂရေဟမ်ဟဲရစ်ဆင် ဦးဆောင်သော အဖွဲ့သည် ယခုတစ်ခေါက်တွင် နောက်ထပ်ကျေးရွာ ၄ ရွာတွင် ရေသန့်ကိရိယာများ တပ်ဆင်ပေးကြမည် ဖြစ်သည်။

ပထမတစ်ခေါက်က သိကျွမ်းခဲ့သော အဆက်အသွယ်၏ အကူအညီဖြင့် နေရာများကို ရွေးချယ်ခဲ့ကြောင်း၊ မိဘမဲ့နှင့် ကလေးသူငယ် ၁၀၀၀ ကျော်ခန့်ကို စာသင်ပေးနေသော ကျောင်းများအနီးတွင် ၎င်း အဝီစိတွင်းများ တည်ရှိကြောင်း၊ စုစုပေါင်းလူ ၁၀,၀၀၀ ခန့်ကို သောက်သုံးရေ ပေးဝေနိုင်မည်ဖြစ်ကြောင်း မစ္စတာ ဟဲရစ်ဆင် က ရှင်းလင်းပြောကြားသည်။

လိုအပ်သော ကိရိယာများ၏ ကုန်ကျစရိတ် ရရှိအောင် ကလပ်က အလှူငွေကောက်ခံခဲ့သော်လည်း ယခုခရီးစဉ် တွင်လိုက်ပါကြမည့်သူများက အများဆုံး ထည့်ဝင်လှူဒါန်းထားခြင်း ဖြစ်သည်ဟု သိရှိရသည်။

ခရီးစဉ်တွင် လိုက်ပါခြင်းမရှိသော်လည်း ကြီးကြီးမားမားပါဝင်ဆောင်ရွက်ခဲ့သူ Rotary Clubs ဥက္ကဌ ဂရေစီ မက်ကလောက်က “သတိထားဂရိုစိုက်ရမယ့် ကိစ္စများရှိခဲ့ကြောင်း တပ်ဆင်မည့် ကိရိယာများကို ကျေးရွာလူထု ထိန်းသိမ်း နိုင်မည့် ပုံစံဖြစ်အောင် ရွေးချယ်ရကြောင်း ထွက်ရှိလာမည့် ရေသန့်ကြောင့် မမျှော်လင့်သော ဆိုးကျိုးများ မဖြစ်အောင် သတိထားခဲ့ရကြောင်း၊ ယခု ခရီးသည် Rotary Club ၏ ရည်မှန်းချက်နှစ်ရပ်ဖြစ်သော ကလေးသူငယ် ကူညီစောင့်ရှောက်ရေးနှင့် ရေသန့်ပေးဝေရေးတို့ ဖြစ်ကြောင်း၊ မိဘမဲ့နှင့် ကလေးသူငယ်များအား ကူညီသည့် အစီအစဉ် ကြောင့် အနီးမှ ကျေးရွာသည်လည်း အကျိုးကျေးဇူး ခံစားရကြောင်း၊ Rotary Club အနေဖြင့် နောက်ထပ်ရေသန့် စီမံချက်များတွင် ပါဝင်သွားဦးမည် ဖြစ်ကြောင်း၊ လွန်ခဲ့သော ငါးနှစ်က ရေသန့် စနစ်ကူညီမှု၏ အကျိုးကျေးဇူးများမှာ အထင်အရှားပင်ဖြစ်ကြောင်း” အကျယ်တဝင့် ရှင်းလင်းပြောဆိုသည်။


Attached: International media (2)
Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“တရားမျှတခြင်း၊ မမျှတခြင်း ဆိုတာ ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်ကလေးတစ်ခုကို ကြည့်ပြီးပြောလို့မရပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင်အချိန်၊ ရွေးကောက်ပွဲ လုပ်နေတဲ့အချိန်အပြင် ရွေးကောက်ပွဲ ပြီးတဲ့အချိန်ထိလည်း၊ ချမှတ်ထားတဲ့အတိုင်း ကျင့်သုံးသလာဆိုပြီး အဲဒီအချက်သုံးချက်ကို ကြည့်ပြီးဆုံးဖြတ်ရမှာ ဖြစ်တယ်”

ဇန်နဝါရီလ ၄ ရက်နေ့ထုတ် Trade Time Journal အတွဲ (၂) အမှတ် (၉၀) တွင် ပါရှိသော “တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်၊ မဖြစ်အား အချိန်တစ်ခုတည်း ကြည့်ပြီး ဆုံးဖြတ်ရန် မသင့်” သတင်းမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သည် မဟာမိတ်အဖွဲ့အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု မပြိုကွဲရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပေါ်ပေါက်ရေး၊ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေရပြီး ဒီမိုကရေစီ အနှစ်သာရပြည့်တဲ့နိုင်ငံဖြစ်အောင် စွမ်းဆောင်မယ်”

ဇန်နဝါရီလ ၃ ရက်နေ့ထုတ် မော်ဒန် ဂျာနယ် အမှတ် (၃၉၀) တွင်ပါရှိသော “ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်ဖွဲ့မည်” သတင်းမှ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ တောင်းဆိုတဲ့အထဲက ဘာကိုမျှော်လင့်သလဲဆိုရင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖြေရှင်းတာမျိုးကို တိုင်းပြည်ကို တကယ်အုပ်ချုပ်နေတဲ့သူတွေ တကယ်သွားချင်နေတဲ့ အောင်မြင်မှုတွေရမှာ ဖြစ်သလို ကျွန်တော်တို့ မျှော်လင့် ထားတဲ့ ပြည်သူနဲ့ အစိုးရလက်တွဲပြီး လုပ်ဆောင်တာကိုပဲ လိုချင်ပါတယ်”

ဇန်နဝါရီလ ၅ ရက်နေ့ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ (၂) အမှတ် (၂) တွင် ပါရှိသော “ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်အတွင်း သိမ်းဆည်းခံထားရသော လယ်ဧက ၇၀၀၀ ကျော်ရှိဟု မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား ကွန်ရက်မှဆို” သတင်းမှ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများကွန်ရက်မှ ညှိနှိုင်းရေးမှူး ကိုတင်လင်းအောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာပြည်ဟာ စိုးရိမ်သောကများနေတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ အခြေခံကျတဲ့အတိုက်အခံနဲ့ စစ်တပ်ကြားထဲမှာ  အခြေခံကျတဲ့ အတိုက်အခံနဲ့ စစ်တပ်ကြားထဲမှာ အခြေခံကျတဲ့ နားလည်မှု၊ ဒီ အသွင်ကူးပြောင်းရေးကို နောက်ငါးနှစ် ဘယ်လို စီမံခန့်ခွဲမလဲ၊ နောက် ၁၀ နှစ် ဘယ်လိုစီမံခန့်ခွဲမလဲ၊ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ တိုင်းရင်းသား ရေးရာ ကိစ္စတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့ အခြေခံကျတဲ့ ပဋိညာဉ် မရှိလို့ရှိရင် ဒီအသွင်ကူးပြောင်းရေးက စိတ်ပူစရာတွေနဲ့ ပြည့်နှက်နေမယ်”

ဇန်နဝါရီလ ၄ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ (၂) အမှတ် (၄၃) တွင်ပါရှိသော “စစ်တပ်နဲ့ အတိုက် အခံအကြား အခြေခံကျသည့် နားလည်မှုမရှိသောကြောင့် မြန်မာ့အရေး အန္တရာယ်များနေဟု လေ့လာသူများ သုံးသပ်” သတင်းမှ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးမင်းဇင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ တိုင်းပြည်မှာ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ခဲ့တဲ့၊ ပဋိပက္ခဟာ အင်မတန်ကြီးမားတဲ့ နက်ရှိုင်းတဲ့အခြေအနေ အရရှိပါတယ်။ အာဃာဂတွေ၊ သံသယတွေ၊ ရန်ငြိုး၊ ရန်စတွေ တစ်ထွေးတစ်ပိုက်ကြီး ရှိခဲ့တဲ့အခါကျတော့ တစ်နေ့ တစ်ရက် တစ်မနက်တည်းနဲ့ မရှင်းနိုင်ပါဘူး”

ဇန်နဝါရီလ ၃ ရက်နေ့ထုတ် ရန်ကုန်တိုင်းနေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “သမ္မတ၏ ဖြူစင်သော စိတ်စေတနာ ကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်မည်ဟု ဖဒိုမန်းငြိမ်းမောင်ပြော” သတင်းမှ KNU ကရင်ငြိမ်းချမ်းရေးကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive