Transparency Myanmar

transparency.myanmar@gmail.com

မလေးရှားအာဏာရပါတီ ပြုပြင်ပြောင်းလဲမည် ဟုဆို

(AP : 14 - Oct - 2009) 

      အမြစ်တွယ်နေသော အကျင့်ပျက်ခြစားမှုကို အဆုံးသတ်စေ ရန်နှင့် မလေးတိုင်းရင်းသား လူမျိုးစုများအပေါ် ထောက်ပံ့ပေးမှုများကို ပိုမို ဖော်ထုတ်လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ၎င်း၏အာဏာရပါတီအား ပြန်လည်ဖွဲ့စည်း မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဝန်ကြီးချုပ်က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

      အာဏာရ United Malays National Organization ၏ နှစ်ပတ်လည်ကွန်ဂရက် လေးရက်တာ အစည်းအဝေးကို ကျင်းပနေပြီဖြစ်ရာ ၎င်းတို့၏ခေါင်းဆောင်များ ရွေးကောက် တင်မြှောက်ရာတွင် ငွေအပေးအယူကိစ္စများနှင့်ပတ်သက်မှုရှင်းလင်းရေးကို အလေးထား၍ ပြောင်းလဲမှုကြီးပြုလုပ်ကာ ပါတီ၏သိက္ခာပြန်လည်မြင့်တက်လာအောင်ပြုလုပ်ရမည်ဖြစ်သည်ဟု ၀န်ကြီးချုပ် Najib Razak ကပြောပါသည်။ အဆိုပါအဆိုပြုချက်ကို ကြာသပတေးနေ့တွင် ကိုယ်စားလှယ်များက အတည်ပြုလိမ့်မည်ဟု မျှော်လင့်ရကြောင်းပြောပါသည်။

      National Front ပူးပေါင်းအုပ်ချုပ်မှုအဖွဲ့တွင် UMNO  သည် အရေးကြီးသောပါတီတစ်ခု ဖြစ်ပြီး၊ အဆိုပါ National Front ပူးပေါင်းအုပ်ချုပ်မှုအဖွဲ့သည် မလေးရှားနိုင်ငံကို ၁၉၅၇ မှစ၍ အုပ်ချုပ်လာခဲ့သည်။ သို့သော် ၂၀၀၈ မတ်လ ရွေးကောက်ပွဲတွင် အကျင့်ပျက်ခြစားမှုနှင့် လူမျိုးရေးခွဲခြားမှုများကြောင့် ရှုံးနိမ့်ခဲ့ရသည်။ အတိုက်အခံက ပါလီမန်၏ သုံးပုံတစ်ပုံနေရာကို နှာတဖျားအနိုင်ရသွားခဲ့ပါသည်။

      UMNO ၏ တာဝန်ရှိပုဂ္ဂိုလ်များသည် ပါတီခေါင်းဆောင်ရွေးကောက်တင်မြှောက်သောစနစ် တွင် ငွေကြေးထောက်ပံ့မှုပါသော ယဉ်ကျေးမှုတစ်ခုကို စတင်မွေးမြူလာသည်ကို သိရှိကြပါသည်။ အချို့ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်များသည် မဲရရှိရေးအတွက် လာဒ်ပေးသည့်အခါ များပင် ရှိလာသည်။ ပါတီ၏ထိပ်ပိုင်းခေါင်းဆောင်များသည် သာမန်အားဖြင့် ကက်ဘီနက်နှင့် အစိုးရအဖွဲ့အစည်းများတွင် ထိပ်ပိုင်းနေရာမျာ ခန့်အပ်လေ့ရှိပြီး၊ ကိုယ်စားလှယ် ၂၅၀၀ ထဲမှ သုံးနှစ်တစ်ကြိမ် ရွေးချယ်တင်မြှောက် ကြခြင်းဖြစ်သည်။

      Najib က ၂၀၁၂ တွင် ပြုလုပ်မည့်ပါတီတွင်း ရွေးကောက်ပွဲတွင် အဖွဲ့ဝင် ၁၅၀၀၀၀ ထဲမှ ရွေးချယ်ရန် ရည်ရွယ်ထားကြောင်း ပြောပါသည်။

      "အရေးကြီးဆုံးအချက်က UMNO အနေနဲ့ အကောင်းဖက်ကို ပြောင်းလဲဖို့ အတွက် စိတ်အားထက်သန်နေရေးဖြစ်တယ်" ဟု ပါတီကိုယ်စားလှယ် ၂၀၀၀ ကျော်နှင့် တံခါးပိတ်ဆွေးနွေး ပွဲအပြီးတွင် Najib က သတင်းထောက်များသို့ ပြောကြားသွားပါသည်။

      "တာဝန်ရှိမှုများပိုလာပါတယ် ပြုပြင်ပြောင်းလဲမှု မလုပ်ဘူးဆိုရင် စိတ်ခေါ်မှုတွေက အလွယ် တကူနဲ့ရောက်ရှိလာမှာဖြစ်တယ်" ဟု သူကဆက်ပြောပါသည်။

      အတိုက်အခံဝေဖန်သူတစ်ဦးကပြောရာတွင်မူ UMNO အနေဖြင့် အဆိုပါအကျင့်ပျက်မှုများ တိုက်ဖျက်ရေးကို အလေးအနက်မထားနိုင်ကြောင်း အဘယ်ကြောင့်ဆိုသော် အမဲစက်ထင်နေ သော ကိုယ်စားလှယ်ကို ပြီးခဲ့သည့် နိုင်ငံရွေးကောက်ပွဲတွင် ကောင်းစွာကိုင်တွယ်ခဲ့ပြီး၍ ဖြစ်သည်ဟုဆိုပါသည်။ အဆိုပါ အနိုင်ရကိုယ်စားလှယ်သည် တချိန်တခါက ပါတီတွင်း ရွေးကောက်ပွဲတွင် အခြားကိုယ်စားလှယ်များ သူ့အားမဲထည့်ရန် လာဒ်ပေးခဲ့ဖူးသောကြောင့် အရေးယူခံခဲ့ရဖူးသည်။

      Najib က မိမိတို့အနေဖြင့် ပိုမို၍ကျယ်ကျယ်ပြန့်ပြန့် အလေးထားလုပ်ဆောင်ရန်လို ကြောင်း၊ မလေးတိုင်းရင်းသားများသာမက ၎င်းတို့၏ အမာခမလေးလူမျိုးထုအားလုံးကို တာဝန်ယူ ရမည်ဖြစ်ကြောင်းဆက်လက်ပြောကြားပါသည်။

      မလေးတရုတ်နှင့် အိန္ဒိယတိုင်းရင်းသားများက ၎င်းတို့၏ရပိုင်ခွင့်များသည် အစ္စလာမ် အစွန်းရောက်များ၏တိုးပွားလာသော သြဇာလွှမ်းမိုးမှုကြောင့် ဆုံးရှုံးကုန်ကြောင်း ကန့်ကွက်လျက် ရှိကြသည်။ မလေးလူမျိုးများသည် မလေးရှားနိုင်ငံ၏လူဦးရေ ၂၈ သန်းတွင် ၆၀%ကျော်ရှိပြီး၊ အစိုးရကို ထိန်းချုပ်ထားပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment