Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၁.၁၂.၂၀၁၁

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. အိန္ဒိယအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဥပဒေကိစ္စ အဓိကအစီရင်ခံစာတင်ပြီ

(9 December 2011 ရက်စွဲပါ BBC News မှ Key report on India Anti – corruption Lokpal bill Tabled ကို ဘာသာပြန်ဆိုသည်)

  1. ပြောင်းလဲမှု မည်မျှစစ်မှန်သနည်း

(9 December 2011 ရက်စွဲပါ Eurasia Review မှ IPCS ၏ Burma How real is the change ? ကို ဘာသာပြန်ဆိုသည်။ ရေးသားသူ IPCS မှာ Institute of Peace and Conflict studies ဖြစ်သည်။)

*************************************

အိန္ဒိယအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဥပဒေကိစ္စ အဓိကအစီရင်ခံစာတင်ပြီ

( 9 December 2011 ရက်စွဲပါ BBC News မှ Key report on India Anti – corruption Lokpal bill Tabled ကို ဘာသာပြန်ဆိုသည်)

အကျင့်ပျက်ခြစားမှုတိုက်ဖျက်နိုင်ရေး စောင့်ကြည့်အဖွဲ့ဖွဲ့စည်းနိုင်မည့် အငြင်းပွားဖွယ်ဥပဒေနှင့်ပတ်သက်သည့် အစီရင်ခံစာကို ပါလီမန်သို့ တင်ပြ ခဲ့သည်။ အဆိုပါဥပဒေကို သြဂုတ်လက ပါလီမန်သို့တင်ပြခဲ့သော်လည်း၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး လှုပ်ရှားသူများက အဆိုပါဥပဒေသည် အလွန် အားနည်းသည်ဟု ဆန္ဒပြခဲ့ခြင်းကြောင့် အမတ်များပါဝင်သော အဖွဲ့ကို စေလွှတ်ခဲ့သည်။

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလှုပ်ရှားသူ Anna Hazare က အဆင့်နိမ့်ဗျူရိုကရေစီများ ပါဝင်ခြင်းမရှိ၍ ပြည့်စုံမှုမရှိဟုဆိုကာ ဥပဒေမူကြမ်း အသစ်ကို လက်မခံပဲ ပယ်ချခဲ့သည်။ ၎င်းက ဒီဇင်ဘာ (၁၁)ရက်နေ့တွင် တစ်ရက်တာဆန္ဒပြမည်ဖြစ်ကြောင်းလည်း ကျေညာခဲ့သည်။

အိန္ဒိယသည် မကြာသေးမီက ကြီးမားသော အကျင့်ပျက်ခြစားသည် အမှုကြီးများ၏ ရိုက်ခတ်မှုကိုခံခဲ့ရသည်။ နိုင်ငံရေးသမားများ၊ အစိုးရဝန်ထမ်း များနှင့် စီးပွားရေးခေါင်းဆောင်များသည် နိုင်ငံတော်မှ ဒေါ်လာဘီလီယံနှင့်ချီ၍ လာဘ်စားနေကြသည်ဟု စွပ်စွဲခံနေရသည်ဖြစ်ရာ အစိုးရ၏ ဂုဏ်သိက္ခာကို ဆိုးဝါးစွာ ထိခိုက်လျက်ရှိသည်။

အဆိုပါ Lokpal ဥပဒေသည် လွတ်လပ်သော အဖွဲ့တစ်ခုတည်ထောင်နိုင်ရန် မျှော်လင့်နိုင်သည်။ အဆိုပါဥပဒေနှင့် ပတ်သက်သော အစီရင်ခံစာ ကို ကွန်ဂရက်အမတ် Abhishek Manu Singhvi က Rajya Sabha (အထက်လွှတ်တော်ကို)သို့ သောကြာနေ့က တင်ပြခဲ့သည်။ Abhishek သည် ဥပဒေနှင့် တရားမျှတရေး၊ ပြည်သူတို့အပေါ်မတရားမှုများနှင့် ကိုယ်ရေးဆိုင်ရာ လွှတ်တော်ကော်မတီဥက္ကဋ္ဌ ဖြစ်သည်။

အောက်လွှတ်တော် Lok Sabha တွင် ကော်မတီအဖွဲ့ဝင် Pinaki misra က အစီရင်ခံစာကို တင်ပြခဲ့ပြီး၊ ၎င်းကို ဆွေးနွေးသည့်အခါ အဖွဲ့သို့ တင်ပြထားသော သက်သေအထောက်အထားများ ကိုလည်း တင်ပြမည်ဖြစ်သည်။

ပါလီမန်၏ စွမ်းဆောင်နိုင်မှု

အချို့ပါလီမန်အမတ်များက သဘောမတူကြောင်း ပြောကြသော်လည်း အဆိုပါအစီရင်ခံစာကိုလက်ခံခဲ့ကြောင်း Mr Singhvi က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ယခုအဆိုပြုထားသော အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး စောင့်ကြည့်မည့်အဖွဲ့သည် နိုင်ငံရေးသမားများနှင့် အရပ်ဖက်အစိုးရဝန်ထမ်းများ အပေါ် စစ်ဆေးပိုင်ခွင့်နှင့် တရားရုံးသို့ တင်ပို့နိုင်ခွင့်အာဏာရှိသည်။ တရားသူကြီးများနှင့် ပါလီမန်မှ အမတ်များ၏အစုအဖွဲ့များသည် ဥပဒေ၏ အရေးယူမှုမှ ကင်းလွတ် လျက်ရှိ ပါသည်။ Mr Singhvi က ဝန်ကြီးချုပ်ကို ဥပဒေက အရေးယူနိုင်မည့် ကိစ္စမှာမူ ပါလီမန်၏ စွမ်းဆောင်နိုင်ရည်ပေါ်တွင် မူတည်ကြောင်း ပြောကြားခဲ့သည်။ သောကြာနေ့က အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလှုပ်ရှားသူ Anna Hazare ကလည်း ဥပဒေမူကြမ်းကို အားနည်းလွန်းသည်ဟု ဝေဖန်ခဲ့သည်။ “တကယ်လို့ အားကောင်းတဲ့ Lokpal ဥပဒေကို မပြဌာန်းနိုင်ခဲ့ဘူးဆိုရင်၊ ကျွန်တော့်အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ကွန်ဂရက်ပါတီကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုလုပ်ရပါလိမ့်မယ်”ဟု ၎င်းကပြောကြားခဲ့သည်။ Mr Hazare သည် ဝန်ကြီးချုပ်သည်လည်း Lokpal ဥပဒေအောက်တွင် အကျုံးဝင် ရေးကို တစိုက်မတ်မတ် တောင်းဆိုလာခဲ့သူဖြစ်သည်။ Mr Hazare သည် ဒေလီတွင် ဧပြီလနှင့် သြဂုတ်လက အစာငတ်ခံဆန္ဒပြလျက်တင်းကြပ်သော အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေးဥပဒေကို တောင်းဆိုခဲ့သည်။

မကြာသေးမီက စွပ်စွဲခဲ့ရသော အကျင့်ပျက်ခြစားသော အမှုများတွင် ဒေါ်လာဘီလီယံများစွာတန်သော တယ်လီဖုန်းဆက်သွယ်ရေးစီမံကိန်း၊ ၂၀၁၀ ဒေလီဓနသဟာယ အားကစားပွဲနှင့်ပတ်သက်၍ ငွေကြေးဆိုင်ရာ တရားမဝင်သော ကိစ္စများနှင့် စစ်ကြောင့် မုဆိုးမဖြစ်ရသူများအတွက် ရည်ရွယ် သော အိမ်များအရပ်ဖက်ဝန် ထမ်းထက်ထဲတွင်သာ ပြီးဆုံးသွားခြင်းများပါဝင်သည်။

မကြာသေးမီက စစ်တမ်းများကပြောကြားရာတွင် အိန္ဒိယမှအကျင့်ပျက်ခြစားမှုများသည် ဒေါ်လာဘီလီယံချီ၍ ရှိသောကြောင့် တိုးတက်မှု လမ်းကြောင်းမှ လွဲချော်သွားနိုင်သည့် ခြိမ်းခြောက်မှုကိုပြောကြားခဲ့သည်။

***************************************************************************************

ပြောင်းလဲမှု မည်မျှစစ်မှန်သနည်း

(9 December 2011 ရက်စွဲပါ Eurasia Review မှ IPCS ၏ Burma How real is the change ? ကို ဘာသာပြန်ဆိုသည်။ ရေးသားသူ IPCS မှာ Institute of Peace and Conflict studies ဖြစ်သည်။)

                နိုင်ငံတကာအသိုင်းအဝိုင်းမှ အချို့သည် မြန်မာနိုင်ငံတွင် အပေါင်းလက္ခဏာဆောင်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လျှက်ရှိသည်ကို ယုံကြည် လျက်ရှိကြသည်။ နောက်ဆုံး၌ မြန်မာအစိုးရ၏ အသည်းနှလုံးတွင် ပြောင်းလဲလိုစိတ် အမှန်တကယ်ရှိခဲ့ပြီလော။ ထိုအပြောင်းအလဲများသည် ဘာတွေနည်း၊ နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ သိက္ခာ ပြန်လည်ဆယ်မလောက်အောင် မည်မျှလောက်အထိ အောင်မြင်နိုင်မည်နည်း။ အဆိုပါ ပြောင်းလဲမှု များသည် တိုင်းပြည်၏ စီးပွားရေးတွင် အပေါင်းလက္ခဏာဆောင်သော ပြောင်းလဲမှုများ ရှိလာမည်လား။ ပြောင်းလဲမှုများသည် မြန်မာနိုင်ငံတွင် ပိုမိုလွတ် လပ်လာ သော မီဒီယာများတွင် အိုင်ဒီယာတစ်ခုအနေဖြင့် စာရွက်ပေါ်တွင် ပြီးသွားမည်လား၊ အရေးကြီးဆုံးမှာ ဤပြုပြင်ပြောင်းလဲမှုများမှ မြန်မာနိုင်ငံ သားများ အကျိုး ခံစားရမည်လား။

သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင် များစွာလိုအပ်လျက်ရှိသော နိုင်ငံရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြီး မြန်မာ နိုင်ငံကို ပိုမိုလမ်းပွင့်လာအောင် ၎င်း၏ ကြိုးပမ်းမှုဖြင့် လုပ်ဆောင်လျက်ရှိရာ ၎င်းသည် မြန်မာနိုင်ငံ၏ တောက်ပသော အနာဂတ်အတွက် ကြားခံပစ္စည်း (Catalyst) အဖြစ် ရှုမြင်လာရသည်။ ပို၍ ပွင့်လန်းလာသော မူဝါဒသစ်များသည် တိုင်းပြည်တွင် လူမှုရေးအရ၊ နိုင်ငံရေးအရ၊ အတွက် သာမက စီးပွားရေး တိုးတက်မှုအတွက်သာ ရည်ရွယ်သည်။

စိတ်ဝင်စားဖွယ် တိုးတက်မှုတစ်ခုမှာ ၂၀၁၄ အာဆီယံဥက္ကဋ္ဌနေရာအတွက် အဖွဲ့ဝင်အားလုံးက လက်ခံခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာ့ စီးပွားရေး ပြန်လည်အသက်ဝင်လာရေးအတွက် ပြုပြင်ပြောင်းလဲရေးများလုပ်ရန် ပြင်းပြသောဆန္ဒသစ်များအား မျှော်လင့်ချက်များ သယ်ဆောင်လာနိုင် သည်။ လောလောဆယ်မြန်မာ့ စီးပွားရေးသည် ဘာတွေဖြစ်မည်လဲဆိုသည်ကို စိတ်ဝင်စားစွာ စောင့်ကြည့်နေရသော အခြေအနေတွင် ရှိသည်။ ဒေသတွင်း အင်အားကြီး နှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယတို့ အပါအဝင် ဒေသတွင်း အုပ်စုဖွဲ့မှုတွင် ခေါင်းဆောင်နေရာ ရရှိခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒတွင် တိုးပွားမှု ဖြစ်နိုင်သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှု (GDP) သည် အမေရိကန်ဒေါ်လာ ၄၃ ဘီလီယံရှိပြီး တိုးတက်မှုနှုန်းမှာ ၂ ဒဿမ ၉ ရာခိုင်နှုန်း ရှိသည်။ ထိုတိုးတက်မှုမှာ ( GMS – Great Mekong Sub Region ) တွင် အနိမ့်ဆုံးဖြစ်ပြီး လွတ်လပ်ရေးလွန်ကာလများက မြန်မာနိုင်ငံ၏ အခြေအနေ များနှင့်များစွာဆန့်ကျင်သည်။ ထိုစဉ်က မြန်မာနိုင်ငံသည် အကြီးဆုံး ဆန်တင်ပို့သူဖြစ်ပြီး တစ်ကမ္ဘာလုံးက ကျွန်းသစ်၏ ၇၅ ရာခိုင်နှုန်းကို ထုတ်လုပ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၁၉၆၂ခုနှစ်က ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးချိန်မှ စတင်ဆုတ်ယုတ်သွားခဲ့ရာ ၎င်း၏ မြန်မာ့နည်းမြန်မာ့ဟန် မူဝါဒသည် အရာရာပိတ်သွားခဲ့သည့် စီးပွားရေးဖြစ်သည်။

သို့သော် မကြာမီ ကာလများအတွင်း မြန်မာ့စီးပွားရေးကို ခြုံကြည့်လျှင် အခြေအနေသည် တက်ရိပ်ပြ လာသည့် သဘောရှိနေသည်။ ၂၀၁၀ခုနှစ် အစပိုင်းမှစ၍ ရင်းနှီးမြုပ်နှံမှုများ စီးဝင်လာရာ မြန်မာကျပ်ငွေသည် ၂၅ ရာခိုင်နှုန်းခန့် အားကောင်းလာခဲ့သည်။ စီးပွားရေးအရ ကန့်သတ်ထားမှုများကို ဖြေလျော့ပေးမှုကြောင့် လာမည့်လများအတွင်း ပိုမိုအားကောင်းလာဖွယ်ရှိသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများသည်လည်း ၂၀၀၉ ခုနှစ်မှ စ၍ သိသိသာသာ တိုးတက်လာရာ မြန်မာနိုင်ငံဖက်မှ ကုန်သွယ်မှုဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျော့ပေးခြင်း ဖြင့် ကုန်သွယ်မှု ပါတနာများ တိုးပွားလာပြီး ကူသန်းရောင်း ဝယ်ရေး တိုးတက်လာမည်ဟု မျှော်လင့်ရသည်။

ထို့အပြင် သမ္မတ ဦးသိန်းစိန်၏ အစိုးရသည် တိုင်းပြည်၏ သတ္ထုနှင့် သယံဇာတ ကြွယ်ဝသော တိုင်းရင်းသားဒေသများမှ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီ ဖြစ်သော ပဋိပက္ခများကို ညှိနှိုင်းရန် ခြေလှမ်းများစတင်ခဲ့သည်။ အဆိုပါ လက္ခဏာများသည် အရေးပါသော ရင်းနှီးမြှုပ်နှံမှုများ ထူထောင်ရန် လုံခြုံမှုရှိသော ပတ်ဝန်း ကျင်ထူထောင်နိုမည့် လက္ခဏာများပင်ဖြစ်သည်။         

                ပိုမိုကောင်းမွန်သော စီးပွားရေး အခြေအနေများနှင့် ဘဏ်များဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအတွက် မြန်မာနိုင်ငံ၏ မြို့များတွင် လျှင်မြန်သောနှုန်းနှင့် ခေတ်မှီသော ATM စက်များ တပ်ဆင်ထားခြင်းကို ကြည့်ရှု၍ အကဲဖြတ်နိုင်သည်။ ထို့အပြင် စက်ရုံလုပ်သားများသည်လည်း အလုပ်သမားသမဂ္ဂများကို တရားဝင် ဖွဲ့စည်းခွင့်ရပြီဖြစ်သည်။ ထိုသို့ ခွင့်ပြုခြင်းမှာ ၁၉၆၂ခုနှစ်မှစ၍ ပထမဦးဆုံးအကြိမ် ခွင့်ပြုခြင်းဖြစ်ရာ ကျယ်ပြန့်စွာ ကြိုဆိုခဲ့ကြသည်။ သို့မှသာ အလုပ်သမားများသည် စက်ရုံအကြီးတန်း စီမံခန့်ခွဲသူများထံ ၎င်းတို့၏ တောင်းဆိုမှုများ တင်ပြနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ လုပ်ခများနှင့် လူနေမှုအဆင့် တိုးတက်ရေးတို့အတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။

လွတ်လပ်စွာ ဟောပြောခွင့်နှင့် ဖော်ထုတ်ခွင့်

လွတ်လပ်စွာ ဟောပြောခွင့်နှင့်ဖော်ထုတ်ခွင့်ဆိုရာတွင် ပို၍လွတ်လပ်သောမီဒီယာများကို ညွှန်ပြခြင်းသာဖြစ်သည်။ Reuters ၏ ဆောင်းပါး တစ်ပုဒ်တွင် သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင် ပြောကြားခဲ့သည်ကို ကိုးကားဖော်ပြထားရာ၌ လက်ရှိသီချင်း၊ စာအုပ်၊ ကာတွန်းနှင့် အနုပညာများကို တရားမျှတမှုမရှိဘဲ ဆင်ဆာဖြတ်နေသည်ကို အစားထိုးရန် မီဒီယာဥပဒေတစ်ခု ရေးဆွဲနေသည်ဟု ဆိုသည်။ ၎င်းက ဆက်လက် ပြောကြားခဲ့ရာတွင် လွတ်လပ်စွာဖော်ထုတ်ခွင့်ကို အာမခံထားရာ ဆင်ဆာရှိတော့မည်မဟုတ်ကြောင်း သို့သော်ဘာသာရေးနှင့် ယဉ်ကျေးမှုများ တွင် ပိုမိုပွင့်လင်းသော စောင့်ကြည့်သည့် စနစ်တစ်ခု ထားရှိမည်ဖြစ်သည်ဟု ဆိုသည်။

                အရေးကြီးသော သတင်းဝဘ်ဆိုဒ်များနှင့် လိုင်းများကို ကန့်သတ်ထားမှုများအား ရုပ်သိမ်းပေးခဲ့သည်။ လွှတ်တော်ထဲတွင် လုပ်ဆောင်ချက်များကို မှတ်တမ်းတင်နိုင်ပြီး အချို့အပိုင်းများကို ထုတ်လွှင့်လျက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရန်ကုန်တွင် လွတ်လပ်သောရုပ်ရှင်အမည်ဖြင့် ရုပ်ရှင်ပွဲတော်တစ်ခုကို ကျင်းပမည်ဖြစ်ရာ စီးပွားရေး မဂ္ဂဇင်းကြီး တစ်စောင်က အင်တာဗျူးပြုလုပ်ပြီး နှစ်မျက်နှာခန့်ဖော်ပြခဲ့သည်။ ၎င်းကို ဆင်ဆာဖြတ်ခြင်းမရှိခဲ့သဖြင့် များစွာရိုက်နှိပ်ခဲ့ရသည်။ အစိုးရသည် လူ့အခွင့် အရေး ကော်မရှင်ကို ဖွဲ့စည်းပြီး လွှတ်တော်ကလည်း သတ်မှတ်ထားနေရာများတွင် ပြည်သူများ ဆန္ဒပြခွင့် ဥပဒေကို အတည်ပြုပေးခဲ့သည်။

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ၏ အပြုသဘောဆောင်သောသဘောထားသည် နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးအတွက် များစွာ မျှော်လင့်ချက် ရှိသည်။ ယခုဖြစ်ပေါ်တိုးတက်မှုများကို လက်ခံနိုင်သည့် လုံလောက်သော အကောင်းမြင်မှုများ ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ပြည်တွင်းမှာ ပင် အစပြု ဖြစ်ပေါ်နေခြင်းကြောင့် ပိုမို၍ ပွင့်လန်းလာပြီး ရှေ့တန်းဝေးလံသော ဒေသများမှ သတင်းများကိုပင် အသေးစိတ် ဖော်ပြလာနိုင်သည်ကို တွေ့ရ သည်။ ရလဒ်အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံ၏ တိုးတက်မှု အခြေအနေကို ပိုမိုတိကျစွာ သုံးသပ်ရှုမြင် လာနိုင်မည်ဖြစ်သည်။ စီးပွားရေး ပိုမိုကောင်းမွန်လာပြီး အလားအလာများ ပိုမိုတိုးတက်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဆယ်စုနှစ်များစွာ ကြုံတွေ့ ခဲ့ရသော အပယ်ခံဘဝမှာ နိဂုံးချုပ်ကာနီပြီး ဖြစ်ကာ ပိုမိုတည်ငြိမ်သော ဒီမိုကရက်တစ် စနစ်အတွက် မျှော်လင့်ချက် လမ်းကြောင်းများ ရှိလာပြီ ဖြစ်သည်။

                    ************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment