yangonchronicle 2011- (1) |
၁၁.၂.၂၀၁၂
ဘာသာပြန်သတင်းများ
- အရှင်ဂမ္ဘီရအား ယနေ့နံနက်အစောကြီးခေါ်ဆောင်သွား
(9 February 2012 ရက်စွဲပါ BBC News မှ Burmese Protert leader monk Gambira taken away ကို ဘာသာပြန် ဆိုသည်)
- စင်္ကာပူစီးပွားရေးကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံသွားမည်
(9 February 2012 ရက်စွဲပါ Channel News Asia မှ Millet Enriquez ရေးသားသော S’pore delegates to explore business in Myanmar ကို ဘာသာပြန်ဆိုသည်)
- တရုတ်ဆန့်ကျင်ရေးကြွေးကြော်မှုများမပြုလုပ်ရန် အမေရိကန်ကို စင်ကာပူသတိပေး
(BBC News မှ 8 Feb 2012 ရက်စွဲပါ Singapore warns US against anti-China election rhetoric ကို ဘာသာပြန် ဆိုသည်)
- CIMB ဘဏ်က မြန်မာအပေါ် အသားပေးဖော်ပြသောကြောင့် စင်ကာပူ Interra ကုမ္ပဏီ၏ စတော့ ရှယ်ယာများ မြင့်တက်
(Reuters သတင်းဌာနမှ 7 Feb 2012 ရက်စွဲပါ Singapore Hot Stocks-Interra up; CIMB highlights Myanmar exposure ကို ဘာသာ ပြန်ဆိုသည်)
*****************************************
ဘာသာပြန်သတင်းများ
အရှင်ဂမ္ဘီရအား ယနေ့နံနက်အစောကြီးခေါ်ဆောင်သွား
(9 February 2012 ရက်စွဲပါ BBC News မှ Burmese Protert leader monk Gambira taken away ကို ဘာသာပြန် ဆိုသည်)
မြန်မာဘုန်းတော်ကြီး အရှင်ဂမ္ဘီရအား မြန်မာအာဏာပိုင်များက ခေါ်ဆောင်သွားသည်ဟု သတင်းများက BBC မြန်မာပိုင်း အစီအစဉ်သို့ ပြောသည်။
အရှင်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် အစိုးရဆန္ဒပြပွဲများတွင် ခေါင်းဆောင်ပါဝင်ခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက် နေ့က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့ရာတွင် ပါဝင်ခဲ့သည်။
၎င်းအဘယ်ကြောင့် ဘယ်သို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်းဆိုသည်။
အစိုးရတာဝန်ရှိသူ ၁၅ ဦးခန့်သည် ကားသုံးစီးဖြင့် ဒေသစံတော်ချိန်နံနက် ၁:၁၅ (1845 GMT ကြာသပတေးနေ့)တွင် လာရောက်ခဲ့ကြောင်း ၎င်းနှင့်အတူရှိနေသော ဘုန်းတော်ကြီးတစ်ပါးက BBC သို့ ပြောသည်။
အဆိုပါ တာဝန်ရှိသူများမှာ အစိုးရသာသနာရေးဌာနမှ အာဏာပိုင်များနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့မှ ဖြစ်ကြောင်း ဘုန်းတော်ကြီးက ဖြည့်စွက်ပြောသည်။
အရှင်ဂမ္ဘီရမှာ ပြန်လွတ်လာကတည်းက ၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးတွင် ပိတ်ထားသော ဘုန်းတော်ကြီးကျောင်းများ ပြန်လည် ဖွင့်လှစ် ရေးကို လုပ်ဆောင်လျက်ရှိပါသည်။ ၎င်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးများ မဟာမိတ်အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး အသက်(၃၁)နှစ် အရွယ် ရှိပါသည်။ ၎င်းအား ၂၀၀၇ နိုဝင်ဘာ(၄)ရက်တွင် ဖမ်းဆီး၍ ထောင်ဒဏ် ၆၈ နှစ်အပြစ်ပေးခဲ့သည်။
*****************************************
စင်္ကာပူစီးပွားရေးကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံသွားမည်
(9 February 2012 ရက်စွဲပါ Channel News Asia မှ Millet Enriquez ရေးသားသော S’pore delegates to explore business in Myanmar ကို ဘာသာပြန်ဆိုသည်)
စင်္ကာပူမှ စီးပွားရေးလုပ်ငန်းများ အုပ်စုတစ်စုသည် မြန်မာနိုင်ငံတွင် အခွင့်အလမ်းများရှာဖွေရန် ရှေ့လာမည့် ရက်သတ္တပတ်တွင် သွားရောက် ကြမည် ဖြစ်သည်။
အဆိုပါခရီးစဉ်အား စင်္ကာပူအစိုးရက စပွန်ဆာပေးမည်ဖြစ်ပြီး ကုမ္ပဏီပေါင်း(၇၄)ခုမှ ကိုယ်စားလှယ် (၁၁၅)ဦး၏ တစ်ပတ်ကြာခရီးစဉ်တွင် ရန်ကုန်နှင့် နေပြည်တော်သို့ သွားရောက်ကြမည် ဖြစ်သည်။
သွားရောက်ကြမည့်ကုမ္ပဏီများတွင် ဆောက်လုပ်ရေး၊ ပညာရေး၊ ငွေကြေး၊ အခြေခံအဆောက်အဦနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ပါဝင်ကြပါသည်။
၎င်းတို့သည် မြန်မာနိုင်ငံမှ ကုမ္ပဏီများနှင့် လုပ်ငန်းတူရာများနှင့် ကွန်ရက်ဖွဲ့ရေးဆွေးနွေးမည်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အားလည်း တွေ့ဆုံမည် ဖြစ်သည်။
စင်္ကာပူ-မြန်မာရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲကို နေပြည်တော်ရှိ မြန်မာနိုင်ငံတကာကွန်ဗင်းရှင်းဗဟိုဌာနတွင် ဖေဖဝါရီ လ (၁၅)ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည်။
ယခုသွားရောက်မည့် ခရီးစဉ်ကို ဦးဆောင်မည့် International Enterpris(IE) Singapore နှင့် Singapore Business Federation (SBF)တို့က ကျေညာချက်တွင် ပြောကြားရာ၌ ယခုခရီးစဉ်သည် စင်္ကာပူကုမ္ပဏီများအား ပညာရေး၊ သက်မွေးဝမ်းကျောင်းလေ့ကျင့်ပေးမှုများ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများနှင့် အခြေခံအဆောက်အဦးအပါအဝင် ကဏ္ဍများတွင် အကြံဥာဏ်ပေးခြင်းနှင့် အသေးစိတ် စီမံချက်ရေးဆွဲခြင်းများတွင် ရင်းနှီးမြှုပ်နှံရန် နယ်ပယ်ရှာဖွေပေးခြင်း တွင် အထောက်အကူပြုရန် မျှော်လင့်သည်ဟု ဆိုသည်။
“မြန်မာနိုင်ငံမှာ မကြာသေးမီက ပြုပြင်ပြောင်းလဲရာလုပ်ငန်းများနှင့် အဓိကစီးပွားရေး နိုင်ငံများ၏ အပေါင်းလက္ခ ဏာဆောင်သော တုန့်ပြန်မှုများ သည် တိုင်းပြည်အတွက် အောင်မြင်ရေးလက္ခဏာဆောင်သော တုန့်ပြန်မှုများသည် တိုင်းပြည်အတွက် အောင်မြင်ရေးလက္ခဏာများ ဖြစ်ပါသည်”ဟု IE Singapore ၏ အမှု ဆောင်အရာရှိချုပ် Teo Eng Cheong က ကျေညာချက်တွင် ပြောကြားသည်။
“စင်္ကာပူ၏ ပင်လယ်ရပ်ခြားဈေးကွက်များနှင့် အဆက်အသွယ်များသည် မိမိတို့ကုမ္ပဏီများအတွက် အသစ် ပေါ် ထွက်လာသော မြန်မာကဲ့သို့ ဈေးကွက်တွင် အားကောင်းသော နေရာရရှိနိုင်ပါသည်”ဟု Mr Teo က ပြောသည်။
မြန်မာနှင့် စင်္ကာပူကြားကုန်သွယ်ရေးမှာ 2010 တွင် စင်္ကာပူဒေါ်လာ ၁.၆၉ ဘီလီယံရှိခဲ့ပြီး၊ ၂၀၁၁ တွင် စင်္ကာပူ ဒေါ်လာ 1.63 ဘီလီယံ ရှိခဲ့ကြောင်း IE Singapore က ပြောသည်။
စင်္ကာပူသည် မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည့်နည်းတူ မြန်မာနိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၌ ပြီးခဲ့သည့် နှစ်အောက်တိုဘာအထိ အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံရှိခဲ့ပါသည်။
*****************************************
တရုတ်ဆန့်ကျင်ရေးကြွေးကြော်မှုများမပြုလုပ်ရန် အမေရိကန်ကို စင်ကာပူသတိပေး
(BBC News မှ 8 Feb 2012 ရက်စွဲပါ Singapore warns US against anti-China election rhetoric ကို ဘာသာပြန် ဆိုသည်)
အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်ဆန့်ကျင်ရေး ကြွေးကြော်မှုများဖြင့် ရွေးကောက်ပွဲမဲဆွယ်မှုများကို ရှောင်ကြဉ်ရန် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး K Shanmugam က သတိပေးပြောကြားလိုက်သည်။
ဝါရှင်တန်ဒီစီတွင်ပြုလုပ်သော Think Tank(ဉာဏ်ကြီးရှင်များအဖွဲ့) ကွန်ဖရင့်တစ်ခုတွင် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ်သည်။ ၎င်းသည် အမေရိကန်အစိုးရ စီနီယာအရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ရက်သတ္တတစ်ပတ်ခန့် အလည်အပတ် သွားရောက်ခဲ့ခြင်းလည်းဖြစ်သည်။
"အမေရိကန်ပြည်ထောင်စုရဲ့ ပြည်တွင်းဖိအားပေးမှုတွေနဲ့ ရွေးကောက်ပွဲ တောင်းဆိုမှုတွေကြောင့် တရုတ်ဆန့်ကျင်ရေး ဒီဘိတ်တချို့ကို ဖြစ်ပေါ် စေပါတယ်။ အဲဒီလို တရုတ်ဆန့်ကျင်ရေးကြွေးကြော်မှုတွေနဲ့ ဒီဘိတ်တွေက တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အမေရိကန်အနေနဲ့ အဲဒီအချက်ကို လျှော့မတွက်သင့်ပါဘူး" ဟု ၎င်းက သတိပေးပြောဆိုသည်။
နိုင်ငံခြားရေးဝန်ကြီး K Shanmugam သည် Center for Strategic and International Studies က ပြုလုပ်သော စင်ကာပူကွန်ဖရင့်၌ အထက်ပါအတိုင်း သတိပေးပြောဆိုသည်။ ၎င်း၏ မိန့်ခွန်းများသည် အာရှဖွံ့ဖြိုးရေးအတွက် အချက်အချာကျမည့် အရေးကိစ္စများအပေါ် ဖိုးကပ်စ် လုပ်ထားပြီး အာရှဒေသအပေါ် အမေရိကန်၏ အာရုံစိုက်မှု၊ အမေရိ ကန်-စင်ကာပူ မဟာဗျူဟာဆက်ဆံရေးကိစ္စတို့လည်းပါဝင်သည်။ ၎င်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အပါအဝင် အမေရိကန်ကွန်ဂရက်မှ အရေးပါသောပုဂ္ဂိုလ်များ၊ အမေရိကန် အစိုးရ မှ စီနီယာအရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
၎င်းသည် တရုတ်နိုင်ငံသို့လည်း သွားရောက်လည်ပတ်ရန်ရှိပြီး ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးချုပ် Li Keqiang အပါအဝင် တရုတ် နိုင်ငံခြားရေးဝန်ကြီး Yang Jiechi နှင့် အခြားသော ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံဦးမည် ဖြစ်သည်။
မီဒီယာများတွင် ရေးသားဖော်ပြချက်များသည် အနိုင်-အရှုံးသဘောပါသည့် နိုင်ငံရေးမျိုးကိုပုံဖော်ထားသလိုရှိပြီး အာရှတွင် အမေရိကန် စေ့စပ် ညှိနှိုင်းလာမှုသည် တရုတ်နိုင်ငံကို ထိန်းချုပ်ရန်ဟူသော သဘောမျိုးဖြစ်နေသည်ကိုလည်း တွေ့ရကြောင်း ၎င်းကဆိုသည်။
*****************************************
CIMB ဘဏ်က မြန်မာအပေါ်အသားပေးဖော်ပြသောကြောင့် စင်ကာပူ Interra ကုမ္ပဏီ၏ စတော့ရှယ်ယာများ မြင့်တက်
(Reuters သတင်းဌာနမှ 7 Feb 2012 ရက်စွဲပါ Singapore Hot Stocks-Interra up; CIMB highlights Myanmar exposure ကို ဘာသာပြန်ဆိုသည်)
စင်ကာပူ Interra Resources Ltd အနေဖြင့် Yoma Strategic Holdings ကုမ္ပဏီထက် မြန်မာနိုင်ငံတွင် ပိုမိုဆွဲဆောင်မှုရှိစွာ လုပ်ကိုင် နိုင်ကြောင်း CIMB ဘဏ်က ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် Interra Resources ၏ ရေနံရှာဖွေမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ အစုရှယ်ယာမှာ ၁၄ ရာခိုင်နှုန်း အထိ မြင့်တက်သွားသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့၊ နေ့လယ်ပိုင်းတွင်ထွက်ပေါ်ခဲ့သော ကိန်းဂဏန်းများအရ Interra ၏ အစုရှယ်ယာမှာ ဒေါ်လာ ၀ ဒဿမ ၂၄ ဖြင့် ၁၁ ဒဿမ ၆ ရာခိုင်နှုန်းထိမြင့်တက်ခဲ့ကာ ဒေါ်လာ ၁၅ ဒဿမ ၄ သန်းခန့် ရှယ်ယာအရောင်း အဝယ်ဖြစ်ခဲ့သည်။ ယင်းကုမ္ပဏီ၏အစုရှယ်ယာမှာ ယခုနှစ် အတွင်း နှစ်ဆကျော်ခန့် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
Interra သည် မြန်မာနိုင်ငံရှိ ချောက်နှင့် ရေနံချောင်း ကုန်းတွင်းရေနံတူးဖော်ရေး လုပ်ကွက်များ၌ အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းရရှိထားသည်။ "ယမန်နေ့က Yoma ၏ အလွန်မြင့်မားသော ရှယ်ယာတန်ဖိုးများ အရောင်းကျခဲ့သည်ကို တွေ့ရသည်။ ကုန်သည်များအနေဖြင့် မြန်မာနိုင်ငံနှင့် ထိတွေ့ နိုင်ရန်အလို့ငှာ Interra Resources ကုမ္ပဏီဘက် သို့ပြောင်းလဲ ထည့်ဝင်လိုခြင်းဖြစ်ဟန်ရှိသည်" ဟု CIMB ကထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြပါ ရှိသည်။
မြေနှင့် အိမ်ယာအဆောက်အအုံဆိုင်ရာ လုပ်ငန်းတစ်ခုဖြစ်သော Yoma သည် မြန်မာနိုင်ငံတွင်လည်း လုပ်ငန်း လည်ပတ် လုပ်ကိုင်လျက်ရှိသည်။ Yoma ၏ရှယ်ယာမှာ ယခုနှစ်အတွင်း နှစ်ဆကျော်မြင့်တက်ခဲ့ပြီး ပွင့်လင်းလာသော မြန်မာ့စီးပွားရေးဈေးကွက်မှ အကျိုးအမြတ်များ ရရှိလိမ့်မည်ဟု မျှော်မှန်းထားသည်။ သို့သော်ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်မူ Yoma ၏ ရှယ်ယာများ ၁၆ ရာခိုင်နှုန်းကျဆင်းသွားသည်။ ဖေဖော်ဝါရီ ၈ ရက်တွင် ၀ ဒဿမ ၄၆ ဒေါ်လာဖြင့်၅ ဒဿမ ၈ ရာခိုင်နှုန်းပြန်တက်လာခဲ့သည်။
*****************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.