yangonchronicle2011 |
၂၁.၂.၂၀၁၂
ပြည်တွင်းသတင်းများ
- ကားအရောင်း ပြန်ခန်းအချို့ မရိုးမသားရောင်းချ
- အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး ညီလာခံ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည်
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
- ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှမန်း ရန်ကုန်အခြေစိုက် သတင်းထောက်များနှင့် တွေ့ဆုံမည်
- အန်အယ်ဒီပါတီ အောင်နိုင်ရေးအား နှောင့်ယှက်မှုများရှိနေ
- ဒေါက်တာ မြတ်ဉာဏစိုးအား NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် လက်ခံပြီ
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
*****************************************
ပြည်တွင်းသတင်းများ
ကားအရောင်း ပြန်ခန်းအချို့ မရိုးမသားရောင်းချ
ရန်ကုန်မြို့ရှိ ကားအရောင်းပြခန်းတစ်ချို့ ကားရောင်းချရာတွင် ဈေးနှုန်းသတ်မှတ်ချက်မထားပဲ ကြိုက်ရောင်းကြိုက်ဝယ် ပုံစံမျိုးနှင့် ပြင်ပ ပေါက်ဈေးထက်မြှင့်ခေါ်ပြီး ရောင်းချမှုများရှိသကဲသို့ အရည်အသွေးနိမ့် တပတ်ရစ် ကားများကိုလည်း တင်သွင်းရောင်းချမှုများ ရှိနေကြောင်း ကိုယ်တွေ့ ကြုံခဲ့သူများက ပြောဆိုသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း သာကေတမြို့နယ်ရှိ ကားအရောင်းပြခန်းတစ်ခုတွင် ကားသွားရောက်ဝယ်ယူရာ တိုရိုတာဟယ်ရီရာ ကားကို ပြင်ပပေါက်ဈေးထက် သိန်းငါးဆယ်ခန့်ပိုမြှင့်ခေါ်ထားပြီး ဈေးနှုန်းကို ညှိနှိုင်းပေးမည်ဟုပြောကြောင်း ပြောသူများမှာလည်း ကားပွဲစားတန်းမှ လူများသာ ဖြစ်ကြောင်း မန်နေဂျာ အပါအဝင် တာဝန်ရှိသူများနှင့်လည်း တွေ့ခွင့်မရကြောင်း ပုသိမ်မြို့မှ ကားလာရောက် ဝယ်သူ တစ်ဦးက ပြောကြားသည်။
"ကားပြခန်းနဲ့ ကားရောင်းတာမို့ သိက္ခာရှိရှိ သွားဝယ်တာ ရိုက်စားနဲ့ တွေ့ခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။
ပုံသေဈေး သတ်မှတ်ချက်မရှိဘဲ လူကိုကြည့်ပြီး ဈေးခေါ်ကြောင်း တာဝန်ရှိသူနှင့်တွေ့ရန်ပြောလျှင်လည်း အစည်းအဝေး လုပ်နေ သည်ဟု ပြောကြောင်း အတူပါလာသည့် ကားပွဲစားကို ဈေးတည့်အောင်လုပ်ပေးပါ သုံးသိန်းပေးပါမယ်ဆိုပြီး ပြောတော့မှ ရိုက်စား အချဉ်ဖမ်းနေသည်ကို သိရ သည်ဟု ၎င်းက ဆိုသည်။
ကားပြခန်းတွင် ရောင်းနေသည့် ကာအများစုမှာ တပတ်ရစ်ကားဖြစ်သည်ကို နားလည်သော်လည်း ဂျပန်တွင်တိုက်ပြီး ဂျပန်တွင် ပြန်ပြင် ထားသည့် အရည်အသွေးနိမ့်ကားများကိုလည်းရောင်းသည့် ကားပြခန်းများရှိကြောင်း ကားပွဲစားတန်းတွင် ရောင်းရခက်သည့် ဂျပန်R ဟု ခေါ်သည့် ကားများ ဖြစ်နေသည်ကိုတွေ့ရကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ အတွေ့အကြူံ နှစ်နှစ်ကျော်ရှိ ဝယ်ရောင်းတစ်ဦးက ပြောကြားသည်။
“ဂျပန်R ဆိုတာ တိုက်ပြီး ပြန်ပြင်ထားတဲ့ Recondition ကိုပြောတာ R က သိသာတယ် ဂျပန် လက်ရာဆိုပေ မယ့် ပစ္စည်းက သူနေရာနဲ့သူ ပုံမှန်စက်ရုံထုတ်လိုတပ်ထားတာမဟုတ်ဘူး'' ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ လက်ရှိ ရန်ကုန်မြို့တွင် ကာအရောင်းပြခန်း ၁၀ခုခန့်ရှိသည်။
MP
--------------------------------------------------------------------------------------------------------------------------------
အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး ညီလာခံ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည်
မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို နိုင်ငံတကာမှ အသိအမှတ်ပြုသည့်အနေဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး ညီလာခံကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး ညီလာခံတွင် ကမ္ဘာ့အကြီးဆုံး အပြည်ပြည် ဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂမှ ထိပ်တန်းတာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံတကာမှ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်ကြီးများနှင့် သက်ဆိုင်ရာအေဂျင်စီများမှ တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးညီလာခံ၌ မြန်မာနိုင်ငံအား နိုင်ငံတကာမှ အကူအညီ ကောင်းများ ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုအဆင့်သတ်မှတ်ချက်ကို လာမည့် ၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ရန် အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများအတွက် မည်မျှသုံးစွဲရမည်ကို တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိသေးသော်လည်း အမေရိကန်ဒေါ်လာ ဘီလျံသန်းပေါင်းမြောက်မြားစွာ ကုန်ကျနိုင်မည် ဖြစ်ကြောင်း ကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။
၂၀၁၁ ခုနှစ်တွင်း မြန်မာနိုင်ငံ၏ per capital လျှင် ပျှမ်းမျှ GDP အမေရိကန်ဒေါ်လာ ၇၀၀ ခန့်သာရှိကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) က ထုတ်ပြန်ကြေညာခဲ့သည်။
Ref:မြန်မာပို့စ်
*****************************************
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှမန်း ရန်ကုန်အခြေစိုက် သတင်းထောက်များနှင့် တွေ့ဆုံမည်
ပြည်သူလွတ်တော်ဥက္ကဋ္ဌ သူရဦးရွေမန်းသည် တရုတ်နိင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေခရီး မသွားခင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ တိုင်းဒေသကြီး လွှတ်တော်တွင် လာမည့် ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီလ ၂၂)ရက်နေ့တွင် ရန်ကုန်မြို့အခြေစိုက် သတင်းထောက်များနှင့် တွေဆုံမည်ဖြစ်ကြောင်း လွှတ်တော် သတင်းရပ်ကွက်မှ သိရှိရသည်။
"မနက်ပိုင်းတွေ့မယ်။ ဥပဒေပြု အမတ်တစ်ချို့လည်း ပါမယ်။ နေပြည်တော်လွှတ်တော်ကို ခဏနားပြီး တရုတ်ပြည်မသွားခင် ရန်ကုန် ဆင်းတွေ့တာ“ ဟု အကြီးတန်းသတင်းထောက်တစ်ဦး၏ ဆိုအရ သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ၀န်ထမ်းများလစာတိုးရေးကိစ္စ၊ တိုင်းဒေသကြီးလွှတ်တော်၏ ဥပဒေပြုရေးကိစ္စအပါအ၀င် Transation Costနှင့် သက်ဆိုင်သော ကိစ္စရပ်များဆွေးနွေးမည်ဟု လွှတ်တော်အသိုင်းအဝိုင်းမှ သိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းအနေဖြင့် အိန္ဒိယနိုင်ငံမှ လွှတ်တော်များကို သွားရောက်လေ့လာပြီးကတည်းက သတင်းထောက်များနှင့် တွေ့ဆုံရန် ကြံရွယ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မတွေ့ဖြစ်ကြောင်း ယခုတွေ့ဆုံမှု သည် ဇွန်လ ၂၄ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် သတင်းသမားနှင့်တွေ့ဆုံပြီးနောက် ဒုတိယအကြိမ်မြောက် တွေ့ဆုံမှု ဖြစ်သည်။
MP
--------------------------------------------------------------------------------------------------------------------------------
အန်အယ်ဒီပါတီ အောင်နိုင်ရေးအား နှောင့်ယှက်မှုများရှိနေ
ပြည်ထောင်စု အစိုးရအဖွဲ့အတွင်းရှိ အစိုးရအဖွဲ့ဝင်တစ်ဦး ဖြစ်သူ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်နိုင်ရေး လုပ်ငန်းများကို အနှောင့်အယှက်ပြုနေကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲ ပြောကြားလိုက်သည်။
ဦးတင့်ဆန်းသည် ယင်း၏လုပ်ပိုင်ခွင့်များကို အသုံးပြု၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ခွင့်ပြုထားချက်များကို ပြန်လည်ကန့်သတ် လျက်ရှိပြီး အန်အယ်ဒီ၏ လွတ်လပ်စွာစည်းရုံးခွင့်ကို နှောင့်ယှက်နေသည်မှာ သုံးကြိမ်ကျော်ပြီဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ထပ်လောင်း ပြောကြားသည်။
“ဖျာပုံမှာကော၊လှည်းကူးမှာကော နောက်မကြာခင် သွားမယ့် ကချင်မှာကော အားကစားကွင်းတွေကို အသုံးပြုခွင့်မရအောင် နည်းအမျိုးမျိုးနဲ့ တားမြစ်ထားတယ်”ဟု ဦးဥာဏ်ဝင်းက ရန်ကုန်ခရော်နီကယ်သို့ ပြောကြားသည်။
ဦးတင့်ဆန်း၏သားဖြစ်သူ ACE ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးဖြိုးကိုကိုတင့်ဆန်းသည် မကြာမီကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒမှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ပါတီအောင်နိုင်ရေးအတွက် ဆက်လက်နှောင့်ယှက်နေပါက ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဟူ၍ ပြောလို့ မရနိုင်တော့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့နာယက ဦးတင်ဦးက ဆိုသည်။
KS
--------------------------------------------------------------------------------------------------------------------------------
ဒေါက်တာ မြတ်ဉာဏစိုးအား NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် လက်ခံပြီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားပြုအဖြစ် ယခင် ၂၀၁၀ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးအား NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြု လက်ခံလိုက်ပြီဖြစ်ကြောင်း NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဒေါက်တာမြတ်ဉာဏစိုးအား NLD ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် လက်ခံခြင်းနှင့် ပတ်သက်၍ NLD ပါတီမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက “ဒေါက်တာမြတ်ဉာဏစိုးက အခုလက်ရှိလည်း လွှတ်တော်ကိုယ်စားလှယ်ပါ။ သူ့အနေနဲ့ ကျွန်တော်တို့ NLD ပါတီရဲ့ကိုယ်စားလှယ်အဖြစ် တရားဝင်လျှောက်ထားတာကို အသိပြုလက်ခံပြီးဖြစ်ပါတယ်” ပာု ပြောကြားခဲ့သည်။
ဒေါက်တာ မြတ်ဉာဏစိုးသည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဝင်ရောက်အရွေးချယ်ခံခဲ့ရပြီး ရွေးကောက်ပွဲပြီးနောက်ပိုင်း ပြောင်းလဲ လာသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကြောင့် NLD ပါတီသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဒေါက်တာမြတ်ဉာဏစိုးအား NLD ပါတီမှ လက်ခံလိုက်ခြင်းနှင့် ပတ်သက်၍ နိုင်ငံရေး လေ့လာနေသူတစ်ဦးက “NLD အနေနဲ့ ရွေးကောက်ပွဲ မဝင်ခင်ကတည်းက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ယောက် ရသွားတာပေါ့။ ဒါပေမယ့် ဒီလိုစိတ်မတည်မငြိမ် ပိာုကူးဒီကူးလုပ်နေတဲ့ လူ တစ်ယောက်ကို လက်ခံလိုက်တာတော့ စဉ်းစားစရာပဲ” ပာု ပြောကြားသည်။
NY
****************************************
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
"ဦးသန်းရွှေအနေနှင့် လုံးဝအနားယူသွားပြီဖြစ်ကြောင်း၊ မိမိတို့နှင့် လုံးဝ အဆက်အသွယ် မရှိတော့ကြောင်း၊ မိမိတို့ အနေနှင့်လည်း သူ၏သြဇာ အာဏာကို ခံယူ၍ လုပ်ကိုင်ဆောင်ရွက်မှုများ မရှိပါကြောင်း၊ ဦးသန်းရွှေအနေနှင့် ယခုအခါ သူ့အိမ်၌ အေးဆေးစွာ နေထိုင်လျက်ရှိပြီး စာဖတ်ခြင်း ဖြင့်သာ အချိန်ဖြုန်းလျက်ရှိကြောင်း၊ သူ၏အိမ်ဘေးတွင် စာကြည့်တိုက်ကြီး တစ်ခုရှိကြောင်း၊ လက်ရှိမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို သူ့အနေနှင့် အဝေးကနေပြီး ကျေနပ်ဝမ်းသာဖြစ်နေမှာ ဖြစ်ကြောင်း" ဖြေကြားခဲ့သည်
NEWS WEEK အတွဲ (၂) အမှတ် (၁၉) တွင်ပါသည့် “ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် သုံးလအတွင်း ထာ ဝရ ငြိမ်းချမ်းရေး ရယူနိုင်မည်” Ruters သတင်းဌာနနှင့် အင်တာဗျူးမှသတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြော ကြားချက်အပေါ်ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“ဒီလယ်မြေတွေနဲ့ ပတ်သက်ပြီး အရင်အစိုးရလက်ထက်မှာ ဇေကမ္ဘာကုမ္ပဏီကို အပိုင်း(၄)ပိုင်း ခွဲပြီး လုပ်ပိုင်ခွင့် ချထားပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် တစ်ဆင့်ပြီးမှ တစ်ဆင့်သွားရမယ်ဆိုတဲ့ ကန့်သတ်ချက်ပါပါတယ်။ ဒါကို ဇေကမ္ဘာကုမ္ပဏီက အဆင့်ကျော်ပြီး အရှေ့ပိုင်းအဆင့်တွေ မအောင်မြင်သေးဘဲနဲ့ အဆင့်(၄)လယ်မြေတွေ သိမ်းယူခြင်းကို ဆောင်ရွက်တာဖြစ်တယ်လို့ သိရတယ်”
Weekly ELEVEN အတွဲ (၇) အမှတ် (၂၁) တွင်ပါသည့် “မင်္ဂလာဒုံမြို့နယ်အတွင်း လယ်မြေများပေါ်တွင် ဇေကမ္ဘာစက်မှု ဇုန် အပိုင်း(၄) အကောင် အထည်ဖော်မှုများ ဆက်လက်ဆောင်ရွက်ပါက လယ်မြေကို ဖျက်ဆီးခြင်းဟု သတ်မှတ် အရေးယူမည်ဟုသိရ” သတင်းမှ ကြေးတိုင်နှင့်မြေစာရင်း ရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
"Miss ed call တစ်ခါပို့ရင် ကျပ် ၃၀၀ ဖြတ်တောက်ခဲ့တယ်ဆိုတာက ဆာဗာလွဲချော်မှုတစ်ခုကြောင့် ဖြစ်ခဲ့တာပါ။ ဒါကလည်း ဆက်သွယ်ရေး ပစ္စည်း တချို့ကို အဆင့်မြှင့်လိုက်တဲ့အတွက် မထင်မှတ်ဘဲဖြစ်ခဲ့ပေမယ့် ယခုတော့ အားလုံးကောင်းသွားပါပြီ။ အဲဒီတစ်ရက် နှစ်ရက်က ဖြတ်ခဲ့တဲ့ငွေကိုလည်း ပြန်လည်ဖြည့်ပေးထားပါတယ်"
FLOWE NEWS အတွဲ (၈) အမှတ် (၈) တွင်ပါသည့် “Miss ed call တစ်ကြိမ် ကျပ် ၃၀၀နှင့် ပတ်သတ်၍ မြန်မာ့ဆက်သွယ်ရေး ဖြေရှင်း” သတင်းမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်
**************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.