yangonchronicle2011 |
၁၂.၆.၂၀၁၂
ပြည်တွင်းသတင်းများ
- ရန်ကုန်တိုင်းဝန်ကြီးချုပ် ရခိုင်သတင်းဖော်ပြမှုများနှင့် ပတ်သက်၍ မီဒီယာများအား ခေါ်ယူသတိပေး
- ဗုံးငါးလုံးဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွား
- ရခိုင်ဒုက္ခသည်များအတွက် လေးရပ်ဝတီငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်း
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
- အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် KNPP တို့ ထပ်မံတွေ့ဆုံ
- မြန်မာနိုင်ငံသို့ အိန္ဒိယဝန်ကြီးချုပ် ထပ်မံလာရောက်မည်
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
ပြည်တွင်းသတင်းများ
ရန်ကုန်တိုင်းဝန်ကြီးချုပ် ရခိုင်သတင်းဖော်ပြမှုများနှင့် ပတ်သက်၍ မီဒီယာများအား ခေါ်ယူသတိပေး
ဇွန်လ ၁၀ ရက်နေ့ ည ၇နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လက်ရှိဖြစ်ပေါ်နေသည့် ရခိုင်အရေးအခင်းနှင့် ပတ်သက်၍ မီဒီယာများ၏ ရေးသားဖော်ပြချက်များသည် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်ပွားရန် လှုံ့ဆော်သည့် အရေးအ သားမျိုး မဖြစ်စေရန်လိုအပ်ကြောင်းနှင့် အကယ်၍ ထိုသို့သော ရေးသားမှုများ တွေ့ရှိပါက တည်ဆဲဥပဒေများအရ အရေးယူနိုင်ကြောင်း ပြောကြားခဲ့ သည်ဟု မီဒီယာအသိုင်းအဝိုင်း၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ဦးမြင့်ဆွေမှ ယခုလက်ရှိဖြစ်ပွားနေသည့် ရခိုင်အရေးကိစ္စအပေါ် သတင်းမီဒီယာများ၏ သတင်း ရေးသားမှုများသည် မီးလောင်ရာလေပင့်သလိုအရေးအသားများ ပေါ်နေသည့်အတွက် သတိထားရေးသားသင့်ကြောင်းနှင့် အကယ်၍ ယင်းသို့ လှုံ့ဆော်သည့်ရေးသားဖော်ပြမှုများပါရှိပါက ဥပဒေပုဒ်မ ၅ (ည) နှင့် ပုဒ်မ ၅၀၅ (ခ)အရ နှစ်ခုပေါင်း ထောင်ဒဏ် ၉နှစ်အထိ ချမှတ်ပြီး အရေးယူဆောင် ရွက်နိုင်သည်ကို ထည့်သွင်းပြောကြားသွားကြောင်း သိရသည်။
"ဝန်ကြီးချုပ် ဦးမြင့်ဆွေပြောသွားတဲ့ ပုဒ်မ ၅ (ည)ဆိုတာက ပြည်ထောင်စု၏ လုံခြုံရေးကိုလည်းကောင်း၊ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေရန် နည်လမ်းနဲ့ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရားကိုဖြစ်စေ၊ အပြုအမူကိုဖြစ်စေ ဖောက်လွဲ ဖောက်ပြန်ဖြစ်အောင် ရည်ရွယ်ပြီးလုပ်ရင် ထောင်ဒဏ် ၇ နှစ်အထိ ကျခံခြင်းသော်လည်းကောင်း၊ ငွေဒဏ်ကိုသော်လည်းကောင်း ဒါမှမဟုတ်ရင် နှစ်ခုလုံးသော်လည်းကောင်း ထိုက်သင့်ခံရမယ်ဆိုတာကို ပြောသွားတာပါ" ဟု အဆိုပါပွဲသို့ တက်ရောက်ခဲ့သည့် ပြည်တွင်းသတင်းမီဒီယာတစ်ဦးက ပြောကြားသည်။
ထို့နောက် ပုဒ်မ ၅၀၅ (ခ)နှင့် ပတ်သက်၍လည်း ပြည်တွင်းဆူပူမှုများဖြစ်စေသည့် အရေးအသားများ တွေ့ရှိပါက ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရမည်ဖြစ်ကြောင်း ထည့်သွင်းရှင်းလင်းသွား ကြောင်း ၎င်းက ဆက်လက်ဆိုသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲအား ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ ပြောကြားမည်ဟုဆိုကာ သတင်းမီဒီယာများအား ဖိတ်ကြားခဲ့သော်လည်း ရခိုင်အရေးကိစ္စနှင့် ပတ်သက်သည့်အကြောင်းအရာ တစုံတရာပြောဆိုသွားခြင်းမရှိပဲ နာရီဝက်ကြာ သတင်းမီဒီယာများအား ခေါ်ယူ၍ သတိပေး ပြောကြားသွားကြောင်းနှင့် တက်ရောက်သည့် သတင်းမီဒီယာများမှလည်း ပြန်လည် မေးခွန်းမေးမြန်းခြင်းများလည်း မပြုလုပ်ခဲ့ရကြောင်း သိရသည်။
ထို့ပြင် ပြန်ကြားရေးဝန်ကြီး ဒု-ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေမှလည်း သတင်းအရေးအသားများအား စာပေစိစစ်ရေး၏ လက်အောက် တွင်သာ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် အကယ်၍ မလိုက်နာပါက ၁၉၆၂ စီစစ်ရေးဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းတို့ကိုလည်း ပြောကြားသွား ကြောင်း၊ ယင်းသို့ ခေါ်ယူကြိမ်းမောင်းခြင်းသည် လျှပ်တစ်ပြက်ဂျာနယ်၏ ရခိုင်အရေးကိစ္စနှင့် ပတ်သက်သည့် သတင်းနှင့် ဓါတ်ပုံများသည် အကြမ်းဖက်မှု များအား ဖြစ်စေရန် လှုံ့ဆော်သည့် အရေးအသားဖော်ပြမှုများကြောင့် ယခုကဲ့သို့ ခေါ်ယူသတိပေးခံရခြင်းဖြစ်ကြောင်းနှင့် အဆိုပါဂျာနယ်အား ခေါ်ယူ သတိပေး၍ ထုတ်ဝေဖြန့်ချိခွင့်အား အချိန်အကန့်အသတ်မရှိ ပိတ်ပင်ထားကြောင်း သတင်းများအရ သိရ သည်။
ATM
-----------------------------------------------------------------------------------------------------------
ဗုံးငါးလုံးဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွား
ဇွန်လ ၁၁ ရက်နေ့ ည ၁၁နာရီခွဲဝန်းကျင်ခန့်၌ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ နေရာငါးခုတွင် ဗုံးငါးလုံးဆင့်၍ ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားကြောင်း မူဆယ်မြို့နေ ဒေသခံအမျိုးသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
"ညကလည်း ၁၁ နာရီခွဲဆိုတော့ လမ်းပေါ်မှာ လူတွေသိပ်မရှိတော့ဘူး။ ဒါပေမယ့် လ္ဘက်ရည်ဆိုင်တွေမှာ ဘောလုံးပွဲကြည့်တဲ့သူတွေတော့ ရှိတယ်။ အသံအကျယ်ကြီးထွက်လာလို့ ဘာဖြစ်တာလဲ သွားကြည့်တော့ ဗုံးပေါက်တာဖြစ်တယ်ဆိုတာ သိရတယ်။ အသေအပျောက်တော့ မရှိဘူး။ ဗုံးက ငါးလုံး တစ်လုံးပြီးတစ်လုံး ဆင့်ပေါက်တာ။ ဒါပေမယ့် ယမ်းအဆင့်ပဲရှိတယ်လို့ သက်ဆိုင်ရာကပြောတာကြားတယ်"ဟု ၎င်းက ဆိုသည်။
ယင်းသို့ ဗုံးငါးလုံးဆင့်ပေါက်သည့် နေရာများသည် ကားလေးကွင်းရှိ တိုက်တန်းတစ်ခုအနီး၌ တစ်လုံး၊ ဆန်းဖလားဝါးခန်းမအနီး၌ တစ်လုံး၊ ၉၇ ဟိုတယ်နံဘေးရှိ ငွေလှိုင်းလ္ဘက်ရည်ဆိုင်ရှေ့၌ တစ်လုံးတို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး စွမ်စော်ရပ်ကွက်ရှိ အမှိုက်ပုံတွင် စတင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကန့်ကော်လမ်းခွဲရှိ အမှိုက်ပုံတွင်လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့နောက် သက်ဆိုင်ရာရဲတပ်ဖွဲ့များမှ ဗုံးပေါက်ကွဲမှုများဖြစ်ပွားသည့်ညအချိန်၌ပင် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လုံခြုံရေးနှင့် ပတ်သက်၍ ပိုမို ဆောင်ရွက်ထားကြောင်း အထပ်ပါပုဂ္ဂိုလ်၏ ထပ်မံပြောပြချက်အရ သိရသည်။
ATM
-----------------------------------------------------------------------------------------------------------
ရခိုင်ဒုက္ခသည်များအတွက် လေးရပ်ဝတီငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်း
လေးရပ်ဝတီငြိမ်းချမ်းရေးအဖွဲ့အား ဇွန်လ (၁၁)ရက် မွန်းလွဲ(၂)နာရီခန့်၌ ရန်ကုန်မြို့ ရွေတိဂုံဘုရားကုန်းတော်ရှိ ရခိုင်တန်ဆောင်းတွင် ဖွဲ့စည်း လိုက်ကြောင်း သိရသည်။
အဆိုပါအဖွဲ့ ဖွဲ့စည်းရသည့်ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ရှိ ရခိုင်သူ၊ ရခိုင်သားများ၏ အသက်ဆုံးရှုံးမှု၊ ဘုန်းကြီးကျောင်းများ ဖျက်ဆီးခံရမှု၊ ရပ်ကွက်ကျေးရွာများ မီးရှို့ဖျက်ဆီးခံရမူများသည် တနေ့ထက်တနေ့ ပိုမိုများပြားလာခြင်းကြောင့် ထိုဘေးဒုက္ခများအား ကာကွယ်ရန်နှင့် ကူညီထောက်ပံ့ရန်ရည်ရွယ်ချက်ဖြင့် တည်ထောင်ခြင်းဖြစ်ကြောင်း လေးရပ်ဝတီငြိမ်းချမ်းကွန်ရက်မှ ကိုစိုးမိုးက ပြောကြားသည်။
"အခြေအနေကတော့ ခုထိမကောင်းသေးဘူး၊ ရခိုင်အိမ်တွေများတဲ့ရက်ကွက်တွေမှာ ဘဂါင်္လီတွေက သူတို့အိမ်တွေကို သူတို့မီးရှို့ပြီး ရခိုင်အိမ် တွေကိုပါ မီးကူးအောင်လုပ်နေတယ်"ဟု စစ်တွေမြို့ပုသိမ်ကျောင်းတိုက်မှ ဆရာတော်တပါးက မိန့်သည်။
ရိုဟင်ဂျာဘင်ဂါင်္လီများ၏ အကြမ်းဘက်မူသည် ပိုမိုးပြင်းထန်လာပြီး အစိုးရမှလဲ လုံခြုံရေးလုံလောက်အောင် မထားပေးနိုင်သေးကြောင်း၊ အ ကြမ်းဖက်မီးရှို့မူများကို အချိန်ကိုက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဘုန်းတော်ကြီးများအား ဂျင်ကလိ အုတ်ခဲကြိုးများဖြင့် အဝေးမှပစ်ပေါက်၍ ထွက် ပြေးခြင်းများပြုလုပ်လျက်ရှိကြောင်း ၎င်းက အတည်ပြုပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများ၏ ဆူပူအကြမ်းဖက်မူများကြောင့် ရခိုင်လူမျိုးဒုက္ခသည် တစ်သောင်းကျော်ရှိနေပြီး စားဝတ်နေရေးခက်ခဲမှု ရှိကြောင်း၊ အလူရှင်များ အများအပြားလိုအပ်လျက်ရှိကြောင်း လေးရပ်ဝတီငြိမ်းချမ်းရေးကွန်ယက်မှ ကိုစိုးမိုး၏ ထပ်မံပြောကြားချက်အရ သိရသည်။
PL
***********************************************
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် KNPP တို့ ထပ်မံတွေ့ဆုံ
ဇွန်လ ၉ ရက်နေ့ ကယားပြည်နယ် လွိုင်ကော်မြို့နယ်၌ အစိုးရအဖွဲ့ဘက်မှ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့နှင့် ကရင်အမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့၏ တွေ့ဆုံဆွေးနွေးမှု၌ အချက် ၁၇ချက်အား သဘောတူ လက်မှတ်ရေးထိုးနိုင်ကြောင်း KNPP မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ သဘောတူညီသည့် အချက်များထဲတွင် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတို့ပါဝင်သည့်အပြင် KNPP ထိန်းချုပ်ဒေသများတွင် နှစ်ဖက် တပ်များ နေရာချထားရေး သတ်မှတ်ရန်၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်နှင့် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည် (IDP)များအား နေရာပြန်လည်ချထား ပေးရန်ဆိုသည့်အချက်များ ပါဝင်ကြောင်း ၎င်းက ပြောကြားသည်။
"တော်တော်များများကိုတော့ အစိုးရဘက်က လက်ခံသွားတယ်။ အရေးကြီးတဲ့အချက်တွေဖြစ်တဲ့ စစ်ဘက်ဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်တာကို တော့ သူတို့ဘက်က သုံးသပ်တဲ့အနေအထားလောက်မှာပဲ ရှိသေးတယ်။ ညှိတာကတော့ တဖြည်း ဖြည်းချင်းညှိယူရမှာပေါ့။ အခုတွေ့တာကလည်း အလွတ်သဘောတွေ့ဆုံတာဖြစ်ပြီး သဘောတူညီထားတဲ့အချက်တွေ လက်တွေ့အကောင်အထည်ဖော်ဖို့ကတော့ ပြည်နယ်အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ပြီး နောက်နှစ်ရက်လောက်တော့ ကြာဦးမယ်ထင်တယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ KNPP ဘက်မှ အတွင်းရေးမှူး ၁ ဦးခူးဦးရယ်၊ အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောဘီ ထူးနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဖုန်းနိုင်တို့အပါအဝင် ၎င်းတို့ဘက်မှ ကိုယ်စားလှယ်ကိုးဦး တက်ရောက်ခဲ့၍ ယခုတွေ့ဆုံမှုသည် ပြည်ထောင်စုအဆင့် ထပ်မံတွေ့ဆုံခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့၌ ပြည်နယ်အဆင့်လက်မှတ်ရေးထိုးကြခြင်းလည်းဖြစ်သည်။
ATM
-----------------------------------------------------------------------------------------------------------
မြန်မာနိုင်ငံသို့ အိန္ဒိယဝန်ကြီးချုပ် ထပ်မံလာရောက်မည်
မြန်မာနိုင်ငံသို့ အိန္ဒိယဝန်ကြီးချုပ်မန်မိုပာန်ဆင်း ၂၀၁၂ မေလ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး နောက်နှစ်လခွဲ အကြာတွင် ဒုတိယအကြိမ်မြောက်အဖြစ် ထပ်မံလာရောက်မည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
“မြန်မာနိုင်ငံကို အိန္ဒိယဝန်ကြီးချုပ် ဒုတိယအကြိမ် လာရောက်ဦးမယ်လို့ကြားပါတယ်။ ဒါပာာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး ပိုတိုးတက် ကောင်းမွန်လာတယ်ဆိုတဲ့ အဓိပ္ပါယ်။ အိန္ဒိယဝန်ကြီးချုပ်ရဲ့ ပထမခရီးစဉ်မှာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုကဏ္ဍတွေမြှင့်တင်ဖို့၊ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန်ဖို့နဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေမှာ အိန္ဒိယနိုင်ငံက ထောက်ပံ့ကူညီဖို့ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်”ပာု မေလ ၂၉ ရက်နေ့က ဆီဒိုးနားပိာုတယ်တွင် ကျင်းပခဲ့သည့် အိန္ဒိယဝန်ကြီးချုပ်နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံသို့ အိန္ဒိယဝန်ကြီးချုပ် မန်မိုပာန်ဆင်၏ ထပ်မံလာရောက်မည့် အကြောင်းအရာသည် ဘင်းစတက် (BIMSTEC) နိုင်ငံများဖြစ်သည့် မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့အတွက် အရေးပါလှသော ခရီးစဉ်တစ်ခုဖြစ်လာမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ လက်ရှိ ကျင့်သုံးနေသော အရှေ့မျှော်ဝါဒအရ ယင်းခရီးစဉ်များမှာလည်း မပာာဗျူပာာကျသည့် ခရီးစဉ်များဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
“အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒအရ မြန်မာနဲ့ ထိုင်းက အန္ဒိယအတွက် အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်လာနေတယ်။ အထူးသဖြင့် မြန်မာနိုင်ငံပေါ့။ မြန်မာနိုင်ငံကို ဖြတ်ကျော်ပြီးမှ လုပ်ရမယ့် အိန္ဒိယရဲ့လုပ်ငန်းစဉ်တွေကြောင့် မြန်မာနိုင်ငံက အိန္ဒိယအတွက် အရမ်းအရေးပါတဲ့ နိုင်ငံဖြစ်နေတယ်”ပာု ကုလသမဂ္ဂ၏ အရာရှိပောာင်း ပါမောက္ခဒေါက်တာ တင်မြင့်ဦးက ပြောကြားကြောင်း အပတ်စဉ်ထုတ် ပြည်မြန်မာဂျာနယ်တွင် ဖော်ပြပါရှိသည်။
၂၀၁၂ ဇူလိုင်လကုန်ပိုင်းတွင် မြန်မာနိုင်ငံပါဝင်သည့် ဘင်းစတက်နိုင်ငံများ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ် မန်မိုပာန်ဆင်း၏ ယခုဒုတိယအကြိမ်ခရီးစဉ်တွင် ယင်းအစည်းအဝေးသို့ တက်ရောက်နိုင်ဖွယ်ရှိ ကြောင်း သိရသည်။
Ref:ပြည်မြန်မာ
***********************************************
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
"အခု အခြေအနေဟာ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ အချိန်ဖြစ်နေပါတယ်။ တချို့ရေးသားတဲ့အခါ ကိုယ့်ဂျာနယ်ရောင်းရရင် ပြီးရော၊ တိုင်းပြည်ဘာဖြစ်ဖြစ်၊ လူမျိုးဘာဖြစ်ဖြစ်ဆိုတဲ့ သဘောမျိုးနဲ့ရေးတာတွေ အများကြီးရှိပါတယ်။ တိုင်းပြည်ဟာ အရေးကြီးတဲ့အချိန် ဖြစ်နေတယ်"
ဇွန် (၁၄)ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ် အမှတ်(၈၂၃) တွင်ပါရှိသည့် "မီဒီယာများ၏ ရခိုင်ပြည်နယ်ကိစ္စ သတင်းရေးသားမှုနှင့် ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်က သတိပေး"သတင်းမှ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
"လူတွေက မူစလင်ဘုရားဖူး(၁၀)ဦးကို ကားပေါ်မှ ဆွဲချကာ သေဆုံးအောင်အထိ ရိုက်နှက်တယ်ဆိုတဲ့ သတင်းကြားတော့ မြန်မာပြည်အတွက် တကယ့် ကို စိတ်ပူမိပါတယ်။ ဒီလိုမျိုးအသက်တွေပါ ဆုံးရှုံးရတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်က ကျွန်မတို့ကို တကယ်စိတ်မကောင်းဖြစ်စေပါတယ်။ အဲဒါက ဆွေးနွေးညှိနှိုင်း မှုတွေနဲ့ အပစ်အခတ်ရပ်စဲမှုတွေအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းတွေဟာ အစိုးရနှင့် လူမျိုးစုတွေကြား အရေးဘယ်လောက်ပါတယ်ဆိုတာကို ပြသလိုက် တာပါပဲ"
ဇွန်လ၁၃ရက်နေ့ထုတ် Express Timesဂျာနယ် အတွဲ(၁)၊ အမှတ်(၁၃) တွင်ပါရှိသည့်"ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပြဿနာအပေါ် အမေရိ ကန် အလွန်စိုးရိမ်"သတင်းမှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနမှပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယားနျူလန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်
-----------------------------------------------------------------------------------------------------------------------------------
"ရာဇဝတ်မှုကို ရာဇဝတ်မှုလို့မြင်ပေးပါဗျာ။ အဲဒီအထဲမှာ လူမျိုးရေး၊ဘာသာရေးတွေ အဆိပ်မခတ်စေချင်ဘူး။ ကျွန်တော်တို့ ခင်ဗျားတို့လည်း မှုခင်း ဂျာနယ်တွေဖတ်ဖူးတယ်။ ဖတ်တဲ့အခါ မုဒိမ်းမှုကျူးလွန်တဲ့အခါ လူသတ်မှုကျူးလွန်တာ ဖတ်ရတဲ့အခါတိုင်းမှာ ဘာသာလူမျိုးရေးထားတာ မတွေ့ဖူးဘူး။ ဒီပြဿနာဖြစ်လာတဲ့အခါမှ ဘာသာလူမျိုးကို ခွဲခြားဖော်ပြထားတာ ရိုးသားမှု ရှိသလား။ မရှိဘူးလား ဆိုတာတော့ ကျွန်တော်တို့ စဉ်းစားစရာရှိတယ်။ မွတ်စလင်ကုလားလို့သုံးတဲ့ အသုံးအနှုန်းက ကျွန်တော့်အသက် ၄၆နှစ်ရှိပြီ။ တစ်လျှောက်လုံးမှာ အစိုးရမီဒီယာက သုံးတာမတွေ့ဖူးဘူး။ သုံးနှုန်းတဲ့အသုံး အနှုန်းပုံစံကို ကျွန်တော်လုံးဝမကြိုက်ဘူး။ ဒါ Yellow Journalism ပဲ။ နိုင်ငံသတင်းစာကြီးအနေနဲ့ ဒီလိုမျိုးမရေးသင့်ဘူး။ မသက်ဆိုင်တဲ့သူတွေကို မလုပ် ပါနဲ့။ အလားတူလူမျိုးရေး၊ ဘာသာရေးကိုဖြေရှင်းတာ ပြဿနာတစ်ရပ်အနေနဲ့ ဘယ်လိုမှမရနိုင်ဘူး"
ဇွန်လ (၁၁)ရက်နေ့ထုတ် Messengerဂျာနယ် အတွဲ(၃)၊ အမှတ်(၃) တွင်ပါရှိသည့် ၈၈မျိုးဆက်ကျောင်းသား ကိုမြအေးနှင့် တွေ့ဆုံခြင်းမှ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
***********************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.