Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၃.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. အီဂျစ်နှင့်ပတ်သက်၍ မြန်မာပြည်ကပြောသည့်အရာ

(The Diplomat မှ 21 June 2012 ရက်စွဲပါ What Burma Says About Egypt ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

အီဂျစ်နှင့်ပတ်သက်၍ မြန်မာပြည်ကပြောသည့်အရာ

(The Diplomat မှ 21 June 2012 ရက်စွဲပါ What Burma Says About Egypt ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

မွတ်စလင်ညီအကိုများအဖွဲ့လက်အောက် ရောက်ရှိနေသည့် ဒီမိုကရက်တစ်အီဂျစ်နိုင်ငံအတွက် ကြောက်ရွံ့ထိတ်လန့်မှုများမှာ စစ်မှန်သောဒီမိုကရေစီဖော်ဆောင်ရေးနှင့် ပတ်သက်၍ နားလည်မှု လွဲချော်နေခြင်းဖြစ်သည်။

ဒီမိုကရေစီတိုးတက်ဖြစ်ထွန်းမှုနှင့်ပတ်သက်၍ အလားအလာရှိသော ဥပမာကိုပြရမည်ဆိုပါက အီဂျစ်ပြည်၏ အရှေ့ဘက်ဒေသဆီကို မျှော်ကြည့်ရမည်သာဖြစ်သည်။

'အာရပ်နွေဦး' တော်လှန်ရေးများထွက်ပေါ်ခဲ့သည့် ကာလတစ်လျှောက်လုံး ကျွန်တော်တို့အားလုံး ထပ်ခါတလဲလဲ ကြားခဲ့ရသည့် သုံးသပ်ချက် တစ်ခုရှိပါသည်။ ယင်းမှာ "သင်ဆန္ဒရှိနေသည့်အရာကို အထူးသတိထားပါ" ဟူ၍ပင်။ သံသယဝါဒီများကမူ အရှေ့အလယ်ပိုင်းဒေသ ဒီမိုကရေစီ ထူထောင်မှုသည် ပိုနေမြဲကျားနေမြဲ အခြေအနေမျိုးထက် အမေရိကန်ပြည်ထောင်စုနှင့် အခြားသောနိုင်ငံများအတွက် ဆိုးရွားစေနိုင်သည်ဟု ဆိုကြသည်။ ၎င်းတို့က ဟားမတ်စ်တို့ ဂါဇာကမ်းမြောင်ဒေသကိုသိမ်းပိုက်မှု သို့မဟုတ် မွတ်စလင်ညီအကိုများအဖွဲ့က ဘာသာရေးအလေးပေးသည့် အီဂျစ်နိုင်ငံတော် ထူထောင်လာမည့် အရေးကို ထောက်ပြကြသည်။

မည်သို့ပင်သုံးသပ်ဝေဖန်မှုများပြုလုပ်စေကာမူ အရေးကြီးသည့် အချက်တစ်ခုအား အမှုမဲ့အမှတ်မဲ့ ဖြစ်နေဟန်ရှိသည်။ ယင်းမှာ “ဒီမိုကရေစီ မဲပြားတစ်ချပ်ဖြင့် ဒီမိုကရေစီနိုင်ငံထူထောင်၍မရ” ဟူသည်ပင်။

“နှမ်းတစ်စေ့မျှဖြင့်ဆီမဖြစ်နိုင်” ဟူသော မြန်မာစကားပုံနှင့်ဆင်တူပါသည်။

`အရှေ့အလယ်ပိုင်းဒေသမှ ဒီမိုကရေစီနိုင်ငံသစ်များအနေဖြင့် အမေရိကန်ပြည်ထောင်စု၏ ပုံတူကိုယ်ပွားနိုင်ငံများမဖြစ်သင့်သည်မှာ မှန်သော်လည်း စစ်မှန်သော ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအတွက် မဖြစ်မနေလိုအပ်သော အခြေခံသဘောတရားများ ရှိထားရမည်သာဖြစ်သည်။ Standford တက္ကသိုလ်မှ ပညာရှင် Larry Diamond ၏ထုတ်ဖော်ချက်အရ ဒီမိုကရေစီနိုင်ငံများအတွက် မဖြစ်မနေလိုအပ်သော အခြေခံသဘောတရားများမှာ အောက်ပါအတိုင်းဖြစ်သည်။

လွတ်လပ်စွာပြောဆိုခွင့်ရှိရေး၊ လွတ်လပ်စွာရေးသားထုတ်ဝေခွင့်ရှိရေး၊ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိရေး၊ တိုင်းရင်းသားလူနည်းစုများကို အသိအမှတ်ပြုလေးစားပြီး အကာအကွယ်ပေးရေး၊ လွတ်လပ်မျှတသော ရွေးကောက်ပွဲများနှင့် ဥပဒေများဖြစ်ပေါ်ရေး၊ လွတ်လပ်သော တရားစီရင်ရေး စနစ်ရှိရေး စသည်တို့ပင်ဖြစ်သည်။

ဂါဇာဒေသသည် ဟားမတ်စ်တို့သိမ်းပိုက်လိုက်မှုကြောင့် ဒီမိုကရေစီစနစ်မကျင့်သုံးနိုင်ပေ။ ထို့အတူ အကယ်၍ မွတ်စလင်ညီအကိုများအဖွဲ့က အာဏာရှင်အစိုးရတစ်ရပ်ကို ထူထောင်မည်ဆိုပါက အီဂျစ်ပြည်၌ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာမည်မဟုတ်ပေ။ အီဂျစ်ပြည်တွင်သာ ဒီမိုကရေစီ အမှန်တကယ် ရှိသည်ဆိုပါက မွတ်စလင်ညီအကိုအဖွဲ့အနေဖြင့် နိုင်ငံရေးပါတီထူထောင်ပြီး ရွေးကောက်ပွဲတွင်မျှတစွာပါဝင်ယှဉ်ပြိုင်ကာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ကိုးကွယ်ယုံကြည်ခွင့် အစရှိသည်တို့ကိုလည်း လေးစားလိုက်နာမည်သာပင်ဖြစ်သည်။

ဤအချက်ကိုကြည့်လျှင် မွတ်စလင်ညီအကိုများအဖွဲ့ လက်အောက်တွင် အီဂျစ်ပြည်ဒီမိုကရေစီထူထောင်ရေးနှင့် ပတ်သက်သော စိုးရိမ် ကြောင့်ကြမှုများ အဘယ့်ကြောင့် လမ်းလွဲနေသည်ကို မြင်တွေ့နိုင်ပေမည်။

နိုင်ငံရေးပညာရှင်ကြီးများကလည်း အီဂျစ်ပြည်ကို အစ္စလာမစ်အခြေခံဝါဒပါသည့် ဥပဒေများဖြင့် အုပ်ချုပ်လာမည့်အရေး၊ တိုင်းရင်းသားလူနည်းစု၊ အမျိုးသမီးနှင့် ခရစ်ယာန်နင်းခြေ စော်ကားမည့်အရေး၊ ဆန့်ကျင်သည့်အမြင်ရှိသူများ ဖိနှိပ်ခံရမည့်အရေး အစရှိသည်တို့ ဖြစ်ပေါ်လာနိုင်ကြောင်း အဆက်မပြတ် သတိပေးခဲ့ကြသည်။

သို့သော်ယင်းသတိပေးချက်များမှာ မွတ်စလင်ညီအကိုများအဖွဲ့ အုပ်ချုပ်မည့် ဒီမိုကရက်တစ် အီဂျစ်ပြည်အတွက် စိုးရိမ်ကြောင့်ကြသောကြောင့် မဟုတ်ပေ။ ဒီမိုကရေစီအသွင်ဆောင်ပြီး ဘာသာရေးသဘောတရားဦးစားပေးသည့် အာဏာရှင်စနစ်ထွက်ပေါ်လာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

ကံမကောင်းအကြောင်းမလှဟုပင် ဆိုရတော့မည်။ လတ်တလော အီဂျစ်ပြည်တွင်း ဖြစ်ပေါ်လာသော တိုးတက်ဖွံ့ဖြိုးမှုများက ပညာရှင်များစိုးရိမ်နေသည့် ပုံစံမျိုးထဲသို့ရောက်အောင် တွန်းပို့နေပုံရသည်။ အီဂျစ်အနေဖြင့် ခရီးရှည်ကြီးလျှောက်လှမ်းရမည်ဖြစ်သလို အပူပိုင်းကန္တာရတွင် နေကာ နှင်းစက်များအကြောင်း အိပ်မက်မက်နေရသလိုလည်း ဖြစ်လာပေလိမ့်မည်။ သို့သော် အရှေ့ဘက်၊ အာဆီယံဒေသမှ မြန်မာနိုင်ငံမှာမူ အီဂျစ်ပြည်ထက် ပို၍ နှစ်ထောင်းအားရဖွယ်ကောင်းသည့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

နှစ်ပေါင်းများစွာ အုပ်စိုးခဲ့သော မြန်မာစစ်အစိုးရက အာဏာအချို့ကို အရပ်သားအစိုးရထံသို့ လွှဲပြောင်းပေးခဲ့သလို ဒီမိုကရေစီ ရွေးကောက်ပွဲများကိုလည်း ကျင်းပပေးခဲ့သည်။

စီးပွားရေးတံခါးကိုလည်း ပြန်လည်ဖွင့်လှစ်ပေးပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်များ ပြန်လည်ပေးလာသည်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည်ပင် မြန်မာနိုင်ငံတွင် သတိနှင့်စောင့်ကြည့်ရမည့် အရေးကိစ္စများရှိသည်ဟု သတိပေးခဲ့သော်လည်း ဒီမိုကရေစီအသွင် ကူးပြောင်းမှုများကို ချီးမွမ်းပြောဆိုထားသည်။

သို့သော် မြန်မာပြည်တွင်း လတ်တလောဖြစ်ရပ်များက ဒီမိုကရေစီစနစ်တစ်ခု ထူထောင်ရေးမှာ လွယ်ကူသည့် အလုပ်မဟုတ်ဟူသော အချက်ကို ပြသလျက်ရှိသည်။ အမှန်ပြောရလျှင် တဖြည်းဖြည်းချင်း ရုပ်လုံးကြွလာသော ဒီမိုကရေစီ၏ အခြေခံသဘောတရားအချို့ ကိုယ်တိုင်က အခြားသူများကို အန္တရာယ် ကျရောက်စေသလို ဖြစ်နေသည်။ မြန်မာအစိုးရသည် ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း အင်တာနက်နှင့် သတင်းစာစောင်များအပေါ် ကန့်သတ် ထိန်းချုပ်မှုများအား ဖြေလျှော့ပေးလာသည်။

`        ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လိုအပ်သော ထင်မြင်သုံးသပ်ချက်နှင့် ဝေဖန်မှုများကိုလည်း ထုတ်ဖော်ပြောဆိုခွင့်ပြုလာသည်။ သို့သော် ယခုကဲ့သို့ အင်တာနက်နှင့် မီဒီယာများပေါ်တွင် လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုခွင့် ရရှိလာမှုများက ရိုဟင်ဂျာဆိုသော မွတ်စလင်လူနည်းစုများ အပေါ် အကြမ်းဖက်ဆန့်ကျင်သည်အထိ ဖြစ်လာစေခဲ့သည်။

နယူးယောက်တိုင်းမ် သတင်းစာရေးသားချက်အရ မြန်မာအစိုးရအာဏာပိုင်များက မီဒီယာနှင့်အင်တာနက် ဆင်ဆာတည်းဖြတ်မှုများကို ရပ်ဆိုင်း လိုက်သောကြောင့် ရိုဟင်ဂျာများအပေါ် လူမျိုးရေး၊ဘာသာရေးဆိုင်ရာ အမြင်များဖြင့် တိုက်ခိုက်မှုများ၊ ရန်ငြှိုးဖွဲ့မှုများ ကြီးထွားလာခြင်းဖြစ်သည်။ အင်တာနက်ပေါ်၊ အထူးသဖြင့် Facebook ကဲ့သို့ လူမှုကွန်ယက်များပေါ်တွင် လူမျိုးရေး၊ဘာသာရေးခွဲခြားမှုပါဝင်ပြီး ကြမ်းတမ်းသည့်အသုံးအနှုန်းများဖြင့် ထင်မြင်ချက် ရေးသားမှုများ ကြီးမားလာခြင်းကြောင့် ရခိုင်ပြည်နယ်တွင် ရမ်းကားသတ်ဖြတ်မှုများ ပေါ်ပေါက်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် လူပေါင်း ၃၀ ခန့်သေဆုံးပြီး အိုးအိမ်ထောင်ပေါင်းများစွာပျက်စီးခဲ့ရသည်။ လူပေါင်း သုံးသောင်းကျော်မှာလည်း ပြောင်းရွှေ့ နေထိုင်လိုက်ရသည်။

သို့အတွက်ကြောင့် ပြုပြင်ပြောင်းလဲရေးသမား အာဏာရှင်သမ္မတဦးသိန်းစိန်က အကြမ်းဖက်မှုများ အဆုံးသတ်နိုင်မည့်လုပ်ရပ်များကို စတင်လုပ်ကိုင် ရတော့သည်။

လက်ရှိအနေအထားတွင် ရခိုင်ပြည်နယ်အကြမ်းဖက်မှုနှင့် ပတ်သက်သော သတင်းမှန်သမျှအား အစိုးရဆင်ဆာဘုတ်အဖွဲ့သို့ မဖြစ်မနေ တင်ပြရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်ဟု သိရသည်။ ဤသို့လုပ်ဆောင်ခြင်း ဒီမိုကရေစီနှင့်ဆန့်ကျင်သည့် လုပ်ရပ်ဟုတော့ ဆို၍မရနိုင်ပေ။ ဥပမာ အမေရိကန်ပြည်ထောင်စုသည်ပင် အများပြည်သူဆူပူအုံကြွမှု ဖြစ်ပွားစေမည့်၊ လူမျိုးရေးထိခိုက်မှုဖြစ်စေမည့် ပြောဆိုမှုများကို ခွင့်ပြုခြင်းမရှိပေ။

သို့သော် ဒီမိုကရေစီအခြေမခိုင်သေးသည့် မြန်မာကဲ့သို့သောနိုင်ငံမျိုးတွင် မီဒီယာများအနေဖြင့် အစိုးရဆင်ဆာတည်းဖြတ်မှုရှိရာသို့ ပြန်သွား ရသည့်ကိစ္စမှာ နောက်ကြောင်းပြန်လှည့်နိုင်သည့် အနေအထားတစ်ရပ်ကို ဖော်ကျူးခြင်းပင်ဖြစ်သည်။ သို့သော် အခြားစိတ်ဝင်တစား ရွေးချယ်စရာလည်းမရှိပေ။

မြန်မာနိုင်ငံတွင်းမှ အင်တာနက်မှာ လွတ်လပ်မှုရရှိနေဆဲဖြစ်ရာ ရိုဟင်ဂျာဆန့်ကျင်ရေးဆော်သြသူများက အင်တာနက်မှတစ်ဆင့် ဆက်လက်ကြိုးပမ်း လုပ်ကိုင်နေဆဲပင်ဖြစ်သည်။ မြန်မာအာဏာပိုင်များသည် လွတ်လပ်စွာပြောဆိုခွင့်နှင့် လူနည်းစုများအကာအကွယ်ပေးခွင့် အစရှိသည့် ဒီမိုကရေစီ၏ အခြေခံသဘောတရား နှစ်ခုအကြား ဖိအားပေးခံနေရသလိုဖြစ်နေသည်။

အဆိုပါ သဘောတရားနှစ်ခုကို ချိန်ခွင်လျှာမျှရန်မှာလည်း လွယ်ကူသည့်ကိစ္စမဟုတ်ပေ။ မြန်မာအနေဖြင့် အာရပ်နွေဦးတော်လှန်ရေး လှုပ်ရှားမှုများ ကြုံတွေ့ခဲ့ရသည့် နိုင်ငံများထက်စာလျှင် ဒီမိုကရေစီ ဖော်ဆောင်မှုများကို ဆက်လက်လုပ်ကိုင်နိုင်သည်မှာ မှန်သော်လည်း စစ်မှန်သော ဒီမိုကရေစီရှိရာသို့ သွားရမည့်လမ်းတွင် အန္တရာယ်များကား ပြည့်နှက်၍နေလေသည်။

မြန်မာ၊ အီဂျစ်အပါအဝင် အခြားသောနိုင်ငံများတွင် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုများ ပျံ့နှံ့ဖြစ်ပေါ်လာချိန်တွင် ဒီမိုကရေစီကို ရွေးကောက်ပွဲတစ်ခု သို့မဟုတ် အခြားသောဖြစ်ရပ်များနှင့် တစ်သားတည်းဖြစ်အောင် မလုပ်မိရန်အရေးကြီးပါသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက Michael McFaul အား ရုရှားနိုင်ငံ သံအမတ်ကြီးအဖြစ် မကြာသေးခင်က ခန့်အပ်လိုက်မှုသည် ဒီမိုကရေစီကို သူထောက်ခံပါသည်ဟူသော အချက်ပြနိုင်ရေးအတွက်ဖြစ်သည်။

အဆိုပါ ခန့်အပ်မှုကြောင့် သတင်းအမျိုးမျိုး ဖြစ်ပေါ်လာသလို ရုရှားအစိုးရလည်း အမျက်ဒေါသထွက်ခဲ့သည်။ Michael McFaul သည် အိုဘားမား အုပ်ချုပ်ရေးအဖွဲ့သို့ မဝင်ရောက်မီ“ရေမြေရပ်ခြားဒေသသို့ ချီတက်နေသည့် ဒီမိုကရေစီ”ဟူသော ခေါင်းစဉ်ဖြင့် စာအုပ်ရေးသား ထုတ်ဝေခဲ့သည်။

အဆိုပါစာအုပ်က“အခြားသောဒီမိုကရေစီနိုင်ငံများ အမေရိကန်အမျိုးသား အကျိုးစီးပွားအတွက် အကျိုးရှိ၊မရှိ”ဟူသော မေးခွန်းကို ဖြစ်ပေါ်စေခဲ့သည်။ McFaul ၏ရေးသားတင်ပြမှုများအနက် “ဒီမိုကရေစီစနစ် ကျင့်သုံးသောနိုင်ငံများအချင်းချင်း စစ်မက်ဖြစ်ပွားခြင်းမရှိ၊ အချင်းချင်းတန်းတူ ဥစ္စာဓနပေါကြွယ်ဝ ရေးသားဦးတည်ပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုများကို ဆက်လက်ဖြစ်ထွန်းစေသည်။ မဆင်မခြင်ဖြစ်ပွားသောစစ်ပွဲများ၊ မျိုးဖြုတ်သတ်ဖြတ်မှုပါဝင်သည့် နိုင်ငံရေးလုပ်ရပ်မျိုးများနှင့် ပူးပေါင်းမှုမပြုရ” ဟူသည်မှာ စိတ်ဝင်စားရာကောင်းသည်။

သို့သော် ၎င်းက “ကမ္ဘာပေါ်တွင်မြင်တွေ့ဖူးသမျှ အဆိုးရွားဆုံးသော အာဏာရှင်အစိုးရများသည် ခိုင်မာတောင့်တင်းသော ဒီမိုကရေစီစနစ် မဖော်ဆောင်နိုင်သောကြောင့် ထိုးထိုးထောင်ထောင် ထွက်ပေါ်လာကြသည်။ ဥပမာ အဒေါ့ဖ်ဟစ်တလာနှင့် အီရန်မှမွတ်စလင် ဘာသာရေးဆရာများ ဖြစ်သည်။

၎င်းတို့သည် ဒီမိုကရေစီဟန်ပြပြီး အာဏာကိုထိန်းချုပ်ထားသူများဖြစ်သည်။ ထို့အတူ ဒီမိုကရေစီအသွင်ဆောင်ထားသော ရုရှားနှင့် တူရကီကဲ့သို့ နိုင်ငံများမှ အာဏာရှင်ခေါင်းဆောင်များသည်လည်း အာဏာကိုပိုမိုရယူထားကြသည်။ အဆိုပါနိုင်ငံများတွင် လွတ်လပ်မှုဟူသည် တစ်စထက်တစ်စ လျော့ပါးလျက်ရှိနေသည်”ဟု စာအုပ်တွင် ရေးသားဖော်ပြသည်။

စစ်မှန်သောဒီမိုကရေစီအီဂျစ်ပြည်ဟူသည်မှာ အားလုံး၏ အကျိုးစီးပွားပင်ဖြစ်သည်။ အကြောင်းမှာ အီဂျစ်တွင် စစ်မှန်သော ဒီမိုကရေစီ ပေါ်ထွန်းမှုကြောင့် အစ္စရေးနှင့် အိမ်နီးချင်းနိုင်ငံများ ငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားနိုင်မည်ဖြစ်ပြီး ချမ်းသာကြွယ်ဝမှုများကိုလည်းဖန်တီးနိုင်မည်။ ထို့အတူ

ပြည်သူများ၏ အခြေခံအခွင့်အရေးများလည်း ရရှိနိုင်သည်။ သို့သော် ဒီမိုကရေစီဖော်ဆောင်မှုတွင် မအောင်မြင်သောနိုင်ငံများအနေဖြင့် စစ်အာဏာရှင်စနစ် သို့မဟုတ် ဘာသာရေးဇောင်းပေးသည့် အာဏာရှင်စနစ်မျိုးနှင့်သာ ထပ်မံကြုံတွေ့ရမည်ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်ဆိုးမျိုးထပ်မံမဖြစ်ပေါ်နိုင်ရေးအတွက် ကျွန်ုပ်တို့ အားလုံး၏ စွမ်းအားဖြင့် လုပ်ဆောင်နိုင်သည့်အရာအားလုံးကို မဖြစ်မနေလုပ်ကြရမည်သာပင် ဖြစ်သည်။

                                                    **************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment