Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. လျှပ်စစ်ဓါတ်အားကဏ္ဍတွင် မြန်မာနှင့်ပူးပေါင်းလုပ်ကိုင်ရန် ပြင်သစ်လေ့လာ

(Bernama News မှ 6 July 2013 ရက်စွဲပါ “France eyes cooperation with Myanmar in electrical power” သတင်း ကိုဘာသာပြန်ဆိုသည်။)

  1. သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပထမဆုံးလေ့ကျင့်ရေးစင်တာ ထူထောင်မည်

( Relief Web မှ 4 July 2013 ရက်စွဲပါ Myanmar to establish first training centre for disaster manage

ment ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာ့ တယ်လီကွန်းနှင့် စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြှပ်နှံ

( CCTV News မှ 6 july 2013 ရက်စွဲပါ “Foreign companies invest in myanmar telecom and energy” သတင်းကို ဘာသာပြန်ဆိုသည်)


လျှပ်စစ်ဓါတ်အားကဏ္ဍတွင် မြန်မာနှင့်ပူးပေါင်းလုပ်ကိုင်ရန် ပြင်သစ်လေ့လာ

(Bernama News မှ 6 July 2013 ရက်စွဲပါ “France eyes cooperation with Myanmar in electrical power” သတင်း ကိုဘာသာပြန်ဆိုသည်။)

ပြင်သစ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် လျှပ်စစ်ဓါတ်အားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနေကြောင်း တရား ဝင်သတင်းများကို ကိုးကား၍ တရုတ်အစိုးရအာဘော် Xinhua သတင်းဌာနက စနေနေ့တွင် သတင်းဖော်ပြသည်။

ဗုဒ္ဓဟူးနေ့က ကျင်းပသော လျှပ်စစ်ဓါတ်အားဆိုင်ရာ အစည်းအဝေးသို့ ရန်ကုန်ဒေသ ကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ပြင်သစ်စီးပွားရေးသံမှူးတို့ တင်ရောက်ခဲ့ကြသည်ဟု အစိုးရပိုင် New Light of Myanmar သတင်းစာတွင် ပါရှိသည်။

အစည်းအဝေးတွင် ဦးမြင့်ဆွေက မြန်မာနိုင်ငံ၌ အခြေခံအဆောက်အဦးစနစ် ဖွံ့ဖြိုးရေး ကို လျှင်မြန်စွာ ဆောင်ရွက် ရန်လိုအပ်နေကြောင်း ပြောကြားခဲ့သည်။

ဦးမြင့်ဆွေက ဆက်လက်၍ တစ်မျိုးသားလုံးစီးပွားရေးဖွံ့ဖြိုးမှုနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးမှု တို့အတွက် လျှပ်စစ်ဓါတ်အား သည် သော့ချက်ကျကြောင်း၊ လျှပ်စစ်ဓါတ်အားလိုအပ် ချက်မှာလည်း မြန်မြန်ဆန်ဆန်ကြီးထွားနေကြောင်း နှင့် ပြင်သစ် ကုမ္ပဏီများက ကျွမ်းကျင်မှုများ၊ နည်းပညာဗဟုသုတများကို မြန်မာကုမ္ပဏီ များထံ မျှဝေကြလိမ့်မည် ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

ထို့အပြင် ပြင်သစ် - မြန်မာ နှစ်နိုင်ငံသည် ခရီးသွားတိုးရစ်ဇင် လုပ်ငန်းများ၊ ပညာရေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုရေး၊ မွေးမြူရေးကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားရန် လုပ်ဆောင်လျှက်ရှိသည်။

တရားဝင်ကိန်းဂဏန်းများအရ ၂၀၁၂ တွင် ပြင်သစ်ထံမှ မြန်မာနိုင်ငံက တင်သွင်းသော တန်ဖိုးမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၄.၄၈ သန်းခန့်ရှိသည်ဟု ဆိုပါသည်။

၂၀၁၃ မတ်လအထိ မြန်မာနိုင်ငံတွင် ပြင်သစ်တို့၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ ၄၆၉ သန်းရှိပြီဟု ဆိုသည်။

ဥရောပသမဂ္ဂ EU ကလည်း မြန်မာနိုင်ငံ၏ အထင်ကရ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် လက်နက်ရောင်းဝယ်မှု တားမြစ်ချက်မှလွဲ၍ ကျန်အရေးယူပိတ်ဆို့မှု Sanctions အားလုံးကို ယခုနှစ်ဧပြီလတွင် ရုတ်သိမ်းပေး လိုက် ပြီဖြစ်သည်။

 


 

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပထမဆုံးလေ့ကျင့်ရေးစင်တာ ထူထောင်မည်

 ( Relief Web မှ 4 July 2013 ရက်စွဲပါ Myanmar to establish first training centre for disaster management ကိုဘာသာပြန်ဆိုသည်)

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအောင်မြင်မှုရရှိနိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေး ဆိုင်ရာ အရည်အသွေးတည်ဆောက်ရန် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးသင်တန်းကျောင်းစင်တာတစ်ခုကို မြန်မာနိုင်ငံ တွင် ထူထောင်တော့မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ သင်တန်းစင်တာထူထောင်ရေး နှင့် သဘာဝဘေးအန္တရာယ် စီမံခန့် ခွဲမှုဆိုင်ရာ အရည်အသွေးဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာရေးဆွဲရေးတို့ စတင်ရန် ဆွေးနွေးတိုင်ပင်ပွဲတစ်ရပ်ကို ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များက နေပြည်တော်တွင် ယခုရက်သတ္တပတ်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။

သဘာဝဘေးအန္တရာယ်လျှော့ချမှု မြှင့်တင်ဆောင်ရွက်ရာ၌ အရည်အသွေးဖွံ့ဖြိုးမှုသည် အဓိကအခရာကျသော အရာပင်ဖြစ်သည်ဟု UNDP ၏ Country Director ဖြစ်သူ Toily Kurbanov ကပြောကြားသည်။ "ဒါပေမဲ့ ဘေးအန္တရာယ် လျှော့ချရေးဆိုင်ရာ အရည်အသွေးဖွံ့ဖြိုးမှုကိစ္စဟာ လွယ်ကူတဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူး။ အဲဒီကိစ္စကို အကောင် အထည်ဖော်ဖို့ နိုင်ငံရေးအင်စတီကျူးရှင်းတွေအပါအဝင် လူ့အဖွဲ့အစည်းတစ်ခုလုံးပါဝင်ဖို့လို အပ်ပါတယ်။ နောက်ပြီးတော့ ပုဂ္ဂလိကအခန်းကဏ္ဍတွေနဲ့ပညာရှင်တွေပူးပေါင်းပြီး တူညီတဲ့ပန်းတိုင်တစ်ခုဆီကိုရောက် အောင်သွားကြရမှာဖြစ်ပါတယ်" ဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံသည် ယခုအခါ ဈေးကွက်အခြေပြု စီးပွားရေးစနစ်နှင့် အစိုးရထိန်းချုပ်မှုမရှိသည့် စနစ်ဆီသို့ ဦးတည် သွားလျက်ရှိသည်။ အခြားသောတိုင်းပြည်များ၏ အတွေ့ အကြုံများကိုကြည့်မည်ဆိုလျှင် ဖွံ့ဖြိုးရေးဆိုင်ရာ ကြားဝင်ဆောင် ရွက်မှုများသည် သဘာဝအန္တရာယ်များနှင့် ရုပ်ပိုင်းဆိုင်ရာထိတွေမှုရရှိအောင် လုပ်ဆောင်ပေးသည့် သဘောတွင်ရှိပြီး အားနည်းချက်ရှိသူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာဖြစ်ရပ်များနှင့် ပိုမိုကြုံတွေဖြစ်ပေါ်အောင် ပြုလုပ်သကဲ့သို့ရှိ သည်ကို တွေ့ရသည်။

"သို့အတွက်ကြောင့် သဘာဝဘေးအန္တရာယ်လျှော့ချရေးဟာ ဦးစားပေးလုပ်ဆောင်ရမယ့် အရေးကြီးကိစ္စရပ် တစ်ခု ဖြစ်လာပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးရရှိနိုင်ရေးအတွက် အခိုင်အမာလုပ်ဆောင်ရမယ့် ပင်မရေစီးကြောင်းကြီး တစ်ခု ဖြစလာ ပါတယ်။မြန်မာနိုင်ငံဖွံ့ဖြိုးရေးဖြစ်စဉ်ထဲက ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ည်း ဖြစ်ပါတယ်" ဟု Kurbanovကပြောသည်။

မြန်မာ့သဘာဝပေးအန္တရာယ်လျှော့ချရေးဆိုင်ရာ စီစဉ်ဆောင်ရွက်ရေးအဖွဲ့(MAPDRR) သည် မြန်မာအစိုးရ ဝန်ကြီးဌာန များ၊ဌာနခွဲများနှင့် ဒေသဆိုင်ရာအသင်းအဖွဲ့များနှငအောက်ခြေအုပ်ချုပ်ရေးအဖွဲ့အစည်းများကို သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုနည်းပညာများ ပံ့ပိုးပေးနိုင်ရေးအတွက် လေ့ကျင့်ရေးစင်တာတစ်ခုကို ၂၀၀၉ ခုနှစ်တွင် ထူထောင်ပေး ခဲ့သည်။  အဆိုပါစင်တာကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စီမံခန့်ခွဲမှုပြု လုပ်မည်ဖြစ် သည်။ သဘာဝဘေးအန္တရာယ်လျှော့ချရေး အလုပ်အမှုဆောင်အဖွဲ့ကိုမူ UNDP ကဦးဆောင်ပြီး အဆိုပါဝန်ကြီး ဌာနနှင့် အနီးကပ်လက်တွဲလုပ်ဆောင်လျက်ရှိသည်။


မြန်မာ့ တယ်လီကွန်းနှင့် စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြှပ်နှံ

( CCTV News မှ 6 july 2013 ရက်စွဲပါ “Foreign companies invest in myanmar telecom and energy” သတင်းကို ဘာသာပြန်ဆိုသည်)

ယခုနောက်ဆုံး ခေါင်းပြူလာသော မြန်မာဈေးကွက်တွင် ဝေစုရရေး ပြိုင်ပွဲမှာ အရှိန်ရလာပြီဖြစ်သည်။ ၂၀၁၁ ခုနှစ် တစ်သီတစ်တန်း ပြုပြင်ပြောင်းလဲမှုများ နောက်ပိုင်းဝေစုရလိုသော နိုင်ငံခြားကုမ္ပဏီများ တစ်ပုံတစ်ပင် ရောက်ရှိလာကြပြီး၊ မက်မောစရာ နယ်ပယ်သစ်များမှာ တယ်လီကွန်းနှင့် စွမ်းအင်တို့ဖြစ်သည်။

မြန်မာနိုင်ငံတွင် တယ်လီကွန်းခေါ်ဆိုမှုကို လွယ်ကူအောင်၊ ပျံ့နှံ့အောင်၊ ပေါများအောင် လုပ်ဆောင် ပေးခြင်းလုံးဝ မရှိခဲ့ပေ။

လွန်ခဲ့သော ၃ ခုနှစ်ခန့်က Sim ကဒ်ဈေးနှုန်းသည် ဒေါ်လာထောင်ကဏန်း (မြန်မာကျပ်ငွေ ၁၅ သိန်းမှ သိန်း ၃၀ အကြား) ရှိရာမှနောက်ပိုင်းတွင် ဒေါ်လာ ၅၀၀ ၊ ထို့နောက်ဒေါ်လာ ၂၀၀ ၊ ယခုနောက်ဆုံး ၁.၅ ဒေါ်လာသို့ ကျဆင်း လာခဲ့သည်။ သို့သော် ခေတ်မမှီသော မိုဘိုင်းကွန်ယက်က ကိုင်တွယ်နိုင်စွမ်းမရှိသော ကြောင့် လစဉ်ရာစနစ်ဖြင့် ရောင်းချ ပေးနေရသည်။ မဲနှိုက်သည့်စနစ်ကြောင့် လိုအပ်သူတွေမရပဲ မလိုအပ်သူ တွေလက်ထဲ ရောက်သွားသဖြင့်၊ ပြင်ပမှောင်ခိုဈေး ဒေါ်လာ ၆၀ ခန့်ရှိနေသော Sim Card ဈေးနှုန်းများမှာ သာမန်အောက်ခြေလုပ်သား တစ်ဦး၏ နှစ်လစာ လခနှင့် ညီမျှနေ ပါသည်။

လက်ရှိ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း ပျံ့နှံ့သုံးစွဲနှုန်း ၇ ရာခိုင်နှုန်းသည် ကမ္ဘာတွင် အနိမ်ဆုံးဖြစ်နေပြီး၊ တိုင်းပြည် လူဦးရေ အများစုနေထိုင်ကြသည့် နယ်နှင့်ကျေးလက်ဒေသမှ ပြည်သူများ သုံးစွဲနိုင်ရေး ကိစ္စမှာ အကြီးစားစိန်ခေါ်မှုကြီး တစ်ခုဖြစ်နေသည်။

ကိုယ်ပိုင်အင်အားဖြင့်လည်းအတတ်နိုင်၊ ဒေသအတွင်းအိမ်နီးခြင်း ဂုတ်သွေးစုတ်နိုင်ငံများကိုလည်း အားမကိုးချင် တော့သော မြန်မာအစိုးရက ဆက်သွယ်ရေးအော်ပရေတာလိုင်စင်အတွက် နိုင်ငံတကာကုမ္ပဏီ ကြီးများကို တင်ဒါခေါ် ခဲ့သည်။ China Mobile နှင့် Vodafone တို့ကအစောပိုင်းတွင် နှုတ်ထွက်သွားခဲ့သည်။ ထို့နောက်တွင် တင်ဒါအောင်သူအဖြစ် Telenor နှင့် Oreedoo ၊ အရံအဖြစ် Orange တို့ရွေးချယ်ခံရသည်။ ဤနေရာတွင် လူထုထောက်ခံမှုကို ရရှိရန်ကြိုးပမ်း နေသော အောက်လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက လူထုမျှော်လင့်နေသော နိုင်ငံခြားအော်ပရေတာလိုင်စင်ကို ဆိုင်းငံ့ထားရန် ကြိုးစားမှုကို လွှတ်တော်၌ ခွင့်ပြုခဲ့ ခြင်း၏ နောက်ကွယ်၌ စိတ်ဝင်စားစရာ အကြောင်းအရာများရှိလိမ့်မည်ဟု ပြည်တွင်း အကဲခတ်လေ့လာသူများ က သုံးသပ်ကြသည်။

မည်သို့ပင်ဖြစ်စေ လိုင်စင်ရ အော်ပရေတာများအနေဖြင့် အခြေခံအဆောက်အဦးစနစ်အတွက် ကြီးမား စွာရင်းနှီး မြှုပ်နှံကြရမည်ဖြစ်ပြီး လာမည့်နှစ်အနည်းငယ်အတွင်း ဝင်ငွေပြန်ရရေး ကိစ္စမှာစိန်ခေါ်မှု ဖြစ်လာလိမ့် မည်ဟု တယ်လီကွန်း အတိုင်ပင်ခံ မန်းဖရက် ဂရန့်က ဆိုပါသည်။

နိုင်ငံတကာ ကုမ္ပဏီကြီးများ စိတ်ဝင်စားလာကြသော အခြားကဏ္ဍမှာ စွမ်းအင်ပင်ဖြစ်သည်။ တည်ငြိမ် ၍စိတ်ချရ သော လျှပ်စစ်ဓါတ်အား မပေးနိုင်ပဲ၊ အကြီးစား ရင်းနှီးမြှုပ်နှံမှုများ မရှိနိုင်ခြင်းကို အစိုးရကလည်း ဝန်ခံ ပြောဆိုထားသည်။ သို့သော် ဓါတ်အားပြတ်တောက်မှုများမှာ ဆိုးဆိုးဝါးဝါးပင် နာရီတိုင်းတွင် အကြိမ်ပေါင်းများ စွာဖြစ်ပွားနေသည်။

“လျှပ်စစ်ဓါတ်အား မပေးနိုင်ရင် စီးပွားရေး မဖွံ့ဖြိုးနိုင်ပါဘူး။ ဒါကြောင့် အစိုးရက ပြည်သူတွေအတွက်နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ဒီကိစ္စကို ဖြေရှင်းဖို့ ကြိုးစားနေပါတယ်”ဟု ကာလပေါ် စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သော ပါရမီ Parami Energy Group မှ ဦးကံထွန်းကပြောကြားသည်။

အစိုးရက ဓါတ်အားပေးစက်များ ဝယ်ယူကာ အရေးပေါ်ဖြေရှင်းခဲ့သော်လည်း ရေရှည်မဖြစ်နိုင်ကြောင်း သိရှိနား လည်သွားပြီဖြစ်ရာ ဇွန်လအတွင်းက စွမ်းအင်ကို မူဝါဒဦးစားပေးအဖြစ် ချမှတ်ကာ ကမ္ဘာတစ်လွှားမှ အကြံဉာဏ်များ၊ ဖြေရှင်း နည်းများကို ဖိတ်ခေါ်စုဆောင်းနေပြီ ဖြစ်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment