International Media |
ဘာသာပြန်သတင်းများ (၁)
(Jerusalem Post သတင်းစာမှ 11 August 2013 ရက်စွဲပါ Constitutional review for Myanmar ကိုဘာသာပြန်ဆိုသည်)
(14 August 2013 ရက်စွဲပါ UPI မှ Myanmar violence raises news concerns ကိုဘာသာပြန်ဆိုသည်)
မြန်မာအတွက် အခြေခံဥပဒေ ပြန်လည်ဆန်းစစ်ခြင်း (Jerusalem Post သတင်းစာမှ 11 August 2013 ရက်စွဲပါ Constitutional review for Myanmar ကိုဘာသာပြန်ဆိုသည်) အချိန်အတန်ကြာ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်များ ပြုလုပ်ခဲ့ပြီးနောက် မြန်မာအစိုးရသည် ယခုအခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး အတွက် တာဝန်ယူလုပ်ကိုင်ပေးရမည်ဖြစ်သော လွှတ်တော်သည် အဖွဲ့ဝင် ၁၀၉ ဦးပါဝင်သည့် ကော်မတီတစ်ရပ်ကို အဆိုပါ အခြေခံဥပဒေအား စိစစ်သုံးသပ်နိုင်ရန်အလို့ငှာ ကြာသပတေးနေ့က ဖွဲ့စည်းပေးလိုက်သည်။ ယင်းကော်မတီတွင် ၂၅ ရာခိုင်နှုန်းဟူသည့် တပ်မတော်သားကိုယ်စားလှယ်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှ ကိုယ်စား လှယ်များနှင့် သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့) မှ ကိုယ်စားလှယ်များပါဝင်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးသည် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်မရှိအောင် ဟန့်တားထားသည့် အချက်နှင့် ပြည်နယ်များအနေဖြင့် ပြည်နယ်အစိုးရဝန်ကြီးများကို ကိုယ်တိုင်ရွေးချယ်ခွင့်ရရှိရေးဟူသည့် အချက် နှစ်ရပ်နှင့် ပတ်သက်သော ဝေဖန်ပြောဆိုမှုများကို ဖြေရှင်းရန်ဖြစ်သည်။ လေ့လာဆန်းစစ်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံတွင် အခြေခံဥပဒေပြင်ဆင်ရန် လိုအပ်ချက်အတွက် အကြောင်းအရင်း နှစ်ရပ်ရှိနေသည်ကိုတွေ့ရပါသည်။ ပထမတစ်ခုမှာ ပြည်တွင်းရေးကိစ္စဖြစ်သည်။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်း ပြဿနာများသည် တိုင်းရင်းသားလူနည်းစုများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် တောင်းဆိုးမှုများနှင့် မြန်မာအစွန်းရောက် မျိုးချစ်ဝါဒီများ၏ တောင်းဆိုချက်များအပေါ် ဆန့်ကျင်မှုများက အဓိကလွှမ်းမိုးကြီးစိုးထားသည်။ ဗြိတိသျှ အုပ်ချုပ်ရေးလက်ထက်တွင် မြန်မာနိုင်ငံသည် ပြည်မနှင့် နယ်ခြားဒေသဟူ၍ ခွဲခြားအုပ်ချုပ်ခြင်းခံခဲ့ရသည်။ တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူအခွင့်အရေးပေးမည်ဟူသော အာမခံချက်သည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အဓိကကျသော အခြေအနေတစ်ရပ်ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် ပြည်နယ်များအတွက် အခြေခံဥပဒေဆိုင်ရာ အခွင့်အရေးတစ်ရပ်ပါဝင်ခဲ့သည်။ တောင်တန်းနှင့် နယ်ခြားဒေသရှိ တိုင်းရင်းသားပြည်သူများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် သဘောတူညီချက်ရယူနိုင်ခဲ့ပြီးနောက် ပြည်ထောင်စုမြန်မာနိုင်ငံကို ထူထောင်ခဲ့သည်။ သို့သော်လည်း နိုင်ငံရေးအခွင့်အရေးများ မရရှိခဲ့ခြင်းသည် ဆယ်စုနှစ် ခြောက်ခုကျော်ကာလအတွင်း တိုင်းပြည်၏ လက်နက်ကိုင်ပဋိပက္ခအတွက် အဓိကကျသော အကြောင်းအရင်းဖြစ်ခဲ့သည်။ ယခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးကြောင့် တိုင်းရင်းသားလူနည်းစုများအနေဖြင့် ၎င်းတို့ပြည်နယ် အစိုးရဝန်ကြီးရာထူးများကို ကိုယ်တိုင်စိတ်တိုင်းကျ ရွေးချယ်နိုင်မည်ဖြစ်သည်။ ထိုသို့ မိမိတို့၏ ပြည်နယ်အုပ်ချုပ်ရေးမှူးများကို မိမိကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ကြောင့် တိုင်းရင်းသားပြည်သူများအနေဖြင့် ရွေးကောက်ပွဲတွင် တက်ကြွစွာပါဝင်မဲပေး ကြမည်ဖြစ်သည်။ ထိုသို့ တက်ကြွစွာမဲပေးခြင်းသည်ပင် ဒီမိုကရေစီစနစ်၏ အခြေခံကျသော မူဝါဒတစ်ရပ်ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ တိုင်းရင်းသားပြည်သူများအနေဖြင့် မိမိပြည်နယ်အတွက် အကြီးအကဲ ရွေးချယ်ခန့်အပ်သည့် ဖြစ်စဉ်အား ဖက်ဒရယ်ဝါဒ စတင်ကျင့်သုံးမှုအဖြစ် ရှုမြင်ရေးပင်ဖြစ်သည်။ အဆိုပါ ဖက်ဒရယ်ဝါဒအတွက် တိုင်းရင်းသား ပြည်သူပေါင်းများစွာမှာ ၎င်းတို့၏ အသက်နှင့် ဘဝများကိုစတေးခဲ့ကြရသည်မဟုတ်ပါလော။ ဒုတိယအချက်အနေဖြင့်ပြောရမည်ဆိုလျှင် အခြေခံဥပဒေ အပြောင်းအလဲသည် အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရနိုင်ရေးအတွက် အရေးကြီးသော လိုအပ်ချက် တစ်ရပ်ဖြစ်သည်။ လက်ရှိ အခြေခံဥပဒေတွင် အခြားနိုင်ငံသား ခံယူထားသည့် သားသမီး သို့မဟုတ် ခင်ပွန်းနှင့် ဇနီးရှိသူများအနေဖြင့် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံယူပိုင်ခွင့်မရှိကြောင်း ဖော်ပြထားရာ နိုင်ငံခြားသား သားသမီးနှစ်ဦးရှိသူ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်ရနိုင်မည်မဟုတ်ပေ။ နှစ်ပေါင်း ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲကျင်းပမည့်အချိန်တွင် အသက် ၇၀ ထဲသို့ရောက်ရှိတော့မည်ဖြစ်သည်။ အကယ်၍ သူမသာ ယင်းရွေးကောက်ပွဲတွင် သမ္မတဖြစ်ခွင့်မရရှိခဲ့ပါက နောက်ထပ်တစ်ကြိမ် ရွေးကောက်ပွဲတွင် ၎င်း၏ ရုပ်ပိုင်းဆိုင်ရာမှာ အိုမင်းကျဆင်းသည့် အနေအထားသို့ ရောက်ရှိသွားတော့မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တွင် ယခင်က ရန်ဘက်များဖြစ်ခဲ့သော စစ်တပ်နှင့် လက်တွဲလုပ်ကိုင်လိုစိတ်ရှိထားပြီးဖြစ်ရာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့ပါတီနှင့် မြန်မာပြည်သူများအနေဖြင့် သူမအား တိုင်းပြည်အုပ်ချုပ်နိုင်ရေးအတွက် အခွင့်အရေးတစ်ရပ်ပေးသင့်သည်။ ရိုဟင်ဂျာအရေးကိစ္စနှင့် ကချင်ပြည်နယ်ပဋိပက္ခအတွက် ကောင်းစွာလုပ်ကိုင်ပေးခြင်း မရှိခဲ့သည့်အတွက် ဝေဖန်ခံ ထားရသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားအားလုံး အတူတကွပူးပေါင်းနိုင်ရေးတွင် အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆက်ရှိနေဆဲပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဌရာထူးရယူရန် အချိန်နီးကပ်နေပြီဖြစ်ရာ တိုင်းပြည် ခေါင်းဆောင်များအနေဖြင့် ၎င်းတို့သည် စစ်မှန်သော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေပါသည်ဟူသောအချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းအား ပြသရန်အရေးကြီးပါသည်။ လတ်တလော ဥရောပခရီးစဉ်တွင် သမ္မတဦးသိန်းစိန်က ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးတော့မည်ဖြစ်ကြောင်း၊ မဝေးတော့သည့် အနာဂတ်တွင်လည်း လက်နက်ပဋိပက္ခများအားလုံး အဆုံးသတ် တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှုကို မြန်မာနိုင်ငံရရှိရေးအတွက် ဆိုခဲ့ပါ ကတိကဝတ်များအတိုင်း မဖြစ်မနေ လိုက်ပါဆောင်ရွက်ရမည်ဖြစ်သည်။ မြန်မာနှင့် အနောက်နိုင်ငံများ ဆက်ဆံရေး ပြန်လည်ထူထောင်မှုသည် ပဏာမအဆင့်မျှတွင်သာ ရှိသေးသော်လည်း ပုံမှန် သံတမန်ဆက်ဆံရေးများ တိုးတက်ကောင်းမွန်လာခြင်းက နောက်ဆုံးတွင် ပိတ်ဆို့အရေးယူမှုများအားလုံးကို ဖယ်ရှားပေးသွားနိုင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်က တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိန်းချုပ်ထားနေသေးသရွေ့ မြန်မာနိုင်ငံသည် ပြီးပြည့်စုံမှုမရှိသေးသည့် ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခံရမည်သာပင်။ တစ်ချိန်က မြန်မာအစိုးရနှင့် NLD အကြား ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ရရှိခဲ့သော ညှိနှိုင်း သဘောတူညီချက်မျိုး ထပ်မံရရှိရေးမှာ စိတ်ဝင်စားစရာပင်ဖြစ်သည်။ ယခုကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်ပြင်ဆင်ရေးဆွဲရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းပေးရန် ကြိုးပမ်းချက်များ ပြုလုပ်ခဲ့သည့်အတွက် ပါလီမန်လွှတ်တော်ကို ချီးမွမ်းသင့်သည်ဟူသော အချက်မှာမှန်ကန်သော်လည်း ထိုသို့အခြေခံဥပဒေ ပြင်ဆင်မှုကို လွှတ်တော်အနေဖြင့် အမှန်တကယ်ပြုလုပ်နိုင်ပြီဆိုပါက အဆိုပါကိစ္စသည် စစ်တပ်အပါအဝင် သန်းပေါင်း များစွာသောပြည်သူများအတွက် အောင်မြင်မှုဖြစ်သည်ဟူသည်ကိုလည်း လွှတ်တော်က နားလည်သဘောပေါက်ထား ရမည်ဖြစ်သည်။ အဆိုပါအခြေခံဥပဒေကို ပို၍ ဒီမိုကရေစီဆန်ပြီး တိုင်းရင်းသားလူမျိုးများအားလုံးအတွက် ကိုယ်စားပြုရန် ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံကောင်းကျိုးချမ်းသာရရှိရေးပင်ဖြစ်သည်။ ထို့အတူ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သည့် တိုင်းရင်းသား လူနည်းစုပြဿနာများကိုဖြေရှင်းပေးခြင်းသည်လည်း ငြိမ်းချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှု အတွက်ပင်ဖြစ်သည်။ မြန်မာနိုင်ငံမှ အကြမ်းဖက်မှုက စိုးရိမ်မှုအသစ်များဖြစ်ပေါ်စေ (14 August 2013 ရက်စွဲပါ UPI မှ Myanmar violence raises news concerns ကိုဘာသာပြန်ဆိုသည်) မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်တွင် အသက်များသေဆုံးရသည်ထိဖြစ်ခဲ့သည့် ရန်ပွဲများနောက်တွင် မတူကွဲပြားခြားနား မှုများအတွက် အဖြေရှာရန် ငြိမ်းချမ်းသောတွေ့ဆုံဆွေးနွေးမှုများလိုအပ်သည်ပာု ကုလသမဂ္ဂကပြောကြား လိုက်ပါသည်။ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂမပာာမင်းကြီးက ပြောကြားရာတွင် ပြီးခဲ့သည့်အပတ်က ရခိုင်ပြည်နယ်တွင် ရန်ပွဲများဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး၊ ဆယ်ဦးဒဏ်ရာ ရရှိခဲ့သည်ပာု သတင်းများရရှိသဖြင့် စိုးရိမ်မှုဖြစ်ရကြောင်း ဆိုပါသည်။ ဒုက္ခသည်အေဂျင်စီက ပြောကြားရာတွင် ၎င်းအနေဖြင့် နေစရာမဲ့နေသော မူဆလင်အဖွဲ့ဝင်များနှင့် အာဏာပိုင်များကြား တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုကြောင်း ပြောခဲ့ပါသည်။ UNHCR ၏ပြောခွင့်ရ ပုဂ္ဂိုလ် Adrian Edwards ကပြောကြားရာတွင် အိုးမဲ့အိမ်မဲ့ဖြစ်ရသူများအတွက် တည်ထောင်ထားသော စခန်းများသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်သားများဝင်ရောက်ရန် အခြေအနေမှာ ငြိမ်သက်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်မှ လူနည်းစုမူဆလင်များနှင့် ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းအဖွဲ့ဝင်များကြားပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားလျက်ရှိပါသည်။ “UNHCR အနေနဲ့ ပြည်တွင်းက အိုးမဲ့အိမ်မဲ့ ဖြစ်ရတဲ့လူတွေ(IDPs)နဲ့အစိုးရကြားမှာ ငြိမ်းချမ်းစွာ ဆွေးနွေးဖို့နဲ့ ယုံကြည်မှုတည်ဆောက်ရေးအတွက် ထပ်ခါထပ်ခါတောင်းဆိုပါတယ်”ပာု Edwards က အင်္ဂါနေ့က ပြောကြားခဲ့ပါသည်။ “ဒါပာာ နောက်ထပ်အကြမ်းဖက်မှုတွေ ရှောင်ကြဉ်ဖို့အဓိက ကျတဲ့အချက်ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”ပာု ၎င်းကပြောပါသည်။ UNHCR ကပြောကြားရာတွင် ပြီးခဲ့သည့်အပတ်က အိုးမဲ့အိမ်မဲ့များအား ထားရှိသောစခန်း၌ လူသေအလောင်း တွေ့ရှိသည့် ကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ကိုင်တွယ်ပုံကြောင့် ဒုက္ခသည်များကြားတွင် ပဋိပက္ခပေါ်ပေါက်ခြင်း ဖြစ်ကြောင်း ဆိုပါသည်။ |