Q & C |
သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ
“၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ကိုယ်စားမပြုဘူး။ နောက်တစ်ခုက ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံသဘောတရားတွေ ပြည့်စုံမှုမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ရိုးရိုးလေးပြော ရမယ်ဆိုရင် ဖက်ဒရယ်ဝါဒ၊ ဖက်ဒရယ်စနစ်၊ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ ပြင်ဆင်ပုံပေါ့နော်။ စတာတွေနဲ့ မပြည့်စုံ ဘူး။ ခုရှိနေတဲ့ အခင်းအကျင်းက အနှစ်သာရ အစစ်အမှန်မဟုတ်ဘဲ ဆင်တူယိုးမှား အရာမျှသာလျှင် ဖြစ်တယ်။ ဘာကြောင့် အစစ်အမှန်မဟုတ်ဘူးလို့ ဆိုရသလဲဆိုရင် ဖက်ဒရယ်ပြည်ထောင်စု စနစ်တစ်ခုကို တည်ဆောက်ဖို့ ဖက်ဒရယ် ပြည်ထောင်စုစနစ်တစ်ခုကို မတည်ဆောက်ခင်မှာ သူ့ကို ချဉ်းကပ်တဲ့ ပြောင်းလဲမှုတွေ ရှိတယ်။ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ အခြေခံမူဝါဒတွေကို ကြည့်ရင် ဖက်ဒရယ်ကို မတွေ့ရဘူး။ ၂ဝဝ၈ မှာ ပါတာ လမ်းညွှန်မှု (၆) ချက်ပဲ ရှိတယ်။ ဖက်ဒရယ်ကို လုပ်မယ်။ လုပ်ဖို့ဆန္ဒရှိတယ် ဆိုရင် လမ်းညွှန်မှုထဲမှာ ကိုက ထည့်ထားရမှာ”
၂ဝ၁၃ စက်တင်ဘာလ ၆ ရက်နေ့ Hot News ဂျာနယ် အတွဲ (၄) ၊ အမှတ် (၁၅၆) တွင် ပါရှိသော “၂ဝဝ၈ ဖွဲ့စည်းပုံမှာ ဖက်ဒရယ်ပြည်ထောင်စု၏ အခြေခံသဘောတရားများ ပြည့်စုံခြင်းမရှိဟု ပအိုဝ့် ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာပြော” သတင်းမှ ပအိုဝ့်တိုင်းရင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“ဒီမိုကရေစီ အင်အားစုပါတီတွေကို ခြိမ်းခြောက်တဲ့သဘော ပါနေပါတယ်။ ပါတီဝင်တစ်ယောက်က ပြဋ္ဌာန်းထား တဲ့ ကန့်သတ်ချက် ကျူးလွန်နေတာကို ပါတီကနေ သူ့ကို မထုတ်ပယ်ဘူးဆိုရင်တောင် ပါတီကို ဖျက်သိမ်းလို့ ရတယ်ဆိုတဲ့ အထိ တင်းကျပ်ထားတယ်။ ဖျက်ဆီးချင်တဲ့ လူတွေက သူတို့မှာ အကွက်တွေ ရှိလာမှာပေါ့။ သွယ်ဝိုက်တဲ့နည်းနဲ့ ခြိမ်းခြောက်လိုက်သလို ဖြစ်နေပါတယ်”
၂ဝ၁၃ စက်တင်ဘာလ ၇ ရက်နေ့ Trade Times ဂျာနယ် အတွဲ (၂) ၊ အမှတ် (၇၃) တွင် ပါရှိသော “ရွေးကောက်ပွဲကော်မရှင်က ပေးပို့ခဲ့သည့် သတိပေးစာနှင့် ပတ်သက်၍ ပါတီများကြားတွင် ဝေဖန်မှုများရှိ” သတင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ရန်ကုန်တိုင်း ပြန်ကြားရေးတာဝန်ခံ ဦးမျိုးခင်၏ ပြောကြားချက် အား ကောက်နှုတ်ချက်။
“ကရင်ပြည်နယ်မှာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ပြဿနာတွေ ပပျောက်ပြီး တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတွေရှိအောင် အမြင်မှန်အောင် ရင်းနှီးမှုရှိအောင် တစ်ဦးနဲ့တစ်ဦး လေးစားမှုရှိအောင် နိုင်ငံတော်မူဝါဒနဲ့ အညီ ချီတက်ဖို့ ကြိုးစားတိုင်ပင်ကြဖို့ပါ”
၂၀၁၃ စက်တင်ဘာလ ၈ ရက်နေ့ The Reporter News ဂျာနယ် အမှတ် (၃၆) တွင် ပါရှိသော “ကရင် လက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေး ဆွေးနွေးတော့မည်” သတင်းမှ BGF နယ်ခြားစောင့်တပ် အမှတ် ၄ တပ်နယ် ကွပ်ကဲရေးမှူး ဗိုလ်မှူးမုတ်သုန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“လာမယ့် စက်တင်ဘာလထဲမှာ ပြည်နယ် တိုင်းဒေသကြီး အသုံးစရိတ်ကို စတင် ရေးဆွဲကြမှာ ဖြစ်ပါတယ်။ ယခင်နှစ်က ၂ ဘီလီယံရတယ်၊ အခု ၁ဝ ဘီလီယံ ဖြစ်ရင်လည်း ဖြစ်မှာပေါ့၊ အဲဒါကို ပြည်နယ် တိုင်းဒေသကြီး အစိုးရက နားလည်ဖို့လိုပါတယ်၊ တစ်ခါတစ်လေ ကျရင် ကြောက်တော့ပေါ့နော်၊ ကျွန်တော်တို့က ၂ ကျပ် တောင်းတယ်။ အခု ၁ဝ တောင်းတဲ့အခါကျတော့ နိုင်ငံတော်သမ္မတကြီးက စိတ်ဆိုးမလားဆိုတဲ့ အတွေးတွေကို ဖျောက်ကြပါ။ ကိုယ့်ဒေသခံ လူထုအကျိုးရှိဖို့အတွက် အမှန်တကယ် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအတွက် အမှန်တကယ် ကုန်ကျနိုင်တဲ့ ငွေကြေးကို တင်ပြတောင်းခံတဲ့ နေရာမှာ သမ္မတကြီး စိတ်ဆိုးတာ ကိုယ့်အလုပ် မဟုတ်ဘူး။ တောင်းရမှာ ကိုယ့်အလုပ်လို့ သဘောထား။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုက အကျိုးရှိ တာတွေ လုပ်ချင်လို့၊ အဲဒီတော့ စိုးရိမ်ကြောက်လန့်နေတဲ့ စိတ်တွေ (Mind-set) ကို ပြောင်းလိုက်စမ်းပါလို့ ကျွန်တော်ပြောချင်တယ်”
၂၀၁၃ စက်တင်ဘာလ ၆ ရက်နေ့ The First Weekly ဂျာနယ် အတွဲ (၂) ၊ အမှတ် (၉၅) တွင် ပါရှိသော “ပြည်သူတွေ အမှန်တကယ် လိုအပ်တယ်။ မနှစ်ကထက် တိုးတောင်းရင် သမ္မတကြီး စိတ်ဆိုးမလား ဆိုတဲ့ အတွေးကိုလျှော့၊ သမ္မတ စိတ်ဆိုးတာ ကိုယ့်အလုပ်မဟုတ်ဘူး၊ တောင်းရမှာ ကိုယ့်အလုပ်၊ ဘတ်ဂျက် အသုံးစရိတ် လိုအပ်ချက် တင်ပြကြဖို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတိုက်တွန်း” သတင်းမှ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
မေး။ ။ ပြည်ထောင်စု ဗဟိုအစိုးရနဲ့ ဒေသန္တရ အစိုးရတွေကြား ဆက်လုပ်သွားမယ့် ဘဏ္ဍာရေးထိန်းချုပ်မှု ခွဲဝေပေးရေး Financial Decentralization အပိုင်းတွင်လည်း နိုင်ငံတော်သမ္မတ အကြံပေးတစ်ဦး အနေနဲ့ ဆရာ သုံးသပ်မိထားတာကို သိပါရစေ။
ဖြေ။ ။ နိုင်ငံတကာ အတွေ့အကြုံ တော်တော်များများကို လေ့လာဖို့ လိုတာပေါ့နော်။ Financial decentral- ization ကို လုပ်ကြတဲ့ နိုင်ငံ ၁ဝ နိုင်ငံ လောက်အကြောင်းကို ဒီ National Workshop on Good Local Governance and People Centered Services မှာ တင်ပြသွားတယ်။ အောက်ခြေအဖွဲ့အစည်းတွေကို ဘတ်ဂျက်များများ လွှဲပေးတိုင်းလည်း ဒီအဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်မှု မြင့်မလားဘူးဆိုတဲ့ တစ်ချက်လည်း ရှိတယ်။ ဥပမာ- ဒီအခြေခံ အဖွဲ့အစည်းတွေ အတွက်ကို လွှဲပေးတဲ့ အမြောက်အမြား (နိုင်ငံဘဏ္ဍာရဲ့ ၆ဝ ရာခိုင်နှုန်း) သုံးတဲ့ တရုတ်လို နိုင်ငံမျိုးမှာ အောက်ခြေမှာ ဖြစ်နေတဲ့ ပြဿနာတွေက အများကြီး ရှိနေသေး တယ်။ ထိုင်းနိုင်ငံလိုမျိုးမှာ ဆိုရင်တော့ လွှဲပေးတဲ့ ပမာဏက (နိုင်ငံဘဏ္ဍာရဲ့) ၁ဝ ရာခိုင်နှုန်းလောက်ပဲ ရှိသော်လည်း သူတို့မှာ အတိုင်းအတာတစ်ခုအထိ စွမ်းဆောင်မှုတွေ မြင့်လာတာကို တွေ့ရတယ်။ အဲတော့ ဒီအခြေအနေတွေနဲ့ အတွေ့အကြုံတွေကို လေ့လာပြီးတော့မှ အကောင်းမွန်ဆုံး ဖြစ်နိုင်မယ့်ကိစ္စကို လုပ်ဖို့ လိုပါတယ်။
၂၀၁၃ စက်တင်ဘာလ ၆ ရက်နေ့ Myanmar Times ဂျာနယ် အတွဲ (၃၂) ၊ အမှတ် (၆၃၇) တွင် ပါရှိသော “နိုင်ငံတော်သမ္မတ၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဒေါက်တာဇော်ဦး နှင့် အင်တာဗျူး” မှ နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။