နိုင်ငံတကာသတင်းများ
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် မောင်းနှင်မှု
(3 November 2013 ရက်စွဲပါ New York Times မှ Maung Zarni ရေးသားသော Myanmar’s Drive for Peace ကို ဘာသာပြန်ဆိုပါသည်)
(မောင်ဇာနည်သည် London School of Economics မှ ဧည့်ဖဲလိုးဖြစ်ပြီး မလေးရှားတက္ကသိုလ်၏ တွဲဖက် ဖဲလိုးဖြစ်ပါသည်)
မြန်မာနိုင်ငံသည် ဆယ်စုနှစ်ငါးခုခန့်စစ်အုပ်ချုပ်ရေး အောက်မှ ထွက်လာခဲ့ပြီးနောက် သမ္မတဦးသိန်းစိန်နှင့် ၎င်း၏ လူများသည် ကမ္ဘာကြီးအား ၎င်းတို့သည် နိုင်ငံရေးအရပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရာတွင် တိုးတက်မှုများရှိကြောင်း ပြသရနစိတ်အားထက်သန်လျက် ရှိပါသည်။ အစိုးရ၏ နောက်ဆုံးအကွက်ချမှုမှာ တိုင်းရင်းသားလူနည်းစုအုပ်စုများကို ( တိုင်းရင်းသားလူနည်းစုများ ထိန်းချုပ်သောနယ်မြေများတွင် အစိုးရ စစ်တပ်များတိုး၍ချထားခြင်းမှတဆင့်) နေပြည်တော်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ရန် ဖိအားပေးခြင်း ဖြစ်ပါသည်။
တိုင်းရင်းသားခေါင်းဆောင်များသည် ယခုအပတ် အစိုးရနှင့်ဆွေးနွေးရာတွင် အများစုက အဆိုပြုချက်ကို သံသယရှိနေကြပါသည်။ အစိုးရတပ်များသည် အတိတ်က သဘောတူညီမှုများကို လိုက်နာရန်ပျက်ကွက်ခဲ့ကြ ပါသည်။ နေပြည်တော်မှ ညှိနှိုင်းရေးခေါင်းဆောင် (ဦးအောင်မင်းကို ဆိုလိုသည်- အယ်ဒီတာ) နှင့် ၎င်း၏ အဖွဲ့ သည် စစ်တပ်အပေါ်ထိန်းချုပ်နိုင်ခြင်းမရှိသည်မှာ အလွယ်တကူ သိနိုင်ပါသည်။ သူပုန်ခေါင်းဆောင်များ သတိ ရှိနေသည့်အချက်မှာ မြန်မာစစ်တပ်သည် ၎င်း၏ မဟာဗျူဟာအောင်မြင်ရေးအတွက် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းနေချိန် ငြိမ်သက်နေခြင်းကို အခွင့်ကောင်းယူ၍ တိုက်ခိုက်မှုများလုပ်ခဲ့သည်ဟူသော အချက်ဖြစ်ပါသည်။
သို့သော် နေပြည်တော်၏ ငြိမ်းချမ်းရေးကို ချဉ်းကပ်ခြင်းတွင် အဓိကပြဿနာမှာ အစိုးရခေါင်းဆောင်များနှင့် စစ်တပ်သည်ဗဟိုချုပ်ကိုင်မှုများသော အစိုးရ- ဖက်ဒရယ်ကို ဆန့်ကျင်သော အဖြစ်သာ အမြင်ရှိပြီး၊ တိုင်းရင်းသား များက လည်း ဤအချက်ကို လက်မခံနိုင်ခြင်းပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူနည်းစုများသည် တိုင်းပြည်လူဦးရေ၏ သုံးပုံတစ်ပုံရှိပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ်များတွင် သဘာဝသယံဇာတ အကြွယ်ဝဆုံး နယ်မြေများ၌ နေထိုင် ကြပါသည်။ ၎င်းတို့တွင် အဓိကတိုင်းရင်းသားအုပ်စု လက်တစ်ဆုတ်စာနှင့် အုပ်စုသေးဒါဇင်များစွာရှိပြီး သီးသန့် ဖြစ်သော ယဉ်ကျေးမှုနှင့် ဘာသာဗေဒအမွေအနှစ်များ ရှိပါသည်။ ၁၉၄၈ ခုနှစ်ဗြိတိသျှထံမှ လွတ်လပ်ရေးရရှိ ပြီးနောက် တိုင်းရင်းသားအများစု၏ မူလရည်ရွယ်ချက်မှာ လွတ်လပ်သောပြည်နယ်ထူထောင်ရေး ဖြစ်သော် လည်း၊ အများစုက ဖက်ဒရယ်အစိုးရစနစ်အတွက် လမ်းကြောင်းကိုသာ ရွေး၍တိုက်ပွဲဝင်ခဲ့ကြပါသည်။ အဆိုပါ အိုင်ဒီယာကို မြန်မာဗိုလ်ချုပ်များက လက်မခံခဲ့ပဲ ၁၉၆၂ ကတည်းက အာဏာသိမ်းခဲ့ပါသည်။
လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က မြန်မာနိုင်ငံမှ ထိပ်ဆုံးပိုင်းဗိုလ်ချုပ်ကြီးတစ်ဦးက စာရေးသူအား တိုင်းရင်းသား များ ဖက်ဒရယ်စနစ်တောင်းဆိုနေမှုအပေါ် ဝေဖန်ပြောကြားဖူးပါသည်။ ၎င်းက ဖက်ဒရယ်စနစ် သည် မြန်မာနိုင်ငံကို အစိတ်စိတ်အမြွှာမြွှာခွဲရန် ပထမခြေလှမ်း ဖြစ်ကြောင်း ပြောကြားခဲ့ရာ နေပြည်တော် ခေါင်းဆောင်မှုသည်လည်း ထိုအတိုင်း ပင် ရှုမြင်နိုင်ပါသည်။
တိုင်းရင်းသားဒေသများတွင် အစိုးရစစ်တပ်များရှိနေခြင်းသည်လည်း အများသဘောမတူ၍ အငြင်းပွားနိုင်သည့် အချက်တစ်ခုဖြစ်ပါသည်။ တိုင်းရင်းသားအဖွဲ့အစည်းအားလုံးက အစိုးရတပ်များလျော့ချရေးကို လိုလားကြပါ သည်။ တိုက်ပွဲဖြစ်နေသော နယ်မြေများတွင် စစ်တပ်၏ အောက်တန်းကျလှသော လူ့အခွင့်အရေးမှတ်တမ်းများ သည် ပဋိပက္ခကို ဆယ်စုနှစ်များစွာပိုမိုကြာရှည်စေပြီး၊ ခုခံရန်လည်းခက်ခဲလှပါသည်။
ယခုငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ စတင်လာသောအခါ စစ်တပ်သည် နှစ်ဖက်သဘောတူထားသော အပစ်အ ခတ်ရပ်စဲရေး သဘောတူညီချက်ကို အခွင့်ကောင်းယူ၍ ၎င်း၏ တပ်အင်အားဖြည့်တင်းမှုများ၊ ရှေ့တန်း မှတပ်များထံ ရိက္ခာများပို့နိုင်ရန် မဟာဗျူဟာလမ်းများ ဖောက်လုပ်ခြင်းများကို လုပ်ဆောင်လာပါသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ က စက်တင်ဘာ လက ကရင်သတင်းသို့ပြောကြားရာတွင် အစိုးရနှင့် ၎င်း၏တပ်များကြား နှစ်ဖက်အပစ်အခတ် ရပ်စဲရေး သဘောတူ ထားသော်လည်း မြန်မာစစ်တပ်သည် စစ်တပ်သို့ထောက်ပံ့ရေးပစ္စည်းများပို့ခြင်း၊ တပ်များလဲလှယ်ခြင်း၊ အခြေစိုက်စခန်းများ ကို ခေတ်မှီအောင် အသင့်ခုခံနိုင်အောင် လုပ်ဆောင်ခြင်းများ ပြုလုပ် ခဲ့သည်ဟု ဆိုပါသည်။
စာရေးသူ၏ ဗိုလ်ချုပ်ကြီးများနှင့် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံနှင့် ပြန်လည်ဆက်ဆံရေးအတွက် တရားမ ဝင်ကူညီဆောင်ရွက်ပေးဘူးသည့် အတွေ့အကြုံကို အခြေခံ၍ ပြောရလျှင်၊ အလျှော့အတင်းညှိရန် မူအားဖြင့် သဘော တူကောင်းတူကြမည့် စစ်ခေါင်းဆောင်များသည် အမျိုးသားပြန်လည်ပေါင်းစည်းရေး အတွက် ပို၍လက်တွေ့ကျသော အမြင်ကိုသာကိုင်စွဲထားလိမ့်မည်ဟု စာရေးသူသိပါသည်။ ၎င်းတို့အတွက် ငြိမ်းချမ်းရေးသည် အရေးပါသော ရည်မှန်းချက်ပန်း တိုင်တစ်ခု မဟုတ်ပေ။ ၎င်းတို့၏ အခြားပန်းတိုင်တစ်ခု ဖြစ်သော ငွေကြေးဆိုင်ရာဆုလာဒ်အတွက် နည်းလမ်းတစ်ခုအဖြစ်သာ အသုံးပြုရန် ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ၎င်းတွင်ရှိသော မတို့မထိရသေးသော သဘာဝသယံဇာတများအတွက် နာမည်ကြီးပါသည်။ အဆိုပါ သယံဇာတအများစုမှာ တိုင်းရင်းသားများ ထိန်းချုပ်ထားသော နယ်မြေတွင် တည်ရှိနေပါသည်။ ကချင် ပြည်နယ် သည်ကျောက်စိမ်းဖြင့် နာမည်ကြီးပါသည်။ ကယားပြည်နယ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး တန်စတင် သတ္တုသိုက်ကြောင့် နာမည်ကြီးပါသည်။
အဆိုပါဒေသများတွင် အကြမ်းဖက်မှုများရပ်ဆိုင်းရေးသည် ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုးမလာမီ အရေးကြီး လုပ်ဆောင်ရမည့် ကိစ္စဖြစ်ပါသည်။ သေချာအောင်ဆိုရလျှင် အဆိုပါဒေသများတွင် ဖွံ့ဖြိုးရေးတည်ဆောက်ပါက တိုင်းရင်း သားခေါင်းဆောင်များ တစ်ဦးချင်းအကျိုးအမြတ်ရကြမည် ဖြစ်ပါသည်။ သို့သော် တိုင်းရင်းသား ပြည်သူအများစုကမူ နိုင်ငံခေါင်းဆောင်များနှင့် အဆက်အသွယ်ကောင်းသော စီးပွားရေးသမားများသည် ၎င်းတို့ မြေကို ခေါင်းပုံဖြတ်ကြလိမ့် မည်ဟု သံသယဖြင့် ကြည့်နေကြပါသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အိုင်ဒီယာအတွက် ဆွဲအားတွင် အင်အားများတိုးလာရပါသည်။ အဘယ့် ကြောင့် ဆိုသော် သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်သော Elders ဟု ခေါ်သောအဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်း ကြောင့် ဖြစ်ပါသည်။ ၎င်းတို့သည် အစိုးရနှင့်လည်းကောင်း၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် လည်းကောင်း၊ တိုင်းရင်း သားခေါင်းဆောင်များနှင့်လည်းကောင်း တွေ့ဆုံ၍ နေပြည်တော်၏ အပစ်အခတ်ရပ်စဲ ရေး တောင်းဆိုမှု၏ နောက်တွင် ၎င်းတို့၏ အားကိုပါပေါင်း၍ ရပ်တည်ပေးခဲ့ပါသည်။ ပြည်တွင်းမှ လူများက Elders ၏ ထောက်ခံမှုနှင့် ပတ်သက်၍ ရှင်းပြရာတွင် အစိုးရသည်နိုင်ငံအပြင်မှ လူများကို ၎င်း၏ သဘာဝအမှန် ကို မပြောပဲ သတင်းမှားများပေး၍ ထောက်ခံမှု ရယူသော ကိစ္စရပ်ဟု ဆိုကြပါသည်။ အနောက်ကို ငြိမ်းချမ်းရေး အကြောင်းပြော၍ မီဒီယာများနောက်ကွယ်တွင် တိုင်းရင်း သားများအား တိတ်တဆိတ်စစ်တိုက်နေကြခြင်း ဖြစ် ပါသည်။ ထိုသို့သော ကိစ္စမျိုးကို ကချင်ပြည်နယ်တွင် တွေ့နိုင်ပါသည်။ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေး မှုများ စတင်နေချိန်တွင် စစ်တပ်မှ တပ်များစေလွှတ်နေခြင်း ဖြစ်ပါသည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးအကြိုညက မြန်မာ့မျိုးချစ်ခေါင်းဆောင်များသည် တိုင်းရင်းသားများ တန်းတူညီမျှ ရေးသည် အသစ်ဖြစ်လာမည့် မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးအစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း ကတိပေး ခဲ့ကြပါသည်။ သို့သော် တန်းတူညီမျှရေးမှာ ယနေ့ထိအဓိပ္ပာယ် ဖွင့်ဆိုရန် ခက်ခဲနေဆဲ ဖြစ်ပါသည်။
တန်းတူညီမျှရေးအတွက် ကတိကဝတ်နှင့် ဖက်ဒရယ်ပြည်ထောင်စုအမြင်ကို ရည်မှန်းအကောင်အထည် မဖော်နိုင်မ ချင်း အစိုးရ၏ ငြိမ်းချမ်းရေး အဆိုပြုမှုကို တိုင်းရင်းသားများမှ လက်သင့်ခံသူ အနည်းငယ်သာ ရှိနိုင်ပါ မည်။ နိုင်ငံတကာမှ နာမည်ကျော်ခေါင်းဆောင်များ၏ ချီးမွမ်းမှုနှင့် အကူအညီများလည်း အလုပ်ဖြစ်လောက် အောင် ရလာလိမ့်မည် မဟုတ်ပေ။