နိုင်ငံတကာသတင်းများ
အမေရိကန်က မြန်မာစစ်တပ်ကို လေ့ကျင့်သင်ကြားမှုများ ပိုမိုပြုလုပ်ပေးရန် ကြိုးပမ်း
(5 November 2013 ရက်စွဲပါ ABS-CBN News မှ Shaun Tandon, AFP ရေးသားသော US seeks greater Myanmar military training ကို ဘာသာပြန်ဆိုသည်)
အမေရိကန်သမ္မတ Barack Obama ၏ အစိုးရသည် မြန်မာစစ်တပ်အပေါ် အကန့်အသတ်ဖြင့် လေ့ကျင့် သင်ကြားမှုအား တိုးချဲ့ရန် မျှော်လင့်လျက်ရှိကြောင်း ဗုဒဟူးနေ့က ပြောကြားခဲ့ပါသည်။ သို့သော် အစိုးရအဖွဲ့ သည် မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေး ပြုလုပ်နေသည့်နှုန်းနှင့် ပတ်သက်၍ အားရကျေနပ်မှု သိပ်မရှိသည့် အမတ်များ၏ သံသယရှိမှုများကို ရင်ဆိုင်နေရပါသည်။
အမေရိကန်ပြည်ထောင်စုသည် မြန်မာစစ်တပ်အား လူ့အခွင့်အရေးနှင့် ပတ်သက်၍ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်လိုခြင်းအပေါ် အစိုးရတာဝန်ရှိသူများအနေဖြင့် ကွန်ဂရက်တွင် အစစ်ခံလျက်ရှိပါသည်။
“လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေမှာ စစ်တပ်ရဲ့ ထောက်ခံပံ့ပိုးမှု အတိုင်းအတာကို လျှော့မတွက်သင့်ပါဘူး” ဟု ပင်တဂွန်မှ တာဝန်ရှိပုဂ္ဂိုလ် Vikram Singh က House of Representative ကော်မတီသို့ ပြောကြားခဲ့ပါသည်။ မြန်မာစစ်တပ် အနေဖြင့်လည်း ၎င်းတို့၏ တပ်များကို ခေတ်မှီအောင်၊ စစ်တပ်ပီသအောင် ပြုပြင်ပြောင်းလဲရန် ခြေလှမ်းလှမ်းနိုင်ရေး စိတ်ဝင်စားနေမည်ဟု ယုံကြည်ကြောင်း အမေရိကန်ပြည်ထောင်စုက ယုံကြည်ကြောင်း ပြောပါသည်။
“ကျွန်တော်တို့ရဲ့ အကန့်အသတ်ပြုထားတဲ့ ဆက်ဆံရေးဟာ မြန်မာစစ်တပ်အပေါ် လိုက်နာမှုပြုရမယ့် နိုင်ငံတကာစံ များကို ပြသနိုင်ခဲ့ကြောင်း ယုံကြည်မှုနှင့် နားလည်မှုအသစ်များကို တည်ဆောက်လာ နိုင်ခဲ့ပါတယ်။ ဒါဟာ မြန်မာစစ်တပ် အပေါ် သြဇာရှိမှုအချို့ ရလာခဲ့ပြီး ပြုပြင်ပြောင်းလဲရေးကို အားပေးနိုင်ခဲ့ပါတယ်” ဟု Burma ဟု သုံး၍ Singh က ပြောပါ သည်။
သို့သော် မြန်မာနိုင်ငံတွင် မွတ်ဆလင်ရိုဟင်ဂျာ အများစုနှင့် အခြားလူနည်းစုများကို အကြီးအကျယ်ဖိနှိပ်မှုများ ကျုးလွန်နေချိန်တွင် စစ်တပ်နှင့် ဆက်ဆံရေးထူထောင်ခြင်းသည် အမေရိကန်အနေဖြင့် မြန်ဆန်နေသေးကြောင်း ကိုယ်စား လှယ် Joe Crowley က ပြောပါသည်။ Joe Crowley သည် ယခုအခါ အားလုံးနီးပါး ရုတ်သိမ်းသွားပြီ ဖြစ်သော မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ချမှတ်ရန် ဦးဆောင်ခဲ့သူတစ်ဦး ဖြစ်ပါသည်။
“ကျွန်တော့်ကိုယ်ပိုင် အယူအဆအနေနဲ့ မြန်မာစစ်တပ်ကို သတ်ဖြတ်တာတွေ ရပ်ဆိုင်းဖို့၊ အဓမ ပြုကျင့်တာတွေ၊ မြေယာသိမ်းဆည်းမှုတွေ ရပ်ဆိုင်းဖို့ကတော့ လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်လိမ့်မယ်လို့ မထင်ပါဘူး” ဟု အိုဗားမား၏ ဒီမိုကရက်တစ်ပါတီမှ Crowley က ပြောကြားခဲ့ပါသည်။
“မြန်မာစစ်တပ်ကို လေ့ကျင့်သင်ကြားပေးခြင်းဟာ အကန့်အသတ်နဲ့သာ အခြေခံပေးနေတယ်ပဲ ထားဦး ပြည်သူ့ဆက်ဆံရေးနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် ကြီးစွာအောင်မြင်မှုရခြင်း ဖြစ်ပါတယ်” ဟု Crowley က ကြားနာပွဲတွင် ပြောပါသည်။
Crowley က ပြောကြားရာတွင် ကာကွယ်ရေးအရ ဆက်ဆံရေးအတွက် အလားအလာများကို ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဖြစ်နိုင်ရေး အခြေခံဥပဒေမှာ ပြင်နိုင်ရေးကဲ့သို့သော ပြုပြင် ပြောင်းလဲရေးတွေကို စစ်တပ်က တာဝန်ယူလုပ်ဆောင်ပေးနိုင်ရေးအတွက် မက်လုံးအဖြစ် အသုံးပြုနိုင်ပါသည်” ဟု ဆိုပါ သည်။
အိုဗားမား၏ ပါတီဖြစ်သော ရီပတ်ဗလစ်ကင် မှ ကိုယ်စားလှယ် Steve Chabot ကပြောကြားရာတွင် အိုဗားမား သည် ၎င်း၏ နိုင်ငံရေးသော့ချက်ကျသော နိုင်ငံခြားရေးမူဝါဒ နှင့် ပတ်သက်၍ အမေရိကန်မှ ထိုအဆိုကို ဆန့်ကျင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ အောင်မြင်သော ကိစ္စရပ်ဖြစ်ရန် လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုပါသည်။
“ကျွန်တော် ယုံကြည်တာကတော့ ဆက်ဆံရေးမူဝါဒဟာ လက်တွေ့အမှန်တကယ် ဖြစ်နေတာတွေကို မျက်ခြေပြတ် သွားတယ်လို့ ထင်ပါတယ်။ နဲနဲလည်းမြန်တော့ လမ်းမှားရောက်သွားမှာ ကြောက်တယ်” ဟု Chabot ကဆိုပါသည်။ ၎င်းသည် House ၏ နိုင်ငံခြားရေးရာ ဆပ်ကော်မတီတွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ကို ဦးဆောင်ပါသည်။
လူ့အခွင့်အရေး ကိစ္စရပ်တွေအပေါ်တွင် တိုးတက်မှုများကို မကြည့်ပဲ အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအပေါ် စစ်ရေးအရ ပိုမိုပံ့ပိုးမှုပြုရာတွင် ချွတ်ချော်တိမ်းစောင်းမှုများ မရှိရန် စီစဉ်ထားသည်ဟု Singh က ဆိုပါသည်။
“ကျွန်တော် ရှင်းရှင်းလင်းလင်း သိလိုတာကတော့ ကာကွယ်ရေးဌာနဟာ အခုအချိန်မှာ မြန်မာနိုင်ငံနဲ့ ကာကွယ်ရေး ဆိုင်ရာ ဆက်ဆံရေးပုံမှန်ထူထောင်ဖို့ ပြုလုပ်လိုခြင်းရှိမရှိနဲ့ ထောက်ခံလိုခြင်း ရှိမရှိ ဆိုတာပါပဲ” ဟု Singh က ဆိုပါသည်။
ပြီးခဲ့သည့်နှစ်က အိုဗားမားသွားရောက်လည်ပတ်ခဲ့ခြင်း အပါအဝင် မြန်မာနိုင်ငံအပေါ် ရင်ကြားစေ့ရေး အစီအစဉ် သည် အချို့နိုင်ငံများက တရုတ်လျင်မြန်စွာ ကြီးထွားလာသည်ကို စိုးရိမ်ခြင်း ဖြစ်နေချိန်တွင် အမေရိကန်တို့ အာရှတွင် နေရာ ရနိုင်ရန် ကြိုးစားနေချိန်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။
အမေရိကန်သည် မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီများ ပိုပေးခဲ့ပြီး၊ သယံဇာတကြွယ်ဝပြီး မဟာဗျူဟာကျစွာ တည်ရှိသော မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူမှုများကို အဆုံးသတ်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံသည် အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများအတွက် မျက်စိကျနေရာ တစ်ခုဖြစ်လာနေပါသည်။
အမေရိကန် ဦးဆောင်သော ထိုင်းနိုင်ငံမှ Cobra-Gold စစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံမှ လေ့လာသူများ စေလွှတ်ခြင်း၊ မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးသူများအနက် ကျန်ရှိနေသူများ ရှာဖွေရေးကဲ့သို့ ကနဦး စစ်ရေးအရ အပြန်အလှန် ဆက်ဆံမှုများသည် နမူနာကောင်းများဖြစ်သည့် သရုပ်လက္ခဏာများ ဖြစ်ပေတော့သည်။