Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(AFP မှ 4 Dec 2013 ရက်စွဲပါ “SEA Games: Worries for Myanmar as Competition Looms” သတင်းကို ဘာသာပြန် ဆိုသည်)

(New York Times သတင်းစာမှ 3 December 2013 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော A More Open Myanmar ကိုဘာသာပြန်ဆိုသည်)


ဆီးဂိမ်းနီးကပ်လာသည်နှင့်အမျှ စိုးရိမ်သောကတွေများလာ

(AFP မှ 4 Dec 2013 ရက်စွဲပါ “SEA Games: Worries for Myanmar as Competition Looms” သတင်းကို ဘာသာပြန်ဆိုသည်)

ယခင် အထီးကျန်အာဏာရှင်တိုင်းပြည် ဖြစ်ခဲ့ဘူးသော မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပတော့မည့် (ယခင်က ကျွန်းဆွယ် အားကစားပွဲအဖြစ်ကျင်းပဖူးခဲ့သော) အကြီးဆုံးအားကစားပွဲ ဆီးဂိမ်းအတွက် ဂီယာတင်နေပြီ ဖြစ်ရာ စိုးရိမ်ပူပန် စရာများစာရင်းတွင် လူမရှိသော ထိုင်ခံလွတ်များနှင့် လုံခြုံရေးသောကများက ထိပ်ဆုံးမှပါဝင်လာပါသည် ဒီဇင်ဘာ ၁၁ ရက်ဖွင့်ပွဲအခမ်းအနားမတိုင်မီ နှေးကွေးစွာကြိုတင်ပြင်ဆင်နေသော အားကစားပွဲများသို့ ထောင်နှင့်ချီသော အားကစားသမား များ၊ တာဝန်ရှိသူများ၊ ပရိတ်သတ်များ၊မီဒီယာများ ပါဝင်ဆင်နွှဲကြလိမ့်မည်။

စစ်အုပ်ချုပ်ရေးအဆုံးသတ်ကာ အနောက်အုပ်စု Sanctions များရုတ်သိမ်းသွားပြီးနောက် နှစ်နှစ်အကြာတွင် ကျင်းပမည့် ၂၂ ရက်ကြာဒေသတွင်း အားကစားပွဲကာလအတွင်း နိုင်ငံတကာမြင်ကွင်း၌ ထင်လင်းစွာ လူလုံးပြရန် မြန်မာနိုင်ငံက မျှော်လင့်နေပါသည်။

သို့ရာတွင် မြို့တော်သစ်နေပြည်တော်၌ ပရိတ်သတ်မရှိသော အားကစားပွဲများမဖြစ်ရလေအောင် ရှောင်ရှားနိုင်ရေး နှင့် လက်နက်ကိုင်အုပ်စုမျိုးစုံထံမှ လုံခြုံရေးခြိမ်းခြောက်မှုများကိုလည်း တာဝန်ရှိသူများ သောကရောက်နေကြသည်။

ထို့အပြင် အားကစားသမား ၆၀၀၀ မီဒီယာသမား ၃၀၀၀ နှင့် တာဝန်ရှိသူများ၊ ပရိတ်သတ်များကို လက်ခံရန် ဟိုတယ်ခန်းများ မလုံလောက်မှုအပါအဝင် လော်ဂျစ်စတစ်အခက်အခဲများလည်း တိုးပွားလာလျက်ရှိသည်။

တရုတ်နိုင်ငံ၏ ထင်ရှားသော လူလုံးပြမှု ၂၀၀၈ ဘီဂျင်းအိုလံပစ်နှင့် နှိုင်းယှဉ်စရာမဟုတ်သော်လည်း ဒေသတွင်း ဆီးဂိမ်း အားကစားပွဲသည် မြန်မာနိုင်ငံ၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာအတွက် အရေးကြီးသော အခိုက်အတန့် တစ်ခု  ဖြစ်သည်။

ဒေသတွင်းအားကစားပွဲကို ထူထောင်သူအဖွဲ့ဝင်တစ်ဦးဖြစ်သည့် မြန်မာနိုင်ငံသည် ၁၉၆၉ တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး နောက်ပိုင်း ယိုယွင်းလာသော စီးပွားရေးအခြေအနေကြောင့် နောက်တန်းသို့ ရောက်သွားခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံသည် နှစ်နှစ်တစ်ကြိမ် ဒေသတွင် အားကစားပွဲကို လက်ခံကျင်းပခြင်းဖြင့် အိမ်နီးချင်း နိုင်ငံ များအား ရှိုးကောင်းကောင်းပြရန် အားတက်သရောရှိနေသည်။

စစ်အုပ်ချုပ်ရေးခေတ်က တည်ဆောက်ခဲ့သော အဝေးမြို့တော် နေပြည်တော်ဝန်းကျင်တွင် နောက်ဆုံးပြင်ဆင် မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက အားကစားသမားများအား “မြန်မာ့အားကစား ရွှေခေတ် အတွက် ကြိုးပမ်းကြရန်” တိုက်တွန်းလိုက်ပါသည်။

ထို့အပြင် တိုင်းပြည်၏ ဂုဏ်သတင်းကို မွှေးပျံအောင် ကြိုးစားကြရန်နှင့် အားကစားသူရဲကောင်းများအဖြစ် သမိုင်းကို ရေးထိုးကြရန် တာဝန်ရှိသည်ဟုလည်း ဒုတိယသမ္မတက ပြောကြားသည်။

နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံ ဆင်းရဲတွင်း၌ နစ်နေခြင်းနှင့်အတူ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ တွင် အဆင်းရဲဆုံး ဖြစ်နေသောကြောင့် ၎င်းမျှော်မှန်းချက်များမှာ အကျိုးသင့်အကြောင်းသင့် မှေးမှိန်လျက်ရှိသည်။

သို့ရာတွင် အဂတိလိုက်စားမှုများ ပေါများခြင်း၊ အမျိုးသားဘောလုံး နောက်ဆုံးဗိုလ်လုပွဲတွင် ပရိတ်သတ်များ ၏ ရန်ပွဲ ကြောင့် နှောင့်နှေးရခြင်းတို့ဖြင့် အဆုံးသတ်ခဲ့သော ၂၀၁၁ ဂျကာတာ ဆီးဂိမ်းထက် ပိုမိုအောင်မြင်ရန် မြန်မာနိုင်ငံက မျှော်လင့်နေပေလိမ့်မည်။

အားကစားပွဲအိမ်ရှင်၏ သောကများထဲမှ ငယ်ထိပ်တက်ဆောင့်နေသော ပြဿနာတစ်ခုမှာ မကြာသေးမီ သတင်း ပတ်များ အတွင်းက နိုင်ငံအနှံ့အပြား ဗုံးများ ပေါက်ကွဲကာ မငြိမ်သက်မှုများ ပျံနှံ့နေခြင်းပင် ဖြစ်ပေသည်။

အရေအတွက်ထောင်နှင့်ချီသောအားကစားသမားများ၊ တာဝန်ရှိသူများ၊ ပရိတ်သတ်များ၊ မီဒီယာသမားများ ရောက်လာကြ တော့မည်ဟု အကြီးတန်းရဲအရာရှိတစ်ဦးက AFP သို့ ပြောကြားသည်။

ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများကမူ “ထိုက်တန်တဲ့အရည်အချင်းမရှိပဲ အိမ်ရှင်ဖိအားနဲ့ ရွှေတံဆိပ်ယူတာ ဟာ ရှက်စရာကောင်းပြီး၊ ဂုဏ်သိက္ခာပဲ့တယ်ဆိုတာကို တာဝန်ရှိသူ အာဏာပိုင်တွေ သဘောပေါက်သင့်ပါတယ်။ နောက် တစ်ချက်ကတော့ အရာရာမှာ လွတ်လပ်ခွင့်အပြည့်အဝမပေးသေးတဲ့ မြန်မာနိုင်ငံလို တိုင်းပြည် မျိုးမှာဗုံးခွဲဖို့ဆိုတာဟာ တကယ်တော့ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။” ဟု မှတ်ချက်ပေးပြောဆိုကြသည်။


 

ပိုမိုပွင့်လင်းလာသော မြန်မာနိုင်ငံ

(New York Times သတင်းစာမှ 3 December 2013 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော A More Open Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ စစ်တပ်အတွက်ဖြစ်ခဲ့သည်၊ စစ်အုပ်ချုပ်မှုအောက်ရောက်ခဲ့သည်၊ စစ်တပ် သြဇာ ခံဖြစ်ခဲ့သည်။ သို့သော် ယင်းစစ်တပ်ကပင် စစ်အုပ်ချုပ်မှုကို ဖျက်သိမ်းပြီး ယခင် စစ်ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ သမ္မတ ဦးသိန်းစိန်အစိုးရကို တင်မြှောက်ကာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လမ်းဖွင့်ပေးခဲ့သည်။ မြန်မာအစိုးရ၏ ပင်မမူဝါဒမှာ လူဦးရေ သန်း ၆၀ ကျော်ရှိပြီး တစ်ဦးကို တစ်နေ့လျှင် ၂ ဒေါ်လာမှ ၃ ဒေါ်လာအကြားသာရှိသော တိုင်းပြည် တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေး အတွက် ဆွဲဆောင်ရန်ဖြစ်သည်။ ဤနေရာတွင် ယခုအခါ စဉ်းစား စရာဖြစ်နေသည့် အရေးကိစ္စမှာ မြန်မာ့ အသွင်ကူးပြောင်းမှုသည် စစ်တပ်အတွက် အကျိုးအမြတ်ဖြစ်ထွန်းရေး အလို့ငှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအားဆွဲဆောင်မည့် ပရိယာယ်တစ်ခုထက်ပို၊ မပိုဟူသော မေးခွန်းပင်ဖြစ်သည်။

မြန်မာစစ်အစိုးရသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ဧကစာကျင့်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင်သုံးခဲ့ပြီး ဆိုးရွား သည့် အကျိုးဆက်များကိုဖြစ်ထွန်းစေသော ဆိုဗီယက်ပြည်ထောင်စုပုံစံ စီးပွားရေးစီမံကိန်းကို အကောင် အထည်ဖော်ခဲ့ သည်။ ၁၉၉၀ ပြည့်နှစ်များတွင် အမေရိကန်ပြည်ထောင်စု၊ ဥရောပ၊ ဂျပန်နှင့် အခြားသော နိုင်ငံများက မြန်မာနိုင်ငံတွင်း လူ့အခွင့် အရေး ချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသောကြောင့် မြန်မာနှင့် မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ဒဏ်ခတ် အရေးယူခဲ့သည်။ အဆိုပါ ဒဏ်ခတ်အရေးယူမှုမှာ နောက်ဆုံးတွင် စစ်အစိုးရ ဖျက်သိမ်းရသည်အထိ ဖြစ်ပေါ်စေ ခဲ့ပြီး သတင်းမီဒီယာအပါအဝင် အခြားသော လွတ်လပ်ခွင့်များပေးမည်ဟူသော ကတိကဝတ်များလည်း ထွက်ပေါ်လာသည်။ ထို့အတူ ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင်နှင့် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခဲ့သည်။

ထို့နောက်ပိုင်းတွင်မူ မြန်မာနိုင်ငံသည် ပို၍ ခိုင်မာလွတ်လပ်မှုရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ များကို ရေးဆွဲပြဋ္ဌာန်းခဲ့သည်။ အာရှဖွံ့ဖြိုးရေးဘဏ်(ADB) သည်ပင် ယမန်နှစ်က မြန်မာရုံးခွဲကို စတင်ဖွင့်လှစ်ခဲ့သည်။ အထည်ချုပ် လုပ်ငန်းရှင်များ အပါအဝင် များစွာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တို့သည် လုပ်ငန်းနေရာနှင့် အလုပ်သမား ငှားရမ်းခ လွန်စွာချိုသာသောကြောင့် မြန်မာနိုင်ငံကို အလွန်အမင်း စိတ်ဝင်စားခဲ့ကြ သည်။ သို့သော် ယနေ့အချိန်အထိ အစိုးရ ဘတ်ဂျက် လေးပုံသုံးပုံမှာ စစ်တပ်ထံသို့ သာရောက်ရှိနေပြီး ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အခန်းကဏ္ဍများ အတွက် အသုံးစရိတ်ကိုမူ လျစ်လျူရှုထားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် မိတ်ဖွဲ့လုပ်ကိုင်မည့် ပြည်တွင်းမှ လုပ်ငန်းများသည်လည်း စစ်တပ်ကပိုင်ဆိုင်သည့် လုပ်ငန်းများပင်ဖြစ်နေသည်။ ထို့ပြင် စစ်တပ်သည် ပါလီမန်လွှတ်တော် ကိုယ်စားလှယ် လေးပုံတစ်ပုံကို တိုက်ရိုက် ခန့်အပ်ထားသည်။

လမ်းများ၊ လေဆိပ်များနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဲ့သို့ အခြေခံကျသော အခြေခံ အဆောက်အဦး များမှာ စိတ်ပျက်စရာကောင်းလောက်အောင် ညံ့ဖျင်းလျက်ရှိပြီး စစ်တပ်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မျှော်လင့်နေ သည်မှာ ရှင်းရှင်းလင်းပင်ဖြစ်သည်။ သို့သော် ထိုသို့သော ရင်းနှီးမြှုပ်နှံမှုများကို ၎င်းတို့ မျှော်လင့်နေချိန်တွင် ပဓာနကျသည့် ရင်းနှီးမြှုပ်နှံသူနိုင်ငံများဖြစ်သော အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် ဂျပန်နိုင်ငံတို့အနေဖြင့် အဆိုပါရင်းနှီးမြှုပ်နှံမှုများ သည် စစ်အာဏာရှင်စနစ်မှ စစ်တပ်ဦးစီးသော ခရိုနီ အရင်းရှင် စနစ်မျိုးသို့အသွင်ကူးပြောင်းမှုမျိုးကို အထောက်အပံ့ မဖြစ်စေ ရန် အခိုင်အမာ လုပ်ဆောင်ရမည်သာဖြစ်တော့သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment