Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ (အပိုင်း - ၂)

  1.  Myanmar ပာု နှုတ်ခွန်းဆက်ကြစို့

(26 Oct 2011 ရက်စွဲပါ The Straits Times မှ Robert H.Taylor ၏Farewell Burma, hello Myanmar ကို ဘာသာပြန်ဆိုပါသည်)

  1. မြန်မာနိုင်ငံ၏ အိမ်နီးချင်း မျှော်ကြည့်ရေး မူဝါဒ

(Vahu Development Institute မှ Deputy Director ဖြစ်သူ ဦးအောင်နိုင်ဦး ရေးသားသည့် Burma’s “Look to the Neighbors Policy” ကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်)

***************************************************************************************

မြန်မာနိုင်ငံ၏ အိမ်နီးချင်း မျှော်ကြည့်ရေး မူဝါဒ

(Vahu Development Institute မှ Deputy Director ဖြစ်သူ ဦးအောင်နိုင်ဦး ရေးသားသည့် Burma’s “Look to the Neighbors Policy” ကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်)

အာရှဒေသဆီက စီးပွားရေးအင်အားကြီး တရုတ်နိုင်ငံက အနောက်မျှော်မူဝါဒ(Go West) ကို လက်ကိုင်ထား ကျင့်သုံးနေစဉ် ဒီမိုကရေစီ အထွန်းကားဆုံး အိန္ဒိယကအရှေ့မျှော်မူဝါဒ(Look East Policy) ကို ကျင့်သုံးရန်အားပေးမှုများ ပြုလုပ်လျက်ရှိသည်။ ယင်းမူဝါဒနှစ်ရပ်မှာ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ လွန်စွာဝေးလံခေါင်သီပြီး ဖွံ့ဖြိုးမှုနောက်ကျ ကျန်ရစ်သည့် ဒေသများအတွက် စီးပွားရေးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုတို့ကို ဆောင်ကြဉ်းပေးရန် အလို့ငှာ အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍကို အဓိကအလေးပေးသည်။

မြန်မာနိုင်ငံသည်လည်း လတ်တလောကာလများအတွင်း အိမ်နီးချင်းအိန္ဒိယနိုင်ငံနှင့် ကောင်းမွန်သော ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ချက်များ အခိုင်အမာ ဖြစ်ပေါ်လာရေးအတွက် သံတမန်ရေး လုပ်ဆောင်ချက်များကို မြှင့်တင်လာခဲ့သည်။ သို့သော်မြန်မာနိုင်ငံတွင် အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေးအတွက် တရုတ်နှင့် အိန္ဒိယတို့၏ Look East နှင့် Go West ကဲ့သို့ တိတိပပ အမည်နာမမျိုးမရှိပေ။ စိတ်ကူးသက်သက်ဖြင့် ပြောကြည့်မည် ဆိုပါက"အိမ်နီးချင်းနိုင်ငံများ မျှော်ကြည့်ရေး မူဝါဒ"(Look to the Neighbors Policy) ဟု ခေါ်ဆိုသင့်သည်ဟု ထင်ပါသည်။

အဆိုပါ Look to the Neighbors မူဝါဒအတွက် အရေးအကြီးဆုံးဟု ယူဆမိသည့်အချက်မှာ အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုနီးကပ်မှုရှိသည့် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ချက်များ အခိုင်အမာ ဖြစ်ပေါ်လာရေးအတွက် ရှင်းလင်းတိကျသောရည်ရွယ်ချက်နှင့် မူဝါဒရေးရာ ထုတ်ဖော်ဆောင်ရွက်မှုပင် ဖြစ်သည်။

ပြည်တွင်းရေးအရ ကြည့်မည်ဆိုလျှင်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးအပေါ် ရှင်းလင်းတိကျ ပြတ်သားသော မူဝါဒရေးရာ ညွှန်ကြားချက်တစ်ရပ် စီစဉ်ခင်းကျင်းထားခြင်းက စိန်ခေါ်မှုများကိုဖြေရှင်းရာ၌ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်ဒေသအုပ်ချုပ်ရေး အဖွဲ့များနှင့် အင်စတီကျူးရှင်းများ (Institutions) အကြား ပိုမိုကောင်းမွန်သော ညှိနှိုင်းလုပ်ဆောင်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ထွက်ပေါ်လာရေးအတွက် တွန်းအားတစ်ရပ် ဖြစ်စေပါမည်။

မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးဆန္ဒပြမှုများအပေါ် စစ်တပ်က ဖြိုခွင်းနှိမ်နင်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးမှာ တင်းမာသွားခဲ့ရသည်။ အိန္ဒိယနိုင်ငံကလည်း အနောက်နိုင်ငံများဘက်တွင် ရှိနေခဲ့သည်။ ငွေကြေးလည်းမရှိ၊ မိတ်ဆွေနိုင်ငံများလည်း မရှိတော့သည့် အားလျော်စွာ မြန်မာအနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အထောက်အပံ့များ ရရှိနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် တရုတ်တို့ဘက်သို့ ဦးလှည့်ရတော့သည်။ (အထူးသဖြင့်တရုတ်ကိုပို၍ သိသိသာသာအလေးပေးရခဲ့ရပါသည်)။

အဆိုပါ ၁၉၈၈ ခုနှစ်မတိုင်မီကဆိုလျှင် မြန်မာ-တရုတ် အကြားဆက်ဆံရေးမှာ ပြေပြစ်ချောမွေမှု အလျင်းမရှိခဲ့ပေ။ အကြောင်းမှာ ထိုစဉ်က မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၏ ပြည်တွင်း နံပါတ်-၁ ရန်သူဖြစ်သော ကွန်မြူနစ်များကို တရုတ်နိုင်ငံက ၁၉၈၀ ပြည့်နှစ်များအတွင်း ကူညီထောက်ပံ့    ပေးခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ယင်းသို့ ယုံကြည်စိတ်ချမှု မရှိသည့် သမိုင်းမွေများ မည်သို့ပင် ရှိစေခဲ့သော်ငြား တပ်မတော်အစိုးရ လက်ထက်သို့ အရောက်တွင် နှစ်နိုင်ငံစလုံးအတွက်၊ (အထူးသဖြင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများအတွက်) အပြန်အလှန် အကျိုးအမြတ် ဖြစ်ထွန်းစေမည့် စီစဉ်ဆောင် ရွက်မှုများ လုပ်ကိုင်ခြင်းဖြင့် တရုတ်-မြန်မာဆက်ဆံရေးမှာ ဖွံ့ဖြိုးဝေဆာလာသည်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးများက မြန်မာနိုင်ငံ၏ ကာလကြာရှည်စွာ ကျင့်သုံးခဲ့သော ဘက်မလိုက်ရေး နိုင်ငံခြားရေး မူဝါဒကို ၎င်းတို့အနေဖြင့် စွန့်လွှတ် ရမည်ဟူသော အချက်ကို နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။ သို့သော် ပြည်တွင်း လူ့အခွင့်အရေး အခြေအနေများ အမြန်ဆုံး တိုးတက်ကောင်းမွန် လာအောင် လုပ်ပေးရေးဟူသည့် အနောက်နိုင်ငံများ၏ တောင်းဆိုချက်များကိုလည်း ၎င်းတို့အနေဖြင့် လိုက်လျောမှု မပေးလိုပေ။ သမိုင်းကြောင်းအရ တင်းမာမှုများ ရှိခဲ့ခြင်းကြောင့် တရုတ်နိုင်ငံနှင့် အလွန်နီးကပ်သည့် ဆက်ဆံရေးမျိုးပြုလုပ်ရန် အစပိုင်းတွင် တွန့်ဆုတ်မှုများရှိခဲ့သည့်တိုင် စစ်ဗိုလ်ချုပ်ကြီး များက ၎င်းတို့တွင် 'မှတစ်ပါးအခြားမရှိ' တော့ပြီဟူသောအချက်ကို သိရှိလာကြသည်။ မြန်မာပြည်တွင်းနှင့် နယ်စပ်ဒေသတစ်လျှောက်မှ ရန်သူများ ဝိုင်းရံခံ လိုက်ရသောအခါ မြန်မာစစ်တပ်က အတိုက်အခံများအပေါ် သိသာစွာ ဖိနှိပ်ဖြိုခွင်းမှုများ စတင်လုပ်ဆောင်လာသည်။ အနောက်က လက်တုံ့ပြန်မှုများ ပြုလုပ်သကဲ့သို့ ယင်းဖြစ်ရပ်များက မြန်မာစစ်တပ်အတွက် ပေးဆပ်မှု အလွန်အမင်းကြီးမား သွားစေသည်။ ဖဲကြဉ်ခံရမှုများနှင့် အဆက်အသွယ် ဖြတ်တောက်ခံရမှု များ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်မှာ ယနေ့ထိတိုင်ပင် ဖြစ်သည်။

အနောက်မှ အကူအညီအထောက်အပံ့များနှင့် စစ်အစိုးရအပေါ် အသိအမှတ်ပြုမှုများ ရုပ်သိမ်းလိုက်ခြင်း၊ လွဲမှားပြီး ထိခိုက်နစ်နာမှုများသည့် နည်းလမ်းများ အသုံးပြုမှုများအပေါ် ပြစ်တင်ဝေဖန်မှုများ အဆက်မပြတ် ပြုလုပ်ခြင်းတို့နှင့်အတူ အိန္ဒိယက ဒီမိုကရေစီအင်အားစုများအပေါ် အားပေး ထောက်ခံခြင်းများက တရုတ်နိုင်ငံအတွက် စင်းလုံးချော အခွင့် အရေးကြီးတစ်ရပ် ဖြစ်ပေါ်အောင် ဖန်တီးပေးလိုက်သကဲ့သို့ရှိသည်။

၁၉၈၈ အရေးအခင်းပြီးဆုံးသွားပြီးနောက် နှစ်အနည်းငယ်အတွင်းမှာပင် တရုတ်က စစ်လက်နက်များ စတင်ရောင်းချပြီး မြန်မာနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ အခိုင်အမာဖြစ်လာအောင် လုပ်ဆောင်ခဲ့သည်။ အနောက်နိုင်ငံများမှ အသံများ ပိုမိုကျယ်လောင် လာသည်နှင့်အမျှ မြန်မာစစ် အစိုးရနှင့် ဆက်ဆံရေးတွင် ဘေဂျင်းအစိုးရ၏ အရေးပါမှုမှာ ပို၍ပင်ကြီးမားလာခဲ့သည်။

၁၉၉၀ ပြည့်နှစ်အစောပိုင်းကာလများတွင် အိန္ဒိယနိုင်ငံက ၁၈၀ ဒီဂရီ အချိုးအကွေ့ အလှည့်အပြောင်းတစ်ရပ်ကို ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံ အနေဖြင့်မြန်မာပြည်တွင်း ကြီးမားများပြားသော အကျိုးအမြတ်များ ဖြစ်ထွန်းအောင် လုပ်ကိုင်နိုင်သည့် အချက်ကို သဘောပေါက်လာသည့် အိန္ဒိယက 'အရှေ့မျှော်မူဝါဒ'ကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပင် ထုတ်ဖော်ကာမြန်မာအတိုက်အခံအင်အားစုများ၏ လှုပ်ရှားမှုများအပေါ် ထောက်ပံ့ပေးမှု များကိုလည်း လျှော့ချပစ်လိုက်သည်။ မည်သို့ပင်ဆိုစေ တရုတ်နိုင်ငံက နယ်ပယ်အသီးသီးတွင် နေရာပိုမိုရရှိလာရာ ဒေသတွင်း ပါဝါနိုင်ငံများနှင့် မြန်မာနိုင်ငံ အကြား ပါဝါချိန်ခွင်လျှာမှာ တစ်ဖက်စောင်းနင်း ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ နံပါတ် ၁ အဆင့်ရှိ ကုန်သွယ်ဘက် နိုင်ငံကြီး တစ်နိုင်ငံ ဖြစ်လာတော့သည်။

တစ်ဖက်တွင် မြန်မာနိုင်ငံအနေဖြင့်လည်း အိမ်နီးချင်း ဧရာမနိုင်ငံကြီးနှစ်နိုင်ငံနှင့် ဆက်ဆံရေးအား ကောင်းမွန်စွာ ပြန်လည်ချိန်ညှိရန် လိုအပ်သည် ဟူသောအချက်ကို သဘောပေါက်လာသည့် အားလျော်စွာ စစ်ဘက်ခေါင်းဆောင်ကြီးများက အိန္ဒိယနှင့် သံတမန်ရေးရာ ကြိုးပမ်း လုပ်ဆောင်မှုများကို တိုးမြှင့်လာကြသည်။ သို့သော်အိန္ဒိယ အနောက်မြောက်ပိုင်းဒေသမှ လက်နက်ကိုင်ပုန်ကန်ထကြွမှုများ၊ အိန္ဒိယဗျူရိုကရေစီ ယန္တရား၏ နှေးကွေးညံ့ဖျင်း မှုများ၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသား လက်နက်ကိုင်သူပုန် ပြဿနာများ အစရှိသည့် အရေးကိစ္စတို့က နှစ်နိုင်ငံအကြား ဆက်ဆံရေးတွင် တစ်နည်းတဖုံဖြင့် ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ထို့အတူပင် အနောက်နိုင်ငံမျာ၏ ဖိအားပေးမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် မြန်မာအနေဖြင့် တရုတ် နိုင်ငံအပေါ်  မှီခိုအားထားနေရမှုမှာလည်း လျော့နည်းသွားခြင်းမရှိခဲ့ပေ။ ပါဝါညီမျှခြင်းတွင် အိန္ဒိယကို ထည့်သွင်းတွက်ချက်ရာ၌  မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ ပို၍ပင် သတိတကြီး ဖြစ်စေခဲ့သည်။

မည်သို့ပင်ဖြစ်စေ အဆိုပါ အခြေအနေမှာ ပြောင်းလဲနေဖွယ်ရှိပါသည်။ ယခုနှစ်အတွင်း သမ္မတဦးသိန်းစိန် ဦးဆောင်သော  အစိုးရအဖွဲ့သစ် အာဏာရရှိလာသည့်အချိန်မှစ၍ မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည်ချိန်ညှိနိုင်မည့် နည်းလမ်းများ ရှာဖွေခဲ့သည့်ကို တွေ့ရသည်။ ကုန်သွယ်ရေးနှင့် စီးပွားရေးအရသာမက တရုတ်နှင့် အိန္ဒိယနယ်စပ်ဒေသရှိ လက်နက်ကိုင်သောင်းကျန်းမှုများ အပါအဝင် လုံခြုံရေးနှင့် အခြားသော အရေးကိစ္စများအရပါ ပြန်လည်ချိန်ညှိရန် ကြိုးပမ်းခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ အနောက်မျှော်မူဝါဒမှာ ဖွံ့ဖြိုးတိုးတက်မှု  နောက်ကျကျန်ရစ်သော အနောက်မြောက်ပိုင်းဒေသမှ ပြည်နယ်များ စီးပွားရေး တိုးတက်မှု ဆောင်ကြဉ်းနိုင်ရန် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါမဟာဗျူဟာမှာ ယခုအခါ အကျိုးအမြတ်များ ဖန်တီးပေးနေပြီ ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံနှင့်ကပ်လျက်ရှိပြီး လူဦးရေ ၄၅ သန်းခန့် ရှိသော ယူနန်ပြည်နယ်တွင် ဖြစ်သည်။ တစ်ချိန်တစ်ခါက ဖွံ့ဖြိုးမှုနိမ့်ကျခဲ့ပြီး မတည်မငြိမ်မှု များနှင့် တိုက်ခိုက်မှုများရှိခဲ့သော အဆိုပါယူနန်ပြည်နယ်မှာ ယခုနှစ်များအတွင်း စီးပွားရေးအံ့မခန်း ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာပြီဖြစ်သည်။ ယူနန်ဗဟို စာရင်းစစ်ဗျူရို(YSB) အဆိုအရ ယူနန်၏ ဂျီဒီပီမှာ ယခု ၂၀၁၁ ခုနှစ် ပထမသုံးလတာအတွင်း ၁၂ ဒဿမ ၅ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့သည်။ မြန်မာ နိုင်ငံ၏ တရုတ်နှင့် ကုန်သွယ်မှုတန်ဖိုးမှာမူ ယခုအခါ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၇ ဘီလီယံသို့ ရောက်ရှိနေပြီဖြစ်သည်။

သိသာထင်ရှားသည့်အချက်ကို ပြောပါက ယူနန်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးလာမှုတွင် မြန်မာနိုင်ငံ၏ ဖြည့်ဆည်းပံ့ပိုးမှုများလည်း ပါဝင်ခဲ့ပေသည်။ အထူးသဖြင့် တရုတ်ပြည်သို့ မြန်မာ့သဘာဝရင်းမြစ်များ ကန့်သတ်ထိန်းချုပ်မှုမရှိ ရောင်းချပေးခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ အဆိုပါယူနန်ပြည်နယ်မှ မြန်မာနိုင်ငံအနောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်ဒေသသို့ စွမ်းအင်ပိုက်လိုင်းများနှင့် မီးရထားလမ်းများ သွယ်တန်း ဖောက်လုပ်ခြင်းနှင့် တရုတ်နိုင်ငံက ငွေကြေး ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်လျက်ရှိသော အခြားဖွံ့ဖြိုးရေးစီမံကိန်းကြီးများ တိုးမြင့်လာမှုတို့ကြောင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံ ရေးမှာ ဆက်လက်၍ ကြီးမား နက်ရှိုင်းလာမည်သာဖြစ်ပါသည်။

၁၉၉၀ ပြည့်နှစ်များ အစောပိုင်းတွင် အိန္ဒိယနိုင်ငံက စတင်အကောင်အထည်ဖော်ခဲ့သော အရှေ့မျှော်မူဝါဒမှာ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသရှိ ပဋိပက္ခပေါများပြီး တည်ငြိမ်မှုမရှိသော ပြည်နယ် ၇ ပြည်နယ်တွင်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများဆောင်ကြဉ်းပေးရန်ဖြစ်သည်။

အဆိုပါပြည်နယ်များသည် လုံးလုံးလျားလျား ကုန်းတွင်းပိတ် အနေအထားမျိုးဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ဗဟိုအချက် အခြာကျသည့် ဒေသများနှင့် လမ်းပန်းဆက်သွယ်ရေးမှာလည်း ကန့်သတ်ချက်များရှိကာ လူဦးရေ သန်း ၄၀ ခန့် နေထိုင်လျက်ရှိသည်။ အိန္ဒိယသည် မြန်မာနိုင်ငံအတွက် စတုတ္ထ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည့်တိုင် ယမန်နှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံတန်ဖိုးမျှသာ ရှိခဲ့သည်။ မည်သို့ပင်ဆိုစေ လာမည့် ၂၀၁၅ ခုနှစ်မှစ၍ အိန္ဒိယ-မြန်မာကုန်သွယ်ရေး နှစ်ဆ(ဒေါ်လာ၃ ဘီလီယံ)အထိတိုးမြှင့်သွားရန် နှစ်နိုင်ငံစလုံးက ရည်ရွယ်သတ် မှတ်ထားပြီး ဖြစ်သည်။ သို့သော် အနောက်ဘက်ဆီမှ မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံကြီးက မြန်မာသာမက အရှေ့တောင် အာရှနိုင်ငံများ (အာဆီယံ)နှင့် ကုန်သွယ်မှုများ တိုးမြှင့်သွားရန် ဦးတည်ချက်ရှိသည်။ ထိုသို့အာဆီယံနှင့် ကုန်သွယ်မှုတိုးမြှင့်ရာ၌  မြန်မာအား လွန်စွာအရေးပါသော ကြားခံတံတား တစ်ခုသဖွယ် အသုံးပြုရန်လည်း ဦးတည်ထားသည်။

မြန်မာနိုင်ငံသည် အိန္ဒိယအတွက် ဒေသတွင်း ပါဝါချိန်ခွင်လျှာမျှရေးနှင့် အရှေ့ဘက်ဒေသများသို့ ကုန်သွယ်ရေး လမ်းကြောင်းတိုးချဲ့ရေး အစရှိသည့် အရေးကိစ္စများတွင် လွန်စွာအရေးကြီးသည့် မဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ်လာပြီး  မြန်မာအတွက်မူ အိန္ဒိယသည် ဒေသတွင်း လွန်စွာအရေးပါ သည့် မဟာဗျူဟာ ချိန်ခွင်လျှာနိုင်ငံတစ်ခု ဖြစ်လာသည်။ အရှေ့ဘက်ကိုကြည့်မည်ဆိုပါက ထိုင်းနိုင်ငံသည် ထားဝယ် ရေနက်ဆိပ်ကမ်းဟူသည့် ဧရာမ စီမံကိန်းကြီးဖြင့် မြန်မာ နိုင်ငံသို့ တိုးဝင်လာသည်။ ယင်းစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၅၈ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းရသည်။ အခင်းအကျင်း တစ်ခုလုံးကိုခြုံငုံကြည့်မည်ဆိုပါက ထိုင်းနှင့် ဒေသတွင်းအုပ်စုဖြစ်သော အာဆီယံတို့သည် မြန်မာအတွက် ဒုတိယ အရေးအပါဆုံးသော ရင်းနှီးမြှုပ်နှံ သူများနှင့် ကုန်သွယ်ရေးမိတ်ဖက်ကြီးများဖြစ်ကြသည်။ မည်သို့ပင်ဆိုစေ ပို၍ သိသာထင်ရှားသည့်အချက်မှာ မြန်မာ့စီးပွားရေးသည် လာမည့် ၂၀၁၅ ခုနှစ်မှ စ၍ အကောင်အထည်ဖော်မည့် အာဆီယံ စီးပွားရေးအသိုက်အမြုံ(Asean EconomyCommunity) ၌ ပေါင်းစပ် ပါဝင်သွားလိမ့်မည်ဟူသော အချက်ပင် ဖြစ်သည်။

အနာဂတ်မြန်မာနိုင်ငံသစ်အတွက်မူ  အနောက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးမှာ လွန်စွာ အရေးကြီးပါသည်။ အနောက်သည် အနာဂတ် မြန်မာနိုင်ငံအတွက် အဓိကကျသည့် ဈေးကွက်ကြီးတစ်ခု ဖြစ်လာဖွယ် ရှိသည်။ မြန်မာ အစိုးရနှင့် အနောက်နိုင်ငံများဆက်ဆံရေး တင်းမာမှုများ ရှိနေသော်ငြား မြန်မာပြည်သူလူထုကတော့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများရရှိရန် ဆန္ဒပြင်းပြလျက်ရှိပါသည်။ မြန်မာအစိုးရ ခေါင်းဆောင်သစ်များ ကလည်း အမေရိကန် ပြည်ထောင်စုနှင့် ကောင်းစွာ မဟာမိတ်ဖွဲ့နိုင်ပါမှ ကောင်းမွန်သော ဒေသတွင်း ပါဝါချိန်ခွင်လျှာမျှရေးနှင့် တည်ငြိမ်အေးချမ်းမှု    ဖော်ဆောင်ရေးတို့ကို အထောက်အပံ့ဖြစ်စေမည် ဟူသောအချက်ကို နားလည်သဘောပေါက် ထားသည်။ မြန်မာအတွက် အနောက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ကောင်းမွန်မှု ရှိထားပါမှ စီးပွားရေး ပိတ်ဆို့အရေးယူမှုနှင့် လက်နက်ရောင်းချမှု ပိတ်ပင်ထားမှုများ ပြန်လည် ရုပ်သိမ်းကာ အနောက်ကမ္ဘာနှင့် စီးပွားရေး ပြန်လည်ချိတ်ဆက်နိုင်ကာ မြန်မာစစ်တပ်ခေတ်မီ၍ အင်အားတောင့်တင်းလာစေနိုင်မည့် သဘောတွင်ရှိသည်။

မည်သိုပင်ဆိုစေ မြန်မာအနေဖြင့် အနောက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ကောင်းမွန်ရန် ကြိုးပမ်းနေစဉ် အိမ်နီးချင်း များ၏ နိုင်ငံရေးနှင့် စီးပွားရေး လှုပ်ရှားပြောင်းလဲဖြစ်ပေါ်မှုကြီးများကိုလည်း ခရေစေ့တွင်းကျနားလည်ထားရန် လိုအပ်ပါသည်။ အိမ်နီးချင်း နိုင်ငံများ အကြောင်း မြန်မာတို့ အနည်းငယ်မျှသာ နားလည်သဘောပေါက်ကြသည့် အချက်မှာ များစွာစိတ်မကောင်းစရာဖြစ်သည်။ အထူးသဖြင့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှာ မြန်မာများအတွက် အရေးပါမှု အတိုင်းအတာ လွန်စွာမြင့်တက်လာလျက်ရှိပြီး မြန်မာနိုင်ငံမှာ အဆိုပါနှစ်နိုင်ငံနှင့် ၎င်းတို့၏ လှုပ်ရှား ပြောင်းလဲမှုများနှင့် ထိတွေ့မှုရရှိထားပြီးဖြစ်သည်ကို တွေ့ရပါသည်။

မြန်မာသည် ကမ္ဘာ့လူဦးရေထက်ဝက်ခန့်မျှ ဝိုင်းရံခံထားရသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အိမ်နီးချင်း တရုတ်ပြည်တွင် လူဦးရေ ၁ ဒဿမ ၃ ဘီလီယံကျော်ရှိပြီး အိန္ဒိယ၌ ၁ ဒဿမ ၂ ဘီလီယံခန့်ရှိသည်။ အိန္ဒိယမှာ တရုတ်လူဦးရေကို အမီလိုက်နေပြီး မကြာမီကာလအတွင်း ကျော်တက် သွားလိမ့်မည်ဖြစ်သည်။ အာဆီယံမှာ လူဦးရေသန်း ၅၀၀ ခန့် (မြန်မာ မပါ)၊ ဘင်္ဂလားဒေ့ရှ်မှာ သန်း ၁၆၀ ခန့်ရှိသည်။ ဤဒေသကြီးမှာ လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လွန်စွာ လျှင်မြန်လာခဲ့သည်ကို တွေ့နိုင်သည်။ အဆိုပါ တရုတ်နှင့် အိန္ဒိယအပါအဝင် ဒေသတွင်း နိုင်ငံများနှင့် မြန်မာနိုင်ငံအကြားကုန်သွယ်မှုပမာဏနှင့် ဥရောပဒေသနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏကို နှုန်းယှဉ်ကြည့်လျှင် ဥရောပဒေသနှင့် ကုန်သွယ်မှုမှာ ထူးထူး ခြားခြားပင် မည်ကာမတသဘောမျှ ဖြစ်နေသည်ကိုတွေ့ရပေမည်။ (ယမန်နှစ်အတွင်း ယင်းနိုင်ငံများနှင့် ဥရောပဒေသ ကုန်သွယ်မှုမှာ ယူရို ၂၄၄ သန်းခန့် ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၀ သန်းခန့်ဖြစ်သည်)။ ခန့်မှန်းခြေအားဖြင့် ဆိုပါက မြန်မာနိုင်ငံမှ ပြည်ပ တင်ပို့မှု များ၏ ၉၀ ရာခိုင်နှုန်းမှာ အိမ်နီးချင်းနိုင်ငံများနှင့် အခြားသော အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့ ပြည်ပမှ တင်သွင်းမှုများ၏ ၈၀ ရာခိုင်နှုန်းမှာလည်း ယင်းနိုင်ငံနှင့်ဒေသများမှပင်ဖြစ်သည်။

ပို၍ အရေးကြီးသည်ဟု ယူဆမိသည့်အချက်မှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများဟူသည် တစ်ဖက်သတ်သဘောမျိုး ဖြစ်နေခြင်းပင် ဖြစ်သည်။ သို့မဟုတ် မြန်မာနယ်စပ်ဒေသများအကြား ကရင်၊ ကချင်၊ ‘ဝ’ အစရှိသကဲ့သို့တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် နိုင်ငံတကာ အကူအညီ အထောက်အပံ့များအပေါ် မှီခိုအားထားနေရသော ပုန်ကန်တော်လှန်မှုများတွင် ပါဝင်ပတ်သက်နေသည့်အခြားသော အဖွဲ့အစည်းများသည်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ အဆိုပါနိုင်ငံများနှင့် ထိစပ်နေသော မြန်မာနယ်စပ်ဒေသများမှာ ရှည်လျားပြီး လုံခြုံရေးဆိုင်ရာ အားနည်းချက်များ ရှိသည်။ နယ်စပ်ဒေသတစ်လျှောက် မြန်မာ့ သဘာဝသယံဇာတများနှင့် ရင်းမြစ်များ တရားမဝင်မှောင်ခိုကူးမှုမှာ ဆိုးဆိုးရွားရွားပင် စိစစ်ထိန်းချုပ်၍ မရနိုင်သလို တရားမဝင် လက်နက် ကုန်ကူးမှုမှာလည်း ယခုထက်ထိ ရင်ဆိုင် ကြုံတွေ့နေရဆဲပင်ဖြစ်သည်။

သို့အတွက်ကြောင့် မြန်မာနိုင်ငံအတွက် အိမ်နီးချင်းနိုင်ငံများ မျှော်ကြည့်ရေးမူဝါဒမှာ လွန်စွာ အရေးကြီးသလို မရှိမဖြစ်လိုအပ်သော အရာတစ်ခုဟု ဆိုရပါမည်။ ယင်းမူဝါဒမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် သဘာဝရင်းမြစ်များ ထုတ်ယူရောင်းချမှုများအပေါ် ကောင်းမွန်စွာစီမံခန့်ခွဲရေးအတွက် ဖိုးကပ်စ်(Focus) လုပ်ရန်သာမက အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခြင်းဖြင့် မြန်မာနယ်စပ် မျက်နှာစာမှ ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများအတွင်း ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာရေးအတွက် အကူအညီအထောက်အပံ့များ ရရှိရန်ပါဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာ၊ တရုတ်၊ အိန္ဒိယနှင့် ထိုင်းအကြား အစိုးရချင်းဆက်ဆံရေး(G to G) ကိုကျော်လွန်ပြီး ပြည်သူအချင်းချင်း ဆက်ဆံရေးကိုပါ အာရုံစိုက်သင့်ပါသည်။ အပြန်အလှန်လေးစားမှု၊ ပြည်သူများ အားလုံး၏ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းနိုင်ရေးအတွက် အသိအမှတ်ပြု နားလည်ရေးနှင့် ကွန်ယက်ဖွဲ့ဆက်သွယ်ရေး စသည်တို့ကို အဆိုပါ နိုင်ငံများအားလုံးက အကောင်အထည်ဖော် ဆောင်ရွက်ပေးသင့်ပါသည်။ ဤသို့ ဆောင်ရွက်ပေးခြင်းဖြင့် သက် ဆိုင်ရာနိုင်ငံများမှ အာဏာပိုင်များ၏ ရေတိုအကျိုးစီးပွားများကို ချိန်ညှိပေးနိုင်မည်ဖြစ်သည်။ အထူးသဖြင့် အဆိုပါ ကိစ္စသည် မြန်မာပြည်သူများနှင့် မြန်မာအစိုးရသစ်အတွက် အထူးပင် အဓိကကျသည်ဟု ယူဆမိသည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေး အခင်းအကျင်း သစ်နှင့် စီးပွားရေးညီမျှခြင်းတွင် လွန်စွာအချက်အချာကျသည့် နေရာသို့ ဝင်ရောက်လာပြီဖြစ်သောကြောင့်ပင်။

“မြန်မာနိုင်ငံတွင် စစ်အစိုးရကို ကျောထောက်နောက်ခံပေးသည့် အိမ်နီးချင်းကောင်းများရှိလာပြီ” ဟူသော ဆောင်းပါးတစ်ပုဒ်ကို ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်အတွင်း ကျွန်တော်ရေးသားခဲ့ဖူးသည်။ ယခု ၂၀၁၁ ခုနှစ်မှစ၍ နောင်ကာလ များတွင်မူ မြန်မာနှင့် အဆိုပါအိမ်နီးချင်းနိုင်ငံများ မဟာဗျူဟာမိတ်ဖွဲ့မှုဖြင့် ဒေသတွင်း ငြိမ်းချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှု များကို မဖြစ်မနေအကောင်အထည်ဖော် တွန်းအားပေးသင့်သည်ဟု ထင်မြင်မိပါသည်။ အနောက်မျှော်မူဝါဒ လမ်းစဉ် ကျင့်သုံးရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှု၊ အိန္ဒိယအနေဖြင့် အရှေ့မျှော်မူဝါဒ ကျင့်သုံးလာမှု၊ မြန်မာနှင့် တရုတ်ဆက်ဆံရေး အရေးပါမှုအပေါ် အာဆီယံ၏ အလေးပေးအာရုံစိုက်မှု အစရှိသည်တို့မှာ လွန်စွာအရေးပါသည့် အနေအထားသို့ ရောက်ရှိ လာပြီဖြစ်ပါသည်။

သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက ၎င်းရေးသားသော “Where China meets India” စာအုပ်တွင် မြန်မာ နိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် အာဆီယံတို့ တွေ့ဆုံသည့် လမ်းဆုံလမ်းခွသစ်ပေါ်သို့ လျင်မြန်စွာရောက်ရှိလာပြီဟု ဖော်ပြ ထားပါသည်။ အဆိုပါလမ်းဆုံလမ်းခွ၏ အလယ်တည့်တည့်တွင် မြန်မာနိုင်ငံက မဟာဗျူဟာကျစွာ တည်ရှိနေပါသည်။ သို့သော် အခြားသောဒေသတွင်း နိုင်ငံများထက် ဖွံ့ဖြိုးတိုးတက်မှုတွင် ခေတ်နောက်ကျ ကျန်ရစ် လျက်ရှိကာ လာမည့် နှစ်များအတွင်း ထွက်ပေါ်လာမည့် ထူးခြားသော သမိုင်းစာမျက်နှာသစ်အတွက် ကြိုတင်ပြင်ဆင်ထားမှုလည်း အနည်းငယ် သာ ရှိသည့်သဘောတွင် တွေ့ရသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ မျှော်ကြည့်ရေး မူဝါဒသစ်ကို စတင်အကောင်အထည်ဖော်ကာ အရေးတယူပြု ဆောင်ရွက်နေသည်ဟူသော အချက်ကို လတ်တလောထွက်ပေါ်လာသည့် အပြောင်းအလဲများက ဖော်ကျူးပြသလျက်ရှိသည်။ သို့သော် အဆိုပါ လတ်တလော ကြိုးပမ်းချက်များမှာ ရှင်းလင်းပြတ်သားမှု၊ ပွင့်လင်းမြင်သာရှိမှု၊ ဦးဆောင် လမ်းညွှန်မှုတို့ လျော့နည်းနေသည့်သဘောမျိုးဖြစ်နေပါသည်။ သို့အတွက်ကြောင့် အဆိုပါမူဝါဒသစ်ကို ပြန်လည် ဆန်းစစ်ပြီး အင်အားပိုမိုကောင်းမွန်လာအောင် ပြုလုပ်သင့်ပါသည်။ ယင်းမူဝါဒသစ် ကျင့်သုံးခြင်းဖြင့် ကုန်သွယ်ရေးနှင့် လုံခြုံရေး ကိစ္စရပ်များကို ချိန်ညှိပေးသင့်သလို ရှေ့ဆက်ကြုံတွေ့လာရမည့် ဒေသတွင်းစိန်ခေါ်မှုများကို ကောင်းမွန်စွာ ဖြေရှင်းပေးနိုင်သော (လက်ရှိအစိုးရနှင့် အပ်စပ်သော) အင်စတီကျူးရှင်းသစ်များကိုလည်း ဖန်တီးပေးသင့်ကြောင်း ရေးသားဖော်ပြ လိုက်ရပါသည်။

***************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011
yangonchronicle 2011

၂.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ (အပိုင်း - ၁)

  1. ပတ်ဝန်းကျင်ထိန်းသိမ်းသည့် Green Economy တည်ဆောက်ရာတွင် ကူညီကြရန် မြန်မာတောင်းဆို

(The Peninsula မှ 2 Nov 2011 ရက်စွဲပါ “Myanmar calls for help to build green economy” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မဲခေါင် ပူးတွဲလုံခြုံရေး သဘောတူညီချက်ရရှိ

(31 Oct  2011 ရက်စွဲပါ UPI မှ Mekong joint security agreement reached ကို ဘာသာပြန်သည်)

  1. မြန်မာနိုင်ငံတွင် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ပြုလိုက်သော်လည်း……./

(bwint. Org မှ 1 Nov 2011 ရက်စွဲပါ “ Trade Unions Allowed in Burma” သတင်းကို ဘာသာပြန်သည်)

  1. အိမ်နီးချင်းများနှင့် တရုတ်၏ ဒုက္ခ

(31 Oct 2011 ရက်စွဲပါ project Syndicate မှ Zhu Feng ရေးသားသော China’s Trouble with the neighbours ကို ဘာသာပြန်ဆိုပါသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

ပတ်ဝန်းကျင်ထိန်းသိမ်းသည့် Green Economy တည်ဆောက်ရာတွင် ကူညီကြရန် မြန်မာတောင်းဆို

(The Peninsula မှ 2 Nov 2011 ရက်စွဲပါ “Myanmar calls for help to build green economy” သတင်းကို ဘာသာပြန်ဆိုသည်)

ဖွံ့ဖြိုးပြီးနိုင်ငံများအား ၎င်းတို့၏ အစိမ်းရောင်နည်းပညာများ (Green Technologies) ဝေမျှပေးကြရန် မြန်မာနိုင်ငံက မနေ့က တိုက်တွန်း ပြောကြားလိုက်ခြင်းသည် တပ်မတော်အားပြုအစိုးရသစ်၏ “ကမ္ဘာ့ အသိုင်းအဝိုင်း၌ ဝင်ဆန့်ရေး” နောက်ဆုံး အားထုတ်မှုတစ်ခု ဖြစ်ပါသည်။

မြန်မာအစိုးရ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်းက နေပြည်တော်တွင် ပြုလုပ်သော အစိမ်းရောင် ဖွံ့ဖြိုးရေးဖိုရမ်တွင် အဖွင့်မိန့်ခွန်း ပြောကြားရာ၌ “ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနနဲ့ နည်းပညာလွှဲပြောင်းရရှိဖို့ လိုအပ် ပါတယ်။ အထူးသဖြင့် နေစွမ်းအင်၊ လေစွမ်းအင်၊ ပင်လယ် ဒီရေစွမ်းအင်တို့မှ တစ်ဆင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေးပဲ ဖြစ်ပါတယ်” ပာု ပြောကြားခဲ့သည်။

အခြားနိုင်ငံများ၏ အတွေ့အကြုံများသည် မြန်မာတို့၏ အစိမ်းရောင်ဖွံ့ဖြိုးမှု လမ်းပြမြေပုံ တိုးတက်နိုင်မည့် အခွင့်အလမ်းကို ဖြည့်ဆည်းပေး လိမ့်မည်ပာု ယင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၌ လူကြိုက်နည်း တရုတ်လုပ် မီဂါရေလှောင်တမံကို မြန်မာအစိုးရက ရှားရှားပါးပါး ပြည်သူ့ ဆန္ဒ လိုက်လျောမှုအဖြစ် ရုတ်တရက် ရပ်ဆိုင်းလိုက်ပစ်လိုက်ခြင်းဖြင့် အကဲခတ်လေ့လာသူများကို အံ့အားသင့်စေခဲ့ပြီး စိမ်းလန်းစီးပွားရေး(Green Growth) ဖိုရမ်ကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံတစ်ခု ဖြစ်သော်လည်း ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တုနှင့် ကျောက်မျက်စသော သယံဇာတများ အလွန်ကြွယ်ဝသည်။

ယခုအခါ မြန်မာအရပ်ဖက်အစိုးရသစ်က အတိုက်အခံ နိုင်ငံရေးအုပ်စုများကို လက်ကမ်းဆက်ဆံရန်နှင့် မရေရာသော်လည်း ကြိုဆိုထိုက်သည့် ပိုမိုပွင့်လင်းရေး စီမံချက်များကို စတင်မိတ်ဆက်ရန် ကြိုးပမ်းအားထုတ်လျက် ရှိသောကြောင့် ယခင်အာဏာရှင် အဖိနှိပ်ခံနိုင်ငံ၌ နိုင်ငံရေး ပြောင်းလဲ တော့မည့် မျှော်လင့်ချက်များ ယခုလပိုင်းများအတွင်း ကြီးထွား ရှင်သန်လာခဲ့သည်။

ယင်းသို့ ဆောင်ရွက်မှုများသည် နာတာရှည် နိုင်ငံတကာအပယ်ခံဘဝကို အဆုံးသတ်လိုသော မြန်မာအစိုးရ၏ ဆန္ဒကို ပြသနေပုံရသော်လည်း အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့ ချမှတ်ထားသော ကုန်သွယ်ရေး၊ ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုများမှာမူ မကြာမီ အချိန်တိုအတွင်း ရုတ်သိမ်း ဖယ်ရှားပေးမည့် အလားအလာမရှိသေးပာု အကဲခတ် လေ့လာသူများက ဆိုပါသည်။

၎ ရက်ကြာကျင်းပသော သဘာဝပတ်ဝန်းကျင်စိမ်းလန်းရေး ဖိုရမ်ဖွင့်ပွဲသို့ တက်ရောက်သူများထဲတွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလ သမဂ္ဂထိပ်တန်း ကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာလည်း ပါဝင်သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အထူးကိုယ်စားလှယ် နမ်ဘီယာသည် မြန်မာနိုင်ငံသို့ တနလာင်္နေ့က ရောက်ရှိ လာခြင်း ဖြစ်ပြီး ၎င်း၏ ၅ ရက်ကြာ ခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူများနှင့် လည်းကောင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံ ဆွေးနွေးလိမ့်မည်ပာု မျှော်လင့်ရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစိမ်းရောင်ဖွံ့ဖြိုးမှုဖိုရမ် နောက်ဆုံးနေ့ကို ရန်ကုန်မြို့တော်သို့ ပြောင်းရွှေ့ကျင်းပမည့် သောကြာနေ့တွင်    ဒေါ်အောင်ဆန်းစုကြည် ပါဝင်တက်ရောက်ရန် စီစဉ်ထားပြီး အတိုက်အခံခေါင်းဆောင်ကို အစိုးရက ထည့်သွင်းဖိတ်ကြားသည့် အစီအစဉ်များထဲမှ နောက်ဆုံးတစ်ခု ပာု သိရှိရသည်။

*************************************************************************************

မဲခေါင် ပူးတွဲလုံခြုံရေး သဘောတူညီချက်ရရှိ

( 31 Oct  2011 ရက်စွဲပါ UPI မှ Mekong joint security agreement reached ကို ဘာသာပြန်သည်)

မကြာသေးမီက တရုတ်သင်္ဘောသား ၁၃ ဦး သေဆုံးခဲ့မှု ဖြစ်ပြီးနောက် မဲခေါင်မြစ်တွင် တရုတ်၊ မြန်မာ၊ ထိုင်းနှင့် လာအိုတို့သည် ပူးတွဲလုံခြုံရေး ဆောင်ရွက်ရန် သဘောတူခဲ့သည်ဟု China Daily က ဆိုသည်။

အဆိုပါ လေးနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များသည် Beijing တွင် တွေ့ဆုံ၍ မဲခေါင်တွင် တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်ရန် သဘောတူ ခဲ့သည်ဟု သတင်းကဆိုသည်။ မဲခေါင်မြစ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှုများ တိုးတက်လာနေသည်။

တရားမဝင်လုပ်ငန်းများကြောင့် မကြာခဏ လက်နက်ဖြင့် လုယက်မှုများ၊ သင်္ဘောသွားလာမှုကို အန္တရာယ်ပေးမှုများ ရှိလာသည်ဟု တရုတ် ပြည်သူလူထု လုံခြုံရေး ဝန်ကြီးဌာနက ပြောသည်။

“ဥပေဒစိုးမိုးရေး လုပ်ဆောင်တဲ့အဖွဲ့တွေဟာ အားကောင်းကောင်းနဲ့ ပူးပေါင်းပြီး ထိရောက်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်” ဟု အဆိုပါ ဝန်ကြီးဌာနက ပြောသည်။

အောက်တိုဘာလ ၅ ရက်နေ့က တရုတ်ကုန်ပစ္စည်းတင်သော သင်္ဘောနှစ်စီးမှ တရုတ်သင်္ဘောသား ၁၃ ဦးသည် လက်ပြန်ကြိုးတုတ်၍ ပစ်သတ်ခံရသည်။ အဆိုပါကိစ္စအတွက် စွပ်စွဲခံရသူ ၉ ဦးသည် ထိုင်းအာဏာပိုင်များထံတွင် အဖမ်း ခံခဲ့ သည်ဟု သတင်းက ပြောသည်။

ပူးတွဲ သဘောတူညီမှုတွင် ထောက်လှမ်းရေးသတင်းများ မျှဝေရန်နှင့် ပူးတွဲ ကင်းလှည့်မှုများပါဝင်သော လုံခြုံရေး လုပ်ငန်းစဉ် ထူထောင်ရန် တောင်းဆိုခဲ့ကြသည်။

မဲခေါင်မြစ်သည် ၃၀၃၂ မိုင် ရှည်လျားပြီး အရှေ့တောင်အာရှတွင် အရှည်ဆုံးမြစ်ဖြစ်သည်။ ၎င်းသည် ဒေသတွင်း နိုင်ငံများအတွက် အရေးပါသော သင်္ဘောလမ်းကြောင်းတစ်ခုဖြစ်သည်။

*************************************************************************************

မြန်မာနိုင်ငံတွင် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ပြုလိုက်သော်လည်း……./

( bwint. Org မှ 1 Nov 2011 ရက်စွဲပါ “ Trade Unions Allowed in Burma” သတင်းကို ဘာသာပြန်သည်)

တံခါးဖွင့် ပွင့်လင်းမှုကို ဦးတည်သော မြန်မာနိုင်ငံ၏ တုန့်နှေးတုန့်နှေး ဆောင်ရွက်ချက်များထဲမှ အသစ်ပြောင်းလဲမှုတစ်ခုအဖြစ် အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခြင်း၊ ဆန္ဒထုတ်ဖော်ခြင်းတို့ကို ခွင့်ပြုမည့် ဥပေဒကို မြန်မာအစိုးရက လက် မှတ်ထိုး ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ထိုသို့ ကြေညာပြီး နောက်တွင် မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့် လယ်သမားများအဖွဲ့ချုပ် ( AFFM )က ၎င်းတို့၏ မှတ်ပုံတင်မှုကို အလုပ်သမားသမဂ္ဂမှတ်ပုံတင် ဥပဒေအရ အသိအမှတ်ပြုရန် အောက်တိုဘာ ၂၅ရက် တွင် တင်ပြခဲ့သည်။

မြန်မာအစိုးရ၏ အထက်ပါ နောက်ဆုံးဆောင်ရွက်ချက်ကို BWI ( Building and Worker’s International ) က FTUB နှင့်အတူ ကြိုဆိုလိုက်ပြီး မြန်မာအလုပ်သမားများနှင့် အလုပ်သမားသမဂ္ဂများအပေါ် ပိုမိုပွင့်လင်း၊ မျှတစွာဆက်ဆံမည့် လုပ်ဆောင်မှု တစ်ခုဖြစ်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာအစိုးရရဲ့ ဒီလိုဆောင်ရွက်မှုကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် လုပ်စရာတွေ အများကြီးရှိသေးတယ်လို့ ယုံကြည်ပါတယ်ဟု ပြောကြားသူမှာ BWI အထွေထွေ အတွင်းရေးမှူးချုပ် Ambet Yuson ဖြစ်သည်။ “ အလုပ်သမားသမဂ္ဂဝင်တွေဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ကျ နေတုန်းပါပဲ၊ အလုပ်သမားသမဂ္ဂဝင်တွေဟာ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတုန်းပါပဲ၊ အလုပ်သမားသမဂ္ဂဝင်တွေနဲ့ အလုပ်သမားတွေအတွက် အရာရာလက်တွေ့ ပြောင်းလဲနေပြီလို့ ပြသတဲ့ ခိုင်ခိုင်မာမာ ဆောင်ရွက်ချက်တွေကို မတွေ့ရသေးပါဘူး” ဟု ယင်းက ထုတ်ဖော် မှတ်ချက်ပေးသည်။

ယခု ဥပဒေသစ်သည် အလုပ်သမားများ  အလုပ်သမားသမဂ္ဂသို့ဝင်ခြင်း၊ စုပေါင်းတောင်းဆိုခြင်း၊ သမဂ္ဂများက အလုပ်သမားများကို ကိုယ်စား ပြုခွင့်ရှိခြင်း စသည်တို့ကို ခွင့်ပြုလာသည့် အပြုသဘော တိုးတက်မှုတစ်ခု ဖြစ်သော်လည်း ယခု ဥပဒေသည် ချီးကျူး ကြိုဆိုထိုက်ကြောင်း၊ အလုပ်သမား သမဂ္ဂများသည် အလုပ်သမားများကို စည်းရုံးကိုယ်စားပြုနိုင်သည့် လွတ်လပ်ခွင့်နှင့် အခွင့်အလမ်းကို ရရှိထားခြင်းမှာ သေချာပါကြောင်း ပြသနိုင်မည့် “ ပြချက်များ၊ ထိုးကွက်များ” လိုအပ်နေဆဲပင်ဖြစ်သည်။

မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့် လယ်သမားများအဖွဲ့ချုပ်၏ မှတ်ပုံတင်ရေး ကြိုးပမ်းမှု အပါအဝင် သမဂ္ဂဥပဒေသစ် အကောင်အထည်ဖော်မှုဆိုင်ရာ တိုးတက်မှုများကို လေ့လာစောင့်ကြည့်ရန် FTUB နှင့် အတူ BWI က အတူတကွ လုပ်ဆောင်သွားမည်ဟု သိရှိရသည်။

*************************************************************************************

အိမ်နီးချင်းများနှင့် တရုတ်၏ ဒုက္ခ

(31 Oct 2011 ရက်စွဲပါ project Syndicate မှ Zhu Feng ရေးသားသော China’s Trouble with the neighbours ကို ဘာသာပြန်ဆိုပါသည်)

(Zhu သည် ပီကင်း တက္ကသိုလ် နိုင်ငံတကာနှင့် မပာာဗျူပာာ လေ့လာရေးဗပိာုဌာနမှ ဒုတိယဒါရိုက်တာ ဖြစ်ပါသည်)

တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်းမူဝါဒ(good neighbour policy) သည် အမှန်တကယ်ပင် ယခင်က မကြုံခဲ့ဘူးသော ဖိအားများ ဝင်လျက်ရှိရာ စစ်အေးတိုက်ပွဲပြီးကတည်းက အဆိုးဝါးဆုံးအခြေအနေကို ကြုံတွေ့နေရပါသည်။ အိမ်နီးချင်းနိုင်ငံများနှင့် အခန့်မသင့်မှုများသည် မကြာသေးမီက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပါသည်။

တောင်တရုတ်ပင်လယ်တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နှင့် နယ်နိမိတ်အငြင်းပွားမှုများမှအစ ထိုင်းနိုင်ငံ၊ မြန်မာ နိုင်ငံတို့နှင့် တင်းမာမှုများအဆုံး ဆက်ဆံရေးများမှာ ခါးသီးခဲ့ရပါသည်။ ယခင်က အမြဲတမ်း ချစ်ကြည်ရင်းနှီးမှု မရှိသည့်တိုင် ထိခိုက်သော အခြေအနေမရှိခဲ့ပါ။ တရုတ်တို့ ဆောက်လုပ် နေသော မြစ်ဆုံရေလှောင်တမံစီမံကိန်းအား မြန်မာက ရပ်တန့် ရန် ဆုံးဖြတ်ခဲ့သောအခါ တရုတ်ကို တုန်လှုပ်စေခဲ့ပါသည်။ အောက်တိုဘာအတွင်းက မဲခေါင်မြစ်အတွင်းတွင် တရုတ်သင်္ဘောများမှ သင်္ဘောသား(၁၃)ဦး အသတ်ခံရရာ နှစ်ပေါင်း(၂၀) ခန့် ဒုက္ခမပေးပဲ  ငြိမ်းချမ်းသည်ပာု ယူဆရသော တရုတ်၏ တောင်ဖက်နယ်စပ်သည် ရန်သူအသွင်ဆောင်သော အိမ်နီးချင်းဖြစ်လာပြီပာု ခါးသီးစွာ သတိပေးသကဲ့သို့ ရှိပါသည်။

တရုတ်အစိုးရနှင့် ပြည်သူများသည် မဲခေါင်သတ်ဖြတ်ခံရမှုအတွက် အထူးအံ့အားသင့် ဝမ်းနည်းခဲ့ကြပါသည်။ ထိုကိစ္စက တိုင်းပြည်သည် ကမ္ဘာကြီးတွင် နေရာရလာသော်လည်း မိမိလူမျိုးများ နိုင်ငံရပ်ခြားတွင် သတ်ဖြတ်ခြင်းမခံရအောင် အစိုးရက အကာအကွယ်မပေးနိုင်ခြင်းကို ထပ်မံ သရုပ်ပြ ခဲ့ခြင်း ဖြစ်ပါသည်။ ရလဒ်အားဖြင့် မေးခွန်းနှစ်ခု ထွက်ပေါ်လာခဲ့ပါသည်။ အဘယ်ကြောင့် တရုတ်၏ အိမ်နီးချင်းနိုင်ငံများသည် ၎င်း၏ အကျိုးစီးပွားကို လစ်လျူရှုခဲ့ကြသနည်း။ နောက်တစ်ခုမှာ တရုတ်သည် တိုးတက်ကြီးပွားလာသော်လည်း တရုတ်အာဏာပိုင်များသည် အဘယ်ကြောင့် နိုင်ငံရပ်ခြားရှိ တရုတ်နိုင်ငံသားများ၏ အသက်နှင့်ကုန်သွယ်မှု အကျိုးစီးပွားများကို လုံခြုံမှုမပေးနိုင်သနည်း။

အဆိုပါ မေးခွန်းများနှင့် ပတ်သက်၍ တရုတ်၏ စိုးရိမ်မှုများသည် တရုတ်မူဝါဒ ပုံဖော်ရာတွင် သက်ရောက်မှုများ ရှိပါသည်။ လစ်ဗျားနိုင်ငံတွင် ကဒါဖီ အာဏာကျဆုံးခဲ့ပြီးနောက် တရုတ်ကုမ္ပဏီများသည် လစ်ဗျားတွင် ဒေါ်လာ (၂၀) ဘီလီယံခန့်ရှိ ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးခဲ့ရပါသည်။ လစ်ဗျား၏ အစိုးရသစ်သည် ပြန်လည်ခွင့်ပြုမည့် သဘောမရှိပေ။ တရုတ်အစိုးရ၏ ဆုံးဖြတ်ချက်ဖြစ်သော လစ်ဗျားမှ တရုတ်နိုင်ငံသားများ ပြန်လည်ရုတ်သိမ်းရန် ဆုံးဖြတ်ချက်ကို တရုတ် ပြည်သူအများစုက ကျေနပ်မှုမရှိကြပေ။ ၎င်းတို့က တိုင်းပြည်၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန် ပို၍ ရဲရဲဝံ့ဝံ့ ကြိုးပမ်းရန် လိုလားကြပါသည်။

ထို့အတူပင် တရုတ်အစိုးရ၏ နောက်ပိုင်း ရုတ်တရက် လစ်ဗျား၏ အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီကို လစ်ဗျားအစိုးရအဖြစ် အသိအမှတ် ပြုခဲ့ရာ၊ ပြည်တွင်းတွင် ကြီးစွာသော မထေမဲ့မြင်ပြုမှုများ ထွက်ပေါ်ခဲ့ပါသည်။ တရုတ်သည် အစပိုင်းတွင် ၎င်း၏ တန်ဖိုးရှိသော နိုင်ငံရေး အရင်းအနှီးများကို ဖြုန်းပစ်ခဲ့ရာ နေတိုး(NATO) ၏ လေကြောင်း တိုက်ခိုက်မှုများကို ဆန့်ကျင်ခဲ့ပြီး နောက်ဆုံးတွင် နေတိုးကူညီခဲ့သူများ အာဏာရလာသောအခါ ထောက်ခံ ခဲ့ခြင်းနှင့် အဆုံးသတ်ခဲ့ပါသည်။ ထိုကိစ္စသည် တရုတ်၏ လက်တွေ့ကျကျ အမြတ်ရရှိရေး သက်သက်သာကြည့်သော ဆက်ဆံရေး ဒီပလိုမေစီဖြစ်ပြီး ရင်ထဲတွင် အနှစ်သာရ ဘာမျှမရှိပေ။

တရုတ်အများစုအတွက်မူ လစ်ဗျားသည် ဝေးကွာသော နေရာတွင်ရှိပြီး လက်လှမ်းမမှီနိုင်သောကြောင့် တရုတ်က အာဏာပြရန် စွမ်းဆောင် နိုင်ရည် အကန့်အသတ်နှင့်သာ ရှိပါသည်။ ထို့ကြောင့် လစ်ဗျားရှိ တရုတ်၏ ကုန်သွယ်မှု အကျိုးစီးပွားများကို ပြန်လည်ရရှိရေးကိစ္စနှင့် ပတ်သက်၍ တရုတ် အစိုးရ၏ ဆုံးဖြတ်ချက်ကို အလုံးစုံ နားမလည်သည့်တိုင် လက်မခံချင် ခံချင်ဖြင့် လက်ခံခဲ့ကြပေသည်။ သို့သော် မြန်မာနှင့် မဲခေါင်မြစ်နိုင်ငံများသည် တရုတ်၏ အိမ်နီးချင်းကောင်းများပာု လက်ခံထားပြီး၊ တရုတ်၏ အာဏာပြနိုင်သည့် လက်လှမ်းမီရာနေရာတွင် ရှိနေခြင်းကြောင့် ထိုဒေသများရှိ တရုတ် အကျိုး စီးပွားကို ခြိမ်းခြောက်မှုများအပေါ် တရုတ်ပြည်သူများ၏ စိတ်ဆိုးမှုများ ကြီးမားခဲ့ပါသည်။

တရုတ်၏ အကျိုးစီးပွားများတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံမြို့တော် ကူမင်းသို့ ဆက်သွယ်မည့် ရေနံပိုက်လိုင်း သစ်လည်း ပါဝင်ပါသည်။ ထို့အပြင် တရုတ်သည် ၎င်းနှင့် အာဆီယံတိုင်းပြည်များကြား စီးပွားရေးနှင့် လူမှုရေး ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများ၊ အမည်တပ်ပြောရလျှင် ရထားလမ်းနှင့် အဝေးပြေးလမ်း ကွန်ရက်များလည်း လုပ်ဆောင်လျက် ရှိပါသည်။ ယခု မြစ်ဆုံနှင့် မဲခေါင် အဖြစ်အပျက်များသည် အထက်ပါ စီမံကိန်းများအပေါ် အရိပ်ထိုး မှုများ ရှိလာပါသည်။ တရုတ်တို့ ဆယ်စုနှစ်နှစ်ခုခန့် ကြိုးပမ်းခဲ့သော ဒေသတွင်း စုစည်းမှု နက်နက်နဲနဲရှိရေး ကြိုးပမ်းမှု ပျက်ပြားစေနိုင်သည့် အဖြစ်အပျက်များ ဆက်လက်ပေါ်ပေါက် လာမည်ကို စိုးရိမ်မှုများ ဆက်လက် လောင်ကျွမ်းစေပါသည်။

မြန်မာအစိုးရသစ်သည် အစကတည်းက မတည်ငြိမ်သော နယ်စပ် ဒေသများတွင် အမုန်းပွားသည့် စိတ်ဓာတ်များ ပြန့်ပွားမှုကို မဖြစ်စေလိုသည်မှာ အထင်အရှားဖြစ်ပါသည်။ ထိုဒေသရှိ သူပုန်အုပ်စုများသည် အဆိုပါ ရေလှောင်တမံ စီမံ ကိန်းကို အသုံးချ၍ ထောက်ခံသူအသစ်များ စုဖွဲ့လျက်ရှိပါသည်။ မြန်မာအစိုးရသစ်သည် မတည်ငြိမ်သော ဒေသများတွင် ရှိသော နိုင်ငံရေးအင်အားစုများနှင့် အာဏာခွဲဝေကျင့်သုံးရန် ကြိုးစားလျက်ရှိရာ၊ အဆိုပါ ဒေသများရှိ စစ်ဘုရင်များကို အင်အားနည်းသွားစေပြီး ရေကာတာ ဆောက်လုပ်ရေး ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်အတွက် များစွာ အထောက်အကူပြု သည်မှာ ထင်ရှားပါသည်။ ရေကာတာတွင် ရင်းနှီးမြှုပ်နှံကြသော တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး လေးနက်မှုပေါ်တွင် များစွာမူတည်သည်ပာု ခံယူခဲ့ကြပြီး စီမံကိန်းအပေါ် နိုင်ငံရေးအရ အန္တရာယ်ရှိမှုကို လုံးဝထည့်မတွက်ခဲ့ကြပေ။ ၎င်းတို့သည် တရုတ်အစိုးရ၏ တရားဝင်ချမှတ်ထားသော ကုန်သွယ်မှုမူဝါဒများ၏ အာမခံချက်များနှင့် တရုတ်နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သော အစိုးရပိုင်လုပ်ငန်းများ၏ ပြည့်စုံမှု ရှိခြင်းတို့၏ ထင်ပာပ်မှုများ ရှိနေပါသည်။ ၎င်းတို့အား အစိုးရက ကျောထောက်နောက်ခံပြုထားခြင်းကြောင့် ၎င်းတို့ရှုံးလျှင် အစိုးရက ငွေထုတ်ပေး လိမ့်မည်ပာု ခံယူချက်ဖြင့် လုပ်ကိုင်နေကြခြင်းဖြစ်ပါသည်။

မဲခေါင်အဖြစ်အပျက်သည်လည်း အခြားအလေးအနက်ထားရမည့် ဇာတ်လမ်းတစ်ခုအဖြစ် ပြောနေပါသည်။ မဲခေါင်မြစ်သည် နိုင်ငံငါးနိုင်ငံနှင့် ဆက်စပ်နေပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လောင်းကစားမှုနှင့် မှောင်ခိုမှုများကဲ့သို့သော နိုင်ငံဖြတ်ကျော် မှုခင်းများအတွက် နာမည်ကျော်သော ဆက်တင် ကြီးတစ်ခု ဖြစ်နေသည်မှာ ကြာမြင့်လှပြီဖြစ်ပါသည်။ တရုတ်၏ ကြီးထွားလာသော စီးပွားရေးသည် တရုတ်နှင့် မဲခေါင်၏ မြေအောက် စီးပွားရေး အကြား အပြန်အလှန်ပြုမှုကို ကြီး ထွားလာစေပါသည်။ တရုတ်သင်္ဘောသား(၁၃) ဦး အသတ်ခံရမှုသည် အဆိုပါလမ်းကြောင်းနှင့် ဆက်စပ်နေပါသည်။ သို့သော် တရုတ်သည် ထိုသို့သော ဝမ်းနည်းဖွယ်အဖြစ်အပျက်မျိုး ထပ်မဖြစ်အောင် အကောင်းဆုံး ရှောင်ရှားနိုင်ရန် အင်အားသုံး၍ လုပ်ဆောင်ခြင်းမရှိပဲ မဲခေါင်မြစ် တစ်လျှောက် နိုင်ငံဖြတ်ကျော်မှုခင်းများ နှိမ်နင်းရေးအတွက် နိုင်ငံစုံ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတည်ဆောက်ခြင်းဖြင့် လုပ်ဆောင်နိုင်ပါသည်။

မြစ်ဆုံနှင့် မဲခေါင်အဖြစ်အပျက်များသည် တရုတ်က ၎င်း၏တောင်ဖက် အိမ်နီးချင်းများအပေါ် ရုတ်တရက် စိတ်အခန့်မသင့်ဖြစ်စေသည့် ဆက်ဆံရေးကို မီးမောင်းထိုးပြနေပါသည်။ ၎င်း၏ အိမ်နီးချင်းကောင်းမူဝါဒသည် တရုတ်၏ ဒေသတွင်း ဆက်ဆံရေး ဒီပလိုမေစီကို တစ်ခါမျှ မကြုံဖူးသော အခြေအနေအား ကြုံတွေ့စေပါသည်။

တရုတ်က အိမ်နီးချင်းများသို့ ပြည်သူများ လိုအပ်သော ကုန်ပစ္စည်းများကို ရောင်းဝယ်ရေး အတွက်သာမက ဒေသဆိုင်ရာ အုပ်ချုပ်မှုများသို့ ဥပဒေကို အခြေခံ၍လည်းကောင်း၊ လူ့အခွင့်အရေးကို လေစားလျက်လည်းကောင်း၊ ဒေသတွင်း စီးပွားရေးတိုးတက်မှုကို ရည်ရွယ်၍လည်းကောင်း၊ စတင် ဖြည့်ဆည်းပေးသည့်တိုင် (သို့မပာုတ်) မဖြည့်ဆည်း မချင်း အိမ်နီးချင်းများသည် တရုတ်အကျိုးစီးပွားအပေါ် စိတ်ချလက်ချ ကောင်းလိမ့်မည်မပာုတ်သည်မှာ အမှန်တကယ်ပင် ဖြစ်ပါသည်။ သို့မပာုတ်ပါက မြစ်ဆုံကိစ္စမျိုး၊ မဲခေါင်မြစ်မှ အဖြစ်အပျက်မျိုး မကြာခဏ ပြန်လည် ဖြစ်ပေါ်နိုင်ပြီး တရုတ်၏ အထီးကျန် နေရေးနှင့် စိုးရွံ့မှုသဘောကို ပို၍ နက်ရှိုင်းစေမည်ဖြစ်ပါသည်။

*************************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs