Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၈.၁၁.၂၀၁၁

ဘာသာပြန်သတင်းများ (အပိုင်း-၂)

  1. ဒေါ်အောင်ဆန်းစုကြည်က ဒါရိုက်တာ Besson အား သူမ၏ ဘဝဇာတ်ကြောင်း ရုပ်ရှင်အတွက် ကျေးဇူးစကားဆို
    (AFP သတင်းမှ 7 Nov 2011 ရက်စွဲပါ “Aung San Suu Kyi Thanks Besson for film of her life story” သတင်းကို ဘာသာပြန်ဆိုသည်)
  2. အမေရိကန်ပြည်ထောင်စု၏ Sanctions များရုတ်သိမ်းသင့်ကြောင်း မြန်မာအစိုးရ အကြံပေးမှတ်ချက်ချ
    (Wall Street Journal မှ 7 Nov 2011 ရက်စွဲပါ “Myanmar adviser: U.S should loosen sanctions” သတင်းကို ဘာသာပြန်ဆိုသည်)
  3. ဂျပန်များသည် ယူရိုဇုန်မှ ထုတ်သော ငွေတိုက်စာချုပ်၏ ၁၀% ဝယ်ယူ
    (7 Nov 2011 ရက်စွဲပါ BBC News မှ Japan buys 10% of eurozone bailout fund’s bond issue ကို ဘာသာပြန်ပါသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည်က ဒါရိုက်တာ Besson အား သူမ၏ ဘဝဇာတ်ကြောင်း ရုပ်ရှင်အတွက် ကျေးဇူးစကားဆို

(AFP သတင်းမှ 7 Nov 2011 ရက်စွဲပါ “Aung San Suu Kyi Thanks Besson for film of her life story” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒါရိုက်တာ Luc Besson အား သူမ၏ ဘဝဇာတ်ကြောင်း ရုပ်ရှင်ရိုက်ကူးခြင်းနှင့် သူမ၏ နိုင်ငံအပေါ် အလင်းဖြန့်ကျက်ပေးခြင်းတို့အတွက် ကျေးဇူးစကားဆိုခဲ့ သည်ပာု ပြင်သစ်လူမျိုး ရုပ်ရှင်ဒါရိုက်တာ က တနလာင်္နေ့တွင်ပြောကြားသည်။

ဒါရိုက်တာ Luc Besson က သူရိုက်ကူးသော “The Lady” ရုပ်ရှင်ဇာတ်ကားကို ပြင်သစ်၌ ရုံတင်မည့် နိုဝင်ဘာ ၃၀ ရက်မတိုင်မှီ မြန်မာနိုင်ငံမှ နိုဘယ်ဆုရှင်ထံ မက်ဆေ့ခ်ျ ပေးပို့ခဲ့ခြင်းဖြစ်သည်ပာု ပြင်သစ်မြောက်ပိုင်း Lille မြို့တွင် ကျောင်းသားတစ်စုကို ပြောကြားခဲ့သည်။

“သူမရဲ့ နိုင်ငံကို အလင်းရောင် ဖြန့်ကျက်ပေးနိုင်လို့ ကျေးဇူးတင်ပါတယ်လို့ သူမက အကြောင်းပြန်တယ်” ပာု Luc Besson က EDHEC University တွင် ပောာပြောစဉ်ပြောကြားခဲ့သည်။

မြန်မာအစိုးရ၏ အနီးကပ်စောင့်ကြည့်မှုကို ခံနေရဆဲ အတိုက်အခံခေါင်းဆောင်က သူမထံ ရုပ်ရှင်ကော်ပီ ပို့ပေးရန် ဖြစ်နိုင်ပါသလား ပာုလည်း မေးမြန်းခဲ့သည်။

မြန်မာအတိုက်အခံခေါင်းဆောင် နိုဘယ်ဆုရှင်သည် မနှစ်က နိုဝင်ဘာလ လွတ်မြောက်မလာမီအထိ ၁၅ နှစ်ခန့် နေအိမ်တွင် အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။

၎င်းတို့နှစ်ဦးသည် လျို့ဝှက်လမ်းကြောင်းမှတဆင့် တစ်မူထူးခြားသော စာများ အပြန်အလှန်ပေးပို့ မှုကို လပေါင်း များစွာ ပြုလုပ်ခဲ့ကြသည်ပာု Luc Besson ကဆိုပါသည်။

ရိုက်ကူးမှု ပြီးစီးသွားချိန် မနှစ်က နိုဝင်ဘာလက သူမလွတ်မြောက်လာပြီးနောက်တွင် Luc Besson က ယင်း၏ ရုပ်ရှင်ထဲမှ ဇာတ်ကောင်ကို အပြင်၌ တွေ့ဆုံရန် ကြိုးစားခဲ့သည်။

ဇာတ်ကား၏ အပိုင်းအများစုကို ရိုက်ကူးခဲ့သော ထိုင်းနိုင်ငံတွင် သူမ၏ ရုပ်ရှင်အဖွဲ့သားများက အသေးစိတ် ပြန်လည် စစ်ဆေးဖန်တီးနေစဉ် မြန်မာနိုင်ငံသို့ ရုတ်တရက် သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု Luc Besson က တူးဆွ ပြောကြား သည်။

ပြင်သစ်ဒါရိုက်တာသည် ခရီးသွားတိုးရစ်အဖြစ် ဝင်ရောက်လာရင်း အသေးစားကင်မရာဖြင့် မြန်မာနိုင်ငံတွင်းမှ ဇာတ်ဝင်ခန်းအချို့ကို ကိုယ်တိုင် ရိုက်ကူးခဲ့သည်ပာု လည်း သိရှိရသည်။

“အဲဒီမှာ(မြန်မာနိုင်ငံမှာ) ၁၇ နာရီလောက်အပြေးအလွှား ရိုက်ကူးခဲ့ရတာပါ၊ တခါတလေ စစ်သားတွေနဲ့ ၉ ပေ၊ ၁၀ ပေ အကွာလောက်ကပေါ့” ပာု Luc Besson ကပြန်ပြောင်းပြောဆိုသည်။

ထို့နောက်တွင် Green Screen နည်းပညာ၏ အကူအညီဖြင့် မြန်မာနိုင်ငံ ဇာတ်ဝင်ခန်းပြကွက်များပေါ်တွင် ရုပ်ရှင်သရုပ်ဆောင်များကထပ်၍ သရုပ်ဆောင်ကြခြင်းဖြစ်သည်ပာု Luc Besson ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ရုပ်ရှင်တွင် သူမ၏ ဖခင်နှင့် ဗြိတိသျှလူမျိုးခင်ပွန်း တို့သေဆုံးမှုကို ထည့်သွင်းရိုက်ကူးမှုကြောင့် သူမအနေဖြင့် ကြည့်ရှုရန် အဆင်သင့်မဖြစ်သေးပာု Luc Besson ကပြောကြားခဲ့သည်။

လုံလောက်တဲ့ သတ္တိမွေးနိုင်တဲ့အချိန်မှာ ကြည့်မှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်ပာု Besson ကပြောကြားသည်။

သို့သော် သူမ၏သားတစ်ဦး ကြည့်ရှုပြီးသွားကြောင်းနှင့် အလွန်ကြေကွဲသွားကြောင်း ဒါရိုက်တာက ဆက်လက် ပြောဆိုသည်။

၎င်းဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေရာကို မလေးရှားနွယ်ဖွား ဂျိမ်းဘွန်းမင်းသမီး Michelle Yeoh က ပါဝင်သရုပ်ဆောင်ထားသည်။ မင်းသမီးသည် နိုဘယ်ဆုရှင် ခေါင်းဆောင်ကို ရန်ကုန်မြို့ အင်းလျားလမ်းနေအိမ်၌ ပြီးခဲ့သော ဒီဇင်ဘာလက သွားရောက်တွေ့ဆုံခဲ့ပြီး ဖြစ်၍ တစ်ကြိမ် ထပ်မံတွေ့ဆုံရန် မြန်မာနိုင်ငံသို့ လာစဉ် မြန်မာအစိုးရ အာဏာပိုင်များက ရန်ကုန်လေဆိပ်တွင် တားဆီးကာ ပြည်နှင်ဒဏ်ပေးခဲ့သည်။

*************************************************************************************

အမေရိကန်ပြည်ထောင်စု၏ Sanctions များရုတ်သိမ်းသင့်ကြောင်း မြန်မာအစိုးရ အကြံပေးမှတ်ချက်ချ

(Wall Street Journal မှ 7 Nov 2011 ရက်စွဲပါ “Myanmar adviser: U.S should loosen sanctions” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရအကြီးတန်းအကြံပေးတစ်ဦးက Wall Street Journal နှင့် အင်တာဗျူး ပြုလုပ်ရန် လတ်တလော သဘောတူခဲ့ခြင်းသည် မြန်မာနိုင်ငံမှ သိသိထင်ရှားသော အသစ်စက်စက် ပွင့်လင်းလာမှု လက္ခဏာတစ်ခုပင်ဖြစ်သည်။

မြန်မာသမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးတစ်ဦးဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးနေဇင်လတ်က “ အနောက် နိုင်ငံများသည် အရေးယူ ဒဏ်ခတ်မှု Sanctions များ ဖြေလျှော့ပေးခြင်း၊ သံတမန်ဆက်ဆံမှု တိုးမြှင့်ခြင်းတို့ကို လုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ တံခါးဖွင့် ကြိုးပမ်းမှုကို အသိအမှတ်ပြုရန် လိုအပ်နေသည်” ပာု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကဲ့သို့ တင်းတင်းကြပ်ကြပ် ချုပ်ချယ်ပာန့်တား လွန်းသောနိုင်ငံတွင် ယခုလို အင်တာဗျူးမျိုးကို ပြုလုပ်ရန် ယခင်လက အနည်းငယ်ခန့် စိတ်ကူးပင်မယဉ်နိုင်ခဲ့ပါ။ သို့သော်လည်း ကမ္ဘာတွင် Burma ပာု ခေါ်ဝေါ်ကြသော အရှေ့တောင်အာရှနိုင်ငံတွင် မတ်လက အာဏာရလာ ခဲ့သော တပ်မတော်နောက်ခံအားပြု အရပ်ဖက်အစိုးရသည် လက်ရှိလပိုင်းများအတွင်း နိုင်ငံ၏ ထိပ်တန်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း၊ နိုင်ငံတကာသံတမန်များနှင့်လည်းကောင်း ထိပ်ပိုင်းအဆင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

မြန်မာအစိုးရသစ်သည် သတင်းမီဒီယာများအပေါ် တင်းကြပ်ထားမှုကို လျော့ပေးခြင်းအပြင် သေးသေးမွှားမွှားပာု ဆိုနိုင်သော်လည်း အထင်ကရ စီးပွားရေးပြုပြင်မှုများအဖြစ် ပို့ကုန်အခွန်လျှော့ချခြင်း၊ အလုပ်သမားဥပဒေထုတ်ပြန်ခြင်း၊ စားအုန်းဆီတင်သွင်းခွင့် လက်ဝါးကြီးအုပ်မှုကို ဖယ်ရှားခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့် (အနည်းငယ်ခန့်) ကိုလည်း လွှတ်ပေးလိုက်ပြီဖြစ်သည်။ သို့သော် ၁၉၈၈ အရေးတော်ပုံမှ ထင်ရှားသော ကျောင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားများစွာ (၁၉၀၀ ခန့်) အကျဉ်းထောင်သံတိုင်များ၏နောက်တွင် ကျန်ရှိနေသေးသည်ပာု ပြည်တွင်း၊ ပြည်ပ အသိုင်းအဝိုင်းက ထောက်ပြဝေဖန် ထားသည်။

အကျဉ်းသားများ ထပ်မံလွှတ်ပေးလိမ့်ဦးမည်ပာု ဦးနေဇင်လတ်က ပြောကြားခဲ့သည်။

*************************************************************************************

ဂျပန်များသည် ယူရိုဇုန်မှ ထုတ်သော ငွေတိုက်စာချုပ်၏ ၁၀% ဝယ်ယူ

(7 Nov 2011 ရက်စွဲပါ BBC News မှ Japan buys 10% of eurozone bailout fund’s bond issue ကို ဘာသာပြန်ပါသည်)

ဂျပန်နိုင်ငံသည် ယူရိုဇုန်၏ ကယ်ဆယ်ရေးရန်ပုံငွေမှ ထုတ်ဝေသော နောက်ဆုံးပေါ် ငွေတိုက်စာချုပ်၏ ၁၀%ကို ဝယ်ယူခဲ့သည်ပာု ဂျပန်ဘဏ္ဍာရေး ဌာနမှ အတည်ပြုခဲ့ပါသည်။

ဝန်ကြီးဌာနက ပြောကြားရာတွင် ၎င်းသည် European Financial Stability Facility (EFSF) မှ ထုတ်ဝေသော ငွေတိုက်စာချုပ် ယူရိုသန်း ၃၀၀ (ဒေါ်လာ ၄၁၃ သန်း၊ ပေါင်စတာလင် ၂၅၇ သန်း) ဖိုး ဝယ်ယူခဲ့သည်ပာု ဆိုပါသည်။ ဂျပန်ဝယ်ယူထားသော ပမာဏမှာ အနည်းဆုံးဖြစ်ပါသည်။ ယူရိုဇုန် ခေါင်းဆောင်များသည် အဆိုပါ ရန်ပုံငွေတွင် တိုး၍ ရင်းနှီးမြှုပ်နှံကြစေရန် ကြိုးပမ်းလျက်ရှိပါသည်။ သို့မှသာ ကြွေးဝန်ပိနေသော စီးပွားရေးအား ငွေကြေး ထောက်ပံ့နိုင်မည်ဖြစ်ပါသည်။

ပြီးခဲ့သည့်လက ၎င်းတို့သည် ထောက်ပံ့ငွေရန်ပုံငွေအား ၁ ထရီလီယံ ယူရိုသို့တိုးမြှင့်ရန် သဘောတူခဲ့ကြပါသည်။

ဂျပန်နိုင်ငံသည် EFSF မှ ငွေတိုက်စာချုပ်များကို ယခင်က သုံးကြိမ်ဝယ်ယူခဲ့ဘူးပြီး ယခုအခါ စာချုပ်တန်ဖိုး (၂.၉၇၅ ဘီလီယံ) ယူရို ဝယ်ယူထားပြီးဖြစ်ပါသည်။

*************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၈.၁၁.၂၀၁၁

ဘာသာပြန်သတင်းများ (အပိုင်း-၁)

  1. တရားဝင်ပါတီအဖြစ်မှတ်ပုံတင်ရေး ယခုတစ်ပတ်အတွင်း NLD စဉ်းစားဆုံးဖြတ်မည်
    (Monster and Critics မှ၊ 6 Nov 2011 ရက်စွဲပါ၊ Myanmar opposition to consider registering as political party ကို ဘာသာပြန်ဆိုသည်)
  2. ဖီဖာက မြန်မာအသင်းအား ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင်ခွင့် ပြန်ပေး
    (Associated Press News မှ 7 Nov 2011 ရက်စွဲပါ “Fifa reinstates Myanmar for 2018” သတင်းကို ဘာသာပြန်ဆိုသည်)
  3. ခေါင်းဆောင်ပောာင်းနှင့် အတူတူဖြစ်သော ခေါင်းဆောင်သစ်
    (7 Nov 2011 ရက်စွဲပါ Strategy Page မှ The News Bass, same as old boss ကို ဘာသာပြန်ပါသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

တရားဝင်ပါတီအဖြစ်မှတ်ပုံတင်ရေး ယခုတစ်ပတ်အတွင်း NLD စဉ်းစားဆုံးဖြတ်မည်

(Monster and Critics မှ၊ 6 Nov 2011 ရက်စွဲပါ၊ Myanmar opposition to consider registering as political party ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ပင်မအတိုက်အခံ နိုင်ငံရေးပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် တရားဝင်ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်မည့် အရေးကိစ္စကို ဆုံးဖြတ်ရန် ယခုရက်သတ္တပတ်အတွင်း ဆွေးနွေးမှု ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရက နိုင်ငံရေးပါတီများမှတ်ပုံတင်ရေး ဥပဒေကို ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီးနောက် NLD က အဆိုပါ ကိစ္စကို ဆုံးဖြတ်ရန် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်ဟု ပါတီနှင့် နီးစပ်သော သတင်းအသိုင်းအဝိုင်းက ဆိုသည်။ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြုလိုက်သော ယင်းဥပဒေပြင်ဆင်ချက်အရ နိုဗယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုနိုင်မည်ဖြစ်သည်။

"နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေ ပြင်ဆင်ရေးဆွဲမှုက ကျွန်တော်တို့တွေရဲ့လိုအပ်ချက်ကို ပြည့်မီစေပါ တယ်။ လာမယ်ရက်သတ္တပတ် အင်္ဂါနေ့မှာ ကျွန်တော်တို့ NLD ကို တရားဝင်ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်သင့်၊ မသင့် ဆိုတာကို ဆုံးဖြတ်ဖို့ အစည်းအဝေးလုပ်မှာပါ" ဟု NLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားသည်။

အဆိုပါ ဥပဒေပြင်ဆင်ရေးဆွဲမှုသည် မြန်မာအစိုးရ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာတွင် မည်မျှအတိုင်း အတာထိရိုးစင်းမှု ရှိ၊မရှိ ဟူသောအချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းက စမ်းသပ်နိုင်အောင် ဖန်တီးပေးထားသည့် ဦးစား ပေးမှုတစ်ရပ်လည်းဖြစ်သည်။

မြန်မာသမ္မတ ဦးသိန်းစိန်သည် လတ်တလောလများအတွင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ပြီး ဥပဒေရေးရာ ပြင်ဆင်ပြောင်းလဲမှုများကိုလည်းဆက်တိုက်ပြုလုပ်ခဲ့ရာ နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးလက်အောက်သို့ရောက်ရှိခဲ့သည့် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ အကောင်းမြင်မှုများကို ဖြစ်ထွန်းလာ စေသည်။

မြန်မာအစိုးရသစ်လက်ထက် ဖြစ်ပေါ်လာသော တိုးတက်ဖြစ်ထွန်းမှုများကို မြန်မာသို့ လာရောက်လည်ပတ်ခဲ့သူ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Werner Hoyer ကိုယ်တိုင်က အသိအမှတ်ပြုကြိုဆိုခဲ့သည်။ "မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်း အဝိုင်းထဲ ပြန်လည်ရောက်ရှိအောင် ရဲရဲဝံ့ဝံ့နဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လုပ်ဆောင်နေသူတွေကို အားပေးအား မြှောက်ပြုဖို့ ဘာမဆိုလုပ်ပေးသင့်တယ်လို့ ကျွန်တော်တို့ ခံစားနားလည်မိပါတယ်" ဟု Werner Hoyer က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် DPA သတင်းဌာနသို့ပြောကြားသည်။

"စီးပွားရေးပူးပေါင်းဆောင်ရွယ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးတုန်းက ကျွန်တော်တို့အနေနဲ့ ယခင်က လုပ်ခဲ့တာတွေထက်ပိုပြီး လုပ်ပေးနိုင်မယ်လို့ထင်မိပါတယ်။ လုပ်ပေးဖို့လည်း ကျွန်တော်တို့အသင့်ဖြစ်နေပါပြီ" ဟု ၎င်းကဆက်လက်ပြောဆိုပြီး ဂျာမနီ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် လည်း မြန်မာနိုင်ငံသို့ သွားရောက်ဖွယ်ရှိကြောင်း အသိပေးပြောဆိုခဲ့သည်။

သို့သော် မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ထွန်းမှုများသည် နောက်ကြောင်းပြန်မလှည့်နိုင်သည့် ဖြစ်စဉ်များဖြစ်သည်ကို လက်တွေ့ကျကျ ထုတ်ဖော်ပြသရန် လိုအပ်ကြောင်း၊ အနောက်ဒီမိုကရေစီနိုင်ငံကြီးများကလည်း မြန်မာ့နိုင်ငံရေး အကျဉ်းသား အားလုံးလွတ်မြောက်ခွင့်ပေးခြင်း၊ လာမည့်ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမှုရှိအောင် ဖန်တီပေးခြင်း အစရှိသကဲ့ သို့သော ပြုပြင်ပြောင်းလဲမှုများကို စောင့်ဆိုင်းလျက်ရှိကြောင်း ၎င်းကဆိုသည်။

NLD ပါတီသည် နှစ်ပေါင်း ၂၀ တာကာလအတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မှုမပြုဘဲ သပိတ်မှောက်ခဲ့သည်။ အကြောင်းမှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့် ဥပဒေက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် NLD မှ နုတ်ထွက်ရမည့် အခြေအနေမျိုးဖြစ်အောင် ဖန်တီးထားသောကြောင့် ဖြစ်သည်။ ဥပဒေအရ ပြစ်ဒဏ်ချမှတ်ခံထားရသူများအနေဖြင့် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီတွင် ပါတီဝင်ဖြစ်ခွင့် မရှိပေ။ သို့အတွက်ကြောင့် NLD သာ နိုဝင်ဘာ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ယင်းရွေးကောက်ပွဲ ကာလက နေအိမ် အကျယ်ချုပ် ပြစ်ဒဏ်ကျခံနေခဲ့ရသည်။

*************************************************************************************

ဖီဖာက မြန်မာအသင်းအား ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင်ခွင့် ပြန်ပေး

(Associated Press News မှ 7 Nov 2011 ရက်စွဲပါ “Fifa reinstates Myanmar for 2018” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာဘောလုံးပရိသတ်၏ အကြမ်းဖက်မှုကြောင့် ထုတ်ပယ်ခံရခြင်းအပေါ် မြန်မာဘောလုံးအဖွဲ့ချုပ်၏ အသနား ခံမှုကို ဖီဖာ FIFA က တစ်စိတ် တစ်ပိုင်း လက်သင့်ခံ ခဲ့ပြီးနောက်တွင် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲသို့ ပြန်လည် ယှဉ်ပြိုင်ခွင့် ရသွားပြီဖြစ်သည်။

သို့သော် မြန်မာအသင်း၏ အိမ်ကွင်းပွဲစဉ်အားလုံးကို ကြားနိုင်ငံတစ်ခုတွင် ကစားရမည်ပာု ဖီဖာကပြောကြားသည်။

ပြီးခဲ့သော ဇူလိုင်လက ၂၀၁၄ ကမ္ဘာဖလားခြေစစ်ပွဲအဖြစ် အိုမန်နှင့် ယှဉ်ပြိုင်ကစားရန် ပထမပိုင်း၌ပင် ပွဲရပ်သွားအောင် မြန်မာပရိသတ်များက အကြမ်းဖက်ခဲ့ကြခြင်းကြောင့် နောက်လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမှ မြန်မာ အသင်းထုတ်ပယ်ခံရခြင်းဖြစ်သည်။

အဆိုပါ ဒုတိယအကျော့ ပွဲစဉ်၌ အိုမန်က ၂-၀ ဖြင့် ဦးဆောင်နေစဉ် မြန်မာပရိသတ်များက ရေပုလင်းများ၊ ခဲလုံးများဖြင့် ကွင်းထဲသို့ ပစ်ပေါက် ခဲ့ကြခြင်းကြောင့် ဒိုင်လူကြီးက ပွဲကို ရပ်ဆိုင်းခဲ့သည်။

ပွဲရပ်ဆိုင်းသွားစဉ်က ရလဒ်အတိုင်း ဖီဖာက အတည်ပြုခဲ့ပြီး အဝေးကွင်း၊ အိမ်ကွင်း စုစုပေါင်း ၄-၀ ဂိုးဖြင့် အိုမန်ကို အနိုင်ပေးခဲ့သည်။

ထို့နောက်တွင် မြန်မာဘောလုံးအဖွဲ့ချုပ်အား ဒဏ်ငွေဒေါ်လာ ၂၇,၇၀၀ (မြန်မာကျပ်ငွေ ကျပ်သိန်း ၂၀၀ ခန့်) ပေးဆောင်ရန် ဖီဖာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက အမိန့်ချမှတ်ခဲ့သည်။

*************************************************************************************

ခေါင်းဆောင်ပောာင်းနှင့် အတူတူဖြစ်သော ခေါင်းဆောင်သစ်

(7 Nov 2011 ရက်စွဲပါ Strategy Page မှ The News Bass, same as old boss ကို ဘာသာပြန်ပါသည်)

လွန်ခဲ့သည့် တစ်နှစ်က မြန်မာနိုင်ငံတွင် နှစ်ပေါင်းနှစ်ဆယ်အတွင်း ပထမဆုံးအကြိမ်ရွေးကောက်ပွဲများ ကျင်းပ ပေးခဲ့ပါသည်။ ရွေးကောက်ပွဲတွင် မရိုးသားမှုများရှိခဲ့သော်လည်း စစ်အစိုးရနှင့် ဆက်စပ်ပတ်သက်ခြင်းမရှိသော လူများစွာ လည်း အရွေးချယ်ခံကြရပါသည်။ စစ်အစိုးရမှ ဗိုလ်ချုပ်ကြီး အများစု အနားယူသွားခဲ့သော်လည်း ၎င်းတို့ ၏နေရာကို ဆက်ခံမည့်သူများ ထွက်ပေါ်လာခြင်းမရှိပေ။ အစိုးရအဖွဲ့ဝင် အငြိမ်းစား ဗိုလ်ချုပ်ကြီးများသာ ပြန်အရွေးခံခဲ့ရသော်လည်း အစိုးရသစ်ခေါင်းဆောင်အများစုမှာ အရပ်သားများဖြစ်ကြပါသည်။

သို့သော် အများစုမှာ ယခင်စစ်အစိုးရတွင် ပါဝင်ခဲ့သူများ ဖြစ်ပါသည်။ အစိုးရသစ်သည် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် စောင့်ကြည့် လေ့လာသူအများစုကို အံ့သြစေခဲ့ပါ သည်။ သို့သော် မြန်မာနိုင်ငံသည် အရာရာကို အစိုးရက စောင့်ကြည့်ထိန်းချုပ်ထားသည့် နိုင်ငံဖြစ်နေဆဲဖြစ်ပြီး ယခင် လူပောာင်းများကသာ စီးပွားရေးကို ထိန်းချုပ်ထားပြီး အစိုးရ၏ ပံ့ပိုးမှုကြောင့် ငွေအမြောက်အများ ရရှိခဲ့ပါသည်။

ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့၏ ရာစုနှစ် နှစ်ဝက်ခန့်ကြာခဲ့သော အာဏာရှင်စနစ်သည် ကျရှုံးနေပြီဖြစ်၍ ပြီးခဲ့သည့်နှစ်က ရွေးကောက်ပွဲများနှင့် ယခုပြုပြင်ပြောင်းလဲရေးများသည် ၎င်းတို့ တရားရုံးမရောက်ပဲ ငြင်သာစွာ အနားယူနိုင်ရန် ဖြစ်ပါ သည်။ နောက်ထပ်ဖြစ်လာမည့် မသိနိုင်သေးသည့် ကိစ္စများကို စောင့်ကြည့်ရပါဦးမည်။(၁၉၉၀ ခုနှစ် များက တောင်အာဖ ရိကတွင် ဖြစ်ပျက်ခဲ့သည်များကို ကြည့်ပါ) ပို၍များသော ပြုပြင်ပြောင်းလဲရေးဝါဒီများ ထောင်မှလွတ်မြောက်ခြင်း၊ ပြည်ပမှ ပြန်လာခြင်းများရှိပြီး အစိုးရအတွင်းသို့ ရောက်လာပါက အနာဂါတ်၏ ပုံရိပ်သည် ပို၍ရှင်းလင်းလာမည်ဖြစ်ပါသည်။

အစိုးရက ပိုမိုဖွင့်ပေးသော အချိန်တွင် ကုလသမဂ္ဂနှင့်အခြားအကူအညီပေးရေး အုပ်စုများသည် မြောက်ဖက်နှင့် အရှေ့ဖက်ရှိ စစ်ပွဲများကြောင့် အိမ်များကို စွန့်ပစ်ထွက်ပြေးလာရသော ထောင်ပေါင်းများစွာသော တိုင်းရင်းသားကိစ္စများကို ဘာမျှဆောင်ရွက်ပေးနိုင်ခြင်းမရှိပေ။ အစိုးရသစ်သည် စီးပွားရေးစီမံကိန်းသစ်များကို လုပ်ဆောင်ရန် စိတ်အား ထက်သန်နေသည်နှင့်အမျှ လူအများထံမှ မြေများ ပိုမိုသိမ်းယူနေပါသည်။

ပြီးခဲ့သည့်နှစ်က လူတစ်သိန်းခန့် အိုးအိမ်များကို စွန့်ခွာပေးခဲ့ရပါသည်။ ထိုပမာဏသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်းအများဆုံးဖြစ်ပြီး ၊ အစိုးရက နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများကို အားပေးခြင်းကို ကိုယ်စားပြုပါသည်။  သို့သော် ထိုကိစ္စသည် မငြိမ်သက်မှုကို ပိုမိုဖြစ်စေပါသည်။ စစ်အစိုးရ သည် ဒီမိုကရေစီ ပိုကျအောင် ကြိုးစားနေသည့်နည်းတူ ၎င်း၏ အဓိကပုဂ္ဂိုလ်များ ချမ်းသာအောင် ကြိုးစားလုပ်ဆောင် ပေးနေပါသည်။

ခြောက်လခန့် တိုက်ခိုက်ပြီးနောက် ရှမ်းပြည်နယ်တွင် အပစ်အခတ် ရပ်စဲမှုရှိခဲ့ပါသည်။ ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲအပြီးတွင် အချို့ တိုင်းရင်းသား သူပုန်များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း စက်တင်ဘာလက မကျေညာပဲ စစ်ပွဲများ ရပ်သွားခဲ့ပါသည်။ အချို့သူပုန် များသည် ၎င်းတို့၏ မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်ငန်းကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် တိုက်ခိုက်မှုများကို ရပ်တန့်လိုကြပါသည်။ ရှမ်းပြည်နယ်တွင် ဘိန်းထုတ်လုပ်မှု ပြန်လည် လုပ်ဆောင်လာခဲ့ပြီး ပြီးခဲ့သည့် နှစ်နှစ်အတွင်း နှစ်ဆခန့်တက်လာပါသည်။ ရှမ်းပြည်နယ်သည် စတုရန်းကီလိုမီတာ တစ်သိန်းခွဲ ကျယ်ဝန်းပြီး၊ လူဦးရေ ငါးသန်းခန့် နေထိုင်ကာ တရုတ်၊ ထိုင်းနိုင်ငံတို့ဖြင့် နယ်စပ်ချင်းထိစပ်နေပါသည်။

*************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs