Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

 ၂၆.၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. NHK သတင်းများကို Sky Net တွင် ထုတ်လွှင့်ပြသရန် စီစဉ်
  2. ဦးမြတ်ခိုင်ကို သိန်းရှစ်ထောင်ဖြင့် အာမခံ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဘင်္ဂါလီအရေး သမ္မတဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်သို့ သွားမည်
  2. အစိုးရငြိမ်းချမ်းရေးအဖွဲ့ ပြည်ပအခြေစိုက်အဖွဲ့တစ်ဖွဲ့ဖြင့် တွေ့ဆုံ
  3. တိုင်းရင်းသားပါတီများ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဖွဲ့စည်းမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************

ပြည်တွင်းသတင်းများ

NHK သတင်းများကို Sky Net တွင် ထုတ်လွှင့်ပြသရန် စီစဉ်

ဂျပန်အစိုးရပိုင် NHK သတင်းဌာန၏ နိုင်ငံတကာ သတင်းအစီအစဉ်များကို အစိုးရခရိုနီတစ်ဦးဖြစ်သည့် ရွှေသံလွင်ဦးကျော်ဝင်းပိုင် Sky Net သတင်းအစီအစဉ်များတွင် ဇူလိုင်လဆန်းမှစတင်ကာ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

“NHKရဲ့ နိုင်ငံတကာသတင်းတွေကိုပဲ လွှင့်မှာပါ။ သူတို့တင်ပြချင်တဲ့ သတင်းတွေကို လွတ်လပ်စွာ ထုတ်လွှင့်ခွင့်ရှိအောင် ကူညီပေးမှာပါ”ဟု Sky Net မှသက်ဆိုင်ရာ မန်နေဂျာတစ်ဦးက ဆိုသည်။

NHK နှင့် Sky Net ရုပ်သံဌာန နှစ်ခုတို့ကြား ရုပ်သံအစီအစဉ်များ ထုတ်လွှင့်ခြင်းဆိုင်ရာ သဘောတူညီချက်ကို သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်စဉ် အတူလိုက်ပါသွားခဲ့သူ ရွှေသံလွင် ဦးကျော်ဝင်းနှင့် NHK သတင်းဌာနမှ တာဝန်ရှိသူများ ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးကျော်ဝင်းပိုင် Sky Net ရုပ်သံသတင်းဌာနအနေဖြင့် ပြည်ပအခြေစိုက် ရေဒီယိုသတင်းဌာနအချို့၏ TV သတင်းထုတ်လွှင့်ချက်များထဲမှ မြန်မာနိုင်ငံအနေအထားနှင့် ကိုက်ညီသည့် သတင်းများကို ပြန်လည်ရွေးချယ်၍ ထုတ်လွှင့်ပြသရန် စီစဉ်နေကြောင်း ယင်းတာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

“အစိုးရရဲ့  Brocasting Law ပြဌာန်းလိုက်ပြီဆိုရင်တော့ ခရိုနီတွေအကုန်လုံး ရုပ်သံသတင်းဌာနတွေ တည်ထောင်လာနိုင်ပါတယ်”ဟု ပြည်တွင်းဂျာနယ်တစ်ခုမှ တာဝန်ခံအယ်ဒီတာ တစ်ဦးက ဆိုသည်။

အောင်စည်

-----------------------------------------------------------------------------------------------------------------------------------

ဦးမြတ်ခိုင်ကို သိန်းရှစ်ထောင်ဖြင့် အာမခံ

လျှပ်တပြတ်သတင်းဂျာနယ်နှင့် မော်နီတာသတင်းဂျာနယ်တို့ကို တာဝန်ခံဆောင်ရွက်နေသူ ဦးမြတ်ခိုင်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က စွဲဆိုထားသည့်အမှုအတွက် ကျပ်သိန်းပေါင်း ရှစ်ထောင်ဖြင့် အာမခံပေးလိုက်ကြောင်း သိရသည်။

လျှပ်တပြက်ဂျာနယ် အတွဲ(၃)၊အမှတ် (၉၁)မျက်နှာဖုံးတွင် နိုင်ငံပိုင်သတင်းစာအား သိက္ခာကျစေသည့် အရေးအသားနှင့် လူမျိုးရေး အဓိက ရုဏ်းဖြစ်စေရန် ဖော်ပြထားသည့် ဓာတ်ပုံအတွက် ဦးမြတ်ခိုင်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ပုဇွန်တောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်မှူးက အာမခံပေးခွင့်မရှိသည့် ပုဒ်မ ၅၀၅ (ခ)၊( ဂ) တို့နှင့် ဇွန် ၁၉ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် တရားရုံး၌ တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တရားစွဲဆိုထားသော်လည်း ဦးမြတ်ခိုင်သည် နာမကျန်းပြီး၊ အသက်ရွယ်ကြီးရင့်နေသည့် လူတစ်ယောက်ဖြစ်သည့်အတွက် ပုဇွန် တောင်မြို့နယ်တရားရုံးက အမြင့်ဆုံးသော အာမခံကြေးဖြင့် အာမခံပေးခဲ့ခြင်းဖြစ်ပြီး၊ စာရေးဆရာ မောင်ဆွေသက်နှင့် ဦးမောင်မောင်အေး (အလင်္ကာ ဝတ်ရည်) တို့က တစ်ဦးလျှင် ကျပ်သိန်းလေးထောင် အာမခံပေးခဲ့ရကြောင်း သိရသည်။

“ကိုမြတ်ခိုင်ဖြစ်နေတဲ့ ကိစ္စရပ်က မီဒီယာသမားတစ်ယောက်ဖြစ်နေတဲ့ ကိစ္စရပ်လို့ ရှုမြင်ပြီးတော့ ကိုယ့်မီဒီယာသမားဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်ဖို့ လိုတယ်”ဟု ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဖေမြင့်က ဆိုသည်။

မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းဖြစ်မြောက်ရေးကော်မတီတွင် ပါဝင်သည့် ဦးမြတ်ခိုင်အား တရားစွဲဆိုမှုနှင့် ပက်သက်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေးကော်မတီ (MJA) မှလည်း  ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ တရားဝင်ကန့်ကွက်လွှာ ပေးပို့သွားရန်ရှိ ကြောင်း သိရသည်။

ပုဒ်မ ၅ဝ၅ (ခ)နှင့်(ဂ)ကို ကျူးလွန်သည်ဟု စိစစ်တွေ့ရှိပါက ကျူးလွန်သူကို  ထောင်ဒဏ် (၂)နှစ်နှင့် ငွေဒဏ် နှစ်ရပ်ပေါင်း ကျခံစေရမည် ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အောင်စည်

*****************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဘင်္ဂါလီအရေး သမ္မတဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်သို့ သွားမည်

ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်၍ ၁၇ ရက်နေ့အထိ သုံးရက်ကြာခရီးစဉ်အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လတ်တလော ဖြစ်ပွားနေ သည့် ဘင်္ဂါလီအရေးကိစ္စနှင့် ပတ်သက်၍ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းများအရ သိရှိ ရသည်။

ယင်းသို့ သွားရောက်ရာ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina နှင့် တွေ့ဆုံသွား၍ ဘင်္ဂါလီလူမျိုးရေးကိစ္စနှင့် ပတ်သက်၍ အဓိက ထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှလည်း မြန်မာဒုက္ခသည်များအရေးနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးရန်ရှိကြောင်း သိရှိရသည်။

ထို့ပြင် နိုင်ငံအသီးသီးမှ ထွက်ပြေးလာကြသည့် ရိုဟင်ဂျာလူမျိုးများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်နှင်လွှတ်ခဲ့မှုများ ရှိနေကြောင်း သိရှိရပြီး ဇွန်လ ၁၄ ရက်နေ့၌ ဘင်္ဂလားဒေ့ရှ်၏ ပါလီမန်အစည်းအဝေးတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစ္စလာမ်ဘာသာ ဝင် အစွန်းရောက်များပါဝင်သည့် Jamaat-e-Islami ပါတီမှ ချုပ်ကိုင် လွှမ်းမိုးမှုများပြုလုပ်နေကြောင်းနှင့် ပတ်သက်၍လည်း စွပ်စွဲပြောဆိုမှုများ ဖြစ်ပွား ခဲ့ကြပြီး မြန်မာနိုင်ငံအစိုးရအဖွဲ့မှလည်း ယင်းပါတီအား စွပ်စွဲထားကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်မှ စတင်၍ ယခုအချိန်ထိ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများ၏ အကြမ်းဖက်မှုများကြောင့် ရခိုင်တိုင်းရင်းသား လူဦးရေ ၆၀ကျော်ခန့် သေဆုံးလျက်ရှိပြီး အဆောက်အဦးပေါင်း သုံးထောင်နီးပါး ပျက်စီးလျက်ရှိကြောင်း သတင်းများအရ သိရှိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ယင်းခရီးစဉ်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့် ပတ်သက်၍ ဆွေး နွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ကုန်သွယ်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍနှင့် အခြားစီးပွားရေးကဏ္ဍများကိုလည်း ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

အစိုးရငြိမ်းချမ်းရေးအဖွဲ့ ပြည်ပအခြေစိုက်အဖွဲ့တစ်ဖွဲ့ဖြင့် တွေ့ဆုံ

ဇွန်လ ၂၅ ရက်နေ့၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နယ်တွင် အစိုးရအဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS နှင့် နှစ်နာရီကြာ မတရားအသင်းအဖြစ်မှ ပယ်ဖျက် ပေးရန်နှင့် တရားဝင်ပါတီအဖြစ် သတ်မှတ်ပေးရေးကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း အစိုးရအဖွဲ့မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

"အဓိကကတော့ ဒီလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို မတရားအသင်းအဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးဖို့နဲ့ ပါတီကို တရားဝင်အဖြစ် တည် ထောင်ရပ်တည်ခွင့်ပေးဖို့ဆိုတာကို ဆွေးနွေးတာပေါ့။ ဒါကို ကျွန်တော်တို့အဖွဲ့ရဲ့ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သမ္မတကို တင်ပြပေးပြီး တတ်နိုင်သလောက် ကူညီသွားမယ်ဆိုပြီး ပြောထားပါတယ်။ ဒီတစ်ခေါက်တွေ့ဆုံမှုကတော့ အခြေအနေကောင်းတယ်လို့ ပြောလို့ရပါ တယ်"ဟု ၎င်း ပြောကြားသည်။

ထို့ပြင် ယင်းသို့ တွေ့ဆုံညှိနှိုင်းမှုများတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ၎င်းတို့၏ ပါတီဝင်များ၏ စွပ်စွဲထားချက်များအား ပြန်လည် ရုတ်သိမ်း၍ လွှတ်ပေးရန်ကိစ္စအား ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရပြီး ယင်းပါတီနှင့် ယခုအကြိမ် တွေ့ဆုံမှုသည် ဒုတိယအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှုဖြစ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့၌လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့သေးကြောင်း သိရှိရသည်။

ထို့နောက် ပြည်ပအခြေစိုက် အဖွဲ့ ၁၄ ဖွဲ့အား ဇွန်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ တစ်ဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိ ရပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ကျေးဇူးတင်ကြောင်းအမှာစကားနှင့် ပတ်သက်၍ ဇွန်လ ၁၆ ရက်နေ့တွင် မြန်မာပြည်သူပြည်သားများအရေး ကူညီ ဆောင်ရွက်နေသည့် ဒေါက်တာစင်သီယာမောင်၏ ဆေးခန်းသို့ ဝင်ရောက်ကြည့်ရှုမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရှိ ရသည်။

ATM

--------------------------------------------------------------------------------------------------------------------------------

တိုင်းရင်းသားပါတီများ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဖွဲ့စည်းမည်

ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များတွင် ညီနောင်တိုင်းရင်းသားပါတီများ (NBF)မှ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (Peace Process Committe-PPC)အား ဖွဲ့စည်း၍ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ငြိမ်းချမ်းရေးကိစ္စ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ညီနောင်တိုင်းရင်းသားပါတီတွေ စုပေါင်းပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဖွဲ့စည်းသွားမှာပါ။ ဒီကော်မတီအနေနဲ့ တစ်နိုင်ငံလုံး မှာရှိတဲ့ တိုင်းရင်းသားတွေအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်သွားမှာပါ”ပာု ညီနောင်တိုင်းရင်းသားပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ငြိမ်းချမ်းရေးကိစ္စများ လုပ်ဆောင်နိုင်ရန် ဖွဲ့စည်းမည့် တိုင်းရင်းသားပါတီများ၏ ငြိမ်ချမ်းရေးဖော်ဆောင်မှုကော်မတီကို လာမည့် နိုဝင်ဘာ (သို့) ဒီဇင်ဘာတွင် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယင်းငြိမ်းချိမ်းရေးဖော်ဆောင်မှုကော်မတီတွင် ညီနောင်တိုင်းရင်းသားပါတီတစ်ခုလျှင် လူသုံးယောက်နှုန်းပါဝင်ရ မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ညီနောင်တိုင်းရင်းသားပါတီတွေစုပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဖွဲ့လိုက်တာပာာ ပြည်တွင်းက ငြိမ်းချမ်းရေးကိစ္စတွေမှာ တစ်ဖက်တစ်လမ်းက ပါဝင်ပံ့ပိုးပေးတဲ့သဘောပါပဲ။ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေအနေနဲ့လည်း လက်နက်ကိုင်တိုင်ရင်းသားတပ်တွေနဲ့ တွေ့ဆုံ ချင်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုတော့ တွေ့ခွင့်မရှိဘူး။ ခု ငြိမ်းချမ်းရေးယူပြီးပြီဆိုတော့ တရားဝင်တွေ့ခွင့်ရပါပြီ”ပာု ချင်းအမျိုးသား ပါတီမှ တာဝန်ရှိုသူတစ်ဦးက ဆိုသည်။

ညီနောင်တိုင်းရင်းသားပါတီများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားများပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် ကယန်းအမျိုးသားပါတီတို့ ဖြစ်သည်။

Ref:ရန်ကုန်တိုင်းမ်

*****************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ ရပ်ကွက်ထဲကဆိုင်တွေပါစစ်ဆေးမယ်ဆိုရင် ကျွန်တော်တို့ကကုန်ခြောက်ဆိုင်ရောင်းတာ၊ ပြေစာတွေနဲ့လည်းရောင်းတာမဟုတ်တော့ သူတို့ဘယ်လိုစစ်မလဲ။ ကျွန်တော်တို့ကရောဘာလုပ်ပေးရမှာလဲ။ အခွန်ထမ်းပြည်သူအနေနဲ့အခွန်ပေးဆောင်ချင်ပါတယ်။ ဘာတွေဘယ်လိုလုပ်ရမလဲ မသိဘူးဖြစ်နေတယ်။ ပြေစာနဲ့ ရောင်းရမှာလား။ ဒါတွေက မေးခွန်းထုတ်စရာဖြစ်နေတယ်၊ ဟုတ်ပြီ၊ ရောင်းပေးမယ်။ သူတို့ကကော ကျွန်တော်တို့ အတွက် ဘာပြန်လုပ်ပေးမှာလည်းအခွန်သေချာထမ်းသူအနေနဲ့ ဘာခံစားခွင့်မှမရှိဘူး၊ ညာတဲ့သူနဲ့ အတူတူခံစားခွင့်ရမယ်ဆို တကယ်အခွန်ထမ်းသူ ရှိမှာမဟုတ်ဘူး၊ စာအုပ်တစ်အုပ်၊ နှစ်အုပ်တွေ လုပ်ထားမှာပေါ့၊ နောက် ကျွန်တော်တို့ဆိုင်တွေက ဂျာနယ်မှာပါမှ ဒီလိုသဟဆိုတာသိရတာ။ ဘာမှလည်း မသိဘူး။ ဒါလေးတော့ လုပ်ပေးစေချင်တယ်”

ဇွန် ၂၅ ထုတ် THE STREET VIEW အတွဲ (၁) အမှတ် (၂၄) တွင်ပါသည့် “စူပါမားကတ်အရောင်ဆိုင်များ၏ ဝင်ငွေအမှန်ကို ပြည်တွင်းအခွန်မှ စစ်ဆေးတော့မည်” သတင်းမှ တာမွေမြို့နယ်ရှိကုန်မျိုးစုံရောင်းဆိုင် တစ်ခုမှ ဆိုင်ရှင်ကိုဝဏ္ဏဇော်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဗြိတိသျှ စီးပွားရေးလုပ်ငန်းတွေကလည်း ဒီမိုကရက်တစ်အသွင်ကူးပြောင်းရေးမှာ ကူညီပံ့ပိုးတဲ့ကဏ္ဍကနေ ပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီကို မိတ်ဖက်ပြုတဲ့ ရင်းနှီးမြုပ်နှံမှုမျိုးကိုပဲလို့ ဆိုချင်ပါတယ်။ ဆိုလိုတာက ရင်းနှီးမြုပ်နှံမှုတွေဟာ ပွင့်လင်းမြင်သာမှုရှိရမယ်၊ အလုပ်သမား အခွင့်အရေးတွေ ရှိရမယ်၊ ပတ်ဝန်းကျင်ကို ပျက်စီးစေမှုမရှိစေရဘူးဆိုတာမျိုးပါ။ အထူးသဖြင့် လုပ်အားခြေပြုကဏ္ဍတွေမှာ တာဝန်ယူမှုနဲ့ အပြုသဘော ဆောင်တဲ့ ရည်ရွယ်မှုရှိတဲ့ ရင်းနှီးမြုပ်နှံမှုတွေဟာ ကျွန်မတို့ပြည်သူတွေအတွက် တစ်ကယ်အကျိုးရှိနိုင်ပါလိမ့်မယ်”

ဇွန် ၂၇ ထုတ် Weekly ELE VEN NEWS အတွဲ(၇) အမှတ် (၃၈) တွင်ပါသည့် “ဇွန်လ ၂၁ ရက်နေ့က ဗြိတိန်ပါလီမန်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသောမိန့်ခွန်း” မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဈေးကွက်စီးပွားရေးဆိုရင် လျှော့ထားပါမယ်၊ ဈေးကွက်ကို ဖွင့်ထားပေးပြီး ဈေးကွက်ကသာ ဦးဆောင်ရမှာပါ။ ဒီအစည်းအဝေးမှာ ကဏ္ဍအလိုက် အစိုးရ ရဲ့ စီမံခန့်ခွဲမှုတွေကို တွေ့မြင်ရပါတယ်။ မြန်မာနိုင်ငံမှာ ၆၂ ခုနှစ်ကတည်းက အဲဒီပုံစံစနစ်ကြောင့် ဈေးကွက်စီးပွားရေးစနစ် မဖွံ့ဖြိုးတာပါ။ နောက်ကို ပြန်သွားတဲ့ ပုံစံ ဖြစ်နေပါတယ်။ အရင်းအမြစ်တွေ ခွဲဝေပေးမှုမှာ ချုပ်ကိုင်မှုတွေကနေ အဂတိလိုက်စားမှုတွေ၊ မညီမျှမှုတွေ ဖြစ်လာတာပါ။ သမ္မတကြီးရဲ့ ငါးနှစ်စီမံကိန်းနဲ့ ပတ်သက်ပြီး (၁) အစိုးရပါဝင်စွက်ဖက်မှုရှိနေခြင်း။ (၂) ရင်းနှီးမြုပ်နှံမှုတိုးတိုင်းလည်း ဝင်ငွေးတိုးမယ်လို့ မပြောနိုင်ခြင်း။ (၃) ရင်းနှီးမြုပ်နှံမှု ၂ ဆတိုးလို့ GDP သုံးဆတိုးမယ်လို့ တရားသေမဆိုနိုင် ခြင်းဆိုတဲ့ သုံးချက်ကို မြင်ပါတယ်”

ဇွန် ၂၅ ထုတ် THE STREET VIEW အတွဲ (၁) အမှတ် (၂၄) တွင်ပါသည့် “အစိုးရသစ်၏ ငါးနှစ်စီမံကိန်းအပေါ် မတူညီသော သဘောထားအမြင်များ ရှိနေ” သတင်းမှ ဦးကြည်မြင့်(လသာ) ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

*****************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၅.၆.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၃)

  1. မျှော်လင့်ပါသည် ဒီမိုကရေစီ

(syracuse.com မှ 24 June 2012 ရက်စွဲပါ “Hope for democracy”ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

  1. ရိုပာင်ဂျာများ မြန်မာနိုင်ငံတွင် နေခွင့်ရအောင် ကမ္ဘာကို ဘင်္ဂလားဒေ့ရှ်တိုက်တွန်း

(Gulf Times မှ 24 June 2012 ရက်စွဲပါ “Dhaka urges world to help rohingyas settle in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင်မူးယစ်ဆေးဝါးရောင်းဝယ်မှု နှိမ်နင်းလျက်ရှိဟု ရဲမှူးကြီးပြော

(25 June 2012 ရက်စွဲပါ Radio Australia မှ Burma eracking down on drug trade: Colnel ကို ဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

မျှော်လင့်ပါသည် ဒီမိုကရေစီ

(syracuse.com မှ 24 June 2012 ရက်စွဲပါ “Hope for democracy”ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်းကို ဆွေးနွေးပြောဆိုမည်ဆိုလျှင် အမွှန်းတင်ဂုဏ်ပြုစရာ စကားလုံးများ ရှားပါးခြင်းမရှိပါ။

ရဲရင့်ခြင်း၊ ခိုင်မာခြင်း၊ ရှင်သန်ထမြောက်နိုင်ခြင်း၊ ဆုံးဖြတ်ချက်ပြတ်သားခြင်း၊ စိတ်ပိုင်းဖြတ်မှုရှိခြင်း၊ စိတ်အားထက်သန်မှုရှိခြင်း စသည်ဖြင့် စကားလုံး များစွာ သုံး၍မကုန်၊ ရေး၍မခန်းနိုင်ပေ။

ကမ္ဘာကျော် မြန်မာ့နိုင်ငံရေးခေါင်းဆောင်အမျိုးသမီးသည် ၁၉၉၁ ငြိမ်းချမ်းရေးနိုဘယ်ဆုကို လက်ခံရန် လတ်တလောရောက်ရှိနေသော ခြိမ့်ခြိမ့် သဲသဲ အံမခန်း ဥရောပခရီးစဉ်တွင် သူမ၏ Burma (သို့) မြန်မာနိုင်ငံအတွက် ဒီမိုကရေစီမျှော်လင့်ချက်ကို မှန်မှန်ကန်ကန် တောင်းဆိုလိုက်သည်။

ယခင်တပ်မတော်ခေါင်းဆောင်လက်ထက်တွင် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်မှုဖြင့် ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသော သူမစသည် ၂၀၁၀ နိုဝင်ဘာလတွင် လွတ်မြောက်လာခဲ့ပြီးနောက်တွင် အတိုက်အခံခေါင်းဆောင်အဖြစ် နိုင်ငံရေးလောက၌ ပြန်လည်လှုပ်ရှားကာ ပြီးခဲ့သော နွေဦး ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။

နော်ဝေးမြို့တော် အော်စလိုတွင် နိုဗယ်ဆုလက်ခံစကားကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်က “ငြိမ်းချမ်းရေး နိုဗယ်ဆု ရရှိခြင်းပာာ ကျွန်မရဲ့ နှလုံးသားမှာ တံခါင်းတစ်ချပ် ပွင့်သွားစေပါတယ်”ပာု ဆိုသည်။ ၎င်း နိုဗယ်ဆုသည် သူမနှင့် သူမနိုင်ငံမှ အဖိနှိပ်ခံ ပြည်သူများကို ပိုမိုကျယ်ဝန်းသော လူ့အသိုင်းအဝိုင်းထဲသို့ ဆွဲခေါ်လိုက်ခြင်းပင်ဖြစ်သည်။

“မေ့ထားခြင်းခံရတာပာာ နည်းနည်းချင်းသေဆုံးစေတာပါ”ပာု ဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ စစ်ပြေး ဒုက္ခသည်များ၊ အဖိနှိပ်ခံပြည်သူများကို မေ့မထားကြရန် ကမ္ဘာကို မေတ္တာရပ်ခံတောင်းဆိုခဲ့သည်။

ရိုးရှင်းသော ဂရုဏာတရားကိုလည်း သူမက ဤသို့ဆွဲထုတ်ပြသည်။ “ကျွန်မ ရရှိခဲ့တဲ့ ဂရုဏာ အကြင်နာတရားမှန်သမျှပာာ ကြီးသည်ဖြစ်စေ၊ သေးသည် ဖြစ်စေ၊ ဒါပာာ ကမ္ဘာကြီးအတွက် လုံလောက်မှုမရှိသေးဘူးလို့ ကျွန်မတို့ အတွေးပွားစေပါတယ်”ပာု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ကာ မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင် ပြန်လည်ပေါ်ထွက်ခွင့်ရခြင်းသည် သူမ၏ နိုင်ငံမှ ဒီမိုကရေစီအတွက် အာမခံချက်တစ်ခု မပာုတ်ပါ။ သို့သော်ငြားလည်း သူမ၏ စွမ်းအားနှင့် ဆုံးဖြတ်ချက်များက အနည်းဆုံးအားဖြင့် ဒီမိုကရေစီ ကူးပြောင်းရန် မျှော်လင့်ချက်ကို ပေးစွမ်းလျက်ရှိသည်။

                                                                    ******************************

ရိုပာင်ဂျာများ မြန်မာနိုင်ငံတွင် နေခွင့်ရအောင် ကမ္ဘာကို ဘင်္ဂလားဒေ့ရှ်တိုက်တွန်း

(Gulf Times မှ 24 June 2012 ရက်စွဲပါ “Dhaka urges world to help rohingyas settle in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဒုက္ခတွေ့နေသော ရိုပာင်ဂျာများ၏ အခွင့်အရေးများ ဆုံးရှုံးသွားနိုင်ဖွယ်ရှိသည့် နည်းလမ်းကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မပြုလုပ်ကြရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မနေ့က တိုက်တွန်းလိုက်ပြီး ရိုပာင်ဂျာများ သူတို့နိုင်ငံ(မြန်မာနိုင်ငံ)တွင် အေးချမ်းစွာနေထိုင်ခြင်းကိုသာ ဘင်္ဂလားဒေ့ရှ်က ဖြစ်စေချင်သည်ပာု ပြောကြားလိုက်သည်။

“ရိုပာင်ဂျာတွေပာာ မြန်မာနိုင်ငံသားတွေပါ။ ဒါကြောင့် သူတို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားစေနိုင်တဲ့ ကိစ္စမျိုးတွေကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မပြောသင့်၊ မလုပ်သင့်ပါဘူး”ပာု ဒက္ကားတွင် ပြုလုပ်သော ဥပဒေကော်မရှင် အစည်းအဝေး၏ အဝန်းအဝိုင်းတွင် ဥပဒေဝန်ကြီး ရှာဖစ်အာမက်က သတင်းထောက်များအား ပြောကြားသည်။

ထို့အပြင် ရိုပာင်ဂျာများ သူတို့နိုင်ငံ(မြန်မာနိုင်ငံ)တွင် ငြိမ်းချမ်းစွာနေထိုင်ကြခြင်းကိုသာ ဘင်္ဂလားဒေ့ရှ်က အလိုရှိကြောင်းနှင့် ဘာသာရေးအဓိကရုဏ်း တိုက်ခိုက်မှုများ ရပ်ဆိုင်းအောင် မြန်မာအစိုးရက ကြိုးပမ်းခြင်းကို အသိအမှတ်ပြုကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ရိုပာင်ဂျာဒုက္ခသည်များအတွက် နယ်စပ်ကို ဖွင့်ပေးရန် ဒက္ကားအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက သိသိသာသာ ဖိအားပေးခဲ့ပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက “နိုင်ငံတကာအသိုင်းအဝိုင်း၏ တွန်းအားပေးမှုများကို မြန်မာနိုင်ငံမှ ဘာသာရေး အဓိကရုဏ်း ရပ်ဆိုင်းသွားရေးအပေါ်တွင်သာ အာရုံစိုက်ထားကြပါ”ပာု ယခင်အပတ်က တောင်းဆိုခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီပြဿနာကို အမှန်တကယ် ပြေလည်စေချင်တယ်ဆိုရင် မြန်မာအစိုးရက ပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့ကိုပဲ တောင်းဆိုကြပါလို့ ကျွန်မ တိုက်တွန်းချင်ပါတယ်ပာု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒစ်ပူးမိုနီက ပါလီမန်တွင် ယခင်အပတ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အနောက်ပိုင်းဒေသမှ ဘာသာရေးအဓိကရုဏ်းကြောင့် ထွက်ပြေးလာသော ရိုပာင်ဂျာဒုက္ခသည်များကို နယ်စပ်ဖွင့် လက်ခံပေးရန် ဒက္ကားကို ဝိုင်းဝန်းတောင်းဆိုကြရာတွင် ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မပာာမင်းကြီးရုံး(UNHCR)အပါအဝင် အခြားလူ့အခွင့်အရေးအုပ်စုများနှင့်အတူ ပြီးခဲ့သော နှစ်ရက်က အမေရိကန်ပြည်ထောင်စုလည်း ပူးပေါင်းပါဝင်လာခဲ့သည်။

ယခင် မြန်မာအစိုးရပောာင်း လက်ထက်တွင် ထွက်ပြေးလာကြသော ရိုပာင်ဂျာလေးသိန်းခန့်ဖြင့် ပြည့်လျှံနေပြီဖြစ်သောကြောင့် နောက်ထပ် ရိုပာင်ဂျာများ ဝင်ရောက်လာမှုကို ဘင်္ဂလားဒေ့ရှ်က ငြင်းဆန်ခဲ့ပြီး၊ နိုင်ငံခြားရေးဝန်ကြီး ဒစ်ပူးမိုနီကလည်း “လုံခြုံရေးပြဿနာတွေကြောင့် ဒက္ကားအနေဖြင့် ဒုက္ခသည်အသစ်များကို လက်မခံလိုတော့ပါ”ပာု ပြောကြားခဲ့သည်။

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ သဲသဲကွဲကွဲ နားလည်သဘောပေါက်ဖို့ လိုအပ်နေပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအုပ်စုတွေအနေနဲ့ မြန်မာနိုင်ငံကိုပဲ သူ့ပြည်တွင်းရေးသူနိုင်အောင်ထိန်းဖို့ တောင်းဆိုသင့်ပါတယ်”ပာု ဒစ်ပူးမိုနီက ဘင်္ဂလားဒေ့ရှ်ပါလီမန်တွင် ထုတ်ဖော်ပြောဆိုသွားသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရိုပာင်ဂျာများကို လူသားခြင်းစာနာသောစိတ်ဖြင့် အကောင်းဆုံးကူညီပေးလျက်ရှိပြီး နယ်ခြားစောင့်တပ်များက ရိုပာင်ဂျာများကို ပြန်လွှတ်ရာတွင် အိမ်ပြန်ရောက်အောင် ကူညီသည့်အနေဖြင့် အစားအစာ၊ ဆေးဝါး၊ လောင်စာဆီများ ထောက်ပံ့ဖြည့်ဆည်းပေးပါ သည်”ပာု ဒစ်ပူးမိုနီက ပြောဆိုသွားသည်။

                                                            ***************************************

မြန်မာနိုင်ငံတွင်မူးယစ်ဆေးဝါးရောင်းဝယ်မှု နှိမ်နင်းလျက်ရှိဟု ရဲမှူးကြီးပြော

(25 June 2012 ရက်စွဲပါ Radio Australia မှ Burma eracking down on drug trade: Colnel ကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို နှိမ်နင်းရာတွင် အောင်မြင်မှုများရရှိနေကြောင်း၊ ပြဿနာကို ကိုင်တွယ်နိုင်ရေး အတွက် နိုင်ငံတကာအသိုင်းအဝိုင်းဖြင့် ပိုမိုနီးကပ်စွာလုပ်ကိုင်နိုင်ရန် စီစဉ်လျက် ရှိကြောင်း မြန်မာအာဏာပိုင်များကပြောသည်။

အဆိုပါ မှတ်ချက်ကို မြန်မာနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မတီမှ ရဲမှူးကြီးမြင့်သိန်းက China Central Television နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရဲမှူးကြီးကပြောကြားရာတွင် မြန်မာအာဏာပိုင်များသည် ယခုနှစ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု(၁၉၀၀) ကျော်ကို ဖမ်းဆီးထားပြီး၊ ဟီးရိုးအင်း (၂၄) ဂရမ်နှင့် စိတ်ကြွဆေးပြား (၁၂) သန်းကိုလည်း ဖမ်းဆီးရမိကြောင်းဆိုသည်။

မြန်မာအစိုးရသည် တိုင်းရင်းသားသူပုန်များနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိခဲ့ခြင်းများကလည်း ရဲတပ်ဖွဲ့၏ ကြိုးပမ်းမှုတွင် အထောက်အကူပြုကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့်လက မြန်မာအစိုးရသည် ရှမ်းပြည်နယ်၌ မူးယစ်ဆေးဝါးထုတ်လုပ်မှု ရပ်ဆိုင်းသွားအောင် လုပ်ဆောင်ရေးကို တိုင်းရင်းသား သူပုန်များနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ ရှမ်းပြည်နယ်သည် တရုတ်၊ ထိုင်းနှင့်လာအို နိုင်ငံများနှင့် ထိစပ်နေပြီး မြေမျက်နှာ သွင်ပြင်ကြမ်းတမ်းပြီး တရားဥပဒေမရှိသော ဒေသဖြစ်သည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံးကပြောကြားရာတွင် ရှမ်းပြည်နယ်သည် မူးယစ်ဆေးဝါးထုတ်လုပ်သော အဓိကဗဟိုဌာန ဖြစ်ပြီး၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် မက်သာဖက်တမင်း ဆေးပြားနှင့် ဘိန်း အဓိက ထွက်ရှိရာဒေသဖြစ်ကြောင်း ဆိုသည်။

သဘောတူညီချက်တွင် သူပုန်များက အိမ်နီးချင်းနိုင်ငံများမှ ဓာတုပစ္စည်းများနယ်စပ်ကို ဖြတ်၍ ဝင်ရောက်ခြင်းကို ထိန်းချုပ်ရန်စီစဉ်မည်ဟု ပါရှိ သည်။

၎င်းတို့က ဘိန်းစိုက်ပျိုးသောလယ်သမားများ ဘိန်းစိုက်ပျိုးခြင်းကို စွန့်လွှတ်ပါက ၎င်းတို့အတွက် ရန်ပုံငွေလိုအပ်ကြောင်း တောင်းဆိုကြသည်။

                        ******************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs