Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၀.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. မြန်မာ့သစ်တောထွက်ပစ္စည်းများ အီးယူသို့တင်ပို့မှု အခွန်ကင်းလွတ်ခွင့်ရရှိရန် ဆွေးနွေးမည်
  2. သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အား ပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင်ရန် တရားရုံးဆုံးဖြတ်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ၂၁ ရက်နေ့ ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်မှုများအတွက် သက်ဆိုင်ရာမှ ငြင်းပယ်
  2. ပုသိမ် NLD ရုံးအား အသိအမှတ်မပြုကြောင်း NLD ဗပာိုရုံးချုပ်မှ ကြေညာချက်ထုတ်ပြန်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

မြန်မာ့သစ်တောထွက်ပစ္စည်းများ အီးယူသို့တင်ပို့မှု အခွန်ကင်းလွတ်ခွင့်ရရှိရန် ဆွေးနွေးမည်

မြန်မာနိုင်ငံမှ ထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများအား ဥရောပသမဂ္ဂ(အီးယူ)နိုင်ငံများသို့ တင်ပို့ရောင်းချရာတွင် အခွန်ကင်းလွတ်ခွင့်ရရှိရေး အတွက် လာမည့်အောက်တိုဘာလပိုင်းတွင် အီးယူအဖွဲ့တစ်ဖွဲ့မှ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ် ကြောင်း သိရသည်။

“ဒီလာမယ့် အောက်တိုဘာလလယ်မှာ အီးယူကအဖွဲ့တစ်ဖွဲ့က မြန်မာနိုင်ငံကိုလာပါမယ်။ ဒီအဖွဲ့က မြန်မာ့သစ်တောထွက်ပစ္စည်းတွေကို တင်ပို့ တဲ့အပေါ်မှာ အခွန်ကင်းလွတ်ခွင့်ရဖို့နဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို အဓိကဆွေးနွေးသွားမှာပါ။ သစ်တင်ပို့မှုနဲ့ ပတ်သက်ပြီးတော့ ဥရောပသမဂ္ဂ က အဖွဲ့ တစ်ခု ခုလိုလာရောက်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်”ပာု သစ်တောရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဥရောပသမဂ္ဂမှ လာမည့် ၂၀၁၃ ခုနှစ်တွင် ကျင့်သုံးမည့် တရားဝင် သစ်တောထွက်ဖြစ်ကြောင်း ထောက်ခံချက်ပါမှသာ အီးယူသို့ တင်ပို့နိုင်မည့် စနစ်သစ်တွင် မြန်မာပါဝင်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းစနစ်သစ်အတွက် အာာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှားနိုင်ငံ တစ်နိုင်ငံက သာ လက်မှတ်ရေးထိုးပြီး ကျန်နိုင်ငံများမှာ ဆွေးနွေးလျက်ရှိနေသေးကြောင်း သိရသည်။

“မြန်မာအစိုးရရဲ့ ပြောင်းလဲမှုတွေအတွက် ဥရောပသမဂ္ဂက ခုဆိုလျှော့မှုတွေ တော်တော်လုပ်ပေးနေပါပြီ။ မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်း ချတာကလွဲပြီး ကျန်တဲ့ပိတ်ဆို့မှုတွေကို ဖွင့်ပေးထားပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း ပြောင်းလဲမှုတွေကို ဒီ့ထက်ပိုပြီး ဆက်လုပ်ဆောင်ဖို့ လိုပါလိမ့် မယ်”ပာု မြန်မာ့အရေးလေ့လာနေသူတစ်ဦးက ဆိုသည်။

ထို့ပြင် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သော ဥရောပကော်မရှင်၏ ကြေညာချက်တွင် ကုန်သွယ်ရေးဦးစားပေးမှုများ မြန်မာနိုင်ငံအပေါ် ပြန်လည်သတ်မှတ်ပေးရန် အဆိုပြုထားပြီး ယင်းအဆိုအရ မြန်မာနိုင်ငံသည် ဥရောပသမဂ္ဂသို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် အကောက်ခွန်လွတ် ကန့် သတ်ချက်လွတ်ဖြင့် တင်ပို့ခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

YC

-------------------------------------------------------------------------------------------------------------------------

သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အား ပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင်ရန် တရားရုံးဆုံးဖြတ်

The Voice Weekly သတင်းဖော်ပြချက်များနှင့် ပတ်သက်၍ သတ္တုတွင်းဝန်ကြီးဌာနမှ တရားစွဲဆိုထားမှုအပေါ် သတ္တုတွင်းဝန်ကြီးဌာန၏ ဂုဏ် သိက္ခာကို ထိခိုက်စေသည်ပာုဆိုကာ The Voice Weekly အား ပုဒ်မ ၅၀၀ဖြင့် စွဲချက်တင်သင့်ကြောင်း စက်တင်ဘာလ ၂၀ရက်နေ့တွင် ဒဂုံမြို့နယ် တရုံးက ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

“သတင်းမီဒီယာဆိုတာ မှန်တာကို မှန်ပါတယ်လို့ သတင်းဖော်ပြပေးရမှာပါပဲ။ ဒါမှလည်း ပြည်သူတွေ အမှန်ကိုမြင်နိုင်မှာပါ။ ဒီအပေါ်မှာ သတ္တု တွင်းက သူတို့ဂုဏ်သိက္ခာကို ထိခိုက်စေလို့ဆိုပြီး တရားစွဲတယ်။ တရားရုံးကလည်း ပုဒ်မ ၅၀၀နဲ့စွဲဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ အမှန်အတိုင်းဖြစ်အောင်လို့ ခရိုင်ကနေတိုင်း၊ တိုင်းကနေဗပာိုအထိ တက်ပြီး အယူခံဝင်သွားမှာပါ”ပာု The Voice မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကိစ္စရပ်များအတွက် အောက်တိုဘာလ ၅ ရက်နေ့တွင် ထပ်မံစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ် အယ်ဒီတာချုပ်က သတင်းရေးသားသူအမည် ဖော်ထုတ်ပေးရန် တောင်းဆိုမှုနှင့် ပတ်သက်၍ ဒဂုံမြို့နယ်တရားရုံးက ပလပ်ခဲ့ပြီး တစ်ဖန် The Voice ဂျာနယ်အပေါ် တရားစွဲဆိုမှုမှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ၊ မညီ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်ပြနိုင်ရန်အတွက် လက်ရှိစစ်ဆေးနေမှုကို ဆိုင်းငံ့ပေးရန် The Voice ဂျာနယ်၏ လျှောက် ထားချက်အား တရားရုံးက ဇွန်လ ၂၀ ရက်နေ့တွင် ပယ်ချခဲ့ကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

၂၁ ရက်နေ့ ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်မှုများအတွက် သက်ဆိုင်ရာမှ ငြင်းပယ်

စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့အပါအဝင် လွှတ်တော်၊ သမ္မတရုံး၊ ရန်ကုန်နှင့် ဒေသအသီးသီးတွင်ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်မှုများ၊ ဆုတောင်းပွဲများပြုလုပ်ရန် သက်ဆိုင်ရာသို့ခွင့်ပြုမိန့်တောင်းခံခဲ့သော်လည်း အကြောင်းအမျိုးမျိုးပြ၍ ငြင်းပယ်ခြင်းခံထားရကြောင်း သိရသည်။

“စက်တင်ဘာလ ၂၁ ရက်နေ့မှ ငြိမ်းချမ်းရေးဆုတောင်းပွဲတွေ၊ စစ်ပွဲရပ်တန့်ဖို့ ဆန္ဒထုတ်ဖော်မှုတွေလုပ်ဖို့အတွက် ခွင့်ပြုမိန့်တောင်းခံခဲ့တာမှာ သက်ဆိုင်ရာက ကားလမ်းပိတ်တယ်။ အနှောင့်အယှက်ဖြစ်တယ်ဆိုပြီး အကြောင်းအမျိုးမျိုးပြ ငြင်းပယ်ခံထားရပါတယ်။ နေပြည်တော်ကိုလည်း တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ဖို့အတွက် သက်ဆိုင်ရာကို စက်တင်ဘာ ၁၄ ရက်နေ့က စာတင်ခဲ့ပေမယ့် ၁၆ ရက်နေ့မှ ငြင်းပယ်ခဲ့ ပါတယ်”ပာု ငြိမ်းချမ်းရေးဆုတောင်းပွဲများပြုလုပ်ရန် လိုက်ပါဆောင်ရွက်နေသူတစ်ဦးက ပြောကြားသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းရေးဆုတောင်းပွဲများနှင့် ဆန္ဒထုတ်ဖော်ပွဲများပြုလုပ်ခြင်း၊ ချိုးဖြူငှက်ရုပ်ပါ စကျင်ကျောက်ကျောက်သားဖြင့် ပြုလုပ်ထားသည့် ငြိမ်းချမ်းရေးကျောက်တိုင်အား စိုက်ထူခြင်း၊ ငြိမ်းချမ်းရေးသရုပ်ပြကွက်များပြုလုပ်ခြင်း၊ တေးဂီတများပြုလုပ်ခြင်း၊ အပြာရောင် မိုးပျံပူ ဖောင်းလွှတ်တင်ခြင်း၊ နေပြည်တော်၊ သမ္မတအိမ်တော်၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အခြားအုပ်ချုပ်ရေးမှူးရုံးများသို့ သွားရောက်၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်များ ရပ်တန့်ရေးအတွက် ငြိမ်းချမ်းရေးဆန္ဒပြ လမ်းလျှောက်မှုများ ပြီးဆုံးသွား ပါက ရန်ကုန်မြို့ရှိ အင်းလျားကန်ပေါင်တွင် ငြိမ်းချမ်းရေးအတွက်လှုပ်ရှားမှုများအား Pojector ဖြင့် တိုက်ရိုက်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ငြိမ်းချမ်းရေးလှုပ်ရှားသူလူမှုရေးအဖွဲ့အစည်းအသီးသီးမှ ယင်းကိစ္စရပ်များအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းရေးဆုတောင်းပွဲများနှင့် ဆန္ဒထုတ်ဖော်ပွဲများပြုလုပ်ရန် အဖြူရောင်တွဲလက်များကွန်ရက်၊ ငြိမ်းချမ်းရေး ကွန်ရက်၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ကာတွန်းဆရာများအဖွဲ့၊ နှောင်ကြိုးမဲ့ လူမှုကွန်ရက်၊ ရှမ်းပြည်ကျောက်မဲလူငယ်များကွန်ရက်၊ ရန်ကုန်ဂီတလူငယ် များကွန်ရက်၊ ရန်ကုန်အခြေစိုက် ပရပိာတလူငယ်များကွန်ရက်၊ ပွင့်လင်းလူမှုအဖွဲ့အစည်းမော်လမြိုင်၊ စိမ်းရောင်စိုလူမှုကူညီရေးအဖွဲ့၊ ပန်းရဲ့လမ်းလူမှုရေး အဖွဲ့၊ ကဗျာဆရာများသမဂ္ဂတို့က ဦးဆောင်လှုပ်ရှားလျက်ရှိသည်။

YC

-------------------------------------------------------------------------------------------------------------------------

ပုသိမ် NLD ရုံးအား အသိအမှတ်မပြုကြောင်း NLD ဗပာိုရုံးချုပ်မှ ကြေညာချက်ထုတ်ပြန်

ဧရာဝတီတိုင်းဒေသကြီး၊ အမှတ် ၅၇၂ စကားဝါလမ်း၊ အမှတ် ၃ ရပ်ကွက်၊ ပုသိမ်မြို့၌ ဖွင့်လှစ်ထားသည့် NLD ပါတီရုံးခွဲအား အသိအမှတ်မပြု ကြောင်း ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗပိာုရုံးချုပ်မှ စင်တင်ဘာလ ဒုတိယပတ်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ သည်။

“NLD ပါတီဗပာိုရုံးချုပ်က ပုသိမ်က NLD ရုံးကို အသိအမှတ်မပြုဘူးလို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒီရုံးကို တရားဝင်မပာုတ်ဘူးလို့ သူတို့ကသာ ကြေညာချက်ထုတ်တာ။ ပုသိမ် NLD ရုံးဖွင့်တုန်းက နာယကကြီး ဦးဝင်းတင်ကိုယ်တိုင်လာပြီး ဖွင့်ပေးသွားတာပါ”ပာု ပုသိမ်မြို့နယ် NLD ပါတီဝင်တစ်ဦးက ပြောကြားသည်။

ထိုကဲ့သို့ ပုသိမ် NLD ပါတီရုံးအား အသိအမှတ်မပြုသည့်အတွက် စကားဝါလမ်းမှ NLD ပါတီမြို့နယ်ရုံးကို အမှတ် (၄)ရပ်ကွက်သို့ ပြောင်းရွှေ့ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗပာိုညီလာခံကျင်းပရေးကော်မရှင်က ထုတ်ပြန်ခဲ့သည့် စာအမှတ် ကမရ/၃၇၁/၀၉/၂၀၁၂နှင့် စာအမှတ် ကမရ ၃၇၂/၀၉/၂၀၁၂ ကြေညာချက်များကို ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အသိအမှတ်မပြုကြောင်း ထုတ်ပြန်ကြေ ညာခဲ့ပြီး ယင်းကိစ္စရပ်များအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ စာတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(တွံ့တေး)မြို့နယ်မှ ဒီချုပ်ပါတီဝင် ၁၀၀ ကျော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗပိာုကော်မတီအဖွဲ့ဝင်များ အား ကျေနပ်မှုမရှိသည့်အတွက် စက်တင်ဘာလ ၄ ရက်နေ့တွင်လည်းကောင်း၊ သြဂုတ်လ ၁၂ ရက်နေ့တွင် မြောင်းမြပါတီတာဝန်ခံများနှင့် ဗပာိုကော်မတီ ဝင်များ၏ ပါတီတွင်း ဒီမိုကရေစီမဲ့လုပ်ရပ်များနှင့် အာဏာရှင်ဆန်ဆန် ပြုမူဆက်ဆံမှုများကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်မှ NLD ပါတီဝင်အင်အား (၁၀၀)ခန့်မှလည်းကောင်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပါတီတွင်းဒီမိုကရေစီရရှိရေးအတွက် မြောင်းမြ NLD ပါတီဝင်များမှ NLD ပါတီအား ဆန္ဒပြမှုများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီဗပိာုရုံးချုပ်မှ စက်တင်ဘာလ ၃ ရက်နေ့တွင် ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူနှစ်ဦး ဖြစ်သည့် ဦးမြင့်ကျော်နှင့် ဦးဝင်ရွှေတို့နှစ်ဦးအား NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခဲ့သည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“စိတ်ကူးအတွေးမှ အရေးအပြော၊ အရေးအပြော ဆွေးနွေးညှိနှိုင်းမှုမှ ဆုံးဖြတ်ချက်မူဝါဒများကို တကယ်တိတိကျကျ လိုက်နာအကောင်အထည်ဖော်ဖို့ အတွက် ထိုဥပဒေများကို ပြည်သူတစ်ရပ်လုံးက လိုက်နာဆောင်ရွက်ပါမှ တရားဥပဒေစိုးမိုးရေး ဖြစ်မယ်။ တရားဥပဒေစိုးမိုးရေးရှိမှလည်း ဒီမိုကရေစီကို ရရှိကြမှာဖြစ်တယ်။ ပြည်သူ့ဆန္ဒသဘောထားမပါရှိသော အမိန့်ညွှန်ကြားချက်နှင့် ဥပဒေများသည် ဒီမိုကရေစီမဟုတ်။ အာဏာရှင်ဆန်သောစနစ် ဖြစ် သွားမယ်။ ဒါ့ကြောင့် ‘ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့တို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်’ဆိုတာ ဥပဒေပြုရေးမှာ အားလုံးပါဝင်ပြီး အများဆန္ဒနှင့်အညီ ဆောင်ရွက်ရခြင်းပဲဖြစ်တယ်”

စက်တင်ဘာ၂၀ရက်ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ (၃၀) အမှတ် (၅၈၇) တွင်ပါရှိသည့် “ပြည်သူ့ဆန္ဒမပါသော အမိန့်နှင့် ဥပဒေများသည် ဒီမိုကရေစီမဟုတ်၊ အာဏာရှင်စနစ်သာဖြစ်”သတင်းမှ သူရဦးရွှေမန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------------------------

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ရဲ့ အမေရိကခရီးစဉ်မှာ အမေရိကန်သမ္မတဟာ သမ္မတဦးသိန်းစိန်ရော၊ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်စလုံးနဲ့ တွေ့သင့်တယ်လို့မြင်တယ်။ အချိန်ရရင် ကျွန်တော့်အမြင် ဘားရက်အိုဘားမားဟာ နှစ်ယောက်စလုံးနဲ့ တစ်ပြိုင်နက် ဒုတိယအကြိမ် ပြန်တွေ့ရင် ပိုကောင်းမယ်ထင်ပါတယ်။ အဲဒါဟာ အမေရိကန်ရဲ့ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ အင်တိုက်အားတိုက် ပါဝင်တယ်ဆိုတာကို ပြသရာလည်းရောက်သလို တရုတ်နိုင်ငံကိုလည်း အမေရိကန်ရဲ့ အခန်းကဏ္ဍကို လှစ်ပြသလို ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် တွေ့သင့်တယ်လို့ ပြတ် ပြတ်သားသား ပြောတာပါ။ တစ်ယောက်တည်းကိုပဲတွေ့မယ်ဆိုရင်တော့ နိုင်ငံရေးချိန်ခွင်လျှာ ထိန်းညှိမှုကို ထိခိုက်မလားလို့ စိုးရိမ်ရတယ်”

စက်တင်ဘာ၂၀ရက်ထုတ် Weekly Elevenဂျာနယ် အတွဲ (၅) အမှတ် (၂၅)တွင်ပါရှိသည့် “မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေ”သတင်းမှ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်မှု ဆောင်းပါးများ ရေးသားသူ ဒေါက်တာ ရန်မျိုးသိမ်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------------------------

“ကချင်ပြည်နယ်ရဲ့ အနေအထားက နိုင်ငံရေးပြဿနာဖြစ်တယ်။ ဒါပေမယ့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းပဲနဲ့ စစ်ရေးအရ ဖြေရှင်းနေတော့ အနာတခြားဆေးတခြား ဖြစ်နေတယ်။ ကချင်ပြည်နယ်ဟာ ငြိမ်းချမ်းရေး ခိုင်ခိုင်မာမာရဖို့ဆိုတာ နိုင်ငံရေးအရ ဆွေးနွေးမှပဲရမယ်။ တိုက်ပွဲဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၊ ၆၀လောက်ကတည်းက ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ခဲ့တယ်။ အဲဒီလိုနည်းနဲ့ အဖြေရှာလို့မရခဲ့ဘူးဆိုတာလည်း ကျွန်တော်တို့အားလုံသိခဲ့တယ်။ ဒါကြောင့် အခုတိုက်ပွဲနဲ့ အဖြေမရှာဘဲနဲ့ နိုင်ငံရေးအရ ဆွေးနွေးခြင်းအားဖြင့် အဖြေရှာမှပဲ အဖြေကောင်းရမယ်”

စက်တင်ဘာ ၂၀ရက်ထုတ် Myanmar Independent News ဂျာနယ် အမှတ် (၁၉)တွင်ပါရှိသည့် “စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်(စဒက) လွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်နှင့် တွေ့ဆုံခြင်း”မှ ဦးခက်ထိန်နန်၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၀.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်ကို အိုဘားမားနှင့် အမေရိကန်ကွန်ဂရက် အတည်ပြု

(State Tribune မှ 19 Sept 2012ရက်စွဲပါ "Obama and congress appload Suu Kyi" သတင်းကို ဘာသာပြန်ဆိုသည်။ )

  1. ဝါရှင်တန်က မြန်မာသမ္မတနှင့် အောက်လွှတ်တော်ဥက္ကဋ္ဌတို့ အပေါ် Sanction များရုတ်သိမ်းပေး

(AFPသတင်းမှ 19 Sept 2012  ရက်စွဲပါ “US ends sanctions on Burma president , parliament speaker” သတင်းကို ဘာသာပြန်ဆို သည်)

  1. မြန်မာနိုင်ငံ၏ အပြောင်းအလဲများက အိန္ဒိယအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေး

(IANS မှ 18 September 2012 ရက်စွဲပါ “Changes in Myanmar open new opportunities for India” ကိုဘာသာပြန်ဆိုသည်)

************************************************************

ဒေါ်အောင်ဆန်းစုကြည်ကို အိုဘားမားနှင့် အမေရိကန်ကွန်ဂရက် ဂုဏ်ပြု

(State Tribune မှ 19Sept 2012ရက်စွဲပါ "Obama and congress appload Suu Kyi" သတင်းကို ဘာသာပြန်ဆိုသည်။ )

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဟူးနေ့က စိတ်လှုပ်ရှားဖွယ် အခမ်းအနားတွင် အမေရိကန် ကွန်ဂရက်၏ အမြင့် ဆုံး ဂုဏ်ပြုဆုကို လက်ခံရယူပြီးနောက် သမ္မတအိုဘားမားနှင့် သီးသန့်တွေ့ဆုံခဲ့ခြင်းသည် တစ်ချိန်က တံခါးပိတ် အပယ်ခံ မြန်မာနိုင်ငံနှင့် အမေရိကန် ပြည် ထောင်စု၏ ဆက်ဆံရေး အနှစ်က တစ်ဆစ်ချိုးအပြောင်းအလဲ တိုးတက်လာခြင်းကို ပြသလျက်ရှိသည်။

အိုးဘားမား အစိုးရသည် တနင်္လာနေ့က ၁၇ရက်ခရီးစဉ် ရောက်ရှိလာသော နိုင်ငံရေး အကျဉ်းသားဟောင်း ၊ဒီမိုကရေစီ ခေါင်းဆောင်ကို ဂုဏ်ပြု ကြိုဆိုရုံတင် မကဘဲ သူမ၏ တိုက်တွန်းမှုဖြင့် မြန်မာခေါင်းဆောင်များအပေါ် sanctionများ ရုတ်သိမ်းပေးရန် ချစ်ကြည်ရင်းနှီးမှု စိတ်ရင်းကိုပါ ပြသခဲ့သည်။

မြန်မာခေါင်းဆောင် နှစ်ဦးဖြစ်သော သမ္မတဦးသိန်းစိန်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့သည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် လူ့အခွင့်အရေးကို အားပေးရန် ခိုင်မာသော ဆောင်ရွက်ချက်များ ကိုပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံကို ဖိနှိပ်အုပ်ချုပ်သူ အာဏာရှင် စနစ်မှ လမ်းခွဲကာ ဒီမိုကရေ စီနှင့် လူ့အခွင့်အရေးဆီသို့ ဦးတည်မောင်းနှင် လျက်ရှိခြင်းကြောင့် အရေးယူဒဏ်ခတ်မှု စာရင်းမှ ပယ်ဖျက်ရခြင်း ဖြစ်သည်ဟု အကြမ်းဖက်မှုနှင့် ငွေကြေးစုံ စမ်း ထောက်လှမ်းမှု ဆိုင်ရာဌာန အတွင်းဝန် ဒေးဗစ်ကိုဟင်က ထုတ်ပြန်ကြေညာခဲ့သည်။

ယခင်တပ်မတော် အစိုးရဟောင်း လက်ထက် အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသော  မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သော ဧပြီလက ကြားဖြတ်ရွေးကောက်ပွဲ တွင် အနိုင်ရကာ လွှတ်တော် ကိုယ်စားဖြစ်လာ ခဲ့ပြီးနောက်တွင် ဝါရှင်တန်က ယခင်အရေးယူ ထားသော sanctionများကို စတင်ဖြေလျှော့ပေးခဲ့ပြီး မြန်မာနိုင်ငံ၌ အမေရိကန်တို့ ရင်းနှီးမြှုပ်နှံခြင်းကိုလည်း ခွင့်ပြုပေးခဲ့သည်။

၂၀၀၈ခုနှစ် အကျယ်ချုပ် ထိန်းသိမ်းခံကာလက မျက်ကွယ်တွင် ချီးမြှင့်ခံရသော ကွန်ဂရက်ရွှေတံဆိပ် ဆုကို ယခုနောက်ဆုံး ကိုယ်တိုင် လက်ခံရယူ ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်က  "မိတ်ဆွေတွေကြားထဲမှာ ကျွန်မရောက်နေတယ်ဆိုတဲ့ အသိနဲ့ကျွန်မ ဒီနေရာမှာ ရပ်နေပါတယ်" ဟု ကတ်ပီတို အဆောက် အဦတွင် ပြောကြားခဲ့သည်။

"အခုလို ဂုဏ်ပြုချီးမြှင့်မှုဟာ ကျွန်မနှစ်ပေါင်းများစွာ စောင့်စားခဲ့ရတဲ့ အခိုက်အတန့်ပါပဲ"ဟု သူမက ဆိုသည်။သူမနှင့် ဒီဇင်ဘာလက ရန်ကုန်မြို့ နေအိမ်တွင် တွေ့ဆုံခဲ့သော နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကလည်း "ရုပ်ပြခေါင်းဆောင်အဖြစ်မှ နိုင်ငံရေးသမား ခေါင်းဆောင်အဖြစ်သို့ ကူးပြောင်းလာခြင်း ၊အရပ်ဖက် လူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီ အပြောင်းအလဲကို ကူညီဖန်တီးရန်အတွက် ယခင်က သူမကို ဖမ်းဆီးထိန်းသိမ်းခဲ့သူများနှင့် လိုလိုလားလား အတူတကွ လုပ်ကိုင်နေခြင်း"တို့အတွက် အားပေးဂုဏ်ပြု ချီးကျူးစကား ဆိုခဲ့သည်။

ဆီးနိတ်လွှတ်တော် အမတ်ခေါင်းဆောင် မစ်ခ်ျမက်ကောနဲလ် ကလည်း "ဒေါ်အောင်ဆန်းစုကြည်၏ ရဲရင့်မှုဇာတ်လမ်းသည် အမှန်တကယ်ဖြစ် ကြောင်း ယုံရခက်လောက်အောင်ပင် အင်အားပြည့်ဝ လွန်းပေသည်"ဟု ဂုဏ်ပြုတင်စား လိုက်သည်။ "ဒီကနေ့ဟာ အချိန်အကြာကြီး စောင့်စားခဲ့ရတဲ့ ကတ်ပီတိုရဲ့ တကယ့်နေ့ထူး နေ့မြတ်ပါပဲ"ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ဂုဏ်ပြုသူ သမ္မတကတော်ဟောင်း လော်ရာဘုရှ်ကလည်း "ကမ္ဘာကြီးရဲ့ သမိုင်းဟာ မျှော်လင့်ချက် အပြည့် နဲ့ ဦးတည်နေတယ် ဆိုတာကို တောင်အာဖရိက၊ အရှေ့ဥရောပ တို့က ဖြစ်စဉ်တွေနဲ့ တူညီတဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုကို ပြသနေပါတယ်၊ ဖိနှိပ်ခြိမ်း ခြောက်မှု အားကိုးနဲ့ တည်ဆောက်ထားတဲ့ အစိုးရမှန်သမျှဟာ သောင်ပြင်ပေါ်က သဲပွင့်အိမ်တွေပါ"ဟုပြောကြားသွားသည်။

ကယ်ပီတို ဆုချီးမြှင့်ပွဲ အခမ်းအနား အပြီးတွင် အိမ်ဖြူတော် ဘဲဥပုံရုံးခန်း၌ သမ္မတအိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံဆွေး နွေး ခဲ့ကြသည်။

သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်ဟာ သူမနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ပြည်သူ့အရေးအတွက် အထင်ကရ မီးပြတိုက်လို  မီး အိမ်ရှင်လို ဖြစ်နေတဲ့ ပုဂ္ဂိုလ်လို့ ရှုမြင်ထားပါတယ်"ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနီက ပြေကြားသည်။

---------------------------------------------------------------------------------------------------------------------

ဝါရှင်တန်က မြန်မာသမ္မတနှင့် အောက်လွှတ်တော်ဥက္ကဌ အပေါ် Sanction များရုတ်သိမ်းပေး

(AFP   သတင်းမှ19 sept 2012   ရက်စွဲပါ “US ends sanctions on Burma president , parliament speaker” သတင်းကိုဘာသာပြန်ဆိုသည်)

ဝါရှင်တန်သို့ ရောက်ရှိနေသော မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီး နောက်တစ်နေ့တွင် အမေရိကန် ပြည်ထောင်စုက မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အောက်လွှတ်တော် ဥက္ကဌ ဦးရွှေမန်းတို့အပေါ် sanctionsများ ရုတ်သိမ်းပေး လိုက်သည်။

အကြမ်းဖက်မူ၊ မူးယစ်ဆေးဝါးမူ၊ တရားမဝင် လှုပ်ရှားမူများနှင့် ဆက်စပ်မူဖြင့် လူပုဂ္ဂိုလ်များ၊ ကုမ္မဏီများအပေါ် အထူးပစ်မှတ်ထား၍ ဒဏ်ခတ်ထား သော စာရင်းမှ မြန်မာအစိုးရ ခေါင်းဆောင်နှစ်ဦးစလုံး၏ အမည်ကို အမေရိကန် ဘဏ္ဍာရေးဌာနက တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိဘဲ ပယ်ဖျက်ပေးခြင်း ဖြစ်သည်။

ဦးသိန်းစိန်က ဝန်ကြီးချုပ် ၊ဦးရွှေမန်းက ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ကြသော တပ်မတော် အစိုးရဟောင်းအပေါ် ဝါရှင်တန်က ဖိအားပေး ခဲ့စဉ်ကာလ ၂၀၀၇ခုနှစ်တွင် အဆိုပါ အထူးပစ်မှတ်ထား ဒဏ်ခတ်သူများ စာရင်း SDN Listတွင် မြန်မာခေါင်းဆောင် နှစ်ဦးစလုံး ပါဝင်ခဲ့သည်။

ယင်းတပ်မတော် အစိုးရ လက်ထက်က ၁၅နှစ်ခန့် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထား ရပြီးနောက်၊ ယခုအမေရိကန် ပြည်ထောင်စုသို့ သမိုင်းဝင် အလည်အပတ်ခရီး ရောက်ရှိနေသော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံပေါ် Senctionsများ ဆက်လက် ဖြေလျှော့ပေးရန် တိုက်တွန်းထားသည်။

အင်္ဂါနေ့က ဝါရှင်တန် Asia Society တွင်စကားပြောကြားရာ၌ ဒေါ်အောင်ဆန်စုကြည်က “ကျွန်မတို့ ပြည်သူတွေဟာ ကိုယ့်ကြမ္မာကို ကိုယ်တိုင် တာဝန်ယူ ဖန်တီးဖို့ စလုပ်နိုင်ကြပြီလို ကျွန်မယူဆတယ်။ ပြင်ပအကူအညီတွေနဲ့ Sanctionsတွေကို အလွန်အကျွံ အားကိုနေလို့ မရပါဘူး”ဟု ပြောကြားခဲ့ သည်။

ပြီးခဲ့သော လပိုင်းက တရားဝင် လွှတ်တော်အမတ် ဖြစ်လာသူ ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ကို “ပြောင်းလဲလိုသူ”ဟု ယုံကြည်ကြောင်း၊ သို့ သော် တရားစီရင်းရေး စနစ်သည် ပြုပြင်ပြောင်းလဲမူ၏ အားနည်းလွန်းနေသော အပိုင်းဖြစ်နေကြောင်း ရှင်းလင်းပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်သို့ ထွက်ခွါကာနီးတွင် မြန်မာအာဏာပိုင်များက နိုင်ငံရေး အကျဉ်းသား ၈၇ဦးကို ထမ်မံလွှတ်ပေးခဲ့သည်။ ယခုကဲ့ သို့ လွှတ်ပေးခြင်းသည် လာမည်အပတ် ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ် မတိုင်မ အပြကောင်းသည့် ဆောင်ရွက်ချက် တစ်ခုဖြစ်ပြီး ၊ယခင်အကြီးကဲ ဟောင်း၏ အိုင်ဒီယာ လက်စလက်န ဖြစ်သည်ဟု အကဲခတ် လေ့လာသူများက မှတ်ချက်ပေးကြသည်။

------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ၏ အပြောင်းအလဲများက အိန္ဒိယအတွက် အခွင့်အလမ်းသစ်များဖန်တီးပေး

(IANS မှ 18 September 2012 ရက်စွဲပါ Changes in Myanmar open new opportunities for India ကိုဘာသာပြန်ဆိုသည်)

လတ်တလော မြန်မာနိုင်ငံတွင်း အပြောင်းအလဲများက အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေး မြှင့်တင်နိုင်ရေးအတွက် အခွင့်အလမ်းသစ်များကို ဖန်တီး လိုက်ပြီ ဖြစ်ကြောင်း ပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

"လတ်တလော မြန်မာပြည်က အပြောင်းအလဲတွေက အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်နိုင်ရေးအတွက် အခွင့်အလမ်းသစ် တွေကို ဖန်တီးပေးပါတယ်" ဟု အိန္ဒိယနိုင်ငံ ကမ္ဘာ့ရေးရာကောင်စီမှ ဒါရိုက်တာ Rajeev Bhatia က "အိန္ဒိယ-မြန်မာ ဆက်ဆံရေးနှင့် အိန္ဒိယ အရှေ့ မြောက် ပိုင်း ဒေသဖွံ့ဖြိုးရေး"ဆိုင်ရာ ဆွေးနွေးပွဲ၌ ပြောကြားသည်။

အရှေ့မြောက်ပိုင်း ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းရေး ကိစ္စဖြစ်ပြီး အိန္ဒိယ-မြန်မာ ချစ်ကြည်ရင်းနှီးမှုမှာ သီးခြား အရေးကိစ္စ တစ်ခုဖြစ်ကြောင်း၊ နှစ်နိုင်ငံစလုံးက အပြန်အလှန် ချိတ်ဆက်လုပ်နိုင်မည် ဆိုပါက အကျိုးအမြတ်များကို အချိန်ကာလ ကြာမြင့်စွာ တိုးမြှင့်ခံစား ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဆွေးနွေးပွဲကို ကိုးလ်ကတ္တား အခြေစိုက် အိန္ဒိယအရှေ့နှင့် အရှေ့မြောက်ပိုင်း ဒေသဆိုင်ရာ လေ့လာရေးစင်တာနှင့် နယူးဒေလီ အခြေစိုက် အိန္ဒိယနိုင်ငံ ကမ္ဘာ့ရေးရာ ကောင်စီတို့ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ ဆွေးနွေးပွဲတွင် အငြိမ်းစား ဗိုလ်ချုပ်ကြီးShankar Roy Chowdhuryက မိန့်ခွန်းပြော ကြားသည်။ ယင်းဆွေးနွေးပွဲသို့ အစိုးရအရာရှိများ၊ စီးပွားရေး ခေါင်းဆောင်များ၊ ပညာရှင်များ၊ ကျောင်းသားများ စုစုပေါင်း ၂၀၀ကျော်တက်ရောက် ခဲ့ကြ သည်။ ထို့ပြင်ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေး သူများက အိန္ဒိယပြည်၏ အရှေ့မျှော်ပေါ်လစီကို မြှင့်တင်ကာ အရှေ့မြောက်ပိုင်း ဒေသဖွံ့ဖြိုးရေး မည်သို့မည်ပုံ ဆောင်ရွက်နိုင်မည်၊ အရှေ့တောင် အာရှဒေသနှင့် ကောင်းမွန်သော ချိတ်ဆက်မှုရှိအောင် မည်သို့လုပ်ဆောင်မည်ဟူသေအချက်တို့ကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်

******************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive