Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၂.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. အမေရိကန်ခရီးစဉ်၌ သမ္မတထက် ဒေါ်အောင်ဆန်းစုကြည် ပိုမိုထင်ပေါ်မည်ကို မစိုးရိမ်ဟု မြန်မာတာဝန်ရှိ သူပြော ကြား

Reuters News မှ 21Sept 2012 ရက်စွဲပါ “Myanmar says not worried Suu Kyi upstaging president on U.S visit” သတင်းကိုဘာသာပြန်ဆိုသည်။

  1. ဒေါ်အောင်ဆန်းစုကြည် ကွန်ဂရက် ရွှေတံဆိပ်ဆု လက်ခံရယူမည့် သတင်းကိုနိုင်ငံပိုင်ရုပ်သံ ရှားရှားပါးပါး ထုတ်လွှင့်

(The Washington Post မှ 20Sept 2012ရက်စွဲပါ “Myanmar State broadcaster shows 1st overseas views of Suu Kyib as she receives US medal” သတင်းကိုဘာသာပြန်ဆိုသည်။)

  1. ပတ်စ်ပို့ရတော့မည်ဟု ဒီမိုကရေစီလှုပ်ရှားသူများဆို

(Associated Press မှ 19 Spt,2012ရက်စွဲပါ “Myanmar Activist say they will get passports” သတင်းကို ဘာသာပြန်ဆိုသည်)

************************************************************

ဘာသာပြန်သတင်းများ

အမေရိကန်ခရီးစဉ်၌ သမ္မတထက် ဒေါ်အောင်ဆန်းစုကြည် ပိုမိုထင်ပေါ်မည်ကို မစိုးရိမ်ဟု မြန်မာတာဝန်ရှိ သူ ပြောကြား

Reuters News မှ 21Sept 2012 ရက်စွဲပါ “Myanmar says not worried Suu Kyi upstaging president on U.S visit” သတင်းကိုဘာသာပြန်ဆိုသည်။

သမ္မတဦးသိန်းစိန်နှင့်  အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးသည် တောင်အာဖရိကမှ  ဒီကလပ်နှင့် နယ်ဆင်မဲန်လ်ဒဲလား တို့ ကဲ့သို့ ဒီမိုကရေစီအတွက် အတူလုပ်ဆောင် နေကြခြင်းကြောင့် ယခုအမေရိကန် ခရီးစဉ် တိုက်ဆိုင်မှုတွင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတထက်ပိုမို ထင်ပေါ်မည်ကို စိုးရိမ်ပူပန်ခြင်း မရှိပါဟု မြန်မာအစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဒီမိုကရေစီ လှုပ်ရှားမှုများအတွက် ယခုတစ်ပတ် ဝါရှင်တန်တွင် ကွန်ဂရကရွှေတံဆိပ်ဆု လက်ခံယူခဲ့သော ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင် ဆန်းစုကြည်အပေါ် မြန်မာအစိုးရက များစွာဂုဏ်ယူသည်ဟု သမ္မတရုံး ဝန်ကြီးဦးအောင်မင်းက သောကြာနေ့တွင် ပြောကြားလိုက်သည်။

၁၇နှစ်တာ အကျယ်ချုပ်ကာလအတွင်း စစ်အစိုးရကို ငြိမ်းချမ်းစွာ ဆန့်ကျင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် လတ်တလော အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေပြီး သမ္မတဦးသိန်းစိန်သည်လည်း ကုလသမဂ္ဂ  အထွေထွေညီလာခံ တက်ရောက်ရန် ကြာသပတေးနေ့တွင် နယူရောက်သို့ ရောက်ရှိမည် ဖြစ်သည်။

နယူယောက်မြို့ ကုလသမဂ္ဂ အဆောက်အဦးတွင် ဦးအောင်မင်းက “ကျွန်တော်တို့ ဒီကိစ္စအတွက် မစိုးရိမ်ပါဘူး။”ဟု သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် တွေ့ဆုံရန် ကုလသမဂ္ဂသို့ လာရောက်စဉ် “သူမနှင့်ဦးသိန်းစိန်တို့ အတူတကွ လုပ်ကိုင်ဆောင်ရွက် သွားနိုင်ရန် လေ့လာသင်ယူ လျက်ရှိသည်” ဟုပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာစွန့်ပြီး နောက် အာဏာလွှဲပြောင်း ယူခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း သမ္မတသစ်သည် နိုင်ငံရေးအကျဉ်းသား ၆၅၀ဦးကို လွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာ ဖျက်သိမ်းခြင်း၊ စီးပွားရေး ဖြေလျှော့ပြောင်းလဲခြင်း အပါအဝင် အပြောင်းအလဲများကို တောက်လျှောက်မောင်းနှင် ခဲ့သောကြောင့် နိုင်ငံတကာက ချီးကျူးခြင်းကို ခံယူရရှိနေသည်။

“ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်အားလုံးကို သမ္မတကြီး တစ်ယောက်တည်း မလုပ်နိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းနဲ့ လည်း အရာရာပြီးမြောက် လိမ့်မယ်လို့ မထင်ပါဘူး။ ဒါ့ကြောင့် သူတို့နှစ်ဦး အတူတကွ လုပ်ဆောင် သွားကြမှာပါ။ တောင်အာဖရိက ဒီမိုကရေစီ ဖြစ်စဉ်ကို ကြည့်မယ် ဆိုရင်လည်း မစ္စတာ မင်ဒဲလားနဲ့ မစ္စတာဒီကလပ်တို့ အတူတကွ လုပ်ကိုင်အောင်မြင် ခဲ့ကြတယ် မဟုတ်လား”ဟု ဦးအောင်မင်းက ပြောကြား သည်။

တောင်အာဖရိက နိုင်ငံ၏ အသားအရောင် ခွဲခြားအုပ်ချုပ်မှုခေတ် နောက်ဆုံးသမ္မတ အက်ဖ်ဒဗလျူ ဒီကလပ်သည်သည် ၁၉၉၀တွင် နယ်လဆင်မင် ဒဲလားကို အကျဉ်းထောင်မှ လွှတ်ပေးကာ လွတ်လပ်သော၊ အသားအရောင် မခွဲခြားသော ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ခြင်းကြောင့် ၁၉၉၄ခုနှစ်တွင် မင်ဒဲလား နှင့်အတူ ငြိမ်းချမ်းရေး နိုဗယ်ဆုကို ပူးတွဲရရှိခဲ့သည်။ မင်ဒဲလားသည် ၁၉၉၄ခုနှစ်တွင် တောင်အာဖရိက၏ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာ ခဲ့ သည်။

လူ့အခွင့်အရေးရဲ့ သင်္ကေတ

မြန်မာနိုင်ငံတွင် ၁၉၆၂ခုနှစ်က စတင်အုပ်ချုပ်ခဲ့သော စစ်ဗိုလ်ချုပ်များကို ဆန့်ကျင်သော ဒီမိုကရေစီ ဆန္ဒပြပွဲများ ၁၉၈၈တွင် ဖြစ်ပွားခဲ့ပြီးနောက် ၁၉၉၀တွင် ကျင်းပသော ရွေးကောက်ပွဲတွင် ဒေါ်အာင်ဆန်းစုကြည်၏ NLDပါတီသည် အနိုင်ရရှိခဲ့သော်လည်း စစ်ဗိုလ်ချုပ်ကြီးများက အာဏာလွှဲပေးရန် ငြင်း ဆန်ခဲ့သည်။ ထို့နောက်နှစ် ၂၀အကြာ ၂၀၁၀ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပြီး ယခုနှစ်ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ တွင် လွှတ်တော်အမတ် ဖြစ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လူ့အခွင့်အရေး၏ သင်္ကေတဟု ဘန်ကီမွန်းက သောကြာနေ့တွင် အမွှန်းတင် ပြောဆိုခဲ့သည်။ သူမသည် ၁၉၇၀ခုနှစ် များက ကုလဝန်ထမ်းအဖြစ် အမေရိကန် ပြည်ထောင်စုတွင် နေထိုင်ခဲ့ဖူးသည်။

အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက “ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေး တည်ငြိမ်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လမ်းကြောင်းပေါ်မှာ အတူတကွ လုပ်ကိုင်နေကြတဲ့အတွက် သူတို့ကိုဂုဏ်ပြုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်လက် ထောက်ခံ အားပေးမှုကိုလည်း ကျွန်တော်တကယ် အားကိုးပါတယ်” ဟုပြောကြားသည်။

ဦးသိန်းစိန်ထက် ပိုမိုထင်ပေးခြင်း အတွက် စိုးရိမ်မှုရှိသလားဟု မေးမြန်းသောအခါ သူမက “ကျွန်မတို့ဟာ အကျိုးတူပန်းတိုင်ကို ဦးတည်ပြီး လုပ်ကိုင် နေတာပါ၊ မြန်မာနိုင်ငံအတွက် စစ်မှန်တဲ့  ဒီိမိုကရစီကို ကျွန်မတို့အားလုံး လိုချင်တယ်ဆိုရင် ပြည်တွင်းမှာဖြစ်စေ၊ ပြည်ပမှာဖြစ်စေ ကိုယ်ရေးကိုယ် တာ ခံစားချက်တွေ ထည့်မစဉ်းစားပဲ၊ အတူတကွ လုပ်ကိုင်နိုင်ကြဖို့ သင်ယူလေ့လာ ရပါလိမ့်မယ်”ဟု ရှင်းလင်းပြောကြားသည်။

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် sanctionsများ ဆက်လက်ရုတ်သိမ်း ပေးနေခြင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်မင်းတို့ က ကြိုဆိုကြသည်။

“Sanctionsတွေ ရုတ်သိမ်းပေးနေတဲ့အတွက် ဝမ်းသာမိပါတယ်၊ အခုအချိန်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ကူးပြောင်းမှုအတွက် မြန်မာပြည်သူတွေ ကိုယ်တိုင်တာဝန်ယူ ကြရမယ့်အချိန်ပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဝန်ကြီး ဦးအောင်မင်းကလည်း “သမ္မတကြီးသည် အမေရိကန်ရောက် မြန်မာအသိုင်းအဝိုင်းနှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတည်ဆောက်ရေးတွင် ပါဝင် ကူညီဖို့ ပြန်လာကြရန် အားပေးတိုက်တွန်း လိမ့်မည်”ဟု ပြောကြားသွားခဲ့သည်။

---------------------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည် ကွန်ဂရက် ရွှေတံဆိပ်ဆု လက်ခံရယူမည့် သတင်းကိုနိုင်ငံပိုင်ရုပ်သံ ရှားရှားပါးပါး ထုတ်လွှင့်

(The Washington Post မှ 20Sept 2012ရက်စွဲပါ “Myanmar State broadcaster shows 1st overseas views of Suu Kyib as she receives US medal” သတင်းကိုဘာသာပြန်ဆိုသည်။)

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြား ခရီးစဉ် သတင်းကို မြန်မာနိုင်ငံပိုင် ရုပ်သံက ပထမဆုံးကြိမ် ထုတ်လွှင့်လိုက်ပြီ ဖြစ် သည်။

ဝါရှင်တန် ကတ်ပီတို အဆောက်အဦး၌ အမေရိကန် ရွှေတံဆိပ်ဆု လက်ခံရယူနေသော သူမကို ကြာသပတေးနေ့ည နိုင်ငံပိုင် ရုပ်သံသတင်းတွင် ပြသခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်းနှစ်ဆယ်နီးပါး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံနေရခြင်းမှ လွတ်မြောက်လာပြီး နောက်ပိုင်းသွားရောက် သော ပြည်ပခရီးစဉ်များတွင် ဒီမိုကရေစီ သူရဲကောင်း တစ်ဦးအဖြစ် ကြိုဆိုဂုဏ်ပြုခြင်း ခံရသည်။ သူမသည် ဇွန်လက ဥရောပခရီးစဉ်တွင် ငြိမ်းချမ်းရေး နိုဗယ် ဆုကို ကိုယ်တိုင်လက်ခံ ရယူခဲ့ပြီး ဗြိတိန်ပါလီမန်တွင် မိန့်ခွန်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး အစိုးရသစ် မနှစ်က အာဏာရလာသည့်တိုင်အောင် နိုင်ငံပိုင် မီဒီယာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို အရေးတယူ ဖော်ပြခဲ့ခြင်း မရှိခဲ့ပါ။ ကြာသပတေးနေ့ညက  ရှားရှားပါးပါး ထုတ်လွှင့်မှုတွင် “ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်အား ပြုပြင်ပြောင်း လဲရေး အစပျိုးခြင်းအတွက် ချီးကျူးကြောင်း” ဖော်ပြထားသည်။

ကွန်ရက် ဂုဏ်ပြုဆု လက်ခံရယူမှု သတင်းများသည် နောက်ကျသောကြောင့် ကြာသပတေးနေ့ သတင်းစာတွင် ပါဝင်မည်မဟုတ်ပဲ သောကြာနေ့ ထုတ် သတင်းစာတွင် ပါဝင်လိမ့်မည်ဟု ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် အားနိုင်ငံတကာ အသိုင်းအဝိုင်းက ခြိမ့်ခြိမ့်သဲ ဂုဏ်ပြုကြိုဆို ကြသည့် သတင်းများကို မနာလို မရှုစိတ် ဖြစ်နေ ကြသူ ပုဂ္ဂိုလ်မြောက်များစွာ အုပ်ချုပ်ရေး ဗျူရိုကရေစီ ယန္တရားအတွင်း၌ ရှိနေသည်ဟု ပြည်တွင်းမှ အကဲခတ် လေ့လာသူများက မှတ်ချက်ပေး ပြောဆိုထား သည်။

---------------------------------------------------------------------------------------------------------------------

ပတ်စ်ပို့ရတော့မည်ဟု ဒီမိုကရေစီ လှုပ်ရှားသူများဆို

(Associated Press မှ 19 Spt,2012ရက်စွဲပါ “Myanmar Activist say they will get passports” သတင်းကို ဘာသာပြန်ဆိုသည်)

လအတန်ကြာ လျှောက်ထားခဲ့သောလည်း ယခုတိုင်မရသေးဟု စောဒကတက် ခဲ့ကြသူ ဒီမိုကရေစီ လှုပ်ရှားသူများအား ပတ်စ်ပို့များ ထုတ်ပေးရန် မြန်မာ အစိုးရက သဘောတူလိုက်ပြီ ဖြစ်သည်။

လွန်ခဲ့သော ငါးလခန့်က မိမိတို့အဖွဲ့ဝင် ၁၆ဦးတင်ထားခဲ့သော ပတ်စ်ပို့လျှောက်လွှာများကို ခွင့်ပြုလိုက်ပြီ ဟု ရဲတပ်ဖွဲ့က အကြောင်းကြားခဲ့ကြောင်း ဒီမိုကရေစီ လှုပ်ရှားသူ ကိုစိုးထွန်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ရရှိရန်ပုံမှန်အားဖြင့် ၃ပတ်ခန့်ကြာမြင့်သည်။ ပတ်စ်ပို့ရရှိထားပြီးသူ အဖွဲ့ဝင်သုံးဦးက ၎င်းတို့လုပ်ဖော်ကိုင် ဖက် များ၏ လျှောက်လွှာများ ကြန့်ကြာနေရခြင်းကို ပြီးခဲ့သော  အပတ်က လူသိရှင်ကြားထုတ်ဖော် ပြောကြားခဲ့သည်။

အစိုးရ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် နိုင်ငံရေး အကျဉ်းသား၉၀ခန့် လွတ်မြောက်လာပြီး နှစ်ရက်အကြာတွင် ယခုကဲ့သို့ ဒီမိုကရေစီ လှုပ်ရှား သူများ၏ ပတ်စ်ပို့ကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေး အုပ်စုများက “နိုင်ငံရေး အကျဉ်းသားဟောင်း အများစုမှာ ပတ်စ်ပို့လျှောက်၍ မရကြောင်းနှင့် အကျဉ်းထောင်ထဲတွင် နိုင်ငံရေး အ ကျဉ်းသား ရာဂဏန်း ကျန်ရှိနေသည်ဟု ယုံကြည်ရကြောင်း” ထောက်ပြပြောဆိုထားသည်။

ပြီးခဲ့သော အပတ်က လွတ်ငြိမ်းချမ်းခွင့် ကြေညာမှုသည် ကုလအထွေထွေ ညီလာခံတက်မည့် သမ္မတ ဦးသိန်းစိန်၏  အမေရိကန် ခရီးစဉ် မတိုင်မီ ထုတ်ပြန်သော လူထုဆက်ဆံရေး သရုပ်ပြကွက် တစ်ခုဖြစ်သည်ဟု နိုင်ငံရေး လှုပ်ရှားသူများက စွပ်စွဲပြောဆိုကြသည်။

ထို့ပြင် ဦးသိန်းစိန် အမေရိကန်သို့ မသွားမီ တရုတ်နိုင်ငံသို့ ဝင်ရောက်ခြင်းသည် တရုတ်ခေါင်းဆောင်များကို နှစ်သိမ့်ရုံမကဘဲ အမေရိကန်တို့ထံမှ အခွင့်အရေး များများပိုရရန် ကြိုတင်အချက်ပြခြင်းဖြစ်ပြီး ဦးသန်းရွှေ အသုံးပြုနေကျ တစ်ချက်ခုတ် သုံးလေးချက်ပြတ်သော အကွက်ဖြစ်သည်ဟု မြန်မာ့နိုင်ငံ ရေးနောကျေသူ အကဲခတ်များက မှတ်ချက်ပေးကြသည်။

******************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၁.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. House က မြန်မာနိုင်ငံသို့ ငွေကြေးထောက်ပံ့မှုပြုခြင်းကို ကန့်သတ်သည့် ဥပဒေဖြေလျှော့ရန် ထောက်ခံ

(20 September 2012 ရက်စွဲပါ The Washington Post မှ House approves bill to ease restrictions on US aid to Myanmar through development banks ကိုဘာသာပြန်ဆိုသည်)

  1. Xi Jinping က နယ်မြေအငြင်းပွားမှုအတွက် ဂျပန်အားသတိပေး

(19 September 2012 ရက်စွဲပါ BBC News မှ Xi Jinping warns Japan over East China Sea dispute ကိုဘာသာပြန်ဆိုသည်)

************************************************************

House က မြန်မာနိုင်ငံသို့ ငွေကြေးထောက်ပံ့မှုပြုခြင်းကို ကန့်သတ်သည့် ဥပဒေဖြေလျှော့ရန် ထောက်ခံ

(20 September 2012 ရက်စွဲပါ The Washington Post မှ House approves bill to ease restrictions on US aid to Myanmar through development banks ကိုဘာသာပြန်ဆိုသည်)

အမေရိကန်ကွန်ဂရက်၏ အကြီးဆုံးအစိတ်အပိုင်းဖြစ်သော House of Representatives(အောက်လွှတ်တော်) သည် မြန်မာနိုင်ငံအပေါ် အမေရိ ကန် အကူအညီများပေးခြင်းကို ကန့်သတ်ထားသည့် အရေးယူမှု ဥပဒေတစ်ခုကို ဖြေလျှော့ပေးရန် သဘောတူ ထောက်ခံလိုက်သည်။

အဆိုပါ ဥပဒေ ဖြေလျှော့ရန် ကိစ္စကို ဆီးနိတ်တွင် အတည်ပြုရန် ကျန်ရှိနေသေးပြီး ဖြေလျှော့ပြီးပါက အမေရိကန် အနေဖြင့် မြန်မာနိုင်ငံသို့ ကမ္ဘာ့ ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)တို့မှ တစ်ဆင့် ငွေကြေးအကူအညီများ ပေးနိုင်မည်ဖြစ်သည်။

အမေရိကန်သည် မြန်မာနိုင်ငံမှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို ဆုလဒ်ပေးသည့် အနေဖြင့် ၎င်း၏ တင်းကြပ်သော စီးပွားရေးအရ အရေးယူမှုများကို ပြန်လည် ရုပ်သိမ်းလျက်ရှိသည်။

Houseသည် အဆိုပါ ခြေလျှော့မှုကို စက်တင်ဘာလ ၁၉ ရက်နေ့က အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ကွန်ဂရက်က အတိုက်အခံ ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အား အမြင့်ဆုံး ဂုဏ်ပြုဆု ပေးအပ်ခဲ့ပြီး နာရီပိုင်း အကြာတွင် ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ခရီးစဉ်အတွင်း ကျန်ရှိသည့် အရေးယူမှုများ ဖြေလျှော့ရန် ထောက်ခံခဲ့သည်။

လက်ရှိအားဖြင့် မြန်မာနိုင်ငံအား ငွေချေးရန် အမေရိကန်က ဗီတိုဖြင့်ခွင့်ပြုနေရသည်။ မြန်မာနိုင်ငံသည် အဆိုပါဘဏ်များသို့ပေးရန်ရှိသည့် ကြွေးမြီ များ ကိစ္စရှင်းလင်းမှသာ ငွေချေးခြင်းများ ပြန်လည်ပြုလုပ် နိုင်မည်ဖြစ်သည်။

---------------------------------------------------------------------------------------------------------------

Xi Jinping က နယ်မြေအငြင်းပွားမှုအတွက် ဂျပန်အားသတိပေး

(19 September 2012 ရက်စွဲပါ BBC News မှ Xi Jinping warns Japan over East China Sea dispute ကိုဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏ လုပ်ရပ်အပေါ် ထိန်းချုပ်သင့်ပြီး၊ တရုတ်၏  အချုပ်အခြာအာဏာကို ထိပါးနေမှုအား ရပ်တန်းကရပ်သင့်သည်ဟု အနာ ဂတ် တရုတ်ခေါင်းဆောင်ဖြစ်လာမည့် Xi Jinping ကသတိပေး ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်သည်။

၎င်း၏ မှတ်ချက်များမှာ အရှေ့တရုတ် ပင်လယ်ပြင်ရှိ အငြင်းပွား ကျွန်းစုများကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံတွင် ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပုဂ္ဂလိက ပိုင်ရှင်များထံမှ ကျွန်းများကို တိုကျိုအစိုးရက ဝယ်ယူမှုသည် တရားမျှတမှုမရှိဘဲ ရယ်စရာကောင်းသည့် လုပ်ရပ်ဖြစ်သည်ဟု မစ္စတာ Xi Jinpingက ပြောကြားကြောင်း Xinhua သတင်းဌာနက ဖော်ပြသည်။

အဆိုပါ လုပ်ရပ်ကြောင့် တရုတ်နိုင်ငံ တစ်ဝန်းတွင် ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည်။ စက်တင်ဘာလ ၁၈ရက်နေ့(အင်္ဂါနေ့)က တရုတ်အရှေ့မြောက်သို့ ၁၉၃၁ခုနှစ်က ဂျပန်ဝင်ရောက်သော နှစ်ပတ်လည်နေ့ဖြစ်ရာ တင်းမာမှုများ မြင်တက်လျက်ရှိစဉ် အချို့သော ဂျပန်ဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများ တိုက် ခိုက်ခံခဲ့ရသည်။

ဘေဂျင်းမြို့တော်ရှိ ဂျပန်သံရုံးရှေ့တွင် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် ဂျပန်ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြရာ အဓိကရုဏ်း နှိမ်နင်းရေး ရဲများက တန်းစီစောင့်ဆိုင်း နေခဲ့ရသည်။

ယခုအခါ တရုတ်-ဂျပန် နှစ်နိုင်ငံသည် ကျွန်းများကိစ္စနှင့် ပတ်သက်၍ ရေတပ်ချင်း ပဋိပက္ခဖြစ်မည်ကို စိုးရိမ်လာရသည်။ မစ္စတာ Xi Jingpingသည် ဘေဂျင်းသို့ ရောက်ရှိနေသော အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panettaနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုတွေ့ဆုံခြင်းမှာ မစ္စတာ Xi အနေဖြင့် တစုံတရာ ရှင်းလင်းခြင်းမရှိဘဲ လူမြင်ကွင်းမှ နှစ်ပတ်ခန့်ပျောက်ဆုံးနေပြီးမှ ပထမဆုံး တရားဝင် တွေ့ဆုံ ခြင်းဖြစ်သည်။ အများရှေ့မှောက်မှ ၎င်းပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ၎င်း၏ ကျန်းမာရေး အပေါ်လည်းကောင်း၊ နိုင်ငံရေးအရ လွန်ဆွဲမှုများနှင့် သော် လည်းကောင်း ကောလဟလများ ထွက်ပေါ်ခဲ့သည်။

သို့သော် မစ္စတာXiအား ကျန်းမာရေး ကောင်းမွန်စွာ တွေ့ရကြောင်း Mr Panettaက BBCသို့ ပြောကြားသည်။ "ကျွန်တော်သူ့ကို တွေ့ရတာ ကျန်းမာရေး ကောင်းရုံတင် မကပါဘူး။ ကျွန်တော်တို့ ဆွေးနွေးတဲ့ အရေးကိစ္စ တွေမှာလဲ ထဲထဲဝင်ဝင် ရှိတာကို တွေ့ရပါတယ်"ဟု Mr Panetta ကပြောဆို ပြီး တွေ့ဆုံမှုတွင် သတ်မှတ်ထားသည့် အချိန်ထက် နာရီဝက်ပို၍ ကြာမြင့်ခဲ့ကြောင်း ပြောသည်။

တရုတ်အစိုးရ တာဝန်ရှိသူများက တိုကျိုနှင့် နယ်မြေအငြင်းပွားမှုတွင် အမေရိကန်အား ယခုအတိုင်း အလယ်တွင်သာ ဆက်လက်ရပ်တည်ရန် တောင်းဆိုခဲ့သည်။ အမေရိကန်၏ ပစိဖိတ်သို့ မဟာဗျူဟာ ပြောင်းလဲရွေ့လျား လာခြင်းသည် တရုတ်၏ပါဝါကို ကန့်သတ်ရန် ကြိုးစားခြင်း မဟုတ်ကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့က Mr Panettaက တရုတ်အစိုးရကို အာမခံခဲ့သည်။

"ကျွန်တော်တို့ရဲ့ အာရှ- ပစိဖိတ်ဒေသမှာ ပြန်လည်ချိန်ညှိခြင်း လုပ်လာတာဟာ၊ တရုတ်နဲ့ ဆက်ဆံဖို့ ကြိုးစားတာသာဖြစ်ပြီး ပစိဖိတ်မှာ အဲဒီအ တွက် နေရာလေးချဲ့ထွင်လာတာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောကြားသည်။

"ဒါဟာ ပစိဖိတ်က ကျွန်တော်တို့ အင်အားကြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး ပုံစံသစ်ဖန်တီးတာပါပဲ"ဟု၎င်းက သံချပ်ကာတပ် အင်ဂျင်နီယာ အ ကယ်ဒမီမှ ဗိုလ်လောင်းများအားပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးက ပြောကြားရာတွင် ကမ္ဘာ့အကြီးဆုံး စီးပွားရေး နိုင်ငံနှစ်နိုင်ငံ အနေဖြင့် စစ်တပ်နှစ်ခုအကြား ပိုမိုအားကောင်းစွာ ပူးပေါင်းမှ သာ ဖြစ်လာနိုင်သည့် ပဋိပက္ခများကို ရှောင်ရှားနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ မလိုချင်တဲ့ တင်းမာမှုတွေ၊ ပဋိပက္ခတွေမှာ အငြင်းပွားမှုတွေ ဒါမှမဟုတ် နားလည်မှု လွဲတာတွေ မြင့်တက် မလာဖို့ပါပဲ"ဟု Mr Panettaက ပြောကြားသည်။

သတင်းထောက်များက ပြောကြားရာတွင် ၎င်း၏မှတ်ချက်မှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နှင့် စစ်ရေးဆက်ဆံမှု တိုးတက်ရန် ဝါရှင်တန်၏ နောက်ဆုံးကြိုးပမ်းမှု ဖြစ်ကြောင်း၊ ယခင်က တရုတ်စစ်တပ်သည် အမေရိကန် ထိပ်တန်းပုဂ္ဂိုလ်များနှင့် ဆက်ဆံရေး တိုးမြှင့်ရန် တွန့်ဆုတ်နေခဲ့ ကြောင်း ပြောသည်။

******************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive