Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၃)

  1. မြန်မာနိုင်ငံလောင်စာဆီလက်လီအရောင်းလုပ်ငန်းထူထောင်ရန် PTT သဘောတူလက်မှတ်ထိုး

(Bangkok Post မှ oct 2012 ရက်စွဲပါ PTT Signs agreement to set to retail oil in Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင်းမှ တင်းမာမှုပြဿနာ ပြန့်ပွားသွားနိုင်ကြောင်း ကုလအကြီးအကဲသတိပေး

(AFP News မှ 30 Sept 2012 ရက်စွဲပါ UN Chief Says Myanmar tensions could spread သတင်းကို ဘာသာပြန်ဆိုသည်)

  1. ပထမဆုံး လူသားချင်းစာနာမှုမစ်ရှင်အဖွဲ့ မြန်မာနိုင်ငံသို့ထွက်ခွာ

(Bernamaသတင်းမှ 29 sept 2012 ရက်စွဲပါ First team of Humanitarian mission to Myanmar departs Saturday သတင်းကိုဘာသာပြန်ဆိုသည်)

************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံလောင်စာဆီလက်လီအရောင်းလုပ်ငန်းထူထောင်ရန် PTT သဘောတူလက်မှတ်ထိုး

(Bangkok Post မှ oct 2012 ရက်စွဲပါ PTT Signs agreement to set to retail oil in Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံစွမ်းအင်ကုမ္ပဏီ PTT က မြန်မာနိုင်ငံတွင် ပြည်တွင်းစီးပွားဖက်တစ်ဦးနှင့်လက်တွဲ၍ လက်လီလောင်ဆီအရောင်းလုပ်ငန်း ထူထောင်ရန် စီစဉ်မှုများ ပြုလုပ်သည်။

ယခုအစီအစဉ်တွင် PTT ၏ငါးနှစ်အတွင်း ဒေသတွင်းလောင်စာဆီ လက်လီလုပ်ငန်းရှင်ဖြစ်လာရေး ရည်မှန်းချက်ကို ဖြည့်ဆည်းပေးလိမ့်မည်ဟု လူထုဆက်ဆံရေးနှင့် နိုင်ငံတကာဈေးကွက်ဆိုင်ရာ ဒုတိယအမှုဆောင် ဥက္ကဋ္ဌအော်တာပိုရဖ်ဘီပွန်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် PTT Oil Maynmar Co အမည်ဖြင့် မှတ်ပုံတင်ရန်အတွက် ကုမ္ပဏီဒါရိုက်တာဘုတ်အဖွဲ့၏ခွင့်ပြုချက်ကို လောလောဆယ် စောင့်ဆိုင်းနေပြီး မြန်မာနိုင်ငံ၏လောင်စာဆီ လက်လီအရောင်းဆိုင်ကဏ္ဍကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား အချိန်ကိုက်တံခါးဖွင့်ပေးရန် သင့်တော်ချိန်ဟု ဆိုသည်။

PTT ၏မြန်မာနိုင်ငံကုမ္ပဏီခွဲသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏စည်းကမ်းအတိုင်း မတည်ငွေကျပ်ငါးသိန်းဖြင့် မှတ်ပုံတင်မည်ဟု မျှော်လင့်ရသည်။ ကုမ္ပဏီလုပ်ငန်းတွင် လောင်စာဆီ လက်လီလက်ကားရောင်းချခြင်း၊ သိုလှောင်ကန်များနှင့် ပို့ဆောင်ရေးစနစ်များ ပါဝင်သည်။

လတ်တလော PTT ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် အရောင်းကိုယ်စားလှယ်တစ်ဦးမှတစ်ဆင့် စက်ဆီ၊ ချောဆီ ဖြန့်ဖြူးခြင်းနှင့် နယ်စပ်ဖြတ်ကူး လောင်စာဆီတင်ပို့ခြင်း တို့ကိုလုပ်ကိုင်နေသည်။

PTTEP  စွမ်းအင်ကုမ္ပဏီသည် လည်း မြန်မာနိုင်ငံတွင် ရေနံဓါတ်ငွေ့ရှာဖွေရေးကဏ္ဍတွင် အဓိကရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားပြီးဖြစ်သည်။

မစ္စတာအော်တာဖိုက “မြန်မာနိုင်ငံရဲ့လောင်စာဆီ လက်လီလုပ်ငန်းဟာ အရမ်းအလားအလာကောင်းပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ တိုးရစ် ခရီးသွားကဏ္ဍကို တံခါးဖွင့်ပေးပြီးရင် ဝယ်လိုအားတစ်ဟုန်ထိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်”ဟု ပြောကြားသည်။

လတ်တလောတွင် မြန်မာနိုင်ငံ၏ နှစ်စဉ်တစ်ဦးချင်း လောင်စာဆီသုံးစွဲမှုနှုန်း ၃၈ လီတာသည် အိမ်နီးချင်းကမ္ဘောဒီးယားမှ ၁၄၀ လီတာ၊ ထိုင်းနိုင်ငံ မှ ၇၀၀ လီတာ နှုန်းတို့ထက်များစွာလျော့နည်းနေသည်။ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင်လောင်စာဆီ ၂.၄ ဘီလီယံလီတာ         သုံးစွဲနေသည်။

PTTကုမ္ပဏီသည် မြန်မာနိုင်ငံမှစီးပွားရေးအခွင့်အလမ်းများကို လေ့လာရန်အတွက် မြန်မာစီးပွားမိတ်ဖက် Denko Trading နှင့် ယခုလအတွင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည်။

မြန်မာကုမ္ပဏီ Denko သည် ရန်ကုန်တွင်လက်လီဆိုင် ၁၅ ဆိုင်ဖွင့်လှစ်ထားပြီး ဆီသိုလှောင်ကန်များထားရှိရန် မြေဧက ၆၀ ခန့်ကိုစီစဉ် ပြင်ဆင်လျက် ရှိသည်။

ကနဦးလေ့လာမှုများပြီးစီးရန် ၆ လခန့် ကြာမြင့်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် PTTအမှတ်တံဆိပ်ကိုအသုံးပြု၍ စီးပွားရေးလုပ်ငန်းထူထောင်ရန် မျှော်လင့်ထားသည်ဟု မစ္စတာအော်တာပိုက ပြောကြားသည်။

PTT သည်မြန်မာနိုင်ငံ၏ စက်ဆီ၊ ချောဆီလုပ်ငန်းတွင် ဒုတိယအကြီးဆုံးဖြစ်လာအောင်ရည်မှန်းထားသည်။ လတ်တလောတွင် ထိုင်းနိုင်ငံထုတ် Trane က ၃၀% ၊ ယူအေအီးထုတ် Falcon က ၁၈ % နှင့် PTTက ၁၅% အသီးသီးျေးကွက်ဝေစု ရရှိထားပသါသည်။

PTT အုပ်စုသည် လာအိုနှင့် ကမ္ဘောဒီးယားတွင်လည်းခြေချထားပြီးဖြစ်ကာ ယင်းနှစ်နိုင်ငံ၏ လက်လီလောင်စာအရောင်းနယ်ပယ်တွင် ဘတ်ငွေ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံရန်စီစဉ်လျက်ရှိသည်။

PTT လာအို ၊ PTT ကမ္ဘောဒီးယား ၊ ကုမ္ပဏီများမှတဆင့် လာအိုတွင်လက်လီဆိုင် ၆၀ ၊ ကမ္ဘောဒီးယားတွင် လက်လီဆိုင် ၄၅ ဆိုင် အထိ တိုးမြှင့်ဖွင့်လှစ်သွားမည်ဟု ဆိုသည်။

ဖိလစ်ပိုင် လောင်စာဆီလုပ်ငန်းတွင်လည်း လက်ရှိ ၄၅ ဆိုင်ဖွင့်လှစ်ထားရာမှ ထပ်မံတိုးချဲ့ရန် စီစဉ်နေသည်ဟုPTT တာဝန်ရှိသူက ပြောကြား သည်။

စတော့ဈေးကွက်အတွင်း ရောင်းဝယ်မှုတန်ဖိုးဘတ်ငွေ ၉၁၀.၇ သန်းခန့်ရှိသော PTT ရှယ်ယာများသည် သောကြာနေ့တွင် တစ်စုလျှင် ၃၂၉ ဘတ်ဖြင့် အပြောင်းအလဲမရှိ ဈေးနှုန်းပိတ်ခဲ့သည်။

                                                            *****************************************************

မြန်မာနိုင်ငံတွင်းမှ တင်းမာမှုပြဿနာ ပြန့်ပွားသွားနိုင်ကြောင်း ကုလအကြီးအကဲသတိပေး

(AFP News မှ 30 Sept 2012 ရက်စွဲပါ UN Chief Says Myanmar tensions could spread သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရခိုင်ပြည်နယ်မှ မွတ်စလင်-မြန်မာအဓိကရုဏ်းသည် တိုင်းပြည်၏အထင်ကရ ပြုပြင်ပြောင်းလဲမှုကိုထိခိုက်စေနိုင်ပြီး နယ်စပ်ဖြတ်ကူး ပြန့်နှံ့သွားနိုင်သည်ဟု ကုလအကြီးအကဲဘန်ကီမွန်းက စနေနေ့တွင် သတိပေးပြောကြားသည်။

အသက်ဆုံးရှုံးမှုများရှိခဲ့သည့် အကြမ်းဖက်အဓိကရုဏ်းအပေါ် အရေးတယူဆောင်ရွက်ပေးရန် မွတ်စလင်ခေါင်းဆောင်များက ကုလအထွေထွေညီလာခံတွင် သိသိသာသာတောင်းဆိုမှုများ ပြုလုပ်ခဲ့သောကြောင့် ကုလအကြီးအကဲ ဘန်ကီမွန်း၊ မြန်မာသမ္မတဦးသိန်းစိန်နှင့် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အကြီးအကဲတို့ ဆွေးနွေးပွဲကျင်းပခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အရှိန်အဟုန်မြင့်ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်လျက်ရှိသူ သမ္မတဦးသိန်းစိန်က ပဋိပက္ခ၏နောက်ဆက်တွဲ ပြဿနာများကို ဂရုတစိုက်ကိုင်တွယ်သွားမည်ဟု ဘန်ကီမွန်းအားကတိပေးကြောင်း ကုလပြောရေးဆိုခွင့်ရှိသူ မာတင်နီဆာကီက ပြောကြားသည်။

ရခိုင်ပြည်ကိစ္စ၏ ကျယ်ပြန့်သောသက်ရောက်မှုသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် တစ်ခုလုံးအပေါ်တွင်သာမကပဲ အခြားတိုင်းပြည်များကိုပါ ထိခိုက်နိုင်သောကြောင့် ဂရုတစိုက်ကိုင်တွယ်ရန်လိုအပ်သည်ဟုဘန်ကီမွန်းက အဖွဲ့ဝင် ၅၇ နိုင်ငံ OIC အဖွဲ့၏ အတွင်းရေးမှူးချုပ် အက္ကမီလီဒင်းအစ္စနိုဂလူးကို ပြောကြားခဲ့သည်။ မြန်မာအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဇွန်လက ဗုဒ္ဓဘာသာ၊ ရခိုင်များနှင့် မွတ်စလင်များ ဖြစ်ပွားခဲ့သော အဓိကရုဏ်းများအတွင်း လူပေါင်း ၉၀ ခန့်သေဆုံးခဲ့သည်ဟု တရားဝင်ကိန်းဂဏန်းများကဆိုသော်လည်း ထိုထက်ပိုများနိုင်သည်ဟု လူ့အခွင့်အရေး အုပ်စုများက ပြောကြားထားသည်။

လုံခြုံရေးတပ်ဖွဲ့များက ရိုဟင်ဂျာမွတ်စလင်များကို ပစ်ခတ်ခဲ့သည် ဟု HRW အဖွဲ့က စွပ်စွဲခဲ့သော်လည်း မြန်မာအစိုးရက ပယ်ချခဲ့သည်။

မြန်မာနိုင်ငံအတွင်းမှ ခန့်မှန်းခြေ ရိုဟင်ဂျာ ၈သိန်းခန့်သည် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ တရားမဝင် ရွှေ့ပြောင်းနေထိုင်ကြသော ဘင်္ဂါလီများစု မြန်မာအစိုးရနှင့် မြန်မာပြည်သူအများစုက သတ်မှတ်ပြောဆိုလျက်ရှိသည်။

သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာများ နယ်စပ်ဖြတ်ကူးဝင်ရောက်မှုကို ပိတ်ပင်လိုက်ပြီး ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းမှ ရိုဟင်ဂျာ နှစ်သိန်းခန့်ကို ကူညီစောင့်ရှောက်ပေးနေသော ကယ်ဆယ်ရေးအေဂျင်စီများကိုလည်း တားဆီးထားသည်။ ယင်းလုပ်ရပ်သည် ရိုဟင်ဂျာများ မြန်မာနိုင်ငံဖက်တွင်နေကြဟုဆိုလိုခြင်းဖြစ်ကြောင်း နယူးယောက်အခြေစိုက် HRW အဖွဲ့ကပြောကြားသည်။

ဘန်ကီမွန်းနှင့် ဦးသိန်းစိန်တို့သည် ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ ပြဿနာရင်းမြစ်ကိုဖြေရှင်းရေးနှင့် နှစ်ဖက်အသိုင်းအ၀ိုင်းအကြား ဟာမိုနီဖြစ်အောင်အားပေးနိုင်မည့် ရေတိုရေရှည်ရှုဒေါင့်အမြင်များကို ဆွေးနွေးခဲ့သည်ဟု နာဆာကီ ကပြောကြားသည်။

ဒီကိစ္စရဲ့ရှုပ်ထွေးတဲ့ ရေရှည်အကျိုးဆက်တွေကို မြန်မာနိုင်ငံက ဖြေရှင်းသွားမယ်လို့ သမ္မတက အခိုင်အမာပြောကြားပါတယ်ဟု နာဆာကီက ဆိုသည်။

ထို့ပြင် နိုင်ငံမြောက်ပိုင်းမှ ကချင်လက်နက်ကိုင်များနှင့် အစိုးရတပ်များစစ်ဖြစ်နေခြင်းကို အဆုံးသတ်နိုင်ဖို့ အားထည့်ကြိုးပမ်းရန် ဘန်ကီမွန်းက တိုက်တွန်းခဲ့သည်။

“ကုလအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာသမ္မတရဲ့ နိုင်ငံရေးအမြင်နဲ့ ဦးဆောင်မှုကို ထောက်ခံအားပေးပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နဲ့ အကောင်အထည်ဖော်ကြိုးပမ်းမှုတွေအပေါ်မှာ ဆက်လက်အာရုံစူးစိုက်သွားဖို့ တိုက်တွန်းအားပေးစကားပြောကြားခဲ့ပါတယ်”ဟု နီဆာကီ က ထုတ်ပြန် ပြောကြားသည်။  

                                                        ************************************************

ပထမဆုံး လူသားချင်းစာနာမှုမစ်ရှင်အဖွဲ့ မြန်မာနိုင်ငံသို့ထွက်ခွာ

(Bernamaသတင်းမှ 29 sept 2012 ရက်စွဲပါ First team of Humanitarian mission to Myanmar departs Saturday သတင်းကိုဘာသာပြန်ဆိုသည်)

ပူထရာဝမ်း မလေးရှားကလပ်၏အဖွဲ့ဝင် ၁၄ ဦးပါ လူသားချင်းစာနာမှုမစ်ရှင်အဖွဲ့သည် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမျိုးနွယ်စုများကို အကူအညီ ပေးရန်အတွက် စနေနေ့တွင် မလေးရှားမှထွက်ခွာသွားကြသည်။

အဆိုပါမစ်ရှင်အဖွဲ့သည် ရခိုင်ပြည်နယ်အနေအထားနှင့် ပတ်သက်သည့် အချက်အလက်များကို ကောက်ယူမည်ဖြစ်ပြီး အစောပိုင်းက ဆီနာဘီမာ ကုန်သင်္ဘောဖြင့် ပေးပို့ထားသောစားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြားကယ်ဆယ်ရေးပစ္စည်းများ တန်ချိန် ၅၀၀ ခန့်အားဖြန့်ဝေမှုကို စောင့်ကြည့်လေ့လာကြမည်ဟု ပူထရာဝမ်းကလပ် ဥက္ကဋ္ဌအတွက် အဗ္ဗဒူလ်အဇီးဇ်က ပြောကြားသည်။

“မြန်မာနိုင်ငံကိုသွားဖို့ အဆင်ပြေမယ့်အချိန်ကို အောက်တိုဘာ ၃ ရက်နေ့မှာ ဒီမစ်ရှင်က ကျွန်တော်တို့ဆီကို အကြောင်းကြားပါလိမ့်မယ်”ဟု ၄င်းက သတင်းထောက်များအား ပြောကြားသည်။

Ummo Supreme Council တွင်လည်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ အဗ္ဗဒူလ်အဇိးဇ်က “၄င်းမစ်ရှင်အဖွဲ့တွင် ဆေးကုသမှုတာဝန်ခံ ဒေါက်တာ အယ်လဝီအဗ္ဗဒူရာမင်၊ မီဒီယာတာဝန်ခံ အာမက်ဇိုင်နီခါမာရူဇာမန်၊ စေတနာ့ဝန်ထမ်း အဖွဲ့ခေါင်းဆောင် ဖရစ်ဟာဆန်တို့ပါဝင်သည်” ဆက်လက်ပြောကြားသည်။

ဒုတိယကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၀ ရက်နေ့တွင် ပြန်လာရန်စီစဉ်ထားပြီး ယခုကူညီထောက်ပံ့ မှုများကို ရိုဟင်ဂျာ မွတ်စလင်များကိုသာပေးရန် ကန့်သတ်ထားခြင်းမရှိဘဲ အခြားလိုအပ်သူများကိုလည်း ကူညီပေးသွားမည်ဖြစ်သည်ဟု ၄င်းကဆက်လက်ပြောကြားသည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁.၁၀.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ပြောင်းလဲနေသောမြန်မာနိုင်ငံ

(30 Sept 2012 ရက်စွဲပါ The Washington Post မှအယ်ဒီတာအဖွဲ့၏ The Changing nation of Burma ကိုဘာသာပြန်ဆိုသည်)

  1. ကိုရမ်ကျမ်းစာကို စော်ကားသည့် ဓာတ်ပုံကို အကြောင်းပြု၍ ဘုန်းကြီးကျောင်းများဖျက်ဆီးခံရ

(Scotman News မှ Oct 2012 ရက်စွဲပါ "Buddhist temples destroyed by Muslims in Koran photo protest"သတင်းကို ဘာသာပြန်ဆိုသည်)

  1. ကမ္ဘာ့အသိုင်းအဝိုင်းအား မြန်မာနိုင်ငံနောက်မှ ရပ်တည်ရန် ထိုင်းတိုက်တွန်း

(30 September 2012 ရက်စွဲပါ Bangkok Post မှ Thailand urges world community to get behind Myanmar ကိုဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

ပြောင်းလဲနေသောမြန်မာနိုင်ငံ

(30 Sept 2012 ရက်စွဲပါ The Washington Post မှအယ်ဒီတာအဖွဲ့၏ The Changing nation of Burma ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ဒီမိုကရေစီသို့ဦးတည်လျက်ရှိရာ ထိုအတွက် အမှတ်ရလိုသော ပလေယာများစွာရှိနေသည်။

လွန်ခဲ့သောနှစ်လက The Post သို့ရေးသားပေးပို့သော ဆီနိတ်တာ Jim Webb က၎င်း၏ စာတွင်ရေးသားထားရာတွင် ၂၀၀၉ ခုနှစ်က ၎င်းမြန်မာနိုင်ငံသို့ စတင်သွားရောက်ခဲ့သော ခရီးစဉ်အပါအဝင် ၎င်း၏ရုံးမှစတင်ကြိုးပမ်းလုပ်ဆောင်မှုများပြင်းပြင်းထန်ထန်မရှိခဲ့လျှင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့်ပတ်သက်၍ တိုးတက်မှုများ ရှိလာနိုင်မည်မပာုတ်ပာု ရေးသားထားသည်။

နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကွန်ဂရက်ဆိုင်ရာ ရွှေတံဆိပ်ဆုရရှိသည့် စက်တင်ဘာလ (၁၉)ရက်နေ့က မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးမှသည် တဖြည်းဖြည်းပြောင်းလဲမှုစတင်ရန် နည်းလမ်းများရှာဖွေသည့် လူ၏ချဉ်းကပ်မှုအသစ် လုပ်ဆောင်ပုံကို ပြန်လည်ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံ၏ မပြီးစီးသေးသည့် အားတက်ဖွယ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ခေါင်းကိုင်မိဘများ ပိုရှိလျှင်ပိုကောင်းသည်ပာု ယူဆပါ သည်။ ဤမိဘများကလည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို လမ်းကြောင်းပေါ်တွင်ဆက်ရှိနေရေး မြှုပ်နှံခံစားလုပ်ကိုင်ပေးကြလျှင် ပိုကောင်းမည် ဖြစ်သည်။

သို့သော် သမိုင်းကို လုံးဝပြန်လည်မရေးသားမီ၊ ထောက်ပြစရာ အချက်နှစ်ချက်ခန့်ကို ပြောမှဖြစ်ချေတော့မည်။ ပထမတစ်ချက်မှာ ဗိုလ်ချုပ်များသည် မြန်မာနိုင်ငံကို ရာစုနှစ်တစ်ဝက်ခန့်အုပ်ချုပ်ခဲ့သည်နှင့်အညီ ယခုအချိန်တွင်လည်း ဗိုလ်ချုပ်ကြီးများနှင့် အငြိမ်းစာဗိုလ်ချုပ်ကြီးများကပင် မြန်မာနိုင်ငံကို ဆက်လက်အုပ်ချုပ်လျက်ရှိနေသေးသည် ဆိုသည့်အချက်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား ခရီးသွားခွင့်ပြုခဲ့သော၊ ပြီးခဲ့သည့် အပတ်က နောက်ဆုံးကျန်သော အမေရိကန်အရေးယူမှုများကို ဖယ်ရှားစေခဲ့ကာ ပြုပြင်ပြောင်းလဲရေးများစတင်ခြင်းတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ထီးထီးကြီးသာရှိသည်။ ၎င်းအားပံ့ပိုးမည့် တရားဥပဒေစိုးမိုးမှုမရှိ၊ လွတ်လပ်သောတရားစီရင်ရေးစနစ်မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါတွင် ပြည်သူ့လွှတ်တော်တွင်ရောက်ရှိနေသော်လည်း၊ အနည်းစုအစိတ်အပိုင်းမှာသာ ပါနေခြင်းဖြစ်သည်။

ဒုတိယအချက်မှာ အစိုးရအပေါ်နားလည်ရန်နှင့် ထွင်းဖောက်မြင်ရန်ခက်ခဲလှသောကြောင့် ယခုအချိန်တွင် ဒီမိုကရက်တစ်အတိုက်အခံအပေါ် အလေးပေးလာခြင်းအတွက် မည်သည့်အရာများကစေ့ဆော်သနည်းဆိုသည်ကို အပြင်လူများ သေချာပေါက်သိနိုင်လိမ့်မည်မပာုတ်ပေ။ ကျွန်တော်တို့သည် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်အပေါ်သဘောတူခဲ့ကြသည်။ ထိုအမြင်သည် အမေရိကန်နှင့်အခြားတိုင်းပြည်များ နှစ်ပေါင်းများစွာက မြန်မာနိုင်ငံအား ချမှတ်ထားသော စီးပွားရေးအရအရေးယူမှုများအပေါ် များစွာအထောက်အကူဖြစ်စေခဲ့သည်။

“အရေးယူမှုတွေပာာ အထောက်အကူဖြစ်ပါတယ်”ပာု ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက The Post သို့လာရောက်လည်ပတ်စဉ်က ပြောကြားခဲ့သည်။ “တစ်ချို့သောပြည်သူတွေကတော့ သဘောတူလိမ့်မယ်မထင်ပါဘူး။ ဒါပေမယ့် အရေးယူမှုတွေပာာ အထောက်အကူဖြစ်တယ်လို့ ကျွန်မကတော့ယုံတယ်။ အထူးသဖြင့်နိုင်ငံရေးမျက်နှာစာမှာပေါ့”ပာု ဆိုသည်။

စိတ်ဝင်စားဖွယ်ကောင်းသောအချက်မှာ ဒေါ်အောင်ဆန်းစုကြည်သည် သူ့အနေဖြင့် တိုင်းပြည်၏ဆင်းရဲမွဲတေမှုကိုဖြစ်စေသော မြန်မာ့ စီးပွားရေးကို အရေးယူမှုကထိခိုက်မှုရှိစေသည်ဆိုသည်ကို မယုံကြည်ကြောင်းဆိုသည်။ သူက ပြည်တွင်းမှအချက်များကို အမည်တပ်မပြောသော်လည်း အပြစ်တင်ခဲ့သည်။ သို့သော် အထီးကျန်ပစ်ပယ်ထားမှုမှာ နိုင်ငံရေးအရကြီးမားစွာသက်ရောက်မှုရှိစေသည်။ နိုင်ငံခြားသားရေးရာ ပညာရှင်များက မြန်မာနိုင်ငံကိစ္စတွင် အရေးယူမှုများအလုပ်မဖြစ်ကြောင်း၊ အရေးယူမှုများ ၁၀၀% ထိရောက်မှုရှိမှသာ အလုပ်ဖြစ်မည်ဖြစ်ပြီး၊ တိုင်းပြည်၏ အဆင်းရဲဆုံး ပြည်သူများကိုသာ ထိခိုက်စေကြောင်းဆိုသည်။

ဖြစ်ပုံရသည်မှာ တရုတ်သည်တိုး၍ ဝင်ရောက်စွက်ဖက်လာခြင်းကြောင့် မြန်မာခေါင်းဆောင်များကို စိုးရိမ်ပူပန်မှု ဖြစ်လာသောကြောင့် ဖြစ်ပုံရသည်။ ထို့အတူ အရှေ့အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ခေါင်းဆောင်များကလည်း ထိုသို့ခံစားကြရမည်ဖြစ်သည်။ ဤအချိန်တွင် တင်းကြပ်သော အရေးယူမှုများကို ခံစားကြရမည်ဖြစ်သည်။ အနောက်နိုင်ငံများအနေဖြင့် တရုတ်နှင့်ချိန်ခွင်လျှာညီအောင် ကစားပေးနိုင်ရေးကို ဆွဲဆောင်နိုင်ခဲ့လျှင်ဆိုသည့်ကိစ္စကို မြန်မာနိုင်ငံမှ ခေါင်းဆောင်များက နားလည်သဘောပေါက်ကြသည်။ ထိုသို့ ဆွဲဆောင်နိုင်ရေးအတွက် ၎င်းတို့၏ လူ့အခွင့်အရေး မှတ်တမ်းများတိုးတက်ရန်လိုသည်။ ဒေါ်အောင်ဆန်းစုကြည် အကြံပြုသကဲ့သို့ ပြည်သူများ၏ လိုအင်ဆန္ဒများ တိုတးက်အောင် လုပ်ပေးလိုသော ဆန္ဒများကလည်း မောင်းနှင်အားဖြစ်လိမ့်မည်ထင်သည်။(လာမည့်နှစ်များတွင်မူ ပြည်သူများ၏ဆင်းရဲမွဲတေမှုသည် ၎င်းတို့အပေါ်များစွာ ဖိးစီးမှုရှိတော့မည် မပာုတ်ပေ)ထို့အပြင် အိုဘားမားအစိုးရ၏ ဆက်ဆံရေးမူဝါဒကလည်း ၎င်းတို့ကို အားပေးသလိုဖြစ်ခဲ့မည်မှာ အမှန်ဖြစ်သည်။

                                                            **********************************************

ကိုရမ်ကျမ်းစာကို စော်ကားသည့် ဓာတ်ပုံကို အကြောင်းပြု၍ ဘုန်းကြီးကျောင်းများဖျက်ဆီးခံရ

(Scotman News မှ Oct 2012 ရက်စွဲပါ "Buddhist temples destroyed by Muslims in Koran photo protest"သတင်းကို ဘာသာပြန်ဆိုသည်)

ကိုရမ်ကျမ်းစာကို ထိခိုက်စော်ကားသည်ဟုဆိုသော  Facebook မှဓါတ်ပုံတပုံအပေါ် ဒေါသထွက်နေကြသော ဘင်္ဂလားဒေ့ရှ်မွတ်စလင် ထောင်ပေါင်းများစွာက မြန်မာနယ်စပ်အနီးမှ အနည်းဆုံးဘုန်းကြီးကျောင်း(၁၀)ကျောင်းနှင့် အိမ်ခြေ(၄၀)တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု အာဏာပိုင်များက မနေ့ကပြောကြားသည်။

စနေနေ့ညပိုင်းကစတင်ခဲ့သော အကြမ်းဖက်မှုသည် မနေ့ကအစောပိုင်းအထိ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု ကော့ဘဇားခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲနိုဂျီဘူအီစလမ်က ပြောကြားသည်။

မီးလောင်ထားသော ကိုရမ်ကျမ်းစာ စာအုပ်၏ဓာတ်ပုံကို Facebook တွင်တင်ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများအတွင်း အနည်းဆုံးလူ(၂၀)ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူက ဆိုပါသည်။

ယင်းဓာတ်ပုံကို နယ်ခံဗုဒ္ဓဘာသာဝင် လူငယ်လေးတစ်ဦးကတင်ခဲ့သည်ဟု အကြမ်းဖက်တိုက်ခိုက်သူများက ပြစ်တင်စွပ်စွဲခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်၏ အင်္ဂလိပ်ဘာသာသတင်းစာ  Daily Star  က၄င်းလူငယ်လေးသည် ၄င်း၏ Facebook တွင်ယင်းဓာတ်ပုံကိုမှားယွင်း၍ တင်မိခြင်း ဖြစ်သည်ဟုပြောကြားကြောင်း၊ အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်တွင် ကောင်လေး၏ Facebook ကိုပိတ်ထားကြောင်း ၊ ကောင်လေးနှင့်သူ့မိခင်ကို ဘေးကင်းအောင် ရဲတပ်ဖွဲ့က စောင့်ရှောက်ထားကြောင်း"သတင်းဖော်ပြထားသည်။

ကော့ဘဇားခရိုင် အုပ်ချူပ်ရေးမှုးဂျိုနူးဘာရီက"ယင်းလူငယ်လေး၏ မိဘများကို ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးနေသည်"ဟု ပြောကြားသည်။

မွတ်စလင်အများစုနေထိုင်ကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူဦးရေသန်း ၁၅၀ တွင် ဗုဒ္ဓဘာသာဝင်ပါဝင်မှုအချိုးမှာ တစ်ရာခိုင်နှုန်းပင်မပြည့်ဟု သိရသည်။

အမေရိကန်နိုင်ငံသားတစ်ဦးထုတ်လုပ်သော ပရောဖက်မဟာမက် အပုတ်ချစားရိတ်ကျဉ်းရုပ်ရှင်ကား "Innocence of Muslims" ဇာတ်ကားကြောင့် ပြီးခဲ့သောတစ်လလုံး မွတ်စလင်နိုင်ငံများ၌  ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် ယခုဘင်္ဂလားဒေ့ရှ်တွင် အကြမ်းဖက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

                                                        *********************************************************

ကမ္ဘာ့အသိုင်းအဝိုင်းအား မြန်မာနိုင်ငံနောက်မှ ရပ်တည်ရန် ထိုင်းတိုက်တွန်း

(30 September 2012 ရက်စွဲပါ Bangkok Post မှ Thailand urges world community to get behind Myanmar ကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းအား မြန်မာနိုင်ငံအား ပံ့ပိုးကူညီရန်တိုက်တွန်းခဲ့သည်။ သို့မှသာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖော်ဆောင်နိုင်မည့် ပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများ ရှေ့ဆက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ တိုက်တွန်းချက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံ၏ အရန်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ မိတ်ဆွေများအုပ်စု၏ အဆင့်မြှင့်တွေ့ဆုံမှု၌ ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် အဓိကနယ်ပယ်သုံးခုဖြစ်သည့် ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ အားကောင်းအောင် ပြုလုပ်ခြင်းနှင့် လက်ရှိ တိုးတက်မှုရနေသော အမျိုးသားပြန်လည်ပေါင်းစည်းရေး နယ်ပယ်များတွင် သိသာထင်ရှားပြီး၊ နောက်ပြန်မလှည့်သည့် ခြေလှမ်းများဖြင့် စာမျက်နှာအသစ်ဖွင့်လှစ်ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးSurapongTovichakchaikul က အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပြင်သစ်၊ တရုတ်၊ အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်္ကာပူ၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ နော်ဝေ၊ ဩစတြေးလျနှင့် ဥရောပသမဂ္ဂတို့ တက်ရောက်ခဲ့ကြသည်။

Mr.Surapong ကပြောကြားရာတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးပါသောအဆင့်သို့ ရောက်ရှိနေကြောင်း၊ ထို့ကြောင့် အခြေခိုင်ပြီး ရှေ့သို့မှန်မှန်လျှောက်လှမ်းနိုင်ရန် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကူညီရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းသည် မြန်မာနိုင်ငံမှသမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်စည်းလုံးညီညွတ်ရေး ကြိုးပမ်းမှုများနောက်တွင် အပြည့်အဝရပ်တည်လျက်ရှိကြောင်း ပြသသင့်ပါသည်။ တိုင်းပြည်များသည် မြန်မာနိုင်ငံနှင့် နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရ လည်းကောင်း ပြည်သူများအချင်းချင်းလည်းကောင်း ဆက်ဆံရေးတိုးမြှင့်ရမည် ဖြစ်ပါသည်။

“နိုင်ငံအများစုက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အရေးယူမှုတွေ၊ ကန့်သတ်မှုတွေကို ဖြေလျော့ပေးဖို့ဆုံးဖြတ်တာကို ကျွန်တော်တို့ ကြိုဆို ပါတယ်။ မြန်မာအပေါ် အရေးယူမှုတွေ အမြန်ဆုံးအားလုံးရုတ်သိမ်းပေးဖို့ တောင်းဆိုပါတယ်”ဟု MrSurapong က ပြောပါသည်။

နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပြုပြင်ပြောင်းလဲရေးအတွက် အတူပူးပေါင်းလုပ်ကိုင်ရန် အားပေးသင့်ကြောင်း ၄င်းကထပ်လောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အနာဂါတ်သည် ၄င်းတို့နှစ်ဦး ပူးပေါင်းဆောင်ရွက်မှုနှင့်ရှေ့ဆက်ရမည့် ပြုပြင်ပြောင်းလဲရေးအတွက် အမြင်ခြင်းဖလှယ်နိုင်မှု အပေါ်တွင် တည်နေပါသည်။ “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ပံ့ပိုးကူညီသင့်ပါတယ်”ဟု ၄င်းက ပြောပါသည်။

မြန်မာနိုင်ငံမှ ပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူနေမှုဘဝများတိုးတက်လာမှုသည် ဒီမိုကရေစီကို ပိုမိုအားကောင်းစေပြီး နိုင်ငံရေးအရ တည်ငြိမ်မှုကိုဖြစ်စေကြောင်းMrSurapong ကပြောပါသည်။

“ကျွန်တော်တို့ဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွေ အောင်မြင်လိုတယ်ဆိုရင်တော့ ကျွန်တော်တို့ဒီထက်ပိုလုပ်ဖို့လိုမှာဖြစ်ပြီး ခိုင်မာတဲ့ လုပ်ဆောင်မှုရှိရပါမယ်။ အောက်ခြေလူတန်းစားတွေအဆင့်မှာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေ ကောင်းစွာအကောင်အထည်ဖော်သင့်ပါတယ်”ဟု ၄င်းက ပြောသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ပုဂ္ဂိုလ် ThaniThongphakdi ကပြောကြားရာတွင် အင်ဒိုနီးရှားကဲ့သို့သော အချို့နိုင်ငံများက ထိုင်းနိုင်ငံနှင့် သဘောတူကြသော်လည်း အီးယူကမူ မြန်မာနိုင်ငံအပေါ်လူ့အခွင့်အရေးကိစ္စနှင့် နိုင်ငံရေးအကျဉ်းသားကိစ္စများတွင် ပိုမိုဖိအားပေးသင့်ကြောင်း ထင်မြင် နေသည်ဟုဆိုသည်။

အချို့တိုင်းပြည်များက မြန်မာနိုင်ငံသည် အာဏာရှင်နိုင်ငံတစ်ခုမဟုတ်တော့ဘဲ ဒီမိုကရေးသို့ဦးတည်နေပြီဖြစ်ကြောင်း ယုံကြည်ကြသည်ဟု ၄င်းက ဆိုသည်။

အာဆီယံနှင့် ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကော်မရှင်(Escap)နှစ်ဖွဲ့ကြားတွင် တိုးတက်မှုတစ်ခုအနေဖြင့် ထိုင်းနိုင်ငံသည် အာဆီယံဒေသ အတွင်းနှင့် အာဆီယံပြင်ပနိုင်ငံများအကြား အခြေခံအဆောက်အဦးကွန်ရက် တည်ဆောက်ရေးအတွက် ငွေကြေးထောက်ပံ့ရေး နည်းလမ်းသစ်များကို အဖွဲ့ကြီးနှစ်ဖွဲ့က ရှာဖွေရန်အဆိုပြုခဲ့ကြသည်။ MrSurapong ကပြောကြားရာတွင် အာဆီယံနှင့် Escap သည် ဒေသတွင်းသတင်းနှင့် ဆက်သွယ်ရေး၊ နည်းပညာဖွံ့ဖြိုးမှုရှိစေရန် လုပ်ဆောင်ပေးနိုင်ကြောင်း ဆိုသည်။

အဖွဲ့ကြီးနှစ်ခုသည် ဒေသတွင်းလူသားချင်းစာနာသော အကူအညီများပေးရေးနှင့် သဘာဝဘေးအန္တရယ် ကယ်ဆယ်ရေးလုပ်ငန်းများ စီမံခန့်ခွဲရေးအတွက် နီးကပ်စွာပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောသည်။

 ******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive