Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၁၉.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီအကူးအပြောင်းနှင့် ထိပ်တိုက်ဆုံတွေ့လာသော။

*****************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီအကူးအပြောင်းနှင့် ထိပ်တိုက်ဆုံတွေ့လာသော။

နိုင်မော်

မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် အချိန်ကာလအပြောင်းအလဲအမျိုးမျိုး၊ နိုင်ငံရေးစနစ်အမျိုးမျိုး၊ အစိုးရအမျိုးမျိုးတို့ကြားတွင် အခြေအနေ အမျိုးမျိုးတို့ဖြင့် ဒွန်တွဲ၍ရှိနေခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ မတူညီသော လူမျိုးများ၊ ယုံကြည်မှုများကြားတွင် နိုင်ငံတစ်နိုင်ငံ၏စနစ်ကို အကောင် အထည်ဖော်ရခြင်းဖြစ်ရာ ခေတ်အခြေအနေနှင့် လူတို့၏တန်ဖိုးထားမှုအရ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်များကို ပြဋ္ဌာန်းကျင့်သုံးလာကြသည်။ ထို့ကြောင့် ပင် မြန်မာနိုင်ငံသည် ခေတ်စနစ် အချိန်အခါ၏ တိုက်တွန်းမှုတို့၊ မမြင်နိုင်သော တွန်းအားများ၏အလိုအရ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လာသည်။ ဒီမို ကရေစီသည် တစ်ဦးချင်းအနေဖြင့် မဖြစ်လာနိုင်၊ လိုလားတောင်းဆိုသူများရှိသလို အဆိုပါလိုလားမှုများကို ဖြည့်ဆည်းဆောင်ရွက်မှုမည့် အစိုးရများလည်း ရှိရမည်ဖြစ်သည်။

အဆိုပါကိစ္စသည် မြန်မာ့နွေဦးကိုကြည့်လျှင် သိနိုင်သည်။ မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်ဦးဆောင်သော ပြည်သူ့အစိုးရတက်လာပြီးနောက် အတိုက်အခံအင်အားစုများနှင့် လက်တွဲသည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများ၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊ နာမည်ပျက်စာရင်းသွင်းထားသော နိုင်ငံသား၊ နိုင်ငံခြားသားများကို နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးခြင်းအစရှိသော နိုင်ငံရေးအပြောင်းအလဲများကို လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ အဆိုပါအပြောင်းအလဲများ လုပ်ဆောင်နေသည်နှင့် တစ်ပြိုင်တည်းတွင် ခေတ်ဟောင်းမှ သန္ဓေတည်ခဲ့သော ပြဿနာများ၊ အစိုးရ၏လုပ်ငန်းစဉ်တွင် မပါ သေးသော ပြဿနာသစ်များလည်း အစီအရီ ပေါ်ပေါက်လာခဲ့ပါသည်။

အဆိုပါပြဿနာများတွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာကိစ္စသည် ထိပ်ဆုံးမှပါဝင်သည်။ အဆိုပါပြဿနာသည် မျှော်လင့်မထားသော ပြဿနာဟုပင် ဆိုရမည်ဖြစ်သည်။ အဆိုပါကိစ္စသည် အစိုးရသစ်အတွက် ဖြေရှင်းရခက်သည့် အနေအထားတွင် ရှိသည်။ အဆိုပါပြဿနာသည် သိမ်မွေ့နက်နဲသော ကိစ္စ ဟုပင် ဆိုရမည်ဖြစ်သည်။ မတူညီသော ပါဝင်ပတ်သက်သူ အကျိုးစီးပွားရှင်များ၊ ခြားနားသည့် လူမျိုးစုများမတူညီသော တန်ဖိုးထားမှု၊ မတူညီသော လူမျိုးရေး သရုပ်လက္ခဏာရပ်များ၊ လူ့အခွင့်အရေးနှင့် အမျိုးသားရေးတန်ဖိုးများအကြားတွင် အဆုံးအဖြတ်ပေးရမည့်သူ အစိုးရအတွက် ခက်ခဲနေသည်။ အဆိုပါကိစ္စတွင် ဘာသာရေးဆိုင်ရာ ကွဲပြားမှုများနှင့်လည်း ချိတ်ဆက်နေသည်။ အဆိုပါကိစ္စ၏ နောက်ဆက်တွဲအခြေအနေများလည်း ရှိနေသည်။ တစ် လောကကို ရန်ကျမ်းစာကို မီးရှို့မိသည့်ကိစ္စနှင့်ပတ်သက်၍ အိန္ဒိယ(ရာမူး)တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးခံခဲ့ရသည့်ဖြစ်ရပ်မျိုးရှိ သည်။ ထိုကဲ့သို့သော ကိစ္စများ ဆက်လက်ဖြစ်ပွားနိုင်သည်များလည်း ရှိသည်။

စတင်ဖြစ်ပွားချိန်က ဘာသာရေးမပါသော်လည်း ယခုနောက်ပိုင်းတွင် ဘာသာရေးသဘောဆောင်လာမည့် အခြေအနေကို ပြနေသည်။ ထိုသို့ ပြောရခြင်းမှာ အဆိုပါကိစ္စတွင် ဘုန်းတော်ကြီးများ ပါဝင်ပတ်သက်လာခြင်းကြောင့် ဖြစ်သည်။

နောက်တစ်ချက်က မြန်မာပြည်သူတို့၏ သဘောထားဖြစ်သည်။ မြန်မာပြည်သူတို့အနေဖြင့် အဆိုပါကိစ္စတွင် မည်သူ၏ ပူးပေါင်းပါဝင်မှုကို မျှဝေ မလိုလားသည့်သဘော ဖြစ်နေသည်။ ကျွန်တော်ထိုသို့ပြောရခြင်းမှာ အဆိုပါကိစ္စကို ညှိနှိုင်းဆောင်ရွက်မည့် အစ္စလာမ်ကမ္ဘာမှ ကိုယ်စားပြုအဖွဲ့အစည်း ဖြစ်သည့် (OIC) အဖွဲ့၏ ညှိနှိုင်းမှုကို မလိုလားသော ဆန္ဒပြမှုများ ရှိခဲ့သည်။ ထိုအခါ ပြည်သူ့အစိုးရတစ်ရပ်အနေဖြင့် ခွင့်မပြုကြောင်း ကြေညာလိုက်ရ သည့်ကိန်း ဆိုက်ရတော့သည်။

မှန်ပါသည်။ ယနေ့ခေတ်စနစ်အရလည်း ပြည်သူကို အလေးထားရသည်ဆိုတော့လည်း ထိုသို့ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်။ ယနေ့အချိန်အခါ တွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုင်းတစ်ပါး၏ ကြားဝင်ဖြေရှင်းမှုကို မြန်မာနိုင်ငံသားအများစုက မလိုလားခြင်းဖြစ်နေသည်။

ယခုကိစ္စသည် လူမျိုးရေး၊ ဘာသာရေး အကြောင်းအချက်များ ပါဝင်ရောယှက်နေသောကြောင့် အနည်းငယ်မျှ လှုံ့ဆော် သည်နှင့် ပေါက်ကွဲမှုရှိ နိုင်သည်။ ကျွန်တော့်အနေဖြင့် အဆိုပါပဋိပက္ခစသည့်အချိန်ကတည်းက မျက်ခြည်မပြတ် သတင်းများကို စောင့်ကြည့်ခဲ့ရာ အဆိုပါကိစ္စသည် နယ်စပ်လူဝင် မှုပြဿနာမှ လမ်းကြောင်းသွယ်ဖယ်ကာ လူမျိုးရေး၊ ဘာသာရေး လမ်းကြောင်းပေါ်သို့ ရောက်လာသည်ဟု တွေ့မြင်နေရသည်။ အခြားတစ်ဖက်တွင် နိုင်ငံ တကာက လူ့အခွင့်အရေး ချိုးဖောက်မှုဟု ပြောဆိုသုံးသပ်လာကြသည်။ကုလသမဂ္ဂ ကိုယ်စားလှယ် ကင်တားနားကိုယ်တိုင် လာရောက်ကြည့်ရှုပြီး လူ့အခွင့်အရေးချိုးဖော်မှုဟု ဆိုလိုက်ရာ မြန်မာပြည်သူများ (အထူးသဖြင့် ရခိုင်ဒေသခံများ)က မကျေနပ်မနပ် ဖြစ်လာရတော့သည်။ နိုင်ငံရေးပါတီအချို့ ကပင် ထိုသို့ပြောဆိုမှုကို ကန့်ကွက်မှုများ ရှိလာခဲ့သည်။ ကန့်ကွက်ဆန္ဒပြမှုများ ရှိလာခဲ့သည်။

ထိုသို့သော အခြေအနေများကြားတွင် အစိုးရက ရခိုင်ပြည်နယ်အရေးကိစ္စကို စုံစမ်းရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်း၍ စုံစမ်း စစ်ဆေးမှုများ စတင်ပြုလုပ်လာသည်ကို တွေ့ရသည်။

မည်သို့ပင် ဆိုစေကာမူ အဆိုပါကိစ္စသည် မတူညီသော တန်ဖိုးထားမှုများ၊ ယုံကြည်မှုများ အကြားတွင် ဖြေရှင်းရခက်နေသည်က အမှန်ပင်ဖြစ် သည်။ ပြည်သူက အစိုးရကိုထိန်းရမည်ဟူသော သဘာဝရှိသော်လည်း အစိုးရတစ်ရပ်၏ ဖြေရှင်းချက်ကို ပြည်သူကနားမလည်ဘဲ မိမိတို့အကျိုးစီးပွားကို ရှေ့တန်းတင်လျှင်မူ အစိုးရအတွက် အကြပ်ရိုက်စေသည့်အနေအထားမျိုးကို ရောက်သွားစေသည်ဖြစ်ရာ ထိရောက်မျှတသော မူဝါဒများ ချမှတ်ဆောင် ရွက်ရေးတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်သွားစေမည်ဖြစ်သည်။

ထို့ကြောင့် အဆိုပါကိစ္စပြေလည်ရေးသည် သက်ဆိုင်သူများအနေဖြင့် ဖြစ်နေသောပြဿအပေါ် နိုင်ငံရေးအရ အမြတ်ထုတ်မှုများ၊ မိမိတို့ကိုယ် ကျိုးကို ရှေ့တန်းတင်မှုများနှင့် ရှေ့ဆက်သွားကြမည်ဆိုလျှင် ပြဿနာအမြစ်တွယ်ကာ နာတာရှည်ဖြစ်သွားနိုင်ကိုလည်း သတိထားရမည်ဖြစ်သည်။

ထို့ပြင် အဆိုပါကိစ္စသည် မူစလင်ကမ္ဘာမှ နိုင်ငံများ အပေါ်လည်း အနည်းနှင့်အများဆိုသလို ဂရုပြုမိစေခဲ့ပြီလည်း ဖြစ်သည်။ တူရကီမှ နိုင်ငံခြား ရေးဝန်ကြီး ရခိုင်ပြည်နယ်သို့ သွားရောက်စုံစမ်းမှုများ ရှိလာသည်။ မူစလင်ကမ္ဘာမှ နိုင်ငံများနှင့် ဖွဲ့စည်းထားသည့် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကလည်း မြန်မာနိုင်ငံတွင် လာရောက်စုံစမ်းရန်နှင့် အကူအညီပေးရန် မြန်မာနိုင်ငံနှင့် သဘောတူလက်မှတ် ရေးထိုးလာသည်များ ရှိလာသည်။ မြန်မာပြည် သူများက ကန့်ကွက်မှုများ ရှိလာသည်။

အမှန်တကယ်က သူတို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့ အထူးလိုအပ်သည်။ သူတို့အနေဖြင့် အဖြစ်မှန်ကိုသိပါမှ ထင်မြင်ချက်များနှင့် တကယ့်အခြေအ နေကို နှိုင်းယှဉ်နိုင်မည်ဖြစ်သည်ကိုလည်း ထည့်စဉ်းစားဖို့လိုမည် ဖြစ်သည်။

ယခုအချိန်သည် မြန်မာနိုင်ငံနှင့် ကမ္ဘာကြီး၏ဆက်ဆံရေးကို ကောင်းမွန်အောင်တည်ဆောက်နေသည့် အကူးအပြောင်းကာလဖြစ်သည်။ ထို အချိန်တွင် မြန်မာသည် အမေရိကန်နှင့် သင့်မြတ်ရန်လိုသကဲ့သို့ တရုတ်နှင့်လည်း အဆင်ပြေဖို့လိုသည်။ ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုမည်။ ထိုင်းနှင့်မိတ်ဖွဲ့ရန်လိုသကဲ့သို့ ဘင်္ဂလားဒေ့ရှ်နှင့်လည်း လက်တွဲဖို့လိုမည်။ အနောက်ကမ္ဘာနှင့်လည်း အဆက်အသွယ်မပြတ်သင့်သလို မွတ်စလင် ကမ္ဘာနှင့် လည်းညှိနှိုင်းဆောင်ရွက်ဖို့ စဉ်းစားကြရမည်၊ အဆုံးအစွန်အထိပြောရလျှင် အားလုံးနှင့်သင့်မြတ်ဖို့ လိုမည်ဖြစ်သည်။ ထို့ကြောင့် အမျိုးသားရေး ကို စွဲကိုင်သလို ငြိမ်းချမ်းစွာ အတူသင့်မြတ်နေထိုင်ရေးကို လည်းစဉ်းစားဖို့လိုသည်ဖြစ်ရာ ပြည်သူတစ်ရပ်လုံးက အဆိုပါအနေအထားကို ရိပ်စားမိဖို့လို မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အနီးစပ်ဆုံး ပြဿနာ၏ ဗဟိုတွင်ရှိသည့် ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီအနွယ်ဟုဆိုကြသည့် ရိုဟင်ဂျာများအကြား ရန်ငြိုးဖွဲ့ နေကြလျှင်သော်လည်းကောင်း၊ မုန်းစရှည်အောင် လှုံ့ဆော်သူများရှိခဲ့လျှင်သော်လည်းကောင်း အဖြေမထွက်ဘဲ မှန်းချက်နှင့် နှမ်းထွက်မကိုက်သည့်ကိန်း သို့ ဆိုက်သွားနိုင်ကြောင်း တင်ပြလိုက်ရပေသည်။

ရခိုင်ပြည်နယ်(ရိုဟင်ဂျာ)အရေးသည် ဒီမိုကရေစီခေတ် အပြောင်းအလဲများနှင့် ထိပ်တိုက်တွေ့လေပြီတကား။

                                               ***************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၉.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. လမ်းနှင့်တံတားအသုံးပြုခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းထုတ်ပြန်ကြေညာ
  1. စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဝက်ဆိုဒ်တစ်ခုတည်ထောင်မည်
  2. မြေငှားခအများဆုံးပေးဆောင်နိုင်သူ ၃ ဦးအား ဗိုလ်တစ်ထောင်ဆိပ်ကမ်းတင်ဒါအတွက် ရွေးချယ်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. နိုင်ငံတော်သမ္မတ၏ ပြည်ပခရီးစဉ်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းမည်
  2. ၈၈ မျိုးဆက်ကျောင်းသားများ ပါတီတည်ထောင်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

လမ်းနှင့်တံတားအသုံးပြုခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း ထုတ်ပြန်ကြေညာ

ပြည်ထောင်စုလွှတ်တော်မှ လမ်းနှင့်တံတားအသုံးပြုခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို အောက်တိုဘာလ ၁၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ယင်းဥပဒေတွင် လမ်းနှင့် တံတားအသုံးပြုခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉ ကို “မည်သူမဆို ပုဒ်မ ၆ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း၊ ဖောက်ဖျက်ကျုးလွန်ရန် အားထုတ်ကြောင်း (သို့) အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း”ကို အစားထိုးရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် လမ်းနှင့်တံတားအသုံးပြုခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၀ ကို “မည်သူမဆို ပုဒ်မ ၇ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း၊ ဖောက် ဖျက်ကျူးလွန်ရန် အားထုတ်ခြင်း၊ (သို့မပာုတ်) အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း”ကို အစားထိုးရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လမ်းနှင့်တံတားအသုံးပြုခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၁ ကို “မည်သူမဆို ပုဒ်မ ၈ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း၊ ပြစ်မှုထင်ရှားစီ ရင်ခြင်းခံရလျှင် ထိုသူကို တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ် ကြောင်း”ကိုလည်းကောင်း၊ “တရားရုံးသည် ပုဒ်မ (က)အရ တရားစွဲဆိုသော ပြစ်မှုနှင့်ပတ်သက်၍ ပြစ်မှုထင်ရှားတွေ့ရှိလျှင် အဆိုပါပြစ်မှုအတွက် ချမှတ် ရမည့် ပြစ်ဒဏ်အပြင် ပြစ်မှုကျူးလွန်သူက ပေးဆောင်ရမည့် အသုံးပြုခကို သက်ဆိုင်ရာအသုံးပြုခ ကောကခံသူသို့ ပေးဆောင်စေရန် အမိန့်ချမှတ်ရမည်” ပာု အစားထိုးပြောင်းလဲရမည်ဖြစ်ကြောင်း လမ်းနှင့်တံတားအသုံးပြုခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဝက်ဆိုဒ်တစ်ခုတည်ထောင်မည်

မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာနိုင်စေရေးကို အထောက်အကူပြုမည့် ဝက်ဆိုဒ်တစ်ခုတည်ထောင်နိုင်ရန် အသေး စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗပာိုဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝက်ဆိုဒ်တစ်ခုတည်ထောင်နိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်။ ဒီဝက်ဆိုဒ်မှာ စီးပွားရေးလုပ်ငန်းတွေတစ်ခု လုပ်ကိုင်ဖို့အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ဒီဝက်ဆိုဒ်မှာကြည့်ရှုနိုင်မှာပါ။ ဒါဆို စီးပွားရေးလုပ်ငန်းဆောင် တာတွေ လုပ်ကိုင်ရာမှာ အလျင်ြမန်ဆုံးဆောင်ရွက်နိုင်မှာပါ”ပာု အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဗပာိုဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ယင်းဝက်ဆိုဒ်မှတစ်ဆင့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအားလုံးအတွက် နည်းပညာပိုင်းဆိုင်ရာအကူအညီများ၊ အကြံဉာဏ်များနှင့် အခြားလိုအပ်သည့်သင်တန်းများ၊ စီမံခန့်ခွဲမှုအခက်အခဲများကို ကူညီပေးနိုင်မည်ဖြစ်ပြီး နိုင်ငံခြားအဖွဲ့အစည်းများ၊ အာဆီယံ ကုန်သည်စက်မှုအသင်းများ နှင့် ချိတ်ဆက်၍ သတင်းအချက်အလက်အသစ်များကို အဆိုပါဝက်ဆိုဒ်တွင် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

“ပြည်တွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အရမ်းကို အထောက်အကူပြုစေနိုင်မှာပါ။ ဒီဝက်ဆိုဒ်ကတစ်ဆင့် ကိုယ်လုပ်ချင်တဲ့ စီးပွားရေး လုပ်ငန်းတွေအကြောင်းကို ကြည့်ရှုပြီးတော့ လိုအပ်တဲ့သတင်းအချက်အလက်တွေကို ရယူနိုင်မှာပါ။ ပြီးတော့ နယ်မြို့တွေက ကုန်စည်ဈေးနှုန်းတွေ၊ ဒီဘက်က ကုန်ဈေးနှုန်းတွေကို ယှဉ်ကြည့်ပြီးတော့ လုပ်သွားနိုင်မှာဆိုတော့ အရမ်းကိုကောင်းပါတယ်”ပာု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြော ကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည့်အပြင် နိုင်ငံတော်မှ အသေး စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရန်အတွက် လုပ်ငန်းရှင်များအား ကူညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့ပြီး စီးပွားရေးလုပ် ငန်း ဝင်ရောက်လုပ်ကိုင်လိုသူ လုပ်ငန်းရှင်သစ်များကိုလည်း နည်းပညာနှင့် လိုအပ်ချက်များကို ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြေငှားခအများဆုံးပေးဆောင်နိုင်သူ ၃ ဦးအား ဗိုလ်တစ်ထောင်ဆိပ်ကမ်းတင်ဒါအတွက် ရွေးချယ်မည်

ဗိုလ်တစ်ထောင်ဆိပ်ကမ်းတင်ဒါများအား မြန်မာဆိပ်ကမ်းအာဏာပိုင်သို့ မြေငှားအများဆုံးပေးဆောင်နိုင်သူ ၃ ဦးအားရွေးချယ်၍ လုပ်ပိုင်ခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ ရေပေါ်ပာိုတယ်ဧရိယာတည်ဆောက်ဖို့အတွက် တင်ဒါခေါ်ယူထားတာပါ။ လောလောဆယ်တော့ ပုလဲမြေကုမ္ပဏီ က မြေငှားရမ်းခအများဆုံးပေးဆောင်နေတယ်ဆိုတော့ သူတို့ရဖို့များပါတယ်"ပာု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ဗိုလ်တစ်ထောင်ဆိပ်ကမ်းတင်ဒါခေါ်ယူရာတွင် ပထမအဆင့်အနေဖြင့် တင်ဒါစည်းကမ်းချက် (၇)ချက်ဖြင့် ကိုက်ညီသောတင်ဒါများကို စိစစ်၍ ဒုတိယအဆင့်အနေဖြင့် မြေငှားရမ်းခနှုန်း အများဆုံးပေးဆောင်နိုင်သူ ၃ဦးကို ရွေးချယ်သွားမည်ဖြစ်ပြီး အောင်မြင်သူ (၃)ဦး၏ အသေးစိတ် အချက် အလက်များဖြစ်သည့် ငွေကြေးခိုင်မာမှု အထောက်အထား၊ ရင်းနှီးမြှပ်နှံမည့် ပမာဏ၊ပုံစံဒီဇိုင်းနှင့် စံချိန်စံညွှန်းများစသည်တို့ကို ဆက်လက် စိစစ်သွားမည် ဖြစ်ကြောင်း ဗိုလ်တစ်ထောင်ဆိပ်ကမ်းအာဏာပိုင်တစ်ဦးက ပြောကြားသည်။

"ကျွန်တော်တို့ကုမ္ပဏီက တစ်လကို ကျပ်သိန်းတစ်ထောင်နဲ့ မြေငှားရမ်းခအများဆုံးပေးဆောင်သွားမှာဆိုတော့ ကျွန်တော်တို့ရနိုင်ခြေ များနေပါ တယ်။ ရေပေါ်ပိာုတယ်ကို ကမ္ဘာ့အဆင့်မီတည်ဆောက်နိုင်ဖို့အတွက်လည်း ပညာရှင်တွေနဲ့ လုပ်ဆောင်သွားမှာပါ"ပာု ပုလဲမြေကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

တင်သွင်းလာသည့် တင်ဒါများကို ပထမအဆင့်အနေဖြင့် တင်ဒါစည်းကမ်းအချက် (၇)ချက်ဖြင့် ပဏာမစိစစ်ရွေးချယ်၍ စည်းကမ်းချက်နှင့်တစ် ချက်ပို၍မကိုက်ညီသော တင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

နိုင်ငံတော်သမ္မတ၏ ပြည်ပခရီးစဉ်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းမည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြည်ပခရီးစဉ်များနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများအား ဖိတ်ခေါ်ကာ အောက်တိုဘာလ ၂၀ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတက ပြည်သူများနှင့် မီဒီယာများမှ သိလိုသည့်မေးခွန်းများကို ဖြေကြားပေးသွားမည်ဖြစ်ပြီး ယခု စီစဉ်သည့် သတင်းစာရှင်းလင်းပွဲသည် ပြည်တွင်းမီဒီယာများအား ဦးစားပေး၍ ပြုလုပ်သည့်ပွဲတစ်ပွဲဖြစ်သည့်အတွက် ပြည်တွင်းမီဒီယာများ၏ မေးခွန်းမေး မြန်းမှုအပေါ် ပိုမိုဖြေကြားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်သမ္မတကြီးက ပြည်ပမီဒီယာတွေနဲ့တွေ့တာတွေ၊ အင်တာဗျူးလုပ်တာတွေက များနေပါပြီ။ ခုထိ ပြည်တွင်းမီဒီယာတွေရဲ့ သိလိုတာ တွေကို မဖြေကြားနိုင်သေးပါဘူး။ ဒါကြောင့် ပြည်တွင်းမီဒီယာတွေကို ဦးစားပေးပြီး သူတို့သိလိုတာကို ဖြေကြားဖို့အတွက် ခုလိုသတင်းစာရှင်းလင်းပွဲတစ်ခု ကို စီစဉ်တာပါ”ပာု သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ကြောင့် ယခု နိုင်ငံတော်သမ္မတကြီးနှင့် ပြည်တွင်းမီဒီယာများတွေ့ဆုံပွဲတွင် ပြည်သူများသိရှိလိုသည့် သတင်းအချက်အလက်မေးခွန်းများနှင့် မီဒီယာများမှ သိရှိလိုသည့် မေးခွန်းများကိုစာရင်းပြုလုပ်၍ တစ်ဦးချင်းမေးမြန်းနိုင်မှသာ အဆင်ပြေနိုင်လိမ့်မည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် တရုတ်နိုင်ငံခရီးစဉ်ပြီးနောက် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသည့် (၆၅)ကြိမ် မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့ပြီး တောင်ကိုရီးယားနိုင်ငံသို့လည်း ချစ်ကြည်ရေးခရီးအလည်အပတ် သွားရောက်ခဲ့ ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

၈၈ မျိုးဆက်ကျောင်းသားများ ပါတီတည်ထောင်မည်

လာမည့် ၂၀၁၅ တွင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုယ်စားလှဝ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အတွက် မကြာမီကာလအတွင်း နိုင်ငံရေးပါတီတစ်ခု တည်ထောင်သွားတော့မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မကြာမီကာလအတွင်းမှာ နိုင်ငံရေးပါတီတစ်ခု တည်ထောင်သွားတော့မှာပါ။ လာမယ့် ၂၀၁၅ ရဲ့နိုင်ငံရေးအခင်းအကျင်းမှာ ၈၈ မျိုးဆက်က ကိုယ်စားလှယ်တွေ လွှတ်တော်အမတ်တွေအဖြစ် ဝင်ရောက်အရွေးခံနိုင်ဖို့ရည်ရွယ်ပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် ၈၈ မျိုးဆက်ကျောင်းသားများမှ မြန်မာတစ်နိုင်ငံလုံးသို့ လှည့်လည်၍ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ်များ သွားရောက်လျက်ရှိပြီး လာမည့် ၂၀၁၅ တွင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က နိုင်ငံရေးပါတီအနေဖြင့်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုအနေဖြင့် လည်းကောင်း လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“လာမယ့် ၂၀၁၅ မှာ ကျွန်တော်တို့တွေ အဖွဲ့နှစ်ခုအနေနဲ့ လှုပ်ရှားသွားမှာပါ။ ပါတီအနေနဲ့ မြန်မာ့နိုင်ငံဇာတ်ခုံပေါ်မှာ ဆက်ကနေမှာဖြစ်ပေမယ့် လူမှုရေးအနေနဲ့လည်း ပွင့်လင်းလူ့အဖွဲ့အစည်းလုပ်ငန်းတွေကို ဆက်လုပ်သွားမှာပါ။ နိုင်ငံရေးကော၊ လူမှုရေးပါ လှုပ်ရှားမှုတွေဆက်ပြီး လုပ်သွားမှာပါ”ပာု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၈၈ မျိုးဆက်ကျောင်းသားများမှ လုပ်ဆောင်လျက်ရှိသည့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စ ရပ်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းအဖြေရှာရန် လုပ်ဆောင်လျက်ရှိသော အဖွဲ့ အစည်းတစ်ခုဖြစ်သည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ကကောလဟာလဆိုတာကို မထွက်ပါနဲ့လို့ ပြောလို့မရသလို လုပ်လို့လည်းမရဘူး။ အဲဒီထွက်လာတဲ့ ကောလဟာလ တွေကို အမြန်ဆုံးဖြေရှင်းဖို့ ကအရေးကြီးတယ်။ ကျွန်တော်တို့ဘက်က ကိုယ့်သတင်းကိုကိုယ် တာဝန်ယူရမှာပါ။ ကျွန်တော်တို့ အဖွဲ့ရဲ့တာဝန်က သတင်း အမှန်ကို ချက်ချင်းတင်ပြရမယ့် တာဝန်ရှိတယ်။ ယုံတာမယုံတာကတော့ ပြည်သူတွေရဲ့တာဝန်ဖြစ်တယ်။ သို့သော် ပြည်သူတွေယုံအောင် လက်ခံအောင် လို့တော့ ကျွန်တော်တို့ဘက်ကလုပ်ရမယ်။ ဘာလုပ်ပါ၊ ဘာမလုပ်ပါနဲ့ဆိုပြီး ကျွန်တော်တို့ဘက်က ညွှန်ကြားရမယ့် အစိုးရအဖွဲ့မဟုတ်ဘူး”

အောက်တိုဘာ ၁၉ရက်ထုတ် First Weekly ဂျာနယ် အတွဲ (၁) အမှတ် (၅၀) တွင်ပါရှိသည့် “စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ ကကောလဟာလဆို တာကို မထွက်ပါနဲ့လို့ပြောလို့မရသလို လုပ်လို့လည်းမရဘူး၊ အဲဒီထွက်လာတဲ့ ကောလဟာလတွေကို အမြန်ဆုံးဖြေရှင်းဖို့က အရေးကြီးတယ်ဟု ဇာဂနာ ပြောကြား”သတင်းမှ ဇာဂနာ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်မပြောချင်တာက ငြိမ်းချမ်းရေးရဖို့ကို ပြည်သူတစ်ရပ်လုံး ပါဝင်ဖို့လိုတယ်၊ ဒါပေမယ့် နှစ်ဘက်အပစ်အခတ်ရပ်ဖို့က လက်နက်ကိုင်တပ်နှစ်တပ် အဓိကကျတယ်၊ ဒါပေမယ့် လောလောဆယ်မှာ ဒီအဆိုကို လက်မခံချက်ဘူးဆိုလည်း မဲခွဲရင် နိုင်ဖို့မသေချာဘူး။ ဘာပဲပြောပြော ပြည်သူတစ်ရပ်လုံး ပါဝင် ရေးအဆို လောလောဆယ်မှာတော့ လက်ခံထားလိုက်ရတယ်”

အောက်တိုဘာ ၁၈ရက်ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၂၉) တွင်ပါရှိသည့်“ကေအိုင်အေ၊ ကေအိုင်အိုနှင့် ငြိမ်းချမ်းရေးရရှိဖို့ လွှတ်တော်အတွင်း လုပ်မည် လို့ဆို”သတင်းမှ ဒေါ်ဒွဲဘူ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အခြေအနေပိုကောင်းလာဖို့ ဆိုရင်နှစ်ဘက်စလုံးက အလွတ်သဘောနဲ့ ခဏခဏတွေ့တာ၊ မဟုတ်ဘဲနဲ့ တရားဝင်တွေ့ဆုံမှု ခေါင်းစဉ်အောက်မှာ တွေ့ဆုံမှု ခေါင်းစဉ်တွေခွဲပြီးတွေ့ဆုံမှသာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ တိုးတက်မှုရှိနိုင်တယ်”

အောက်တိုဘာ ၁၈ရက်ထုတ် နေပြည်တော် တိုင်း(မ်)ဂျာနယ် အတွဲ (၁) အမှတ် (၄၇)တွင်ပါရှိသည့် “အစိုးရနှင့် ကေအိုင်အေအကြား နားလည်မှုနှင့် ယုံ ကြည်မှုမဆောင်ရွက်နိုင်ခြင်းကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ တိုးတက်သည့်အရိပ်အယောင် မတွေ့ရှိရသေးဟုဆို”သတင်းမှ ဦးခက်ထိန်နန်၏  ပြော ကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive