Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၃.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. တပ်မတော်အစိုးရနှင့် မဟာမိတ်ပြုနေသည်ဟု ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံရ

(The Statesman News မှ 11 Nov 2012 ရက်စွဲပါ “Suu Kyi accused of allying with military regime” သတင်းကို ဘာသာပြန်ပါသည်။)

  1. တရုတ်က ငွေကြေးဈေးကွက်တွင် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုဆွဲဆောင်

(12 November 2012 ရက်စွဲပါ BBC News မှ China eyes more foreign investment as it raises quotas ကိုဘာသာပြန်သည်)

  1. လုပ်ငန်းတစ်ဝက် ပြီးမြောက်မှုကြောင့် ပြုပြင်ရေးသမားများကို ချီးမြှောက်မည့် အိုဘားမား၏ မြန်မာခရီး

(Reuters သတင်းမှ 9 November 2012 ရက်စွဲပါ “ O-Barma trip rewards reformist for job half done” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. လုပ်ငန်းတစ်ဝက် ပြီးမြောက်မှုကြောင့် ပြုပြင်ရေးသမားများကို ချီးမြှောက်မည့် အိုဘားမား၏ မြန်မာခရီး

(Reuters သတင်းမှ 9 November 2012 ရက်စွဲပါ “ O-Barma trip rewards reformist for job half done” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. အဓမ္မ လုပ်သားခိုင်းစေမှု ပပျောက်အောင် မြန်မာဆောင်ရွက်နေဟု ILO ပြောကြား

(AFP သတင်းမှ 12 November 2012 ရက်စွဲပါ “Myanmar acting to cut forced labour: ILO” သတင်းကို ဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

တပ်မတော်အစိုးရနှင့် မဟာမိတ်ပြုနေသည်ဟု ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံရ

(The Statesman News မှ 11 Nov 2012 ရက်စွဲပါ “Suu Kyi accused of allying with military regime” သတင်းကို ဘာသာပြန်ပါသည်။)

ဒီမိုကရေစီအစိုးရစစ်စစ်ကိုမရွေးချယ်နိုင်သေးခင် လက်ရှိအခိုက်အတန့်တွင် မည့်သည့်ရင်းနှီးမြှုပ်နှံမှုမှမပြုလုပ်ကြရန် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူ များကို တောင်းဆိုထားသော မြန်မာအတိုက်အခံပါတီတစ်ခုက ဒေါ်အောင်ဆန်းစုကြည်အားတပ်မတော်အစိုးရ (စစ်အစိုးရ) နှင့် မဟာမိတ် ပြုနေကြောင်း စွပ်စွဲလိုက်ပါသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဂငယ်ကွေ့ပြန်ကွေ့သွားပြီး အခုဆိုရင် တပ်မတော် အစိုးရရဲ့ အာဘော်၊ လက်တွဲဘော်၊ မဟာမိတ် ဖြစ်နေပါပြီ။ သူမဟာ တပ်မတော်အစိုးရရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်လာနေပါတယ်။ ဒါကြောင့် သူမကို အတိုက်အခံခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် လို့ခေါ်ဝေါ်တာဟာ မမှန်တော့ပါဘူး”ဟု Parliamentary Democracy Party (PDP-Burma) ဥက္ကဋ္ဌ ဗိုလ်အောင်ဒင်က ကြေညာချက်ထုတ်ပြန်သည်။

ဗိုလ်အောင်ဒင်က ၎င်းတို့ PDP ပါတီသည် ၁၉၄၅ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်မြောက်ရေး (ဖဆပလ) အဖွဲ့ချုပ်မှ တိုက်ရိုက်ဆင်းသက်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နိုင်ငံရေးနှင့်စစ်ရေးအပါအဝင် လေးလမ်းသွား မဟာဗျူဟာကို ချမှတ်ကျင့်သုံးနေသည် ဟုပြောကြားသည်။

နည်းဗျူဟာအရ မိမိတို့ပါတီသည် တပ်မတော်အစိုးရအား လူသားထုအပေါ်ရာဇဝတ်မှုကျူးလွန်မှုဖြင့် တရားစွဲရန်ရည်ရွယ်ထားသည်ဟု ၎င်းက ပြောကြားသည်။

ထို့အပြင် “တရားသော ဥပဒေစိုးမိုးမှုအောက်တွင် စစ်အုပ်ချုပ်ရေးအဆုံးသတ်ကာ ဒီမိုကရေစီအစိုးရစစ်စစ်ရွေးကောက်တင်မြှောက်ခွင့်ရချိန်အထိ ရင်းနှီးမြှုပ်နှံမှုများဆိုင်းငံ့ထားကြရန် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို တောင်းဆိုတိုက်တွန်းသည်။” ဟု ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။

“တပ်မတော်အစိုးရ စီမံတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲအတုကို PDP ပါတီက လက်မခံပါဘူး။ ဘာကြောင့်လဲဆိုရင် တပ်မတော်အစိုးရဟာ အခြေခံဥပဒေကို ရေးဆွဲပိုင်ခွင့်မရှိလို့ပါ။ ဒါကြောင့် PDP ဟာ ၁၉၄၇ အခြေခံဥပဒေကိုပဲ အသိအမှတ်ပြုပါတယ်။ ဒါ့အပြင် လွှတ်တော်အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို တပ်မတော်အတွက်ဖယ်ပေးတာ၊ စစ်ရေးအတွေ့အကြုံရှိသူကို သမ္မတအဖြစ်ရွေးချယ်ဖို့ မူချထားတာ လိုအပ်ရင်စစ်တပ်က အာဏာသိမ်းခွင့်ရှိတာစတဲ့ အချက်တွေကိုလည်း လက်သင့်မခံနိုင်ပါဘူး။” ဟု ဗိုလ်အောင်ဒင် က ပြောကြားသည်။

“မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်နဲ့ ဖြေးဖြေးမှန်မှန်မိတ်ဆက်ပေးနေတယ်လို့ တပ်မတော်အစိုးရကပြောဆိုနေတာဟာ လိမ်နေတာလို့ PDP က ရှုမြင်ယူဆပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ဒီမိုကရေစီနဲ့ စစ်အာဏာရှင်ကို အတူတွဲဖက်မရနိုင်လို့ဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ စိတ်နေစိတ်ထားက ပြည်သူတွေကို ဒီမိုကရေစီနဲ့ မိတ်ဆက်မပေးနိုင်ပါဘူး၊ တွန့်တိုနေတယ်ဆိုပါတော့” ဟု ဗိုလ်အောင်ဒင် ကဆက်လက် ပြောကြားသွားခဲ့သည်။

ပြည်တွင်းမှ အကဲခတ်လေ့လာသူအချို့ “လက်ရှိ အခြေအနေအရပြောဆိုမယ်ဆိုရင် အရင်ကကောင်းကွက်မရှိခဲ့တဲ့ တပ်မတော်အစိုးရက အခုလို အသွင်ပြောင်း၊ မူပြောင်း၊ အပြုအမူပြောင်းလဲလာတဲ့အပေါ်မှာ နိုင်ငံတကာနဲ့ပြည်တွင်း အသိုင်းအဝိုင်းက အသိအမှတ်ပြုလက်ခံကြိုဆိုပေးနေကြတဲ့ အနေအထားပါပဲ။ ဒါဟာ အပြုသဘောဆောင်ပြီးလက်တွေ့ကျတယ်၊ မှန်ကန်တယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်းသူတို့ရဲ့ တစ်ကယ့် စိတ်နေ သဘောထား စိတ်ရင်းစေတနာတွေ အခုထက်ပိုပြီး အကောင်းဖက်ကိုရောက်လာစေဖို့အတွက် စောစောကလို ရှင်းရှင်းဘွင်းဘွင်း၊ ပွင့်ပွင့်လင်းလင်း၊ ထောက်ပြဝေဖန်မှုတွေလည်း လိုအပ်ပါတယ်” ဟု မှတ်ချက်ပေးပြောဆိုကြသည်။

 ---------------------------------------------------------------------------------------------------------

တရုတ်က ငွေကြေးဈေးကွက်တွင် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုဆွဲဆောင်

(12 November 2012 ရက်စွဲပါ BBC News မှ China eyes more foreign investment as it raises quotas ကိုဘာသာပြန်သည်)

တရုတ်နိုင်ငံသည် စီးပွားရေးတိုးတက်ကြီးထွားရေး လှိုင်းသစ်ဖြစ်ပေါ်ရေးအတွက် အားပေးသည့်အနေဖြင့် ၎င်း၏ ငွေကြေးဈေးကွက်များကို နိုင်ငံခြားရင်းနှီးမြှပ်နှံသူများ ပိုမို ဝင်ရောက်ခွင့်ပေးမည်ဟု ပြောကြားခဲ့သည်။

အဆင့်မှီသော နိုင်ငံခြား အဖွဲ့အစည်း ရင်းနှီးမြှပ်နှံသူ (Qualified Foreign Institutional Investor-QFII) သည် လက်ရှိသတ်မှတ်ထားသော ထည့်ဝင်ငွေ (quota) ဒေါ်လာ (၈၀) ဘီလီယံ (ပေါ် ၅၀ ဘီလီယံ) ပြည့်ပါက ထပ်မံတိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း တရုတ်က ဆိုသည်။

တရုတ်က ယခု ‘ကိုတာ’ တိုးမြှင့်ပေးခဲ့ခြင်းသည် ယခုနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်သည်။

နိုင်ငံရပ်ခြားရှိ တရုတ်ဈေးကွက်ရှိ “ ယွမ်” ရန်ပုံငွေတွင် ထည့်ဝင်လိုသော ရင်းနှီးမြှပ်နှံသူများအတွက် ကန့်သတ်ချက်ပမာဏကိုလည်း တိုးမြှင့်ပေးမည် ဖြစ်သည်။

တရုတ်နိုင်ငံ၏ ရှယ်ယာပိုင်ဆိုင်မှု စည်းမျဉ်းချမှတ်ရေးကော်မရှင် (China Securities Regulatory Commission) အကြီးအကဲ Guo Shuqing  ကပြောကြားရာတွင် ၎င်းတို့သည် တရုတ်ဗဟိုဘဏ်နှင့်လည်းကောင်း၊ နိုင်ငံခြားရေးလဲလှယ်မှု အုပ်ချုပ်ရေးအဖွဲ့နှင့်လည်းကောင်း QFII ကန့်သတ်ချက်ကို ပမာဏတိုးမြှင့်ရန် သဘောတူညီမှု ရှိခဲ့ပြီဖြစ်ကြောင်း ဆိုသည်။

“ဒေါ်လာ (၈၀) ဘီလီယံ အထိသုံးခဲ့ပြီဆိုရင်၊ ကျွန်တော်တို့ သေချာပေါက် တိုးမြှင့်ပေးမှာပါ” ဟု Mr Guo က ပြောခဲ့သည်ဟု Reuters သတင်း အေဂျင်စီက ကိုးကာဖော်ပြသည်။

ဈေးကွက်အတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရေးအတွက် မိမိတို့သည် တစ်ဦးချင်း QFII များအတွက် ရင်းနှီးမြှပ်နှံမှု ကန့်သတ်ချက် ပမာဏ တိုးမြှင့်ပေးသွားရန် စဉ်းစားနေကြောင်း Mr Guo က ပြောသည်။

“ ကျွန်တော်တို့ တစ်ဦးချင်းအဖွဲ့အစည်းတွေကို ခြားနားတဲ့ အခြေခံတွေနဲ့ ကြည့်မှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် တရုတ်သည် QFII များကို အခွန်ကင်းလွတ်ခွင့် ပေးရန် စဉ်းစားနေကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

 ---------------------------------------------------------------------------------------------------------

လုပ်ငန်းတစ်ဝက် ပြီးမြောက်မှုကြောင့် ပြုပြင်ရေးသမားများကို ချီးမြှောက်မည့် အိုဘားမား၏ မြန်မာခရီး

(Reuters သတင်းမှ 9 November 2012 ရက်စွဲပါ “ O-Barma trip rewards reformist for job half done” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသို့ ဘားရက်အိုဘားမားသွားရန် စီစဉ်နေသော ခရီးသည် မြန်မာအုပ်ချုပ်သူများအား ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ဝက် ပြီးမြောက်ခြင်းအတွက် ချီးမြှောက်ရန် စွန့်စားလိုက်ခြင်းပင် ဖြစ်သည်။ ယခုခရီးစဉ်သည် လက်ရှိပြုပြင်ပြောင်းလဲမှုများကို မျှမျှတတ အသိအမှတ်ပြုခြင်း ဖြစ်ပြီး၊ အာရှသို့ ရွေ့လာသော အမေရိကန် နိုင်ငံခြားရေးမူဝါဒအတွက် အဓိကမဟာမိတ်တစ်ဦးကို မွေးမြူတော့မည် ဖြစ်သည်။ သို့သော်လည်း တရုတ်ခေါင်းဆောင်သစ်များအား မုချမသွေ ရန်လိုလာစေမည် ဖြစ်သည့်အပြင်၊ ခက်ခဲသော အပြောင်းအလဲများ ပြုလုပ်ရန်လိုအပ်နေဆဲ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှု လျော့သွားနိုင်သည်။

မည်သို့ပင်ဖြစ်စေ အိုဘားမားသည် မြန်မာရောက် ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာကာ အနည်းငယ် စုတ်ပြဲနေသော ကော်ဇောနီခင်းကြိုဆိုမှုကို မြင်တွေ့ရဖွယ် ရှိသည်။ လွန်ခဲ့သော တစ်နှစ်ခန့်က နေပြည်တော်သို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာလည်ပြီး နောက်ပိုင်း ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၊ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း တို့သည်လည်း ထိုလမ်းအတိုင်း ရောက်လာခဲ့ကြသည်။

အိုဘားမား၏ ခရီးစဉ်သည် မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၅၀ အထီးကျန်နေထိုင်မှုကို အဆုံးသတ်ပေးသည့် သမိုင်းဝင်အပြောင်းအလဲ နှင့် အံကိုက်ပင် ဖြစ်သည်။ မြန်မာအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများ ရာနှင့်ချီ၍ လွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာ ဖျက်သိမ်းခြင်း တို့အပြင် ဒီမိုကရေစီ ကြားဖြတ်ရွေးကောက်ပွဲ စစ်စစ်ကိုလည်း ကျင်းပပြုလုပ်ပေးခဲ့သည်။

မြန်မာအစိုးရသည် စီးပွားရေးကိုလည်း နိုင်ငံရေးနှင့်တန်းတူညီမျှ ကြီးကြီးမားမား ပြောင်းလဲပြင်ဆင်လျက်ရှိသည်။ ပုံသေငွေလဲနှုန်းကို ဧပြီလတွင် စတင်ဖျက်သိမ်းပေးခဲ့ပြီး၊ နိုင်ငံခြားရင်းနှီးမြှပ်နှံသူများနှင့် အဆင်ပြေမည့် ရင်းနှီးမြှပ်နှံမှု ဥပဒေသစ်ကိုလည်း မကြာသေးမီက အတည်ပြုပေးခဲ့သည်။ဥပဒေသစ်အရ အရေးကြီးအကဲဆတ်သော လုပ်ငန်းများမှ လွဲ၍ နိုင်ငံခြားကုမ္ပဏီ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ပြုထားပြီး၊ အနည်းဆုံးမတည်ငွေ ဖော်ပြထည့်ဝင်ရန်မလိုဟု VDB Loi ဥပဒေလုပ်ငန်းက ဆိုသည်။

သို့သော် မြန်မာနိုင်ငံတွင် အခက်ခဲဆုံး ပြောင်းလဲမှုများ ပြုလုပ်ရန် ကျန်ရှိနေသေးသည်။ ယင်းနိုင်ငံတွင် လွတ်လပ်သော တရားစီရင်ရေး စနစ်မရှိသေးပါ။ လွှတ်တော်အမတ်နေရာ လေးပုံတစ်ပုံကိုလည်း တပ်မတော်(စစ်တပ်) က ယူထားသည်။ ဖိလစ်ပိုင်ပုံစံ ကျေးလက်ကြွေးမြီ ပြဿနာမဖြစ်အောင် မြေအပိုင်စီးမှုများ တားဆီး၍ လယ်ယာပို့ကုန်ကို မြှင့်တင်ရန်အတွက် ထိရောက်သော မြေယာပြုပြင်ပြောင်းလဲရေး လိုအပ်နေသည်။

ယခုအခါ အိုဘားမားသည် မြန်မာနိုင်ငံ နောက်ပြန်မလှည့်နိုင်တော့ ဟူသောအချက်ကို သမ္မတဦးသိန်းစိန်နှင့် သဘောထားချင်း တိုက်ဆိုင်ပါလိမ့်မည်။

အပြေးအလွှားဝင်ရောက်လာပြီးဖြစ်သော ဂျပန်ကဲ့သို့ နိုင်ငံများနှင့် အမှီလိုက်၍ ခုန်ရမည် ဟူသော ဖိအားကိုလည်း ခံစားမိပါလိမ့်မည်။ ထို့အပြင် အရေအတွက်တိုးလာနေသော အာရှမဟာမိတ်များ စာရင်းထဲသို့ မြန်မာနိုင်ငံကိုပါ ပေါင်းထည့်ရန် ဆန္ဒပြင်းပြနေပါလိမ့်မည်။

သို့သော်လည်း တရုတ်ခေါင်းဆောင်သစ်များက ၎င်းတို့၏ အာဖရိကနှင့် ပင်လယ်ကွေ့ နောက်ဖေးပေါက် အဖြစ်သတ်မှတ်ထားသော မြန်မာနိုင်ငံသို့ အမေရိကန် အကြီးအကဲ ရောက်ရှိလာခြင်းကို နှစ်သက်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အမေရိကန်တို့အနေဖြင့် ဘယ်သူက အာစရိလဲဆိုသော အချက်ကို သေချာဖို့ လိုလာသည်။

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးများ ဖြစ်ပေါ်လာရခြင်းမှာ အနောက်အုပ်စု sanctions များ ပိတ်ဆို့မှုတစ်ခုထဲကြောင့် မဟုတ်ဘဲ တရုတ်တို့ လွှမ်းမိုးကြီးစိုးလာသည့် အန္တရာယ်မှ လွတ်မြောက်ရေးလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။ သို့သော် အမေရိကန် ပိတ်ဆို့မှုများမှာ စာရွက်ပေါ်တွင် တရားဝင်ကျန်ရှိနေသောကြောင့် အိုဘားမားက သမ္မတ လုပ်ပိုင်ခွင့်အာဏာဖြင့် ဆိုင်းငံ့ပေးထားရသည်။ အိုဘားမားအတွက် ယခုအခြေအနေမျိုးတွင် မြန်မာနိုင်ငံကို ထောက်ခံအားပေးရခြင်းသည် ကျန်နေသော မက်လုံးအနည်းငယ်နှင့်အတူ ဖိအားများများပေးရမည့်အခြေသို့ ဆိုက်ရောက်သွားစေသည်။

 ---------------------------------------------------------------------------------------------------------

အဓမ္မ လုပ်သားခိုင်းစေမှု ပပျောက်အောင် မြန်မာဆောင်ရွက်နေဟု ILO ပြောကြား

(AFP သတင်းမှ 12 November 2012 ရက်စွဲပါ “Myanmar acting to cut forced labour: ILO” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် အဓမ္မလုပ်သား ခိုင်းစေမှုနှင့် ကလေးစစ်သားအသုံးပြုမှု များကို အရေးယူဆောင်ရွက်နေပုံရသည်ဟု နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO က တနင်္လာနေ့တွင် ပြောကြားသည်။ အစိုးရက ယင်းလုပ်နည်းကိုင်နည်းဟောင်းများကို  ဖျက်သိမ်းရန် ကြိုးစားနေသော်လည်း ဆက်လက်တိုင်ကြားမှုများ ရှိနေသေးသည်။

နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေး ကာလအတွင်း လူ့အခွင့်အရေး ကြီးမားစွာ ချိုးဖောက်ကြောင်း စွပ်စွဲခံနေရသည့် တပ်မတော်(စစ်တပ်) က စစ်မြေပြင်တွင် အရပ်သားများအား အဓမ္မစေခိုင်းမှုကို တားမြစ်သည့် အမိန့်ထုတ်ပြန်ထားလိုက်ပြီဟု ILO အစီရင်ခံစာက ဆိုသည်။

ယင်းဆောင်ရွက်ချက်သည် ၂၀၁၅တွင် အဓမ္မစေခိုင်းမှု ချုပ်ငြိမ်းသွားအောင် ဆောင်ရွက်ကြရန် ဆိုင်ရာ အဖွဲ့အစည်း အားလုံးက ကတိပေးခဲ့ကြခြင်း၏  သိသိသာသာ ထိရောက်မှုကို ပြသနေသည်ဟု အစီရင်ခံစာက ဆိုသည်။

“နိုင်ငံအနှံ့ အသိုင်းအဝိုင်းများထံမှ ပြန်လည်ကြားသိရသော သတင်းများက အဓမ္မလုပ်သားခိုင်းစေမှု အမှန်တကယ် ဆက်လက် လျော့ကျနေသည်ကို ပြသနေသည်။ တာဝန်ရှိသော အာဏာပိုင်များနှင့် တိုက်ရိုက်တင်ပြဖြေရှင်းခွင့် ရသောကြောင့် ဆိုင်ရာ အသိုင်းအဝိုင်းများ ပို၍ အဆင်ပြေလွယ်ကူလာကြသည်”ဟု ILO က ပြောကြားသည်။

ထို့အပြင် ကလေးစစ်သား အသုံးပြုမှု တားမြစ်ရေး သဘောတူညီချက်သည်လည်း ဇွန်လက လက်မှတ်ထိုးပြီးနောက်ပိုင်း အသက်မပြည့်သော ကလေးစစ်သား ၄၂ဦး ပြန်လွှတ်ပေးခြင်းနှင့်အတူ ပိုမိုထိရောက်မှု ရှိလာပြီး ယခုနှစ်စမှ စ၍ စုစုပေါင်း ၄၆ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်သည်ဟု ILO က ဆိုသည်။

သို့သော် ဇွန်လ ၁၁ရက် မှ အောက်တိုဘာ ၁၁ရက်အကြား တိုင်ကြားစာ ၁၅၈ စောင် ဆက်လက်လက်ခံရရှိခဲ့ရာ မနှစ်က ထိုကာလအတွင်း တိုင်စာ ၁၄၈ စောင်လက်ခံရရှိခဲ့ခြင်းထက် ပိုများလာသည်ဟု ILOက ဆက်လက်ပြောကြားသည်။

မှန်ကန်သော မူဝါဒများ ချမှတ်မှုနှင့် အမိန့်များ ထုတ်ပြန်မှုတို့ရှိလာသော်လည်း လက်တွေ့တွင် ဆန့်ကျင်ကွဲလွဲသော အပြုအမူများ ဆက်ရှိနေဦးမည်ကို မျှော်လင့်ထားကြလိမ့်မည်ဟု ILO အစီရင်ခံစာတွင် ဖော်ပြထားသည်။

အရေအတွက် အတိအကျ မသိရသော်ငြားလည်း မြန်မာအစိုးရ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် စစ်တပ်များတွင် အသက် ၁၈ နှစ် မပြည့်သေးသော တပ်သားသစ်များ ထောင်နှင့်ချီ၍ ရှိနေသည်ဟု ယုံကြည်ရသည်။ ထို့အပြင် မြန်မာ့တပ်မတော်သည် မုဒိန်းမှုနှင့် အဓမ္မပေါ်တာဆွဲခြင်း အပါအဝင် ညှင်းပန်းနှိပ်စက်မှုများ ကျူးလွန်လျက်ရှိသည်ဟု စွပ်စွဲခံနေရသည်။

မြန်မာနိုင်ငံတွင် ပြည်ဖုံးကားချသွားခဲ့သော စစ်အုပ်ချုပ်ရေး လက်ထက် ညှင်းပန်းနှိပ်စက်မှု ပုံရိပ်များကို ခွာချရန် ယခုအရပ်ဖက် တစ်ပိုင်းအစိုးရသစ်က ကြိုးစားနေသည်။

လက်ရှိအစိုးရက ပြုလုပ်နေသော သိသာသည့် အပြောင်းအလဲများတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းနှင့် အပစ်ရပ်သဘောတူ စာချုပ်လက်မှတ်ရေးထိုးမှုများ ပါဝင်သည်။

ILO က အဓမ္မလုပ်သားခိုင်းစေမှု သတင်းပေး လက်ကမ်းစာရွက်ကို မြန်မာနိုင်ငံ၏ ဘာသာစကား ၇ မျိုးဖြင့် ရေးသားကာ တစ်သန်းကျော် ထုတ်ဝေခဲ့ပြီး၊ ဇွန်လမှစ၍ တပ်မတော် အဖွဲ့အစည်း၊ အစိုးရဌာနဆိုင်ရာများ ဆွေးနွေးပွဲများတွင် ဖြန့်ဝေခဲ့သည်ဟု သိရှိရသည်။

  

**********************************************

 

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၃.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. ငလျင်ဒဏ်သင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းများ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်မည်
  2. အလုပ်သမားအခွင့်အရေးများ ဥပဒေအတိုင်း မရရှိသေး

နိုင်ငံရေးသတင်း

  1. ပြည်ထောင်စုဖက်ဒရယ်မူရေးဆွဲရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည်ဖြစ်ကြောင်း ရခိုင်ဒီမိုအဖွဲ့ချုပ်ဥက္ကဋ္ဌပြောကြား
  1. အိုဘားမား၏ မြန်မာခရီးစဉ်မတိုင်မီ နိုင်ငံရေးအကျဉ်းသားလွှတ်မည်ပာု သတင်းများထွက်ပေါ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

                         **********************************************************************************************

ပြည်တွင်းသတင်း

ပြည်ထောင်စုအစိုးရအဖွဲ့ ငလျင်ဒဏ်သင့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ အစွမ်း ကုန်ဆောက်ရွက်မည်

အင်အားပြင်းငလျင်ဒဏ်ခံရသော ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ချက် ၃/၂၀၀၂ ဖြင့် ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာသည်ကို ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြခဲ့သည်။

  အဆိုပါအသိပေးကြေညာချက်တွင် နိုင်ငံတော်သမ္မတအနေဖြင့် ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခ ရောက်ခဲ့သော ပြည်သူများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်းနှင့် ငလျင်လှုပ်ခတ်မှုဖြစ်စဉ်၌ ဘေးဒုက္ခခံစားခဲ့ရသူများအား အရေးပေါ်အချိန်တွင် ချက်ချင်းအကူအညီးပေးပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဒေသခံပြည်သူများကို အထူးကျေးဇူးတင်ရှိကြောင်းဖော်ပြပါရှိသည်။

ထို့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းများကို လူထုလူတန်းစားအဖွဲ့အစည်း အားလုံးနှင့် လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လည်းကောင်း အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းပါရှိသည်။

နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများသို့ ကိုယ်တိုင်သွားရောက်ရန် အခြေအနေမပေးသည့် အတွက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဦးဆောင်သည့်အဖွဲ့အား ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်နိုင်ရန် တာဝန်ပေးအပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် နံနက် ၇ နာရီ ၄၂ မိနစ် ၃၇ စက္ကန့်အချိန်၌ ရစ်ခ်ျတာစကေး ၆ ဒဿမ ၈ အဆင့်နှင့် ၅ ဒဿမ ၀ အဆင့်ရှိ အင်အားပြင်း ငလျင် နှစ်ကြိမ်တိတိလှုပ်ခတ်သွားသောကြောင့် လူ ၆ ဦးသေ၊ ၅၀ ဦးဒဏ်ရာရရှိပြီး စေတီပုထိုး၊ အဆောက်အအုံများစွာနှင့် တည်ဆောက်ရေးလုပ်ငန်းများ ပျက်စီးခဲ့သည်။

YC

 ---------------------------------------------------------------------------------------------------------------

အလုပ်သမားအခွင့်အရေးများ ဥပဒေအတိုင်း မရရှိသေး

အလုပ်ရှင်အနေဖြင့် စာချုပ်ပါအချက်များအား ချိုးဖောက်နေသော်လည်း အရေးယူမည့်သူမရှိသည့်အတွက် အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးနေရကြောင်း အထည်ချုပ်အလုပ်သမားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါအခွင့်အရေးများ ချိုးဖောက်ခံနေရသည့်အတွက် ဆန္ဒပြတောင်းဆိုမှုများမှာ မေလတွင်လည်းကောင်း၊ စက်တင်ဘာလဆန်းမှ စတင်၍ ယခုအချိန်ထိလည်းကောင်း ဖြစ်ပွားခဲ့သည်။

သို့ရာတွင် အလုပ်သမားများ၏ အစာငတ်ခံ ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသော တော်ဝင်သစ်အချောထည်လုပ်ငန်းပိုင်ရှင် ဦးကိုကိုထွေးက အလုပ်သမားများ၏တောင်းဆိုမှုများသည် ဥပဒေပြင်ပတွင်ရောက်ရှိနေသည့်အတွက် လိုက်လျောရန် မဖြစ်နိုင်ကြောင်း တော်ဝင်ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုသို့ အလုပ်သမားများ၏ ဆန္ဒပြမှုများကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းအပေါ် အဟန့်အတားဖြစ်စေနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဥာဏ်ထွန်းက ပြောကြားသည်။

YC      

**********************************************************************************************

နိုင်ငံရေးသတင်း

ပြည်ထောင်စုဖက်ဒရယ်မူရေးဆွဲရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည်ဖြစ်ကြောင်း ရခိုင်ဒီမိုအဖွဲ့ချုပ် ဥက္ကဋ္ဌပြောကြား

ပြည်ထောင်စုဖက်ဒရယ်မူရေးဆွဲရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်းမပြုဘဲ ဖက်ဒရယ်မူရေးဆွဲရန် တာဝန်ပေးအပ်ခဲ့ခြင်းအပေါ် ၎င်းက ယခုကဲ့သို့ တုန့်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော် ဖက်ဒရယ်မူရေးဆွဲရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဒေါ်နန်းဝါနုက တိုင်းရင်းသားများ တန်းတူအခွင့်အရေးရရှိစေမည့် ဖက်ဒရယ်မူရေးဆွဲရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို လုပ်ပိုင်ခွင့်အာဏာ၊ စီမံပိုင်ခွင့်အာဏာများ သတ်မှတ်ပေးခြင်းဖြင့် ဖက်ဒရယ်မူစစ်စစ်မရရှိနိုင်သော်လည်း အခြေခံအုတ်မြစ်တစ်ခုကို စတင်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် စတုတ္ထပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးမှ တိုင်းရင်းသားအရေးကိစ္စနှင့်ပတ်သက်၍ အဆိုတင်သွင်းခဲ့သည့်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းမပြုဘဲ ဖက်ဒရယ်မူရေးဆွဲရန် ကွန်ပိာန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုနှင့် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်တို့အား တာဝန်ပေးအပ်ခဲ့သည်။

 YC

-----------------------------------------------------------------------------------------------------------------------------

အိုဘားမား၏ မြန်မာခရီးစဉ်မတိုင်မီ နိုင်ငံရေးအကျဉ်းသားလွှတ်မည်ပာု သတင်းများထွက်ပေါ်

အမေရိကန်နိုင်ငံသမ္မတ ဘားရက်အိုးဘားမား၏ နိုဝင်ဘာလ (၁၉)ရက်နေ့ မြန်မာခရီးစဉ်မတိုင်မီ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အကျဉ်းထောင်တွင်းရှိ ကျန်ရှိနိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်ပာု ပြင်ပ၌သတင်းများထွက်ပေါ်လျက်ရှိသည်။

မြန်မာနိုင်ငံသို့လာရောက်မည့် အမေရိကန်သမ္မတအိုဘားမားသည် ယခင်ကတည်းကပင် မြန်မာအစိုးရအား နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ တောင်းဆိုခဲ့သည့်အတွက်တို့ကြောင့် ယခုကဲ့သို့ခန့်မှန်းရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးအတွက် လူ့အခွင့်ကာကွယ်မြှင့်တင်ရေး ကွန်ရက်(HRDP)က နိုင်ငံတော်သမ္မတရုံး အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများထံသို့ မေတ္တာရပ်ခံစာ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ အမေရိကန်မှ သမ္မတတစ်ဦး လာရောက်လည်ပတ်ခြင်းသည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံမှ အမြင့်ဆုံးလာရောက်ခဲ့ဘူးသည့် ခရီးမှာ ၁၉၅၃ ခုနှစ်က အမေရိကန်ဒုတိယသမ္မတ ရစ်ချက်နက်ဆင်၏ ခရီးစဉ်ဖြစ်သည်။

အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံရန်စီစဉ်ထားသည့်အပြင် ပြည်တွင်းရှိ အရပ်ဖက်လူ့အဖွဲ့အစည်းများရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအတွက် အားပေးတိုက်တွန်းသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့သည်။

YC

 ********************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အေဆမ်အဖွဲ့ဝင်နိုင်ငံများအနေနဲ့ မြန်မာနိုင်ငံရဲ့ပင်မစီးပွားရေး အခြေခံဖြစ်တဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊လူဦးရေအများစုဖြစ်တဲ့ ကျေးလက်ပြည်သူတွေရဲ့ ဘဝတိုးတက်ရေးနဲ့ ထောင်စုနှစ်ရည်မှန်းချက်နဲ့အညီ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် လိုအပ်တဲ့ အကူအညီများ ပံ့ပိုးပေးအပ်သွားဖို့ မေတ္တာရပ်ခံလိုပါတယ်။”

နိုဝင်ဘာလ ၁၂ ရက်နေ့ထုတ် Messenger Journal အတွဲ (၃) အမှတ် (၂၅) တွင်ပါသော “ကျေးလက်ပြည်သူများ၏ ဘဝတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့အတွက် လိုအပ်သောအကူအညီများပေးရန် နိုင်ငံတော်သမ္မတ မေတ္တာရပ်ခံ”သတင်းမှ သမ္မတဦးသိန်းစိန် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------

“ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးအတွက် ပထမဆုံးအစည်းအဝေးဖြစ်ပါတယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် နှစ်နိုင်ငံပူးတွဲကော်မတီဖွဲ့စည်းပြီး ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပါတယ်၊ အရေးကြီးသည့်ကဏ္ဍများကို ဦးစားပေး အစီအစဉ်ရေးဆွဲဆောင်ရွက်သွားရန် ဖြစ်ပါတယ်၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် နှစ်ဦး၊နှစ်ဖက် အကျိုးဖြစ်ထွန်းမှုတို့ကို အခြေခံလျက် ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်ပါတယ်”

နိုဝင်ဘာလ ၁၄ ရက်နေ့ထုတ် Flower News Journal အတွဲ (၈) အမှတ် (၄၄) တွင်ပါသော “ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲအဆင့်မြင့်ကော်မတီအစည်းအဝေး ထိုင်းနိုင်ငံတွင်ကျင်းပ”သတင်းမှ မစ္စရင်လပ်ရှင်နာဝပ် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------

“မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်အပေါ်တင်ရှိနေတဲ့ အကြွေးတွေပြန်မဆပ်နိုင်သေးပေမယ့် အခုလိုထောက်ပံ့ကြေးငွေ ပေးအပ်လိုက်တာဟာ လူထု အခြေပြုဖွံ့ဖြိုးတိုးတက်ရေးပရောဂျက်ဆောင်ရွက်ဖို့နဲ့ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ အမြန်ဆုံး အကျိုးရလာဒ်များကို ခံစားစေနိုင်ဖို့ဖြစ်တယ်။”

နိုဝင်ဘာလ ၁၄ ရက်နေ့ထုတ် Open News Journal အတွဲ (၅) အမှတ် (၆) တွင်ပါရှိသော “ဒေါ်လာသန်း ၉၀၀ အကြွေးပေးရန်အတွက် ကျန်နေသော်လည်း မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က ကနဦးထောက်ကပံ့ကြေးငွေ ဒေါ်လာသန်း ၈၀ စတင်ချပေး” မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ် မစ္စတာ Kanthan Shanker ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 *******************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၁၂.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ဒေါ်အောင်ဆန်းစုကြည်၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဒီဝါလီရက်သတ္တပတ်ခရီး

(Hindustan Times မှ 11 November 2012 ရက်စွဲပါ “Suu Kyi's Diwali visit , a trip down memory lane” သတင်းကို ဘာသာပြန်ဆိုသည်)

  1. တပ်မတော်အစိုးရနှင့် မဟာမိတ်ပြုနေသည်ဟု ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံရ

(The Statesman News မှ 11 Nov 2012 ရက်စွဲပါ “Suu Kyi accused of allying with military regime” သတင်းကို ဘာသာပြန်ပါသည်။)

*****************************************************

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည်၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဒီဝါလီရက်သတ္တပတ်ခရီး

(Hindustan Times မှ 11 November 2012 ရက်စွဲပါ “Suu Kyi's Diwali visit , a trip down memory lane” သတင်းကို ဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံသည် တောက်ပသောအတိတ်ပုံရိပ်များကို ပြသရန် စီစဉ်ပြင်ဆင်ကာ ဒီဝါလီရက်သတ္တပတ်တွင် ၆ ရက်ကြာ ခရီးရောက်ရှိလာမည့် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စောင့်မျှော်နေပြီဖြစ်သည်။

ထိုခရီးစဉ်သည် နယူးဒေလီအတွက် ဒီမိုကရေစီလိုလားသူ မိတ်ဆွေဟောင်းတစ်ဦးနှင့် ပြန်လည်ရင်းနှီးနွေးထွေးစေမည့် အစီအစဉ်တစ်ခု ဖြစ်လာ လိမ့်မည်။

ပညာသင်ကြားခဲ့ရာ Lady Shri Ram College သို့ ဒေါ်အောင်ဆန်းစုကြည်အလည်လာခြင်းအပါအဝင် ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ခရီးတွင် သူမသည် မိတ်ဟောင်း၊ ဆွေဟောင်းများနှင့် တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။ ကမ္ဘာကျော်မြန်မာအတိုက်အခံခေါင်းဆောင်သည် နိုဝင်ဘာ ၁၄ ရက်တွင် နေရူး အမှတ်တရ ဟောပြောမှုကိုလည်း ပို့ချဦးမည် ဖြစ်သည်။

ကွန်ဂရက်လွှတ်တော်ဥက္ကဌ ဆိုနီယာဂန္ဒီကလည်း သူမ၏ အမှတ်(၁၀) ဂျန်ပတ်နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဧည့်ခံမည်ဖြစ်သည်။ ထိုနေအိမ်သည် ဒေါ်အောင်ဆန်းစုကြည် ၁၉၆၀ ခုနှစ်က သူမ၏မိခင် အိန္ဒိယဆိုင်ရာသံအမတ်ကြီး ဒေါ်ခင်ကြည်နှင့် အတူ နေထိုင်ခဲ့ဘူးသော အမှတ်(၂၄) အက္ကဘာလမ်းနှင့် ကပ်လျက် ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ၁၉၉၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ဂျဝါဟလာနေရူးဆုကို ချီးမြှင့်ခဲ့စဉ်ကာလက မြန်မာစစ်အစိုးရ၏ အမျက်ဒေါသကို ခံယူခဲ့ရဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အန်ဒရာပရာဒေရှ့် ပြည်နယ်သို့လည်း သွားရောက်လည်ပတ်မည်ဖြစ်ပြီး ထိုဒေသတွင်ကျေးလက်ကဏ္ဍ စွမ်းရည် မြင့်လာစေမည့် ဆောင်ရွက်ချက်များကို ပြသရန် စီစဉ်နေသည်။

ထို့အပြင် မြန်မာဒီမိုကရေစီခေါင်းဆောင်သည် ဘန်ဂလောရှိ အိန္ဒိယ သိပ္ပံနှင့် နည်းပညာနယ်မြေသို့လည်း သွားရောက်ကြည့်ရှူမည်ဟု သိရှိရသည်။ သူမသည် ၆ ရက်ကြာမည့် အိန္ဒိယခရီးစဉ်တွင် ဒေလီမြို့၌ ဝန်ကြီးချုပ်မန်မိုဟန်ဆင်း၊ ဒုတိယသမ္မတဟာမစ်အန်ဆာရီ အောက်လွှတ်တော်ဥက္ကဌ မီရာကူးမားတို့နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

 ------------------------------------------------------------------------------------------------------------------

တပ်မတော်အစိုးရနှင့် မဟာမိတ်ပြုနေသည်ဟု ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံရ

(The Statesman News မှ 11 Nov 2012 ရက်စွဲပါ “Suu Kyi accused of allying with military regime” သတင်းကို ဘာသာပြန်ပါသည်။)

ဒီမိုကရေစီအစိုးရစစ်စစ်ကို မရွေးချယ်နိုင်သေးခင်လက်ရှိအခိုက်အတန့်တွင် မည့်သည့်ရင်းနှီးမြှုပ်နှံမှုမှမပြုလုပ်ကြရန် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူ များကိုတောင်းဆိုထားသော မြန်မာအတိုက်အခံပါတီတစ်ခုက ဒေါ်အောင်ဆန်းစုကြည်အားတပ်မတော်အစိုးရ (စစ်အစိုးရ) နှင့် မဟာမိတ် ပြုနေကြောင်း စွပ်စွဲလိုက်ပါသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဂငယ်ကွေ့ပြန်ကွေ့သွားပြီး အခုဆိုရင် တပ်မတော် အစိုးရရဲ့ အာဘော်၊ လက်တွဲဘော်၊ မဟာမိတ် ဖြစ်နေပါပြီ။ သူမဟာ တပ်မတော်အစိုးရရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်လာနေပါတယ်။ ဒါကြောင့် သူမကိုအတိုက်အခံခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင်လို့ ခေါ်ဝေါ်တာဟာ မမှန်တော့ပါဘူး”ဟု Parliamentary Democracy Party (PDP-Burma) ဥက္ကဋ္ဌဗိုလ်အောင်ဒင်က ကြေညာချက်ထုတ်ပြန်သည်။

ဗိုလ်အောင်ဒင်က ၎င်းတို့ PDP ပါတီသည် ၁၉၄၅ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ် မြောက်ရေး (ဖဆပလ) အဖွဲ့ချုပ်မှ တိုက်ရိုက်ဆင်းသက်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နိုင်ငံရေးနှင့် စစ်ရေးအပါအဝင် လေးလမ်းသွားမဟာဗျူဟာကို ချမှတ်ကျင့်သုံးနေသည်ဟု ပြောကြားသည်။

 *****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive