Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာတံခါးဖွင့်သော်လည်း အမေရိကန် ကုမ္ပဏီကြီးများ အလောတကြီးဝင်ရန်မလို

(22 November 2012 ရက်စွဲပါ AP သတင်းဌာနမှ Erika Kinetz ရေးသားသော Myanmar opening no gold rush for US firms ကို ဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ 

မြန်မာတံခါးဖွင့်သော်လည်း အမေရိကန် ကုမ္ပဏီကြီးများ အလောတကြီးဝင်ရန်မလို

(22 November 2012 ရက်စွဲပါ AP သတင်းဌာနမှ Erika Kinetz ရေးသားသော Myanmar opening no gold rush for US firms ကို ဘာသာပြန် ဆိုသည်)

မြန်မာနိုင်ငံသည် ကြီးပွားတိုးတက်လာတော့မည့် လက္ခဏာများ တွေ့နေရပါသည်။ ရန်ကုန်သို့သွားသော လေယာဉ်များ ပြည့်နေပါသည်။ ဟိုတယ် အခန်းများလည်း ကြိုတင်မှာယူမှုများဖြင့် ပြည့်နေပါသည်။ အနောက်တိုင်း ဆန်သောဘားများတွင်လည်း အနောက်နိုင်ငံသားများဖြင့် ပြည့်နေပါသည်။ နှစ် ဆယ့်တစ်ရာစု ၏ အလား အလာကောင်ျးား သည် ရွှေရောင် မျက်နှာသစ်တွင်တွေ့ရှိနေရပါသည်။

ယခုတစ်ပတ်တွင် သမ္မတ Barack Obama သည် ပထမဆုံး လက်ရှိ သမ္မတ တစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာ မြန်မာနိုင်ငံအတွက် မြှင့်တင်ပေးမှုတစ်ခုဖြစ်ပြီး ၊ ကမ္ဘာပေါ်မှ ရင်းနှီးမြှပ်နှံမည့်သူများ သတိမပြု ပဲ မနေနိုင်လောက်သည့် ထောက်ခံမှုတစ်ခု ဖြစ်ပါသည်။ အမေရိကန် ခေါင်းဆောင်ပိုင်း က မြန်မာနိုင်ငံ ကို နိုင်ငံတကာ အတွင်းသို့ ကြိုဆိုခဲ့သော်လည်း အမေရိကန်ကုမ္ပဏီများသည် ကြီးကြီးမားမား သဘောတူ ညီချက်များ မရရှိသေးပေ။ သို့သော် အခြေအနေမှာ မကြာခင်ပြောင်းသွားမည်ဟု မျှော်လင့်ရ ပေသည်။

ဝါရှင်တန်သည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများကို ပြန်လည်ဖြေလျော့လျက်ရှိသည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းကြောင့် အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ အလျင်အမြန်သွားရောက်ကြရန် မဖြစ်နိုင်သေးပေ။ အရေးယူမှုများ ပြန်လည် ရုတ်သိမ်းရေးမှာ အချိန်ယူရဦးမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်း တွင် အဂတိလိုက်စားမှုများ သည် အမေရိကန်ကုမ္ပဏီများ အလုံးအရင်းနှင့် အလျင်အမြန်ဝင်ရောက်ရေးတွင် ရှုတ်ထွေးစေ မည်ကို စိုးရိမ်နေကြပါသည်။ ခွင့်ပြုသည့်ကိစ္စများ၊ နောက်ထပ်လိုအပ်ချက် များနှင့် ပတ်သက်၍ ရှုတ်ထွေး နေဆဲဖြစ်ပြီး မြန်မာနိုင်ငံနှင့် အမေရိကန်မူဝါဒ များ၏ ပြောင်းလဲမှုများသည် အလုပ်ဖြစ်နိုင်ခြင်းရှိမရှိ သံသယများ ပျောက်မသွားသေးပေ။

သို့သော်လည်း မြန်မာနိုင်ငံမှ မတို့မထိရသေးသော စားသုံးသူ ဈေးကွက်ကြီး ၊ သဘာဝသယံဇာတ များထုတ်ယူရေး တွင်ရေနံနှင့် ဓါတ်ငွေ့ ၊ သစ်၊ ကျောက်မျက်ရတနာ များနှင့် မြေသြဇာ  ပြည့်ဝေသော မြေများပါဝင်နေခြင်းကြောင့် စွန့်စားရမည့် ကိစ္စဖြစ်နေပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာတွင် အလျင် မြန်ဆုံးတိုးတက်နေသည့် အဓိက စီးပွားရေး နိုင်ငံကြီးများဖြစ်သည့် အိန္ဒိယ နှင့်တရုတ်ကြား တွင်ရှိသော်လည်း အင်တာနက် အဆင့်အတန်း ၊ မိုဘိုင်းဖုန်း အသုံးပြုမှု တို့တွင် ကမ္ဘာပေါ်တွင် အနိမ့်ဆုံး အဆင့်တွင် ရှိနေပါသည်။ ထို့အပြင် လမ်းများ၊ ဆိပ်ကမ်းများ ၊ ဟော်တယ်များ ၊ ဆေးရုံများ ၊ ကျောင်းများနှင့် လျှပ်စစ်မီးများမှာလည်း လုံလောက်အောင် အဆင့်မှီမှီမရှိပေ။

အမေရိကန် ကုမ္ပဏီ အများစုက အရေးယူမှုများ၊ နှင့် ပတ်သက်၍ လျင်မြန်စွာ ဆုံးဖြတ်ချက် ချ၍ လုပ်ဆောင် ရန် မြင်တွေ့လိုပြီး၊ ဤအရှေ့ တောင်အာရှအဆင်းရဲဆုံး နိုင်ငံတွင် အမေရိကန်စီးပွားရေး လုပ်ငန်းများသည် မည်သည့် ကဏ္ဍမှ ပါဝင်မည် ဆိုသည်မှာလည်း မေးခွန်းတစ်ခုပင် ဖြစ်ပါ သည်။ ပြီးခဲ့သည့် တနလာင်္နေ့ က ရန်ကုန် တက္ကသိုလ် တွင် သမ္မတ အိုဘားမား က မိန့်ခွန်းပြောကြားရာတွင် အမေရိကန်ကုမ္ပဏီများသည် စံနမူနာ အဖြစ် ရှေ့မှ ဦးဆောင်လုပ်ပြရမည် ဟု ဆိုခဲ့ပါသည်။ ၄င်း၏ အစိုးရသည် စီးပွားရေး လုပ်ပုံကိုင်ပုံ ကို ကောင်းမွန် စေရန် တွန်းအားပေး လျက်ရှိရာ၊ မြန်မာနိုင်ငံတွင် ဒေါ်လာ ၅သိန်း နှင့် အထက် ရင်းနှီးမြုပ်နှံသော ကုမ္ပဏီများ သည် နိုင်ငံခြားရေး ၀န်ကြီး ဌာနသို့ အစီရင်ခံစာတင်ပြခြင်းဖြင့် ပွင့်လင်းမြင်သာမှုကို အား ပေး နေ ပါသည်။ အချို့အချက်အလက်များကို ပြည်သူသို့သိစေရမည်ဖြစ်ပါသည်။ ထို့အပြင် ၀ါရှင်တန်သည် အမေရိကန် ကုမ္ပဏီများကို မြန်မာနိုင်ငံ၏ အကြီး ဆုံး ဖြစ်ပြီး အဂတိအလိုက်စားဆုံး စီးပွားရေး လုပ်ငန်းရှင် များနှင့် စီးပွားရေး လုပ်ကိုင်မှု ကိုပိတ်ပင်ထားပါသည်။

ထိုသို့ ကန့်သတ်ထားမှုများသည် အမေရိကန် ကုမ္ပဏီများ အခြားသူများနှင့် ပြိုင်ဆိုင်ရာတွင် အခွင့်အရေး အချို့ လက်လွတ်ဆုံးရှုံးရမှုကို ဖြစ်စေ ခြင်း ကြောင့် အစိုးရ၏ ရည်ရွယ်ချက်မှာ အငြင်းအခုန် ဖြစ်ရဖွယ်ဖြစ် ပါသည်။ သို့သော် အဆိုပါရည်မှန်းချက် မှာရေရှည်တွင် တန်ဖိုးရှိကြောင်း သက်သေပြ နိုင်မည် ဖြစ်ပါသည်။ မြန်မာသမ္မတဦးသိန်းစိန် အကြံပေး တစ်ဦးဖြစ်သူ ဦးသန်းမြင့်ဦးက ပြောကြားရာတွင် မြန်မာနိုင်ငံကြုံဆုံနေရသော အကြီးဆုံး စိန်ခေါ်မှာ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို အထောက်အကူပြုနိုင်မည့် စီးပွားရေး မော်ဒယ် သစ်တစ်ခု ရှာဖွေရေးပင် ဖြစ်ကြောင်း ပြောပါသည်။

ရာစုနှစ်တစ်ဝက်လောက် မှားယွင်းစွာ အုပ်ချုပ်လာတာကြောင့် အခုပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို လမ်းကြောင်းပေါ်မှာဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ ၀င်ငွေတွေမြင့်လာအောင်၊ အလုပ်အကိုင်တွေ ဖန်တီး ပေးနိုင်အောင် ၊ စီးပွားရေး ကို ပြုပြင်နိုင်ဖို့ ဘယ်သူမှ မသိဘူးဖြစ်နေတယ်” ဟု ၄င်းက ပြောပါသည်။ ယခု လက်ရှိ မြန်မာနိုင်ငံတွင် လွှမ်မိုးလျက် ရှိသောစီးပွားရေး ပုံစံနှစ်ခု ဖြစ်သည့် ခရိုနီ စီးပွားရေး လုပ်ငန်းရှင်များနှင့် မဟာမိတ် ပြုခြင်း၊  နှင့် တရုတ် ရင်းနှီးမြုပ်နှံမှု ကြီးမားခြင်း (သို့မဟုတ်) လက်ဝဲယိမ်း အထီးကျန်ဝါဒ  တို့မှာ တိုင်းပြည်အတွက် ကောင်းမွန်သော လမ်းကြောင်း ဖြစ်စေ ရေး တို့မှာ တိုင်းပြည် အတွက်ကောင်းမွန်သော လမ်းကြောင်းဖြစ်စေရေး ကို လုပ်ဆောင်မပေးနိုင်ဟု ၄င်းက ပြောပါသည။် အမေရိကန် စီးပွားရေးလုပ်ငန်း များသည် တတိယနည်းလမ်းတစ်ခု ဖြစ်ပေါ်လာရေးအတွက်မျှော်လင့်သည်ဟု ၄င်းက ပြောပါသည်။

အမေရိကန်ပြည်ထောင်စုသည် အရေးယူမှုများ ဖြေလျော့ရာတွင် တိကျသော ချဉ်းကပ်မှုများ ၊ လုပ်ဆောင် နေရာ အချို့ကို ရုတ်သိမ်းမှုများပြုလုပ် နေချိန်တွင် အချို့ ကန်သတ်ချက်များကို အသစ်ထပ်မံတိုးချဲ့ခြင်း ၊ သက်တမ်း တိုးခြင်းများ လုပ်ဆောင်နေပါသည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် အမေရိကန် အစိုးရ၏ သြဇာလွှမ်းမိုး ရေးကို အထောက်အကူ ပြုမည်ဖြစ်သော်လည်း မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် ကို လျှော့စေသည် ဟု ယူဆရပြီး ၊ ရင်းနှီး မြုပ်နှံသူများ အတွက်ရှုတ်ထွေးမှုများဖြစ်ပေါ်စေပါသည်။

အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများ မှာ ဖက်ဒရယ် ဥပဒေခြောက်ခု ၊ အဆင့်မြင် ပုဂ္ဂိုလ်များ ၏ အမိန့်များဖြင့် ချမှတ်ထားပါသည်။ ထို့အပြင် အာရှရေးရာ ပညာရှင် Michael Martin က ကွန်ဂရက် သုတေသန လုပ်ငန်းအတွက် အသေးစိတ်လေ့လာချက်အပေါ် အခြေခံပြီး ၊ ဥပဒေများ ထပ်မံချ ထားပြန်ခြင်း နှင့် မြန်မာနိုင်ငံကဲ့သို့ ကလေးစစ်သား အသုံးပြုသော တိုင်းပြည်မျာသို့ စစ်လေ့ကျင့်ခြင်း များ၊ လက်နက် ရောင်းဝယ်ခြင်းများပိတ်ပင်ထားသော ပိတ်ပင်မှုများလည်း ရှိနေပြန်ပါသည်။

သို့သော် ၀ါရှင်တန်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှု များအပေါ် တုန့်ပြန်မှုမှာ လျင်မြန်ပါ သည်။ ၀ါရှင်တန်သည် ရင်းနှီး မြုပ်နှံ မှုများပြုလုပ်ရန် ကန့်သတ်ထားမှု ကို ယာယီရုတ်သိမ်းပေးခဲ့ပါသည်။ ငွေကြေး ၀န်ဆောင်မှု များ ၊ အကူအညီပေါင်းစုံနှင့် မကြာသေးမီက မြန်မာနိုင်ငံမှ သွင်းကုန်များ အပေါ် ကန့်သတ် ထားမှုများ အား ဖြေလျော့ပေးခဲ့ပါသည်။

ယခုအခါ အမေရိကန် ကုမ္ပဏီများအတွက် ကျန်ရှိသော တရားဝင် အကြီးဆုံး ပိတ်ဆို့ထားမှု မှာ ရက်စက် သော ဖြစ်ရပ်များ၊ ဖိနှိပ်မှုများ၊ အဂတိလိုက်စားမှု များနှင့် ဆက်စပ်မှုရှိကြောင့် စွပ်စွဲခံရသော မြန်မာနိုင်ငံသားများ နှင့် ကုမ္ပဏီများ နှင့် အမေရိကန်ကုမ္ပဏီများ အလုပ် မလုပ်ရန် တားမြစ်ချက်ကို လိုက်နာရန် မလွယ်ကူကြောင်း အမေရိကန် အမေရိကန် ကုမ္ပဏီများက စောဒက တက်ကြပါသည်။ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခြင်းကြောင့် ကြုံတွေရမည့် စိန်ခေါ်မှု များနှင့် နာမည် တစ်မျိုး နှင့် လုပ်ကိုင်မည့် ခရိုနီ လက်ခွဲများကို ရွေးထုတ်ရ ခက်ခဲ မည်ကိစ္စများကို ထောက်ပြခဲ့ကြပါသည်။

“ကျွန်တော်တို့ဟာ အစိုးရရဲ့ပြုပြင်ပြောင်းလဲမှုတွေကို အားပေးနေတာသာ ဖြစ်ပြီး ၊ တစ်ဦးချင်းကို ပြုပြင် ပြောင်းလဲရေး အပေါ်အားပေးခြင်း မပြုနိုင်ပါဘူး။ တစ်ဦးချင်းပြုပြင်ပြောင်းလဲရေး အပေါ် အားပေးခြင်း မပြုနိုင် ပါဘူး ” ဟု ဟောင်ကောင်ရှိ အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဌ Richard Vuylsteke က ပြောကြား ပါသည်။ ၄င်းက ၀ါရှင်တန် အားဖြစ်နိုင်သမျှ အမြန်ဆုံး အဆိုပါစာရင်းအား လျော့ချသွားရန်နှင့် အဆိုပါ ခရိုနီများအား စနစ်အတွင်းတစ်သားတည်ဖြစ်ရန် မက်လုံးပေးရမည်ဖြစ်ကြောင်း တိုက်တွန်း ခဲ့ပါသည်။ ၀ါရှင်တန် သည် အရေးယူမှုများကို ယာယီရုတ်သိမ်းပေးပြီးရှေ့သို့ တစ်လှမ်းခြင်း တက်နေချိန်တွင် ၊ နောက်သို့ ခြေလှမ်း ငယ်လေးတစ်လှမ်း ဆုတ်နေသယောင် ရှိပါသည်။

အိုဘားမား ရန်ကုန်သို့ မလာမီ သုံးရက်က ၀ါရှင်တန် သည် မြန်မာနိုင်ငံတွင်အထည်ချုပ်လုပ်ငန်းများ၊ ပြန်လည် ရှင်သန်ရေးကို မျှော်မှန်းလျက်သွင်းကုန်ပိတ်ဆို့ထားမှု ကို ယာယီရုတ်သိမ်းပေးခဲ့ပါသည်။ တချိန်တည်း မှာပင် အစိုးရသည် ကုမ္ပဏီ ၇ ခုကို အမေရိကန် ကုမ္ပဏီများ အလုပ်တွဲ မလုပ်ရန် စာရင်းတွင် ထည့်သွင်းခဲ့ပါသည်။ ဇူလိုင် လက ၀ါရှင်တန်သည် ရင်းနှီးမြုပ်နှံမှုများနှင့် ငွေကြေးဝန်ဆောင်မှု များ အား ပိတ်ပင်ထားခြင်း အပေါ်ယာယီ ရုတ်သိမ်းခဲ့ရာတွင် ပြုပြင်ပြောင်းလဲရေးကို အားနည်းအောင်ပြုလုပ်သူ ၊ လူ့အခွင့်အရေး ချိုးဖောက်မှု နှင့် ပတ်သက်သူ ၊ မြောက်ကိုးရီးယား နှင့် စစ်တပ်ခြင်း ဆက်ဆံမှုတွင် ပတ်သက်သူ တစ်ဦးချင်း ပုဂ္ဂိုလ်များ ကို လည်း အရေးယူမှုများ တွင် ပါဝင်ရန် ဖော်ပြခဲ့ပါသည်။

အိမ်ဖြူတော်က ပြောကြားရာတွင် ၄င်းအနေဖြင့် ရှင်းလင်းသော သတင်းစကားကို ထုတ်ဖော်ထားပြီး ဖြစ် ကြောင်း နှိပ်စက်မှုများတွင် ပါဝင်ဆဲ ပုဂ္ဂိုလ်များ ၊အဂတိလိုက်စားသူများနှင့် ရှေ့သို့ချီတက်ရာတွင် မတည်ငြိမ် အောင် ပြုလုပ်သူများကို ပြုပြင်ပြောင်းလဲရေး ၏ အသီးအပွင့်များကို မရထိုက် ကြောင်း ဆိုထားပါသည်။

အမေရိကန် ကုမ္ပဏီများသည် အရေးယူမှုများကို လိုက်နာရမည့်အပြင် မြန်မာနိုင်ငံတွင်မှားယွင်းသော စီးပွားရေး ပါတနာများ ရွေးချယ်နိုင်ခြင်းကို ကာကွယ်ရန် ၊ မိမိတို့နိုင်ငံမှ အဂတိလိုက်စားမှု ဆန့်ကျင်ရေး ဥပဒေကို လိုက်နာရန် နှင့် နာမည်ကောင်းရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ပါသည်။

“ ဒီတိုင်းပြည်က အမေရိကန်မှာ ဆို တရားဥပဒေ ပြင်ပ က လုပ်ရပ်လို့ ဆိုရမယ့် အဂတိလိုက်စားမှု က စီးပွားရေး ရဲ့ လုပ်ထုံးလုပ်နည်း လိုဖြစ်ပြီး ပျံ့နှံ့နေပါတယ်”  ရန်ကုန်တွင် အမေရိကန်သံရုံးတွင် ၁၉၉၉ မှ ၂၀၀၂ ထိ သံရုံးယာယီတာဝန်ခံ လုပ်ခဲ့ဘူးသူ Priscilla Clapp က ဆိုပါသည်။ “အမေရိကန် စီးပွားရေး လုပ်ငန်း တွေအနေနဲ့ သူတို့ရဲ့ မြန်မာပတ်တနာကို ဒီက ဥပဒေတွေလိုက်နာဖို့ ကန့်သတ်ရန် မလွယ်လှပါဘူး။သူတို့က ဒီအကျင့်ဆိုးကြီးနဲ့ ရာစု နှစ်လောက် ဖြစ်နေပြီလေ ”ဟု သူက ပြောပါသည်။တချိန်တည်းမှာပင် အခြားတိုင်းပြည် များမှ ကုမ္ပဏီများသည် မြန်မာနိုင်ငံသို့ တဖွဲဖွဲ ၀င်ရောက်လျက်ရှိပါသည်။

“ အမေရိကန် ကုမ္ပဏီတွေ မြန်မာနိုင်ငံ နဲ့ကင်းကွာနေတာ ဆယ်စုနှစ် နှစ်ခု လောက်ရှိနေပါပြီ” ဟု ၀ါရှင်တန် ရှိ အမေရိကန် ကုန်သည်ကြီးများ အသင်းမှ အရှေ့တောင်အာရှ ဆိုင်ရာ အကြီးတန်းဒါရိုက်တာ John Goxer က ပြောပါသည်။ “ သူတို့ အနေနဲ့ ဈေးကွက် အကြောင်း၊ လုပ်ကိုင်ရမယ့် ပတ်ဝန်းကျင် အကြောင်းအများကြီး လေ့လာ ရပါဦးမယ်။ တရုတ်၊ ထိုင်း ၊ မလေးရှား၊ က ကုမ္ပဏီတွေက ပလေယာတွေကို သိနေပြီး ပတ်ဝန်းကျင် ကိုလည်း သိနေပြီ။ သူတို့က အသာစီးရနေပါတယ်” ဟု ဆိုပါသည်။

အမေရိကန်ပြည်ထောင်စု အနေဖြင့် ဂျပန်နှင့် ယှဉ်ပြိုင်လျှင်ပင် အသာစီးမရနိုင်ပေ။ ဥပမာအားဖြင့် ဂျပန်ကုမ္ပဏီ များသည် ရင်းနှီးမြုပ်နှံမှု နှင့်ပတ်သက်၍ ကဏ္ဍပေါင်းစုံ တစ်ပေါင်းတည်း သဘောတူမှု အတွက် အဆိုပြုနိုင်ပြီး ၊ အစိုးရငွေဖြင့် မြန်မာအစိုးရကို အကူအညီပေးမှု ၊ ကြွေးမြီ များလျော်ပစ်မှု များပြုလုပ်ထားပြီ ဖြစ်ပါသည်။

အာရှ ကုမ္ပဏီ တွေက သဘောတူညီချက် လုပ်ဆောင်ရာတွင် ငွေကြေးထောက်ပံ့မှုကိုပါ ပါဝင်ထည့်သွင်းထား နိုင်ကြတယ်။ အမေရိကန် အတွက် ကတော့ ပုဂ္ဂလိက ကုမ္ပဏီတွေ ၀င်ဖို့ ၊ ဆိပ်ကမ်း မီးရထား နဲ့ အခြား အခြေခံ အဆောက်အဦးတွေ အစိုးရ က အကန့်အသတ်မရှိ နောက်ခံ မပေးနိုင်ပါဘူး” ဟု Goyer က ပြောပါ သည်။

အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီမှ မြန်မာနိုင်ငံ အတွက် တွဲဖက်ဒါရိုက်တာ Anthony Nelson က ပြောကြားရာတွင် ကမ္ဘာပေါ်တွင် အမေရိကန်မရှိသေးသော တိုင်းပြည်များတွင် မြန်မာနိုင်ငံ သည် အကြီးဆုံး ဖြစ်ကြောင်း ပြောခဲ့ပါသည်။ “ ဒါမျိုး က ဖြစ်ခဲပါတယ်။ နောက်ဆို ဒါမျိုး မဖြစ်တော့ပါဘူး” ဟု ဆိုသည်။သို့သော် Nelson ကမြန်မာနိုင်ငံသို့ အလျင်အမြန် သွားရောက်ရေး မပြောခဲ့ပေ။

“ ဗီယက်နမ်ကို ဥပမာ အနေနဲ့ ကြည့်ပါ။ ကျွန်တော်တို့ ဗီယက်နမ်နဲ့ ဆက်ဆံရေး ပုံ မှန်ဖြစ်ဖို့ လုပ်ခဲ့စဉ်က  ကုမ္ပဏီ တွေက ဗီယက်နမ် ကို သွားပြီး ကြည့်တယ်။ ကိုယ်စားလှယ်ရုံးတွေ စဖွင့်တယ်။ အမေရိကန် ကုမ္မဏီ တွေ အကြီးအကျယ်ရင်းနှီးမြုပ်နှံလုပ်ဖို့ ၁၀ နှစ် ၁၅ နှစ် လောက် စောင့်ခဲ့ရတယ်။ အမေရိကန် ကုမ္ပဏီတွေက ၀င်ပြီ ဆိုရင် အကြီးအကျယ်ဝင်တာ ။ ပြည်သူတွေအနေနဲ့ သူတို့ဘာတွေ လုပ်နေတယ် ဆိုတာ စောင့်ကြည့်ဖို လိုပါ တယ် ” ဟု ၄င်းက ဆိုပါသည်။

******************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂.၁၂.၂၀၁၂

ပြည်တွင်းသတင်း  

  1. နိုင်ငံတော်ကိုပေးရမည့် ကြွေးမြီးများကြောင့် ပြည်တွင်းလုပ်ငန်းများပြိုလဲနိုင်
  2. NGO နှင့်ပတ်သက်သော ဥပဒေလွှတ်တော်တွင်ရေးဆွဲနိုင်ရန်တင်ပြမည်
  3. မြန်မာရေလုပ်ငန်း အပေါ်အမြတ်ထုတ်နေသော ထိုင်းနိုင်ငံနှင့် ပူးတွဲကော်မတီမဖွဲ့သင့်

နိုင်ငံရေးသတင်း

  1. လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲစည်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

နိုင်ငံတော်ကိုပေးရမည့် ကြွေးမြီးများကြောင့် ပြည်တွင်းလုပ်ငန်းများပြိုလဲနိုင်

ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံတော်သို့ပေးသွင်းရမည့် ကြွေးကျန်ငွေများကို ယခုဘဏ္ဍာနှစ်အတွင်းပေး သွင်းရမည်ဆိုပါက စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်း၍ လုပ်ငန်းများပြိုလဲသွားနိုင်ကြောင်း ကိုစီးပွားရေး လုပ်ငန်းရှင် များမှ ပြောကြား ကြောင်းသိရသည်။

ရာသီဥတုဖောက်ပြန်ခြင်း ကြောင့်စိုက်ပျို့ရေးပို့ကုန်များ ကျဆင်းလာခြင်း၊ မွေးမြူရေးလုပ်ငန်းများတွင် တိရစ္ဆာန် အစားစရိတ် များကြီးမြင့်လာခြင်း၊ ရေထွက်ကုန်လုပ်ငန်းများတင်ပို့ရာတွင် ဒေါ်လာဈေးကျဆင်းမှုကြောင့် အရှုံးများ၍ အမြတ်ငွေနည်းပါခြင်း တို့ကြောင့်နိုင်ငံတော်သို့ပေးဆပ်ရန် ကျန်ရှိနေသောကြွေးမြီများကို နှစ်အလိုက်အရစ်ကျစနစ်ဖြင့်သာ ပေးချေသွားရန် လိုလားလျှက်ရှိကြောင်း လုပ်ငန်းရှင်များမှပြောကြားသည်။

                ပြည်ထောင်စုလွှတ်တော် ငွေစာရင်းပူးပေါင်းရေး ကော်မတီမှ ပြည်ထောင်စုလွှတ်တော် သို့တင်သွင်းခဲ့သော အစီရင် ခံစာတွင် ကျပ်ငွေသန်းပေါင်းရှစ်သောင်းကျော်နှင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ခုနှစ်သန်းကျော် ကိုပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ အစိုးရဌာနများသို့ ပေးသွင်းရန်ကျန်ရှိလျှက်ရှိကြောင်းသိရသည်။ အဆိုပါဌာနများ အနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များထံမှ ရရန်အကြွေးမျာအား မည်ကဲ့သို့ဖြေရှင်းဆောင်ရွက်လျှက်ရှိကြောင်းကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့နောက်ပိုင်းကျင်းပသော လွှတ်တော်အစည်း အဝေးတွင်ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းရှင်များအနေဖြင့် ယခုနှစ်ဘဏ္ဍာနှစ်အတွင်နိုင်ငံတော် သို့ပေးသွင်းရမည့်ငွေများတွင် မွေးမြူရေး အစာ အစာနှင့်  ရေထွက်လုပ်ငန်းမှ ငွေကျပ်သန်းပေါင်း ၃၅၆၅၃ ဒသမ ၇၀၇သန်းနှင့် အများဆုံဖြစ်ပြီး ဟိုတယ်နှင့်ခရီးသွားလုပ် ငန်း၊ မြန်မာရှပ်ရှင် လုပ်ငန်း၊နယ်စပ် ကုန်သွယ်ရေးလုပ်ငန်း တို့မှငွေကျပ်သန်းပေါင်း ၅၁၇၄ ဒသမ ၄၁၅ သန်းရှိကြောင်းသိရသည်။

ပုဂ္ဂလိကထံမှ ရရန်ကြွေးများနှင့် ဋ္ဌာနဆိုင်ရာဝန်ထမ်းများ၏ မှားယွင်းမှု၊ အလွဲသုံးစားမှုကြောင့် နိုင်ငံတော်ထံသို့ ပြန်လည်ပေး သွင်းရမည့်ငွေကျပ် သန်းပေါင်း  လေးသောင်းကျော် ရှိကြောင်း ပြည်ဆောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်နှင့် စပ်လျင်း၍ နိုင်ငံတော်သမ္မတထံသို့ အရေးကြီး အဆို တင်သွင်းခဲ့ကြောင်းကို သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ချက်အမှတ်(၅/၂၀၁၂)ကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

YC

-------------------------------------------------------------------------------

NGO နှင့်ပတ်သက်သော ဥပဒေလွှတ်တော်တွင်ရေးဆွဲနိုင်ရန်တင်ပြမည်

ပြည်းတွင်းပြည်ပရှိအစိုးရမဟုတ်သော အဖွဲ့အစည်း (NGO,INGO) များလူမှုရေးလုပ်ငန်များ လုပ်ဆောင်ရာတွင် ကြုံတွေ့ နေရ သော ပြသနာများကိုဖြေရှင်းနိုင်ရန်အတွက် လွှတ်တော်တွင် ဥပဒေ တစ်ရပ်ရေးဆွဲ၍ ပြဋ္ဌာန်းနိုင်ဖို့ တင်ပြပေးမည် ဖြစ်ကြောင်းကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်ဝိုင်းကြည်က ပြောကြားချက်အရသိရသည်။

ပြည်တွင်းပြည်ပအဖွဲ့အစည်းဆိုင်ရာကော်မတီနှင့် ပြည်တွင်းရှိ NGO နှင့် INGO တို့သည့် စက်တင်ဘာ ၂၆ ရက်နေ့တွင် တွေ့ဆုံ ခဲ့ပြီး ယင်းတို့၏ အခက်အခဲများကို တင်ပြခဲ့ကြောင်းသိရသည်။

အစိုးရ မဟုတ်သော အဖွဲ့အစည်းများဖြစ်သည့် NGO,INGO များအတွက် မှတ်ပုံတင်ရာတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်း နေရခြင်း၊ အစိုးရအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အခက်အခဲများရှိခြင်းနှင့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြဿနာများ ရှိခြင်းတို့ကြောင့် အဆိုပါ ကိစ္စရပ်များ ဖြေရှင်းရာတွင် ဥပဒေတစ်ရပ်ပြဋ္ဌာန်းခြင်းဖြစ်လွယ်ကူ အဆင်ပြေ မည်ဖြစ်ကြောင်း သိရသည်။

YC

-------------------------------------------------------------------------------------

မြန်မာရေလုပ်ငန်း အပေါ်အမြတ်ထုတ်နေသော ထိုင်းနိုင်ငံနှင့် ပူးတွဲကော်မတီမဖွဲ့သင့်

မြန်မာရေသံယံဇာတပေါကြွယ်ဝမှု အပေါ်တွင် နှစ်ပေါင်းများစွာအမြတ်ထုတ်နေသော ထိုင်းနိုင်ငံနှင့်ပူးပေါင်း၍ ပူးတွဲကော်မတီ တစ်ရပ်ဖွဲ့စည်းကာ ပင်လယ်ပြင်သုတေသနနှင့် ငါးဖမ်းခွင့်များကို ဆက်လက်လုပ်ကိုင်ခွင့်မပြုသင့်ကြောင်း ကိုမြန်မာရေလုပ်ငန်း ရှင်များကပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုဂရုမစိုက်ပဲ မြန်မာပိုင်ပင်လယ်ပြင်တွင် နည်းမျိုးစုံသုံး၍ ငါးများကို အလွန်အကျွံ ဖမ်းစီးနေကြောင်း၊ ထိုသို့ခိုးဖမ်းနေသောလှေများပေါ်တွင် လူကုန်ကူးခြင်းခံရသော မြန်မာလုပ်သားများအား လုပ်ခလစာ အနည်းငယ် သာပေး၍ တင်းကျပ်စွာခိုင်းနေကြောင်းကို ရေလုပ်ငန်းရှင်များ၏ ပြောကြားမှုအရသိရသည်။ သို့သော် ထိုင်းနိုင်ငံသည် ဈေးကွက် အတွင်းဖြန့်ဝေပုံ၊ မွေးမြူရေးနှင့် ဆိုင်သော သုတေသနလုပ်ငန်းများတွင် အထူးကောင်းမွန်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အဆိုပါကိစ္စရပ်မျိုးတွင်တော့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ငါးလုပ်ငန်းအဖွဲ့ချုမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရသိရ သည်။

မြန်မာ့ပင်လယ်ပြင်တွင် သုတေသန နှစ်ကြိမ် ပြုလုပ်ခဲ့သော ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် အရှေတောင်အာရှ ငါးလုပ် ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနအဖွဲ့တွင် ထိုင်းပညာရှင်များစွာပါရှိသဖြင့် ထိုသူတို့မှတဆင့် မြန်မာပင်လယ်ပြင် သံယံ ဇာတ နှင့်ပတ်သက်သောအစီရင်ခံစာများကို ထိုင်းနိုင်ငံမှသိရှိသွားရခြင်း ဖြစ်ကြောင်းခန့်မှန်း ပြောဆိုမှုများ အရ သိရသည်။

YC

**************************************************************************************************

နိုင်ငံရေးသတင်း

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲစည်း

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်တောင် ကြေးနီစီမံကိန်းနှင့်စီမံကိန်းနယ်မြေအတွင်းရှိ ဆန္ဒပြနေ သော သပိတ်စခန်းများကိုရှင်းလင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့စည်းကြောင်းကို နိုင်ငံတော်သမ္မတ ရုံး အမိန့်ကြော်ငြာစာအမှတ် (၉၂/၂၀၁၂)ကို ဒီဇင်ဘာလ ၁ ရက်နေ့ကထုတ်ပြန်လိုက်ကြောင်း သိရ သည်။

ထိုကော်မရှင်တွင် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေး ကော်မရှင် ဦးစစ်မြိုင်ကအတွင်းရေးမှုးအဖြစ်ဆောင်ရွက်ကာ ပညာရှင်များအပါအဝင် နယ်ပယ်ပေါင်းစုံမှ ထင်ရှားသူများ ဖြင့်အဖွဲ ဝင်၂၈ ဦးကို နိုင်ငံ တော် သမ္မတ၏ညွှန်ကြားချက်နှင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ကြေးနီစီမံကိန်းကြောင့်သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိမရှိ၊ စီမံကိန်းသည် နိုင်ငံတော်အတွက် အကျိုးမည်မျှဖြစ်ထွန်းကြောင်း၊ စီမံကိန်းရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်ရသည့်အကြောင်းအရင်း၊ ဆန္ဒထုတ်ဖော်မှုကို အာဏာပိုင်များမှ ကိုင်တွယ်ဖြေရှင်းမှုကြောင့်ထိခိုက်ဒါဏ်ရာရသည့်အကြောင်းအရင်းများကို သုံးသပ်ချက်နှင့်အတူ အကြံပြုတင်ပြရမည် ဖြစ်ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေများအရ လိုအပ်သာ သက်သေအထောက်အထား များကိုတောင်းခံနိုင်ခြင်း ပြစ်မှုဖြစ်ပွားရာနေရာဒေသများသိုသွားရောက်ကာ စစ်ဆေးခွင့်ရှိကြောင်းနှင့် ထိုစစ်ဆေးမှုအစီရင် ခံစာကို ၂၀၁၂ ဒီဇင်ဘာ ၃၁ ရက်နေ့နောက်ဆုံးထား၍ နိုင်ငံတော်သမ္မတထံအစီရင်ခံတင်ပြရမည်ဖြစ်ကြောင်းသိရသည်

YC

****************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ          

Federal ကိုပြောရင် Federal ပုံစံမျိုး ဆွေးနွေးကြတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီတိုင်းပြည်က နှစ်ပေါင်း ၆၀ ကျော် ပြဿနာ တွေဖြစ်ပွားခဲ့တယ်။ တစ်ရက်တည်း တစ်ချိန်တည်းရှင်းလို့မရဘူး။ သားသမီးတွေ မြေးတွေ၊မြစ်တွေ တင်မကဘူး။ အသွေးထဲမှာ စွဲနေပြီး ငြိမ်းချမ်းရေးကို တစ်ကယ်လုပ်ပြီးတော့ ဒီတိုင်းပြည်မပျက်စီးအောင် ဝိုင်းပြီးတော့ ပြန်လည်ကယ်တင်ရမှာ၊ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ တာဝန်ပဲ။ ဒီတိုင်းပြည်မှာပေါ်တဲ့ ကိစ္စတိုင်းမှာ အကုန်ပါတဲ့ Stateholder အကုန်ပါရမယ်။ လူတိုင်း၊ တိုင်းရင်းသားလက်နက်ကိုင်တဲ့ အဖွဲ့ ကောအကုန်ပါရမယ်။ လူမှုရေးအဖွဲ့အစည်းတွေ အကုန်ပါရမယ်။ လူမျိုးတစ်မျိုးတည်းမရဘူး၊ဗမာလည်းပါရမယ်။ ဒေါ်အောင်ဆန်းစု ကြည် လည်းပါရမယ်။ အခု အစိုးရလည်း ပါရမယ်။ တပ်မတော်လည်း ပါရမယ်။ အဲဒီလို အကုန်လုံးခေါ်ပြီးရှင်းရမယ်။”

နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၁၈) တွင်ပါရှိသော “KNU ဗိုလ်မှူးဟောင်းတစ်ဦးက ငြိမ်းချမ်းရေးကို တစ်ကယ်လုပ်၍ တိုင်းပြည်ပျက်စီးနေမှုအား ပြန်လည်ကယ်တင်ရမည်ဟုဆို” သတင်းမှ KNU ကဗိုလ်မှူး ဟောင်း ဖဒိုထူးထူးလေး၏ပြောကြားချက်အားကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------

“ကျွန်တော်တို့ရရှိထားတဲ့နိုင်ငံရေးဖြစ်ထွန်းမှုတွေကြောင့် မိမိတို့ တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းတဲ့နည်းလမ်းကို အသုံးပြုပြီး နိုင်ငံရေးအရ အဖြေရှာနိုင်တဲ့ အဆင့်ကိုရောက်ရှိနေကြောင်းကို သက်သေထူနိုင်ပြီ ဖြစ်ပါတယ်။”

နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် ဂျာနယ် အမှတ် (၈၇) တွင် ပါရှိသော “ပြည်ထောင်စုဝန်ကြီးများနှင့် ရှမ်းတိုင်းရင်းသားခေါင်းဆောင်များတွေ့ဆုံ” သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၏ပြောကြားချက်အား ကောက် နှုတ်ချက်။

-------------------------------------------------------------------------------------

“ရိုဟင်ဂျာတွေမှာလည်း တူညီတဲ့ဂုဏ်သိက္ခာရှိတယ်လို့ အိုဘားမားကပြောသွားတယ်။ အမျိုးသားပြန်လည်သင့် မြတ်ရေး ရင်ကြားစေ့ ရေးဆိုတာ ဘယ်လိုသင့်မြတ်ရေးမျိုးကို ပြောတာလဲ ကျွန်တော်တို့လိုလားတဲ့ သင့်မြတ်ရေးမျိုးဆိုတာ အကြောက်တရားကင်းရမယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားရမယ်။ ဘင်္ဂါလီဆိုတာအကြမ်းဖက်တယ်။ ကျူးကျော်တယ်။ ကျွန်တော်တို့ရဲ့ အားနာတက်တဲ့စိတ် ခွင့်လွှတ်တက်တဲ့စိတ်တွေကြောင့် သူတို့ဒီလိုမျိုး ပြုမူလာရတာ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တော့ လုံးဝရှုတ်ချတယ်။ ရိုဟင်ဂျာဆိုတဲ့ စကားက ဘယ်သမိုင်းအထောက်အထား ဘာမှမရှိဘူး။ ဘယ်နိုင်ငံရေးသမားမှလည်း အသိအမှတ်မပြုဘူး။ အိုဘားမားက ဘာတွေကို အခြေခံပြီးဟောပြောတာလဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အမေရိကန်သံရုံးကတဆင့် အိုဘားမားဆီ စာပို့မယ်။ အစီအစဉ်ရှိတယ် ”

ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် Unity Journal အတွဲ (၁) အမှတ် (၃၆) တွင် ပါရှိသော “ရိုဟင်ဂျာဟူသော အသုံးအနှုန်းအတွက် သမ္မတအိုဘားမားထံ ရခိုင်အမျိုးသားကွန်ရက် ကန့်ကွက်စာပေးပို့မည်” သတင်းမှ (RNN) ဥက္ကဠ ဦးတင်အောင်ထူး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

                           ******************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၁.၁၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အမျှော်အမြင်ကြီးမားကြဖို့

*************************************************************************************************

ဆောင်းပါးကဏ္ဍ

အမျှော်အမြင်ကြီးမားကြဖို့

အယ်ဒီတာအာဘော်

လက်ပံတန်းတောင်ကြေးနီစီမံကိန်းကို ဒေသခံပြည်သူများက ရပ်ဆိုင်းဖို့တောင်းဆိုခြင်းအပေါ် အစိုးရ၏တုန့်ပြန်ပုံမှာ ဒီမိုကရက်တစ် မဆန် လှသည့်အတွက် နိုင်ငံရေးအသိုင်းအဝိုင်းနှင့် ပြည်သူများက အစိုးရအပေါ် ရှုံ့ချပြစ်တင် ဝေဖန်မှုများကို ပုံနိုပ်မီဒီယာ၊ အွန်လိုင်းမီဒီယာ(online media) အစရှိသည့် အမျိုးမျိုးသောမီဒီယာ မျက်နှာစာများပေါ်တွင် မီးခိုးကြွက်လျောက် ပျံ့နှံ့လျက်ရှိနေသည်ကို တွေ့မြင်နေရသည်။ မြန်မာ့ဒီမိုကရက်တိုက်ဇေး ရှင်း အချိုးအကွေ့၏သိမ်မွေ့မှုကို မကိုင်တွယ်တတ်လျှင် ဒီမိုကရေစီပြည်တော်သာ ခရီးပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ ဝေးနေပေဦးမည်။

နိုင်ငံရေးအပြောင်းအလဲများ၊ စီးပွားရေးအပြောင်းအလဲများဖြင့် မနည်းကြိုးစား ရုန်းကန်နေရသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ပြဿနာအရပ်ရပ်ကို ထိရောက်မှုအရှိဆုံး ကိုင်တွယ်ဖြေရှင်းနိုင်မည်လော ဆိုသည့်မေးခွန်းမှာ အမှန်ပင်စိတ်ဝင်စားဖို့ ကောင်းပါသည်။ မြန်မာနိုင်ငံတွင် အသိပညာ၊ အတတ်ပညာအားဖြင့် ဒေသတွင်းနိုင်ငံများနှင့် ယှဉ်လျှင်တောင် အတော်ကြီးနောက်ကျ ကျန်ရစ်နေသည့်အတွက် ပြဿနာဖြေရှင်းမှုအပိုင်းတွင် အားနည်းချက်များ ရှိနေနိုင်သည်။ ထိုသို့သော အားနည်းချက်သည် ကျိုးပဲ့လွယ်၊ ထိခိုက်လွယ်သည့် နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီ ရေဆန်ခရီးကြမ်းကို အာဏာပိုင်လမ်းကြောင်း ပုံစံမျိုးသို့တိုင် ရောက်ရှိမသွားရန် နိုင်ငံခေါင်းဆောင်များတွင် အမျှော်အမြင်ကြီးကြီးမားမား ရှိကြဖို့လိုသည်။

ယခု ဖြစ်သွားခဲ့သည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ စီးပွားရေးအခြေခံ အကြောင်းအရင်းအပေါ် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်း ကြရာမှ အကြမ်းဖက်နှိမ်နင်းသည့် အခြေအနေထိ ဆိုက်ရောက်သွားခဲ့ရသည်။ ထိုသို့သော စီးပွားရေးစီမံကိန်းများမှာ မြန်မာနိုင်ငံအနှံ့တွင် အများအပြားရှိနေပြီး နောင်တွင်လည်း စီမံကိန်းများဆက်လက် အကောင်အထည်ဖော်မည် ဖြစ်သောကြောင့် ယခုလို လက်ပံတန်းတောင် ကြေးနီစီမံကိန်း ပြဿနာမျိုး ဖြစ်ပေါ်လာသည်ရှိသော် ထိန်းထိန်းသိမ်းသိမ်းဖြင့်ကိုင်တွယ်ဖို့ အထူးသတိထားရတော့မည် ဖြစ်သည်။

***************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive