Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. အမျိုးဘာသာ၊ သာသနာထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲကျင်းပ
  2. နှစ် ၅၀ ကျော်အတွင်း အမေရိကန်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ပထမဆုံး လက်မှတ်ထိုး
  3.  မြန်မာနိုင်ငံ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတင်ဒါ Telenor နှင့် Ooredoo ရရှိ

အမျိုးဘာသာ၊ သာသနာထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲကျင်းပ

အမျိုးသားဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲကို ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်းတိုက်တွင် ဇွန်လ ၂၇ ရက်နေ့က ကျင်းပခဲ့ပြီး တက်ရောက်လာကြသော သံဃာတော်ကိုယ် စားလှယ် အရှင်သူ မြတ် ၁၅၃၀ ပါးကျော်တို့မှ မျိုးစောင့်ဥပဒေပြဋ္ဌာန်းရန်အတွက် အတည်ပြုထောက်ခံခဲ့ပြီး သီတဂူဆရာ တော်ကြီး ဒေါက်တာအရှင်ဥာဏိဿရက အမျက်ထွက်ခြင်းနှင့် ခံစားနာ ကြည်းခြင်းများသည် လုပ်ငန်းများ၏ အတားအဆီး အနှောက်အယှက်ဖြစ်တက်သော ကြောင့် သည်းခံခွင့်လွှတ်ရန် မိန့်ကြားခဲ့ကြောင်း သိရှိရသည်။

အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မြန်မာနိုင်ငံတွင်း အကြမ်း ဖက်မှုပဋိပက္ခများ မဖြစ်ပွား စေရေး အသိပညာပေးရေး တားဆီးကာကွယ်ရန်၊ နိုင်ငံသား တိုင်းရင်းသားလူမျိုးများ ညီညွတ်မှု၊ စည်းကမ်းရှိမှုဖြင့် ဘာသာ ပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး စည်းရုံးရန်၊ အမျိုးဘာသာ သာသနာ တိုင်းပြည်နှင့် လူမျိုးအား တရားဥပဒေဖြင့် ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

“အမျိုးဘာသာ သာသနာအမည်တပ်ပြီးတော့ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရမယ်၊ ဒီကနေ့ ဘယ်ဘာသာကပဲ ပြော ပြော၊ TIME မဂ္ဂဇင်းကဘဲဖြစ်ဖြစ် ဘာပြောပြော သည်းခံတော်မူကြပါ၊ သည်းမခံနိုင်ရင် တပည့်တော်တို့ လုပ်ငန်းတစ်ခု လုံးမှာ အန္တရာယ် ရှိနိုင်တယ်။ သည်းခံတဲ့အကျင့်ကို လိုက်နာကျင့်သုံးပါလို့ ရှေးဦးစွာတောင်းပန်ပါရစေ၊ သို့သော်မဟုတ်ရင် မဟုတ် ဘူးလို့ ရှင်းရမယ် ဒါကလူ့အခွင့်အရေးဘဲ၊ ဟုတ်ရင်လည်း ဟုတ်တာကို ဝန်ခံရမယ်”ဟု သီတဂူဆရာတော် ကမိန့်ကြားခဲ့သည်။

ထို့အပြင် လက်ရှိမျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း တစ်စုံတစ်ရာ မရှိသေးဘဲ ပြင်ပတွင် ယင်းဥပဒေသည် မြန်မာအမျိုးသမီးများအား ဘာသာခြားများနှင့် လက်ထပ်ခွင့် မပြုခြင်းသည် လူ့အခွင့်ချိုးဖောက်သည်ဟု ပြောဆိုချက်များ၊ သံဃာ တော်များသည် ဘာသာရေးအလုပ်ကိုမလုပ်ဘဲ လူမှုရေးအလုပ်ကိုလုပ်နေသည်ဟူ သောစွပ်စွဲချက် များ၊ သံဃာတော်များသည် လူ့အခွင့်အရေးကို မလေးစားမလိုက်နာဟူ သောစွပ်စွဲချက်များဖြင့် သံဃာတော်များ၏ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြောဆိုပုတ် ခတ်ရေးသားခြင်း၊ သံဃာတော်များ၏ အမျိုးဘာသာ သာသနာတော်အပေါ်ထားရှိသော ကောင်းမြတ်သောစေတနာနှင့် မေတ္တာတရားကို ကိုးကွယ်သူ ဒါယကာ ဒါယိကာမများ အားအထင်မှား အမြင်မှားဖြစ်အောင် လှုံ့ဆော်ပေးခြင်း စသော အကြောင်းတရား များကို ဖန်တီးနေသူများဟု ပြောဆိုခြင်းသည် တရားမျှတစွာပြောဆိုရာ မရောက် ကြောင်း သီတဂူဆရာတော်မှ ဆက်လက်မိန့်ကြားခဲ့သည်။

ဥပဒေစာတမ်းပါ အကြောင်းအရာများကို ခြုံငုံပြောလျှင် အမျိုးသမီးအခွင့်အရေးများ တားဆီးပိတ်ပင်မှုကို ဆွေးနွေး ထားခြင်းမဟုတ်ဘဲ အစည်းအဝေးရည်ရွက်ချက်အတိုင်း ဥပဒေကို ပီပီပြင်ပြင်ဥပဒေအဖြစ် ပြဋ္ဌာန်းထားခြင်းမရှိသေးဘဲ မြန်မာ့ ဓလေ့ထုံးတမ်းဥ ပဒေဖြင့် ရပ်တည်နေရသော မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများ ဆုံးရှုံးနေပါသ ဖြင့် နိုင်ငံတော်သို့ ဥပဒေပြုနိုင်ရန် တင်သွင်းခြင်းသာဖြစ်ပြီး ယင်းဥပဒေရေးဆွဲရန် သံဃာတော်များမှ အကြုံခြင်းကိုသာ လုပ်ဆောင်ခြင်းဖြစ်သည် ဟု ဆရာတော်မှ မိန့်ကြားခဲ့ကြောင်း သိရသည်။


နှစ် ၅၀ ကျော်အတွင်း အမေရိကန်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ပထမဆုံး လက်မှတ်ထိုး

မြန်မာနိုင်ငံနှင့် ယခုနှစ်ပိုင်းမှစ၍ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့သော အမေရိကန်ပြည်ထောင်စု သည် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူစာချုပ်ကို နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် သဘောတူလက်မှတ် ပြန်လည်ရေးထိုးလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်တို့သည် ဇွန် ၂၇ ရက်တွင် စီးပွားရေး ပူးပေါင်းဆောင် ရွက်မှု အတွက် နေပြည်တော် တွင် တွေ့ဆုံဆွေးနွေးကာ  နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်တွင် လက်မှတ်ရေး ထိုးခဲ့ကြခြင်း ဖြစ်သည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အထောက်အကူ ပြုနိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကို အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီမှ တစ်ဆင့် ထောက်ပံ့ မည်ဟူသော ကြေညာချက်သည် လည်း အဆိုပါ နှစ်နိုင်ငံ သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးသည့်အချိန်မှ စ၍ တရားဝင်ဖြစ်ပြီ ဖြစ်ကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ကြေညာချက် အရ သိရှိရသည်။

“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်ပြောင်းလဲလာ တာ တွေ့ရမှာပါ။ ပြုပြင်ပြောင်းလဲမှုတွေက ကောင်းမွန်တဲ့ တိုးတက်မှုတွေ ရရှိဖို့အတွက် အခွင့်အလမ်းကောင်း တွေ ပေါ်ပေါက် စေသလို စိန်ခေါ်မှုအသစ်တွေလည်း ဖြစ်ပေါ်စေမှာပါ။ အခု ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်ဟာ ပြုပြင်ပြောင်းလဲမှု အပေါ်မှာ ထားရှိတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံရဲ့ အားပေးထောက်ခံမှုကို အထောက်အပံ့ဖြစ်စေမှာပါ” ဟု သံအမတ်ကြီး ဒဲရစ်မစ်ချဲလ် က သတင်းကြေညာချက်တစ်ခုတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) သည် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရား ဥပဒေစိုးမိုး ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး၊ အစားအသောက်များတွင် အန္တရာယ် ကင်းရှင်း ရေးနှင့် ကျန်းမားရေး လုပ်ငန်း များကို ကမ္ဘာ့အနှံ့ လုပ်ဆောင်ပေးနေသည့် အမေရိကန်ပြည်ထောင်စု၏ အစိုးရ အဖွဲ့အစည်းတစ်ခုဖြစ်ကာ ယခုချုပ်ဆိုလိုက် သော သဘောတူညီချက်သည်  အထူးသဖြင့် (USAID) ၏ လုပ် ဆောင်မှုများအတွက် ဖြစ်သည်။

မြန်မာနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ပထမဆုံးသော အမေရိကန်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူညီချက်စာချုပ် ကို ၁၉၅၀ ခုနှစ်က ရေးထိုးခဲ့ကြပြီး အမေရိကန်အစိုးရမှ အမေရိကန် အပြည်ပြည်ဆိုင် ရာ ဖွံ့ဖြိုးမှုအေဂျင်စီမှ တစ်ဆင့် နည်းပညာဝန်ဆောင်မှု၊ စိုက်ပျိုးရေးကဏ္ဍသုံး ပစ္စည်းများနှင့် အခြားသော အထောက်အပံ့များ ပေးအပ်ခဲ့သည်။ သို့သော် တပ်မတော်အစိုးရ လက်ထက်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ၁၉၉၈ ခုနှစ် နောက် ပိုင်းတွင် အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ သည် မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာသွားခဲ့သည်။

အမေရိကန်နိုင်ငံသည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးသည့်အချိန်မှ စ၍ ကျန်းမာရေးဆိုင်ရာ အစီအစဉ် အချို့ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ USAID ဆိုသည်မှာလည်း ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်း၌ ယခင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက်စဉ်အတွင်း မြန်မာနိုင်ငံအတွက် အထောက် အပံ့များ ပေးအပ်မည်ဟု ကြေညာချက်ထုတ်ပြန်ပြီး ပြန်လည်ဖွင့်လှစ် ခဲ့သော အဖွဲ့အစည်းတစ်ခုပင်ဖြစ်သည်။


 

 မြန်မာနိုင်ငံ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတင်ဒါ Telenor နှင့် Ooredoo ရရှိ

ဖွံ့ဖြိုးမှု နောက်ကျနေသော မြန်မာနိုင်ငံဆက်သွယ်ရေး လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အတွက် ပြည်ပ လုပ်ငန်း ရှင်များအား တင်ဒါခေါ်ယူခဲ့ရာတွင် နောက်ဆုံးအဆင့်အနေဖြင့် ကာတာအခြေစိုက် Oreedoo (Qtell) ကုမ္ပဏီနှင့် နော်ဝေနိုင်ငံ အခြေစိုက် Telenor ကုမ္ပဏီတို့မှ တင်ဒါအောင်မြင်သွားခဲ့ကြောင်း တယ်လီကွန်း အော်ပရေတာ တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေးကော်မတီ၏ ဇွန်လ ၂၇  ရက်နေ့သတင်းထုတ်ပြန် ချက်အရ သိရသည်။

အဆိုပါ ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှု တင်ဒါအောင်မြင်သွားသော ဆက်သွယ်ရေးကုမဏီနှစ်ခုတို့မှာ ပြည်တွင်း ဈေးကွက်တွင် တယ်လီဖုန်းအော်ပရေတာ ၀န်ဆောင်မှုလုပ်ငန်းများကို  ၂၀၁၄ ခုနှစ် မေလနောက် ပိုင်းတွင်စတင်မည်ဖြစ် ကြောင်း ယင်းကုမ္ပဏီများမှ ထုတ်ပြန်ကြေငြာခဲ့သည်။ ထို့အပြင် အကြောင်းအမျိုးမျိုး ကြောင့် တင်ဒါအောင်မြင်သော်ကုမ္ပဏီ များ လုပ်ဆောင်ခြင်းမပြုနိုင်ပါက အရံအနေဖြင့် ပြင်သစ်အခြေစိုက် Orange နှင့် Marubeni ကော်ပိုရေးရှင်းပူးတွဲ်ကုမ္ပဏီကို အရန်အဖြစ် ရွေးချယ်ထားကြောင်း တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်တွင် ပါရှိ သည်။ ထို့ပြင် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများကို လွှတ်တော်တွင် အတည်ပြုမှသာ အဆိုပါဆက်သွယ်ရေးလိုင်စင်ရ ကုမ္ပဏီများကို လိုင်စင် များ တရားဝင်ချပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

တင်ဒါအောင်မြင်သွားသော Telenor Group သည် နော်ဝေအစိုးရမှ ၅၄ ရာခိုင်နှုန်းပိုင်ဆိုင်ခြင်းဖြစ်ပြီး လက်ရှိအချိန် တွင် ထိုင်း၊ အိန္ဒိယ၊ ပါကစ်စ္စတန်၊ ဘင်္ဂါလားဒေ့ရှ်၊ မလေးရှား၊ နော်ဝေ၊ ဆွီဒင်၊ မွန်တီနီဂရို၊ ဒိန်းမတ်၊ ဟန် ဂေရီ၊ ဆားဘီးယား အစရှိသောနိုင်ငံများတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးလျက်ရှိပြီး ယင်းဝန်ဆောင်မှု ကို သုံးစွဲသူအရေ အတွက် ၂၁၄ သန်းရှိပြီး ကမ္ဘာပေါ်တွင် ကိုးခုမြောက် အကြီးဆုံးဆက်သွယ်ရေး ကုမဏီဖြစ် ကြောင်း သိရသည်။ အဆိုပါ Telenor အနေဖြင့် မြန်မာ့ ဆက်သွယ်ရေးကဏ္ဍကို ကမ္ဘာ့အဆင့်မီဖြစ်စေရန် HSPA နှင့်LTE နည်းပညာများဖြင့် ငါးနှစ်အတွင်း မိုဘိုင်းကွန်ရက်ကို တစ်နိုင်ငံလုံး ဖြန့်ကြက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ ဆက်သွယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အစွမ်းကုန် ထောက်ပံ့ဖို့ ရှိပါတယ်။ ကျွန်တော်တို့ဟာ အာရှဈေး ကွက်ငါးခုမှာ ဦးဆောင်နေရပြီး ဒီကနေ့ ထုတ်ပြန်ချက်ကတော့ အာရှ ဒေသတလျှောက် Telenor ရဲ့ စဉ်ဆက်မပြတ်အောင်မြင် နေတဲ့ လွယ်ကူချောမွေ့တဲ့ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှု မဟာဗျူဟာကို မီးမောင်း ထိုးပြလိုက်ခြင်းလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဟာ အစိုးရအပါအဝင်၊ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုမှာ အဓိက အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ ဆက် သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှာ မြန်မာပြည်သူများနဲ့ပါ လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟုTelenor Group ၏ အာရှရေးရာ အကြီးအကဲလည်းဖြစ်၊ ဒုဥက္ကဋ္ဌလည်းဖြစ်သည့် Jon Fredrik Bakaas က မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ တွင် လုပ်ကိုင်ခွင့် လိုင်စင်ရရှိခဲ့ခြင်း အပေါ်ပြောကြားသွားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရရှိခဲ့သော ကာတာနိုင်ငံ အခြေစိုက် Ooredoo မှာလည်း လက်ရှိ အချိန်တွင် ကာတာ၊ အိုမန်၊ အင်ဒိုနီးရှား၊ အီရတ်၊ ကူဝိတ်၊ အယ်ဂျီးရီးယား၊တူနီးရှား အစရှိသော နိုင်ငံများ၏ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းများတွင် ၀န်ဆောင်မှုပေးလျက်ရှိပြီး အသုံးပြုသူ ၉၁ သန်းရှိ နေကြောင်း သိရသည်။ Ooredoo အနေဖြင့် တင်ဒါမကြေညာခင်က အခြားကုမဏီများကဲ့သို့ရှေ့ဆက်လုပ်ကိုင်မည့် လမ်းစဉ်များကို ရှင်းလင်းပြောကြားခြင်းမရှိ သော်လည်း ၎င်းတို့တင်ဒါအောင်မြင်ကြောင်း ကြေငြာချက် ထွက်ရှိပြီး နာရီပိုင်းအတွင်း ၎င်းတို့ Ooredoo အနေဖြင့် အလုပ် အကိုင် အခွင့်အလမ်းများစွာဖန်တီးပေးမည်ဖြစ်သည့် အပြင် ၎င်းနှင့်ဆက်စပ်နေသော အရောင်းမြှင့်တင်ရေး၊ ကုန်ပစ္စည်းဖြန့်ချီ ရေး၊ ၀န်ဆောင်မှုလုပ်ငန်း စသော နယ်ပယ်များတွင်လည်း အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးမည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

 “Ooredoo အနေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ရက် ပိုမိုကောင်းမွန်စေဖို့အတွက် အာဆီယံဒေသအတွင်းမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ယူဆောင်လာမှာပါ။ Ooredoo ဟာဆက်သွယ်ရေး ကွန်ရက်တွေကို အသုံးပြုရလွယ်ကူအောင်၊ အသုံးပြုသူတွေ အဆင်ပြေအောင် လူသားတွေရဲ့လူမှု ဘ၀တွေကို တိုးတက်မြင့်မားအောင်း ဆောင်ရွက်ပေးမှာဖြစ်လို့ မြန်မာ နိုင်ငံဟာ Ooredoo ရဲ့အဓိကဈေးကွက် ဖြစ်လာမယ် လို့ အကြွင်းမဲ့ယုံကြည်ပါတယ်” ဟု Ooredoo ၏ ဥက္ကဋ္ဌ Mr.Sheikh Abdullah Bin Mohammed Bin Saud Al- Thani မှ ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်းလိုင်း သုံးဆယ့်ကိုးသန်း ငါးသိန်းကို ချပေးရမည်ဖြစ်ကြောင်း ညွှန်ကြားထားပြီး ၂၀၁၃-၁၄ တွင်လိုင်း ၁၀ သန်း၊ ၂၀၁၄-၁၅ တွင် လိုင်း ၁၄ သန်း၊ ၂၀၁၅-၁၆ တွင် ၁၅ ဒဿမ ၅ သန်းအထိ ပြည့်မီအောင်ဆောင်ရွက်ရန် စီမံချက်ရှိသောကြောင့် ယခုလိုင်စင်ရရှိသော ပြည်ပကုမဏီနှစ်ခုအပါအ၀င်  ပြည်တွင်းရှိ Myanmar Telecom နှင့် ရတနာပုံဆက်သွယ်ရေးကုမဏီတို့မှ အဆိုပါ ရည်မှန်းချက်များနှင့် ပြည့်မီအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. အော်ပရေတာလိုင်စင် တင်ဒါကို  ပြည်သူ့လွှတ်တော် ဟန့်တား

(Reuters မှ 26 Jun 2013  ရက်စွဲပါ  “Myanmar Parliament defers telecom licence  award –lawmaker” သတင်းကို ဘာသာပြန်ဆိုသည်)

  1.  “ ဝ ”တပ်ဖွဲ့၏ ရဟတ်ယာဉ်များမြင်တွေ့ရကြောင်း လွတ်လပ်သော သတင်းများက အတည်ပြု

( IHS Jame’s Defence Weekly မှ 25 Jun 2013 ရက်စွဲပါ  “ Independent report confirm UWSA helicopter sighting “ သတင်းကို အကျဉ်းချုပ်ဘာသာပြန်ဆိုသည်။)

  1. ဝီရသူ မျက်နှာဖုံးပါ  TIME  မဂ္ဂဇင်းအား မြန်မာအစိုးရက  ပိတ်ပင်

( 27 June 2013  ရက်စွဲပါ Wall Street Journal မှ  Shibani Mahtani ရေးသားသော  Myanmar bans TIME Magazine Issue over ‘ Buddhist Terror’ Cover  ကို ဘာသာပြန်ပါသည် )


အော်ပရေတာလိုင်စင် တင်ဒါကို  ပြည်သူ့လွှတ်တော် ဟန့်တား

(Reuters မှ 26 Jun 2013  ရက်စွဲပါ  “Myanmar Parliament defers telecom licence  award –lawmaker” သတင်းကို ဘာသာပြန်ဆိုသည်)

ဆက်သွယ်ရေးဥပဒေသစ် အတည်ပြုပြဋ္ဌာန်းပြီးချိန်အထိ တယ်လီဖုန်းအော်ပရေတာ လိုင်စင်နှစ်ခု တင်ဒါချပေးမှုကို ဆိုင်းငံ့ထားရန် မြန်မာအောက်လွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က သဘောတူခဲ့ကြသည်ဟု လွှတ်တော်အမတ်တစ်ဦးက ဆိုပါ သည်။

အော်ပရေတာလိုင်စင် တင်ဒါအောင်သော ကုမ္ပဏီများကို ဇွန် ၂၇  ကြာသာပတေးနေ့တွင် ကြေညာရန် အစိုးရက စီစဉ်ထားခြင်းဖြစ်ပြီး ဆက်သွယ်ရေးဥပဒေ မူကြမ်းမှာမူ လွှတ်တော်တွင် ဆွေးနွေးဆဲအဆင့်၌သာ ရှိနေသေးသည်။

မြန်မာအစိုးရ၏ တယ်လီဖုန်း ဆက်သွယ်ရေး အော်ပရေတာတင်ဒါ အကဲဖြတ် ရွေးချယ်ရေး ကော်မတီက ကြီးမှူး ဆောင်ရွက်နေသော အဆိုပါလုပ်ငန်းကို နှောင့်နှေးစေမည့် လုပ်ပိုင်ခွင့်အာဏာ အောက်လွှတ်တော်တွင် ရှိသလားဆိုသည့် အချက်မှာ သဲကွဲခြင်း မရှိပါ။

 “ဆက်သွယ်ရေး ဥပဒေပြဋ္ဌာန်းပြီးချိန်အထိ တယ်လီဖုန်းအော်ပရေတာ တင်ဒါကို  ဆိုင်းငံ့ထားဖို့ အောက်လွှတ်တော် အမတ်တွေက  အဆိုတင်သွင်းခဲ့ကြပါတယ်။ ဒီအဆိုကို လွှတ်တော်မှာ ကန့်ကွက်သူ မရှိပါဘူး” ဟု အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်သူ အမျိုးသား ဒီမိုကရေစီသစ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွှန့်က  Reuters သို့ပြောကြားသည်။

၎င်းကိစ္စအပေါ် တင်ဒါရွေးချယ်ရေးကော်မတီက လတ်တလော မှတ်ချက်ပေးခြင်း မပြုသေးပါ။ NLD ပါတီမှ ဦးဖြိုး မင်းသိန်းက “ အချို့ကိစ္စတွေမှာ အမျိုးသားအကျိုးစီးပွားကို  ဦးစားပေးဖို့ လိုအပ်ပါ တယ်” ဟု ပြောကြားခဲ့သည်။

အခြား NLD အမတ်များကမူ ၄င်းအရေးပေါ် အဆိုပြုချက်ကို အံ့အားသင့်ခဲ့ရပြီး  စဉ်းစားသုံး သပ်ရန် လုံလောက် သော အချိန်မရခဲ့ကြောင်း ထုတ်ဖော်ပြောကြားသည်။

နိုင်ငံတကာက အနီးကပ်စောင့်ကြည့်နေပြီး  မြန်မာပြည်သူများကလည်း အထူးပင် စိတ်အား ထက်သန်နေကြသော  နိုင်ငံခြားအော်ပရေတာ တင်ဒါရွေးချယ်မှုကို နှောင့်နှေးအောင် လွှတ်တော်က ကြိုးစားခဲ့ခြင်း၏ နောက်ကွယ်မှ အကြောင်းရင်း မှာ စိတ်ဝင်စားစရာ ကောင်းလိမ့်မည်ဟု ပြည်တွင်းမှ အကဲခတ်လေ့လာသူ အချို့က ပြောကြားသည်။ ထို့အပြင် အဆင့်မြင့် နည်းပညာနှင့် ဆက်နွယ်သော ယခုလိုကိစ္စမျိုးတွင် ဦးစားပေးရမည်။ အမျိုးသားအကျိုးစီးပွားဆိုသည်မှာ ပြည်သူလူထု၏ အကျိုးစီးပွား သာဖြစ်သင့်ပြီး ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီများ၏ အကျိုးစီးပွား မဖြစ်သင့်ဟု အကဲဖြတ်လေ့လာသူ များက မှတ်ချက်ပေးထားသည်။


  “ ဝ ”တပ်ဖွဲ့၏ ရဟတ်ယာဉ်များမြင်တွေ့ရကြောင်း လွတ်လပ်သော သတင်းများက အတည်ပြု

( IHS Jame’s Defence Weekly မှ 25 Jun 2013 ရက်စွဲပါ  “ Independent report confirm UWSA helicopter sighting “ သတင်းကို အကျဉ်းချုပ်ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ အစိုးရမဟုတ်သော အကြီးဆုံးလက်နက်ကိုင်အဖွဲ့ UWSA ( ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မ တော်) က တရုတ်နိုင်ငံထံမှ ပို့ဆောင်ရေးရဟတ်ယာဉ်များအား လက်ခံထားရှိကြောင်း ဖော်ပြခဲ့သည့် IHS Jame’s Defence Weekely၏ အစီရင်ခံစာကို မြန်မာနိုင်ငံအရှေ့မြောက်ဒေသ ရှမ်းပြည်နယ်မှ လွပ်လပ်သော ဒေသခံသတင်းအရင်း အမြစ်များ က အတည်ပြုလိုက်ပါသည်။

 နိုင်ငံတကာ အသိအမှတ်ပြု မြန်မာ့ရေးရာ ကျွမ်းကျင်သူ ဘာတစ်လ် လင့်တနာ၏ ဇွန် ၂၅ရက်စွဲပါ Asiam Times online မှ သတင်းဆောင်းပါးတွင် Mil Mi – 17 Hip အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် နှစ်စင်းသည် တရုတ် နယ်စပ် နှင့်မဝေးသော အရှေ့မြောက် ဝတောင်တန်းပေါ်ရှိ ပန်းဝါမြို့အနီးမှ မန်နမ်ဆိုင်တွင် လတ်တလော အခြေစိုက်ထားပြီး စူးစမ်းထောက်လှမ်းသော မျက်လုံးများ၏ ရန်မှ ဖုံးကွယ်ထားသည်ဟု ၎င်းနယ်မြေနှင့် နီးစပ်သော သတင်းရင်းမြစ်များကို ကိုးကား၍ ရေးသားဖော်ပြထားသည်။


ဦးဝီရသူ မျက်နှာဖုံးပါ  TIME  မဂ္ဂဇင်းအား မြန်မာအစိုးရက  ပိတ်ပင်

( 27 June 2013  ရက်စွဲပါ Wall Street Journal မှ  Shibani Mahtani ရေးသားသော  Myanmar bans TIME Magazine Issue over ‘ Buddhist Terror’ Cover  ကို ဘာသာပြန်ပါသည် )

မြန်မာအစိုးရသည် ယခုအပတ် နိုင်ငံတကာသုံး ဖြန့်ဝေသော TIME  မဂ္ဂဇင်းကို ပိတ်ပင်ခဲ့ပါသည်။ယခုအပတ်တွင် မျက်နှာဖုံးဆောင်ပါးတွင် ဦးဝီသူရ အမည်ရ ဘုန်းတော်ကြီးနှင့် ပတ်သက်၍ ‘ The Face of Buddhist Terror’ အကြောင်း ရေးသားထားပါသည်။

သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ၄င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် အင်္ဂါနေ့ညနေက ပြောကြားရာတွင် အဆိုပါမဂ္ဂဇင်း ဖြန့်ဝေခြင်း ၊ ရောင်းချခြင်းကို လူမျိုးရေးအရလည်းကောင်း၊ ဘာသာရေးအရလည်းကောင်း ၊ ပဋိပက္ခများပြန်လည်မပေါ်ပေါက်ရန် ကာကွယ်သောအားဖြင့် ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ပြောပါသည်။

TIME တွင် ဦးဝီသူရ အကြောင်း ဖော်ပြထားပြီး ၊ ၄င်းသည်တိုင်းပြည်၏ လူနည်းစုဖြစ်သော မွတ်ဆလင် လူနည်းစု အပေါ် လူမူရေးအရ ကျဉ်ထားရန် လုပ်ဆောင်သော ဗုဒ္ဓဘာသာ ၉၆၉  လှုပ်ရှားမှုကို ခေါင်းဆောင်သူ ဖြစ်ပါသည်။အဆိုပါ လှုပ်ရှားမှုသည် လွန်ခဲ့သည့်နှစ်ကတည်းက နိုင်ငံတစ်လွှားတွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်များကြား အသက်အန္ထရာယ် ထိခိုက်နိုင်သည် ရန်ပွဲများကို လှုံဆော်သည်ဟု စွပ်စွဲမှုများ ရှိပြီး၊ ယင်းကြောင့် လူပေါင်း ၂၀၀ ကျော်သေဆုံးပြီး ( ၁၄၀၀၀၀ )ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါသည်။ခံစားကြရသူအများစုမှာ မွတ်ဆလင်များ ဖြစ်ကြပါသည်။ဗုဒ္ဓဘာသာ လူအုပ်ကြီးသည် ဗလီများနှင့် မွတ်ဆလင်များ၏ စီးပွားရေးလုပ်ငန်းများကို  တိုတ်ခိုက်ခဲ့ကြပြီး၊ ၉၆၉ လှုပ်ရှားမှုနှင့် ပက်သတ်သော စတစ်ကာများ ၊ လက်ကမ်းစာစောင်များကို အကြမ်းဖက်မှု ဖြစ်နေစဉ်နှင့် ဖြစ်ပွားအပြီးတွင် ပလူပျံနေခဲ့ပါသည်။

အဆိုပါ ဘုန်းတော်ကြီးကမူ အကြမ်းဖက်မှုအတွက် တာဝန်ရှိသည်ဟု စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပါသည်။သို့သော် မြန်မာနိုင်ငံမှ မီဒီယာများနှင့်အင်တာဗျူးများတွင် ၄င်းသည်ရက်ဒီကယ် ဗုဒ္ဓဘာသာဖြစ်ရခြင်းကို ဂုဏ်ယူကြောင်းပြောခဲ့ပြီး ၊ မွတ်ဆလင်များပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန် လှုံဆော်ခဲ့ပါသည်။ယခုကြာသပတေ့နေ့တွင် ၄င်း၏ ဗုဒ္ဓဘာသာအမျိုးသမီးများကို မိမိတို့ဘာသာအပြင်ဘက်မှ အမျိုးသားများနှင့် လက်ထပ်ခြင်းကို တားမြစ်ရန် အဆိုပြုမှုကို ထောက်ခံသည့် ဖိုရမ်ကျင်းပရန်ရှိပြီး၊ ဖောက်ဖျက်ပါက ထောင်ဒဏ်( ၁၀ )နှစ် အထိ ချမှတ်ရေး ပါဝင်နိုင်ရန် မျှော်လင့်လျှက် ရှိပါသည်။

အဂါင်္နေ့က TIME အား ပိတ်ပင်ခဲ့ခြင်းသည် မြန်မာအစိုးရသည် လွန့်ခဲ့သည့် နှစ်နှစ်ပြုပြင်ပြောင်းလဲရေးများ စတင်လုပ်ဆောင်ပြီးကတည်းက ပထမဦးဆုံးအကြိမ်အဖြစ် အနောက်တိုင်းမီဒီယာများအပေါ် ဗြောင်ကျကျကန့်သတ်ခြင်းတစ် ခု ဖြစ်ပါသည်။အဆိုပါ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အစိုးရက နိုင်ငံပိုင်ရုပ်မြင်သံကြားမှ အဂါင်္နေ့ ညနေက  ရှင်းလင်းပြော ကြားရာတွင် အဆိုပါ ဆောင်းပါးသည် အုပ်စုနှစ်ခုကြားတွင် ပြန်လည်ရင်ကြားစေ့ရေးအတွက် ထိခိုက်နိုင်သောကြောင့် ဖြစ် သည်ဟု ဆိုပါသည်။သို့သော် မြန်မာအစိုးရသည် အဆိုပါ ဆောင်းပါးကိုအွန်လိုင်းမှ ပါဝင်မှုအပေါ် မည်သို့ပိတ်ဆိုမည် ဆို သည်ကိုမူ ရှင်းလင်းခြင်းမရှိသေးပေ။

တနင်္ဂနွေနေ့က သမ္မတရုံးသည် ရှားရှားပါးပါး ကြေငြာချက်တစ်ခု ထုတ်ပြန်ရာ မဂ္ဂဇင်းပါဆောင်းပါးကို ရှုတ်ချခဲ့ပြီး ၉၆၉  လှုပ်ရှားမှုကို ငြိမ်းချမ်းသော လှုပ်ရှားမှုဖြစ်ကြောင်း တံဆိပ်ကပ်ခဲ့ပါသည်။အဆိုပါ ကြေငြာချက်တွင် ဦးဝီသူရအား ဘုရား၏ သားတော်အဖြစ် ခေါ်ဆို၍ ၄င်းဘက်မှ ကာကွယ်ပြောကြားခဲ့ပြီး ၊ အဆိုပါဆောင်းပါးသည် တိုင်းပြည်အတွင်းရှိ ဗုဒ္ဓဘာသာအပေါ် ခံယုချက်များအတွက် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများ ဖြစ်နိုင်ကြောင်း ဖော်ပြထား ပါသည်။အဆိုပါ ကြေငြာချက်တွင် TIME မဂ္ဂဇင်းအား ဖေ့စ်ဘုတ်၊ တွမ်တာကဲ့သို့သော လူမှုကွန်ရက်များမှ သပိတ်မှောက် ကြရန်နှင့် စိတ်ဆိုးနေသော ဗုဒ္ဓဘာသာာဝင်များမှ အနောက်တိုင်း မီဒီယာနှင့် စာရေးသူအပေါ် ရှင်းရှင်းလင်းလင်း ကန့်ကွက် သော ဖော်ပြချက်များ ထုတ်ဖော်ကြရန် တောင်းဆိုခဲ့ပါသည်။

သုံးသပ်သူများက ယခုမြန်မာအစိုးရ၏ ရှားရှားပါးပါး ကန့်ကွက်မှုသည် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းအတွင်း ရက်ဒီ ကယ်အစိတ်အပိုင်းများကို ပိုမိုတောက်ပအောင် ပုံဖော်ပေးပြီး ၊ လူနည်းစု မွတ်ဆလင်များအပေါ် တိုတ်ခိုက်မှုများအတွက် အားပေးသလို ဖြစ်ရပါသည်ဟု ဆိုပါသည်။အချို့ကလည်း TIME မဂ္ဂဇင်းအပေါ် မွတ်ဆလင်များအား အကြမ်းဖက်သော ပုဂ္ဂိုလ်များအပေါ် တိတိကျကျ ဖော်ပြခြင်းမရှိပဲ ဗုဒ္ဓဘာသာအပေါ် အကြမ်းဖက်မှုတွင် ပါဝင်ပက်သက်သယောင် ချဲ့ကားရေး သားထားမှုအား ဝေဖန်ခဲ့ပါသည်။

အစိုးရ၏ တုန်ပြန်မှုနှင့် ဦးဝီသူရနှင့် ၉၆၉ လှုပ်ရှားမှုတို့အပေါ် စကားလုံးနှင့် မဟုတ်သော်လည်း ထောက်ခံခြင်း ပြသခဲ့မှုများသည် မြန်မာမွတ်ဆလင်များအပေါ်  ကျရောက်တော့မည် ဆိုးရွားသော လက္ခဏာများပင်ဖြစ်သည်ဟု London School of Economics  မှ မြန်မာပညာရှင် ဒေါက်တာမောင်ဇာနည်မှ ပြောကြားခဲ့ပါသည်။အဘယ်ကြောင့် ဆိုသော် ၄င်းမှာ မြန်မာ့အသိုင်းအဝိုင်းအတွင်း ရက်ဒီကယ်များ၏ အရေးယူမှု မခံရပဲ ကျူးလွန်မှုများကို ခွင့်ပြုလာဖွယ်ရှိသောကြောင့် ဟုဆိုပါ သည်။မောင်ဇာနည်က TIME မဂ္ဂဇင်းအပေါ်လည်း အသိုင်းအဝိုင်းနှစ်ခုအကြား တင်းမာမှုများ ဖြစ်ပေါ်စေရန် ရေးသားထား သောကြောင့် မြန်မာအသိုင်းအဝိုင်းအပေါ် လူမှုရေးအရ တန်ဖိုးကြီးစွာ ပေးဆပ်ရနိုင်ကြောင်း ဝေဖန်ထားပါသည်။

ဦးဝီသူရကမူ TIME မဂ္ဂဇင်းကို တရားစွဲမဟုတ်ပဲ လက်ခံရမည် ဗုဒ္ဓဘာသာ စည်းမျဉ်းများကို အမှန်တရားပျောက် မသွားရေး ထိန်းသိမ်းခြင်းသာ ဖြစ်ကြောင်း ယုံကြည်သည်ဟု ဆိုပါသည်။


 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive