Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

နိုင်ငံတကာသတင်းများ (၂)

(13 Sept 2013 ရက်စွဲပါ Bangkok Post မှ Egat prepares for gas field shutdown ကို ဘာသာပြန်ဆို ပါသည်)

(12 Sept 2013 ရက်စွဲပါ UPI မှ ICRC helps guide police policies in Myanmar ကို ဘာသာပြန်ပါသည်)


မြန်မာနိုင်ငံမှ ပြုပြင်ထိန်းသိမ်းမှုအတွက် ဓါတ်ငွေ့ပို့လွှတ်မှု ခေတ္တရပ်နားမှုအတွက် Egat ပြင်ဆင်

(13 Sept 2013 ရက်စွဲပါ Bangkok Post မှ Egat prepares for gas field shutdown ကို ဘာသာပြန်ဆိုပါသည်)

ထိုင်းနိုင်ငံ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (Egat) က ထိုင်းပင်လယ်ကွေ့အတွင်း ကမ်းလွန် နှင့် ကုန်းတွင်းဓါတ်ငွေ့ထုတ်လုပ်သူများအား မြန်မာနိုင်ငံရဲတံခွန်ဓါတ်ငွေ့ထုတ်လုပ်မှုတွင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်ရန် (၁၄) ရက် ရပ်နားမည့် အချိန်၌ ထုတ်လုပ်မှု ပိုမိုပြုလုပ်ရန် တောင်းဆိုခဲ့ပါသည်။

ရဲတံခွန်ဓါတ်ငွေ့ထုတ်လုပ်မှုသည် ပလက်ဖောက်စွမ်းရည် တိုးချဲ့ရန် ဒီဇင်ဘာ (၂၅) မှ ဇန်နဝါရီလ (၈) ရက်အထိ ပိတ်ထားမည် ဖြစ်ပါသည်။

ထိုသို့ ပိတ်ခြင်းကြောင့် ထိုင်းနိုင်ငံလျှပ်စစ်ဓါတ်အားထုတ်လုပ်မှုစနစ်တွင် တစ်ရက်လျှင် သဘာဝဓါတ်ငွေ့ (၁၁၁၀) ကုဗပေသန်းပေါင်း လိုအပ်သွားမည် ဖြစ်ပါသည်။

ထို့ကြောင့် ထိုင်းနိုင်ငံ၏ တစ်ခုတည်းသော ဓါတ်ငွေ့ဖြန့်ဖြူးသူ PTT Plc က Egat နှင့် ညှိနှိုင်းလျက်ရှိပြီး၊ ဘန်ကာဆီ၊ ဒီဇယ်၊ LNG များကို လျှပ်စစ်ဓါတ်အားထုတ်ရာတွင် အစားထိုးနိုင်ရန် ပြင်ဆင်နေပါသည်။

“ဓါတ်ငွေ့ပမာဏ ဒီလောက်နဲ့တော့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးမှာ ထိခိုက်မယ်မထင်ပါဘူး။ စက်မှုကဏ္ဍပဲ ဖြစ်ဖြစ် ပို့ဆောင်ရေးကဏ္ဍပဲ ဖြစ်ဖြစ် ထိခိုက်မယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ အရင်ကကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေရှိလို့ပါပဲ။” ဟု PTT ဓါတ်ငွေ့ဖြန့်ဖြူးရေး အကြီးတန်းအမှုဆောင် ဒုဥက္ကဌ Charcrie Buranakanonda ကပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှ ဓါတ်ငွေ့လုပ်ကွက်များမှ လိုအပ်ချက်မှာ တစ်ရက်လျှင် (၁၁၀၀) ကုဗပေ သန်းပေါင်း ဖြစ်ပြီး ရတနာမှ (၆၅၀) ကုဗပေ သန်းပေါင်းနှင့် ရဲတံခွန်မှ (၄၅၀) ကုဗပေသန်းပေါင်း ဖြစ်ပါသည်။


ICRC က ရဲနှင့် ပတ်သက်သော ဆွေးနွေးပွဲ မြန်မာနိုင်ငံတွင် ကျင်းပ

(12 Sept 2013 ရက်စွဲပါ UPI မှ ICRC helps guide police policies in Myanmar ကို ဘာသာပြန်ပါသည်)

နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) က၎င်းသည် မြန်မာနိုင်ငံမှ လုံခြုံရေးတပ်ဖွဲ့များနှင့် ရဲလုပ်ငန်းအဆင့် မှီရေးနှင့် ပတ်သက်၍ လေးရက်ကြာဆွေးနွေးပွဲကို စတင်ခဲ့ကြောင်း ကြာသာပတေးနေ့ ကပြောကြားခဲ့ပါသည်။

“ဤမှတ်တိုင်ဖြစ်မည့် ဆွေးနွေးပွဲသည် ကျွန်ုပ်တို့၏ လုပ်ငန်းများ မြန်မာနိုင်ငံတွင် တိုးချဲ့ရန် ဆန္ဒပြင်းပြမှုကို ပြသနေပါသည်” ဟု မြန်မာနိုင်ငံမှ ICRC ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Jurg Mintani က ကျေညာချက် တွင်ဖော်ပြထားပါသည်။

“ကျွန်ုပ်တို့သည်ယခုအပတ်တွင် အကြီးတန်းတပ်မှူးများနှင့် အတွေ့အကြုံမျှဝေခြင်းနှင့် အကောင်းဆုံး လုပ်ထုံး လုပ်နည်းများ ပါဝင်သော ပညာရှင်စကားဝိုင်းတစ်ခုပြုလုပ်ရန် မျှော်မှန်းထားပါသည်” ဟု ဆက်လက် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ နောက်ပိုင်း ၎င်း၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာအသိုင်း၏ ချီးကျူးမှုကို ရရှိခဲ့ပါသည်။ သို့သော် လူ့အခွင့်အရေးမှတ်တမ်းများနှင့် ပတ်သက်၍ ဝေဖန်မှုကိုခံနေရဆဲ ဖြစ်ပါသည်။

“မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့ကို ပရော်ဖက်ရှင်နယ် ပီသအောင် လုပ်ဆောင်ဖို့ဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။” ဟု ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း ကပြောပါသည်။ “ဒီလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ အချက်တစ်ခုကတော့ အရာရှိအားလုံးဟာ နိုင်ငံတကာစံတွေကို နားလည်ပြီး အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။” ဟု ၎င်းက ဆိုပါသည်။

ဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာမှာ အင်အားကိုမျှတစွာအသုံးချခြင်း၊ လူအုပ်ကြီးအား ထိန်းချုပ်ခြင်းနှင့် ထိန်းသိမ်းခြင်းဖြစ်ကြောင်း ICRC က ပြောပါသည်။

ICRC ကပြောကြားရာတွင် ဆွေးနွေးပွဲသို့ အကြီးတန်းရဲအရာရှိ ၂၃ ဦးနှင့် ပြည်နယ်နှင့် တိုင်းရဲတပ်ဖွဲ့မှူးများ တက်ရောက်ကြောင်း ပြောပါသည်။ ဤဆွေးနွေးပွဲသည် ICRC အတွက် မြန်မာနိုင်ငံတွင် ပထမဆုံး ပြုလုပ်သော ဆွေးနွေး ပွဲဖြစ်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ကျွန်တော်တို့မြင်တာကတော့ လက်မှတ်ထိုးတာတော့ မခက်ပါဘူး။ ဒါပေမယ့် လက်မှတ်ထိုးတယ်ဆိုတာ နှစ်ဦး နှစ်ဖက် သဘောတူဖို့တော့ လိုတာပေါ့။ နှစ်ဘက်ရဲ့ လိုအပ်ချက်တွေ ပြေလည်နေတဲအချိန်မှာ ဒါက ထိုးလို့ရမှာပေါ့လေ။ နှစ်ဦးနှစ်ဖက် ကိုယ်လိုချင်တဲ့အပိုင်းတွေမရဘဲနဲ့ ထိုးမယ်ဆိုရင် နည်းနည်းတော့ ခက်ခဲမယ်လို့ ကျွန်တော်မြင်တယ်။ လက်မှတ်ထိုး တဲ့နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ ထိုးကြမလဲ။ ဒီ ဘက်ကတောင်းဆိုထားတဲ့အတိုင်း နိုင်ငံတော်အစိုးရက လိုက်လျောပေးမလား။ အစိုးရပြောတာကို KIO အပိုင်းက လက်ခံနိုင်သလား။ နှစ်ဦးနှစ်ဖက် သဘောတူညီမှုဟာ ဒီစက်တင်ဘာလကုန်ပိုင်းမှာ တွေ့ဆုံမှုပေါ်မှာ မူတည်တယ်လို့ထင်တယ်။ ဆွေးနွေးလို့ အဆင်ပြေသွားရင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ကိစ္စကတော့ အခြေအနေကောင်းလာမယ်လို့မြင်တယ်။”

စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “တစ်ပြည်လုံး အပစ်ရပ်ရေး နေပြည်တော်ဆွေးနွေးပွဲ အကောင်အထည်ပေါ်ပါ့မလား” သတင်းမှ KIO နှင့် အစိုးရကြားဆွေးနွေးပွဲများ ဖြစ်ပေါ်စေရန် စေ့စပ်ပေးသည့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာ ၏ပြောကြား ချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) မှာပါတဲ့ အခြေခံရမည့်မူများဆိုသည်ကို စကိုင်တာပေါ့။ အဲဒီမှာ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ ကျွန်တော်တို့က တင်သွင်းချင်တယ်။ နောက်ပြီးတော့ တိုင်းဒေသကြီးတွေကို တိုင်းဒေသကြီးလို့ ခေါ်မယ့်အစားပြည်နယ် ၁၄ ခုကို အခြေခံချင်တယ်။ အမည်နာမ ဝေါဟာရကအစ အကုန်လုံးတစ်ပြေးညီ ဖက်ဒရယ်ဖြစ်ဖို့ ကျွန်တော်တို့က ရည်မှန်းတာပါ။ အမည်နာမဝိသေသ တွေက ကွဲနေရင်မဖြစ်သေးဘူးလေ။ အဲဒါကြောင့် အမေရိကန်နိုင်ငံမှာဆိုရင်တော့ ပြည်နယ် ၅၀ ပေါ့။ ကျွန်တော်တို့ ဆီကတော့ ၁၄ ပြည်နယ်ပေါ့။ အဲဒီကို လက်ခံချင်တယ်။”

စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “၂၀၀၈ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေကို ဖက်ဒရယ်မူအခြေခံရေးနှင့် တိုင်းဒေသကြီးများကို ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် SNDP ပါတီတင်ပြမည်” သတင်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းမောင်တင် ၏ပြောကြားချက် အားကောက်နှုတ်ချက်။


“သူတို့ရဲ့နယ်မြေစိုးမိုးရေးလို့ပဲခေါ်ခေါ်၊ နယ်မြေရှင်းလင်းရေးလို့ပဲခေါ်ခေါ်၊ ကျွန်တော်တို့ နယ်မြေမှာ ကျွန်တော်တို့ တပ်ဖွဲ့တွေ အခြေတကျမနေနိုင်အောင် လိုက်လံတိုက်ခိုက်နေရင်တော့ ကျွန်တော်တို့က ထိုးစစ် လို့ပဲယူဆတယ်။”

စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲထိခိုက်နိုင်ဟုဆို” သတင်းမှ ကေအိုင်အိုမှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် ၏ပြောကြား ချက်အားကောက်နှုတ်ချက်။


“ကျောင်းသားတွေအတွက် ပညာရေးစနစ်ကိုမြှင့်တင်ပေးဖို့ လိုအပ်နေပြီ။ ဒီအတွက် အစိုးရအနေနဲ့ ပညာရေးနဲ့ ပတ်သက်ပြီး အဆင့်မြှင့်တင်တာတွေလုပ်တာကို ကျွန်တော်တို့ ကြိုဆိုတယ်။ ဒါပေမယ့် ကျွန်တော်တို့ တက်သိနားလည်တဲ့ ပညာရှင်တွေ ရဲ့အသံကို ကောင်းကောင်းနားထောင်ဖို့တော့ လိုမယ်။ တကယ်ဆိုရင် သင်ရိုးညွှန်းတမ်းတွေနဲ့ ပတ်သက်ရင်အခုလို အလယ်တန်းအဆင့်တွေကို နှစ်တွေတိုးတာတို့ ဘာတို့လုပ်တယ်။ ဒီကိစ္စတွေ အားလုံးကို အစိုးရကနေပြီး အပေါ် ကနေအောက်ကို ချပေးနေတာမျိုးတွေချည်းပဲ ဖြစ်နေရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးစနစ်ဟာ ထင်သလောက်

တိုးတက်လာမှာ မဟုတ်ဘူး။ ကျွန်တော် ဆိုလိုတာက ကျောင်းသားတွေသင်နေရတဲ့ စာတွေ၊ သင်ရိုးညွှန်းတမ်းတွေကို ပညာရှင်တွေက ရေးဆွဲတာလား၊ အုပ်ချုပ်ရေး ပိုင်းက ရေးဆွဲတာလား။ ဒါတွေကိုတော့ ကျွန်တော်တို့ မသိနိုင်ဘူး။”

စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် ပြည်မြန်မာနေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ပညာရေး အဆင့်အတန်း မြင့်မားရေးအတွက် ခေတ်မီပြီး လွတ်လပ်သော တက္ကသိုလ်ပညာရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် လိုအပ်နေပြီဟု ဆို” သတင်းမှ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) မှ ဒုတိယဥက္ကဌ ကိုလင်းထက်နိုင် ၏ပြော ကြားချက် အားကောက်နှုတ်ချက်။


“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုတဲ့နေရာမှာ ကုမ္ပဏီတစ်ခုတည်း ရောက်လာလို့ မရပါဘူး။ လူတစ်သန်းလောက်ကို အလုပ် အကိုင်ဖန်တီးပေးနိုင်ဖို့ စက်ရုံပေါင်းနှစ်သောင်းလောက် လိုအပ်မှာပါ။ မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေလာတယ်။ ဘယ်လိုရင်းနှီးမြှုပ်နှံရမလဲ သေချာမစဉ်းစားနိုင်သေးခင် ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌကို သွားတွေ့ဖို့ လိုအပ်နေတာမျိုး ဖြစ်နေတယ်။”

နိုဝင်ဘာလ ၁၃ ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ (၃၂) အမှတ် (၆၃၈) တွင်ပါရှိသော “နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများအတွက် အခက်အခဲများရှိနေဆဲ” သတင်းမှ ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလုပ်ငန်းစု ဥက္ကဌ ဦးသိန်းငွေ ၏ပြောကြားချက်အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive