Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(Shanghai Daily မှ 6 Dec 2013 ရက်စွဲပါ “Laotian President to Visit Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

(7 December 2013 ရက်စွဲပါ Channel News Asia မှ IMF chief urges Myanmar to focus on poverty reduction ကိုဘာသာပြန်ဆိုသည်။)


မြန်မာနိုင်ငံသို့ လာအိုသမ္မတ လာလည်မည်

(Shanghai Daily မှ 6 Dec 2013 ရက်စွဲပါ “Laotian President to Visit Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

လာအိုသမ္မတ ချောင်မာလီဆာရာဆုန်သည် မကြာမီ အတောအတွင်း မြန်မာနိုင်ငံသို့ တရားဝင် လာရောက်လည် ပတ်မည် ဟု လာရောက်မည့်ရက် အတိအကျကို မဖော်ပြဘဲ သောကြာနေ့က တရားဝင် သတင်းထုတ်ပြန်သည်။

မနှစ်က မတ်လတွင် ဗီယင်ကျန်းသို့ မြန်မာသမ္မတ ဦးသိန်းစိန် သွားရောက်လည်ပတ်ခဲ့ပြီးနောက် ချောင်မာလီ၏ နေပြည်တော်ခရီးစဉ်ကို အပြန်အလှန် စီစဉ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

မြန်မာနှင့် လာအိုတို့သည် ၎င်းတို့ နှစ်နိုင်ငံ ဆက်ဆံရေး အထူးသဖြင့် မဲခေါင်မြစ်ဝှမ်းနှင့် နယ်စပ်ဒေသ တည်ငြိမ်အေး ချမ်းရေးအတွက် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် အပြန်အလှန် ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ဘာသာရေး၊ ပညာရေး ပူးပေါင်းဆောင်ရွက်မှုတို့ အားပေးရန်အတွက် နည်းလမ်းများ ရှာဖွေရေးကို အလေးထားလျက်ရှိသည်။

ထို့အပြင် နှစ်နိုင်ငံ လမ်းပန်းချိတ်ဆက်မှု တိုးတက်ချောမွေ့စေရေး ကြိုးပမ်းမှုများ၏ အစီအစဉ်တစ်ရပ်အနေဖြင့် လာအိုနိုင်ငံ လောင်နမ်စာပြည်နယ်နှင့် မြန်မာနိုင်ငံ တာချီလိတ် ခရိုင်တို့ကို ဆက်သွယ်မည့် မဲခေါင်မြစ်ကူးတံတားကိုလည်း ယခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်တည်ဆောက်နေသည်။

အဆိုပါတံတား ပြီးစီးသွားပါက နှစ်နိုင်ငံ လမ်းပန်းချိတ်ဆက်မှု မြန်ဆန်ချောမွေ့လာမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်ကာ စီးပွားရေး ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။

မဲခေါင်ဒေသ၌ ဖွံ့ဖြိုးမှု အနိမ့်ဆုံး နှစ်နိုင်ငံ ဖြစ်ကြသော မြန်မာနှင့် လာအိုတို့သည် မဲခေါင်မြစ်ကြောင်းအတွင်း ရေကြောင်း လုံခြုံရေး တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့များအကြား ထိထိရောက်ရောက် အချိန်ကိုက် သတင်းအချက် အလက် ဖလှယ်ခြင်းမှတစ်ဆင့် မြစ်ကြောင်းတစ်လျှောက် မလိုလားအပ်သော ဖြစ်ရပ်များကို အနာဂတ်တွင် တားဆီးနိုင်ရန် အတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် သဘောတူထားကြသည်။


 

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုလျော့ချရေးကို အာရုံပြုလုပ်ဆောင်ရန် IMF အကြီးအကဲတိုက်တွန်း

(7 December 2013 ရက်စွဲပါ Channel News Asia မှ IMF chief urges Myanmar to focus on poverty reduction ကိုဘာသာပြန်ဆိုသည်။)

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲ Christine Lagarde ကမြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့် ပြန့် ခံစားနေရသော ဆင်းရဲမွဲတေမှုကို ဦးစားပေးအဖြစ် အလျင်အမြန် ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံသည် စစ်အစိုးရလက်အောက်တွင် ဆယ်စုနှစ်များစွာ နိုင်ငံတကာ၏ အထီးကျန်ပြုထားမှုမှ လွတ်မြောက်ပြီးနောက် စီးပွားရေးတိုးတက်မှုကို စတင်ခံစားလာရသည့်နိုင်ငံဖြစ်ပါသည်။

“ မြန်မာနိုင်ငံဟာ တံခါးဖွင့်ပြီးစီးပွားရေးတိုးချဲ့လာတာကြောင့် သူအနေနဲ့ ခေတ်မီစီးပွားရေးရဲ့ အုတ်မြစ်ဖွဲ့စည်းပုံ ခိုင်မာဖို့လိုပါတယ်။ ဒါဟာ အရေးတကြီး ဦးစားပေးရမယ့်အရာဖြစ်ပါတယ်” ဟု၎င်းက ရန်ကုန် စီးပွားရေးတက္ကသိုလ်တွင် ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

Lagarde သည် စနေနေ့က ရန်ကုန်မြို့သို့ရောက်ရှိခဲ့ရာ ၎င်း၏ပထမဆုံးမြန်မာနိုင်ငံသို့ ခရီးစဉ်ဖြစ်ပါသည်။ ၎င်းသည် အစိုးရတာဝန်ရှိသူများနှင့် လည်းကောင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံခဲ့ပါ သည်။

“လူဦးရေရဲ့ လေးပုံသုံးပုံဟာ လျှပ်စစ်မီးမသုံးကြရပါဘူး။ လူဦးရေရဲ့ ၁ % သာ အင်တာနက်သုံးစွဲနိုင်ပါတယ်” ဟု၎င်းကပြောပါသည်။

မြန်မာနိုင်ငံသည် စစ်အစိုးရလက်ထက်တွင် ဆယ်စုနှစ်ပေါင်းများစွာ အဂတိလိုက်စားမှုနှင့် စီးပွားရေးအရ မှားယွင်းစွာ စီမံခန့်ခွဲမှုများကို ခံစားခဲ့ရပါသည်။

၂၀၁၁ ခုနှစ်စစ်အစိုးရမှ အာဏာလွှဲပေးပြီးကတည်းက စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်၍ လုပ်ဆောင် လာခဲ့သော်လည်း အတားအဆီးများစွာရှိနေသေးကြောင်း ပညာရှင်များက သတိပေးခဲ့သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်တိုးတက်မှုနှုန်း မြင့်မားပြီး မထိတွေ့ရသေးသော ပြည်တွင်းဈေးကွက်ကြီးရှိသောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်လျက်ရှိသော်လည်း လူဦးရေ၏ ၂၆% သည်ဆင်းရဲ မွဲတေမှု သတ်မှတ်ချက်အောက်အဆင့်တွင်ရှိနေရသည်ဟု Lagarde ကဆိုပါသည်။

“နောက်ထပ် လှမ်းရမယ့် ခြေလှမ်းကတော့ ဒီရရှိပြီးတဲ့တိုးတက်မှုတွေအပေါ် အခြေခံပြီး ဆင်းရဲမွဲတေသူများ အပါအဝင် စဉ်ဆက်မပြတ် အားကောင်းတဲ့ တိုးတက်မှုလမ်းကြောင်းကို ရှာရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်းရဲ့ အလားအလာတွေကို မြှင့်တင်ပေးရမှာဖြစ်ပါတယ်။’’ဟု ၎င်းကဆိုပါသည်။

“လူအများစုဟာ မနက်ဖြန်စီးပွားရေး အတွက် ကိရိယာများပြည့်စုံအောင် တပ်ဆင်ပေးထားနိုင်ခြင်းမရှိသေးဘူး ဆိုတာကို ထင်ရှားစွာမြင်နိုင်ပါတယ်’’ဟုဆိုပါသည်။

၎င်းက တိုင်းပြည်၏ စီးပွားရေးတွင် စိုက်ပျိုးရေး၏အရေးကြီးပုံကို မီးမောင်းထိုးပြခဲ့ပြီး၊ စိုက်ပျိုးရေးသည် နိုင်ငံ GDP ၏ သုံးပုံတစ်ပုံကျော်ကြောင်းနှင့် လူဦးရေတစ်ဝက်ကျော်ကျော်ကို အလုပ်ပေးထားနိုင်ကြောင်း ညွှန်ပြပါသည်။

“ ဒါထက်ပိုပြီးလူဦးရေရဲ့ သုံးပုံနှစ်ပုံကျော်ကျော်ဟာ သူတို့အသက်မွေးမှုအတွက် မြေကြီးအပေါ် မှီခိုနေရပါတယ် ။ ဒါကြောင့် စိုက်ပျိုးရေးရဲ့ ထုတ်လုပ်နိုင်စွမ်းအားကို မြှင့်တက်ဖို့အရေးကြီးပါတယ်။ လယ်သမားများနဲ့ ၎င်းတို့အပေါ် မှီခိုနေ သူများရဲ့ ဝင်ငွေကို မြှင့်တင်ပေးရပါမယ်’’ ဟု၎င်းကပြောပါသည်။

၎င်းက အစိုးရအား ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များမြှင့်တင်ရန်တိုက်တွန်းခဲ့ပြီး၊ GDP ၏ ၁.၅ % နှင့် ၁.၇% သာအသီးသီးရှိခြင်းကြောင့် အရှေ့တောင်အာရှတွင် အနိမ့်ဆုံးဖြစ်ကြောင်း ဆိုပါသည်။

Lagarde က IMF အနေဖြင့် မြန်မာနိုင်ငံအပေါ် ကူညီမှုများ တိုးမြှင့်မည်ဖြစ်ကြောင်း၊ ၂၀၁၄ တွင် ၎င်း၏ ဝန်ထမ်းများ ပိုမိုဖြည့်တင်းမည်ဖြစ်ကြောင်း၊ ပြောကြားခဲ့ပြီး အခြေခံကျသော အလုပ်များ လုပ်ဆောင်ရန်များစွာ ရှိနေသေးကြောင်း ဆိုပါ သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ထိုင်းနိုင်ငံမှာဖြစ်နေတဲ့ မတည်ငြိမ်နေမှုတွေက ဆရာတို့နိုင်ငံရဲ့ ပြည်တွင်းစီးပွားရေးကို တိုက်ရိုက်လက်ငင်း ကတော့ မသက်ရောက်နိုင်ပါဘူး။ ထိုင်းသံရုံးမှာ သူတို့ရဲ့ဘုရင်ကြီး မွေးနေ့ကျင်းပတော့ ထိုင်ကုမ္ပဏီတွေ ၅၀ လောက်လာပြီး ခင်းကျင်းဧည့်ခံတာပါ။ ဒါပေမယ့်သူတို့ဆီမှာ ဒီလိုမျိုးမငြိမ်မသက် ဖြစ်တာမျိုးတော့ မကောင်းဘူးပေါ့။ ဒီကိစ္စကလည်း တိုက်ရိုက်မလာနိုင်ပေမယ့် သွယ်ဝိုက်သောနည်းနဲ့ ရေရှည်မှာတော့ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ပြီးတော့ ဘုရင်ကြီးကလည်း မွေးနေ့မိန့်ခွန်းမှာ တည့်အောင်နေကြပါ။ စည်းစည်းလုံးလုံးနေကြပါလို့ ပြောလိုက်တော့ ပြီးသွားမယ်လို့ ဆရာထင်တယ်။”

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ထုတ် Street View ဂျာနယ် အတွဲ (၂) အမှတ် (၄၇) တွင်ပါရှိသော “စီးပွားရေး ကုမ္ပဏီတွေကို သွားလုပ်တာမဟုတ်ဘဲနဲ့ ထိုင်းမှာ အစိုးရရုံးတွေကိုပဲ သွားလုပ်တာ” အပတ်စဉ် စကားပြောခန်းမှ ဒေါက်တာအောင်ထွန်းသက်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ ညီလာခံမှာ refugee ကိစ္စနဲ့ပတ်သက်ပြီး ဒီ refugee နှုန်းတွေရပ်တန့်ဖို့ကို ကျွန်တော်တို့ ဘယ်လိုကြိုးစားမလဲ။ human right လျှော့ချဖို့ ဘယ်လိုကြိုးစားမလဲ။ စစ်တပ်ကရော CNF နဲ့ Agreement နဲ့ sign ပြီးပြီဆိုတော့ မြန်မာ စစ်တပ်ကရော ချင်းပြည်နယ်မှာ ဒီလောက်အထိ လိုနေသလားဆိုတာကို ကျွန်တော်တို့ စဉ်းစားခဲ့ပါတယ်။ နောက် CNF နဲ့ Agreement Sign ပြီးနောက်ပိုင်းမှာရော ကျွန်တော်တို့ ချင်းပြည်နယ်မှာရှိတဲ့ တပ်ရင်း ၅၃ က Security အတွက်လိုအပ်သ လားဆိုတာကို ကျွန်တော်တို့ စဉ်းစားထားပါတယ်။ ဒါတွေကလည်း refugee နှုန်းလျှော့ချဖို့ဆိုတဲ့နေရာမှာ အရမ်းကို အရေး ကြီးပါတယ်”

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “နိုင်ငံရေး အတည်ငြိမ်မှုများနှင့် လူ့အခွင့်အရေးအချိုးဖောက်ခံရ၍ ချင်းလူမျိုးတစ်သိန်းကျော် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေဟုဆို” သတင်းမှ ဦးလျန်ဘွေဆန်း (Chin Human Right Organization) ၏ပြောကြားချက် အားကောက်နှုတ်ချက်။


 

“ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိဖို့ ကျွန်မအတွက်တော့ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကလည်း ပါဝင်သင့် တယ်လို့ မြင်ပြီး မှန်ကန်တဲ့စိတ်ဓါတ်ရှိဖို့လိုတယ်။ မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ပဲ ဒါတွေကို လိုချင်ရပါမယ်။ ကိုယ်လိုချင်တဲ့ဟာက ကိုယ်ကောင်း ဖို့အတွက် တစ်ခုတည်းအတွက် မဖြစ်ရပါဘူး။ ကိုယ့်အကျိုးစီးပွားတစ် ခုတည်း အတွက် မဖြစ်ရပါဘူး။ ကိုယ်လိုချင်တာဟာ လူမှုအသိုင်းအဝိုင်းရဲ့အကျိုးစီးပွားအတွက် ဖြစ်ရမယ်”

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ထုတ် ပြည်မြန်မာနေ့စဉ်သတင်းစာတွင် ပါရှိသော “ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရန် မှန်ကန်သည့်စိတ်ဓါတ်ရှိရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီနှစ်မှာ ပထမဆုံးလက်နက်မပါဘဲ ကရင်အမျိုးသားအလံတော်ကို အလေးပြုမယ်။ စစ်ရေးပြအခမ်းအနား ဆိုတာ စစ်အင် အားကိုပြသတာဖြစ်တဲ့အတွက် စစ်ရေးပြအခမ်းအနားကို မထည့်တော့ဘူး။ လက်ရှိ ဖော်ဆောင်နေတဲ့ ထာဝရငြိမ်းချမ်းရေးနဲ့ ပြည်သူတွေကို ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ခံစား စေချင်လို့ပါ”

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ထုတ် ပြည်မြန်မာနေ့စဉ်သတင်းစာတွင် ပါရှိသော “လက်နက်မပါဘဲ ကရင်အ လံတော်ကို အလေးပြုကြမည်” သတင်းမှ ကရင်နယ်ခြားစောင့်တပ်၏ ပြောရေးဆိုခွင်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ဒီအချိန်မှာ ဖွဲ့စည်းပုံဥပဒေနဲ့ ပတ်သက်ပြီး အာဏာအရှိဆုံးက ပြည်ထောင်စုလွှတ်တော်ဖြစ်တယ်။ ပြည်ထောင်စု လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ၁၀၉ ဦးမှာ မဆွေးနွေးပဲ ကော်မတီမစခင်မှာ သမ္မတနဲ့ ကာချုပ်အပါအဝင် လေးဦးတွေ့ဆုံပြီး ဆောင်ရွက်မယ်ဆိုတာကတော့ ၁၀၉ ဦးကော်မတီရဲ့ တရားဝင်မှုကို စိန်ခေါ်တယ်လို့ ယူဆတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ပြည်ထောင်စုလွှတ်တော်ဟာ ပါတီစုံ ပါတဲ့လွှတ်တော် ဖြစ်တဲ့အတွက် ဒီကနေ့ပြည်ထောင်စုလွှတ်တော်က အဆုံး အဖြတ်ပေးရမယ့်ကိစ္စကို ဒီလေးဦးက ကြိုတင်ညှိနှိုင်းပြီး မူချမယ်။ ဒါကို ပြည်ထောင်စုလွှတ်တော်က လုပ်ပါဆိုရင် အရင်လမ်း စဉ်ပါတီ လွှတ်တော်လို ဖြစ်သွားလိမ့်မယ်”

ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် Hot News ဂျာနယ်တွင် ပါရှိသော “ဖွဲ့စည်းပုံကိစ္စက ထိပ်တန်းခေါင်းဆောင် လေးဦးနဲ့ မပြီးပါဘူး ” အင်တာဗျူးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမတ် ဦးသိန်းညွန့်၏ ပြောကြားချက်အား ကောက်နှုတ်ချက် ။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive