Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

မြန်မာနိုင်ငံနောက်တစ်ဆင့် တက်နိုင်မည်လား

(13 Jan 2014 ရက်စွဲပါ Bangkok Post မှ Can Myanmar move to the next level? ကို ဘာသာပြန်ဆိုပါသည်)

မြန်မာနိုင်ငံသည် အာဆီယံဥက္ကဌနေရာကို ချီးကျူးမှုနှင့် ထိုက်တန်အောင်စတင် ထမ်းဆောင်နေချိန်တွင် သမ္မတဦးသိန်းစိန်က နိုင်ငံသားတိုင်း တိုင်းပြည်ကိုခေါင်းဆောင်ရန် ခွင့်ပြုရေးအတွက် အခြေခံဥပဒေကို ပြင်ဆင်ရန်  မှတ်ချက်ပေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အပေါ်နောက်ထပ်ခွင့်လွှတ်သော အမူအရာပြခဲ့ခြင်း ဖြစ်ပါသည်။

တချိန်က အပယ်ခံဖြစ်ခဲ့သော မြန်မာနိုင်ငံတွင် ဝေဖန်သူများအား အတွေးကို ရှုပ်ထွေးစေပြီး အံ့အားသင့်စေချိန် တွင် အခြား အရှေ့တောင်အာရှမှ ခေါင်းဆောင်များမှာ ၎င်းတို့၏ အာဏာအတွက် စိန်ခေါ်မှုများနှင့် ကြုံနေရပါသည်။

ယဉ်ကျေးမှု၊ ဘာသာတရားနှင့် ပညာရေးဆိုင်ရာ နောက်ခံအကြောင်းအမျိုးမျိုး ရှိသော အာဏာရှင်နှင့် အင်အားကြီး သူများသည် ပြိုင်ဖက်များကို အမျိုးမျိုးချဉ်းကပ်မှုများကို ဆက်ဆံရေးအတွက် အသုံးပြုခဲ့ကြပါသည်။ အချို့က ကြင်နာတက် သော ဒီမိုကရက်တစ်ဖခင်နေရာမှ ပါဝင်ကြပါသည်။ အချို့က လွတ်မြောက်ရေး ဖော်ဆောင်ပေးသူ သို့မဟုတ် ရန်သူလက်မှ ကယ်တင်ပေးသူအဖြစ် လူအများကို မြင်စေပါသည်။ အချို့ကလည်း ၎င်းတို့ တိုင်းပြည်သာယာဝပြောရေးနှင့် စည်းလုံး ညီညွတ်မှု တည်ဆောက်သူများအဖြစ် ကြော်ငြာဝင်ကြပါသည်။

ပြောရမည့် အချက်မှာ တစ်နိုင်ငံ၏ သြဇာလွှမ်းမိုးရန် ကြိုးစားသည့် ကာလအလွန် တိုင်းပြည် တည်ဆောက်ရေး သည် အာဆီယံနိုင်ငံအများစုတွင် ဆက်လက်ဖော်ဆောင်နေဆဲ လုပ်ငန်းတစ်ခုဖြစ်ပြီး အပြည့်အဝ ပုံစံပေါ်လာသည့် အခြေနေ တွင် မရှိသေးပေ။

မျိုးဆက်ဟောင်းခေါင်းဆောင်များသည် ကွဲပြားခြားနားပြီး ကမ္ဘာဆန်လာသော နိုင်ငံသားများ၊ ပွင့်လင်းစွာ ဝေဖန်သော တိုင်းပြည်ပြင်ပမှ နိုင်ငံသားများးကို အုပ်ချုပ်ရာတွင် ပို၍ ပြဿနာများ ကြုံတွေ့ရကြောင်း တွေ့ရပါသည်။ အချို့ သည် အာဏာကို အမြဲတစေ ထိန်းချုပ်ရန်မဖြစ်နိုင်တော့သောအခါ အမှန်တရားကို လက်ခံရန် ငြင်းဆန်လာပြီး၊ ပြုပြင် ပြောင်းလဲရေးကို ငြင်းဆန်ခြင်းသို့ အခြားသူများနှင့် အာဏာခွဲဝေရန် ငြင်းဆိုခြင်းများ ပြုလာပါသည်။ ထိုသို့ လုပ်ဆောင်ရ မည့်အစား ၎င်းတို့သည် ၎င်းတို့၏ အုပ်စုတွင်းနှင့် မိသားစုတွင် သို့မဟုတ် လက်အောက်ခံများနှင့် ခရိုနီများအတွင်း အာဏာကို အသွင်ပြောင်း၍ အများဆန္ဒနှင့် ဆန့်ကျင်ဘက်ကို လုပ်ဆောင်ခဲ့ ကြပါသည်။

ဥပမာအားဖြင့် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကိုကြည့်ပါ။ ထိုင်းနိုင်ငံတွင် ပါဝါဟောင်းနှင့် အသစ်ကြားတွင် တိုက်ပွဲဖြစ်နေကြပြီး၊ ကမ္ဘောဒီးယားတွင် လက်ရှိအုပ်ချုပ်သူနှင့် တက်ကြွသူများ၊ လူ့အခွင့်အရေး ကာကွယ်သူများ ပါဝင်သော အသစ်ပေါ်ထွက်လာသည့် လူတန်းစားများကြား တိုက်ပွဲဖြစ်နေပါသည်။

ထိုင်းနိုင်ငံတွင် မျှော်မှန်းသည်ထက် ပိုမိုကြာမြင့်နေပြီဖြစ်သော နိုင်ငံရေးအရ မရေရာမှုများသည် တိုင်းပြည် တိုးတက်ရေးကို ဒရွတ်ဆွဲနေစေသည်မှာ ဆယ်စုနှစ်တစ်ခုခန့်ကြာပြီ ဖြစ်ပါသည်။ ယနေ့ ကြီးမားသော လူထုလှုပ်ရှားမှုနှင့် တိုင်းပြည်မှ ထွက်ပြေးနေရသော ပါတီခေါင်းဆောင်၏ နှစ်ဖက်မှ ခေါင်းဆောင်သော အစိုးရကြား ကြီးမားသော ထိပ်တိုက် ရင်ဆိုင်မှုသည် သာ၍ကြီးသော အသွင်ကူးပြောင်းမှုမတိုင်မီ အာဏာအတွက် ရန်ပွဲ ရိုးရိုးလေးတစ်ခုသာ ဖြစ်ပါသည်။

ကမ္ဘောဒီးယားတွင် မကျေနပ်မှုများမှာ ပြီးခဲ့သည့် ဇူလိုင်လရွေးကောက်ပွဲပြီးကတည်းက ဖြစ်ပါသည်။ ထိုစဉ်က ကမ္ဘောဒီးယား ပြည်သူ့ပါတီက အများစုအနိုင်ရသော်လည်း လိမ်ညာခဲ့ခြင်းကြောင့်ဟု အတိုက်အခံ၏ အဆိုအရ သိရပါသည်။ သို့သော် ထို့ထက်ပို၍ ကြီးမားသော ပြဿနာမှာ အလုပ်သမားအင်အားသုံးရသော စီးပွားရေး၏ ပြဿနာများ ထွက်ပေါ် လာခြင်း ဖြစ်ပါသည်။ အဆိုပါ ပြဿနာများမှာ ၂၈ နှစ်လုံး အလုပ်သမားများ၏ တောင်းဆိုမှုများ၊ လူ့အခွင့်အရေးကိစ္စများကို မည်သို့ကိုင်တွယ်ရမည်ကို နားမလည်သော အစိုးရ၏ ဖိနှိပ်မှုများ အပြီး ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ တစ်ကယ်တမ်းတွင် ထိုင်းနိုင်ငံသည် လွန်ခဲ့သည့် ရှစ်နှစ်အတွင်း ဆန္ဒပြမှုများ တစ်ခုပြီးတစ်ခု ကြုံခဲ့ရပါသည်။ ၎င်း၏ ပြည်သူများသည် လေဆိပ်ကို စီးနင်းခြင်း၊ အာဆီယံ ထိပ်သီး အစည်းအဝေးကို ပယ်ဖျက်စေခြင်းနှင့် ၂၀၁၀ တွင် သွေးထွက်သံယို လမ်းဖော်ဆန္ဒပြပွဲများ ကြုံခဲ့ကြပြီး ဖြစ်ပါသည်။ ထို့ကြောင့် မကျေနပ်သည့် ပြဿနာများကို ဖုံးဖိထားတက်သည့် ဒီမိုကရေစီ အရည်အသွေး မပြည့်ဝသည့် တိုင်းပြည်များမှ အစိုးရများအတွက် အထူးအံ့သြဖွယ်တော့ မဟုတ်ပေ။

လာအို၊ ကမ္ဘောဒီးယားနှင့်ဗီယက်နမ် တို့သည် ယနေ့ ထိုင်းနိုင်ငံ ဝင်ရောက်နေသည်ဟု ယူဆရသော ဒုက္ခတွင်းမျိုး ကျရောက်မည်ကို စိုးရိမ်သည့် နိုင်ငံများတွင် ပါဝင်နေပါသည်။ (စိုးရိမ်ရသည့် အခြေအနေမှာ အိမ်စောင့် အစိုးရ နိုင်ငံခြားရေး ဝန်ကြီး Surapong Tovichakchaikul သည် ပြည်တွင်းကိစ္စရပ်များကြောင့် မြန်မာနိုင်ငံ တွင် ဇန်နဝါရီလ ၁၈-၁၉ တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် လွဲချော်မည် ဖြစ်ပါသည်)

မြန်မာနိုင်ငံအတွက်မူ ပြင်ပရောက် ပညာတတ်တော်တော်များများ ပြန်လည်တည်ဆောက်ရေးအတွက် ပြည်တော်ပြန် နေသည်ကို တွေ့ရခြင်းကြောင့် မြန်မာနိုင်ငံအတွင်းမှ ဖွံ့ဖြိုးတိုးတက်မှုကို အပေါင်းလက္ခဏာ ဆောင်သည်ဟု အကောင်းမြင်နေသော်လည်း သံသယရှိနေသူ အများအပြားလည်း ရှိနေပါသေးသည်။

နိုင်ငံရေးအကျဉ်းသားများရွေးချယ်၍ လွှတ်ပေးနေခြင်းမှ အားလုံးလွှတ်ပေးရေး သေချာမှု ရှိ၊မရှိ မသိနိုင်ပေ။ ဒေသခံ အသိုင်းအဝိုင်းများ ပိုမိုပါဝင်နိုင်မည့် လမ်းကြောင်းများ ရှိမရှိ၊ သီးသန့်လူများသာ နယ်အသီးသီးတွင် ပါဝင်ခွင့် ရဦးနေမည် လော။ ဥပမာအားဖြင့် နိုင်ငံနှင့် နိုင်ငံခြားပုဂ္ဂလိက ကဏ္ဍမှ မြေယာများ သိမ်းဆည်းမှုများ၊ အခြေခံအဆောက်အဦး ဖွံ့ဖြိုးရေး လုပ်ငန်းကြောင့် ရွှေ့ပြောင်းမှုများအတွက် မမျှတစွာ နေရာချထားမှုများ ရှိနေပါသည်။

ဆယ်စုနှစ်များစွာ စစ်တပ်မှ အုပ်ချုပ်ခဲ့ပြီးနောက်၊ အသွင်ကူးပြောင်းမှုကို စတင်လုပ်ကိုင်သည်မှာ နှစ်အနည်းငယ်သာ ရှိသေးရာ မြန်မာနိုင်ငံမှ ဖိအားပေးသော အုပ်စုများမှာ အကောင်းမြင်ရန်နှင့် စိတ်ကျေနပ်မှု ရရန်မှာ မဖြစ်နိုင်သေးပေ။

မြန်မာနိုင်ငံသည်အာဆီယံနိုင်ငံ ဖြစ်သော်လည်းပုံသဏ္ဍာန် ခြားနားမှုများရှိနေရာ ပြုပြင်ပြောင်းလဲမှုနှင့် ဒီမိုကရေစီ အတွက် နောက်ထပ်အင်အားကောင်းရန်နှင့် အရှိန်အဟုန်များ ပိုမိုဖန်တီးရန် လိုအပ်ပါသည်။

၂၀၀၆ ခုနှစ်က မြန်မာနိုင်ငံသည် အာဆီယံဥက္ကဌအလှည့်ကျသော်လည်း စစ်အုပ်ချုပ်ရေးကြောင့် ဖိအားများအရ လွဲခဲ့ရပြီးနောက် လေးနှစ်အကြာတွင် ရွေးကောက်ပွဲဖြင့် စစ်အစိုးရနေရာတွင် ယခင်စစ်ခေါင်းဆောင်ဟောင်းများ ပါဝင်သော အရပ်သားအစိုးရ တက်လာပြီး၊ ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီဖော်ဆောင်မှုများ လုပ်ဆောင် လာပါသည်။

စောင့်ကြည့်သူများက အချိန်အနည်းငယ်ရယူရမည် ဖြစ်ကြောင်း လာမည့်နှစ်ရွေးကောက်ပွဲအလွန်တွင် ကောင်းလာ နိုင်ကြောင်း၊ ထိုမတိုင်မီ အခြေခံဥပဒေပြင်ဆင်ရေးကြောင့် ဒေါ်အောင်ဆန်းစုကြည်တွင် အကျိုးရှိနိုင်ကြောင်း ဆိုပါသည်။

အချို့အဆိုးမြင်သူများကပင် မြန်မာနိုင်ငံသည် အိမ်နီးချင်းများထက် စမတ်ကျကြောင်း၊ မျှော်လင့်ချက်ပေးပြီး ပြည်သူ များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို မည်သို့ချွေးသိပ်ရမည်ကို သိရှိကြကြောင်း ဆိုပါသည်။

သို့သော် ရိုးသားသော ပြုပြင်ပြောင်းလဲမှုနှင့် ဒီမိုကရေစီဖော်ဆောင်မှု၊ ကောင်းစွာမျှတသော ဝင်ငွေမျှဝေခြင်းများ မရှိပါက မြန်မာနိုင်ငံမှ ပြည်သူများသည် တချိန်တွင် ယခုအိမ်နီးချင်းနိုင်ငံများတွင် ဖြစ်နေသကဲ့သို့ အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုအတွက် စတင်ဖိအားပေး လာကြလိမ့်ဦးမည် ဖြစ်ပါသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အာဆီယံ ၁၀ နိုင်ငံအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းစေတဲ့ အကြောင်းတရားတွေကို မြန်မာနိုင်ငံ ဦးဆောင်ပြီး ချမှတ်ပေးနိုင်ဖို့အတွက် အာဆီယံဘက်ကလည်း မျှော်လင့်ထားတယ်။ ဒေသကိုလည်းကောင်းအောင် လုပ်ပေးရမယ်။ အာဆီယံဆိုတာကလည်း ကမ္ဘာပေါ်မှာ ကမ္ဘာ့စီးပွားရေးမှာ ကမ္ဘာ့နိုင်ငံရေးမှာ အင်မတန်တကယ့်ကို rising star ပဲ အဲဒီက နေပြီးတော့ ကမ္ဘာ့စီးပွားရေးကို အထောက်အပံ့ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”

ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ် အတွဲ (၃) အမှတ် (၄၁) တွင် ပါရှိသော “အာဆီယံ စီးပွားရေး အဆင့်မြင့် အစည်းအဝေးကနေ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုရရှိလာမယ် မျှော်လင့်” သတင်းမှ နိုင်ငံခြားစီးပွားရေး ဆက်သွယ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“စီမံချက်ကစနေပြီ။ နိုင်ငံတကာရဲ့ အကူအညီတွေယူမယ်။ ၂၀၁၅ မှာ ၁၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မယ်လို့ ခန့်မှန်းထားတယ်။ နိုင်ငံတော်အစိုးရကလည်း ဆင်းရဲမှုလျှော့ချရေးနဲ့ မြစိမ်းရောင်စီမံကိန်းအတွက် ဘတ်ဂျက်တွေ ချထား ပြီးပြီ။ ဒီနိုင်ငံမှာ ကျေးလက်နေပြည်သူလူထုက ၇၀ ရာခိုင်နှုန်း ရှိတာမို့လို့  ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နယ်ဘက်က အဓိကပါ။ ကျေးလက်နဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေး ပြေလည်ဖို့ ရေ၊မီး၊လမ်း၊ တံတား အခြေခံလိုအပ်ချက်တွေ ပြည့်စုံဖို့ လုပ်ဆောင်သွားမယ်။ မီးအတွက် ADB နဲ့ ပူးပေါင်းပြီး အစီအစဉ်တွေ စဆွဲနေတယ်”

ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် News Week Journal အတွဲ (၂) အမှတ် (၁၈) တွင် ပါရှိသော “ဆင်းရဲမှု ပပျောက်ဖို့ လုပ်ရခက်တယ် လျော့ပါးဖို့အရင် လုပ်ရမယ်ဆိုတဲ့ သမ္မတကြီး၏ ခေါင်းစဉ်အောင်တွင် မဟာဗျူဟာ ရေးဆွဲ” သတင်းမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လူငယ်တွေနဲ့ ပတ်သက်ပြီးတော့ လူငယ်တွေသည် အနာဂတ်ကို တာဝန်ယူရမယ့်သူတွေ ဖြစ်တယ်။ အနာဂတ်ကို တာဝန်ယူရမယ့် လူငယ်တွေဖြစ်တဲ့အတွက် ငါတို့တွေက နေရာတိုင်းမှာ လူငယ်တွေကို ဖွဲ့စည်းပါ။ လူငယ်တွေကို တာဝန်ပေး ပါ။ လူငယ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် လူငယ်တွေရဲ့ အခန်းကဏ္ဍကို ကျယ်ပြန့် အောင် လုပ်ပေးရမယ်ဆိုပြီး တို့ပါတီမှာ ဆုံးဖြတ်ထားတယ်”

ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “အရည်အချင်းရှိသည့် လူငယ်များအား ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် လျာထားဟု ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေး မှူး ပြောကြား” သတင်းမှ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သမ္မတလောင်းအရည်အချင်း  သတ်မှတ်ချက်မှာ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စစ်ရေးအမြင်ရှိရမယ် လို့ ပြဌာန်းထား တယ်။ ဒီနေရာမှာ စစ်ရေးအမြင်တစ်ခုတည်းနဲ့ ပြည်တွင်းစစ်ငြိမ်းချမ်းအောင်၊ အေးချမ်းအောင် မစွမ်းဆောင်နိုင်ဘူး ဆိုတာ ဒီနေ့ဖြစ်ရပ်တွေအရ တွေ့မြင်ရပြီး ဖြစ်တယ်”

ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “စစ်ရေးအမြင်ရှိရုံဖြင့် တိုင်းပြည်အေးချမ်းအောင် မဆောင်ရွက်နိုင်ဟု သူရဦးအောင်ကို ပြောကြား” သတင်းမှ ပြည်သူ့လွှတ်တော် တရားစီရင် ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စီစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ သူရ ဦးအောင်ကို ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မေး- သတင်းမီဒီယာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ကော်မတီအနေနဲ့ ဘာများဆောင်ရွက်နေပါသလဲ။

ဖြေ- သတင်းမီဒီယာဥပဒေကြမ်းမှ မဟုတ်ဘဲနဲ့ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်း ဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ အခု လုပ်နေပါ တယ်။ အဲ့ဒီ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ အဲဒါကို ဆွေးနွေးတာ တစ်ခုဆောင်ရွက်တာ တစ်ခု ရှိတယ်။ ပြီးတော့ Public Service မီဒီယာနဲ့ ပတ်သက်ပြီးတော့ ဥပဒေကို ညှိနှိုင်းဆွေးနွေးကြတယ်။ ဥပဒေကြမ်းကော်မတီ၊ အစိုးရအဖွဲ့နဲ့ လွှတ်တော် ကိုယ်စားလှယ်နဲ့ အားကစားယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီ အပါအဝင် ဆွေးနွေးမှုလုပ်နေတယ်။ ဒီ ဥပဒေကြမ်းကို စီစစ်ဆွေးနွေးမှုတွေ လုပ်နေတယ်။ အခု Public Service မီဒီယာက ဆွေးနွေးနေတယ်။ မပြတ်သေးဘူး။ နောက် ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့လည်း ဥပဒေကြမ်းပူးပေါင်းကော်မတီနဲ့ ဆွေးနွေးတဲ့ ကိစ္စလည်း ဆောင်ရွက်နေတယ်လို့ပဲ ပြောလို့ရမယ်။ ကော်မတီထဲ ဆွေးနွေးတာ ဖြစ်တဲ့အတွက် အသေးစိတ်အနေနဲ့ ပြောလို့ မရသေးဘူးပေါ့”

ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် Venus News Journal အတွဲ (၅) အမှတ် (၂၅) တွင် ပါရှိသော “ပြည်သူ့အာဏာ ပြည်သူလက်ထဲကို တကယ်ရပြီလားလို့ မေးကြမယ်ဆိုရင် မရသေးပါဘူး” အင်တာဗျူးမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive