Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (3)
yangonchronicle 2011 - (3)

၂၁.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများအပိုင်း(၃)

  1. အမေရိကန်က ကလင်တန်အား စေလွှတ်ရန် ဆုံးဖြတ်မှုအား အာဆီယံကြိုဆို
    (18 Nov 2011 ရက်စွဲပါ The Nation မှ Asean welcomes US decision to send Clinton to Burma ကိုဘာသာပြန်သည်)
  2. မြန်မာကို အမေရိကန်တို့ မျက်နှာသာပေးမှု မြန်ဆန်လွန်းအားကြီး
    (Gulf News မှ 20 Nov 2011 ရက်စွဲပါ “US Moving too fast to court Myanmar” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)
  3. တောင်တရုတ်ပင်လယ်ကိစ္စနှင့် ပတ်သက်၍ တရုတ်က အမေရိကန်ကို သတိပေး
    (BBC News မှ 18 Nov 2011 ရက်စွဲပါ “Wen Warns US on South China Sea dispote” သတင်းကို ဘာသာပြန်ဆိုသည်)
  4. ယခင်အစိုးရအကျဉ်းသား ဘဝမှ အနာဂါတ်ခေါင်းဆောင် သမ္မတ အဖြစ်သို့
    (The Independent မှ 19 Nov 2011 ရက်စွဲပါ “From prisoner of the State to future president?” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

              *****************************************************************************

ဘာသာပြန်သတင်းများ

အမေရိကန်က ကလင်တန်အား စေလွှတ်ရန် ဆုံးဖြတ်မှုအား အာဆီယံကြိုဆို

(18 Nov 2011 ရက်စွဲပါ The Nation မှ Asean welcomes US decision to send Clinton to Burma ကိုဘာသာပြန်သည်)

မြန်မာနိုင်ငံတွင် ပြောင်းလဲမှု၏ အချို့လက္ခဏာများကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန် အမေရိကန်သမ္မတ Barak Obama က ဆုံးဖြတ်ခဲ့ခြင်းကို အာဆီယံက သောကြာနေ့က ကြိုဆိုလိုက်သည်။

အာဆီယံအကြီးအကဲ Surin Pitsuwan ကပြောကြားရာတွင် အမေရိကန်က ဆက်ဆံရေးကို အဆင့်မြင့်သော ပုဂ္ဂိုလ်များဖြင့် ဆက်လက်ပြုလုပ်ခြင်းသည် ကြိုဆိုရမည့် တိုးတက်မှုတစ်ခုအမှန်တစ်ကယ်ဖြစ်သည်ပာု ဆိုခဲ့သည်။

ဘာလီတွင် အာဆီယံထိပ်သီးအစည်းအဝေးတက်နေသော Obama ကပြောကြားရာတွင် မြန်မာနိုင်ငံတွင် အပေါင်းလက္ခဏာဆောင်သော လက္ခဏာများကြောင့် ကလင်တန်အား လာမည့်မတ်လတွင် မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်ရန် တာဝန်ပေးခဲ့သည်ပာု ဆိုသည်။

Surin က ပြောကြားရာတွင် “ပြုပြင်ပြောင်းလဲမှုတွေအတွက် ဆုလဒ်ဖြစ်ပြီး ပိုမိုလမ်းပွင့်လာဖို့နဲ့ ပြန်လည် ပေါင်းစည်းရေးတွေ ပိုမို လုပ်ဆောင်လာရေး အတွက် ဖြစ်စေမှာပါ” ပာုဆိုခဲ့သည်။

Surin က ပြောကြားရာတွင် ဂျပန်၊ သြစတြေးလျ၊ ကုလသမဂ္ဂ၊ အီးယူ၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် ကဲ့သို့သော ကမ္ဘာပေါ်မှ ပလေယာများသည် ယခု ရလာသော သေးငယ်သော ရလဒ်များကို အားကောင်းလာရန် အကူအညီပေးပြီး အားကောင်းသော အင်အားစုများဖြစ်လာအောင် အသွင်ပြောင်းရာတွင် အကူအညီပေးနိုင်သည်ပာု ဆိုသည်။

“နိုင်ငံခြားရေးဝန်ကြီးကလင်တန်ရဲ့ ခရီးစဉ်ပာာ ပြောင်းလဲမှု အရှိန်အပာုန်မြင့်လာအောင် ကူညီနိုင်ပါလိမ့်မယ်။ ပြောင်းလဲမှုတွေ ကျယ်ကျယ် ပြန့်ပြန့် လေးလေးနက်နက်ရှိစေဖို့ပါ အထောက်အကူဖြစ်ပါလိမ့်မယ်။ ဒါမျိုးကို အာဆီယံက မျှော်လင့်နေခဲ့တာပါ။ ဒီခက်ခဲတဲ့ မြန်မာကိစ္စကို ကာလရှည်ကြာ ကတည်းက အာဆီယံက ကျင့်သုံးလာခဲ့တဲ့ မပာာဗျူပာာကို ပြန်ပြီး အသိအမှတ်ပြုပေးသလိုပါပဲ” ပာု ၎င်းက ပြောသည်။

၂၀၀၈ ခုနှစ်မေလက နာဂစ်ဆိုက်ကလုံးကြောင့် ပျက်စီးမှုများအတွက် ကူညီရန် အာဆီယံက ကမ္ဘာကို ဦးဆောင်၍ မြန်မာနိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ဘူးသည်။

ထိုသို့ ကမ္ဘာကြီး၏ ချစ်ကြည်မှုနှင့် စာနာမှုများသည် မြန်မာအာဏာပိုင်များအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း အားလုံးက ၎င်းတို့ကို ဆန့်ကျင်နေသည်မပာုတ်ပာု ယုံကြည်လာစေသည်။

*****************************************************************************

မြန်မာကို အမေရိကန်တို့ မျက်နှာသာပေးမှု မြန်ဆန်လွန်းအားကြီး

(Gulf News မှ 20 Nov 2011 ရက်စွဲပါ “US Moving too fast to court Myanmar” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ကမ္ဘာက Burma ပာု ခေါ်ဝေါ်ခဲ့ကြသော မြန်မာနိုင်ငံမှ ဖိနှိပ်ချုပ်ချယ် အုပ်ချုပ်သော အစိုးရနှင့် ဆက်ဆံရေးပုံမှန်အဆင့်သို့ ရောက်အောင် ဆောင်ရွက်ရာတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဖြေးဖြေးမှန်မှန် သတိကြီးကြီးထား၍ လုပ်ဆောင်ရန် လိုအပ်နေသည်။ မြန်မာနိုင်ငံသည် သာမန်၊ ပုံမှန် နိုင်ငံတစ်ခု မပာုတ်၍ လျှော့မတွက်သင့်ပါ။

စိတ်မကောင်းစရာ တကယ့်အမှန်တရားမှာ လွန်ခဲ့သော ငါးနှစ်အတွင်း မြန်မာစစ်ဖက်အုပ်ချုပ်သူ ခေါင်းဆောင်များသည် ဒီမိုကရေစီ ပြောင်းလဲတိုးတက်ရေးစိတ်ဓာတ် လုံးဝမရှိခဲ့ကြသလို သူတို့၏ ခေါင်းဆောင်မှုသည် တကယ့်ပြုပြင်ပြောင်းလဲမှုစစ်စစ်ကို တာဝန်ခံလုပ်ဆောင်ခြင်းမရှိပဲ ဆက်လက်ဖိနှိပ်အုပ်ချုပ်နေဆဲ၊ ရက်စက်ကြမ်းကြုပ်နေဆဲ ပာူသော အချက်ဖြစ်ပေသည်။

ထိုသို့နှစ်ပေါင်းများစွာ နိုင်ငံတကာအသိုင်းအဝိုင်းက ရှောင်ဖယ်ထားခဲ့ကြသည့် မြန်မာ့တပ်မတော်အစိုးရအား ယခုအခါ အာဆီယံ အသိုင်းအဝိုင်းကို ဦးဆောင်ခွင့်ပေးလိုက်ခြင်းသည် ဗြောင်ကျကျ ရက်စက်တတ်သော စစ်ဗိုလ်ချုပ်များအား တရားဝင် အသိအမှတ်ပြုရာရောက်သည့် မှားယွင်းမှုတစ်ခုဖြစ်သည်။

ထို့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်ကလည်း မြန်မာနိုင်ငံသို့ သွားရောက်တော့မည်ဖြစ်ကြောင်း အချက်ပြလိုက် ပြန်ပါသည်။ မဖြစ်သင့်ပါ။ လုံးဝဤသို့ မဖြစ်သင့်သေးပါ။ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ အကျယ်ချုပ် ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးလိုက်ပြီ ဆိုသော်ငြားလည်း ထိုနိုင်ငံတွင် အရာအားလုံးသည် ပုံမှန်မဖြစ်သေးပါ။ သူမ၏ ပါတီ အာဏာမရနိုင်အောင် အခြေခံကျကျ ပိတ်ပင် ပာန့်တားမှုများ ကျန်ရှိနေဆဲပင်ဖြစ်ပါသည်။ နိုင်ငံ၏ ရှားရှားပါးပါး မနှစ်က ရွေးကောက်ပွဲများကိုလည်း ပြင်ပ လေ့လာစောင့်ကြည့်မှုများ၊ တိကျသေချာသော ကြီးကြပ်သူများမရှိပဲ ပာန်ပြလှည့်စားပြုလုပ်ခဲ့ခြင်းသာဖြစ်သည်။

ထိုသို့သော မြန်မာစစ်ဗိုလ်ချုပ်များကို မျက်နှာသာပေးတော့မည့် အမေရိကန်ပြည်ထောင်စု၏ ခြေလှမ်းများသည် အပြောင်းအလဲ မြန်ဆန်လွန်းနေပါသည်။

သာဓက အနေဖြင့် နှိုင်းယှဉ် သုံးသပ်စရာကောင်းသော အရှေ့အလယ်ပိုင်းမှ လတ်တလောဖြစ်ရပ်များကို ကြည့်ပါက လက်ရှိ နိုင်ငံရေး အပြောင်းအလဲ ဒီရေလှိုင်းများ မည်မျှမြန်ဆန်ကြောင်း ပြသနေသည်ကို တွေ့ရပါလိမ့်မည်။

*****************************************************************************

တောင်တရုတ်ပင်လယ်ကိစ္စနှင့် ပတ်သက်၍ တရုတ်က အမေရိကန်ကို သတိပေး

(BBC News မှ 18 Nov 2011 ရက်စွဲပါ “Wen Warns US on South China Sea dispote” သတင်းကို ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံက ၎င်း၏ ရေပြင်ပိုင်နက် ကိစ္စနှင့် ပတ်သက်၍ အိမ်နီးခြင်းနိုင်ငံများနှင့် အငြင်းပွားမှုတွင် ပြင်ပအင်အားစုများ ပါဝင်ပတ်သက်ခြင်း မပြုရန် သတိပေးပြောဆိုလိုက်သည်။

အမေရိကန်ပြည်ထောင်စုကို တိုက်ရိုက်ရည်ညွှန်းပုံရသော ပြောဆိုမှုတွင် ဝန်ကြီးချုပ်ဝမ်ကျားပေါင်က “ဤပြဿနာများကို သက်ဆိုင်ရာ အချုပ်အခြာ အာဏာပိုင်နိုင်ငံများကသာ ဖြေရှင်းသင့်သည်” ပာု ပြောကြားခဲ့သည်။

အမေရိကန်သမ္မတအိုဘားမား တက်ရောက်နေသော ဘာလီကျွန်း ထိပ်သီးညီလာခံတွင် ဝမ်ကျားပေါင်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော် ယင်းကဲ့သို့ အကဲဆတ်သောကိစ္စမျိုးကို ဆွေးနွေးပွဲ ဖိုရမ်တွင် ကိုင်တွယ်ဖြေရှင်းရန် အခြားနိုင်ငံများက လိုလားနေကြသည်။

အငြင်းပွားနေကြသော တောင်တရုတ်ပင်လယ်ပြင်တွင် အလုပ်များသော ပင်လယ်ရေကြောင်းလမ်းများအပြင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက်များလည်း ရှိနေသည်။

တရုတ်တို့ တောင်းဆိုကြေညာထားသော ‘ယူ’ ပုံစံဧရိယာသည် ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဘရူနိုင်းနိုင်ငံတို့ တောင်းဆိုထားသော ဧရိယာများနှင့် ငြိစွန်းလျက်ရှိသည်။

လက်ရှိ လပိုင်းများအတွင်း တရုတ်တို့၏ ဗိုလ်ကျစိုးမိုးလိုသော အပြုအမူများက အိမ်နီးခြင်းနိုင်ငံများကို သတိပေး တပ်လှန့်သကဲ့သို့ ဖြစ်စေသည်။

အခြားနိုင်ငံအားလုံးက စုပေါင်း၍ တရုတ်နှင့် ညှိနှိုင်းလိုသော်လည်း တရုတ်နိုင်ငံက တစ်နိုင်ငံခြင်းသာ ဆွေးနွေးလိုသည့်အပြင် အမေရိကန်တို့ ပါဝင်ပတ်သက်မှုကို ကန့်ကွက်လျက်ရှိသည်။

ဘာလီထိပ်သီးညီလာခံတွင် ဝမ်ကျားပေါင်က “တောင်တရုတ်ပင်လယ် ပြဿနာပာာ အရင်ကတည်းက ရှိနေတာပါ။ ဒီကိစ္စကို သက်ဆိုင်ရာ နိုင်ငံတွေကသာ ပါဝင်ဖြေရှင်းရမှာဖြစ်ပြီး ပြင်ပအင်အားစုတွေ မပါတ်သက်သင့်ပါဘူး” ပာု ပြောဆိုခဲ့သည်။

အာရှတွင်း ကိုးရက်ခရီးစဉ် လှည့်နေသော သမ္မတအိုဘားမားကလည်း ယခု ထိပ်သီးညီလာခံသည် ပင်လယ်ပြင် ပြဿနာကို ဖြေရှင်းရန် အခြေအနေကောင်းကို ဖန်တီးပေးနေသည်ပာု ပြောဆိုထားသည်။

ကြာသပတေးနေ့က သြစတြေးလျား ပါလီမန်တွင် သမ္မတအိုဘားမားက “သြစတြေးလျား ဒါဝင်တွင် အမေရိကန်မရိန်းတပ်များ တပ်စွဲရေး အပါအဝင် ဒေသတွင်း အမေရိကန် ထိတွေ့ပတ်သက်မှု၊ စစ်ရေးတည်ရှိမှု တိုးမြှင့်ရန်” ကတိပြု ပြောကြားခဲ့သည်။

*****************************************************************************

ယခင်အစိုးရအကျဉ်းသား ဘဝမှ အနာဂါတ်ခေါင်းဆောင် သမ္မတ အဖြစ်သို့

(The Independent မှ 19 Nov 2011 ရက်စွဲပါ “From prisoner of the State to future president?” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ဆုံးဖြတ် လိုက်ပြီဖြစ်ရာ လွှတ်တော်သစ်တွင် နိုဘယ်လ်ဆုရှင် နေရာရလာမည့် အလားအလာနှင့်အတူ ဒီမိုကရေစီသို့ ဦးတည်သည့် လမ်းကြောင်းပေါ်တွင် အရေးကြီးသော ခြေလှမ်းထွက်ပေါ်လာပြီဖြစ်သည်။

မနှစ်က ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် တရားဝင်နိုင်ငံရေးလုပ်ငန်းစဉ်အတွင်း ပြန်လည် ဝင်ရောက်ရန် တစ်ခဲနက် သဘောတူခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်း ငါးဆယ်အတွင်း ပထမဆုံးအကြိမ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အဖြစ် လာမည့်လတွင် ပီာလာရီကလင်တန် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သမ္မတဘားရက်အိုဘားမားက ထုတ်ဖော် ပြောဆိုသည့်နေ့တွင်ပင် NLD ပါတီကလည်း ယင်းတို့၏ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်က မနှစ်က လွတ်မြောက်လာပြီးတော့ သမ္မတကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလည်း အကုန်လုံး မပာုတ်ပေမယ့် တစ်ချို့တစ်လေ လွတ်မြောက်လာပါပြီ။ သူမ အနေနဲ့ ကိုယ်စားလှယ်လောင်းတစ်နေရာ ဝင်ပြိုင်လိမ့်မယ်လို့ ကျွန်တော် မှန်းဆထားပါတယ်” ပာု ဒေါ်အောင်ဆန်းစုကြည်၏ အကြီးတန်းလက်ထောက် ဦးဝင်းထိန်က ယမန်နေ့ ညတွင် ရန်ကုန်မြို့မှ ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတရာထူးကို ရည်မှန်းယှဉ်ပြိုင်လိုကြောင်း ရည်ညွှန်း ပြောဆိုထားခြင်းမရှိသော်လည်း သူမကို ‘လေဒီ’ အဖြစ် ရိုးရိုးသားသား၊ လေးလေးစားစား ချစ်ခင်ကြသော မြန်မာနိုင်ငံတွင် လွတ်လပ်မျှတစွာ ရွေးကောက်ပွဲကျင်းပလျှင် သူမသည်သာလျှင် လူကြိုက်အများဆုံး ဖြစ်လာပေလိမ့်မည်။ လက်ရှိအချိန်တွင်မူ သမ္မတကို ပြည်သူများက ရွေးချယ်ခြင်းမပာုတ်ပဲ စစ်ဖက် ကိုယ်စားလှယ်များ၊ ရောင်းရင်းများ အပြည့်ဖြည့်တင်းထားသော လွှတ်တော်ကသာ ရွေးချယ်ခြင်းဖြစ်သည်။

ခုနှစ်နှစ်ဆက်တိုက် အကျယ်ချုပ် ထိန်းသိမ်းခံရသူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး တစ်နှစ်ခန့်အကြာတွင်မူ မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုများ မြန်မြန်ဆန်ဆန်ထွက်ပေါ်လာခဲ့ပေသည်။ ဗိုလ်ချုပ်ကြီးပောာင်း ဦးသိန်းစိန် ဦးဆောင်သော အရပ်ဖက်အစိုးရသည် မီဒီယာများကို ထိန်းချုပ်မှု လျှော့ပေးခြင်းအပါအဝင် မြန်မာ့အရေးလှုပ်ရှားသူများ၊ စောင့်ကြည့်သူများ ကြိုဆိုကြသည့် ဆောင်ရွက်ချက် အတော်များများကို လုပ်ဆောင်ပြသခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများစွာကို ဆက်လက် ဖမ်းဆီးထားသည့်တိုင်အောင် အတော်များများကို ပြန်လွှတ်ပေးခဲ့သည်။ ထိုဆောင်ရွက်ချက်များကြောင့်ပင် အာဆီယံအဖွဲ့က ၂၀၁၄ တွင် အဖွဲ့ကို မြန်မာနိုင်ငံဦးဆောင်နိုင်ရန် ယခုသီတင်းပတ်အတွင်း သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံအပေါ် Sanctions များ ချမှတ် အရေးယူထားကြသော အနောက်နိုင်ငံများကလည်း ဦးသိန်းစိန်အစိုးရ၏ ခြေလှမ်းများကို တုန့်ပြန် ကြိုဆိုခဲ့ကြသည်။ ဗြိတိသျှ အစိုးရ၏ နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ ဝန်ကြီး Andrew Mitchell သည် ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ကာ အစိုးရတာဝန်ရှိသူများနှင့် လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံတွင် သတိကြီးကြီးထား၍ အကောင်းမြင်ရမည့် အကြောင်းရင်းများရှိနေပြီပာု ယင်းက မှတ်ချက်ပေးပြောဆိုထားသည်။

သို့သော်လာမည့် နှစ်ပတ်အတွင်း မစ္စ ကလင်တန် သွားရောက်မည်ဖြစ်ကြောင်း သမ္မတ အိုဘားမားက မနေ့က ကြေညာခြင်းဖြင့် အကြီးမားဆုံး လျှပ်တပြတ်ရိုက်ချက် ထွက်ပေါ်လာလေသည်။ တိုးတက်ပြောင်းလဲမှု မျှော်လင့်ချက် ရေးရေးမျှ ရှိနေသည်ပာု ပြောဆိုထားသော သမ္မတအိုဘားမားက “ တိုးတက်ပြောင်းလဲမှုအတွက် သမိုင်းဝင်အခွင့်အလမ်းပာာ ဘာဖြစ်နိုင်မလဲဆိုတာကို ကျွန်တော်တို့ ဖမ်းဆုပ်ကြည့်ချင်ပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအတိုင်း မြန်မာနိုင်ငံဆက်သွားမှာလား ဆိုတာကို ရှင်းလင်းသဲကွဲအောင် လုပ်ရမှာပါ။ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးပုံစံသစ် ဖြစ်ပေါ်လာအောင်လည်း အားပေးတိုက်တွန်းနိုင်မှာပါ” ပာု ပြောကြားသည်။

“တကယ်လို့ မြန်မာနိုင်ငံပာာ ပြုပြင်ပြောင်းလဲရေးလမ်းအတိုင်း ဆက်သွားဖို့ ပျက်ကွက်မယ်ဆိုရင်တော့ အရေးယူဒဏ်ခတ်မှုနဲ့ ပစ်ပယ်မှုကို ဆက်လက်ရင်ဆိုင်ရမှာပါ။ ဒါပေမယ့် အခုအခိုက်အတန့်မှာ ရနေတဲ့ အရှိန်ကို ဆက်ထိန်းထားမယ်ဆိုရင်တော့ ပြန်လည်စေ့စပ် သင့်မြတ်မှု အောင်မြင်နိုင်ပါတယ်” ပာု အိုဘားမားက ဆိုသည်။

အမေရိကန်တို့၏ ယခုဆုံးဖြတ်ချက်ကို အကြောင်းရင်းများစွာ လှုံဆော်ပေးခဲ့ပုံရသည်။ အရေးယူဒဏ်ခတ်မှု Sanctions များသည် အားလုံးကို ရည်ညွှန်းသော်လည်း နိုင်ငံတွင်း ရေနံနှင့် ဓာတ်ငွေ့ ထုတ်ယူရန် ကြိုးစားနေသော ကုမ္ပဏီများထဲမှ လက်တစ်ဆုပ်စာ အမေရိကန်ကုမ္ပဏီများသာ တားဆီးခံနေကြရသည်။ ထို့အပြင် စွမ်းအင် သဘောတူညီချက်များစွာ ရရှိထားပြီးဖြစ်သော တရုတ်တို့၏ မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းနေမှုကို တုန့်ပြန်ရေး ကိစ္စကိုလည်း ဝါရှင်တန်က စိုးရိမ်ပူပန်လျက်ရှိသည်။ နောက်ဆုံးတွင်မူ မနှစ်က အငြင်းပွားဖွယ် ရွေးကောက်ပွဲများအပြီး အာဏာရလာသော နာမည်ခံ အရပ်ဖက်အစိုးရသည် တစ်စုံတစ်ရာ ကွဲပြားခြားနားမှုကို ကိုယ်စားပြုနေသည်ပာု အမေရိကန်တို့ ယုံကြည်သွားပုံရသည်။

ယခု US Campaign for Burma ကို ဦးဆောင်နေသူ နိုင်ငံရေးအကျဉ်းသားပောာင်း ဦးအောင်ဒင်က “သမ္မတ အိုဘားမား၏ ကြေညာချက်ကြောင့် အံ့အားသင့်ခဲ့မိကြောင်း” ပြောဆိုသည်။ သို့သော် ဦးအောင်ဒင် က ဆက်လက်၍ “နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူ ကြိုဆိုတယ်ဆိုတဲ့နောက်တော့ ကျွန်တော်တို့ကလည်း ထောက်ခံပါတယ်။ အမေရိကန်အစိုးရရဲ့ စိတ်ရင်းစေတနာကောင်း ပြသမှုကို မြန်မာအစိုးရက နားလည်သဘောပေါက်ပြီး ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးခြင်းဖြင့် အပြုသဘောတုန့်ပြန်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ပာု ပြောကြားသည်။

သမ္မတအိုဘားမားက ဆုံးဖြတ်ချက်မချမီ ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ် ၂၀ ခန့် ဖုန်းဖြင့် စကားပြောခဲ့သည်ပာု ဆိုသည်။ “ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော် တိုက်ရိုက်စကားပြောဆိုခဲ့ပြီး ဒီလုပ်ငန်းစဉ် ရှေ့ကိုဆက်ရွေ့အောင် အမေရိကန်အစိုးရရဲ့ ဆက်ဆံ တွေ့ထိညှိနှိုင်းမှုကို သူမက ထောက်ခံအားပေးတယ်ဆိုတဲ့ အချက်ကို အတည်ပြုခဲ့ပါတယ်” ပာု အမေရိကန်သမ္မတက ပြောကြားသည်။

မနေ့က NLD ဗပိာုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ်ကုန် ရွေးကောက်ပွဲများတွင် ဝင်ပြိုင်ရန် သူမ၏ ပါတီ အဆင်သင့်ဖြစ်စေချင်ကြောင်း ပါတီဝင်များကိုပြောကြားခဲ့သည်။

“ကျွန်မ အနေနဲ့ ပြောရရင် ပါတီကို ပြန်လည်မှတ်ပုံတင်စေချင်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ၄၈ နေရာစလုံးကို ဝင်ပြိုင်စေချင်တယ်” ပာု ပြောကြားခဲ့ကြောင်း Reuters သတင်းဌာန၏ အဆိုအရ သိရှိရသည်။

*****************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၁.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများအပိုင်း(၂)

  1. အိုဘားမား၏ ဆက်ဆံရေးကို လက်ခံခဲ့သူ ပထမဆုံး အပယ်ခံနိုင်ငံ
    (19 Nov 2011 ရက်စွဲပါ AP သတင်းဌာနမှ Malther lec and ben Feller တို့ရေးသားသော Myanmar first ‘pariah’ to talk up Obama engagement ကို ဘာသာပြန်ပါသည်)
  2. ကုလအကြီးအကဲ ဘန်ကီမွန်း မြန်မာသို့သွား၍ ပြုပြင်ပြောင်းလဲမှုကို အားပေးမည်
    ( The peninsula မှ 20 Nov 2011 ရက်စွဲပါ “ UN Ban to visit Myanmar, calls for reforms” သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************************************************

ဘာသာပြန်သတင်းများ

အိုဘားမား၏ ဆက်ဆံရေးကိုလက်ခံခဲ့သူ ပထမဆုံး အပယ်ခံနိုင်ငံ

(19 Nov 2011 ရက်စွဲပါ AP သတင်းဌာနမှ Malther lec and ben Feller တို့ရေးသားသော Myanmar first ‘pariah’ to talk up Obama engagement ကို ဘာသာပြန်ပါသည်)

အမေရိကန်သမ္မတ Barak Obama သည် ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ရိုင်းစိုင်းသော နိုင်ငံများအား လက်သီးဆုတ်ဖြေရန် ဆန္ဒရှိပါက လက်ကမ်း ပေးမည်ဖြစ်ကြောင်း အဆိုပြုခဲ့ရာ သောကြာနေ့က လက်ခံမည့်နိုင်ငံကို တွေ့ရှိခဲ့ပြီး အပယ်ခံမြန်မာနိုင်ငံအတွက် သမိုင်းဝင် လမ်းဖွင့်ပေးမှုများ ရှိလာခဲ့သည်။

အမေရိကန်ပြည်ထောင်စုက ၎င်း၏ သုံးနှစ်သက်တမ်းရှိ ဆက်ဆံရေးမူဝါဒအပေါ် မြန်မာနိုင်ငံက တုန့်ပြန်မှုရှိခဲ့သည်ပာု ရှုမြင်သည်။ ဆက်ဆံရေး ပြုလုပ်ခဲ့ခြင်းသည် တရုတ်၏ ကာကွယ်မှုနှင့် သြဇာလွှမ်းမိုးမှုအောက်တွင် ကြာရှည်စွာ ရပ်တည်ခဲ့သော စစ်အာဏာရှင်ပောာင်းအတွက် အဓိက ပြောင်းလဲမှုကြီး ဖြစ်ခဲ့သည်။ ဆက်ဆံရေး ပိုမိုကောင်းမွန်စေရေးအတွက် သမ္မတ Barak Obama က ပီာလာရီကလင်တန်အား မြန်မာနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သူမ၏ ခရီးစဉ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တစ်ဦးအနေဖြင့် နှစ်ပေါင်း ငါးဆယ်ကျော်အတွင်း ပထမဆုံးခရီးစဉ်ဖြစ်လာမည်။

တရုတ်က ချက်ခြင်းပင် မြန်မာနိုင်ငံအပေါ် သွယ်ဝိုက်၍ သတိပေးခြင်းဖြင့် တုန့်ပြန်ခဲ့ရာ ဝါရှင်တန်နှင့် အလွန်နီးကပ်စွာ မဆက်ဆံရန် သတိပေးခဲ့သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ Obama က ပြောကြားရာတွင် “အမှောင်ကျနေတဲ့ နှစ်တွေအပြီးမှာ မကြာသေးမီက ရက်သတ္တပတ်များမှာ တိုးတက်မှုရဲ့ အလင်းရောင်ကို ကျွန်တော်တို့တွေ့ရပါတယ်” ပာု ပြောကြားခဲ့သည်။ မြန်မာသမ္မတဦးသိန်းစိန် အပါအဝင် အရှေ့တောင်အာရှ ခေါင်းဆောင်များ၏ အင်ဒိုနီးရှားနိုင်ငံ ဘာလီရှိ ထပ်သီးအစည်းအဝေး၏ အရန်ဆွေးနွေးမှုများတွင် Obama က ကလင်တန်၏ ခရီးစဉ်ကို ကြေညာခဲ့သည်။

အမေရိကန်သမ္မတသည် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ မီဒီယာကန့်သတ်ချက်များ ဖြေလျော့ပေးခြင်း၊ နိုင်ငံရေးစနစ်ကို မရဲတရဲဖွင့်ပေးမှုနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကြား ဆွေးနွေးမှုများ ရှိလာခြင်းများကို တွေ့ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် သဘောတူခဲ့သည်။

မြန်မာနိုင်ငံအတွက်မူ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်ခြင်းသည် များစွာလိုအပ်နေသော ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက် အခွင့်အလမ်းများအတွက် များစွာ အဓိပ္ပါယ်ရှိသည်။ အရှေ့တောင်အာရှမှ မြန်မာ၏ အိမ်နီးချင်းများနှင့်အတူ မြန်မာအား အသိအမှတ်ပြုမှု တိုးမြှင့်ပေးလိုက်သကဲ့သို့ ရှိလိမ့်မည်။

Obama ၏ ယခုအပတ် အာရှခရီးစဉ်တွင် တရုတ်၏ စီးပွားရေးပါဝါနှင့် စစ်ရေးအရ တိုးချဲ့လာမှုများနှင့် ပတ်သက်သော ကမ္ဘာပေါ်တွင် တရုတ်၏ကဏ္ဍ ပြောင်းလဲလာမှုအပေါ် မေးခွန်းများကသာ လွှမ်းမိုးခဲ့သည်။ ဘာလီတွင် Obama သည် အာဆီယံအဖွဲ့ဝင်များထံမှ တောင်တရုတ် ပင်လယ်တွင် Beijing ၏ နယ်မြေအငြင်းပွားမှုတွင် စွက်ဖက်မှုအပေါ် စိုးရိမ်မှုများ ကို နားနှင့် တိုက်ရိုက်ကြားခဲ့ရသည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများသည် နေ့ချင်းညချင်း သို့မပာုတ် လွယ်လွယ်နှင့် ဖြစ်ပေါ်လာမည် မပာုတ်ပေ။ အများစုကလည်း ဒီမိုကရေစီ လုပ်ငန်းစဉ်များနှင့် ပတ်သက်သော ကတိကဝတ်များအပေါ် သံသယများ ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် ရာစုနှစ်တစ်ဝက်ခန့် စစ်အစိုးရ လက်အောက်တွင် ဖိနှိပ်မှုများ၊ အပယ်ခံရမှုများနှင့် နေထိုင်လာရရာ ခေါင်းဆောင်များသည် အသိုင်းအဝိုင်းအတွင်းသို့ ပြန်ဝင်ရန် ဆန္ဒပြင်းပြလျက်ရှိသည်။ ကလင်တန်သည် ဒီဇင်ဘာ ၁-၂ ရန်ကုန်နှင့် နေပြည်တော်ခရီးစဉ်တွင် အထက်ပါရည်ရွယ်ချက်များကို စမ်းသပ်ကြည့်ရှုမည်ဖြစ်သည်ပာု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အမေရိကန်နှင့် သူ၏ မပာာမိတ်များက လူ့အခွင့်အရေး ကျုးလွန်မှုများအပေါ်တွင် ပြင်းထန်စွာဝေဖန်၍ ပြစ်ဒဏ်ပေးမှုများ ချမှတ်ခဲ့သည်။ အရေးယူမှုများက ပစ်မှတ်ထားနေဆဲဖြစ်သည်။

အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ဆက်ဆံရေးသည် တရုတ်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် မပာုတ်ကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများက ငြင်းဆိုခဲ့သည်။ သို့သော် တရုတ်က ယခုအပတ် အစောပိုင်းက အမေရိကန်နှင့် သြစတြေးလျ ကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်လာခြင်းအပေါ် အခြေအနေနှင့် သင့်လျော်မှုရှိမရှိ မေးခွန်းထုတ်ပြီး သံသယဖြင့် တုန့်ပြန်ခဲ့သည်။

“ကျွန်တော်တို့က အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေပာာ မြန်မာနဲ့ ထိတွေ့မှု တိုးတက်ပြီး၊ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်တာကို မြင်တွေ့လိုပါတယ်” ပာု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Liu Weimin က Beijing တွင် သောကြာနေ့က နေ့စဉ် မီဒီယာညွှန်ကြားမှု၌ ပြောကြားခဲ့သည်။ “တစ်ချိန်တည်း မှာပဲ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ နိုင်ငံခြားရေး မူဝါဒတွေပာာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ဖော်ဆောင် နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ပာု ၎င်းကပြောသည်။

ကလင်တန်၏ ခရီးစဉ်သည် မြန်မာအရပ်သားအစိုးရသစ်က တစ်ဖက်တည်း မှီခိုရမှုအတွက် အန္တရာယ်မရှိစေရန် အနောက်နိုင်ငံအား လမ်းဖွင့်ပေးလာမှုနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်စွာ ပြောင်းလဲရေး အားပေးမှုသဖွယ်ဖြစ်စေရန် Obama အစိုးရ ကမျှော်လင့်လျက်ရှိသည်။

မြန်မာနိုင်ငံအပေါ် သတိထား၍ ဆက်ဆံမှုများသည် Obama ၏ ကတိဖြစ်သော အမေရိကန် အမျိုးသားအကျိုးစီးပွားနှင့် ဆန့်ကျင်သော သဘောမတူသော အစိုးရများအပေါ် ကြိုးစား၍ စကားပြောမည်ပာူသော ကတိကို အကောင်အထည်ဖော်မှုကို ပြသသည်။ အဆိုပါ ကတိမှာ မူရင်းအားဖြင့် နျူကလီးယား ခြိမ်းခြောက်မှုရှိသော မြောက်ကိုရီးယားနှင့် အီရန်တို့ကို ရည်ရွယ်ခဲ့သော်လည်း အဆိုပါနိုင်ငံများမှ အစိုးရများနှင့် တိုးတက်မှု အနည်းငယ်သာရခဲ့သည်။

မြန်မာနိုင်ငံသည် မသေချာသေးသော လမ်းလယ်ခေါင်တွင် ရှိနေဆဲဖြစ်သည်။ စစ်အစိုးရ၏ ချုပ်ကိုင်မှု လုံးလုံးအောက်တွင် ရှိမနေတော့ သော်လည်း လွတ်လပ်သော လူ့အဖွဲ့အစည်း တစ်ခုမူမပာုတ်သေးပေ။

Obmam က မြန်မာနိုင်ငံတွင် လုပ်ဆောင်ရန်များစွာရှိသေးသည်ပာု ပြောကြားခဲ့သော်လည်း ၎င်းက “ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာအတွင်း ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အရေးအကြီးဆုံးခြေလှမ်းပာု ပြောခဲ့ပြီး၊ အသိအမှတ်ပြုသည့် အနေဖြင့် ၎င်း၏ ထိပ်တန်းသံတမန်ကို သွားရောက် လည်ပတ်စေခဲ့သည်။ နောက်ထပ် ဆုလဒ်များအဖြစ် ဝါရှင်တန်သည် ၁၉၉၀ ခုနှစ်ကတည်းက အဆင့်နိမ့်ထားသော သံရုံး ယာယီတာဝန်ခံအဆင့်အား သံအမတ်ကြီး အဆင့်သို့ တိုးမြှင့်ခြင်းအပါအဝင် အချို့ခရီးသွားလာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အမေရိကန်အရေးယူမှုများကို ဖြေလျော့ပေးရန် နောက်ထပ်တိုးတက်မှုများ ရှိပါက အထက်ပါ ဖြေလျော့မှုများ ပြုလုပ်မည်ပာု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အမေရိကန်သည် ကလင်တန်၏ ခရီးစဉ်အတွက် လများစွာကပင် အခြေခံအချက်များ ညှိနှိုင်းလျက်ရှိရာ စက်တင်ဘာလက အထူးကိုယ်စားလှယ် Derek Mitchell စတင် လာရောက်ပြီး ၎င်းသည် အောက်တိုဘာလတွင် တစ်ကြိမ်၊ ယခုလ အစောပိုင်းတွင် အစိုးရ၏ ထိပ်တန်း လူ့အခွင့်ရေးသံတမန် Michael Posner နှင့်အတူ သွားရောက်ခဲ့သည်။

တွေ့ဆုံသည့် အကြိမ်တိုင်းတွင် ၎င်းတို့က NLD မှ အကျဉ်းသားများနှင့် အခြား အစိုးရဆန့်ကျင်သူများ လွှတ်ပေးခြင်း၊ တိုင်းရင်းသားများအပေါ် ပြင်းထန်စွာ နှိပ်စက်နေမှုများ ရပ်ဆိုင်းခြင်း ကဲ့သို့သော အပေါင်းလက္ခဏာဆောင်သော ပြောင်းလဲမှုများအတွက် Obama က တုန့်ပြန်ရန် အသင့်ရှိနေကြောင်း အလေးအနက် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနှင့် လက်နက်ဆိုင်ရာ ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်နေကြောင်း စွပ်စွဲချက်များ အပေါ်တွင် စိုးရိမ်မှုများကို ၎င်းတို့က ပြောကြားခဲ့ကြသည်။

စက်တင်ဘာလကုန်က ဦးသိန်းစိန်က ဒေါ်လာ ၃.၆ ဘီလီယံတန် တရုတ်တို့၏ ရေလှောင်တမံစီမံကိန်းကို ပြည်သူများ၏ ဆန္ဒကို ဆန့်ကျင်နေခြင်းကြောင့်ပာု ဆိုကာ အံ့သြဖွယ် ရပ်တန့်ခဲ့ခြင်းနှင့် ပြီးခဲ့သည့်လက နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိသည်ပာု ခန့်မှန်းရသည့်အနက် (၂၅၀) ခန့်လွှတ်ပေးခဲ့ခြင်းများသည် ကလင်တန် လာရောက်ရေး အလျင်အမြန် စီစဉ်ရန်ဖြစ်လာခဲ့သည်။

နောက်ဆုံး ဆုံးဖြတ်ချက်မှာ Obama က ၎င်း၏ သြစတြေးလျမှ အင်ဒိုနီးရှားသို့ သွားသော ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောပြီး နောက် ချမျတ်ခဲ့ခြင်းဖြစ်သည်။ သူမက စစ်အစိုးရကို ဆက်ဆံသော ယခုအစိုးရနှင့် အမေရိကန်တို့၏ ဆက်ဆံရေးကို အားပေးခဲ့ပါသည်။

အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က Obama အား အမေရိကန်နှင့် မြန်မာတို့၏ တိုက်ရိုက်၊ ရှင်းလင်းသော ဆက်ဆံရေးသည် တန်ဖိုးရှိပြီး အရေးကြီးပုံနှင့် သူမ၏ ပါတီနှင့် အစိုးရတို့ စကားပြောမှု ဆက်လက်တိုးတက်ရေးအတွက် ကလင်တန်၏ ခရီးစဉ်ကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်ပာု ဆိုသည်။

*****************************************************************************

ကုလအကြီးအကဲ ဘန်ကီမွန်း မြန်မာသို့သွား၍ ပြုပြင်ပြောင်းလဲမှုကို အားပေးမည်

( The peninsula မှ 20 Nov 2011 ရက်စွဲပါ “ UN Ban to visit Myanmar, calls for reforms” သတင်းကို ဘာသာပြန်ဆိုသည်)

ကုလသမဂ္ဂ အကြီးအကဲ ဘန်ကီမွန်းက ၎င်းအနေဖြင့် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရန်အတွက် မြန်မာနိုင်ငံသို့ စောနိုင်သမျှစောစော သွားရောက်မည်ဟု မနေ့က ပြောကြားလိုက်ပြီဖြစ်ရာ ဒီမိုကရေစီကူးပြောင်းရေး မျှော်လင့်ချက်များက လှုံ့ဆော်ပေးလိုက်သည့် နောက်ဆုံး ထိပ်တန်းမစ်ရှင်တစ်ခု ထွက်ပေါ်လာပြီဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည်လည်း ဒီဇင်ဘာ ၁-၂ အထိ မြန်မာနိုင်ငံသို့ သွားရောက်၍ တပ်မတော်အားပြု အရပ်ဖက် အစိုးရသစ်၏ နိုင်ငံရေးနှင့် စီးပွားရေး ပြောင်းလဲရန် လိုလိုလားလား ခွင့်ပြုမှုကို အကဲခတ်မည်ဖြစ်သည်။

နှစ်ပေါင်း ၅၀ အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ပထမဆုံး မြန်မာခရီးစဉ်အဖြစ် ဟီလာရီကလင်တန် သွားရောက်မည်ဖြစ်ကြောင်း သောကြာနေ့က အိုဘားမား ထုတ်ပြန်ကြေညာခဲ့သော အရှေ့အာရှ ထိပ်သီးညီလာခံ အဝန်းအဝိုင်းတွင် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံသို့ စောနိုင်သမျှ စောစော သွားရောက်ရန် ရှိသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာအစိုးရနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ဆိုနိုင်သော ကြိုဆိုဖွယ် ပြုပြင်ပြောင်းလဲမှုများကို ပိုမိုတိုးတက် လုပ်ဆောင်ရန် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးစဉ် တိုက်တွန်းပြောကြားခဲ့သည်ဟု ဘန်ကီမွန်းက ဆိုသည်။

“ ၂၀၁၄ အထိစောင့်နေဖို့ထက် ဒီမတိုင်ခင်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအားလုံး လုပ်သင့်တယ်လို့ သမ္မတဦးသိန်းစိန်ကို ပြင်းပြင်းထန်ထန် တိုက်တွန်းထားပါတယ်” ဟု မြန်မာတို့ အာဆီယံထိပ်သီးညီလာခံ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အချိန်ကာလကို ဘန်ကီမွန်းက ရည်ညွှန်းပြောဆိုသည်။

အားလုံးက အရမ်းကို ကြီးကြီးမားမား မျှော်လင့်နေကြတာဖြစ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ မျှော်လင့်ချက်တွေကို ပြည့်မီအောင် လုပ်သင့်တယ် လို့ ဦးသိန်းစိန်ကို ပြောခဲ့ပါတယ်ဟု ဘန်ကီမွန်းကဆိုသည်။

ဘန်ကီမွန်းက ခရီးစဉ်ကို အပြီးသတ် စီစဉ်ပြီးခြင်း မရှိသေးသော်လည်း လာမည့်လ အနည်းငယ်တွင်း သွားရောက်ရန်ရှိသည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာက ပြောကြားသည်။

မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေးကာလတွင် အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများ ချမှတ်ထားသော အရေးယူဒဏ်ခတ်မှု Sanctions များကို ယခုကဲ့သို့ ပြုပြင်ပြောင်းလဲသော လက္ခဏာများ ပြသချိန်တွင် အတုန့်အလှယ်သဘောဖြင့် ရုတ်သိမ်းပေးကြရန် မြန်မာအစိုးရက တောင်းဆိုထားသည်။

ဗီဂျေးနမ်ဘီယာက ဆက်လက်၍ “ ဒီ sanctions ကိစ္စတွေကို နောက်တစ်ကြိမ် ပြန်စဉ်းစားပေးဖို့ အကြောင်းရင်းတွေ အဲဒီမှာ ရှိနေပါပြီ။ ဒီဆုံးဖြတ်ချက်တွေကို သက်ဆိုင်တဲ့နိုင်ငံတွေက ပြုလုပ်ရမှာပါ။  ပြည်သူတွေရဲ့ သက်မွေးဝမ်းကျောင်းဘဝတွေ တိုးတက်ပြောင်းလဲ သွားတယ်ဆိုတဲ့ အချက်က အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ လုပ်သမျှကိစ္စအားလုံးဟာ ဒီပန်းတိုင်ကိုပဲ ရည်မှန်းချက်ထားပြီး လုပ်သင့်ပါတယ်”ဟု ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကလည်း မနှစ်က သပိတ်မှောက်ခဲ့သော ရွေးကောက်ပွဲများအပြီး နိုဘယ်လ်ဆုရှင် အာဏာရရှိရေး လမ်းကြောင်းအဖြစ် ပါတီကို ပြန်လည်မှတ်ပုံတင်ကာ လာမည့် ကြားဖြတ် ရွေးကောက်ပွဲများကို ဝင်ပြိုင်မည်ဟု သောကြာနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

NLD ပါတီ တရားဝင်ပြန်လည်လှုပ်ရှားမှုသည် ယခင်က အပယ်ခံ အာဏာရှင်နိုင်ငံအဖြစ် ကျဆင်းခဲ့သော ပုံရိပ်ကို ဖျောက်ဖျက်ပစ်လိုသည့် တပ်မတော်အားပြု အစိုးရ၏ တရားဝင်မှုကို အားဖြည့်ပေးရာ ရောက်မည်ဖြစ်သော်လည်း ကြာမြင့်စွာ ဘေးဖယ်ခံထားရသော လူကြိုက်များခေါင်းဆောင်၏ ဂုဏ်သတင်းကို ပိုမိုမွေးပျံ့လာစေမည်ဟု အကဲခတ်လေ့လာသူများက ဆိုကြသည်။

ဆယ်စုနှစ်များစွာ စစ်ဖက်က အုပ်ချုပ်ခဲ့သောနိုင်ငံတွင် အာဏာရလာသော အရပ်ဖက်အစိုးရထံမှ ဒီမိုကရေစီပြောင်းလဲမှု တစ်သီတစ်တန်း ထွက်ပေါ်လာမှုကို အားပေးရန်အတွက် ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ သွားမည်ဟု သမ္မတအိုဘားမားက သောကြာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုပြီးနောက် ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံ၏ စစ်အုပ်ချုပ်ရေးအပြီး တပ်မတော်အားပြု နိုင်ငံရေးသမားများ အာဏာရရှိစေခဲ့သော မနှစ်က ရွေးကောက်ပွဲများကို အတုအယောင်ဟု ကမ္ဘာတစ်ဝှမ်း ရှုမြင်ခဲ့ကြသည်။ သို့သော် ထို့နောက်ပိုင်းတွင် အစိုးရက နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့် လွှတ်ပေးခြင်း၊ ပြည်သူတို့ မကြိုက်သော ရေလှောင်တမံ တည်ဆောက်မှုကို ရပ်ဆိုင်းခြင်း၊ အလုပ်သမားသမဂ္ဂများ ထူထောင်ခွင့်ပြုခြင်းတို့ကို ပြုလုပ်ခဲ့ရာ ယခုသီတင်းပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အားတက်စရာကိစ္စများဟု မှတ်ချက်ပေးခဲ့သည်။

ကလင်တန်က မြန်မာနိုင်ငံသို့ သွားရောက်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အမှန်တကယ် ရည်ရွယ်လုပ်ဆောင်ခြင်းကို စစ်ဆေးအကဲခတ်မည်ဟု CNN သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားသည်။

“မြန်မာနိုင်ငံမှာ တကယ် တံခါးဖွင့်နေပြီလို့ သေချာပေါက် ယူဆလို့ ရနေပါပြီ။ မြန်မာပြည်သူတွေအတွက် ဒီကိစ္စတွေ တကယ်ဖြစ်ပါစေလို့ ကျွန်မတို့ မျှော်လင့်နေကြပါတယ်။ တကယ်သာဆိုရင်တော့ အမေရိကန်ပြည်ထောင်စုက ထောက်ခံပံ့ပိုးပြီး အားပေးသွားမှာပါ” ဟု သူမက ပြောဆိုသွားသည်။

မြန်မာအစိုးရ၏ ပြောင်းလဲမှုများကို အတည်ပြု၍ မရနိုင်သေးဟု လူ့အခွင့်အရေးအုပ်စုများက သုံးသပ်လျက်ရှိသော်လည်း ယခုကဲ့သို့ လိုက်လျောမှု ပြသခြင်းသည်ပင် အတော်လေးဟုတ်နေပြီဟု ယူဆကြသော အာဆီယံအဖွဲ့ဝင်များက ၂၀၁၄ အတွက် အာဆီယံဥက္ကဋ္ဌနေရာပေးကာ တုန့်ပြန် ချီးမြှောက်လိုက်ကြပြီဖြစ်သည်။

*****************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs