Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၉.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. လွတ်မြောက်လာသော မြန်မာ့နိုင်ငံရေးလှုပ်ရှားသူများကို ဟီလာရီကလင်တန်တွေ့ဆုံ

(AFP သတင်းမှ 9 February 2012 ရက်စွဲပါ Clinton Meets Freed Myanmar Activists သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. PTTEP မြန်မာလုပ်ကွက်သစ်အတွက် သဘောတူညီမှု ရလုနီး

(Bangkok Post မှ 8 February 2012 ရက်စွဲပါ PTTEP nears dear on new Myanmar exploration ကို ဘာသာ ပြန်ဆိုသည်)

  1. အိန္ဒိယ စီးပွားရေးတိုးတက်မှုနှုန်း ၇% အောက်တွင်ရှိမည်ဟု ခန့်မှန်း

(BBC သတင်းဌာနမှ 7 Feb 2012 ရက်စွဲပါ India economy: Growth to fall below 7% for 2011-12 ကို ဘာသာ ပြန်ဆိုသည်)

**************************************************************************************

လွတ်မြောက်လာသော မြန်မာ့နိုင်ငံရေးလှုပ်ရှားသူများကို ဟီလာရီကလင်တန်တွေ့ဆုံ

(AFP သတင်းမှ 9 February 2012 ရက်စွဲပါ Clinton Meets Freed Myanmar Activists သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုကိုအားပေးတိုက်တွန်းရန် ဝါရှင်တန်ကကြိုးပမ်းသည့် အစီအစဉ်တစ်ရပ် အနေဖြင့် မကြာသေးမီက အကျဉ်းထောင်မှ လွတ်မြောက်လာသောလူရွှင်တော် ဇာဂနာအပါအဝင် မြန်မာ နိုင်ငံရေးလှုပ်ရှားသူများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဂုဏ်ပြုကြိုဆို လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံမှ နာမည်ကျော်အတိုက်အခံနိုင်ငံရေးသမားဖြစ်သူ လူရွှင်တော်၊ ကဗျာဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ စွယ်စုံရအနုပညာရှင် ဇာဂနာကို ဟီလာရီကလင်တန်က လက်နှစ်ဖက် ဆန့်တန်းကာ ကြိုဆိုနှုတ်ဆက်ခဲ့သည်။

၂ဝဝ၈ ခုနှစ် နာဂစ်ဆိုက်ကလုံးအပြီး အသက်ရှင်ကျန်ရစ်သူများကို စောင့်ရှောက်ကူညီနေစဉ် နောက်ဆုံးအကြိမ် ဖမ်းဆီးထာင်ချခြင်းခံခဲ့ရသော ဇာဂနာသည် ပြီးခဲ့သောအောက်တိုဘာလတွင် သမ္မတဦးသိန်းစိန်က တင်းကြပ်သော ဥပဒေများကို ဖြေလျော့ပေးခြင်းကြောင့် ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ ဇာဂနာနှင့်အတူ ကချင်ပြည်နယ်မှ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် တိုင်းရင်းသားအရေးလှုပ်ရှားသူ ဘောက်ဂျာ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူခင်သန်းမြင့်တို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဟီလာရီကလင်တန်က လက်ခံတွေ့ဆုံခဲ့သည်။

အထက်ပါ မြန်မာဒီမိုကရေစီလှုပ်ရှားသူ ၃ ဦးသည် ဝါရှင်တန်သို့ အတူတကွ လာရောက်ကြခြင်းဖြစ်ပြီး ပြီးခဲ့သော အပတ်က National Endowment for Democracy ပြုပြင်ပြောင်းလဲမှုများ သိသာထင်ရှားမှုရှိမရှိ ဆိုသည့်အချက်ကို အယူအဆအမျိုးမျိုးတင်ပြသွားခဲ့ကြသည်။ မိမိ ပြည်သူလူထုကို ပြန်လည်သတ်ဖြတ်သောအစိုးရဟု အနောက်နိုင်ငံများကသတ်မှတ်၍ ကာလ ကြာရှည် ပစ်ပယ်ထားခဲ့သော အရှေ့တောင်အာရှ မြန်မာနိုင်ငံမှ စတင်ပြောင်းလဲမှုကိုထောက်ခံအားပေးရန် ဘားရက်အိုဘားမား အစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက် ပြီးခဲ့သောဒီဇင်ဘာလတွင် သမိုင်းဝင် မြန်မာခရီးစဉ် အဖြစ် ဟီလာရီကလင်တန် ရောက်ရှိလာခဲ့ပြီး ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဌာနအရှေ့အာရှဆိုင်ရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့ကမ့်ဘဲလ်က ၎င်းအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မျှော်လင့်ချက်အပြည့် ထားရှိသော်လည်း များစွာဆောင်ရွက် ပြီးစီးကြောင်း သေချာစေရန်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် အားပေး ထောက်ခံမှုကို လိုအပ်နေသည်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“တစ်ခြားသူတွေရဲ့ ထောက်ခံအားပေးမှုကို ကျွန်တော်တို့အသေအချာလိုအပ်နေပါတယ်။ ဒါမှသာ ဟောဒီသမိုင်းဝင်တံခါးဖွင့်မှုကို ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်” ဟု ကမ့်ဘဲလ်က Center for Strategic and International Studies တွင် ပြုလုပ်သောကွန်ဖရင့်တွင် ပြောကြားဖြစ်သည်။ “အမေရိကန်ဟာ ဒီကြိုးပမ်းမှုအတွက် ထောက်ခံမှု ရရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲဖို့ ဦးတည်ဆောင်ရွက်နေတာကို ကျွန်တော်တို့အသိအမှတ်ပြု အားပေး ထောက်ခံတယ် ဆိုတာကို မြန်မာအာဏာပိုင်တွေ ရှင်းရှင်းလင်းလင်းသိစေဖို့အတွက် သင့်လျှော်မှန်ကန်တဲ့ သံတမန်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အကူအညီတွေ ပံ့ပိုးလုပ်ဆောင်ပေးဖို့ ကျွန်တော်တို့ ဆန္ဒရှိနေပါတယ်”ဟု ကမ့်ဘဲလ်က ဆိုသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို စတင်နေပြီဖြစ်ပြီး နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ၏ အကူအညီကိုလည်း မဟန့်တားဘဲ ခွင့်ပြုတော့မည်ဟု တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့သည်။

*******************************************************************************

PTTEP မြန်မာလုပ်ကွက်သစ်အတွက် သဘောတူညီမှု ရလုနီး

(Bangkok Post မှ 8 February 2012 ရက်စွဲပါ PTTEP nears dear on new Myanmar exploration ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံမှ PTTEP သည် PSC-G နှင့် EP-2 ကုန်းတွင်းရေနံလုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရန် မြန်မာနိုင်ငံနှင့် ယခုလအတွင်း သဘောတူလက်မှတ် ရေးထိုးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ကျွန်တော်တို့ အတွက် စွမ်းအင်ရှာဖွေရေးနဲ့ ထုတ်လုပ်ရေးအတွက် အဓိက အရေးကြီးတဲ့ ဈေးကွက်ဖြစ်ပါတယ်” ဟု အမှုဆောင်ချုပ် Anon Sirisaemgtaksin က ပြောကြားခဲ့သည်။

PTTEP သည် ထိုင်းနိုင်ငံ၏ အကြီးဆုံးစွမ်းအင်ကုမ္ပဏီ အစုအဖွဲ့ကြီး ဖြစ်သော PTT Plc ၏ ယူနစ်တစ်ခု ဖြစ်ပြီး ပြီးခဲ့သည့်လက အဆိုပါ လုပ်ကွက်နှစ်ခုအတွက် လိုင်စင်ရရှိခဲ့သည်။ အဆိုပါ လုပ်ကွက်နှစ်ခုသည် ၁၃ဝဝဝ စတုရန်းကီလို ရှိသည်။ PTTEP သည် မုတ္တမပင်လယ်ကွေ့ရှိ M9 သဘာဝဓာတ်ငွေ့ လုပ်ကွက်ကို လုပ်ကိုင်လျက်ရှိရာ ယခုနှစ်ကုန်တွင် တစ်ရက်လျှင် ဓာတ်ငွေ့ကုဗပေသန်း ၃ဝဝ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ အဆိုပါထုတ်လုပ်သည့်ပမာဏမှ ၈ဝ% ကို ထိုင်းသို့တင်ပို့မည်ဖြစ်ပြီး ကျန် ၂ဝ% ကို မြန်မာပြည်တွင် အသုံးပြုမည်ဖြစ်သည်။ ယင်းသည် မုတ္တမ ပင်လယ်ကွေ့တွင် ဓာတ်ငွေ့ထုတ်လုပ်ရေး အဆောက်အအုံများနှင့် ကီလို ၃ဝဝ ရှည်သော ဓာတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ ၂ ဘီလျံ လျာထားသည်။

အဆိုပါလုပ်ငန်းအတွက် PTTEP က ၈ဝ% ငွေထည့်ဝင်ပြီး မြန်မာအစိုးရပိုင်း MOGE က ကျန် ၂ဝ% ထည့်ဝင်မည် ဖြစ်သည်။ Mr.Anon က ပြောကြားရာတွင် PTTEP သည် မုတ္တမပင်လယ်ကွေ့တွင် M3 ဓာတ်ငွေ့လုပ်ကွက်၌လည်း တူးဖော်လျက်ရှိရာ စီးပွားရေးအရ တွက်ခြေကိုက်မည်ဟု ဆိုသည်။ တူးဖော်ရေးရလဒ်များ ကောင်းပါက PTTEP သည် စီးပွားဖြစ်ထုတ်လုပ်ရေး စီမံချက်များဖြင့် ရှေ့ဆက်ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ယင်းက ပြောသည်။ M3 သည် PTTEP အတွက် ရတနာ၊ ရဲတံခွန်နှင့် ဇောတိကပြီးလျှင် စတုတ္တမြောက်ဓာတ်ငွေ့လုပ်ကွက် ဖြစ်သည်။ ၎င်းသည် M3 တွင် တွင်းနှစ်တွင်း တူးဖော်ပြီးလည်းဖြစ်သည်။

ရတနာနှင့် ရဲတံခွန်သဘာဝ ဓာတ်ငွေ့တွင်းများမှ တစ်ရက်လျှင် ကုဗပေ ၁.၁ သန်း ထိုင်းသို့ တင်ပို့လျက်ရှိပြီး ဇောတိကမှ လာမည့်နှစ်တွင်  စတင်ပို့လွှတ်နိုင်မည် ဖြစ်သည်။ ထိုင်းနိုင်ငံတွင် PTTEP သည် ဘွန်ကော့ဒေသတောင်ပိုင်း သဘာဝဓာတ်ငွေ့လုပ်ကွက်မှ ယခုနှစ်လယ်တွင် တစ်ရက်လျှင် ကုဗပေသန်း ၃၂ဝ ပို့လွှတ်နိုင်မည် ဖြစ်သည်။ ကုမ္ပဏီသည် ဩစတြေးလျတွင် ပထမဆုံးရေနံ ထုတ်လုပ်လျက်ရှိရာ တတိယကွာတားတွင် တစ်ရက်လျှင် ရေနံစိမ်းစည် ၃၅ဝဝဝ ထုတ်လုပ်နိုင်မည် ဖြစ်သည်။ PTT ၏အမှုဆောင်အရာရှိချုပ်က ပြောကြားရာတွင် ယင်းတို့အုပ်စု၏ ငွေရင်းအသုံးစရိတ်ကို ၂ဝ၁၂-၁၆ တွင် တစ်ဝက်နီးပါးအား ရှာဖွေရေးနှင့် ထုတ်လုပ်ရေးအတွက် အသုံးပြုမည်ဖြစ်ကြောင်း ဆိုသည်။ ကျန်ငွေများကို သန့်စင်ပြီး အချောထည်ပြုလုပ်ရာတွင် အသုံးပြုမည် ဖြစ်သည်။

PTT ၏ လာမည့် ၅ နှစ်ကာလအတွက် အသုံးစရိတ်ကို ဘတ်ငွေ ၃၅၈ ဘီလျံလျာထားပြီး ၆၁% ကို ပြည်တွင်း ဈေးကွက်တွင် အသုံးပြုမည်ဖြစ်ကာ ၃၉%ကို နိုင်ငံတကာတွင် လုပ်ကိုင်သောလုပ်ငန်းများအတွက် လျာထားလျက်ရှိသည်။ ထိုပမာဏတွင် ၅၁% ကို လက်ရှိ စီမံကိန်းများတွင် အသုံးပြုမည်ဖြစ်၍ ကျန်ပမာဏကို ရင်းနှီးမြှုပ်နှံမှုအသစ်များ အတွက် အသုံးပြုမည်ဖြစ်သည်။ PTT သည် အာရှပစိဖိတ်၊ မြောက်အမေရိက၊ အနောက်အာဖရိကတို့တွင် ရှာဖွေရေးလုပ်ငန်းများကို စိတ်ဝင်စားလျက်ရှိပြီး အရှေ့တောင်အာရှဒေသတွင် အချောထည်လုပ်ငန်းများ အတွက် အခွင့်အလမ်းရှာဖွေလျက် ရှိသည်။

*******************************************************************************

အိန္ဒိယ စီးပွားရေးတိုးတက်မှုနှုန်း ၇% အောက်တွင်ရှိမည်ဟု ခန့်မှန်း

(BBC သတင်းဌာနမှ 7 Feb 2012 ရက်စွဲပါ India economy: Growth to fall below 7% for 2011-12 ကို ဘာသာ ပြန်ဆိုသည်)

နယူးဒေလီအစိုးရက ထုတ်ပြန်သော စာရင်းဇယားသစ်များအရ ၂၀၁၁-၂၀၁၂ ခုနှစ်အတွက် အိန္ဒိယနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၇ ရာခိုင်နှုန်း အောက်သို့ရောက်ရှိနေဖွယ်ရှိကြောင်းသိရသည်။

ယခုကဲ့သို့ စီးပွားရေးတိုးတက်မှုနှုန်းကျဆင်းမှုကိုကြည့်ပါက အိန္ဒိယ၏ သတ္တုတူးဖော်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုအစရှိသည့် အခန်းကဏ္ဍ တို့တွင် ကျဆင်းမှုများဖြစ်ပေါ်နေသည်ကို မြင်တွေ့နိုင်သည်။ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းက အစိုးရကိန်းဂဏန်းများကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းထုတ်ပြန်ရာတွင် စီးပွားရေးတိုးတက်မှုနှုန်းမှာ ၇ ရာခိုင်နှုန်းမှ ၇ ဒဿမ ၅ ရာခိုင်နှုန်းရှိကြောင်းဖော်ပြသည်။

လေ့လာဆန်းစစ်သူများက အိန္ဒိယစီးပွားရေးယခုလို တိုးတက်မှုနှုန်းကျဆင်းရခြင်းမှာ ငွေကြေးဖောင်းပွမှု လျှော့ချရန် အလို့ငှာ ရုတ်ချည်း ပြောင်းလဲ သတ်မှတ်လိုက်သော အတိုးနှုန်းမြင့်တက်မှုကြောင့်ဖြစ်ကြောင်း ပြောကြားသည်။ အိန္ဒိယအစိုးရ ဗဟိုစာရင်းစစ်ချုပ်ရုံးက စာရင်းထုတ်ပြန်ရာတွင် အိန္ဒိယစီးပွားရေးတိုးတက်မှုနှုန်းသည် မတ်လကုန်ပိုင်းအထိ ၇ သို့မဟုတ် ၇ ဒဿမ ၅ ရာခိုင်နှုန်းဖြင့်တိုးတက်နေမည်ဖြစ်သည်ဟု ဆိုသည်။ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းမှာ ၂ ဒဿမ ၅ ရာခိုင်နှုန်းဖြင့် တိုးတက်နေမည်ဟုမျှော်လင့်ရပြီး ကုန်ထုတ်လုပ်မှုမှာ ၃ ဒဿမ ၉ ရာခိုင်နှုန်းဖြင့်တိုးတက်ဖွယ်ရှိသည်။  သတ္တုတူးဖော်ရေးအခန်းကဏ္ဍမှာ ၂ ဒဿမ ၂ ရာခိုင်နှုန်းဖြင့် ကျဆင်းနေမည်ဖြစ်သည်။

လေ့လာအကဲခတ်သူများကမူ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်မရေရာမသေချာမှုများကို ထောက်ပြပြီး အိန္ဒိယ အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ရှိနိုင်ကြောင်း ဆိုသည်။ ကမ္ဘာ့စီးပွားရေးအဆင့်အတန်း သတ်မှတ်သည့် အဖွဲ့ဖြစ်သော Standard and Poor အဖွဲ့ကမူ အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှုအတွက် ယုံကြည်မှုဆိုင်ရာ အဆင့်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့က အဆင့်လျှော့ချ သတ်မှတ်လိုက်သည်။ အိန္ဒိယ စီးပွားရေးစီမံကိန်း ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးကမူ စီးပွးရေးတိုးတက်မှုဆိုင်ရာ အဆိုပါကိန်းဂဏန်းများမှာ ၎င်းတို့ကော်မရှင်ကထုတ်ဖော်ပြောဆိုမှုများနှင့် အံ့ဝင်ခွင်ကျ ရှိသည်ဟု ဆိုသည်။

 *********************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၈.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ဘဏ်စာရင်းပြောင်း၍ နိုင်ငံခြားငွေများ ရောင်းဝယ်နိုင်ပြီ
  2. မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ်ကုန်သွယ်ရေးဇုန် ဖွင့်တော့မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. KNLA ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့မှ အစိုးရနှင့် အချက်(၇)ချက်ပါ ငြိမ်းချမ်းရေးစာချုပ်အား လက်မှတ်ရေးထိုး
  2. UDP ပါတီ ကုန်သွယ်ရေးလုပ်ငန်းများ လုပ်မည်
  3. ဝန်ထမ်းများ၏ လုပ်ခလစာတိုးမြှင့်ရေးအတွက် လွှတ်တော်တွင် သူရဦးရွှေမန်းတင်ပြ

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ဘဏ်စာရင်းပြောင်း၍ နိုင်ငံခြားငွေများ ရောင်းဝယ်နိုင်ပြီ

စတင်၍ ပြည်တွင်းရှိဘဏ်များနှင့် ချိတ်ဆက်၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်များအဆင်ပြေနိုင်စေရန် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ လ ၉ ရက်နေ့မှစတင်၍ မိမိတို့စာရင်းရှိ နိုင်ငံခြားငွေများကို ဘဏ်စာရင်းပြောင်းနည်း (Account Transfer) ဖြင့် နိုင်ငံခြားငွေများ စတင်ရောင်းဝယ်နိုင်ပြီ ဖြစ်သည်။

ဘဏ်စာရင်းပြောင်း၍ နိုင်ငံခြားငွေရောင်းဝယ်ခွင့် ရရှိခဲ့သည့် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များမှာ သမဝါယမ ဘဏ်လီမီတက်၊ မြဝတီဘဏ်လီမီ တက်၊ မြန်မာအရှေ့တိုင်းဘဏ်လီမီတက်၊ ကမ္ဘောဇဘဏ်လီမီတက်၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်လီမီတက်၊ အင်းဝဘဏ်လီမီတက်၊ ထွန်းဖောင် ဒေးရှင်းဘဏ်လီမီတက်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမီတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမီတက်၊ ယူနိုက်တက် အမရဘဏ်လီမီတက်နှင့် ဧရာဝတီ ဘဏ်လီမီတက်တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဗပိာုဘဏ်သည် ၂၀၁၁ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် (၁၁)ခုအား နိုင်ငံခြားငွေ ရောင်းဝယ်ဖောက် ကားခွင့်လိုင်စင် (Authorized Dealer Licence)အား ခွင့်ပြုပေးခဲ့ပြီး နိုင်ငံခြားဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်၌ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိခဲ့သည့် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် (၁၁)ခု သည် ပြည်ပဘဏ်များနှင့် အဆက်အသွယ်ပြုလုပ်၍ ဘဏ်ထူထောင်ခြင်း၊ နိုင်ငံတကာသုံးဘဏ်လုပ်ငန်းကွန်ရက် (SWIFT)စနစ်အတွင်းသို့ ဝင်ရောက်ချိတ်ဆက်နိုင်ရန် ဆောင်ရွက် ခြင်း၊ နိုင်ငံခြားငွေဖြင့် သတ်မှတ်သည့် မတည်ငွေရင်းများကို ထည့်ဝင်ခြင်းနှင့် ဘဏ်ဝန်ထမ်းများအား လေ့ကျင့်ပေးခြင်း စသည့်ကိစ္စရပ်များကို ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံ ဗပိာုဘဏ်မှ ပြည်တွင်းရှိဘဏ်များအား ဘဏ်စာရင်းပြောင်း၍ နိုင်ငံခြားငွေ ရောင်းဝယ်ခွင့် ပြုခဲ့သည့်အတွက် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ ပိာုတယ်များ၊ ခရီးသွားလုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ တစ်ဦးချင်းငွေစာရင်းပိုင်ရှင်များ အားလုံး၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုမြန်ဆန် ကောင်းမွန်လာနိုင် မည်ဖြစ်ကြောင်း စီးပွားရေးလေ့လာနေသူတစ်ဦးက ပြောကြားခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ်ကုန်သွယ်ရေးဇုန် ဖွင့်တော့မည်

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရန် မြန်မာ-ထိုင်းနယ်စပ်ရှိ မောတောင် နယ်စပ်ကုန်သွယ်ရေးဇုန်အား မကြာမီအချိန်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် မောတောင်နယ်စပ် ကုန်သွယ်ရေးဇုန်သည် တနင်္သာရီတိုင်းဒေသကြီး တွင်တည်ရှိပြီး မြန်မာနိုင်ငံ၏ စတုတ္ထမြောက် နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ မောတောင်ကုန်သွယ်ရေးဇုန် စတင်ဖွင့်လှစ်လိုက်ပါက မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးကဏ္ဍများ ပိုမိုတိုးတက်လာ နိုင်မည်ဖြစ်သည့်အပြင် ဒေသခံပြည်သူလူထု၏ အလုပ်အကိုင်အခွင့်များမှာလည်း ပေါများလာနိုင်မည်ဖြစ်ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးများမှာ လည်း ယခုထက်ပို၍ ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း စီးပွားရေးလေ့လာနေသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏နယ်စပ် ကုန်သွယ်ရေးကဏ္ဍများ တိုးမြှင့်နိုင်စေရန် ရည်ရွယ်၍ မြန်မာ-ထိုင်းနှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအား အဓိကဆက်သွယ်ထားသည့် မြိတ်-မောတောင်လမ်းအား ယုဇနကုမ္ပဏီမှ ပြီးခဲ့သည့် ၂၀၁၀ပြည့်နှစ်မှ စတင်၍ ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်း မြိတ်-မောတောင်လမ်းပိုင်းသည် မိုင် ၁၂၀ ခန့်ရှည်လျားကာ ယခင်က မြိတ်-မောတောင်လမ်းပိုင်းတွင် လမ်းများဆိုးရွားသည့်အတွက် ထိုင်း နိုင်ငံသို့သွားရာတွင်အချိန် ၆ နာရီခန့်ကြာမြင့်ပြီး ယခု မြိတ်-မောတောင်လမ်းပိုင်းအား ပြန်လည်ပြင်ဆင်ဖွင့်လှစ်ပါက ထိုင်းနိုင်ငံသို့သွားရာတွင် ၃ နာရီခန့် သာ ကြာမြင့်တော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာ-ထိုင်းနှစ်နိုင်ငံ အစိုးရများ၏ သဘောတူညီချက်အရ မြဝတီကုန်သွယ်ရေးဇုန်နှင့် မြန်မာ -ထိုင်း ချစ်ကြည်ရေးတံတားအား ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်စေရန် မော တောင်နယ်စပ်ကုန်သွယ်ရေးဇုန်အား ဖွင့်လှစ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်းသိရသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

KNLA ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့မှ အစိုးရနှင့် အချက်(၇)ချက်ပါ ငြိမ်းချမ်းရေးစာချုပ်အား လက်မှတ်ရေးထိုး

ဖေဖော်ဝါရီလ ၇ရက်နေ့တွင် နေပြည်တော်ရှိ အမရပူရဟိုတယ်တွင် ကရင်ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (KNU/KNLA) တို့မှ ငြိမ်းချမ်းရေးကောင်စီဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ငြိမ်းချမ်းရေးပဏာမ ငြိမ်းချမ်းရေးသဘောတူညီမှုအချက် (၇) ချက်ဖြင့် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

ယင်း ပဏာမ သဘောတူညီမှုစာချုပ်ထဲတွင် အချက် ၇ချက်မှာ - (၁) တပ်မတော်နှင့် KNU/KNLA တို့ကြား လက်ရှိတည်ရှိနေသည့် ငြိမ်းချမ်းရေး ကို ဆက်လက်ထိန်းသိမ်းရေး။ (၂) KNU/KNLA ငြိမ်းချမ်းရေးကောင်စီဝင်များကို (မဲလ၊ ထို့ကော်ကိုး)နေရာတွင် အခြေပြုနေထိုင်ရန် သဘောတူကြောင်း၊ (၃) နှစ်ဘက် အပြန်အလှန် ပြောဆိုဆက်ဆံ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် နှစ်ဘက်သဘောတူညီသော နေရာများတွင် နှစ်ဘက်သဘောတူညီ သော ပုဂ္ဂိုလ်များဖြင့် ဆက်ဆံရေးဌာနနှင့် စခန်းများ ထူထောင်ခြင်းနှင့် ကုမ္ပဏီ၏ စီးပွားရေး၊ ဆက်ဆံရေးရုံးများကို ဘားအံ၊ မြဝတီ၊ ဘုရားသုံးဆူ၊ ကော့ ကရိတ်၊ မောတောင်၊ ကော့သောင်းတို့တွင် ထားရှိရမည်ဖြစ်သည်။ (၄) နှစ်ဘက် သဘောတူထားသော နယ်မြေများမှအပ နယ်မြေကျော်၍ လက်နက်ကိုင် ဆောင်သွားလာမှုအား ညှိနှိုင်း၍ ဆောင်ရွက်သွားလာရမည်။ (၅) ပြည်ထောင်စုအဆင့်တွင် နယ်မြေတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တပ်ဖွဲ့ဝင် များအခြေချနေထိုင်လုပ်ကိုင် စားသောက်နိုင်ရန်နှင့် ထာဝရငြိမ်းချမ်းရေးရရှိစေရန် အထိအစိုးရဘက်မှ ငြိမ်းချမ်းရေးအဖွဲ့နှင့် KNU/KNLA တို့မှ ငြိမ်းချမ်း ရေးကောင်စီအဖွဲ့တို့သည် နှစ်ဘက် သဘောတူညီသော နေရာ၊ အချိန်ကာလတွင် ဆက်လက်ဆွေးနွေးရန် သဘောတူညီကြောင်း။ (၆) ပဏာမ ငြိမ်းချမ်း ရေးဆောင်ရွက်ပြီးနောက် ပြည်ပမှ တိုင်းရင်းသားများ ပြန်လည်ဝင်ရောက်၍ နေထိုင်မည့်နေရာတွင် ၎င်းတို့၏ စားဝတ်နေရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေမီးစသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်ရေးအား နိုင်ငံတော်မှ ခွင့်ပြုပြီး ကိုယ် ထူကိုယ်ထ လုပ်ဆောင်ခွင့်ပေးရန်။ (၇) KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ တင်ပြထားသည့် ငြိမ်းချမ်းရေးအဓိပ္ပါယ်ဖွင့်ဆိုချက်များအား မူအားဖြင့် နှစ်ဦးနှစ်ဘက်မှ သဘောတူ၍ ဝိုင်းဝန်းကြိုးပမ်းသွားရန် ဖြစ်ကြောင်း ယင်းစာချုပ်တွင် ဖော်ပြထားသည်။

“ဒီအချက် (၇)ချက်ပါစာချုပ်ကို အစိုးရနဲ့ KNU/KNLAတို့ ငြိမ်းချမ်းရေးကောင်စီကြားမှာ အခုတည်ရှိနေတဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားမှာဖြစ် တယ်။ ပြီးတော့ ကေအန်ယူ/ကေအန်အလ်အေတို့က ပြည်ပရောက်နေတဲ့ ကရင်ပြည်သူတွေ ပြန်ဝင်လာရင် ပြန်လည်နေရာချထားရေးတွေ၊ စီးပွားရေး တွေနဲ့ ဒီမှာလုပ်မယ့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ပြီး ရင်းနှီးမြှပ်နှံနိုင်ရန်အတွက်ဆိုပြီး အဲဒီသုံးချက်ကို အစိုးရဆီက တောင်းဆိုခဲ့ တယ်”ဟု ယင်းပွဲသို့ တက်ရောက်သူတစ်ဦးမှ ပြောသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ KNU/KNLA ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် စောရင်နု၊ ဗဟိုကော်မတီဝင် ဗိုလ် မှူးချုပ် ဒေါက်တာနော်ကပေါ်ထူး၊ အထူးဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီး စောအယ်ကော်ထူးနှင့် ဗဟိုဌာနချုပ်ရုံးမှ ဒု-ဗိုလ်မှူးကြီး စောဂျိုးဇက်တို့မှ တက် ရောက်ကြပြီး လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ပဏာမသဘောတူညီချက်စာချုပ်၏ ဖော်ပြချက်အရ သိရသည်။

ထို့ပြင် ကရင်ပြည်နယ်ငြိမ်းချမ်းရေးအဖွဲ့မှ ဗိုလ်မှူးကြီးအောင်လွင်၊ ဒု-ဗိုလ်မှူးကြီးကျော်မြင့်၊ ဒု-ညွှန်ကြားရေးမှူး ဦးသက်နောင်နှင့် ပြည်နယ်ဥပဒေချုပ် ဦးသိန်းလွင်တို့မှလည်း တက်ရောက်လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ယင်းစာချုပ်တွင် ဖော်ပြပါရှိသည်။

KNU/KNLA ငြိမ်းချမ်းရေးအဖွဲ့သည် ကေအန်ယူမှ ၂၀၀၇ခုနှစ်တွင် ခွဲထွက်၍ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားပြီး အစိုးရနယ်ခြားစောင့်တပ်ဖွဲ့စည်းခြင်းအား လက်မခံသည့် အဖွဲ့ဖြစ်သည်ဟုလည်း သတင်းများအရ သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

UDP ပါတီ ကုန်သွယ်ရေးလုပ်ငန်းများ လုပ်မည်

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်) UDPမှ ပါတီရန်ပုံငွေရရှိရေးအတွက် ကုမ္ပဏီထူထောင်၍ ကုန်သွယ်ရေးလုပ်ငန်းများကို လုပ် ဆောင်သွားမည်ဖြစ်ကြောင်း UDPပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

UDP ပါတီ၏ ပါတီရန်ပုံငွေရရှိရေး ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ထူထောင်မည့် ကုမ္ပဏီအမည်ကို Seven Sisters ပာု အမည်ပေး ထားကြောင်း သိရသည်။

၂၀၁၂ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပခုက္ကူမြို့၊ အမှတ်(၁၁)၊ မြိုင်လမ်း၊ အမှတ်(၁)၌ UDP ပါတီ၏ ပခုက္ကူမြို့ရုံးခွဲ ဖွင့်ပွဲနှင့် Seven Sisters ကုမ္ပဏီဖွင့်ပွဲကို တစ်ပြိုင်တည်း ပြုလုပ်ကျင်းပခဲ့ပြီး ၎င်းဖွင့်ပွဲအခမ်းအနားသို့ ပခုက္ကူမြို့ပေါ်ရှိ နိုင်ငံရေးပါတီခြောက်ခု၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

UDPပါတီ၏ ပါတီရန်ပုံငွေရရှိရေး ထူထောင်လိုက်သည့် Seven Sisters ကုမ္ပဏီသည် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း၊ ရေထွက်ပစ္စည်း၊ လယ် ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် ကျွန်းသစ်မှလွဲ၍ အခြားသစ်တောထွက်ပစ္စည်းများကို အရောင်းအဝယ်ပြုလုပ်ခွင့်ရရှိထားပြီး တရုတ်နိုင်ငံ ယူနမ်ပြည်နယ်ကုန်သည်ကြီးများအသင်းနှင့် အရောင်းအဝယ် ကိစ္စရပ်များဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးညှိနှိုင်းထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်မှ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလမ်းကြောင်းများ ပိုမိုကောင်းမွန်လာနိုင်စေရန် ဧရာဝတီတံတား ပခုက္ကူအား ဖွင့် လှစ်ခဲ့ပြီး ပုဂံ၊ ညောင်ဦးဘက်နှင့် ဆက်သွယ်ရေးလမ်းကြောင်းမှာ ပိုမိုကောင်းမွန်လာခဲ့သည့် အတွက် UDP ပါတီ၏ Seven Sisters ကုမ္ပဏီအနေဖြင့် ပုဂံ၊ ညောင်ဦးမှ ယွန်းထည်ပစ္စည်းများကိုယူ၍ တရုတ်နိုင်ငံ ယူနမ်ပြည်နယ်ဘက်သို့ တင်ပို့ရောင်းချရန် စီစဉ်ထားကြောင်း UDP ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Ref:မြန်မာပို့စ်

-----------------------------------------------------------------------------------------------------------------------------------

ဝန်ထမ်းများ၏ လုပ်ခလစာတိုးမြှင့်ရေးအတွက် လွှတ်တော်တွင် သူရဦးရွှေမန်းတင်ပြ

မြန်မာနိုင်ငံရှိ အစိုးရဝန်ထမ်းများဖြစ်သည့် ကျောင်းဆရာ၊ ဆရာမများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ အ ခြေခံ ဝန်ထမ်းများနှင့် အောက် ခြေအုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ လုပ်ခလစာများကို လာမည့် ဘတ်ဂျက်နှစ်မှစတင်၍ လုံလောက်မျှတစွာ တိုးမြှင့်ပေးရန် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ တင်ပြသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့၌ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ "အမှန်အတိုင်း ဝန်ခံပြောဆိုရမယ်ဆိုရင် ယနေ့တာဝန်ထမ်းဆောင် နေကြသော နိုင်ငံဝန်ထမ်းများ၏ လက်ရှိရရှိနေသော လုပ် ခလစာစရိတ်နှင့် ချီးမြှင့်ငွေများသည် ယနေ့ခေတ်ကာလနှင့် လိုက်လျောညီထွေမရှိကြပါ။ အခြေခံစားဝတ်နေရေး၊ လူမှုရေးအတွက် လောက်ငစွာ မရရှိပါ။ ဒါကြောင့် ကျွန်တော့်တင်ပြချက်သည် ယနေ့ဝန်ထမ်းများ၏ လုပ်ခလစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများအား လိုသည်ဆိုတဲ့အချက်ကို ထောက်ပြခြင်းပဲဖြစ်ပါ တယ်" ပာု တင်ပြသည်။

ထို့ပြင် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ခလစာ တိုးမြှင့်ပေးရေးကိစ္စရပ်နှင့် ပတ်သက်၍ သူရဦးရွှေမန်းမှပင် ဆက်လက်၍ "မြန်မာနိုင်ငံရှိ ပြည်သူများ၏ စိတ်ဓာတ်နှင့် စည်းကမ်းကောင်းအောင် မြှင့်တင်ပေးရာရောက်သည့် ဝန်ထမ်းအဆင့်အလိုက် ထိုက်သင့်သော လုပ်ခ၊ လစာနှင့် စရိတ်များ ချီးမြှင့်ပေးခြင်း၊ လေ့ကျင့်ဆွေးနွေးပညာပေးခြင်း၊ ဆုပေး၊ ဒဏ်ပေးစနစ် ကျင့် သုံးစေခြင်းဖြင့် နိုင်ငံတော်သမ္မတကြီးပြောကြားသော သန့်ရှင်းသောအစိုးရ (Clean Gover- nmenmt)နှင့် ကောင်းမွန်သော စီမံခန့်ခွဲမှု (Good Governance)ဖြစ်ရန် အလားအလာရှိမည်ဖြစ်ပါကြောင်း" ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိအစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ခလစာများကို ၁၉၅၉-၁၉၆၀ခုနှစ်အတိုင်း ရရှိထားသည့် စရိတ် များ၏ တန်ဖိုးအတိုင်းရရှိစေရန် ခွင့်ပြုပေးသင့်ပြီး နိုင်ငံ့ဝန်ထမ်းများအားလုံး မိမိဂုဏ်၊ မိမိသိက္ခာနှင့်အညီ နေထိုင်စားသောက်နိုင်ရန်၊ သန့်ရှင်းသော အစိုး ရ၊ ကောင်းမွန်သောအုပ်ချုပ်ရေး အမှန်တကယ်ဖြစ်လာရန်နှင့် နိုင်ငံသားများ၊ ဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့်ဘတ်ဂျက် နှစ်အစတွင် မဖြစ်မနေတိုး မြှင့်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

YC

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အရင်ဆုံးလုပ်သာကိုင်သာ ဖြစ်ဖို့အတွက်ကိုတောင်မှ အများကြီးပြင်ရဦးမှာ။ ဘာလို့လဲဆိုတော့ နိုင်ငံရေးအပြောင်းအလဲကမြန်တယ်။ အားလုံးဝိုင်းအော် နေကြတယ်။ Political Prisoner ကို လွှတ်ဆိုရင် အခုထလွှတ်လိုက်လို့ရတယ်။ ဒါပေမယ့် စီးပွားရေးကျတော့ ခုချက်ချင်းလုပ် ခုချက်ချင်းမပြီးဘူး။ လုပ် သာကိုင်သာဖြစ်အောင်ဆိုတဲ့နေ ရာမှာ ‘လုပ်သာကိုင်သာ’ ဆိုတဲ့ စကားလုံးလေးက လေးလုံးတည်းပါပဲ။ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားကို ပြောပါဆို ရင် လုပ်သာကိုင်သာဆိုတဲ့ အနေအထားကိုရောက်အောင်တောင် တော်တော်ကြီးကို ကြိုးစားနေရတဲ့ အနေအထားမှာရှိပါတယ်”

ဖေဖော်ဝါရီ ၉ ထုတ် ရန်ကုန်တိုင်းမ် အတွဲ(၈) အမှတ်(၆)တွင်ပါသည့် “အာရှ၏ ရှေ့တန်းစီးပွားရေး မျက်နှာစာသစ်ဖြစ်လာရေး ဘယ်လိုချိတ် ဆက်ပုံဖော်မလဲ” သတင်းဆောင်းပါးမှ စီးပွားရေးပညာရှင် ဒေါက်တာစိုးထွန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဖြေလျှော့တဲ့ Impact ကအများကြီးသက်ရောက်မယ်။ ဒါပေမဲ့ နည်းနည်းလေးပဲ Impact ဖြစ်တဲ့ဟာကို မဖြေလျှော့ဘဲနဲ့ များများ Impact ဖြစ်တဲ့ဟာကို ဖြေလျှော့ဖို့သင့်တယ်။ အခု IMF ကလာနေတယ်။ ကူညီနေတယ်။ (ဒါပေမဲ့ IMF ကသူတို့ဆီကနေပြီး စပယ်ရှယ်လစ်ကြီးတွေ အများကြီးမလွှတ်နိုင်ဘူး။ ဘာလို့မလွှတ်နိုင်သလဲဆိုတော့ ကျွန်တော်တို့နိုင်ငံကို ဒီလို စပယ်ရှယ်လစ်တွေအများကြီးလွှတ်ဖို့ ပိုက်ဆံကို သူတို့က အလုံအလောက်မသုံးဘူး။ ဘာလို့လဲ ဆိုတော့ Sanction  ကြောင့်ပဲ။ အဲဒီတော့ IMF က Technical Assistance ပေးနေတယ်ဆိုတာလဲ Limited Assistance ပဲ။ အကုန်လုံးက Limited တွေချည်းပဲ။ ကြားနေရတာကတော့ IMF ကလာပြီ။ ကမ္ဘာ့ဘဏ်ကလာပြီ။ အကူအညီတွေပေးနေပြီလို့ဆိုပြီး ကြားနေရတာပဲ။ ဒါပေမဲ့ တကယ်တမ်း ကျတော့ အားလုံးက အကန့်အသတ်အကူအညီတွေချည်းပဲ ဖြစ်ပါသေးတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိလိုအပ်ပါတယ်။ အဲဒီနည်းပညာအကူအညီ ဆိုတာကလည်း ဆင့်ပါးစပ်နှမ်းပက်သလိုပေးနေတဲ့ အနေအထားပဲ ရှိပါသေးတယ်။ အဲဒီတော့ Sanction ပွင့်သွားပြီဆိုတာနဲ့ ဒါတွေက Unlimited ဖြစ် သွားလိမ့်မယ်”

ဖေဖော်ဝါရီ ၉ ထုတ် ရန်ကုန်တိုင်းမ် အတွဲ(၈) အမှတ်(၆) တွင်ပါသည့် “အာရှ၏ရှေ့တန်းစီးပွားရေး မျက်နှာစာသစ် ဖြစ်လာရေး ဘယ်လို ချိတ်ဆက်ပုံဖော်မလဲ” သတင်းဆောင်းပါးမှ စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးမြတ်သင်းအောင်၏ ပြောကြား ချက်အပေါ်ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျောင်းဆရာ၊ ဆရာမများ၏ လစာနှင့် စရိတ်၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဝန်ထမ်းများနှင့် အောက်ခြေအုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ လစာနှင့် စာရိတ်များကို လုံလောက်မျှတစွာ ချီးမြှင့်ပေးရပါမယ်။ နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်နေကြတဲ့ လိုအပ်လျှင် နိုင်ငံနှင့် နိုင်ငံသားများ အတွက် အသက်ပေးစွန့်လွှတ်နေကြသော တပ်မတော်သားများ၏ နေ့စဉ်ကြုံတွေ့နေရတဲ့ ရိက္ခာစရိတ်၊ စစ်ဝတ်နှင့် အသုံးအဆောင်စရိတ် အပါအဝင်  အ ခြားစရိတ်များကိုလည်း အ နည်းဆုံး ၁၉၅၉-၆၀ ခုနှစ်က ရရှိထားတဲ့ စရိတ်များ၏ တန်ဖိုးအတိုင်း ရရှိအောင်တော့ ခွင့်ပြုပေးသင့်ပါတယ်။ အူမတောင့်မှသီ လစောင့်မှာ ဖြစ်သလို အူမတောင့်ပြီး သီလမစောင့်လျှင်တော့ သူ့တာဝန်ပဲဖြစ်ပြီး သူတို့တရားကို သူတို့စီရင်မှာ ဖြစ်ပါတယ်”

ဖေဖော်ဝါရီ ၉ ထုတ် 7DAY NEWS အတွဲ(၁၀) အမှတ်(၄၇) တွင်ပါသည့် “အစိုးရဝန်ထမ်းလစာများလာမည့် ဘတ်ဂျက်နှစ်မှစ၍ တိုးမြှင့်ပေးရန် သူရဦးရွှေမန်း အဆိုတင်သွင်း” သတင်းမှ သူရဦးရွှေမန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs