Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၇.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံ၏ စွမ်းရည်အသာစီးရမှု

*****************************************

ဆောင်းပါးကဏ္ဍ

နိုင်ငံ၏ စွမ်းရည်အသာစီးရမှု

မိုးမြင့်ငြိမ်း

ပြည်သူအများအားရလောက်သည့် နိုင်ငံရေးအပြောင်းအလဲများအပြီး ယင်းနှင့်လိုက်ပါပြောင်းလဲရမည့် စီးပွားရေးအပြောင်းအလဲများမှာပင် တစ် နှစ်ကျော်အတွင်းများစွာ ဖြစ်ထွန်းမှုမရှိသေးသည်ကို တွေ့မြင်ရသည်။ နိုင်ငံရေးအပြောင်းအလဲများတွင် ပါဝင်ပတ်သက်နေသည့် stake holder များ နည်း ပါးသည့်အားလျှော်စွာ တွေ့ဆုံညှိနှိုင်းခြင်းဖြင့်လည်းကောင်း၊ ဥပဒေတစ်ရပ်ကို ပြင်ဆင်ခြင်းဖြင့်လည်းကောင်း အားလုံးပါဝင်သည့် နိုင်ငံရေးဖြစ်ထွန်း အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ သို့သော် စီးပွားရေးတွင် အားလုံးပါဝင်သည့်စီးပွားရေး ဖြစ်ထွန်းဖို့ အတော်ပင်လုပ်ယူရမည်ဟု သုံးသပ်မိပါသည်။ ယေဘု ယျအားဖြင့်လည်း စီးပွားရေးအပြောင်းအလဲများသည် နိုင်ငံရေးအပြောင်းအလဲထက် ပိုမိုခက်ခဲသည့် သဘောလည်းရှိပါသည်။ မြန်မာနိုင်ငံမှာ ဈေးကွက် စီးပွားရေးစနစ်ကို နှစ်ပေါင်း ၂၀ ခန့် ကျင့်သုံးခဲ့ပြီဖြစ်သော်လည်း ပီပြင်ဈေးကွက်စီးပွားရေးစနစ်သို့  မရောက်ရှိသေးပါဟု ဆို၍ရနိုင်သည်။ တကယ် ဈေး ကွက်စီးပွားရေးမှာ ယှဉ်ပြိုင်မှုပေါ်တွင် အခြေတည်သည်။ ယှဉ်ပြိုင်နိုင်မှုရှိအောင် ကြိုးစားခြင်းဖြင့် ရှင်သန်မှုလည်းရှိမည်ဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှုလည်း ဖြစ်ထွန်းလာမည် ဖြစ်သည်။

အားလုံးပါဝင်သည့် စီးပွားရေးအပြောင်းအလဲများကို အကောင်အထည်ဖော်ရာတွင် ထိန်းချုပ်ရသည့် ကိန်းရှင်များ (variable) များ အလွန်များ ပြားသည့်သဘောတွင် ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းသည် ထိုကိန်းရှင်များကိုထိန်းချုပ်နိုင်ခြင်းနှင့် ထိရောက်မှုရှိအောင် အသုံးချနိုင်ခြင်း ပေါ်တွင် များစွာ မူတည်သည်။ ယခင်ရာစုတုန်းကဘောဂဗေဒပညာရှင်များသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကို နှိုင်းရအသာစီးရမှု (comparative advant -age) ဖြင့်သာ တိုင်းတာကြသော်လည်း ယခုအခါတွင် စွမ်းရည်အသာစီးရမှု (competitive advantage) ပိုမို အလေးထားလာကြသည်။ သဘာဝသံယံဇာ တနှင့် ကျွမ်းကျင်လုပ်သား ပြတ်တောက်မှုကို အမြဲဖြည့်တင်းနေရသည့် စင်ကာပူနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ဥပမာကို ကြည့်ခြင်းအားဖြင့် စွမ်းရည်အသာ စီးရမှုမှာ ၂၁ ရာစု ကမ္ဘာ့စီးပွားရေးကဏ္ဍတွင် ပိုမိုအရေးပါလာပြီဖြစ်သည်။

ကမ္ဘာ့စီးပွားရေးဖိုရိမ်၏ ၂၀၁၀-၁၁ ခုနှစ် နိုင်ငံများ၏ ယှဉ်ပြိုင်မှုစွမ်းရည်အသာစီးရမှု စစ်တမ်းများပြုလုပ်လေရာ ကျွမ်းကျင်သူများက နိုင်ငံတစ် ခုစီအတွင်းယှဉ်ပြိုင်မှု အသာစီးရစေသည့် ထောင့်တိုင် ၁၂ ခု အားကောင်းမှု ရှိ၊ မရှိဖြင့် တိုင်းတာ၍ အဆင့်သတ်မှတ်ကြသည်။ အဆိုပါ ထောင်တိုင် ၁၂ ခု မှာ

(၁) စီးပွားရေးအဖွဲ့အစည်း (Institution)

(၂) အခြေခံအဆောက်အအုံ (Infrastructure)

(၃) အမျိုးသားအဆင့် စီးပွားရေးပတ်ဝန်းကျင် (Macroeconomic environment)

(၄) ကျန်းမာရေးနှင့် အခြေခံပညာရေး (Health and Primary Education)

(၅) အဆင့်မြင့်ပညာရေးနှင့် သင်တန်းပေးမှု (Higher education and Training)

(၆) ကုန်စည်ဈေးကွက်စွမ်းဆောင်ရည်ရှိမှု (Goods market efficiency)

(၇) အလုပ်သမားဈေးကွက်စွမ်းဆောင်ရည်ရှိမှု (Labor market efficiency)

(၈) ဘဏ္ဍရေးဈေးကွက်ဖွံ့ဖြိုးရေး (Financial market development)

(၉) နည်းပညာကိုအသုံးပြုနိုင်မှု (Technological readiness)

(၁၀) ဈေးကွက် အရွယ်အစား (Market Size)

(၁၁) စီးပွားရေးလုပ်ငန်းများ၏ ခေတ်မီမှု (Business Sophistication)

(၁၂) တီတွင်ဆန်းသစ်မှု (Innovation) တို့ဖြစ်သည်။

ထိုထောင့်တိုင် ၁၂ ခုအားကောင်းမှု အနည်းအများပေါ်မူတည်၍ နိုင်ငံများ၏ စီးပွားရေးကိုလည်း သုံးမျိုးသုံးစား ခွဲခြားထားသည်။ စီးပွားရေး အဖွဲ့အစည်း (Institution)၊ အခြေခံအဆောက်အအုံ (Infrastructure) ၊ အမျိုးသားအဆင့် စီးပွားရေးပတ်ဝန်းကျင် (Macro economic environment)၊ ကျန်းမာရေးနှင့် အခြေခံပညာရေး (Health and Primary Education) အစရှိသည့် ဈေးကွက်စီးပွားရေး အနိမ်ဆုံး အခြေခံလိုအပ်ချက်များဖြင့် မောင်း သည့် စီးပွားရေးကို factor-driven economies ဟုသတ်မှတ်သည်။အဆင့်မြင့်ပညာရေးနှင့် သင်တန်းပေးမှု (Higher education and Training)၊ ကုန် စည်ဈေးကွက်စွမ်းဆောင်ရည်ရှိမှု (Goods market efficiency)၊ အလုပ်သမားဈေးကွက်စွမ်းဆောင်ရည်ရှိမှု (Labor market efficiency)၊ ဘဏ္ဍရေး ဈေးကွက်ဖွံ့ဖြိုးရေး (Financial market development)၊ နည်းပညာကိုအသုံးပြုနိုင်မှု (Technological readiness)၊ ဈေးကွက်အရွယ်အစား (Market Size) အစရှိသည့် ထောင့်တိုင်များကို နိုင်ငံ၏စီးပွားရေးကို မြှင့်တင်ပေးသည့်အရာများ (efficiency enhancers) ဖြစ်သည်။ ယင်းအရာများဖြင့် အဓိက မောင်းသည့် စီးပွားရေးများကို efficiency driven economies ဟု သတ်မှတ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စီးပွားရေးများမှာတော့ စီးပွားရေးလုပ်ငန်းများ၏ ခေတ်မီမှု (Business Sophistication) ၊ တီတွင်ဆန်းသစ်မှု (Innovation)တို့ကိုအဓိကထားသော Innovation driven economies များဖြစ်သည်။ မြန်မာ နိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေး၏ အခြေခံ လိုအပ်ချက်ထောင့်တိုင်များဖြင့် မောင်းသော factor-driven economy အခြေအနေမျိုးသာဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေးအသိုက်အဝန်း ဖြစ်ထွန်းပေါ်ပေါက်လာသည့်အခါတွင် မြန်မာနိုင်ငံအနေဖြင့် factor-driven economy မှ efficiency driven economy သို့ရောက်အောင် မြှင့်တင်ထားနိုင်မှ အခြားသောဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ အခြားနိုင်ငံများသည် လည်း ဤအဆင့်မျိုးရောက်အောင် အားယူကြိုးစားနေကြသည်။ ဥပမာအားဖြင့် ဘဏ္ဍရေးဈေးကွက်ဖွံ့ဖြိုးတိုးတက်မှု တစ်ခုဖြစ်သော စတော့ရှယ်ယာ အရောင်းအဝယ်စင်တာများမှာ မြန်မာနိုင်ငံမှလွဲလျှင် အခြားသောအာဆီယံဒေသတွင်းနိုင်ငံများတွင် ရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံ တစ် နိုင်ငံအဖို့ အရင်းအနှီးစုဆောင်းမှုမှာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် များစွာအရေးကြီးသည်။ အရင်းအနှီးစုဆောင်းနိုင်ဖို့ရာမှာလည်း အရင်းအနှီးဈေးကွက်တ နည်း ဘဏ္ဍရေးဈေးကွက် ဖွံ့ဖြိုးမှသာဖြစ်မည်။ ၂၀၁၅ အာဆီယံစီးပွားရေးအသိုက်အဝန်းတွင် ယှဉ်ပြိုင်နိုင်လျှင် ယှဉ်ပြိုင် မယှဉ်ပြိုင်နိုင်လျှင် ရှုံးမည်သာ ဖြစ်သည်။ သီအိုရီအရထိုသို့ ဒေသတွင်းလွတ်လပ်သည့် ဈေးကွက်ကိုဖော်ဆောင်သည့်အခါ စီးပွားရေးမဖွံ့ဖြိုးဆုံးနိုင်ငံက အကျိုးအမြတ်အများဆုံး ရတတ် သည့်သဘောမှာ ရှိပါသည်။ သို့သော် ဆောက်ဖြစ်မှကျောင်းဒကာဆိုသော မြန်မာစကာပုံအတိုင်း၂၀၁၅ မတိုင်ခင် ပြုပြင်ပြောင်းလဲသည်များကိုအချိန်ကိုက် ဆောင်ရွက်နိုင်မှ အကျိုးအမြတ်ရနိုင်မည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးရေးမှာ နိုင်ငံသားတိုင်းလိုလားတောင့်တသည့် အရာဖြစ်သည့် သန်း ၆၀ အရေးအတွက် ပါဝင်သည့် stakeholders အားလုံး ဘုံအမျိုးသားအကျိုးစီးပွားကို အားသွန်ခွန်စိုက် လုပ်ဆောင်စေချင်ပါကြောင်း။

*****************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၇. ၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြန်မာ့လေကြောင်း၏ ရပာတ်ယာဉ်လုပ်ငန်းအား နိုင်ငံသားပိုင်အဖြစ် လုပ်ဆောင်မည်
  2. မြန်မာ့အာမခံလုပ်ငန်းများ ပုဂ္ဂလိကလုပ်ကိုင်ခွင့်ပေးရာတွင် နိုင်ငံခြားသားများ မပါဝင်
  1. ဈေးခွန်ကိစ္စ ပထမဦးဆုံးအကြိမ် ပြည်နယ်ဝန်ကြီးချုပ်အိမ်သို့ သွာရောက်တောင်းဆို

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပြည်သူ့လွှတ်တော်ဥက္ကဌနှင့်အဖွဲ့ နော်ဝေနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ
  1. ကျုးကျော်နေထိုင်သူများအား ပါတီတစ်ခုမှ ကူညီပေးခ ငွေတောင်းခံ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

မြန်မာ့လေကြောင်း၏ ရပာတ်ယာဉ်လုပ်ငန်းအား နိုင်ငံသားပိုင်အဖြစ် လုပ်ဆောင်မည်

လေကြောင်းလိုင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အရေးပါသည့် ရပာတ်ယာဉ်လုပ်ငန်းအား မကြာမီကာလအတွင်း နိုင်ငံသားပိုင်အဖြစ် လုပ်ကိုင် နိုင်ရန် မြန်မာ့လေကြောင်းလိုင်းမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လေကြောင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ရပာတ်ယာဉ်မှာ အသုံးပြုရလွယ်ယူသည့်အပြင် လေယာဉ်ကြီးများကဲ့သို့ အဆင်းအတက်များပြု လုပ်ရာတွင် လေယာဉ်ကွင်းနေရာအသုံးပြုရန် မလိုအပ်သည့်အတွက် သွားလာရန်ခက်ခဲသော နေရာဒေသများသို့ သွားရောက်ရန် အလွန်အရေးပါသည့် ယာဉ်အမျိုးအစားတစ်ခုဖြစ်ကြောင်း သိရသည်။

“လေကြောင်းလိုင်းရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ရပာတ်ယာဉ်က တော်တော်ကို အရေးပါတာပါ။ ဒီယာဉ်တွေက လေယာဉ်ကွင်းအတွက် နေရာပေးစရာလည်းမလိုဘူး။ ယာဉ်ပေါ်ကနေ ချက်ခြင်း အဆင်းအတက်လည်း ပြုလုပ်နိုင်တယ်။ ဒါကြောင့် ဒီယာဉ်က လေကြောင်းလိုင်းအတွက် တော် တော်ကို အရေးပါပါတယ်။ အခု ဒီရပာတ်ယာဉ်လုပ်ငန်းကို နိုင်ငံသားပိုင်အဖြစ် လုပ်ဆောင်ဖို့အတွက် စီစဉ်နေပါတယ်”ပာု မြန်မာ့လေကြောင်းလိုင်းမှ တာ ဝန်ရှိသူတစ်ဦးကပြောကြားသည်။

လက်ရှိအချိန်တွင် စစ်ဘက်နှင့် မြန်မာ့ကမ်းလွန်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် ရပာတ်ယာဉ်ကို အသုံးပြုဆောင်ရွက်လျက်ရှိပြီး ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရပာတ်ယာဉ် ပို့ဆောင်ရေးလုပ်ငန်းကို လာရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားရပာတ်ယာဉ်ကုမ္ပဏီများ မှာ ပြင်သစ်နိုင်ငံမှ Heliunion၊ သြစတြေးလျနိုင်ငံမှ Heavy Lift၊ တရုတ်နိုင်ငံမှ China Off Shore Helicopter ကုမ္ပဏီနှင့် ကိုရီးယားနိုင်ငံမှ Korean Express တို့ဖြစ်ကြောင်း သိရသည်။

“အခုနိုင်ငံတော်က ရပာတ်ယာဉ်တွေ ထပ်တိုးဝယ်ဖို့အတွက် စီစဉ်နေတယ်လို့ ကြားပါတယ်။ မြန်မာနိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုလာတာနဲ့ အမျှ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကို ပိုမိုဝင်ရောက်လာသလို လေကြောင်လိုင်းကဏ္ဍတွေမှာလည်း ပိုမိုဖွံ့ဖြိုးလာဖို့ လိုအပ်နေပါပြီ။”ပာု မြန်မာ့လေ ကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Ref:Weekly Eleven

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ့အာမခံလုပ်ငန်းများ ပုဂ္ဂလိကလုပ်ကိုင်ခွင့်ပေးရာတွင် နိုင်ငံခြားသားများ မပါဝင်

မြန်မာ့အာမခံလုပ်ငန်းအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လုပ်ကိုင်ခွင့်ပေးရာတွင် နိုင်ငံတော်၏ ဘဏ္ဍာငွေများ ဆုံးရှုံးမှုမရှိနိုင်စေရန် နိုင်ငံခြားသား ပုဂ္ဂလိက လုပ်ငန်းရှင်များကို ပါဝင်လုပ်ကိုင်ခွင့်ပြုမည်မပာုတ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ အရင်တုန်းကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ပြောပြီးသားပါ။ မြန်မာ့အာမခံလုပ်ငန်းကို ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပြုရာမှာ မြန်မာလုပ်ငန်းရှင်တွေကိုပဲ လုပ်ကိုင်ခွင့်ပြုမယ်။ နိုင်ငံခြားသား လုပ်ငန်းရှင်တွေကိုတော့ လုပ်ကိုင်ခွင့်ပြုမှာမပာုတ်ဘူး။ ပြီးတော့ မြန်မာ့ အာမခံလုပ်ငန်းကို ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပြုထားတာပါ။ အပြီးအပိုင် လွှဲပေးထားတာ မပာုတ်ပါဘူး”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

မြန်မာ့အာမခံလုပ်ငန်းကို ၁၉၅၈ ခုနှစ်မှ စတင်၍ ပုဂ္ဂလိကနှင့်တွဲ၍ ဆောင်ရွက်ခဲ့ပြီးနောက် တော်လှန်ရေအစိုးရတက်ပြီး နောက်ပိုင်းကာလများ တွင် အာမခံလုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူလိုက်ပြီး မြန်မာ့အာမခံလုပ်ငန်းတစ်ခုတည်းကိုသာ ထားရှိတော့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ မြန်မာ့အာမခံလုပ်ငန်း ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပြုရာမှာ နိုင်ငံခြားသားကို မပေးတာပာာ နိုင်ငံရဲ့ဘဏ္ဍာငွေတွေ ဆုံရှုံးကုန်မှာ စိုးလို့ ပါ။ လွတ်လပ်ရေးမရမီကာလတုန်းက သာဓကတွေလည်းရှိပါတယ်။ နိုင်ငံမှာ  နိုင်ငံခြားသားက အာမခံလုပ်ငန်းလုပ်တယ်။ လွတ်လပ်ရေးပေးပြီဆိုရော အာမခံလုပ်ငန်းက ရသမျှငွေတွေကို သူတို့နိုင်ငံကို ယူသွားတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် ဘယ်နိုင်ငံခြားသားကိုမှ မြန်မာ့အာမခံ လုပ်ငန်းကို လုပ်ကိုင်ခွင့်မပေးတာပါ”ပာု မြန်မာ့အာမခံလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ယခု အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုရာတွင် ၂၀၁၂ မေလ ၂ ရက်နေ့မှစတင်၍ နည်းဥပဒေပါ လျှောက်လွှာတစ်စောင်ကို ၁၅၀၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဈေးခွန်ကိစ္စ ပထမဦးဆုံးအကြိမ် ပြည်နယ်ဝန်ကြီးချုပ်အိမ်သို့ သွာရောက်တောင်းဆို

မေလ ၆ရက်နေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ နာဇီဈေးရွာမှ ဈေးသူ/သားများသည် ဈေးခွန်ကောက်ခံခြင်းနှုန်း မြင့်မားသောကြောင့် ပြည်နယ်ဝန်ကြီးချုပ်ရုံးအိမ်သို့ သွားရောက်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းသို့သွားရောက်တောင်းဆိုသည့် ဈေးသည်တစ်ဦးထံမှ သတင်းရရှိ သည်။

“ဖြစ်တာက ဈေးခွန်မတရားကောက်တာနဲ့ ပတ်သက်တဲ့အခက်အခဲကိုပြောဖို့ ပြည်နယ်ဝန်ကြီးချုပ်အိမ်ကို သွားပြီးတောင်းဆိုကြတာပါ။ ဒါပေမယ့် ပြည်နယ်ဝန်ကြီးချုပ်က မရှိဘူးဆိုတော့ မြို့နယ်စည်ပင်ဦးစီးရုံးကို ထပ်သွားပြီး တောင်းဆိုခဲ့ပါတယ်။ တောင်းဆိုကြတဲ့အထဲမှာ ဈေးသူဈေးသား ၆၀ကျော် လောက်က သုံးဘီးတွေနဲ့ ချီတက်ပြီး သွားတောင်းဆိုတာပါ။ သူတို့က ဈေးခန်းတစ်ခန်းကို ၁၀၀၀ကောက်တယ်။ မုန့်တီဆိုင်ဆို ၇၀၀နဲ့ ကောက်ညှင်းပေါင်း တောင်းတစ်တောင်းကို ၅၀၀ဆိုပြီး မတရားအဆမတန်ကောက်ခံလို့ အခုလို ပြည်နယ်ဝန်ကြီးချုပ်အိမ်အထိသွားပြီး တောင်းဆိုရတာဖြစ်ပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်မှ ဆိုသည်။

ယင်းသို့ ဈေးသူဈေးသားများမှ ကြုံတွေ့နေရသည့် အခက်အခဲနှင့် ပတ်သက်၍ မြို့နယ်စည်ပင်ဦးစီးဌာနမှ တာဝန်ရှိလူကြီးများဖြင့် တွေ့ဆုံဆွေး နွေးခဲ့ပြီး ယင်းကိစ္စအား အဆင်ပြေစေရန် ဖြေရှင်းပေးမည်ဟု ၎င်းတို့မှ ပြန်လည်ပြောကြားခဲ့ကြောင်းကိုလည်း ထပ်မံသိရှိရပြီး ရခိုင်ပြည်နယ်အတွင်း ယင်း ကဲ့သို့တောင်းဆိုမှုပြုလုပ်သည်မှာ ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ယင်းမြို့နယ်ရှိ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ATM

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပြည်သူ့လွှတ်တော်ဥက္ကဌနှင့်အဖွဲ့ နော်ဝေနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် မေလ ၆ ရက်နေ့ မနက် ၈ နာရီက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ နော်ဝေနိုင်ငံသို့သွားရောက်ရန်ထိုင်းလေကြောင်း လိုင်းဖြင့် ခရီးထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်ဟာ ချစ်ကြည်ရေးခရီးစဉ်သက်သက်ဖြစ်တဲ့အပြင် နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနကဖိတ်ကြားလို့ သွားရောက်ရတာ ဖြစ် ကြောင်း ပြည်သူ့လွှတ်တော်မှ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

အဆိုပါ ခရီးစဉ်မှာ ပြည်သူ့လွှတ်တော်ရေးရာကော်မတီ ဥက္ကဌများဖြစ်ကြသည့် ဦးလှမြင့်ဦး၊ ဦးမောင်မောင်သိမ်း၊ ဦးစိုးသာနဲ့ အခြားသော အဖွဲ့ဝင် ၉ ဦးပါဝင်ကြောင်း ယင်းကဆက်လက် ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဌရဲ့ နော်ဝေခရီးစဉ်ဟာ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို တစ်နှစ်ရပ်ဆိုင်းထား ချိန်နဲ့ တိုက်ဆိုင်နေသည်။

KP

-----------------------------------------------------------------------------------------------------------------------------------

ကျုးကျော်နေထိုင်သူများအား ပါတီတစ်ခုမှ ကူညီပေးခ ငွေတောင်းခံ

၂၀၁၀ ရွေးကောက်ပွဲဝင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီက ရွှေပြည်သာမြို့နယ်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ရုံးပိုင်(ဂျီအီး) တပ်နယ်မြေအတွင်း ကျူုးကျော်နေထိုင်သူများအား လိုက်လံကူညီပေးပြီးနောက် ကူညီပေးခ ငွေတောင်း ခံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ရွှေပြည်သာမြို့နယ်ရဲ့ တပ်နယ်မြေအတွင်းက ကျုးကျော်ဆိုပြီး နှင်ထုတ်ခံရတဲ့ အိမ်ထောင်စုတစ်ရာကျော်ကို ဆက်နေထိုင်နိုင်ဖို့အတွက်ဆိုပြီး နိုင်ငံရေးပါတီတစ်ခုက လိုက်လံကူညီပေးပါတယ်။ ပြီးတော့ ငွေတောင်းခံတယ်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီလို့ သိရပါတယ်။ သူတို့ပါတီက ကူညီခဆိုပြီး တစ်အိမ်ကို ငွေငါးသောင်းတောင်းပါတယ်”ပာု ရွှေ့ပြောင်းခံသူတစ်ဦးက ဆိုသည်။

၂၀၁၂ ဧပြီ ၂၇ ရက်နေ့တွင် ဂျီအီးတပ်နယ်မြေအတွင်း ကျုးကျော်နေထိုင်သူ အိမ်ထောင်စုတစ်ရာကျော်ကို တပ်မတော်မှ ဝိုင်းဝန်းပိတ်ဆို့ကာ နှင် ထုတ်လိုက်ပြီး ယင်းအိမ်ထောင်စုများ နေထိုင်ရန်အတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီမှ ရွှေပြည်သာ သံတင်း ၁၉ ရပ်ကွက် အပိုင်း ၄၇ ရှိ လယ်မြေများသို့ ပြောင်းရွှေ့ရန် လိုက်လံကူညီပေးပြီးနောက် ကူညီပေးခ ငွေတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ဒီလိုမျိုးတွေ မလုပ်သင့်ပါဘူး။ တကယ်ကို ပြည်သူတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက်ဆိုပြီး နိုင်ငံရေးပါတီတစ်ခု အဖြစ် ရပ်တည်နေကြတာပါ။ ဒီအပေါ်မှာ ဘာမှ အခွင့်အရေးယူစရာမလိုပါဘူး။ ခုပာာက တကယ်ကို လမ်းဘေးဆန်ပါတယ်။ ဒီနိုင်ငံရေးပါတီပာာ ကြေးစား ဆန်ဆန် နိုင်ငံရေးပါတီတစ်ခု လိုလုပ်သွားတာပါ”ပာုမြန်မာ့အရေး လေ့လာနေသူတစ်ဦးက ဆိုသည်။

ထိုသို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီမှ ကူညီပေးခများ ငွေတောင်းခံခဲ့သည့်အတွက် ကျူးကျော်နေထိုင်သူ များမှာ မကျေမနပ်ဖြစ်ခဲ့ကြပြီး အသစ်ပြောင်းရွှေ့နေထိုင်ရန် ဆောက်လုပ်လျက်ရှိသည့် ဓါးဓနိများကို ပြန်လည်ဖျက်သိမ်းခဲ့ကြကြောင်း သိရသည်။

ရွှေပြည်သာရှိ ဂျီအီး တပ်နယ်မြေအတွင်း ကျုးကျော်နေထိုင်သူများ ပြောင်းရွှေ့နေထိုင်ရန် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ)ပါတီက လိုက်လံကူညီပေးခဲ့သည့် ရွှေပြည်သာ သံတင်း ၁၉ ရပ်ကွက် အပိုင်း ၄၇ ရှိ လယ်မြေများမှာ ဦးစီန်ဝင်းဆိုသူက ၈၈ မျိုးဆက်ကျောင်း သားများအဖွဲ့(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီကို လှူဒါန်းထားခြင်းဖြစ်ကြောင်း သိရသည်။

YC

 ****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ပြည့်သူ့လွှတ်တော်ထဲမှာ ၁၇ ပါတီရှိတယ်။ အခုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တစ်ပါတီတိုးလာတယ်။ ၁၇ ပါတီတုန်းကလည်း ကျွန်တော်တို့က အတိုက်အခံလို့ သဘောမထားခဲ့ပါဘူး။ ပါတီတွေကိုလည်း သီးခြားစဉ်းစားတာမရှိပါဘူး။ ဒီလမ်းကြောင်းထဲမှာ ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်သူတွေကို လုပ်ဖော်ကိုင်ဖက်လို သဘောထားပါတယ်။ တစ်ယောက်တည်းအတွက် ပိုပြီး သဘောတူပြီးတော့ လုပ်ရမယ်ဆိုတာတော့ မဟုတ်ဘူးထင်တယ်”

မေ ၇ ထုတ် The Street View အတွဲ (၁) အမှတ် (၁၇) တွင်ပါသည့် “NLD အား လွှတ်တော်အတွင်း အတိုက်အခံပါတီတစ်ခုအဖြစ် မသတ်မှတ်ဟု USDP မှဆို”သတင်းမှ USDP အထွေထွေအတွင်းရေးမှူး ဦးဌေးဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“တစ်ဖက်တွင် လယ်သမားတို့အပေါ် ကယ်တင်ရှင် သူရဲကောင်းလိုလို ခေါင်းဆောင်လုပ်ချင်သော နိုင်ငံရေးသမားတွေရှိနေသည်။ ဘောဂဗေဒ သီအိုရီ တွေ၊ စိုက်ပျိုးရေးပညာတွေ၊ တောင်သူလယ်သမားတို့နှစ်စဉ်တွေ့ကြုံ ခံစားရသော ပြဿနာရင်းမြစ်တွေ သူတို့သိသလိုလုပ်သည်။ လယ်ထဲသို့ ဆင်းဖူး ခြင်းမရှိ။ စပါးလားမြက်လား မသိ။ လယ်လုပ်သူလယ်ပိုင်ရမည်၊ ဒါမှပေါင်နိုင်ပြီး စိုက်ပျိုးစရိတ်ရမည်၊ အစိုးရက အပေါင်ခံရမည်၊ စပါးထွက်လျှင် ဈေးကျ ချိန်ဖြစ်၍ အနာဂတ်ဈေးဖြင့် ဝယ်သိမ်းပေးရမည်၊ ဈေးတက်တော့ ပြန်ထုတ်ပေးရမည်၊ သင့်တင့်သော ထိန်းသိမ်းခလေးယူပါဟု ပြောသည်။ စပါးချိန်လျော့ တာ သူတို့မသိ။ ပြည်သူ့ငွေကို အတိုးပြည့်မရဘဲ စိုက်သုံးရမည်။ အချိန်လျော့သမျှခံနေဦးမည်။ နောက်ဆုံးဈေးကြီးကြီးဖြင့် ပြန်ဝယ်စားရမည်။ ပြည်သူတွေ မိအေးသုံးခါနာနေပြီ”

မေ ၇ ထုတ် The Street View အတွဲ (၁) အမှတ် (၁၇) တွင်ပါသည့် ဆောင်းပါးရှင် ဦးကြည်မြင့်(လသာ)၏ “စိုက်ပျိုးရေးနှင့် နိုင်ငံရေးပဋိပက္ခ” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

Voice: စီးပွားရေးဖွံ့ဖြိုးအောင်စလုပ်နေဆဲကြားကာလမှာ ငွေကြေးဈေးကွက်ကို ဖွင့်ပေးလိုက်တဲ့အတွက် တိုင်းပြည်စီးပွားရေး ကမောက်ကမဖြစ်မယ်၊ မ တည်မငြိမ်ဖြစ်စေမယ်လို့ ပညာရှင်အချို့က သုံးသပ်ကြတယ်။ ဒါမျိုးကောမဖြစ်နိုင်ဘူးလား

Dr.AKK: အဲဒါကတော့ ရှောင်လွှဲလို့မရတဲ့ အရာတစ်ခုပဲ။ ဘာလို့လဲဆိုတော့ ကမ္ဘာ့နိုင်ငံတွေရဲ့ စီးပွားရေးပုံသဏ္ဍန်ကိုပဲ ကြည့်ကြည့်၊ အိမ်နီးချင်းနိုင်ငံတွေ ရဲ့ စီးပွားရေးပုံသဏ္ဍန်ကိုပဲကြည့်ကြည့် ဒီလိုအခြေအနေကို ဖြတ်သန်းကို ဖြတ်သန်းရတော့မယ်။ ဒီတော့ အန္တရာယ်လို့မမြင်ဘဲ တိုင်းပြည်စီးပွားရေး တိုးတက်ဖို့များစွာ အထောက်အကူဖြစ်မယ်လို့ဆိုတဲ့ အမြင်နဲ့ကြည့်ရမယ်။ ဒုံရင်း ဒုံရင်း စီးပွားရေးမှာ ပျော်မွေ့မှာလား၊ ဖောက်ထွက်မှာလား၊ ဖောက်ထွက် မယ်ဆိုရင် ရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ လူသားအရင်းအမြစ်၊ ပညာရှင်တွေရှိမယ်ဆိုရင် ဒါတွေက ပြဿနာမဟုတ်ပါဘူး။

မေ ၇ ထုတ် The Voice Weekly အတွဲ (၈) အမှတ် (၂၀) တွင်ပါသည့် “စီးပွားရေးမူဝါဒရေးရာပညာရှင် ဒေါက်တာအောင်ကိုကိုနှင့် အင်တာဗျူး” ကောက်နှုတ်ချက်

*************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs