Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၃၁.၅.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် ခရီးစဉ်မှာ ပျော်ရွှင်စွာ ကြိုဆိုမှုများ

(30 May 2012 ရက်စွဲပါ BBC News မှ Jonah Fisher ရေးသားသော Repturous welcome for Aung San Suu Kyi's historic trip ကိုဘာသာပြန်သည်)

  1. လာမည့်နှစ်တွင် မြန်မာနိုင်ငံသို့ အာဂျီနိုမိုတို ပြန်လာတော့မည်

(The Daily Yomiuri News မှ 31 May 2012 ရက်စွဲပါ “Ajinomoto to start sales in Myanmar next year” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသည် အိန္ဒိယနှင့် တရုတ်ကြားတွင် ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်နိုင်ပာု အိန္ဒိယဝန်ကြီးချုပ်ပြော

(31 May 2012 ရက်စွဲပါ The Times of India မှ Myanmar can be link between India, China:PM ကို ဘာသာပြန်ဆိုသည်)

  1. U-2 ရော့ခ်စတားဘိုနိုကေ ဒေါ်အောင်ဆန်းစုကြည်ကို Amnesty ဆုပေးအပ်မည်

(The West Australian News မှ 31 May 2012 ရက်စွဲပါ "Bono to present Amnesty award to SuuKyi" သတင်းကို ဘာသာပြန်ဆိုသည်။)

       ******************************

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် ခရီးစဉ်မှာ ပျော်ရွှင်စွာ ကြိုဆိုမှုများ

(30 May 2012 ရက်စွဲပါ BBC News မှ Jonah Fisher ရေးသားသော Repturous welcome for Aung San Suu Kyi's historic trip ကိုဘာသာပြန်သည်)

မြန်မာနိုင်ငံမှ ရွေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာသည် အမိုးပေါ်တွင်လည်းကောင်း၊ ပြတင်းပေါက်များတွင် ခေါင်းပြူ၍လည်းကောင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို မြင်ခွင့်ရရန် စောင့်ဆိုင်းလျက် ရှိသည်။

အများစုသည် မြို့တော် ဘန်ကောက်မှ တောင်ဖက် မိုင် ၂၀ (၃၀ ကီလို)ဝေးသော မဟာချိုင်၏ လမ်းမပေါ်တွင် စုဝေးနေကြခြင်းဖြစ်ပြီး ငါး၊ အစားအသောက်ပြုပြင်သော စက်ရုံများတွင် လုပ်ကိုင်နေရာမှ တစ်ရက် ခွင့်ယူလာကြခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ဒီကို ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်လို့ လာတာပါ" ဟု အနီးအနားတွင် အလုပ်လုပ်ကိုင်သူ တင့်လွင်ဦးက ပြောသည်။

"သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး။ ဒါကြောင့်လာတာပါ။ သူ့အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်"ဟု ဆိုသည်။ မဟာချိုင်မှ မြန်မာရွေ့ပြောင်း လုပ်သားထုကြီးသည် ပျော်ရွှင်နေကြသည်။

ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းသည်နှင့် တူနေသေးတော့သည်။ ဒီမိုကရေစီ တေးသံများ ပျံ့လွင့်နေသည်။

အချို့သည် "မြန်မာပြည် လွတ်လပ်ခွင့်ပေးပါ"၊ "အိမ်ပြန်ချင်ပြီ" စသည့် ပိုစတာများ၊ အလံများ၊ ဝှေ့ယမ်းလျက်ရှိပြီး အချို့က ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်များ ဝတ်ဆင်ထားသည်။

"ဘာမှ အားမငယ်ပါနဲ့။ သမိုင်းက အမြဲတမ်း ပြောင်းနေတာပါ။ ဒီနေ့ ကျွန်မ အားလုံးကို ကတိ တစ်ခုတော့ ပေးနိုင်ပါတယ်။ အားလုံးအတွက် ကျွန်မ အကောင်းဆုံး ကြိုးစားမယ် ဆိုတာပါပဲ" ဟု သူက လူအုပ်ကြီးသို့ ပြောသည်။

ဓမ္မာရုံကဲ့သို့ အဆောက်အဦးထဲတွင် များပြားလှသော လူထဲမှ အချို့ကို ရွေးချယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ်အနည်းငယ်တွေ့ခွင့် ရကြသည်။

မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံတွင် လုပ်ခအနည်းဆုံးနှင့် ခေါင်းပုံဖြတ် အခံရဆုံး ဖြစ်သည်။ ယင်းတို့က တင်ပြလိုသည်များကို ပြောဆိုကြရာ ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ရပိုင်ခွင့်များကို လေ့လာရန်နှင့် ရအောင်လုပ်ကြရန် ပြောဆိုခဲ့သည်။

"သူတို့အားလုံး တညီတည်း ပြောကြတာ တစ်ခုက မြန်မာနိုင်ငံကို ပြန်ချင်တယ်ဆိုတာပါပဲ" ဟု သူက သတင်းစာဆရာများသို့ ပြောသည်။

"ဒါ ကျွန်မတို့ တာဝန်ပါပဲ။ သူတို့ ပြန်လာချင်တဲ့အချိန် ပြန်လာလို့ရအောင် ဖန်တီးပေးရမယ့် တာဝန် ကျွန်မတို့မှာရှိပါတယ်"ဟု သူကဆိုသည်။

မြန်မာဒုက္ခသည် ၁၃၀၀၀၀ ခန့်သည် ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက် ရှိသည်။

ယင်းတို့သည် ထိုင်းနိုင်ငံတွင် ဆောက်လုပ်ရေး၊ စက်ရုံများ၊ ငါးဖမ်းလုပ်ငန်းများတွင် တရားဝင်ရော တရားမဝင်ပါ အလုပ်လုပ်ကိုင်လျက် ရှိသည်။

အပြင်ရှိ လူအုပ်ကြီးမှာ အမှန်တရားနှင့် အကောင်းမြင်မှုများ ရောလျက် စိတ်လှုပ်ရှားနေကြသည်။ နိုင်ငံရေးနှင့် စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများသည် အလုပ်အကိုင် ရရှိရေးကို ဖြစ်လာစေရန် မလွဲမသွေ အချိန်ယူရဦးမည် ဖြစ်သည်။

"ကျွန်တော်တို့ တိုင်းပြည်မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် ဖြစ်လာရင် ဒီမှာ အလုပ် လာလုပ်စရာ မလိုတော့ဘူး"ဟု ဈေးထဲတွင် ငါး သန့်ရှင်းရေး အလုပ်လုပ်သူ ရန်နိုင်က ပြောသည်။

ရန်နိုင် ဖြစ်လိုသော အရာမှာ အစောဆုံး လာမည့် သုံးနှစ်အတွင်း ဖြစ်လာနိုင်စရာ မရှိပေ။

ထိုသို့ ဖြစ်လာနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ပါတီသည် အခြေခံဥပဒေပြောင်းလဲမှုများ ရှိလာရန် တွန်းအားပေးရမည် ဖြစ်သည်။ လက်ရှိအားဖြင့် လွှတ်တော်တွင် ၂၅% ကို စစ်တပ်အတွက် နေရာပေးထားရသည်။

ယခုအချိန်တွင်မူ စီးပွားရေး၏ အဓိပ္ပာယ်ကို ရိုးရိုးလေး စဉ်းစားပါက အရှေ့တောင်အာရှ၏ စီးပွားရေး ဌာနကြီးဖြစ်သော ထိုင်းနိုင်ငံသည် အလုပ်ရှာရန် ဆွဲဆောင်နေသော ဒေသတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။

ခိုင်ထူးကျော်သည် ငါးသေတ္တာ စက်ရုံတွင် အလုပ်လုပ်ရာ တစ်ရက်လျှင် ဘတ် ၃၀၀ (၈ဒေါ်လာ/ ၅ ပေါင်) ရရှိသည်။ ယင်းမှာ ထိုင်းနိုင်ငံ စံဖြင့် ကြည့်လျှင်ပင် လုပ်ခနည်းလှသည်။ သို့သော် ယင်း၏ တိုင်းပြည်ထက် စာလျှင် ဝင်ငွေကောင်းနေသေးသည်။

"ဗမာပြည် ပြန်သွားပြီးတိုင်း၊ ဒီကို ပြန်လာချင်တယ်။ ဒီမှာ ဝင်ငွေ ပိုကောင်းနေလို့ပါပဲ"ဟု ယင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် ယခုသမိုင်းဝင်ခရီးစဉ်၏ အဓိက ဖြစ်စဉ်မှာ သောကြာနေ့တွင် စီးပွားရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားမှု ဖြစ်သည်။

သူသည် မဟာချိုင်သို့ ဦးစွာ လာရောက်၍ မြန်မာရွေ့ပြောင်း လုပ်သားများကို မိန့်ခွန်း ပြောကြားခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အလေးထားမှုများ ဘယ်မှာရှိနေသည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်း ဖြစ်သည်။

*****************************

လာမည့်နှစ်တွင် မြန်မာနိုင်ငံသို့ အာဂျီနိုမိုတို ပြန်လာတော့မည်

(The Daily Yomiuri News မှ 31 May 2012 ရက်စွဲပါ “Ajinomoto to start sales in Myanmar next year”သတင်းကို ဘာသာပြန်ဆိုသည်)

ကမ္ဘာကျော် ပာင်းခတ်ပစ္စည်း ထုတ်လုပ်သူ အာဂျီနိုမိုတိုကုမ္ပဏီသည် ၂၀၁၃ မတ်လကုန် မတိုင်မှီ ယင်း၏ ထုတ်ကုန်များကို မြန်မာနိုင်ငံ၌ ပြန်လည်စတင် ရောင်းချတော့မည်ပာု တာဝန်ရှိသူများက ဗုဒ္ဓပာူးနေ့တွင် ပြောကြားသည်။

ဂျပန်ကုမ္ပဏီသည် ယင်း၏ ကမ္ဘာသိ ပာင်းခတ်အချိုမှုန့်နှင့် ဗူးသွပ်ကော်ဖီ အပါအဝင် ထုတ်ကုန်များကို ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပို့၍ ရောင်းချမည်ပာု ဆိုသည်။

လာမည့် နောင်ကာလတွင် မြန်မာပြည်တွင်း၌ပင် ထုတ်လုပ်သွားရန် အစီအစဉ် ရှိသော်လည်း အချိန်နှင့် နေရာကို မသတ်မှတ်ရသေးပာု ကုမ္ပဏီတာဝန်ရှိသူက ပြောကြားသည်။

အာဂျီနိုမိုသည် ၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီးမှ ပိတ်ထားခဲ့ရသော ရန်ကုန်ရုံးခွဲကို ပြန်လည် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။

*****************************

မြန်မာနိုင်ငံသည် အိန္ဒိယနှင့် တရုတ်ကြားတွင် ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်နိုင်ပာု အိန္ဒိယဝန်ကြီးချုပ်ပြော

(31 May 2012 ရက်စွဲပါ The Times of India မှ Myanmar can be link between India, China:PM ကို ဘာသာပြန်ဆိုသည်)

သဘာဝဓာတ်ငွေ့ကြွယ်ဝသော မြန်မာနိုင်ငံတွင် အိန္ဒိယနှင့် တရုတ်တို့ အပြိုင်အဆိုင် ဖြစ်လာနိုင်သော တွက်ဆမှုများနှင့် ပတ်သက်၍ ဝန်ကြီးချုပ် မန်မိုပာန်ဆင်းက ပြောကြားရာတွင် မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယကြားတွင် စီးပွားရေး တံတားတစ်စင်းသဖွယ် လုပ်ဆောင်ပေးနိုင်သည့် ပြည့်စုံသော အနေအထားတွင် တည်ရှိကြောင်း ပြောကြားခဲ့သည်။ ယခင်က အိန္ဒိယအစိုးရ တာဝန်ရှိသူများက မြန်မာနိုင်ငံကို အိန္ဒိယအတွက် အာဆီယံသို့ ဆက်သွယ်နိုင်သော ဂိတ်ပေါက်သဖွယ် ဖော်ပြခဲ့ကြရာမှ ယခုအခါ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို အိန္ဒိယနှင့် တရုတ်ကြား ဆက်သွယ်ပေးမည့် လမ်းကြောင်းအဖြစ် အစိုးရက ပြောခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် တရုတ်သည် ၇၀% ကျော် ပါဝင်နေချိန်တွင် အိန္ဒိယသည် နံပါတ်(၁၃)နေရာတွင် ရှိနေသည်။ အိန္ဒိယသည် မြန်မာနိုင်ငံတွင် စီးပွားရေးအရ ပိုမို နေရာရရေး ကြိုးစားနေသည် ဆိုသော်လည်း၊ နောက်ကျ ရောက်လာသော ဂျော်နီ(Johnny come-lately)အဖြစ်သာ ရှိနေသေးပြီး ၎င်း၏ ကုလားတန် ဘက်စုံသုံးစီမံကိန်း ကဲ့သို့သော အခြေခံအဆောက်အဦး စီမံကိန်းများ အောင်မြင်ပြီးစီးရန် ခက်ခဲနေဆဲဖြစ်သည်။ အခြားတစ်ဖက်တွင် Beijing သည် မြန်မာနိုင်ငံမှ တရုတ်သို့ ဓာတ်ငွေ့ပိုက်လိုင်းပင် တည်ဆောက်နေပြီဖြစ်သည်။

“မြန်မာနိုင်ငံပာာ အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒအတွက် အရေးပါတဲ့ ပါတနာဖြစ်ပါတယ်။ နေုာက်ပြီး အိန္ဒိယနဲ့ တရုတ်ကြား၊ တောင်အာရှနဲ့ အရှေ့တောင်အာရှကြားမှာ စီးပွားရေးအရ တံတားတစ်စင်းသဖွယ် ပြည့်စုံတဲ့ နေရာမှာ တည်ရှိပြီး လုပ်ဆောင် ပေးနိုင်ပါတယ်”ပာု ဆင်းက ၎င်း၏မြန်မာခရီးစဉ် အပြီးတွင် ရန်ကုန်ရှိ ဉာဏ်ကြီးရှင်အဖွဲ့တစ်ခု၌ ပြောကြားခဲ့သည်။

အိန္ဒိသည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုကို ပုဂ္ဂလိကကဏ္ဍမှ သွားရောက် ရင်းနှီးရန် ရည်မှန်းချက် ပြောင်းလဲလာခြင်းကြောင့် လုပ်ငန်းကြီးများမှ CEO များလည်း မြန်မာနိုင်ငံသို့ လိုက်ပါ လာခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ဆင်းက လူပြောများသော ထိုင်းနိုင်ငံသို့ လမ်းမကြီး အပါအဝင် အန္ဒိယအစိုးရ ငွေကြေးထည့်ဝင် လုပ်ဆောင် နေသော စီမံကိန်းများ၏ အတော်များများ ပြောခဲ့သည်။ “လမ်းဖောက်လုပ်ရေး စီမံကိန်း အတော်များများ ပူးပေါင်း ဆောင်ရွက်ရန် ကျွန်တော်တို့ သဘောတူခဲ့ကြပါတယ်။ အားလုံးအတွက် အသုံးဝင်မယ့် သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး ဖြစ်တဲ့ အိန္ဒိယ၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ကို ဆက်သွယ်ပေးမယ့် လမ်းမကြီး ၂၀၁၆ မှာ လုံးဝပြီးစီးမယ်လို့ မျှော်လင့်ပါတယ်။”ပာု ၎င်းကပြောသည်။

အိန္ဒိယသည် ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းကို အကောင်အထည်ဖော်လျက် ရှိသည်။ အဆိုပါ စီမံကိန်းတွင် စစ်တွေဆိပ်ကမ်းအား အဆင့်မြှင့်တင်ရေး၊ အိန္ဒိယမီဇိုရမ်ပြည်နယ် နယ်စပ်မှ ချင်းပြည်နယ် ပလက်ဝသို့ ဆက်သွယ်သော အဝေးပြေးလမ်း ဖောက်လုပ်ခြင်းများ ပါဝင်သည်။ “ဒီအရေးပါတဲ့ စီမံကိန်းပာာ ဒီဒေသရဲ့ စီးပွားရေးကို ပြန်လည် သန်စွမ်းလာစေမှာဖြစ်ပြီး ကူးသန်း ရောင်းဝယ်ရေးနဲ့ သင်္ဘောသွားလာရေး လမ်းကြောင်းကို ဆက်စပ်ပေးပါလိမ့်မယ်။ ဒီစီမံကိန်းကို ၂၀၁၅ မှာ ပြီးစီးမယ်လို့ မျှော်လင့်ပါတယ်”ပာု သူကပြောသည်။ထို့ပြင် ၂၀၁၅ တွင် နှစ်နိုင်ငံကုန်သွယ်ရေး ဒေါ်လာ(၃)ဘီလီယံကျော်မည်ပာု ခန့်မှန်းသည်ပာု ၎င်းကဆိုသည်။

၎င်း၏ ခရီးစဉ်တွင် ဇပါးရှားဘုရင်၏ ဂူဗိမာန်သို့ သွားရောက်ကာ ဒေါ်လာ တစ်သိန်း လှူဒါန်းခဲ့ပြီး၊ ရွှေတိဂုံဘုရားသို့လည်း သွားရောက်ခဲ့သည်။

*****************************

U-2 ရော့ခ်စတားဘိုနိုကေ ဒေါ်အောင်ဆန်းစုကြည်ကို Amnesty ဆုပေးအပ်မည်

(The West Australian News မှ 31 May 2012 ရက်စွဲပါ "Bono to present Amnesty award to SuuKyi" သတင်းကို ဘာသာပြန်ဆိုသည်။)

နောက်လတွင် ၂၄ နှစ်အတွင်း ပထမဆုံး နိုင်ငံတကာ ခရီးထွက်ခွာလာမည့် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် တစ်စိတ်တစ်ပိုင်း အဖြစ် ဒဗ်ဗလင်မြို့သို့ ရောက်ရှိချိန်တွင် ကမ္ဘာကျော် ရော့ခ်စတား ဘိုနိုကေ က Amnesty International ၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုကို ပေးအပ်လိမ့်မည်ဟု U-2 အဖွဲ့အဆိုတော်နှင့် အခြားစည်းရုံး လှုပ်ရှားသူများက ထုတ်ပြန်ကြေညာလိုက်သည်။

၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု၊ ၂၀၀၉ ခုနှစ်တွင် Amnesty's Ambassator of Conscience ဆုတို့ကို ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေးနိုင်ငံ အော်စလို၌ နိုဘယ်ဆု လက်ခံစကားပြောကြားပြီး နောက်တစ်ရက် ဇွန် ၁၈ တွင် ဒဗ်ဗလင်သို့ သွားရောက်ရန် စီစဉ်ထားသည်။ မြန်မာ ဒီမိုကရေစီခေါင်းဆောင်သည် ပြီးခဲ့သော ၂၄ နှစ်အတွင်း ၁၅ နှစ်ခန့် အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသောကြောင့် နိုင်ငံတကာဂုဏ်ပြုဆု မှန်သမျှကို ကိုယ်တိုင်လက်ခံယူနိုင်ခြင်း မရှိခဲ့ပါ။ ရံဖန်ရံခါ လွတ်မြောက် နေသည့်တိုင်အောင် တပ်မတော်အစိုးရက ပြည်ဝင်ခွင့် ပြန်ပေးမည် မဟုတ်သောကြောင့် ပြည်တွင်းမှ မထွက်နိုင်ခဲ့ပါ။

U-2 ရော့ခ်စတား ဘိုနိုကေသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို တောင်းဆိုသည့် ၂၀၀၉ ခုနှစ် ဂီတပွဲများကို ဆက်တိုက်ကျင်းပခဲ့ပြီး ထိုနှစ် ဒဗ်ဗလင် ဂီတပွဲတစ်ခု၌ မြန်မာဒီမိုကရေစီခေါင်းဆောင်ကို Amnesty ဆု ချီးမြှင့်ကြောင်း ထုတ်ဖော် ကြေညာခဲ့သည်။ ဇွန်လ ၁၈ ရက် အခမ်းအနားသည်  အသက် ၆၆ နှစ်အရွယ် ဒီမိုကရေစီခေါင်းဆောင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်လိမ့်မည်ဟု ဘိုနိုကေက ပြောကြားခဲ့သည်။

"စစ်တပ်အားကိုးအာဏာရှင်အပေါ် ကြီးမြတ်တဲ့ ဂရုဏာနဲ့ ခွင့်လွှတ်အနိုင်ယူတာကို မြင်ရတာဟာ ကြုံတောင့်ကြုံခဲပါပဲ။ ဒီလိုဖြစ်လာတဲ့ အချိန်မှာ ကျွန်တော်တို့ လုပ်နိုင်တဲ့ အမြူးတူးဆုံး အသံကို လုပ်ပြသင့်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂရုဏာနဲ့ ရဲရင့်မှုဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ယိမ်းထိုးနေတဲ့ ကမ္ဘာကြီးကို ကဗျည်း ထိုးလိုက်ပါပြီ။ ဒါပေမယ့် အကျဉ်းထောင်မှာ သူမကို သွားတွေ့ရမယ်ဆိုရင်တော့ တကယ့်ကို တုန်လှုပ်စရာပါ"ဟု ကမ္ဘာကျော် U-2 ရော့ခ်စတား ဘိုနိုကေ က ပြောကြားခဲ့သည်။

ယခင်အစိုးရ အကြီးအကဲ၏ နိုင်ငံရေးလှည့်ကွက် အဖြစ် လွတ်မြောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သောလတွင် လွှတ်တော်ကိုယ်စားလှယ်(အမတ်) အဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် အိမ်နီးချင်းနိုင်ငံသို့ အင်္ဂါနေ့က သွားရောက်ခြင်းဖြင့် သူမ၏ ပထမဆုံး နိုင်ငံတကာခရီးစဉ်ကို စတင်လိုက်ပြီဖြစ်သည်။ သူမ၏ ဥရောပခရီးစဉ်တွင် ဗြိတိန်နိုင်ငံ အထက်၊ အောက် လွှတ်တော်နှစ်ရပ်စလုံး၌ မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်။

ထို့အပြင် ဒဗ်ဗလင်သို့ ရောက်ရှိခိုက် Electric Burma ဟု အမည်ပေးထားသော တေးဂီတပွဲသို့လည်း ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် လာရောက်လိမ့်မည်ဟု မျှော်လင့်ရသည်။

ဂီတပွဲစည်းရုံးလှုပ်ရှားသူ Amnesty တာဝန်ရှိသူ ဘီရှစ်ဆေးက ယခုဂီတပွဲတွင် သရုပ်ဆောင် ဗင်နီဆာရက်ဂရေ့ဗ်၊ ဖော့ခ်ရော့ခ်အဆိုတော် ဒမ်မီယမ်ရိုက်စ်နှင့် ရေးဗားအကအဖွဲ့တို့ကလည်း ပါဝင်ကြမည်ဟု ပြောကြားသည်။

ဘိုနိုကေကဲ့သို့ လူသားခြင်းစာနာရေး လှုပ်ရှားနေသူ အိုင်းရစ် ရော့ခ်စတား ဘော့ဘ်ဂဲလ်ဒေါ့ သည်လည်း ယခုဂီတပွဲသို့ ပါဝင်တက်ရောက်မည် ဖြစ်သည်။ ဂဲဒေါ့ဗ်က ဒေါ်အောင်ဆန်းစုကြည်အား"သူမသည် နိုင်ငံအတွက် သူမ၏ လွတ်လပ်ခွင့် နှင့် မိသားစုတို့ကို စွန့်လွှတ်ခဲ့ရသည့် သိက္ခာရှိသော ဖြောင့်မတ်သော၊ ရဲရင့်သော၊ သံမဏိကဲ့သို့ စိတ်ဓာတ်ခိုင်မာသော အမျိုးသမီး သူရဲကောင်းတစ်ဦး ဖြစ်သည်။ ယခုကဲ့သို့ သူမ လာရောက်ခြင်းကြောင့် အိုင်ယာလန်ကို ဂုဏ်သိက္ခာ တက်စေသည်" ဟု ဂုဏ်ပြုပြောဆိုခဲ့သည်။

                                         ************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၃၁.၅.၂၀၁၂

ဘာသာပြန်သတင်းများ

  1.  ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းလိုက်သော မြန်မာနိုင်ငံသို့ ကမ္ဘာ့ခေါင်းဆောင်များ ရောက်ရှိလာ

(IANS News မှ 28 May 2012 ရက်စွဲပါ "Democratic Myanmar gets world leaders" သတင်းကို ဘာသာပြန်ဆိုသည်)

  1. အိန္ဒိယ နှင့် မြန်မာ ရေနံဓါတ်ငွေ့ ရှာဖွေရေး သဘောတူလက်မှတ်ထိုး

(Busines Standard မှ 28 May 2012 ရက်စွဲပါ “India, Myanmar ink pack.on petroleum exploration”သတင်းကို ဘာသာပြန်ဆိုသည်)

  1. စင်္ကာပူရှိ မြန်မာနိုင်ငံ၏ အခြေပစ္စည်း စတော့ရှယ်ယာ မြင့်တက်

(29 May 2012 ရက်စွဲပါ Forbes မှ Myanmar(Burma) property stock soars in Singapore ကိုဘာသာပြန်သည်)

  1. မြန်မာနိုင်ငံကို ကုန်သွယ်ရေးအခွင့်အလမ်းတစ်ရပ်အဖြစ် အိန္ဒိယစီးပွားရေး လုပ်ငန်းရှင် များရှုမြင်

(ANI သတင်းဌာနမှ 29 May 2012 ရက်စွဲပါ Indian Business Leaders view Myanmar as a growing opportunity for trade ကိုဘာသာပြန်ဆိုသည်)

***************************

ဘာသာပြန်သတင်းများ         

ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းလိုက်သော မြန်မာနိုင်ငံသို့ ကမ္ဘာ့ခေါင်းဆောင်များ ရောက်ရှိလာ

(IANS News မှ 28 May 2012 ရက်စွဲပါ "Democratic Myanmar gets world leaders" သတင်းကို ဘာသာပြန်ဆိုသည်)

ယခုအခါ ဒီမိုကရေစီစနစ်ကို ခွင့်ပြု အားပေးတော့မည့် မြန်မာအာဏာပိုင်များ၏ အထင်ကရ ဆုံးဖြတ်ချက်ကြောင့် ယခင်က တံခါးပိတ် အထီးကျန် သီးခြားနေထိုင်ခဲ့သော မြန်မာနိုင်ငံသို့ ကမ္ဘာတစ်လွှားမှ VVIP အလွန့်အလွန် အရေးကြီးသော ခေါင်းဆောင်ပုဂ္ဂိုလ်များစွာ လာရောက်လျက် ရှိသည်။

အဆိုပါ စာရင်းတွင် နောက်ဆုံးကပ်၍ ပါဝင်လာသူမှာ တနင်္ဂနွေနေ့က နေပြည်တော်သို့ ခြေချခဲ့သော မန်မိုဟန်ဆင်း ဖြစ်သည်။ သူသည် ၂၅ နှစ်အတွင်း မြန်မာနိုင်ငံရောက် ပထမဆုံး အိန္ဒိယဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

မနှစ်က နိုဝင်ဘာလ ၃၀ ရက်တွင် ရောက်ရှိခဲ့သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသို့ ရောက်လာသော ပထမဆုံး နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ဖော်စတာဒါးလပ်စ်၏ ခရီးစဉ်သည် သူမ မတိုင်မှီ နောက်ဆုံး လာရောက်ခဲ့ခြင်းဖြစ်သည်။

၂၉ နှစ်အတွင်း တောင်ကိုးရီးယားခေါင်းဆောင် တစ်ဦး၏ ပထမဆုံး မြန်မာခရီးစဉ်အဖြစ် သမ္မတလီမြောင်ဘတ်သည်လည်း မေလ ၁၅ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။ သမ္မတ လီမြောင်ဘတ် ခရီးစဉ်၏ ထူးခြားမှုမှာ ဝတ်စုံပြည့် လက်နက်ကိုင် ကိုယ်ရံတော်များကို သင်္ကေတမြောက် ပြသထားခြင်းဖြင့် ပြိုင်ဖက် မြောက်ကိုးရီးယားတို့၏ ကျင့်ဝတ်သိက္ခာမဲ့လွန်းသော ရန်လိုမှုကို မီးမောင်း ထိုးပြလိုက်ခြင်းပင် ဖြစ်သည်။

၂၀၀၈ ခုနှစ်က နာဂစ် ဒုက္ခသည်များကို အကူအညီပေးနိုင်ရန် ရန်ကုန်သို့ အိမ်တိုင်ရာရောက် လာရောက် ညှိနှိုင်းခဲ့ရသော ကုလသမဂ္ဂအကြီးအကဲ ဘန်ကီမွန်းသည်လည်း သိပ်မကြာသေးခင် ဧပြီ ၂၉ ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည်လည်း ဧပြီလအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ရာ မြန်မာနိုင်ငံ ၁၉၄၈ ခုနှစ် ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံး လာရောက် လည်ပတ်သော ဗြိတိသျှ ဝန်ကြီးချုပ်အဖြစ် သမိုင်းမှတ်တမ်းဝင်သွားသည်။

ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ယင်လပ်ခ် ရှင်နာဝပ်ထရာ သည် ၂၀၁၁ အောက်တိုဘာလတွင် နေ့ချင်းပြန် ခရီးစဉ် လာရောက် သွားခဲ့သည်။

ယခင်က မြန်မာနိုင်ငံကို တပ်မတော် အာဏာရှင်များက စစ်အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ခဲ့သောကြောင့် အနောက်အုပ်စု ဦးဆောင်သော နိုင်ငံတကာ အသိုင်းအဝိုင်းက တပ်မတော် အစိုးရကို အရေးယူဒဏ်ခတ် ပစ်ပယ်ကာ ဝေးဝေးမှ ရှောင်ခဲ့ကြသည်။

သို့သော် ယခုအခါ မြန်မာ စစ်ဖက်အုပ်ချုပ်သူများက လိုလိုလားလား မရှိလှသည့်တိုင်အောင် ဒီမိုကရေစီစနစ်ကို ခွင့်ပြုလက်ခံလိုက်လျောပေးရန် အခြေအနေအရ ဆုံးဖြတ်ခဲ့ကြပြီးနောက်ပိုင်း အရာရာ စတင် ပြောင်းလဲနေပြီဖြစ်၍ နိုင်ငံတကာ ခေါင်းဆောင်များက အားရကျေနပ်စွာ ချီးကျူးထောပနာ ပြုလျက် ရှိသည်။

***************************

အိန္ဒိယ နှင့် မြန်မာ ရေနံဓါတ်ငွေ့ ရှာဖွေရေး သဘောတူလက်မှတ်ထိုး

(Busines Standard မှ 28 May 2012 ရက်စွဲပါ “India, Myanmar ink pack.on petroleum exploration”သတင်းကို ဘာသာပြန်သည်)

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် ရေနံ ဓါတ်ငွေ့ရှာဖွေခြင်းနှင့် ထုတ်လုပ်ခြင်း၊ စက္ကူနှင့် ပျော့ဖတ်စက်ရုံ ငှားရမ်းခြင်းတို့နှင့် သက်ဆိုင်သော သဘောတူစာချုပ်ကို ယနေ့ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆူနီးဘာရ်တီမီယ်လ် ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် ဝန်ကြီးချုပ်မန်မိုဟန်ဆင်း၏ ၃ရက်ကြာ မြန်မာခရီးစဉ်တွင် လိုက်ပါသွားခဲ့ကြခြင်းဖြစ်သည်။

အထက်ပါ နားလည်မှုစာချွန်လွှာ ၃ ခုကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဗွီအက်စ်စီရှာဒရီ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရှိရသည်။

ကုန်းတွင်းရေနံလုပ်ကွက် PSC – 1 တွင် ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေးဆိုင်ရာ သဘောတူစာချုပ်ကို အိန္ဒိယ Jubilant Oil & Gas Private ltd မြန်မာပါရမီ စွမ်းအင်ဖွံ့ဖြိုးရေးကုမ္ပဏီနှင့် မြန်မာအစိုးရပိုင် ရေနံနှင့် ဓါတ်ငွေ့လုပ်ငန်း MOGE တို့အကြား လက်မှတ်ရေးထိုးခဲ့ကြသည်။

သာပေါင်းစက္ကူနှင့် ပျော့ဖတ်စက်ရုံ ငှားရမ်းခြင်းအတွက် နားလည်မှုစာချွန်လွှာကိုမူ အိန္ဒိယ JK Group နှင့် မြန်မာစက်မှုဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့သည်။

အိန္ဒိယစီးပွါးရေးကိုယ်စားလှယ် အဖွဲ့သည် မြန်မာသမ္မတဦးသိန်းစိန် နှင့် အခြား အစိုးရဝန်ကြီးများကိုလည်း သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြသည်။

“မြန်မာနိုင်ငံ၏ ဆေးဝါးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍ၊ အိုင်တီကဏ္ဍ နှင့် ထုတ်လုပ်ရေးကဏ္ဍများတွင် အိန္ဒိယလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် သမ္မတဦးသိန်းစိန်က ဖိတ်ခေါ်လိုက်သည်”ဟု အိန္ဒိယ စီးပွားရေးကိုယ်စားလှယ်အဖွဲ့က ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံမှ နည်းပညာ လိုအပ်နေသော အသေးစား၊ အလတ်စား လုပ်ငန်းကဏ္ဍအတွက် SME ကဏ္ဍသည်လည်း အလားအလာကောင်းသည်ဟု သမ္မတက ပြောကြားခဲ့ကြောင်း ကိုယ်စားလှယ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

***************************

စင်္ကာပူရှိ မြန်မာနိုင်ငံ၏ အခြေပစ္စည်း စတော့ရှယ်ယာ မြင့်တက်

(29 May 2012 ရက်စွဲပါ Forbes မှ Myanmar(Burma) property stock soars in Singapore ကိုဘာသာပြန်သည်)

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်မှ စခဲ့သည့် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများသည် ဆယ်စုနှစ်များစွာ စစ်တပ်အုပ်ချုပ်ရေးကြောင့် ပျက်ယွင်းခဲ့ရသော နိုင်ငံရေး၏ ပုံရိပ်ကို အသွင်ပြောင်းလဲပေးခဲ့သည်။ အနောက်အင်အားကြီးနိုင်ငံများက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရေးယူမှုများကို ဖြေလျော့ပေးခြင်းဖြင့် တုန့်ပြန်ကြရာ စီးပွားရေးအရ တိုးတက်လာရန် မျှော်လင့်ချက်များ မြင့်တက်လာခြင်း၊ အကူအညီများ စတင် စီးဝင်လာရန် မျှော်လင့်ချက်များရှိလာခြင်းနှင့် ဈေးကွက်ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ်ရန်ရှိလာသည်။ (ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်မှာ ထိုသို့ဖြစ်ရန် အားပေးမည့်ဥပဒေဖြစ်သည်)။ မြန်မာနိုင်ငံသည် ဆင်းရဲသောနိုင်ငံ ဖြစ်သော်လည်း၊ ၁ ရာခိုင်နှုန်းမှာမှာမူ အလွန့်အလွန် ချမ်းသာသည်။ သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ မပြုလုပ်မီ ယခင်နှစ်များကပင် ရန်ကုန်မြို့၏ မြေဈေးများမှာ လျှင်မြန်စွာ တက်လာခဲ့သည်။

မြန်မာနိုင်ငံတွင် တစ်ခုခုလုပ်ကိုင်လိုသော သာမန်ရင်းနှီးမြှုပ်နှံသူများအတွက် ကောင်းမွန်သော ရွေးချယ်စရာ အနည်းငယ်သာ ရှိသည်။ ရင်းနှီးငွေဈေးကွက်နှင့် ကောင်းမွန်သော တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အနည်းငယ်သာရှိသည်။ စတော့စာရင်းဝင် ကုမ္ပဏီတစ်ခုမှာ မြန်မာနိုင်ငံတွင် အတွေ့အကြုံများစွာရှိသော Yoma Strategic Holdings ဖြစ်သည်။ ၄င်းသည် စင်္ကာပူစတော့စာရင်းဝင် ဖြစ်ပြီး မြန်မာပြည်ဖွား လုပ်ငန်းရှင် Serge Pun ကဦးစီးထားသည်။ Pun သည်မကြာသေးမီက Yoma တွင် အမျိုးမျိုးအသုံးပြုနိုင်သော အခြေပစ္စည်း စီမံကိန်းတစ်ခု( mixed-use property project)ကိုထည့်သွင်းခဲ့ရာ၊ မြန်မာနိုင်ငံတွင် အခြေပစ္စည်း ဈေးတက်ဖွယ်ရှိခြင်းကြောင့် စတော့ဈေးနှုန်း မြင့်တက်ခဲ့သည်။ Yoma ၏ စတော့ဈေးနှုန်းမှာ နှစ်စက စတင်သည်ထက် ၈၀% တက်လာခဲ့သည်။ အခြား အာရှဈေးကွက်မှ သုညနီးပါသာရှိသော  တိုးတက်မှုထက်စာလျှင်များစွာ မြင့်တက်မှု ဖြစ်သည်။ မတ်လ(၃၁) အထိကာလအတွင်း ၄င်း၏ အမြတ်ငွေသည် နှစ်ဆဖြစ်ပြီး ဒေါ်လာ(4.7)သန်းရှိလာသည်။

မြန်မာနိုင်ငံတွင် စွန့်စားရမှုများသည် နည်းလမ်းနှစ်ခုစလုံးကို အနှောင့်အယှက် ဖြစ်စေသည်။ နိုင်ငံရေးအရ မသေချာမရေရာမှုများသည် Yoma ၏ အခြေပစ္စည်းတွင် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို အေးတိအေးစက် ဖြစ်စေသည်။ ယခုအပတ် ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မိန့်ခွန်းပြောမည့် သတင်းတက်လာမှုကို မျှော်လင့်နေကြသည်။ အချိန်များလည်း ပြောင်းလဲခဲ့သလို၊ နောက်ဆုံးတွင် မြန်မာနိုင်ငံသည်လည်း ပြောင်းလဲခဲ့ပြီဖြစ်သည်။

                                                ***************************

မြန်မာနိုင်ငံကို ကုန်သွယ်ရေးအခွင့်အလမ်းတစ်ရပ်အဖြစ် အိန္ဒိယစီးပွားရေး လုပ်ငန်းရှင် များရှုမြင်

(ANI သတင်းဌာနမှ 29 May 2012 ရက်စွဲပါ Indian Business Leaders view Myanmar as a growing opportunity for trade ကိုဘာသာပြန်ဆိုသည်)

လက်ရှိအချိန်သည် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်ရမည့် အချိန်အခါပင်ဖြစ်သည်ဟု အိန္ဒိယထိပ်တန်း စီးပွားရေး ခေါင်းဆောင်ကြီးများက ပြောကြားသည်။

အိန္ဒိယတယ်လီဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းကြီးဖြစ်သော Bharti Airtel ၏ ဥက္ကဌ Sunil Bharti Mittal၊ စတီးလုပ်ငန်းရှင်နှင့် ဥပဒေရေးဆွဲသူ Naveen Jindal အပါအဝင် အခြားသော စီးပွားရေးလုပ်ငန်းရှင်များက လတ်တလော မြန်မာနိုင်ငံ၌ ဖွံ့ဖြိုးတိုးတက်မှုများ ပေါ်ပေါက်နေစဉ် ယင်းသို့ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် ပြောဆိုကြခြင်းဖြစ်သည်။

"မြန်မာနဲ့ ကုန်သွယ်ရေး တိုးမြှင့်နိုင်ဖို့အတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေနဲ့ အလားအလာတွေ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ လုပ်ကိုင်ဆောင်ရွက်မှုတွေ အများကြီး လိုအပ်နေပါသေးတယ်"ဟု Mittal က မီဒီယာများသို့ ပြောကြားသည်။

"ကျွန်တော်ကတော့ နောက်ကျသွားပြီလို့ မထင်မိပါဘူး။ မြန်မာပြည်ဟာ စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ အခုမှ အစပိုင်းမှာပဲ ရှိနေပါသေးတယ်။ လုပ်စရာတွေလည်း အများကြီးပါပဲ။ အခြေခံအဆောက်အဦးတွေလည်း အများကြီး တည်ဆောက်ဖို့ လိုအပ်နေတယ်။ နှစ်နိုင်ငံအကြား နွေးထွေးပြီး သမိုင်းဝင်တဲ့ ဆက်ဆံရေးမျိုး ရှိထားတာကြောင့် နိုင်ငံတကာနဲ့ ယှဉ်ပြိုင်မှုမျိုး ဖြစ်လာတဲ့အချိန်မှာ အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်တွေအတွက် အကူအညီအထောက်အပံ့ ရရှိမှာ ဖြစ်ပါတယ်"ဟု ၎င်းကဆက်လက်ပြောဆိုသည်။

မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းတို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့် ပတ်သက်သည့် အရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း၊ အိန္ဒိယသည် မြန်မာနိုင်ငံ တိုးတက်ကြီးပွားရေးအတွက် ပါဝင်လုပ်ကိုင်ပေးရန် ဆုံးဖြတ်ထားသည့် နိုင်ငံဖြစ်ကြောင်း Naveen Jindal ကဆိုသည်။

"မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့ပါဝင် လုပ်ကိုင်ပေးနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ရှိလာပါပြီ။ ဝန်ကြီးချုပ်မန်မိုဟန်ဆင်းကလည်း ကျွန်တော်တို့နဲ့အတူ အိမ်နီးချင်း မြန်မာနိုင်ငံ ကြီးပွားတိုးတက်အောင် အိန္ဒိယ ကုမ္ပဏီတွေအနေနဲ့ အကူအညီ မဖြစ်မနေ ပေးသင့်တယ်လို့ ဆိုပါတယ်" ဟု ၎င်းကဆိုသည်။

ဒေါက်တာမန်မိုဟန်ဆင်းသည် နှစ်ပေါင်း ၂၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်သည့် အိန္ဒိယဝန်ကြီးချုပ် ဖြစ်သည်။ ၎င်းနှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့သည် နှစ်ဖက်နိုင်ငံမှ ကိုယ်စားလှယ်များကို ဦးဆောင်ကာ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများ ပူးပေါင်း ဆောင်ရွက်ရေး အစရှိသည်တို့ကို ခရီးစဉ်အတွင်းဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံသည် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ကာ တရုတ်ပြည်၏ နိုင်ငံရေးနှင့် စီးပွားရေး သြဇာအာဏာအောက်မှ လွတ်မြောက်အောင် ကြိုးပမ်းနေစဉ် ကာလအတွင်း ဝန်ကြီးချုပ်မန်မိုဟန်ဆင်း လာရောက် လည်ပတ်ခြင်းလည်း ဖြစ်သည်။

        ********************************************************************************

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs