Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၅.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. · ထိုင်း၏ PTTEP သည် အရှေ့တောင်အာရှ၌ ဒေါ်လာ ၃.၆ ဘီလျံရင်းနှီးမြှုပ်နှံမည်

(14 June 2012 ရက်စွဲပါ upstream မှ Thai PTTEP to invest $ 2 .6 bn in SE Asia ကိုဘာသာပြန်ဆိုသည်)

  1. ·ဓာတ်အားမလုံလောက်မှုကို ကိုင်တွယ်ရန် ဂျပန်က မြန်မာကို ဒေါ်လာ သန်း၂၀ ကူညီမည်

(Japan Today မှ 15 Jan 2012 ရက်စွဲပါ “Japan to give $20 million to help Myanmar tackk power shortages”သတင်းကို ဘာသာပြန်ဆိုသည်)

****************************

ဘာသာပြန်သတင်းများ        

ထိုင်း၏ PTTEP သည် အရှေ့တောင်အာရှ၌ ဒေါ်လာ ၃.၆ ဘီလျံရင်းနှီးမြှုပ်နှံမည်

(14 June 2012 ရက်စွဲပါ upstream မှ Thai PTTEP to invest $ 2 .6 bn in SE Asia ကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၏ထိပ်တန်း ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေသူ PTTEP သည် လာမည့် ၅ နှစ်အတွင်း အဓိကအားဖြင့် မြန်မာနိုင်ငံအပါအ၀င် အရှေ့ တောင်အာရှတွင် ဒေါ်လာ ၂.၆ ဘီလျံ ရင်းနှီး မြှုပ်နှံရန်စီစဉ်နေကြောင်း၊လာမည့် ၂၀၂၀ တွင် တစ်ရက်လျှင် ရေနံထုတ်လုပ်မှု စည်ပေါင်းကိုးသိန်းအထိ သုံးဆတက်နိုင်ရန် လမ်းကြောင်းပေါ်တွင်ရှိနေကြောင်း အသစ်ခန့်အပ်သော PTTEP ၏အမှုဆောင်အရာရှိက ပြောသည်။

PTTEP သည် ထိုင်းနိုင်ငံ၏ ဒုတိယတန်ဖိုးအကြီးဆုံးကုမ္ပဏီဖြစ်ပြီး အထက်ပါထုတ်လုပ်မှုရည်မှန်းချက်ပြည့်မှီရန် တစ်ရက်လျှင် စည်ပေါင်း တစ်သိန်းခွဲထပ်မံထုတ်လုပ်ရန် ကုမ္ပဏီများထပ်မံပေါင်းစည်းရေးနှင့် ဝယ်ယူရေးကို မျှော်လင့်ကြောင်း၊ လောလောဆယ် PTTEP သည် လန်ဒန်စာရင်းဝင် Cove Energy အတွက် Royal Dutch Shell နှင့် ယှဉ်ပြိုင်လျှက်ရှိကြောင်း အမှုဆောင်အရာရှိ Tevin Vongvanich က Reuters သို့ ကြာသပတေးနေ့က အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ ဒေါ်လာ ၂ ဘီလျံကျော်ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး၊ အဓိကအားဖြင့် ဇောတိကနဲ့ ပင်လယ်ရေနက်ပိုင်းရှာဖွေရေး လုပ်ကွက်တွေမှာ ငွေအများကြီးလိုအပ်ပါတယ်”ဟု Tevin က ပြောသည်။ထို့အပြင် လာမည့် ၅ နှစ်အတွင်း အသုံးပြုရန်လျာထားသောဘတ်ဂျက်တွင် အရှေ့တောင်အာရှသည် ၂၂% ပါဝင်သည်ဟု ၄င်းက ဖြည့်စွက်ပြောသည်။

ကုမ္ပဏီသည် ၂၀၁၆ တွင် တစ်ရက်ရေနံစိမ်းစည်ငါးသိန်း ထုတ်နိုင်ရေးအတွက် ငွေဒေါ်လာ ၁၀ ဘီလျံကျော်ရှာဖွေရန် မျှော်လင့်ထားပါသည်ဟု ၄င်းကပြောသည်။

PTTEP နှင့် Shell တို့သည် Cove Energy ကိုဝယ်ယူလိုကြသည်။အဘယ်ကြောင့်ဆိုသော် Cove သည် မိုဇမ်ဘစ် မြောက်ပိုင်းကမ်းရိုးတန်းရှိလုပ်ကွက်တွင် ၈.၅ % ပါဝင်နေ၍ ဖြစ်ပြီး ထိုဒေသတွင် အမေရိကန်ကုမ္ပဏီ Anadarko Petroleum Corp သည် ဓာတ်ငွေ့ရည် Lng ကိုပြည်ပသို့ သဘောင်္ဖြင့်ထုတ်နိုင်ရန် စက်ရုံဆောက်ရေး စီစဉ်လျက်ရှိပါသည်။

Anadarko က တနလာင်္နေ့က ဓာတ်ငွေ့များစွာတွေ့ရှိမှုကိုကြေညာခဲ့ရာ အကယ်၍ Shell က Cove အတွက် ၄င်း၏ အဆိုပြုနှုန်းမြှင့်တင်ခဲ့ပါက PTTEP အနေဖြင့် ၄င်း၏ဈေးနှုန်းကို ပြန်လည်ပြင်ဆင်ရန်ရှိမရှိကိုမူ Tevin ကဖြေကြားခဲ့ခြင်း မရှိပေ။

ပြီးခဲ့သည့်လက Cove သည် PTTEP ကအဆိုပြုသော ဒေါ်လာ ၁.၉ ဘီလျံကို သဘောတူခဲ့သည်။ သို့သော် ၄င်း၏ ရှယ်ယာတန်ဖိုးသည် အဆိုပြုသော ရှယ်ယာတစ်စုလျှင် 240 pence ၏အထက်တွင် ရှိနေသည်။သဘောမှာ ဈေးနှုန်းပိုပေးရန်မျှော်လင့်သည့်သဘောဖြစ်သည်။

Cove Energy သည် PTTEP ကထုတ်လုပ်မှုရည်မှန်းချက်ပြည့်မှီရေးနှင့် လောင်စာဆီအရန်ကို ဆယ်နှစ်အထိ တိုးမြှင့်ထားနိုင်ရေးတို့တွင် အကူအညီပေးရာ၌ အဓိကအခန်းကဏ္ဏမှ ပါဝင်လိမ့်မည်ဖြစ်ကြောင်း Tevin ကပြောသည်။ Tevin သည် PTT ၏ ငွေစာရင်းအရာရှိချုပ်ဟောင်းဖြစ်သည်။

“Cove ကိုဝယ်ရတာ ပိုင်ဆိုင်မှုကောင်းတစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံဖို့တန်ပါတယ်”ဟု ၄င်းကပြောသည်။

မြန်မာနိုင်ငံတွင် အနောက်နိုင်ငံများ၏ အရေးယူမှုများရုတ်သိမ်းသွားခြင်းကြောင့် အခွင့်အလမ်းသစ်များ တံခါးပွင့်လာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တော်တော်များများသည် မြန်မာနိုင်ငံတွင် PTTEP နှင့်ပူးပေါင်းလုပ်ဆောင်ရန် စိတ်ဝင်စားမှုကို ပြသလျက်ရှိကြောင်း Tevin ကပြောသည်။

မုတ္တမပင်လယ်ကွေ့အတွင်းရှိ M9 လုပ်ကွက်ဖြစ်သော ဇောတိကသည် ၂၀၁၃ တွင်စတင်ထုတ်လုပ်နိုင်မည်ဖြစ်ရာ တစ်ရက်လျှင် ကုဗပေသန်းပေါင်း ၃၀၀ စတင်ထုတ်လုပ်နိုင်မည် ဖြစ်သည်။ထိုအထဲမှာ 240 mmefd ကိုထိုင်းနိုင်ငံသို့ တင်ပို့မည်ဖြစ်ပြီး ကျန်ပမာဏကိုမြန်မာနိုင်ငံသို့ တင်ပို့မည်ဖြစ်သည်။

ရတနာနှင့် ရဲတံခွန်လုပ်ကွက်များမှ ဓာတ်ငွေ့ရရှိနေခြင်းအပြင် ဇောတိကမှထွက်ရှိလာပါက မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့ ဓာတ်ငွေ့တင်ပို့နေမှုမှာ တစ်ရက်လျှင် ၁.၂ မှ ၁.၃ ဘီလျံကုဗပေထိ တက်လာမည်ဖြစ်သည်ဟု မေလ(၁)ရက်နေ့ကစ၍ ရာထူးယူခဲ့သော Tevin ကပြောသည်။

PTTEP သည် မြန်မာနိုင်ငံတွင် ရှာဖွေထုတ်လုပ်ရေးစီမံကိန်းငါးခု လုပ်ကိုင်လျက်ရှိရာ ထိုင်းနိုင်ငံ၏ တိုးတက်လာသောသုံးစွဲမှုကို ဖြည့်ဆည်းနိုင်ရန် ဇောတိကမှထုတ်လုပ်မှုကို မြှင့်တင်ရန်စဉ်းစားလျက်ရှိသည်ဟု ၄င်းကဖြည့်စွက်ပြောသည်။

၎င်းသည် မုတ္တမပင်လယ်ကွေ့တွင် ရှာဖွေလျက်ရှိသောလုပ်ကွက် M3 နှင့် M11 အပါအဝင် အခြားရှာဖွေမှုများအတွက် ပါတနာများ ရှာဖွေလျက်ရှိသည်။

PTTEP သည် ဒေါ်လာ ၁၈ ဘီလျံတန်ဖိုးရှိပြီး ၆၅% ကို မူလမိဘများကပိုင်ဆိုင်ပြီး အာရှတိုက်၏ ထိပတန်းရေနံပိုင်ဆိုင်သူ (၁၀) ဦးတွင် ပါဝင်သည်။၎င်းသည် တရုတ်နိုင်ငံ၏ ရေနံကုမ္ပဏီများဖြစ်သော CNOOC နှင့် Sinopec ကဲ့သို့သော ကုမ္ပဏီကြီးများနှင့် ပြိုင်ဆိုင်လျက်ရှိပြီး နိုင်ငံရပ်ခြားတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုင်ဆိုင်မှုများပိုမိုဝယ်ယူရန် ကြိုးစားလျက် ရှိသည်။

ကုမ္ပဏီ၏ နောက်ဆုံးဝယ်ယူမှုမှာ ကနေဒါသဲထဲတွင် ရေနံရှာဖွေသော Statoil ASA ၏ ၄၀% ပါဝင်မှုကို ဒေါ်လာ ၂.၃ ဘီလျံဖြင့် ဝယ်ယူခြင်းဖြစ်သည်။

PTTEP သည်ရေနံနှင့်ဓာတ်ငွေ့ရှာဖွေထုတ်လုပ်ရေးစီမံကိန်း(၄၁)ခုတွင်ပါဝင်လျက်ရှိရာ လက်ရှိထုတ်လုပ်မှုကိုမြှင့်တင်ရန် ၂၀၁၂ နောက်ပိုင်း တွင်  သြစတြေးလျ၏ Montara လုပ်ကွက်မှ စတင်မည်ဖြစ်သည်။

                                        ******************************************************

ဓာတ်အားမလုံလောက်မှုကို ကိုင်တွယ်ရန် ဂျပန်က မြန်မာကို ဒေါ်လာ သန်း၂၀ ကူညီမည်

(Japan Today မှ 15 Jan 2012 ရက်စွဲပါ “Japan to give $20 million to help Myanmar tackk power shortages”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၌ နာတာရှည် ဓာတ်အားမလုံလောက်မှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားနေခြင်းကို ကူညီရန်အတွက် ဂျပန်နိုင်ငံက အရေးပေါ်ချေးငွေဒေါ်လာ သန်း ၂၀ ပေးရန် ကြာသပတေးနေ့တွင် သဘောတူလိုက်ပြီပာု သတင်းများက ဖော်ပြသည်။

မြန်မာနိုင်ငံ၏ လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီ(USDP) အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအိချီရိုဂမ်ဘာတို့ တိုကျို၌ တွေ့ဆုံဆွေးနွေးပြီးနောက် ၎င်းသဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာအာဏာရပါတီ ကိုယ်စားလှယ် ဦးဌေးဦးက ထိုနေ့တွင်ပင် ဂျပန်ဝန်ကြီးချုပ် ယိုရှီပီာကိုနိုဒါထံသို့ သွားရောက်ဂါဝရပြု တွေ့ဆုံနှုတ်ဆက် ခဲ့သည်။

မြန်မာနိုင်ငံ၌ ဓာတ်အားဖြန့်ဖြူးမှု မလုံလောက်ခြင်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဒီဇယ်ဓာတ်အားပေးစက် ၁၆ လုံးနှင့် လောင်စာဆီဝယ်ယူ ရာတွင် ဂျပန်နိုင်ငံ၏ကူငွေကို အသုံးပြုမည်ပာု ကျိုဒိုသတင်းက ဖော်ပြထားသည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအတွက် ရေအားလျှပ်စစ်ကဏ္ဍအပေါ် ၇၀ ရာခိုင်နှုန်း မှီခိုနေရသော မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သော စစ်အုပ်ချုပ်ရေးကို မနှစ်က အဆုံးသတ်လိုက်ပြီးနောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ကျယ် ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သော နှစ်ပေါင်း ၂၀ အတွင်း တံခါးပိတ်လက်ဝါးကြီးအုပ်သွေးစုပ်ခံရမှုကြောင့် ယိုယွင်းပျက်စီးသွားသော စီးပွားရေးကဏ္ဍကို ယခုအခါ ပြင်ဆင်ပြောင်းလဲရန် စီစဉ်နေပြီး အကျိုးအမြတ် အလားအလာကောင်းသော ဈေးကွက်ရှာဖွေနေသည့် ကမ္ဘာတစ်လွှားမှကုမ္ပဏီများကို ဆွဲဆောင် လျက်ရှိသည်။

အမှားကိုမြင်၍ အမှန်ပြင်ဆင်နေသော မြန်မာနိုင်ငံတွင်းသို့ ဂျပန်ကုမ္ပဏီများ ဆက်တိုက်ဝင်ရောက်နေပြီဖြစ်သောကြောင့် ဂျပန်အစိုးရက မြန်မာ နိုင်ငံထံမှ ရရန်ရှိသော ကြွေးမြီဒေါ်လာ ၃.၇ဘီလျံကို လျှော့ပေါ့ပေးလိုက်ပြီး၊ ယခင် ရပ်ဆိုင်းထားသော ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့မှုကို ပြန်လည်စတင်မည်ပာု ဂျပန်တာဝန်ရှိသူများက ကြေညာထားပြီးဖြစ်သည်။

မြန်မာနိုင်ငံသည် မထုတ်ယူရသေးသော ဓာတ်သတ္တု၊ ဘူမိရုပ်ကြွင်း၊ သစ်တော၊ သဘာဝသယံဇာတများနှင့် အလားအလာကောင်းသော ခရီးသွားလုပ်ငန်းကဏ္ဍတို့ရှိနေသော်လည်း တရားဥပဒေစိုးမိုးမှုအားနည်းခြင်း၊ အဓိက အရေးကြီးသော အခြေခံအဆောက်အဦးကဏ္ဍ မဖွံ့ဖြိုးခြင်းတို့ ကြောင့် စိန်ခေါ်မှုများ ပတ်လည်ဝိုင်းလျက်ရှိသည်။

***********************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၅.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ·မြန်မာအစိုးရပိုင် MOGE နှင့် အလုပ်မလုပ်ရန် ရင်းနှီးမြှုပ်နှံသူများအား ဒေါ်အောင်ဆန်းစုကြည် သတိပေး

(14 Jan 2012 ရက်စွဲပါ Reuters မှ Stephanie Nebehay နှင့် Tom Miles တို့ရေးသားသော Suu Kyi warns investors off Myanmar’s state oil and gar firm ကိုဘာသာပြန်ဆိုသည်)

  1. ·မြန်မာနိုင်ငံတွင် တရုတ်စီမံကိန်းများ ချောမွေ့စွာအကောင်အထည်ဖော်ရန် တရုတ်တောင်းဆို

(Business Standard မှ 14 Jan 2012 ရက်စွဲပါ “China asks Myanmar to ensure smooth implementation of projects” သတင်းကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာအစိုးရပိုင် MOGE နှင့် အလုပ်မလုပ်ရန် ရင်းနှီးမြှုပ်နှံသူများအား ဒေါ်အောင်ဆန်းစုကြည် သတိပေး

(14 Jan 2012 ရက်စွဲပါ Reuters မှ Stephanie Nebehay နှင့် Tom Miles တို့ရေးသားသော Suu Kyi warns investors off Myanmar’s state oil and gar firm ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားအစိုးရများအား ၎င်းတို့၏ ကုမ္ပဏီများကို မြန်မာအစိုးရပိုင်ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းအနေဖြင့် စီးပွားရေးလုပ်ထုံးလုပ်နည်းများ တိုးတက်မလာမချင်း ဖက်စပ်လုပ်ကိုင်ခြင်း ခွင့်မပြုရန် တိုက်တွန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဂျီနီဗာရှိ နိုင်ငံတကာအလုပ်သမားအဖွဲ့(ILO)တွင် ကြာသပတေးနေ့က စကားပြောရာ၌ “မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGE)ပာာ စွမ်းအင်ကဏ္ဍမှာ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်ရာမှာ လက်ရှိအခြေအနေမှာ ပွင့်လင်းမြင်သာမှုရော တာဝန် ယူမှုရော မရှိပါဘူး”ပာု ပြောကြားခဲ့သည်။

“မြန်မာအစိုးရပာာ ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေမှာ ပွင့်လင်းမြင်သာရှိဖို့ IMF ရဲ့ ကောင်းမွန်တဲ့ လုပ်ထုံးလုပ်နည်းတွေလို နိုင်ငံတကာအသိ အမှတ်ပြုစံတွေကို အသုံးပြုဖို့လိုပါတယ်။”ပာု သူက ပြောသည်။ “တခြားတိုင်းပြည်တွေအနေနဲ့  MOGE က အထက်ပါကဲ့သို့ ဥပဒေများ မကျင့်သုံးမချင်း သူတို့ကုမ္ပဏီတွေကို MOGE နဲ့ လုပ်ခွင့်မပြုခြင်းဖြင့် ကူညီနိုင်ပါတယ်”ပာုလည်း ပြောခဲ့သည်။

ကြီးမားသော လူကြိုက်များမှုကို ရရှိထားသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် (၂၅)နှစ်နီးပါးတွင် ပထမဆုံးအကြိမ်အဖြစ် ဥရောပသို့ခရီးထွက်ခဲ့ရာ စစ်အစိုးရအုပ်ချုပ်မှုကို ဆယ်စုနှစ် နှစ်ခုခန့် တိုက်ပွဲဝင်ခဲ့သော သူ့အား မြန်မာနိုင်ငံသို့ ပြန်ရန် တားဆီးခံရဦးမည်လောပာု ယခုတိုင် စိုးရိမ်နေရဆဲဖြစ်သည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံပိုင် CNPC ကို မြန်မာနိုင်ငံအားဖြတ်၍ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း ဆက်သွယ်ခွင့်ပြုထားရာ အရှေ့အလယ်ပိုင်းမှ ရေနံသယ်ယူရာတွင် မလက္ကာရေလက်ကြားအား အသုံးပြုရန်မလို၍ စရိတ်ရော ခရီးအချိန်ကြာမြင့်မှုကိုပါ သက်သာစေမည်ဖြစ်သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဒီစာချုပ်တွေမှာ ဘာတွေပါတယ်ဆိုတာ ကျွန်မတို့ ဘယ်သူမှမသိပါဘူး။ ကျွန်မဆိုလိုချင်တာက တိုင်းပြည်မှာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဆိုချင်တာပါ။ ပွင့်လင်းမြင်သာမှုမရှိခြင်းပာာ အနာဂါတ်မှာ ဒုက္ခများစေမယ့် သံသယအမျိုးမျိုးကို ဖြစ်စေပါမယ်”ပာု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော အနောက်မှရေနံကုမ္ပဏီကြီးများဖြစ်သော Chevron နှင့် Total တို့ကိစ္စကိုမေးမြန်းရာ သူက “Total ကတော့ ကျွန်မတို့တိုင်းပြည်မှာ တာဝန်ယူနိုင်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြိး စစ်အစိုးရ ကို အားပေးသင့်တဲ့အချိန်လို့ ကျွန်မတို့ မယူဆတဲ့အချိန်မှာ လာပြီး ရင်းနှီးမြှုပ်နှံတာတော့ရှိတာပေါ့”ပာု ပြောခဲ့သည်။

“ဒီကိစ္စတွေပာာ လူ့အခွင့်အရေးတို့ ပတ်ဝန်းကျင်ဆိုင်ရာတွေနဲ့ ဆက်စပ်ပတ်သက်နေပါတယ်။ အခုတော့ ဒါတွေကို လေးစားတဲ့ ရင်းနှီးမြှုပ်နှံ သူတွေကိုပဲ ကျွန်မတို့ ဝင်လာစေချင်တယ်လို့ ပြောရမယ့်အချိန်ပါ။ Chevron နဲ့ Total ကိုတော့ ထွက်သွားဖို့ ကျွန်မဆွဲဆောင်မှာ မပာုတ်ဘူးဆိုတာ သေချာ ပါတယ်”ပာု သူကပြောသည်။

မြန်မာနိုင်ငံမှ တိုးတက်မှုများကို အသိအမှတ်ပြုသောအားဖြင့် UN အေဂျင်စီသည် ဆယ်စုနှစ်ကြာမြင့်ခဲ့ပြီဖြစ်သော မြန်မာနိုင်ငံအပေါ် အရေးယူ ထားမှုများကို ဖယ်ရှားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်သည် ILO ၏ နှစ်ပတ်လည်ဝန်ကြီးအဆင့် ကွန်ဖရင့်၌ မတ်တပ်ရပ်၍ လက်ခုပ်သြဘာပေးမှုကို ရရှိခဲ့သည်။ သူက အလုပ်အကိုင် ဖန်တီးပေးမည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကိုသာ ဖိတ်ခေါ်သင့်သည်ပာု ပြောကြားခဲ့သည်။

အရေးယူမှုများ ရုတ်သိမ်းသွားခြင်းကြောင့် မြန်မာနိုင်ငံသို့ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများသည် တာဝန်ယူနိုင် ရမည်ဖြစ်ပြီး အကျိုးအမြတ် ရယူခြင်းထက် ဒီမိုကရေစီလုပ်ငန်းစဉ်ကို အထောက်အကူဖြစ်ရန် လိုအပ်သည်ပာု သူကပြောခဲ့သည်။

“သယံဇာတထုတ်ယူတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့သတိထားရပါမယ် ဘာဖြစ်လို့လဲဆိုတော့ ထုတ်ယူသွားပြီး ဘာမှ ပြန်ဝင်မလာဘူး။ နောက်ဒုတိယတစ်ချက်က အချို့စက်မှုလုပ်ငန်းတွေက အလုပ်အကိုင်များများ မပေးနိုင်ပါဘူး။ ဒါမျိုးကို သတိနဲ့ ချဉ်းကပ်ရပါမယ်”ပာု ဆိုသည်။

“မြန်မာနိုင်ငံပာာ စွမ်းအင်အရင်းအမြစ်အများကြီးရှိတဲ့ တိုင်းပြည်ပါ။ ဒါကို အကောင်းဆုံးနည်းနဲ့ စီမံခန့်ခွဲဖို့ကို အချိန်မဖြုန်းလိုပါဘူး။ ကျွန်မအနေနဲ့ မြန်မာနိုင်ငံမှာ သင့်လျော်ပြီးထိရောက်တဲ့ စွမ်းအင်မူဝါဒတစ်ခုမြင်လိုပါတယ်။ ဒီမူဝါဒနဲ့ သယံဇာတထုတ်ယူရေး ရင်းနှီးမြှုပ်နှံမှုကို ဆက်စပ်အသုံးပြုရ ပါမယ်”ပာု သူက ဆိုသည်။

သူက လယ်ယာစီးပွားကဏ္ဍတွင် တာဝန်ယူနိုင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည်လည်း အကျိုးများနိုင်ကြောင်း၊ တစ်ချိန်တည်းတွင် လယ်ယာ မြေလေးများ ဌားရမ်းသူများအား အကာအကွယ်ပေးရန် မှန်ကန်သော ကြိုတင်သတိပြုမှုများ ရှိရမည်ပာုဆိုသည်။

**************************************

မြန်မာနိုင်ငံတွင် တရုတ်စီမံကိန်းများ ချောမွေ့စွာအကောင်အထည်ဖော်ရန် တရုတ်တောင်းဆို

(Business Standard မှ 14 Jan 2012 ရက်စွဲပါ “China asks Myanmar to ensure smooth implementation of projects” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စတင်ပြီးနောက်ပိုင်း တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ အကောင်အထည်ဖော်မှု နှောင့်နှေးလာခြင်းအပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေသော တရုတ်နိုင်ငံက ၄င်းတို့ကုမ္ပဏီများ၏ တရားဝင်အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ကြားဖြတ်အနှောင့်အယှက်များဖယ်ရှားပေးရန် နေပြည်တော်ကို တောင်းဆိုလိုက်သည်။

တရုတ်ဒုတိယ၀န်ကြီးချုပ် လီကီကျဉ်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံစဉ် “တန်းတူညီမျှဆက်ဆံရေး၊ ကြားဝင်နှောင့် ယှက်မှုများ ဖယ်ရှားရေး၊ ပြဿနာများကို မှန်ကန်စွာကိုင်တွယ်ရေးမူဝါဒကို နှစ်နိုင်ငံစလုံး ဆုပ်ကိုင်ထားရမည်” ဟုပြောကြားခဲ့သည်။

ထို့အပြင် နှစ်နိုင်ငံအဓိက ပူးပေါင်းဆောင်ရွက်နေသောစီမံကိန်းများ ချောမွေ့စွာ သေချာအကောင်အထည်ဖော်မှုရှိစေရန်နှင့် တရုတ်ကုမ္ပဏီများ၏ တရားဝင်အကျိုးစီးပွားများကို အကာအကွယ်ပေးရန် “လီ” က “လွင်” ကိုတောင်းဆိုခဲ့သည်ဟု တရုတ်အစိုးရအာဘော် China Daily သတင်း စာတွင်ဖော်ပြထားသည်။

လီ ၏မှတ်ချက်ပေးမှုများသည် ပြီးခဲ့သောသြဂုတ်လတွင် သမ္မတဦးသိန်းစိန်အစိုးရက တရုတ်တို့ရင်းနှီးမြှုပ်နှံတည်ဆောက်နေသော ဒေါ်လာ ၃.၆ ဘီလျံတန် မြစ်ဆုံတမံစီမံကိန်းကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ပြည်သူလူထုကန့်ကွက်မှု အကြောင်းပြကာ ရုတ်တရက် ရပ်ဆိုင်းရန်ဆုံးဖြတ်ခဲ့သော အနေအထားကို        ကန့်ကွက်သည့်အနေဖြင့် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ဘီဂျင်းကျောထောက်နောက်ခံပေးထားသော တပ်မတော်အစိုးရ အာဏာစွန့်သွားပြီးနောက်တွင် ယခင် အခွင့်ထူးခံ တရုတ်စီမံ ကိန်းများမှာ ပြဿနာများဖြင့် ရင်ဆိုင်နေကြရသည်။ အထက်ပါအငြင်းပွားဖွယ်မြစ်ဆုံတမံစီမံကိန်းကို တပ်မတော်အစိုးရလက်ထက် ၂၀၀၆ တွင်အဆိုပြုခဲ့ပြီး ၂၀၀၉ တွင်မြန်မာ Asia World ကုမ္ပဏီ၊ တရုတ် China Power Investment ကုမ္ပဏီတို့နှင့် ကန်ထရိုက်စာချုပ် လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

ဘီဂျင်းရောက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က“တရုတ်နိုင်ငံနှင့် အလွန်အရေးပါသော ဆက်ဆံရေးကို မြန်မာနိုင်ငံကလည်း ဆက်လက်ထိန်းသိမ်းထားကြောင်း” ပြန်လည်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် နှစ်နိုင်ငံကြား အဓိက စီမံကိန်းများပူးပေါင်းဆောင်ရွက်ရေးကို ထိထိရောက်ရောက် တွန်းအားဆက်ပေးသွားမည်ဖြစ်ပြီး တရုတ် နိုင်ငံ၏ အဓိက အကျိုးစီးပွားနှင့် သက်ဆိုင်သောကိစ္စများအပေါ် ဆက်လက်ထောက်ခံသွားမည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးကပြောသည်။

တရုတ်နိုင်ငံသည် အကြီးစားလျှပ်စစ်ဓာတ်အား စီမံကိန်းများ၊ အခြေခံအဆောက်အဦး စီမံကိန်းများတွင် ငွေအရင်းအနှီးများစွာ မြုပ်ဝင်နေသောကြောင့် ယခုအခါ မြန်မာနိုင်ငံက အမေရိကန်၊ အနောက်အုပ်စု၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယတို့နှင့် ပိုမိုဆက်ဆံကာ ဟန်ချက်ထိန်းနေခြင်းကို ဘီဂျင်းက စိုးရိမ်ကြောင့်ကြစွာ စောင့်ကြည့်လျှက်ရှိသည်။

Chinese Academy of Social Sciences မှ အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူ ကျန်ရှုကိုင်က ဒု-ဝန်ကြီးချုပ်လီ၏ မှတ်ချက်ပေးမှုသည် တမံစီမံကိန်းကို တိုက်ရိုက်ဖိအားပေးရုံမျှသာမကပဲ တရုတ်ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံရန် သင့်တော်သောပတ်ဝန်းကျင်ကိုဖန်တီးပေးရန် တွန်းအား ပေးခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သော ဧပြီလအထိ အမေရိကန်ဒေါ်လာ ၁၃.၉၅ ဘီလျံဖြင့် မြန်မာနိုင်ငံတွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည် လျှက်ရှိသည်။

နှစ်နိုင်ငံဖက်စပ်စီမံကိန်းများအနက် မဟာဗျူဟာမြောက် အရေးပါဆုံးစီမံကိန်းမှာ ရခိုင်ကမ်းရိုးတန်းကျောက်ဖြူမှ စတင်ကာ မြန်မာပြည်အလယ်ပိုင်းကို ကန့်လန့်ဖြတ်၍ ဟူနန်ပြည်နယ်ကူမင်းသို့ ဆက်သွယ်မည့် ကီလိုမီတာ ၂၀၀၀ အရှည်ရေနံ၊ ဓာတ်ငွေ့အမြွှာပိုက်လိုင်းနှင့် ဆက်စပ်ကားလမ်း၊ ရထားလမ်းများတည်ဆောက်နေသည့် စီမံကိန်းဖြစ်သည်။

တရုတ်နိုင်ငံက ယင်းစီမံကိန်းအပေါ်စိုးရိမ်ပူပန်မှုကို မဟာဗျူဟာအရဖုံးကွယ်သိုဝှက်ကာ အမြန်ပြီးစီးအောင် တက်သုတ်ရိုက် တည်ဆောက် နေသည်ဟု မြန်မာ့နိုင်ငံရေးအကဲခတ်အချို့က မှတ်ချက်ပေးထားသည်။          

                                         *****************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs