Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၎.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ကလေးသူငယ်များအတွက် ငြိမ်းချမ်းရေးတံခါးရဲရဲဖွင့်

*****************************************

ဆောင်းပါးကဏ္ဍ

ကလေးသူငယ်များအတွက် ငြိမ်းချမ်းရေးတံခါးရဲရဲဖွင့်

မြို့မသိင်္ခ

(အောက်တိုဘာ ၃ရက်ထုတ် The Empire Journal အတွဲ (၁) အမှတ် (၂၉)မှ ထုတ်ယူဖော်ပြချက်။)

လောကမှာ ကလေးသူငယ်တိုင်း လွတ်လပ်ပျော်ရွှင်ခြင်းကို အလိုရှိကြတယ်။ ငြိမ်းချမ်းသာယာမှုကို နှစ်သက်တတ်ကြပါတယ်။ အပူအပင်အ ကြောင့်အကြကင်းတဲ့ ဘဝကို ပိုင်ဆိုင်ချင်ကြပါတယ်။ သို့သော် ဒီလိုအခွင့်အရေးရတဲ့ ကလေးသူငယ်များရှိသလို မရတဲ့ကလေးသူငယ်များလည်း ရှိတယ်။ လောကကြီးမှာ ဘယ်အရာကိုမှ ပုံသေတွက်လို့မရ မျဉ်းကြောင်းဆွဲဖို့ မလွယ်။

အခုကြည့်လေ ရန်ကုန်မြို့ပေါ်က ကလေးသူငယ်များနဲ့ ကျေးလက်တောရွာမှာနေတဲ့ ကလေးသူငယ်တွေ အခွင့်အရေးရတာချင်း မတူကြဘူး။ မြန်မာပြည်တစ်နံတလျားမှာ ခြုံငုံကြည့်လိုက်ပါဦး။ မြန်မာပြည်မြောက်ဖျားက ကလေးသူငယ်တွေနဲ့ အခြားဒေသက ကလေးသူငယ်တွေဘဝ မတူကြပြန် ဘူး။ လူချင်းတူတယ် အသက်ရှူပုံချင်းမတူဘူးဆိုတာ ဒါမျိုးကိုဆိုတယ်ထင်ပါရဲ့။

ဒီနိုင်ငံမှာနေ ဒီနိုင်ငံမိဘနှစ်ပါးက မွေးဖွားလာကြတဲ့ကလေးတွေ ဘာကြောင့် အခွင့်အရေးအတူ မခံစားကြရတာလဲ။ တခြားကလေးတွေ ခံစားခဲ့ ကြရင် တခြားကလေးတွေလည်း ခံစားနိုင်ရမယ်။ တခြားကလေးတွေရပိုင်ခွင့်ရှိရင် တခြားကလေးတွေလည်း ရပိုင်ခွင့်ရှိရမယ်။ ဒီနိုင်ငံရဲ့ ကလေးသူငယ် များဆိုင်ရာ တရားဥပဒေအကာအကွယ်ကို ကလေးသူငယ်တိုင်း ရသင့်တယ်။

အခုဆိုရင် တခြားသောဒေသက ကလေသူငယ်တွေ မိခင်ရင်ငွေ့မှာ နွေးထွေးလုံခြုံ နေတဲ့အချိန်မှာ မြန်မာပြည်မြောက်ဖျားက ကလေးသူငယ် တွေက ချမ်းချမ်းစီးစီး တောအနှံ့ ခြေဆန့်ပြေးလွှား နေရရှာတယ်။ တခြားသောဒေသက ကလေးသူငယ်တွေ လွတ်လပ်ပေါ့ပါးစွာ ဆော့ကစားနေချိန်မှာ မြန်မာနိုင်ငံမှာ ကျီးလန့်စာစား ထိတ်လန့်ခြင်းများနဲ့ သောကပင်လယ် ဝေနေကြတယ်။

ဒီမြေဟာ ဒို့မြေ၊ တို့ဘိုးဘွားပိုင်ဆိုင်တဲ့မြေ ဒီဒေသဟာ ဒို့ဒေသ တို့သွေးချင်းများရဲ့ ထာဝရရှင်သန်ခြင်းဒေသလို့တောင် မဟစ်ကြွေးနိုင်ခဲ့ပါ။ သြော် သူတို့လေးတွေမှဖြစ်ကြရတယ်လို့ ကျွန်တော်တို့ရင်ဘတ်ဖိ စုတ်သပ်နေရတယ်။ မြန်မာပြည်တစ်ပြည်လုံးမှာ ဒုက္ခသည်ပေါင်းများစွာ ရှိနေပါတယ်ဆို မှ သူတို့လေးတွေရဲ့ ဒုက္ခတွေပိုကြီးနေသလိုပါပဲလား။ ဒုက္ခသည်အစုအဝေး ပေါများတဲ့မြန်မာပြည်မှာ သူ့ထက်ကိုယ်ကပိုဆိုး။ ကိုယ့်ထက် သူတို့အခြေအ နေကတောင် မင်းမြောက်မင်းမပြောနဲ့ လူမင်းဘာမင်းညာမင်းလည်း ကယ်နိုင်မယ့်အနေအထား မရှိပါ။ လူမှုကယ်ဆယ်ရေးအဖွဲ့တွေလည်း တတ်အားသ ရွေ့ လုပ်ကိုင်ကူညီနေကြတာပါပဲ။ ဒါပေမယ့် တို့လေးတွေအဖြစ်က “ပေးကားပေး၏ မရ” “ကျွေးကားကျွေး၏ မဝ”ဆိုတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်။

ဒီပြဿနာတွေ ဘယ်ကစသလဲ၊။ ဒီအခြေအနေမျိုးဖြစ်လာအောင် ဘယ်သူတွေဖန်တီးခဲ့တာလဲ။ စာအုပ်စာပေတွေထဲမှာတော့ ကိုလိုနီနယ်ချဲ့စနစ်ရဲ့ ဆိုး မွေလို့ ရေးထားခဲ့ကြတာပဲ။ ကျွန်တောတို့က လွတ်လပ်ရေးခေတ်မှာ မွေးဖွားခဲ့သူတွေမဟုတ်တော့ တိတိကျကျ မဝေခွဲတတ်ဘူး။ မှန်တယ်၊ မှားတယ်လို့ လည်း အငြင်းမပွားလိုဘူး။ ကျွန်တော်မွေးဖွားခဲ့တဲ့ ဒီဘက်ခေတ်မှာတော့ တရားဥပဒေစိုးမိုးမှု လျော့နည်းတယ်။ တန်းတူညီအခွင့်အရေးမရှိဘူး။ နယ်မြေ အေးချမ်းသာယာမှု ကင်းမဲ့တယ်။

ဒီအကြောင်းတရား အခြေခံကနေ ထိတွေ့ခံစားလာခဲ့ရတဲ့ ဒုက္ခအကျိုးဆက်တွေလို့ ကျွန်တော်ထင်မြင်မိတယ်။ လက်နက်ကိုင် တိုက်ခိုက်နေတာ တွေ ခုထိမရပ်တန့်သေးဘူး။ အုပ်ချုပ်ရေးမညီမျှမှုတွေ မပြေငြိမ်းသေးဘူး။ တန်းတူညီမျှမှုတွေ မဖြေ ရှင်းနိုင်သေးဘူး။ ရပိုင်ခွင့်တွေ အဝေမတည့်ကြ သေးဘူး။ ထစ်ခနဲရှိ လက်နက်ကိုင်ဖြေရှင်းလိုတဲ့ အစွဲတွေ မပြုတ်ကြသေးဘူး။ မတ္တ၊ မာန၊ အာဃာတ မဖြုတ်နိုင်သေးဘူး။ ခုထိ မင်းဘာလဲ၊ ငါဘာလဲ၊ လုပ်နေကြသေးတယ်။ ဘယ်မှာလာငြိမ်းချမ်းရေးအဖြေ ရှာတွေ့ဦးမှာလဲ။ ဒီအတိုင်းသာဆို ဒီလိုပုံ ဒီလိုအချိုး ဒီပုံမျိုးနဲ့ မိုးချုပ်ကြိုးရှုပ်နေကြဦးမှာ ဖြစ်တယ်။ စာအုပ်တွေမှာပါသလို ကိုလိုနီနယ်ချဲ့စနစ်ရဲ့ ဆိုးမွေလို့ပဲထားဦးတော့ ကိုလိုနီနယ်ချဲ့လက်အောက်က လွတ်မြောက်လာချိန်မှာ ကိုယ့်လူမျိုးတွေပဲ တိုင်း ပြည်အုပ်ချုပ်ခွင့်ရလာကြတာ အုပ်ချုပ်ရေးစနစ် ပြောင်းလဲပစ်လို့မရဘူးလား။ ကိုလိုနီစနစ်ရဲ့ ဥပဒေတွေပယ်ဖျက်လို့ မရပေဘူးလား။ ကိုလိုနီခေတ်ရဲ့ မတရားတဲ့အမိန့်၊ ဖိနှိပ်တဲ့ဒီကရီတွေ ဖြိုဖျက်ပစ်လို့ မရပေဘူးလား။ မရလို့လည်း (ဝါ) မပြုပြင်ခဲ့လို့လည်း ခုထိ ပြည်တွင်း၊ စစ်သံသရာ လည်နေတာပေါ့။ ငြိမ်းချမ်းမှုရှာမတွေ့နိုင်သေးတာပေါ့။

ဆယ်စုနှစ်လေးငါးခု မကပြည်တွင်း၊ စစ်သံသရာလည်နေတာပေါ့။ သက်တမ်ရှည်ကြာပြီ၊ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေမှတော့ ထိခိုက်နစ်နာ မှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ ဒုနဲ့ဒေး ကျန်ရစ်ခဲ့ရတာပေါ့။ အဲဒီဒေသက သွေးချင်းညီကိုတွေမှာ ဒုက္ခပင်လယ်ဝေပြီး သောကမျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ကြ တာပေါ့။ ပန်းပွင့်လေးတွေအစား ဗုံးဆန်အမြောက်ဆန်တွေသာရခဲ့။ ပန်းရနံ့ သင်းပျံ့ရမယ့်အစား ယမ်းငွေ့နံ့သာ ထူထပ်ခဲ့။ ကျေးငှက်သာရကာတို့ရဲ့ တေးသံအစား သေနတ်သံတွေသာ သွက်သွက်ညံခဲ့။ စမ်းရေသံအစား သွေးချောင်းစီးတာသာ မြင်တွေ့ခဲ့ရ။ တကယ်ဆိုရင် သွေးချင်းတို့ဒေသ မငြိမ်းချမ်း မှုဟာ တစ်တိုင်းပြည်လုံး မငြိမ်းချမ်းမှုလို့ပဲ ခေါ်ဆိုရမှာ ဖြစ်တယ်။

မငြိမ်းချမ်းမှုအုပ်မိုးထားတဲ့ဒေသမှာ ဒုက္ခများခါးစည်းခံရတာ ကလေးသူငယ်တွေပါပဲ။ တခြားဒေသက ကလေးသူငယ်တွေ ကျောင်းတက်ပျော်ပါး နေတဲ့အချိန်မှာ စစ်ပွဲရဲ့ဘေးလွတ်ရာကို ပြေးလွှားနေကြရတာ အဲဒီကလေးသူငယ်တွေ အစာအာဟာရ မှီဝဲနေရချိန်မှာ အငတ်ငတ်အပြတ်ပြတ် ဖြစ်နေရ တာလည်း အဲဒီကလေးသူငယ်တွေပါပဲ။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ ရပိုင်ခွင့်ဆုံးရှုံးနစ်နာကြရတဲ့ကြားထဲ ကျောင်းတက်ခဲ့၊ ပညာသင်ကြားခွင့်ပါ စွန့်လွှတ်ခဲ့ကြရတာ၊ ညကမည်းမှောင်ပါတယ်ဆိုမှ သူတို့လေးတွေရဲ့ ဘဝညဥ့်နက်ခဲ့ရပြန်တယ်။ ဆုံးရှုံးနစ်နာမှုထဲမှာ ပညာသင်ကြားခွင့်မရတဲ့ သူတို့ အတွက် ပိုဆုံးရှုံးနစ်နာခဲ့ကြရတယ်။ ကူညီဖေးမကယ်ဆယ်ကြပေမယ့် တူးရင်းနက် တူးရင်းနစ်နေကြရပြန်တယ်။ ကျွန်တော်ငယ်စဉ်တုန်းက ရင်းရင်းနှီး နှီးကြားဖူးခဲ့တဲ့ စကားတစ်ခွန်း စာဖတ်သူများကို ဝေမျှပေးချင်တယ်။ “ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်နေတာ”တဲ့။ ငြိမ်းချမ်းရေးလည်း လိုချင်တယ်ပြော တယ်၊ လက်နက်ကိုင်ပြီး တိုက်ခိုက်နေကြသေးတယ်။ ငြိမ်းချမ်းရေးတည် ဆောက်နေကြတာလို့ပြောတယ်၊ လက်နက်ဝယ်ယူ စုဆောင်းနေကြသေးတယ်။ ငြိမ်းချမ်းရေးစားပွဲဝိုင်း ထိုင်ဆွေးနွေးကြတာလို့ပြောတယ်။ တစ်ယောက်နဲ့တစ်ယောက် သံသယဖြစ်နေကြသေးတယ်။ ခုဆိုရင် ပွင့်လင်းမြင်သာတဲ့အချိန် ဖြစ်နေပြီ။ လူတွေ၊ မူတွေ၊ စနစ်တွေ၊ ဥပဒေတွေလည်း ပြောင်းနေပြီ။ စိတ်ဓာတ်ပြင်ကြဖို့ တစ်ချက်လေးပဲလို့တော့တာ။ ပြောင်းလိုက် ရင် အားလုံး “အိုကေ နေပြီ”၊ ငြိမ်းချမ်းချင်သလား ငြိမ်းချမ်းမယ့်အကြောင်းကိုရှာ၊ ညီညွတ်ချင်သလား ညီညွတ်တဲ့လမ်းကိုဖောက်။ တန်းတူညီချင်သလား တန်းတူညီမယ့် အခွင့် အရေးကိုပေး လွတ်လပ်ချင်သလား၊ လွတ်လပ်ခြင်းအရသာဝေမျှ။ ဒါဆို အားလုံးကောင်းစားဖို့ ဖြစ်လာမယ်။ တစ်တိုင်းတစ်ပြည်လုံး ကိုယ်စိတ်နှစ်ဖြာ ကျန်း မာချမ်းသာလာနိုင်မယ်။ အထူးသဖြင့် တစ်နိုင်ငံလုံးမှာ ကလေးသူငယ်များကို ဘဝမြင့်မားစေချင်သလား၊ ငြိမ်းချမ်းရေးတံခါးတွေ ရဲရဲဖွင့်။ စစ်မက်ဖြစ်ပွား ခြင်းကို မြန်မြန်ရပ်။ အာဃာတအမုန်းတွေ သတ္တိရှိရှိ အဆုံးသတ်လိုက်ကြပါဗျာ။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၎.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. တရုတ်ပိုင်ကုမ္ပဏီများအား သပ်သပ်ရပ်ရပ်ဖြင့် နောက်ပြန်လှည့်ရန်နည်းလမ်းများ ရှာဖွေထားဖို့လိုကြောင်း ၈၈ ဆို
  2. လက်ပံတောင်းတောင်စီမံကိန်း ဆက်လက်လုပ်ဆောင်မည်
  3. ထိုင်း-မြန်မာ ပူးတွဲကော်မတီဖွဲ့၍ ထားဝယ်စီမံကိန်းမြန်နှုန်းမြှင့်မည်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. KNPP နှင့် အစိုးရအဖွဲ့အား စီမံကိန်းနယ်မြေများပြုလုပ်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် KCSN တောင်းဆို
  2. ရန်ကုန်တိုင်းဒေသကြီးအစိုးရဘတ်၈ျက် လိုငွေပြမှုအား ဆွေးနွေးခြင်းမရှိ လွှတ်တော်ကိုယ်စားလှယ်များအတည်ပြု

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

တရုတ်ပိုင်ကုမ္ပဏီများအား သပ်သပ်ရပ်ရပ်ဖြင့် နောက်ပြန်လှည့်ရန်နည်းလမ်းများ ရှာဖွေထားဖို့လိုကြောင်း ၈၈ ဆို

ရန်ကုန်၊အောက်တိုဘာလ ၃။

ယခင်အစိုးရလက်ထက်၌ တရုတ်ပိုင်ကုမ္ပဏီများမှ ချုပ်ဆိုထားခဲ့သော စာချုပ်များတွင်နိုင်ငံ၏ပုံရိပ်ဖြစ်သော ဧရာဝတီမြစ်စုံစီမံကိန်းအပါအဝင် အခြားစီမံကိန်းများအတွက် သပ်သပ်ရပ်ရပ်ဖြင့် နောက်ကြောင်းပြန်လှည့်နိုင်သော နည်းလမ်းများကို ရှာဖွေ၍ ရှေ့ဆက်မတိုးသင့်တော့ကြောင်းနှင့် နိုင်ငံရှိ ပြည်သူများအား ထိခိုက်နိုင်သော မည်သည့်စီမံကိန်းကိုမဆို ကန့်ကွက်ရန်ပြင်ဆင်လျက်ရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုပြုံးချိုက အောက်တိုဘာလ ၃ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ရန်ကုန်မြို့၊ တောင်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ပြုလုပ်သော ဧရာဝတီကိုကယ်တင်ခြင်းတစ်နှစ်ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုပွဲ၌ ပြောကြားခဲ့ ခြင်းဖြစ်ပြီး ပြုပြင်ပြောင်းလဲခြင်းကို အခွင့်ကောင်းယူ၍ အမြတ်ထုတ်ယူနေသော လုပ်ငန်းရှင်များအား ရည်ညွှန်း၍ ပြောကြားခြင်းဖြစ်ကြောင်းနှင့် ယခု အစိုးရသစ် သမ္မတကြီးဦးသိန်းစိန်လက်ထက်တွင် ၎င်း၏သမ္မတသက်တမ်း၌ မြစ်စုံစီမံကိန်းအား ပြုလုပ်ခြင်းမပြုရန် ရပ်ဆိုင်းထားသောလည်း ထာဝရရပ် ဆိုင်းသွားရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံမှာမရှိမဖြစ်တဲ့၊ တိုင်းပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့၊ နိုင်ငံရဲ့ပုံရိပ်ကြီး ဧရာဝတီကိုဖျတ်စီးဖို့ မကြိုးစားပါနဲ့၊ အရင်အစိုးရလက်ထက်က အမဲစက်တွေကို ရအောင်ဟန့်တားမယ်၊ တရုတ်တွေလည်း အရင်အစိုးရလက်ထက်ကစာချုပ်တွေနဲ့ ပတ်သက်ပြီး သပ်သပ်ရပ်ရပ် နောက်ပြန်လှည့်မည့် နည်းလမ်းတွေကို ရှာထားဖို့လိုမယ်၊ နောက်စာချုပ်တွေချုပ်တဲ့အခါမှာလည်း နိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့အခွင့်အရေးကို ကာကွယ်မယ့် ကိစ္စတွေပါဝင်လာ မယ့်အပြင် နိုင်ငံတကာစံနှုန်းတွေနဲ့ပါ ချုပ်ဆိုစေရမယ်” ဟု ကိုပြုံးချိုက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသာများအနေဖြင့် မြစ်စုံစီမံကိန်းအား နိုင်ငံတော်သမ္မတကြီးမှ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ရက်တွင် ၎င်း၏သမ္မတသက် တမ်းတစ်လျှောက်တွင် ဆိုင်းငံထားမည်ဟုကြေညာခဲ့သော်လည်း ထာဝရရပ်ဆိုင်းသွားစေရန်အတွက် တိုင်းရင်းသားများ၏ နစ်နာဆုံးရှုံးမှုအား နားလည်စာ နာတက်သူများ၏ ပူးပေါင်းပါဝင်မှုကိုလိုလားကြောင်းနှင့် သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ဦးထွန်းလွင်က “ကျနော်အသက်ကြီးပြီ ကြောက်လည်း ကြောက်တက်ပါတယ်၊ ဒါပေမယ့် ဒီဧရာဝတီ မြစ်စုံစီမံကိန်းကို လုံးဝသဘောမတူဘူး”ဟု ငြင်းဆိုခဲ့ကြောင်း ညွှန်းဆိုခဲ့သည်။

“နိုင်ငံတကာမှာ မြန်မာလို့ပြောနေပြီး မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့ပုံရိပ်ကိုမြှင့်ဖို့ လိုပါတယ်၊ မြန်မာနိုင်ငံရဲ့ပုံရိပ်ကို မြင့်ချင်တယ်လို့ ပြောနေ ပြီး မြန်မာပြည်သူတွေမွဲနေရင်တော့ မကောင်းပါဘူး”ဟု မြစ်ဆုံစီမံကိန်းအား လုပ်ဆောင်ရန်အတွက် တရုတ်နိုင်ငံပိုင်ကုမ္ပဏီများနှင့် သဘောတူလက်မှတ် ထိုးခဲ့သော ယခင်အစိုးရအား ထပ်မံပြောဆိုပြီး“မြစ်ကြီးရှိနေမှ ကျနော်တို့ မိသားစုဝင်တွေဖြစ်တဲ့ တိုင်းရင်းသားတွေအပြင် မှီခိုနေတဲ့ လူသန်းပေါင်းများစွာ ထမင်းစားရမှာပါ”ဟု ဆိုသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံးရေကာတာဆောက်လုပ်ရေးကုမ္ပဏီ CPI ၏ဥက္ကဌ လီချီဂျိုနှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသိန်းလွင်တို့ သည် တရုတ်နိုင်ငံပီကင်းမြို့ရှိ ပြည်သူ့ခန်းမ တွင် မြစ်ဆုံရေကာတာဆောက်လုပ်ရန်အတွက် အတည်ပြုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ၂၀၀၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် အစိုးရပိုင်သတင်းစာတွင် ဖော်ပြထားသည်။

မြစ်ဆုံရေကာတာ စီမံကိန်းအား ကချင်ပြည်နယ်မြစ်ကြီးနားမြို့အထက် ၂၅ မိုင်အကွာတွင် တည်ဆောက်မည်ဖြစ်ပြီး ရေကာတာအမျိုးအစားမှာ ကျောက်ကွန်ကရစ်၊ အမြင့်ပေ ၅၀၀နှင့်အရှည် ၂၉၀ မီတာရှည်လျားကြောင်း၊ ၎င်းရေကာတာမှ လျှပ်စစ်မီဂါဝပ် (၆၀၀၀)အား ထုတ်လုပ်မည်ဖြစ်ကြောင်းနှင့် အဆိုပါလျှပ်စစ်ဓက်အားများအား တရုတ်နိုင်ငံအား ရောင်းချခြင်းဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းပေါင်း(၅၀၀)ခန့်ရရှိမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါမြစ်ဆုံစီမံကိန်းပြုလုပ်ပါက ရေလွှမ်းမိုးမည့်ဧရိယာမှာ စင်္ကာပူနိုင်ငံ၏အကျယ်အန်းနှင့်ညီမျှမည်ဖြစ်ပြီး ဟတ်တာ ၄၈၀၀၀ ခန့်ရှိမည်ဖြစ် ကြောင်းနှင့် ရေဝပ်ဧရိယာအတွင်း ကျေးရွာပေါင်း(၄၉)ရွာ၊ လူဦးရေ (၁၈၀၀၀) ခန့် နေရာရွှေ့ပြောင်းရမည့်အပြင် မြစ်ကြောင်းတစ်လျှောက် မှီတင်းနေထိုင် လျက်ရှိသော လူသန်းပေါင်းများစွာအတွက် အခက်အခဲများဒုက္ခများဖြစ်စေနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များနှင့် နိုင်ငံရေးအသိုင်းအ ဝိုင်းမှ သိရသည်။

မင်းခဏ့်

-----------------------------------------------------------------------------------------------------------------------

လက်ပံတောင်းတောင်စီမံကိန်း ဆက်လက်လုပ်ဆောင်မည်

တစ်နိုင်ငံလုံးရှိ ပြည်သူများက ကန့်ကွက်လျက်ရှိသည့် လက်ပံတောင်းတောင်စီမံကိန်းအား ရပ်ဆိုင်းမည်မပာုတ်ဘဲ ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာ CHENDEFANG က စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဂရင်းမီးရထားပိာုတယ်၌ မီဒီယာသမား များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“ဒီစီမံကိန်း စလုပ်တုန်းဘာပြဿနာမှ မရှိဘူး။ ဒေသခံတွက်ကိုယ်တိုင် ကြည်ကြည်ဖြူဖြူ လျော်ကြေးတွေယူတယ်။ လျော်ကြေးထပ်တိုးတောင်း တယ်။ အဲ့ဒီပြဿနာတွေပဲရှိတယ်။ အခုပာာက စီမံကိန်းရပ်ဆိုင်းပေးပါဆိုတာ အရမ်းကိုပြင်းထန်တယ်။ ဒီလိုတွေဖြစ်လာတယ်ဆိုတာ နိုင်ငံရေးအင်အားစု တွေပါလာလို့ သွေးထိုးလှူံဆော်လို့ဖြစ်တာ”ပာု မြန်မာစီးပွားရေးဦးပိုင်လီမီတက်မှ အကြီးတန်းအရာရှိ ဦးဝင်းကြည်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားကိုဂျင်မီက လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် တောင်းဆိုမှုများတွင် နိုင်ငံ ရေးအင်အားစုများပာု သွေးထိုးလှူံဆော်မှုများကြောင့်ပာု ပြောဆိုချက်များသည် နောက်ကြောင်းပြန်ဆွဲချင်သူတို့၏ ပြောဆိုချက်မျိုးသာဖြစ်ကြောင်း ပြန် လည်ဖြေရှင်းခဲ့သည်။

“ဒီဘက်ခေတ်မှာ နိုင်ငံရေးပယောဂဆိုတာ မရှိတော့ပါဘူး။ ဒါခေတ်နောက်ပြန်ဆွဲတဲ့သူတွေရဲ့ အတွေးအခေါ်ပါပဲ။ အဲဒီပြဿနာက  ဒေသခံပြည် သူတွေနဲ့မပြေလည်လို့ ဖြစ်လာတဲ့ပြဿနာလေ။ ဒေသခံပြည်သူတွေနဲ့ ပြေလည်မယ်ဆိုရင် ဒီကိစ္စက ပြီးသွားတာကြာပြီ။ အဓိကက မပြေလည်တဲ့ ပြဿ နာပဲ”ပာု ကိုဂျင်မီက ပြေကြားသည်။

လက်ပံတောင်းတောင်စီမံကိန်းလုပ်ငန်း လုပ်ကိုင်နိုင်ရန် စီမံကိန်းဧရိယာနှင့်မလွတ်ကင်းသည့် ရွာ ၄ ရွာရွေ့ပြောင်းပေးခဲ့ရပြီး စီမံကိန်းဝန်းကျင် ၂၆ ရွာမှ လယ်မြေဧက ၇၈၀၀ ကျော်သိမ်းဆည်းခြင်းများအပေါ် ဒေသခံပြည်သူလူထုမှ မကျေနပ်သည့်အတွက် ယခုကဲ့သို့ ပဋိပက္ခဖြစ်ပွားလာရခြင်း ဖြစ်သည်။

YC

-----------------------------------------------------------------------------------------------------------------------

ထိုင်း-မြန်မာ ပူးတွဲကော်မတီဖွဲ့၍ ထားဝယ်စီမံကိန်းမြန်နှုန်းမြှင့်မည်

ထိုင်း-မြန်မာ အစိုးရအဆင့်ပူးတွဲကော်မတီဖွဲ့၍ ထားဝယ်စီမံကိန်း အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် စီမံကိန်းမြန်နှုန်းမြှင့်တင်ရေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ထားဝယ်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းကို အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့အတွက် ထိုင်း-မြန်မာ အစိုးရအဆင့်ပူးတွဲကော်မတီကို ဖွဲ့စည်းလိုက်ပါပြီ။ ပြီးတော့ နိုင်ငံတော်သမ္မတဦးသိန်းစိန် ကုလအထွေထွေညီလာခံကိုတက်ရောက်စဉ်ကာလတုန်းကလည်း ထိုင်းဝန်ကြီးချုပ် ယင်လပ်နဲ့ တွေ့ဆုံပြီး ဒီကိစ္စသဘောတူညီခဲ့ပါတယ်။ FDA တွေဝင်မလာခင် ထားဝယ်စီမံကိန်းအမြန်ဆုံးပြီးဖို့အတွက် ဆောင်ရွက်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

နိုင်ငံတော်သမ္မတဦသိန်းစိန် (၆၇)ကြိမ်မြောက် ကုလအထွေထွေညီလာခံတက်ရောက်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ရောက်ရှိစဉ် ထိုင်း ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပတ်ထရာနှင့် တွေ့ဆုံ၍ ထားဝယ်ရေနက်စီမံကိန်း အရှိန်အအပာုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် ထိုင်း-မြန်မာ ပူးတွဲကော်မ တီတစ်ရပ်ဖွဲ့စည်းရေး သဘောတူညီခဲ့ခြင်းဖြစ်ပြီး စီမံကိန်းရှေ့ဆက်နိုင်ရေးအတွက် အဆင့်သုံးဆင့်ပါဝင်သော အုပ်စုများအား စုစည်းချိတ်ဆက်လုပ် ဆောင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ယင်း အဆင့်သုံးဆင့်မှာ မြန်မာဒုသမ္မတနှင့် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးတို့ပါဝင်သည့် ဦးဆောင်ပူးတွဲကော်မတီ၊ ထိုင်းနိုင်ငံ အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးရုံးမှ ဦးဆောင်သည့် ညှိနှိုင်းရေးကော်မတီတစ်ခုနှင့် အခြေခံအဆောက်အဦးများ၊ စက်မှုဇုန်များ၊ စွမ်းအင်များ၊ လူမှုဖွံ့ဖြိုးရေး၊ တရားဥပဒေရေးရာနှင့် ဘဏ္ဍာရေးတို့ကို စီမံဆောင်ရွက်ရန် ကော်မတီခွဲခြောက်ခုတို့ပါဝင်ကြောင်း ဘန်ကောက်ပို့စ်သတင်းဆောင်းပါးတွင် ရေးသားဖော်ပြခဲ့သည်။

ယခု ဖွဲစည်းလိုက်သည့် ထိုင်း-မြန်မာ အမျိုးသားအဆင့် ပူးတွဲကော်မတီတွင် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် ကစ်သီရပ်နရနောင်နှင့် မြန်မာနိုင်ငံမှ ဒု-သမ္မတတို့ပါဝင်မည်ဖြစ်ပြီး ကော်မတီအစည်းအဝေးများကို ထိုင်းနိုင်ငံတွင် မကြာမီပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

KNPP နှင့် အစိုးရအဖွဲ့အား စီမံကိန်းနယ်မြေများပြုလုပ်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် KCSN တောင်းဆို

ရန်ကုန်၊အောက်တိုဘာလ ၂။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးဖော်ဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယအကြိမ် ဆွေးနွေး ပွဲအရ သဘောတူညီချက်ရရှိထားသော ရေအားပေးလျှပ်စစ်ထုတ်လုပ်ရန်အတွက် ကရင်နီ(ကယား) ပြည်နယ်တွင်ပြုလုပ်မည့် ရေကာတာစီမံကိန်းများတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ လေ့လာခွင့်ရရှိရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ထိုင်းနိုင်ငံအခြေစိုက်ကရင်နီလူမှုအဖွဲ့အစည်းများကွန်ယက် (KCSN) မှ သက်ဆိုင်ရာအစိုးရအဖွဲ့အား တောင်းဆိုလိုက်သည်။

အစိုးရအဖွဲ့နှင့် တရုတ်အစိုးရပိုင် Datang Cooreation တို့သည် ၂၀၁၀ ခုနှစ်တွင် ကရင်နီ(ကယား)ပြည်နယ်အတွင်း ရေအားပေး လျှပ်စစ်ထုတ် လုပ်ရန်အတွက် သံလွင်မြစ်ရေကာတာ (ရွာသစ်) စီမံကိန်း(၆၀၀ မီဂါဝပ်)၊ ပွန်ချောင်းရေကာတာ (ဘောလခဲ)စီမံကိန်း (၁၃၀ မီဂါဝပ်)နှင့် တဘက်ချောင်းရေ ကာတာ(ရှမ်း-ကယားနယ်စပ်) စီမံကိန်း (၁၁၀ မီဂါဝပ်) တို့ကို MOU လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

KNPP နှင့် အစိုးရအဖွဲ့တို့၏ ဒုတိယအကြိမ်ဆွေးနွေးပွဲတွင် သဘောတူညီချက်(၆)အရ ကယားပြည်နယ်အတွင်း အကောင်အထည်ဖော်မည့် ရွာသစ်စီမံကိန်းအပါအဝင် အကြီးစားစီမံကိန်းများကို အများပြည်သူလူထု လူမှုအဖွဲ့အစည်းများအား လေ့လာခွင့်ပြုရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန်အတွက် အသိပေးသွားရန် သဘောတူသည်ဟုပါရှိကြောင်း သိရသည်။

“ဒီရေအားပေးလျှပ်စစ်ထုတ်လုပ်တဲ့ စီမံကိန်းတွေဟာများသောအားဖြင့် ဒေသတွင်းမှာ ရှိတဲ့ကရင်နီလူမျိုးစုတွေရဲ့ အခွင့်အရေးကို ဖောက်ဖျတ်ခံ နေရတဲ့အပြင် ရွာလုံးကျွတ်ပြောင်းရွေ့ခဲ့ရတယ်၊ အဲဒီအချိန်တွေမှာလည်း အစိုးရအနေနဲ့ထိုက်တန်တဲ့ လျော်ကြေးငွေတွေပေးဖို့ ပေါ့လျော့နေတယ်၊ ပြီး တော့ အခုစီမံကိန်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ထုတ်ဖော်နိုင်ဖို့အတွက် ဝင်ရောက်လေ့လာခွင့်မရဘူး”ဟု ကရင်နီလူမှုအဖွဲ့အစည်းများကွန်ယက်မှ ခူးသော်ရယ်က ပြောသည်။

ကယားပြည်နယ်အတွင်း လက်ရှိတည်ရှိနေသော လောပိတရေအားပေး လျှပ်စစ်စက်ရုံကြောင့် ကရင်နီလူမျိုးစုများသည် လယ်ယာမြေဆုံးရှုံးမှု များ ဖြစ်ပေါ်ခဲ့ခြင်း၊ မိမိတို့နှင့် မသင့်တော်သောဒေသများသို့ ပြောင်းရွေ့ရခြင်း၊ သက်ဆိုင်ရာအာဏာပိုင်များမှ လုပ်အားပေးခိုင်းစေမှုများရှိနေခြင်း၊ အသွား အလာ ကန့်သတ်မှုများရှိနေခြင်းအပြင် စက်ရုံနှင့် ဓါက်အားလိုင်းလုံခြုံရေးအကြောင်းပြု၍ မြေမြုပ်မိုင်းသောင်းဂဏန်းချထားလျက်ရှကြောင်း KCSN ၏ အရေးပေါ်ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ KCSN မှ ခူသော်ရယ်က “မြေမြုပ်မိုင်းထောင်ထားတာ သောင်းဂဏန်းရှိတယ်၊ အဲဒီနေရာကို ရွာကနွားတွေ၊ ကျွဲတွေ မျက်စိလည်ပြီးရောက်သွားလို့ မိုင်းကွဲသွားရင် လုံခြုံရေးက သေသွားတဲ့နွားတွေကိုလည်းစားတယ်၊ ပေါက်သွားတဲ့ မိုင်းရဲ့တန်ဖိုးကိုလည်း လျော်ခိုင်းတယ်၊ ဒီလောက်ထိကို အဲဒီနေရာတွေမှာဖြစ်နေတယ်” ဟု ၎င်း၏အတွေ့အကြုံအား ရှင်းပြသည်။

“အဓိက ပွင့်လင်းမြင်သာမှုမရှိတာဘဲ၊ ကျနော်တို့မှာ လောပိတရေအားလျှပ်စစ်စက်ရုံကြောင့် ပြည်သူတွေဒုက္ခရောက်နေတာကို ဆယ်စုနှစ်(၄)စု လောက် ခံစားခဲ့ရပြီးပြီ ဒီရေကာတာသုံးခုကို ထက်ဆောက်မည်ဆိုရင် ဆိုးကျိုးကောင်းကျိုးကိုလေ့လာခွင့် ပြုသင့်တယ်၊ ဒီကိစ္စကို KNPP ကလည်း ပထမ ဆွေးနွေးပွဲမှာ သဘောမတူတဲ့အတွက် ဒုတိယအကြိမ်မှာ အရပ်ဘက်လူအဖွဲ့အစည်း တွေကိုလေ့လာခွင့်ပြုဖို့ သဘောတူခဲ့တာ၊ ဒီကိစ္စမှာ ဘေးထွက် ဆိုးကျိုးတွေဖြစ်လာမယ်ဆိုရင် ငြိမ်းချမ်းရေးကိစ္စမှာအနှောက်အယှက်ဖြစ်နိုင်တယ်”ဟု ကရင်နီလူမှုအဖွဲ့အစည်းကွန်ယက်မှ ကိုခူးမီရယ်က ဆိုသည်။

ကရင်နီလူမှုအဖွဲ့အစည်းများကွန်ယက်အနေဖြင့် အစိုးရနှင့်တရုတ်အစိုးရပိုင်ကုမ္ပဏီတို့ MOU လက်မှတ်ထိုးထားသော လျှပ်စစ်ထုတ်လုပ်ရန် အတွက် ရေကာတာနှင့် စက်ရုံတည်ဆောက်မည်ဆိုပါက နေရာရွေ့ပြောင်းမှုပြသနာများ၊ လယ်ယာနှင့်ခြံမြေဆုံးရှုံးမှုများ၊ သစ်တောနှင့် ဇီဝမျိုးကွဲဆုံးရှုံးမှု များ၊ ဒေသတွင်းစားနပ်ရိက္ခာ ထုတ်လုပ်မှုလျော့ကျလာနိုင်ခြင်း၊ လောပိတကဲ့သို့ ဆုံးရှုံးမှုများနှင့် အဓိကအားဖြင့် လက်နက်ကိုင်တိုင်းရင်းသားဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေးခရီးစဉ်အား အနှောက်အယှက်ဖြစ်စေနိုင်ကြောင်း စသည့်ဘေးထွက်ဆိုး ကျိုးများကို ထုတ်ပြန်ခဲ့သည်။

မင်းခဏ့်

-----------------------------------------------------------------------------------------------------------------------

ရန်ကုန်တိုင်းဒေသကြီးအစိုးရဘတ်၈ျက် လိုငွေပြမှုအား ဆွေးနွေးခြင်းမရှိ လွှတ်တော်ကိုယ်စားလှယ်များအတည်ပြု

ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ဘတ်ဂျက် ကျပ် ၈၅ ဘီလျံခန့်လိုငွေပြနေမှုအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက လုံးဝဆွေးနွေးခြင်းမပြုဘဲ အောက်တိုဘာလ ၃ ရက်နေ့တွင် အတည်ပြုပေးခဲ့ကြောင်း သိရသည်။

“ရန်ကုန်တိုင်းဒေသကြီး ဘတ်ဂျက်လိုငွေပြတဲ့ကိစ္စကို လွှတ်တော်မှာ ကိုယ်စားလှယ်တွေ လုံးဝဆွေးနွေးခြင်းမပြုဘဲနဲ့ အတည်ပြုပေးလိုက်ပါ တယ်။ ဆွေးနွေးဖို့အတွက် ကျွန်တော်တို့ကိုပေးထားတဲ့အချက်တွေက လုံလုံလောက်လောက်မရှိတဲ့အပြင် အချိန်ကလည်း အကန့်အသတ်ဖြစ်နေတော့ ဆွေးနွေးချိန်ကိုမရလိုက်တာပါ။ ဒါကြောင့် ဘယ်သူကမှ မဆွေးနွေးပဲနဲ့ အတည်ဖြစ်သွားတာပါ”ပာု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၏ ဘတ်ဂျက်လိုငွေပြရခြင်း၏ အဓိကအကြောင်းရင်းမှာ ကမာရွတ် (လှည်း တန်း)၊ ရွှေဂုံတိုင်နှင့် မရမ်းကုန်းမြို့နယ်ရှိ ဘုရင့်နောင်တံတားနှစ်စင်းတို့အတွက် စုစုပေါင်းကုန်ကျစရိတ် ကျပ် ၄၉.၃၀၆ ဘီလျံဖြစ်ပြီး ကျန်သုံးစွဲငွေများမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ သုံးစွဲငွေများဖြစ်ကြောင်း သိရသည်။

“ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဦးမြင့်ဆွေက ရန်ကုန်အပါအဝင် တိုင်းဒေသကြီးတစ်ခုလုံးမှာ ဆောင်ရွက်နေတဲ့ အစီအစဉ်တွေ၊ စီမံကိန်းတွေရဲ့ ကုန်ကျစရိတ်ကိုတွက်ချက်ရာမှာ ကျပ် ၈၅ ဘီလျံလောက်လိုငွေပြနေပါတယ်။ ဒီလိုကုန်ကျစရိတ်လိုငွေပြတာပာာ ရန်ကုန်မှာတည်ဆောက်နေတဲ့ ဂုံးကျော် တံတားလေးစင်းကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖြည့်စွက်ငွေပေးဖို့အတွက် လွှတ်တော်ကိုတင်ပြထားပါတယ်”ပာု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအတွက် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုငွေမှာ ကျပ် ၁၃၂.၅၀၂ ဘီလျံဖြစ်သော်လည်း သုံးစွဲသည့်ငွေပမာဏမှာ ကျပ် ၂၇၀ ဘီလျံဖြစ်နေကြောင်း သိရသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“လူတွေက ကျွန်မကိုမေးလေ့ရှိပါတယ်။ “နောက်ကြောင်းပြန်မလှည့်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ပြီင်္လား”တဲ့။ ကျွန်မကတော့ မရောက်သေး ဘူးလို့ပဲဖြေပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြေခံဥပဒေက ကြားထဲခံနေတယ်။ အခြေခံဥပဒေက စစ်တပ်ကို ပိုပိုကဲကဲအာဏာတွေ အပ်နှင်းထားတယ်။ စစ်တပ်က ဒီအာဏာတွေ ပိုင်ဆိုင်နေသမျှ ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်ကို ရောက်တယ်လို့ ကျွန်မတို့ပြောလို့မရပါဘူး”

အောက်တိုဘာ ၄ရက်ထုတ် News Week ဂျာနယ် အတွဲ (၂) အမှတ် (၅၀) တွင်ပါရှိသည့် “ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံ Yale တက္ကသိုလ်၌ ပြောကြားသောမိန့်ခွန်း” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive