Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၈.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် ဗဟိုဘဏ်

*****************************************

ဆောင်းပါးကဏ္ဍ

စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် ဗဟိုဘဏ်

မိုးမြင့်ငြိမ်း

အမျိုးသားအဆင့် စီးပွားရေးတည်ငြိမ်မှုကိုရယူနိုင်သော နိုင်ငံများတွင် ဗဟိုဘဏ်သည် လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် နိုင်ငံ၏ စီးပွားရေးကိုစီမံခန့်ခွဲကြရသည်။ ဗဟိုဘဏ်ကိုလွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ပေးမှသာလျှင် စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ထိထိရောက်ရောက် ဆောင်ကြဉ်းနိုင်ရုံမျှမက စီးပွားရေးအကျပ်အတည်းများ ကြုံလာသော် အကျပ်အတည်းမှ လွန်မြန်အောင် မြန်မြန်ဆန်ဆန် စီမံခန့်ခွဲနိုင်မှာဖြစ်သည်။ လွတ်လပ်သည့် ဗဟိုဘဏ်မဖြစ်လျှင် ဈေးကွက်စီးပွားရေး အခန်းကဏ္ဍတစ်ရပ်အနေဖြင့် အထူးအရေးပါသော ဘဏ္ဍရေးရာအခြေအနေများ ရှုပ်ထွေး သွားနိုင်သည်။

ဈေးကွက်စီးပွားရေးတွင် အရင်းအနှီးစုဆောင်ထားနိုင်မှုမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အရေး အလေးထားပြောကြားရသော အကြောင်းအရာ ဖြစ်သည်။ အရင်းအနှီးကို ပုံစံနှစ်မျိုးဖြင့်စုဆောင်းကြသည်။ မြေ၊ တိုက်တာအဆောက်အအုံ၊ အစရှိသည့် ရုပ်ဝတ္ထုများအသွင်ဖြင့် စုဆောင်းကြခြင်းမျိုး ရှိသလို ငွေသား၊ ငွေတိုက် စာချုပ်၊ ရှယ်ယာပုံစံများဖြင့် စုဆောင်ကြခြင်းမျိုးလည်း ရှိသည်။ အစိုးရအနေဖြင့် နိုင်ငံ၏ အရင်းအနှီးစုဆောင်းမှု တက်လာစေရန် နိုင်ငံသားများ စုဆောင်းလိုစိတ်ရှိအောင် မက်လုံးများဖြင့် မူဝါဒခင်းရသည်။ ထိုသို့ ဆောင်ရွက်သည့်အခါမှာ အရင်းအနှီးဈေးကွက် (capital market)တနည်း စတော့ဈေးကွက်ရှိမှ စနစ်တကျလုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထိုသို့ စတော့ဈေးကွက်များမပေါ်မီ နိုင်ငံတွင် ပုဂ္ဂလိကဘဏ်များ၊ ရင်းနှီးမြုပ်နှံမှုဘဏ်များနှင့် အစိုးရဘဏ်များအား လုပ်ထုံးလုပ်နည်းများနှင့် ကျွမ်းကျင်သည့်ဘဏ္ဍရေး ဝန်ထမ်းများဖြင့် ခိုင်ခန့်အောင် တည်ဆောက်ထားဖို့ အစိုးရမှတိုက်တွန်းအားပေး ပူးတွဲဆောင်ရွက်ရမည်။ ထိုသို့ ပူးတွဲဆောင်ရွက်သည့်အလုပ်ကို အဓိကလုပ်ဆောင်သည့် ဘဏ္ဍရေး အဖွဲ့အစည်းမှာ လွတ်လပ်ပြီးအတွေ့အကြုံနှင့် ပညာရည်မြင့်မားသည့် စီးပွားရေးပညာရှင်များဖြင့် အဓိကဖွဲ့စည်းထားသည့် ဗဟိုဘဏ်ပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင်ကုန်လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက နိုင်ငံ၏အကြီးဆုံးဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်တွင် ပြည်သူများမိမိတို့ အပ်နှံထားသည့်ငွေများ တဖွဲဖွဲထုတ်ယူခြင်းမျိုး ဖြစ်သွားခဲ့သည်။ ကမ္ဘောဇဘဏ်နှင့်ပတ်သက်သည့် ကောလဟာလများကြောင့် ထိုသို့ ဖြစ်ပေါ်ခဲ့ရကြောင်း လည်း တာဝန်ရှိသူများက ဆိုကြသည်။ နိုင်ငံပိုင်မီဒီယာများမှလည်း ပြည်သူများအား ယင်းကောလဟာလကို မယုံကြရန်နှင့် ဘဏ္ဍရေးနှင့်ပတ်သက်ပြီး အကျပ်အတည်းများရှိလာလျှင် ဗဟိုဘဏ်မှပြည့်ပြည့်ဝဝတာဝန်ယူပါကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အကြောင်းအရာနှစ်ရပ်ကို စာရေးသူ ဆင်ခြေသုံးသပ်မိသည်။ ပထမတစ်ခုမှာ မြန်မာနိုင်ငံ၏ အရှိန်အဟုန်တက်လာတော့မည့် စီးပွားရေးပြုပြင် ပြောင်းလဲရေးလှိုင်းတွင် ဘဏ္ဍရေး၏ အခန်းကဏ္ဍဖြစ်ပြီးကျန်တစ်ခုမှာယင်းအပြောင်းအလဲများ၏ စိန်ခေါ်မှုတို့ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေးတွင် အရေးကြီးဆုံးလည်းဖြစ် အားအနည်းဆုံးလည်းဖြစ်သောအပိုင်းမှာ အရင်းအနှီးစုဆောင်းမှုဖြစ်သည်။ အရင်းအနှီးကို စနစ်တကျစုဆောင်းသည့် ဈေးကွက်ယန္တရားဆိုလို့ ဘဏ်များမှလွဲ၍ အရင်းအနှီးဈေးကွက်ဟူ၍ ပီပီပြင်ပြင်မရှိ။ Myanmar Securities Exchange Commission ဟူသော အများပိုင်ကုမ္ပဏီနှစ်ခုသာ စာရင်းတင်ထားသည့် အလုပ်သိပ်မဖြစ်သော အမည်ခံအရင်းအနှီး ဈေးကွက်လေးတော့ ရှိသည်။ ပုဂ္ဂလိကဘဏ်များမှာလည်း ငွေလွှဲသည့်လုပ်ငန်းမျိုးကဲ့သို့ အခြေအနေမပြတ် ပုံမှန်လည်ပတ်နိုင်သည့် လုပ်ငန်းမျိုးလောက်ကလွဲလျှင် အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများကို လိုအပ်သည့်ငွေကြေး အရင်းအနှီးကိုချေးဌားခြင်းမျိုးကို မသေချာသည့်စွန့်စားမှုအဖြစ် မလုပ်လိုကြချေ။ ဈေးကွက်အနေအထားကိုကြည့်ပြန်တော့လည်း အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ တိုးချဲ့ရအောင် ဈေးကွက်က သေးနေရုံသာမက အစိုးရ၏အခန်းကဏ္ဍကလည်း တနည်းပံ့ပိုးပေးမှုကလည်း ဘယ်မျှမည်မည်ရရမရှိ။ အရင်းအနှီးဈေးကွက်ကို ဂျပန်နိုင်ငံ အကူအညီဖြင့် မကြာမီနှစ်များအတွင်း တည်ထောင်နိုင်ရန်အတွက် အစိုးရမှ ပုဂ္ဂလိကလုပ်ငန်းများအား အရင်းအနှီးဈေးကွက်တွင် ရှယ်ယာများ ထုတ်ရောင်းနိုင်ရန် အများပိုင်ကုမ္ပဏီများ တည်ထောင်ကြဖို့ တိုက်တွန်းအားပေးလျက်ရှိသည်။ ထိုအတွက်ကြောင့် အများပိုင်ကုမ္ပဏီ အနည်းငယ်ရှိလာပြီ ဖြစ်သည်။ နိုင်ငံရေး ရာသီဥတုနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအလားအလာများကို စောင့်ကြည့်နေကြသည့် စီးပွားရေးလုပ်ငန်းများက ယခုအချိန်အခါတွင် အများပိုင် ကုမ္ပဏီအသွင်မပြောင်းကြသေးသော်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဝင်လာပြီးသည့်နောက်ပိုင်းတွင် စီမံခန့်ခွဲမှုဆိုင်ရာ နည်းစနစ်များရယူရင်း အများပိုင်ကုမ္ပဏီများအဖြစ် တဖြည်းဖြည်းပြောင်းလဲလာနိုင်ပေမည်။

ထိုသို့ မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက် မဖြစ်ပေါ်လာခင် ဘဏ်များကို စည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်တကျလည်ပတ် အလုပ်လုပ်နိုင်အောင် အသေအချာတည်ဆောက်ထားနိုင်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ၏ ပူးပေါင်းဆောင်ရွက်မှု အထူးပင်အားနည်းသည်ဟု ဆိုရမည်။ ဘဏ်များမှာလည်း ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းဥပဒေပါ လုပ်ခွင့်ပေးထားသည်များကို ဆောင်ရွက်ကြသော်ငြားလည်း ဗဟိုဘဏ်နှင့် စည်းဝါးမကိုက်ထားကြသဖြင့် အမြဲတမ်းလိုလို ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များအကြား တင်းမာမှုလေးတွေ ရှိသည်။ ဗဟိုဘဏ်မှာလည်း ယခုအချိန်ထိတိုင် ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာနအောက်မှာပင် ရှိသေးသည့်အတွက်ကြောင့် မူဝါဒများ လွတ်လွတ်လပ်လပ် ချမှတ်နိုင်ခြင်းမရှိသေးချေ။ ထို့အတွက်ကြောင့် ဗဟိုဘဏ်အား လွတ်လပ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်အောင် ဦးစွာအကောင်အထည်ဖော်ရပေမည်။ ထိုသို့ စည်းမျဉ်းစည်းကမ်းနှင့်အညီ လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်အောင်လည်း ဗဟိုဘဏ်ဥပဒေရှိမှ ဖြစ်ပေမည်။ လက်ရှိပုဂ္ဂလိကဘဏ်များ အပါအဝင်၊ မြန်မာနိုင်ငံတွင်း စတင်ရင်းနှီးမြုပ်နှံနေပြီဖြစ်သော ….capital၊…..capital အစရှိသည့် ပိုင်ဆိုင်မှုဆိုင်ရာစီမံခန့်ခွဲမှု(asset management firm) လုပ်ငန်းများက လွှတ်တော်အတွင်း ဗဟိုဘဏ်ဥပဒေ အမြန်ဆုံးရေးဆွဲနိုင်အောင် lobby လုပ်သင့်သည်။

မြန်မာနိုင်ငံသည် ကွန်မြူနစ်စနစ်မှ ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့သည့် ရုရှားနိုင်ငံကဲ့သို့ ပွင့်လင်းမြင်သာမှုနှင့် ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ရမည်သာ ဖြစ်သည်။ သို့သော် ရုရှားလို ပြုပြင်ပြောင်းလဲမှုအရင်လာပြီးမှ ပွင့်လင်းမြင်သာမှုကို နောက်ချန်ထားခဲ့သည့်အတွက် အသွင်ကူးပြောင်းရေး အစောပိုင်းကာလများတွင် နိုင်ငံ၏အခြေအနေမှာ အတော်ပင်ကမောက်ကမနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင်တော့ နိုင်ငံရေးပွင့်လင်း မြင်သာမှုအရင်လာပြီးမှ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်နေသည့်အတွက် အထားအသိုမှန်ကန်မှုရှိသွားလေပြီ။ နိုင်ငံရေးအပြောင်းအလဲနှင့် စီးပွားရေး အပြောင်းအလဲ သိပ်မကွာအောင်သာ စီးပွားရေးအပြောင်းအလဲကို တွန်းတင်ရမည်ဖြစ်သည်။ ရုရှားတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အရင် ဆောင်ရွက်ခဲ့သည့်အတွက် ခရိုနီအရှင်းရှင်စနစ် အားကောင်းလာပြီး နိုင်ငံစီးပွားရေး အတော်ကျဆင်းခဲ့ရသည်။ ဥပမာအားဖြင့် ရုရှားတွင် အစိုးရ၏ မူဝါဒဖြင့် အလုပ်သမားများအား ကုမ္ပဏီ၏ရှယ်ယာပိုင်ဆိုင်ခွင့် ပေးစေခြင်းမျိုးကို အမျိုးသားအကျိုးစီးပွားကို မကြည့်သော ခရိုနီများကတဖက်လှည့်ဖြင့် ပြန်လည်ဝယ်ယူစေခြင်းမျိုး ဖြစ်သည်။ နိုင်ငံရေးပွင့်လင်းမြင်သာမှု တစ်စုံတစ်ရာရှိနှင့်နေပြီဖြစ်သော မြန်မာနိုင်ငံတွင်တော့ စီးပွားရေးအပြောင်းအလဲတွင် ကြုံတွေ့ရတတ်သည့် ထိုသို့အဟန့်အတားမျိုးကို ကျော်လွှားသွားနိုင်လိမ့်မည်ဟု စာရေးသူ ယုံကြည်ပါသည်။

နောက်တစ်ခုမှာ စီးပွားရေးပညာရှင်များ၏ အခန်းကဏ္ဍပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပညာရှင်ရှားပါးမှုမှာ နိုင်ငံတည်ဆောက်ရေးတွင် ကြီးစွာသော အဟန့်အတားဖြစ်သည်ဟု စာရေးသူသုံးသပ်မိပါသည်။ အထူးသဖြင့် ဘဏ္ဍစီးပွားရေးနှင့်ပတ်သက်လျှင် ကျွမ်းကျင်သူ(financial economist)အမှန်တကယ်ပင် နည်းလွန်းပါသည်။ ထိုသို့သော အနေအထားမျိုးနှင့် ဗဟိုဘဏ်ကို လွတ်လွတ်လပ်လပ်စီမံခန့်ခွဲဖို့ အခက်အခဲရှိပါသည်။ နိုင်ငံခြားတိုင်းပြည်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် လုပ်ကိုင်နေကြသော မြန်မာစီးပွားရေးပညာရှင်များအား မက်လုံးများ ပြန်ခေါ်နိုင်မည်လော၊ သို့တည်းမဟုတ် မြန်မာနိုင်ငံနှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော ဂျိုးဇက်စတင်ဂလစ်လို စီးပွားရေးပညာရှင်များကို ဌားရမ်းမည်လောဟူသည်မှာ ဦးသိန်းစိန် အစိုးရမှ မှန်မှန်ကန်ကန်ဆုံးဖြတ်ရမည့် အရာပင်ဖြစ်ပါကြောင်း…..။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၈.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. မြန်မာ့လေကြောင်းဖွံ့ဖြိုးတိုးတက်ရေး SITA ပံ့ပိုးကူညီမည်
  2. မြန်မာ့ရေထွက်ကုန် အမေရိကသို့တိုက်ရိုက်တင်ပို့ပြီ
  3. ကော့သောင်းကျောက်မီးသွေးစက်ရုံရပ်ဆိုင်းရေး ပါတီ၊ ကွန်ရက်နှင့် ဒေသခံများတောင်းဆို

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ငြိမ်းချမ်းရေးနိုဘယ်ဆု သမ္မတဦးသိန်းစိန်ရမည်ပာု ခန့်မှန်း
  1. ပြည်ခိုင်ဖြိုးပါတီဗပိာုညီလာခံ နိုင်ငံတော်သမ္မတ တက်ရောက်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

မြန်မာ့လေကြောင်းဖွံ့ဖြိုးတိုးတက်ရေး SITA ပံ့ပိုးကူညီမည်

မြန်မာနိုင်ငံ၏လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရေးအတွက် ကမ္ဘာ့လေကြောင်းနည်းပညာပံ့ပိုးမှု ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ဂျီနီဗာ အခြေစိုက် SITA ကုမ္ပဏီက လေကြောင်းနည်းပညာများကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြပါရှိသည်။

ကမ္ဘာ့လေကြောင်းလိုင်း နည်းပညာကုမ္ပဏီဖြစ်သည့် SITA အနေဖြင့် မြန်မာနိုင်ငံ၌ လာမည့်သုံးနှစ်အတွင်း စတင်အသုံးပြုသွားမည့် လေကြောင်းဝန်ဆောင်မှုများတွင် ခရီးသည်နှင့် ခရီးဆောင်အိတ်များအား စီမံခန့်ခွဲမှု၊ လေဆိပ်စီမံခန့်ခွဲ ဆောင်ရွက်မှုများ၊ လေယာဉ်ဆက်သွယ်ရေး လုပ်ငန်းများနှင့် အဆင့်မြင့်ဆက်သွယ်ရေး လုပ်ငန်းများအပြင် ခရီးသည်များ ခရီးသွားလာရာတွင် စရိတ်သက်သာပြီး ပိုမိုအကျိုးရှိစေမည့် နည်းစနစ် များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လေကြောင်း MAI နှင့် SITA တို့၏(၁၀)နှစ်မြောက် ပူးပေါင်းလက်တွဲခြင်းအခမ်းအနားတွင် SITA ၏ အာရှပစိဖိတ် ဒေသဆိုင်ရာဥက္ကဋ္ဌ အီလ်ယာဂွတ်လင်က ပြောကြားသည်။

ကမ္ဘာ့လေကြောင်းလိုင်း နည်းပညာကုမ္ပဏီဖြစ်သည့် SITA ကုမ္ပဏီသည် ၁၉၄၉ ခုနှစ်တွင် လေကြောင်းလိုင်း ၁၁ ခုနှင့်တည်ထောင်ခဲ့ကာ လေကြောင်းဆက်သွယ်ရေးနည်းပညာရပ်များ ဖြေရှင်းရာတွင်ကျွမ်းကျင်မှုရှိသည့် ကမ္ဘာ့ရှေ့ဆောင် ကုမ္ပဏီတစ်ခုဖြစ်ပြီး SITA က လေကြောင်း ပို့ဆောင်ရေးလုပ်ငန်းအဖွဲ့ဝင် ၅၀၀ ကျော်၊ နိုင်ငံပေါင်း ၂၀၀ ကျော်မှ မိတ်ဖက်ကုမ္ပဏီများကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလမှစတင်၍ နိုင်ငံတကာလေကြောင်းလိုင်းများအားလုံး မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းခွင့်ရရှိပြီဖြစ်ပြီး မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းမည့် လေကြောင်းလိုင်းများမှာ တရုတ်(တိုင်ပေ)အခြေစိုက် EVA Air Line လေကြောင်းလိုင်း၊ ကိုရီးယားလေကြောင်း(KAL)၊ ဂျပန် လေကြောင်းလိုင်းဖြစ်သည့် All Nippon Air Line လေကြောင်းလိုင်း၊ ကာတာလေကြောင်းလိုင်းဖြစ်သည့် Quatar လေကြောင်းလိုင်း၊ ပောာင်ကောင် အခြေစိုက် Dragon Air Line လေကြာင်းလိုင်းများဖြစ်သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ့ရေထွက်ကုန် အမေရိကသို့တိုက်ရိုက်တင်ပို့ပြီ

မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံက ဖြေလျော့မှုမျာြး့ပုလုပ်နေပြီဖြစ်သည့်အတွက် မြန်မာ့ရေထွက်ကုန်များကို အမေရိကန်နိုင်ငံသို့ တိုက်ရိုက် တင်ပို့တော့မည်ဖြစ်ကြောင်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“အရင်တုန်းက ရေထွက်ကုန်တွေကို အမေရိကန်နိုင်ငံကို တင်ပို့ရောင်းချတော့မယ်ဆိုရင် တတိယနိုင်ငံကတစ်ဆင့် တင်ပို့ရောင်းချရပါတယ်။ အခုတော့ အဲ့လို မပာုတ်တော့ပါဘူး။ အမေရိကန်နိုင်ငံကို ရေထွက်ကုန်တွေ တိုက်ရိုက်တင်ပို့ရောင်းချခွင့်ရသွားပါပြီ။ အမေရိကန်နိုင်ငံကလည်း မြန်မာ့ ပို့ကုန်တွေကို လုံးဝဖြေလျော့တော့မှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့်အတွက် ယခင်မြန်မာ့ ရေထွက်ကုန်များကို ယင်းနိုင်ငံများသို့တင်ပို့ရာတွင် အိမ်နီးခြင်းနိုင်ငံများဖြစ်သည့် စင်္ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားစသည့် တတိယနိုင်ငံများမှတစ်ဆင့် တင်ပို့ရောင်းချခဲ့ရပြီး ယခုအစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည့်အတွက် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့မှ ဖြေလျော့မှုများပြုလုပ်ပေးခဲ့ပြီး ကုန်သွယ်မှုပိတ်ပင်ထားမှုများကို လုံးဝဖယ်ရှားပေးခဲ့ကြောင်း သိရသည်။

“အမေရိကန်နိုင်ငံနဲ့ EU တို့က မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် ဖြေလျော့မှုတွေ ဆက်တိုက်လုပ်ဆောင်ပေးနေပါတယ်။ အမေရိကန်မှာ နိုင်ငံတော်သမ္မတနဲ့ ပီာလာရီကလင်တန်တို့ တွေ့ဆုံတုန်းကလည်း ရေထွက်ကုန်တင်ပို့မှုတွေအတွက် သဘောတူခဲ့ပါတယ်”ပာု လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ထိုသို့ အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံများက ဖြေလျော့မှုများပြုလုပ်ပေးနေသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်မှု ပမာဏသည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်နှင့်နှိုင်းယှဉ်ပါက ကန်ဒေါ်လာ သန်းပေါင်း ၇၀၀ ကျော် လျော့နည်းလျက်ရှိပြီး မြန်မနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၂၃၀.၇၁၆ နှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာသန်း ၃၃၈၃.၃၂၅ ရှိကြောင်း သိရသည်။

YC

 -----------------------------------------------------------------------------------------------------------------------------------

ကော့သောင်းကျောက်မီးသွေးစက်ရုံရပ်ဆိုင်းရေး ပါတီ၊ ကွန်ရက်နှင့် ဒေသခံများတောင်းဆို

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်း သန်းဖြိုးသူကုမ္ပဏီက တာဝန်ယူတည်ဆောက်လျက်ရှိသည့် ကော့သောင်း ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်မှုများရပ်ဆိုင်းပေးရန် ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၊ အမေ့အိမ်ပညာရေးကွန်ရက်နှင့် ဒေသခံပြည်သူလူကိုယ်စားလှယ်များက တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

“ကော့သောင်းကျောက်မီးသွေးစက်ရုံတည်ဆောက်မှုတွေ တရားဝင်ရပ်ဆိုင်းပေးဖို့အတွက် ပါတီတွေ၊ ကွန်ရက်တွေ၊ ဒေသခံတွေတောင်းဆို သွားမှာပါ။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ရပ်ဆိုင်းထားခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင် ဒါကိုပြန်စမယ်လို့ အသံပြန်ထွက်လာပါတယ်။ ဒါကြောင့် ဒီကြေညာချက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားဝင်ထုတ်ပေးစေလိုပါတယ်”ပာု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်း ကော့သောင်းကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ရပ်ဆိုင်းရေးအတွက် သက်ဆိုင်ရာသို့တင်ပြ၍ အသိပညာပေးပောာပြောပွဲများကို ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ရပ်ဆိုင်းရေးအတွက် ဒေသခံအင်အားငါးသောင်းဖြင့် ဆန္ဒထုတ်ဖော်ခြင်း၊ တိုင်းဒေသကြီးအစိုးရထံ လက်မှတ်ထိုးတောင်းဆိုခြင်း၊ ကျောက်မီးသွေး၏ဆိုးကျိုးများအကြောင်းကို ဒေသခံများအားပညာပေးခြင်း စသည့်ကိစ္စရပ် များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ကော့သောင်းကျောက်မီးသွေးစက်ရုံ စပြီးဆောက်ကတည်းက ဒေသခံတွေက ကန့်ကွက်ခဲ့တာပါ။ ခုလောလောဆယ်တော့ ဒေသခံတွေကို ဆိုးကျိုးတွေက ဘာရှိတယ်။ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်တယ်ဆိုတာတွေကို အသိပညာပေးတာတွေ လုပ်ဆောင်နေပါတယ်။ ဒေသခံ အဖွဲ့အစည်းတွေကလည်း အရှန်အပာုန်မြှင့် လုပ်ဆောင်နေပါတယ်”ပာု ကော့သောင်းဒေသခံတစ်ဦးက ပြောကြားသည်။

ကော့သောင်းမြို့နယ်အတွင်း မြို့နယ်လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ထုတ်လွှတ်လျက်ရှိသည့် မီးအားများမှာ နေ့ဘက်တွင် ၅၀၀ ကီလိုဝပ်ခန့်နှင့် ညဘက် ၁.၂ မဂ္ဂွါဝပ်ခန့်သာရှိသည့်အတွက် ကော့သောင်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပိုမိုသုံးစွဲနိုင်စေရေးအတွက် ရည်ရွယ်၍ ယခုကဲ့သို့ ကော့သောင်းကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံကိုတည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။

     Ref:Express Time

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ငြိမ်းချမ်းရေးနိုဘယ်ဆု သမ္မတဦးသိန်းစိန်ရမည်ပာု ခန့်မှန်း

ယခုနှစ် နိုဘယ်ဆုရာသီတွင်  ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိမည်ပာု ခန့်မှန်းသူများစာရင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတဦးသိန်းစိန် ပါဝင်ကြောင်းသိရသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုကော်မတီက နိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းခံရသူများ၏အမည်များကို တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း ငြိမ်းချမ်းရေးကော်မတီ၏ လုပ်ပုံကိုင်ပုံကိုလေ့လာပြီး ဆုရနိုင်ခြေရှိသူအတိုချုပ်စာရင်းကို ထုတ်ပြန်ရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမည်စာရင်းပါဝင်ကြောင်း သိရသည်။

နိုဘယ်ဆုရရှိနိုင်ခြေရှိသူများစာရင်းတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်အပါအဝင် အမေရိကန်နိုင်ငံရေး သီအိုရီပညာရှင် Dr Gene Sharp ၊ ရုရှား အခွင့်အရေးအဖွဲ့ Memorial နှင့် ၎င်းကိုတည်ထောင်သူ Ms Svetlana Gannushkina၊ ရုရှားနိုင်ငံမှ အမှီအခိုကင်းပြီး လွတ်လပ်သောမီဒီယာအဖွဲ့ Echo Of Moscow နှင့် ၎င်း၏ အယ်ဒီတာချုပ် Mr Alexei Venediktov၊ ဘာသာရေးအလွဲသုံးစားပြုမှု ဆန့်ကျင်သူများဖြစ်သည့် Archbishop John Onaiyekan၊ Sultan of Sokoto Mohamed Sa'ad Abubakar တို့ပါဝင်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွက် ပထမဆုံးနိုဘယ်ဆုဖြစ်သည့် ဆေးပညာနိုဘယ်ဆုကို အောက်တိုဘာလ ၈ ရက်နေ့တွင် စတော့ပာုမ်းလ်မြို့၌ ကြေညာမည် ဖြစ်ပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုကို လာမည့်အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပြည်ခိုင်ဖြိုးပါတီဗပိာုညီလာခံ နိုင်ငံတော်သမ္မတ တက်ရောက်မည်

ယခုလ ၁၄ ရက်နေ့တွင်ကျင်းပမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစည်းအဝေးသို့ ယခင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌပောာင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

“ပြည်ခိုင်ဖြိုးပါတီရဲ့ ညီလာခံကိုသမ္မတကြီးကိုယ်တိုင် တက်ရောက်မှာပါ။ အစည်းအဝေး လာတက်တာမပာုတ်ဘဲနဲ့ လေ့လာသူပုံစံမျိုး လာမှာပါ။ သူက ပါတီဥက္ကဋ္ဌပောာင်း တစ်ယောက်အနေနဲ့ ဝင်ပြီးစွက်ဖက်ဖို့အတွက် တက်ရောက်တာမပာုတ်ပါဘူး”ပာု ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ပထမအကြိမ်နိုင်ငံလုံးကျွတ် ပါတီညီလာခံတွင် ယခင်ဥက္ကဋ္ဌပောာင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ နေရာတွင် ပါတီ ဥက္ကဋ္ဌသစ် ပြန်လည်ရွေးချယ်သွားမည်ပာု ပြင်ပ၌သတင်းထွက်ပေါ်မှုများမှာ ပာုတ်မှန်ခြင်းမရှိကြောင်း ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးက ပြောကြားခဲ့သည်။

“ဒီလိုမျိုး ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးကို နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် လာတက်တယ်ဆိုတာ မဖြစ်သင့်ပါဘူး။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာလည်း တားမြစ်ထားပါတယ်။ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ဒီလိုမျိုးပါတီညီလာခံကို တက်တယ်ဆိုတော့ လူပြောစရာဖြစ်လာပါပြီ”ပာု နိုင်ငံရေးပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ပါတီအစည်းအဝေးတွင် ဗပာိုအလုပ်အမှုဆောင်သစ် ပြန်လည်ရွေးချယ်ခြင်း၊ ပါတီဖွဲ့စည်းပုံ ပြင်ဆင်ခြင်း၊ အဖွဲ့ဝင်အင်အားတိုးချဲ့ခြင်းနှင့် ပါတီမှ ရှေ့ဆက်လုပ်ဆောင်မည့်ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

ကျွန်မကိုယ်တိုင်လည်း မြန်မာနိုင်ငံကို ကယ်တင်နိုင်မယ့် ကယ်တင်ရှင်ကြီးလို့ ဘယ်တုန်းကမှ စိတ်ထဲမှာမထားခဲ့ဘူး။ ကျွန်မ တတ်နိုင်သလောက် ရုန်းကန်ပြီးတော့ ကျွန်မတို့လိုလားတဲ့ နိုင်ငံတစ်ခုဖြစ်အောင် လုပ်သွားမယ်ဆိုတဲ့ စိတ်ပဲထားတယ်။ အဲဒီတော့ မြန်မာပြည်ကိုကယ်တင်ဖို့ဆိုပြီး ပြန်မလာခဲ့ပါနဲ့။ မြန်မာနိုင်ငံမှာ ဝိုင်းပြီးတော့  ပြည်သူပြည်သားတွေနဲ့အတူ ရုန်းကန်မယ်ဆိုတဲ့စိတ်နဲ့ပဲ ပြန်လာခဲ့ပါလို့ပြောချင်ပါတယ်။

အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်အတွဲ(၈)၊ အမှတ်(၁)တွင်ပါရှိသည့် “ပြည်ပရောက် မြန်မာများအနေဖြင့် မြန်မာပြည်သားများနှင့် အတူ ဝိုင်းဝန်းရုန်းကန်မည်ဆိုသော စိတ်ဖြင့်သာ ပြန်ဝင်ရောက်ခဲ့ပါဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောကြား”သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

ပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်တဲ့အတွက်ကြောင့် ဘာကောင်းသွားလဲဆိုတော့ မြန်မာ့ပို့ကုန်တွေ အမေရိကကိုတင်ပို့တဲ့အခါ တတိယနိုင်ငံကို သုံးစရာ မလိုတော့ပါဘူး။ အရင်တုန်းက အမေရိကားကိုသွားတဲ့ ရေထွက်ကုန်ပစ္စည်းတွေ ရှိပါတယ်။ ဒါပေမယ့် တခြားနိုင်ငံတွေကနေ ခိုးကြောင်ခိုးဝှက် သွားတယ်ဆိုတာ Product of Myanmar ဆိုတာပိတ်ဆို့မှုတွေ လုပ်ထားတဲ့အတွက်ကြောင့် သူသည်အမေရိကကို သွားလို့မရဘူး။ သိက္ခာရှိရှိ သွားနိုင်အောင်လို့ဖွင့်ပေးပြီးတဲ့အချိန်မှာ သိက္ခာရှိရှိပဲသွားစေချင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့အခွင့်အရေးကို အပြည့်အဝအသုံးချဖို့ဆိုတာ ပို့ကုန် လုပ်ငန်းရှင်တွေမှာ တာဝန်အများကြီးရှိပါတယ်။

အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်အတွဲ(၈)၊ အမှတ်(၁)တွင်ပါရှိသည့် “မြန်မာ့ရေထွက်ကုန်များကို ယခင်ကကဲ့သို့ တတိယနိုင်ငံမှ တစ်ဆင့် ပို့ဆောင်ရန်မလိုတော့ဘဲ အမေရိကသို့တိုက်ရိုက်တင်ပို့မည်”သတင်းမှ မြန်မာ့ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

ဗဟိုဘဏ်အနေနဲ့ သီးခြားလွတ်လပ်စွာ ရပ်တည်နိုင်ဖို့အတွက် ဘောဂဗေဒပညာရှင်တွေ အများကြီးလိုအပ်တယ်။  တိုင်းပြည်ငွေကြေးလည်ပတ် စီးဆင်းမှုတွေကို အမြဲမပြတ်စောင့်ပြီး တွက်ချက်နိုင်ဖို့လိုတယ်။ နောက်ပြီး ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေဈေးနှုန်းအတွက် လိုသလိုထိန်းကျောင်း ပေးနိုင်ရမယ်။

အောက်တိုဘာ ၈ ရက်ထုတ် Messenger ဂျာနယ် အတွဲ(၃) အမှတ်(၂၀)တွင်ပါရှိသည့် “ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန လက်အောက်မှခွဲထွက်၍ လွတ်လပ်သောဗဟိုဘဏ်အဖြစ်ရပ်တည်သွားမည်သတင်းမှ ”ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်(လသာ)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive