Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၃.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာရဟန်းတော်များ OICမွတ်စလင် အစည်းအရုံးကို ကန့်ကွက်ဆန္ဒပြ

(AFP သတင်းမှ 12October 2012ရက်စွဲပါ “Burma’s monks protest against OIC”သတင်းကို ဘာသာပြန် ဆိုသည်။)

  1. စင်ကာပူစီးပွားရေး ၁.၅ရာခိုင်နှုန်းကျုံ့ဝင်

(12 October 2012 ရက်စွဲပါ  BBC Newsမှ“Singapore Economy contract1.5% but avoids recession” ကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများကို လူ့အခွင့်အရေးအဖွဲ့ စိုးရိမ်

(UPI သတင်းဌာနမှ 11 Oct 2012 ရက်စွဲပါ Rights group wary of Myanmar investmentsကို ဘာသာပြန်ဆိုသည်)

  1. ထားဝယ်ရေနက်စီမံကိန်းအတွက် ပူးတွဲမဟာမိတ်ဖွဲ့ရန် ဦးသိန်းစိန်နှင့် ရင်လတ်တို့စီစဉ်

(Bangkok Post သတင်းစာမှ 11 Oct 2012 ရက်စွဲပါ Yingluck, Thein Sein sign pactကို ဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

မြန်မာရဟန်းတော်များ OIC မွတ်စလင် အစည်းအရုံးကို ကန့်ကွက်ဆန္ဒပြ

(AFP သတင်းမှ 12October 2012ရက်စွဲပါ “Burma’s monks protest against OIC”သတင်းကို ဘာသာပြန် ဆိုသည်။)

အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်စလင်များကို ကူညီရန် ရုံးလာဖွင့်မည့် ကမ္ဘာ့အစ္စလာမ် အဖွဲ့အစည်းကို ကန့်ကွက်သည့် အ နေဖြင် ဒုတိယ အကြီးဆုံးမြို့တော် မန္တလေးတွင် သောကြာနေ့ က သံဃာတော် ထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် OICအလိုမရှိ ဟူသော စာတမ်းများကို ကိုင်ဆောင်ကာ မန္တလေးမြို့တော်တွင် စုဝေးခဲ့ကြသော ရဟန်းတော်များက မြန်မာနိုင်ငံတွင် OICရုံးဖွင့်မည့် အစီအစဉ်ကို တားမြစ်ရန် အစိုးရကို တိုက်တွန်းတောင်းဆိုခဲ့သည်။

စည်းရုံးလှုပ်ရှားသူ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးသောဘိတက “မြန်မာနိုင်ငံမှာ  OICကို လက်မခံပါဘူး။ သူတို့လက်လျှော့တဲ့ အထိဆက်ပြီး ဆ န္ဒပြသွားမှာပါ။OICဟာ လူ့အခွင့်အရေးအတွက် မဟုတ်ဘဲ မွတ်စလင် အခွင့်အရေးအတွက် အလုပ်လုပ်နေတာပါ။  သူတို့ဟာ မူစလင်အစွန်းရောက် တွေကို လုံးဝ ဖယ်ထုတ်ထားခြင်း ပြဿနာမရှိပါဘူး.။ ကျုပ်တို့မြန်မာနိုင်ငံမှာ မွတ်စလင်တွေနဲ့ ပြဿနာ မရှိပါ ဘူး။ ဘာသာကွဲ လူမျိုးကွဲတွေ အားလုံးကြားမှ ငြိမ်း ချမ်းစေချင်ပါတယ်”ဟု ရှင်းလင်းပြောကြားသည်။

လူပေါင်းဒါဇင်နှင့်ချီ၍ သေဆုံးကာ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သော ရခိုင်ပြည်နယ်မှ ဇွန်လဓိကရုဏ်းအပြီးတွင် လူမျိုးရေး၊ ဘာသာရေး တင်းမာ မှုများ ကြီးထွားလာလျက်ရှိသည်။

ကမ္ဘာ့အနှိမ်ခံရဆုံး လူမျိုးစုတစ်ခုဟု ကုလသမ ဂ္ဂက သတ်မှတ်ထားသော မြန်မာနိုင်ငံမှ တိုင်းပြည်မဲ့ ရိုဟင်ဂျာ ၈သိန်းခန့်နှင့် ယင်းတို့ကို ကူညီအား ပေးနေသည့် OIC အဖွဲ့ကို မြန်မာနိုင်ငံတွင် ကန့်ကွက်ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားနေသည်။

သောကြာနေ့က OICဆန့်ကျင်ဆန္ဒပြမှုသည် ယခုသီတင်းပတ်များ အတွင်းမန္တလေးမြို့တော်၌ ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ၂၀၀၇ခုနှစ်တွင် တပ်မတော် အစိုးရ၏ နှိမ်နင်းခြင်းခံရသော ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုမှ ခေါင်းဆောင်သံဃာတော်များ ပါဝင်ပတ်သက် ခဲ့သည်ဟု သိရှိရသည်။

သံဃာတော်များက မိမိတို့၏ တောင်ဆိုမှုကို အစိုးရအနေဖြင့် အသိအမှတ်ပြု တုန့်ပြန်ခြင်း မရှိပါက တနင်္ဂနွေနေ့တွင် နိုင်ငံလုံးအနှံ့ ဆန္ဒပြရန် စီစဉ် ထားသည်ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်မှ အဓိကရုဏ်း ဖြစ်စဉ်အတွင်း လုံခြုံရေး တပ်ဖွဲ့ များက ရိုဟင်ဂျာမူစလင်များကို ပစ်ခတ်ခဲ့သည်ဟူသော လူ့အခွင့်အရေး အုပ်စုများက စွပ်စွဲချက်များကြောင့် အစ္စလာမ်ကမ္ဘာတွင် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ပြီး အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OICအဖွဲ့ဝင်များ ရခိုင်ပြည်နယ်သို့ လာရောက် ကြည့်ရှု ခဲ့ကြသည်။

ရခိုင်ပြည်နယ်မှ တင်းမာမှုများသည်   အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ကူးစက်ပျံ့နှံ့ကာ ရာမူး(ပန်းဝါ)မြို့တွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း များနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီး ကြခြင်းကြောင့် ပါဝင်ပတ်သက်သူ ၃၀၀ခန့်ကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းဆီးနေသည်ဟု သိရှိရသည်။

---------------------------------------------------------------------------------------------------------------------  

စင်ကာပူ စီးပွားရေး ၁.၅ရာခိုင်နှုန်း ကျုံ့ဝင်

(12 October 2012 ရက်စွဲပါ  BBC Newsမှ“Singapore Economy contract1.5% but avoids recession” ကို ဘာသာပြန်ဆိုသည်။)

စင်ကာပူ စီးပွားရေးသည် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ကျုံ့ဝင်သွားခဲ့ပြီး နည်းပညာအရ အခက်အခဲဖြစ်မည့် အခြေအနေ(trchnical recession)ကို သီသီလေး ရှောင်ရှားနိုင်ခဲ့သည်။

ပြည်တွင်းအသားတင် ထုတ်လုပ်မှု (GDP)သည် ပြီခဲ့သောသုံးလက ထက်စာလျှင် ယခုသုံးလအတွင်း ၁.၅ရာခိုင်နှုန်း ကျုံ့ဝင်ခဲ့ကြောင်း ကုန်သွယ် ရေးနှင့် စက်မှုဝန်ကြီးဌာနက ပြောသည်။

ဥရောပ၊ အမေရိကန်နှင့် တရုတ်သို့ ပို့ကုန်များသည် တဖြည်းဖြည်း နည်းပါးလာခြင်းကြောင့် အာရှနိုင်ငံများတွင် တိုးတက်မှု နှေးကွေးလာသည်။ အဆိုပါ အဓိက ဈေးကွက်နိုင်ငံများမှ ပစ္စည်းမှာယူမှု အားနည်းလာခြင်းကြောင့် ပြီးခဲ့သည့်လများအတွင်း ထုတ်လုပ်မှုများ နှေးကွေးသွားခဲ့ရာ ပို့ကုန်အပေါ် တွင်မှီခိုရသော စင်ကာပူနိုင်ငံတွင်အထိနာခဲ့သည်။ သုံးသပ်သူ အများစုက စင်ကာပူဒေါ်လာ အားနည်းသွားစေရန် ငွေကြေးမူဝါဒတွင် ဝင်ရောက်ကိုင်တွယ် ရေးကို မျှော်လင့်လျက်ရှိသည်။

စင်ကာပူဒေါ်လာ အားကောင်းနေခြင်းသည် ပို့ကုန်များ နိုင်ငံရပ်ခြားတွင် ဈေးကြီးပြီး ပို့ကုန်သမားများ၏ အမြတ်ငွေများ ဖြတ်တောက် ခံရသည့်သ ဖွယ် ဖြစ်သည်။

သို့သော် စင်ကာပူ ငွေကြေးဆိုင်ရာ အာဏာပိုင်အဖွဲ့(MAS)က ပြောကြားရာတွင် ၎င်း၏မူဝါဒတွင် ငွေကြေးကို သင့်တော်သော နှုန်းထားဖြင့် တ ဖြည်းဖြည်းသာ တန်ဖိုးများအောင် လုပ်ဆောင်ခွင့်ပြုသည် ဖြစ်ကြောင်းပြောသည်။

“MASကဆက်ထိန်းထားဖို့ ရွေးချယ်တာကို  အံ့သြမိပါတယ်။ ကမ္ဘာမှာ ကြီးထွားမှု အရှိန်အဟုန် ရပ်တန့်နေပြီး၊ အခြားဗဟိုဘဏ် အတော်များများက ဖြေလျှော့ပေးဖို့ ရွေးချယ်လာကြပါတယ်” ဟု စင်ကာပူမှ CIMBရှိစီးပွားရေးပညာရှင် Song Sen Wunက ပြောကြားခဲ့သည်။

“ကျွန်တော်၏ နည်းပညာအရ အခက်အခဲဖြစ်မယ့် အခြေအနကို ကာကွယ်နိုင်ခဲ့တယ် ဆိုပေမယ့် တင်းကြပ်သော အလုပ်သမား ဈေးကွက်၏ ရိုက် ခတ်မှုသည် ဖြေလျှော့မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်”ဟု၎င်းကဆိုသည်။

နည်းပညာအရ အခက်အခဲဖြစ်သော အခြေအနေမှာ သုံးလပတ် နှစ်ခုဆက်တိုက် စီးပွားရေး ကျုံ့ဝင်မှုဖြစ်ပါက  ဖြစ်ပေါ်နိုင်ကြောင်း အဓိပ္ပါယ်ဖွင့်ဆို ထားသည်။

ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ပြောကြားရာတွင် စင်ကာပူသည် ယခုနှစ်၌ ရည်မှန်းထားသော တိုးတက်မှုနှုန်း ၁.၅ရာခိုင်နှုန်းနှင့် ၂.၅ရာခိုင် နှုန်း ရရှိရန် လမ်းကြောင်းပေါ်တွင် ရှိနေသေးကြောင်း ဆိုသည်။

------------------------------------------------------------------------------------------------------------------

မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများကို လူ့အခွင့်အရေးအဖွဲ့ စိုးရိမ်

(UPI သတင်းဌာနမှ 11 Oct 2012 ရက်စွဲပါ Rights group wary of Myanmar investments ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကြမည့် အမေရိကန်ကုမ္ပဏီများအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးကို လေးစာလိုက်နာ စေရေး အတွက် အမေရိကန်အစိုးရက အသေအချာလုပ်ဆောင်ပေးသင့်သည်ဟု EarthRights Internationalအဖွဲ့က တိုက်တွန်းပြောဆိုသည်။

မြန်မာနိုင်ငံရှိ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းကြီးများအပေါ် သတ်မှတ်ပြဋ္ဌာန်းထားသည့် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားလိုက်ကြောင်း

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက စက်တင်ဘာလတွင် ထုတ်ပြန်ကြေညာခဲ့သည်။ အမေရိကန် အစိုးရကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အပေါ် တုံ့ပြန်သည့်အနေဖြင့် ပိတ်ဆို့အရေးယူ မှုများကို ပြီးခဲ့သည့် ဇွန်လမှစ၍ စတင်ဖယ်ရှား ပေးလာသည်။

ပြင်သစ်ရေနံ ကုမ္ပဏီကြီးဖြစ်သော Totalမှ အရာရှိကြီးများသည် ဇွန်လအတွင်း မြန်မာ့စွမ်းအင် အခန်းကဏ္ဍ၏ အလားအလာများနှင့်ပတ်သက်၍ စတင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ Total၏ အဆိုအရ ယင်းကုမ္ပဏီသည် မြန်မာနိုင်ငံတွင်း တစ်နေ့လျှင် ရေနံစည်ပေါင်း ၁၈၀၀၀၀ခန့် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) က အမေရိကန် အစိုးရအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများတွင် လူ့အခွင့် အရေး ကိစ္စများကို ချိတ်ဆက်ပေးထား သင့်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်ဘက်ပါဝင်ပတ်သက်မှု သို့မဟုတ် ထင်သာမြင်သာမရှိမှု အစရှိ သည်တို့ ရှိထားသည်ဖြစ်ရာ မြန်မာပြည်တွင်း ပြုလုပ်မည့် ရင်းနှီး မြှုပ်နှံမှုများ အားလုံးနှင့် ပတ်သက်၍ လွန်စွာစိုးရိမ်ပူပန် မိသည်ဟု Earth Rights Internationalက သတိပေး ပြောကြားသည်။

"အိုဘားမားအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင်းဝင်ရောက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအ မှတ် ပြုထားသော အကောင်းဆုံး သတ်မှတ်ချက်များ ပေးအပ်ရန် အလေးအနက် တိုက်တွန်းလိုက်သည်။

တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုမျိုး ပေါ်ပေါက်ရေးအတွက် မိုဒယ်လ်တစ်ခု ဖော်ဆောင်ရာတွင် ယခုပေါ်ထွက်လာသည့် အခွင့်အရေးကို အသုံးပြု သင့်သည်"ဟု ကြေညာချက်ထုတ်ပြန်သည်။

--------------------------------------------------------------------------------------------------------------------

ထားဝယ်ရေနက် စီမံကိန်းအတွက် ပူးတွဲမဟာမိတ်ဖွဲ့ရန် ဦးသိန်းစိန်နှင့် ရင်လတ်တို့စီစဉ်

(Bangkok Post သတင်းစာမှ 11 Oct 2012 ရက်စွဲပါ Yingluck, Thein Sein sign pactကို ဘာသာပြန်ဆိုသည်)

လာမည့် နိုဝင်ဘာ လလယ်ခန့်တွင် ကျင်းပမည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးကို ထောက်ပံ့ပေးနိုင်မည့် ပူးတွဲ မဟာမိတ်ဖွဲ့မှု တစ်ရပ်ကို ကြေညာရန် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်တို့ စီစဉ်ထားပြီဖြစ်သည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် မစ္စ ရင်လတ်ရှင်နာဝပ်သည် ထားဝယ်စီမံကိန်းနှင့် သက်ဆိုင်သော ဝန်ကြီးဌာနခြောက်ခုအား ယင်းအစီအစဉ် အရှိန် မြှင့်တင်ရေးအတွက် ညွှန်ကြားချက်များ ပေးခဲ့သည်။

 မြန်မာနိုင်ငံတောင်ပိုင်းတွင်တည်ရှိသော ယင်းစီမံကိန်းတွင် အထူးစီးပွားရေး ဇုန်တစ်ခု ထူထောင်ပြီး ထိုင်းနိုင်ငံနှင့် ကားလမ်း၊ ရထားလမ်းဖောက် လုပ်ရန် လည်းစီစဉ်ထားသည်။

စီမံကိန်းကို ထိုင်း Italian-Thai Developmentက ဦးဆောင်ရင်းနှီးမြှုပ်နှံသူအဖြစ် လုပ်ကိုင်လျက်ရှိသည်။ နိုင်ငံခြားရေးဝန်ကြီး Surapong Tovichakchaikul အဆိုအရ အခန်းကဏ္ဍကြီး ခြောက်ခုပါဝင်ပြီး ယင်းတို့မှာ အခြေခံအဆောက်အဦ၊ စက်မှုဖွံ့ဖြိုးရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးရေး၊ ဘဏ္ဍာရေးလုပ်ငန်း၊ လူမှုရေးနှင့် ကွန်မြူနစ်တီ ဖွံ့ဖြိုးရေးတို့ဖြစ်သည်။

ယင်းအခန်းကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေးမှုများကို ထိုင်းအစိုးရက ယခုလအတွင်း ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ အသေးစိတ်ကိစ္စများကို အာ ဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အပြီးသတ် ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဖွံ့ဖြိုးရေးနှင့် မြန်မာအရှေ့ပိုင်း နေရာဒေသများ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ထိုင်း-မြန်မာ ပူးတွဲကော်မတီ သုံးရပ်ဖွဲ့စည်းရန် အဆိုပြုမှုကို ထိုင်းကက်ဘိနက်အဖွဲ့က အောက်တိုဘာလ ၉ရက်နေ့တွင် သဘောတူညီလိုက်သည်။

အဆိုပါ စီမံကိန်းတွင် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့က ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိကြောင်း ထုတ်ဖော်ပြသ ထားသည် ဟု နိုင်ငံခြားရေး ဝန်ကြီးကဆိုသည်။ အကြောင်းမှာ ဒေသတွင်း စက်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် ထားဝယ်ရေနက်ဆိပ်ကမ်း ဒေသသည် နေရာသစ်တစ်ခု ဖြစ်နေခြင်းကြောင့် ဖြစ်သည်ဟု ၎င်းကဆက်လက် ပြောဆိုသည်။

လာမည့် ၇နှစ်အတွင်း အာဆီယံနှင့် ချိတ်ဆက်နိုင်ရေးအတွက် နှစ်စဉ်ဘတ်ငွေ ၃၀၀ဘီလီယံ တန်ဖိုးရှိမည့် ထောက်ပို့လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကိုလည်းအပြီးသတ် လုပ်ကိုင်ဆောင်ရွက်ရန် ထိုင်းအစိုးရက ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း Mr Kittirattက ပြောကြားသည်။ စီမံကိန်းတွင် မြန်မာ၊ လာအို၊ က မ္ဘောဒီးယား၊ မလေးရှားနှင့် တောင်တရုတ်ဒေသ တို့အား မြန်နှုန်းမြင့် ရထားလမ်းနှင့် မော်တော်ကားလမ်းတို့ဖြင့် ချိတ်ဆက်မည့် အစီအစဉ်လည်း ပါဝင်သည်။

---------------------------------------------------------------------------------------------------------------------

အမေရိကန် လေယာဉ်တင် သဘောင်္အုပ်စုနှစ်စု အင်ဒ်ါမန်  ပင်လယ်တွင် စစ်ရေးလေ့ကျင့်

(Kitsap Sun မှ 12 oct 2012 ရက်စွဲပါ “stennis drills in Andama sea” သတင်းကို ဘာသာပြန်ဆိုသည်။)

အမေရိကန် လေယဉ်တင်သဘောင်္ USS John C. stennisဦးဆောင်သော ရေတပ်သဘောင်္ အုပ်စုသည် နောက်ထပ်လေယာဉ်တင် သေဘာၤUSS George Washintonေရတပ္သေဘာၤ အုပ်စုနှင့်အတူ ထိုင်းနှင့်မြန်မာအနီး အင်ဒါမန် ပင်လယ်တွင် သောကြာနေ့က စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သည်။

လေယဉ်တင် သဘောင်္အုပ်စု နှစ်စုသည် ပူးပေါင်းလေကြောင်း စစ်ဆင်ရေးများ ၊ ရေပြင်လေ့ကျင့်ခန်းများ၊ ရေငုပ်သဘောင်္ တိုက်ဖျက်ရေး လေ့ကျင့် ခန်းများကို ပူးတွဲပြုလုပ်ခဲ့ကြသည်။

အမေရိကန် လေယာဉ်တင် သဘောင်္ကြီး USS John C. stennisသည် ၈လကြာ ကင်းလှည့်တာဝန် ထမ်းဆောင်ရန်အတွက် ဘရီမင်တန် ဆိပ် ကမ်းမှ သြဂုတ်လတွင် ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး မူလမျှော်မှန်းထားသော ရက်ထက်(၅)လ စော၍ ထွက်ခွာလာခြင်း ဖြစ်သည်ဟု သိရှိရသည်။ Stennisလေ ယာဉ်တင် သဘောင်္အုပ်စုသည် အရှေ့အလယ်ပိုင်းသို့ ဦးတည်လျှက်ရှိသည်။

လေယာဉ်တင်သဘောင်္ကြီး USS George Washintonမှာမူ ဂျပန်နိုင်ငံ ယိုကိုဆူကာတွင် အခြေစိုက်သည်ဟု သိရသည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၂.၁၀.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ထိုင်းနိုင်ငံက အစိုးရချင်း သဘောတူညီမှုဖြင့် အလုပ်သမာများ   တင်သွင်းမည်

(12 October 2012 ရက်စွဲပါ Bernama မှ Thailand to import workers under G –to-G agreement ကိုဘာသာပြန်ဆိုသည်။)

  1. ဂျပန်က မြန်မာနိုင်ငံအပေါ်ပိုမိုကူညီကြရန်တောင်းဆို

(11 Oct 2012 ရက်စွဲပါ mysinchew.com မှ AFP ၏ “Japan calls for more Myanmar support” ကိုဘာသာပြန်ပါသည်)

  1. အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး မြန်မာသို့နောက်အပတ်တွင်လာမည်

(The Associated Press မှ 11 Oct 2012 ရက်စွဲပါ “No.2 US diplomat to visit Myanmar next week, meet its president and Suu Kyi သတင်းကိုဘာသာပြန်ဆိုသည်။)

***********************************************************

ဘာသာပြန်သတင်းများ

ထိုင်းနိုင်ငံက အစိုးရချင်း သဘောတူညီမှုဖြင့် အလုပ်သမာများ   တင်သွင်းမည်

(12 October 2012 ရက်စွဲပါ Bernama မှ Thailand to import workers under G –to-G agreement ကိုဘာသာပြန်ဆိုသည်။)

ထိုင်းနိုင်ငံသည် အစိုးရချင်း သဘောတူညီချက်ဖြင့် ရွေ့ပြောင်းလုပ်သားများ တင်သွင်းရန် စီစဉ်လျက်ရှိရာ အိမ်နီးချင်း မြန်မာနိုင်ငံမှ အလုပ်သမား များနှင့် စတင်မည်ဖြစ်ကြောင်း ထိုင်းသတင်း အေဂျင်စီ(TNA)က သတင်းထုတ်ပြန်သည်။

အလုပ်သမား အလုပ်အကိုင်ဌာန ညွှန်ကြားရေးမှူးချုပ် Pravit Khiengpol ကကြာာသပတေးနေ့က သတင်းထောက်များသို့ ပြောကြားရာတွင် အ စိုးရချင်း သဘောတူ အလုပ်သမား တင်သွင်းခြင်းသည် အချိန်ကုန်၊ ငွေကုန်သက်သာကြောင်း၊ တင်သွင်းရမည့်အလုပ်သမားအရေအတွက်သည် ပြည်တွင်း ပုဂ္ဂလိကကဏ္ဍ လိုအပ်ချက်ပေါ်တွင် အခြေခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှပင် ထိုင်းနိုင်ငံ၏ အမျိုးသားငါးလုပ်ငန်း အသင်းကြီးကလည်း နိုင်ငံခြားသားလုပ်သား ၅၀၀၀၀ခန့်တင်သွင်းရန် တရားဝင် ခွင့်ပြု ချက်တင်ပြခဲ့ရာ အစိုးရ၏ နိုင်ငံခြားသား အလုပ်အကိုင် ကော်မတီက ဘင်္ဂလားဒေရှ့်မှ လုပ်သားများ တင်သွင်းရန် ခွင့်ပြုခဲ့သည်။

သို့သော် ငါးလုပ်ငန်းအဖွဲ့သည် နိုင်ငံခြားသား လုပ်သားများ အလုပ်ခန့်ထားရေးဆိုင်ရာ စည်းမျဉ်းများနှင်အညီ လုပ်ကိုင်ရမည်ဖြစ်ကြောင်း ကော်မ တီ၏ အဆိုအရ သိရှိရသည်။ ၎င်းတင်သွင်းလာသော နိုင်ငံခြားသား လုပ်သားများသည် ငါးလုပ်ငန်းမှလွဲ၍ အခြားအလုပ်များ လုပ်ခွင့်မပြုဟု သိရှိရသည်။

ထိုင်းအလုပ်သမားဝန်ကြီး Pademchai sasomsapက လူကုန်ကူးမှုကို ကာကွယ်သောအားဖြင့် ထိုင်းငါးလုပ်ငန်းအတွက် တင်သွင်းလာသော အလုပ်သမားများကို အမျိုးသား ငါးလုပ်ငန်းအဖွဲ့က တာဝန်ယူမည်ဖြစ်ပြီး အဆိုပါ ရွေ့ပြောင်းလုပ်သားများအတွက် စံမီသောနှစ်စဉ် အလုပ်အကိုင် စာချုပ် များကို ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် လိုအပ်ကြောင်းဆိုသည်။

----------------------------------------------------------------------------------------------------------------------

ဂျပန်က မြန်မာနိုင်ငံအပေါ် ပိုမိုကူညီကြရန် တောင်းဆို

(11 Oct 2012 ရက်စွဲပါ mysinchew.com မှ AFP ၏ “Japan calls for more Myanmar support” ကိုဘာသာပြန်ပါသည်)

ဂျပန်နိုင်ငံသည် ကြာသာပတေးနေ့က ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသော မြန်မာနိုင်ငံအပေါ်ချေးငွေများ ပြန်လည်ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီး၊ အခြားငွေချေးသူများကိုလည်း မြန်မာနိုင်ငံအပေါ် ငွေများချေးကြရန် တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံ အပေါ်လည်း အစည်းအဝေး တက် ရောက်မှုအတွက် ဝေဖန်ခဲ့သည်။

တိုကျိုတွင် ကျင်းပလျှက်ရှိသော (IMF) နှင့်ကမ္ဘာ့ဘဏ်တို့၏ နှစ်ပတ်လည်အစည်းအဝေး၏ အရန်ဆွေးနွေးပွဲအဖြစ် နိုင်ငံနှစ်ဒါဇင်ခန့်မှ ကိုယ်စား လှယ်များနှင့် လက်တစ်ဆုတ်စာရှိသော နိုင်ငံတကာ အဖွဲ့အစည်းများသည် မြန်မာနိုင်ငံအကြောင်း ဆွေးနွေးကြမည်ဖြစ်သည်။

ငွေချေးသူများသည် မြန်မာနိုင်ငံကို ၎င်းပေးရန်ရှိသော အကြွေးမြီများပေးဆပ်နိုင်ရန် ဒေါ်လာ (၁) ဘီလီယံချေးရန် စီစဉ်လျက်ရှိကြောင်း ပြီးခဲ့ သည့်လက သတင်းများ ထွက်ပေါ်ခဲ့သည်။

               သို့သော် ကြာသာပတေးနေ့က အစည်းအဝေးတွင် ခိုင်မာသော အသေးစိတ် အချက်အလက် အချို့သာ ထွက်ပေါ်ခဲ့သည်။ “ဂျပန်နိုင်ငံဟာ မြန်မာ နိုင်ငံကို အပြည့်အဝ ပြန်လည်ဝင်ရောက်နိုင်ဖို့ စီစဉ်နေတယ်။ ချေးငွေခွင့်ပြုတာ အပါအဝင်ဖြစ်ပြီး အစောဆုံး လာမယ့်နှစ်မှာ စတင်နိုင်မယ်လို့ ထင်ပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီး (Koriki Jojima)က အစည်းအဝေးတွင် ပြောကြားခဲ့သည်။ အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

               “နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ပံ့ပိုးကူညီဖို့ ပူးပေါင်းကြိုးပမ်းဖို့ အချိန်ရောက်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုငငံကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အဖွဲ့ဝင် တစ်ဦးအဖြစ် ပြန်လည်စုစည်း ပေးရပါလိမ့်မယ်”ဟု ၎င်းကဖြည့်စွက်ပြောသည်။

               မြန်မာဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်ကလည်း အကူအညီများပိုမိုပေးရန် တောင်းဆိုခဲ့ပြီး၊ ပြောကြားရာတွင် “ကျွန်တော်တို့ဟာ အရင်က မဖြစ်ခဲ့ဘူး သေးတဲ့ ဘက်ပေါင်းစုံ အသွင်ကူးပြောင်းရေး လုပ်ဆောင် နေပါတယ်။ အစိုးရဗဟိုပြု စီးပွားရေးစနစ်က နေပြီးတော့ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးကို ပြောင်းနေပါတယ်”ဟု ၎င်းကပြောခဲ့သည်။

အစည်းအဝေးပြီးနောက် ထုတ်ပြန်သောကျေညာချက်တွင် ကမ္ဘာ့ဘဏ်နှင့်အာရှဖွံ့ဖြိုးရေးဘဏ်တို့က ပြောကြားရာတွင် ၎င်းတို့သည် လာမည့်နှစ် အစောပိုင်းတွင် မြန်မာနိုင်ငံက ပေးရန်ရှိသော ကြွေးမြီများ ရှင်းပစ်နိုင်ရေးအတွက် ပူးပေါင်းကူညီနိုင်ရန် လိုအပ်သည့် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ဆိုသည်။

ဂျပန်နိုင်ငံသည် ပြီးခဲ့သည့် ဧပြီလက ၎င်းအပေါ် မြန်မာနိုင်ငံက ပေးရန်ရှိသောအကြွေး ယန်းဘီလီယံ (၅၀၀)အနက် ယန်းဘီလီယံ (၃၀၀) (ဒေါ် လာ၃.၈ဘီလီယံ)အား လျော်ပစ်ရန် သဘောတူခဲ့သည်။

သယံဇာတ ဆင်းရဲသော ဂျပန်နိုင်ငံသည် ပို့ကုန်အပေါ်တွင်သာ မှီခိုရပြီး သယံဇာတ ကြွယ်ဝသော မဲခေါင်ဒေသ ဖွံ့ဖြိုးရေးကို အားပေးရန် ကြိုးစား လျက်ရှိသည်။ အဆိုပါ ဒေသကို တရုတ်ကလည်း လွှမ်းမိုးရန် ကြိုးစားလျက် ရှိသည်။

(Beijing)သည် နယ်မြေအငြင်းပွားမှု ပြဿနာများကြောင့် ယခုအစည်းအဝေးသို့ အဆင့်မြင့် ပုဂ္ဂိုလ်များ စေလွှတ်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည်။ တရုတ်အစည်းအဝေးသို့ မတက်ရောက်ခြင်းနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ ဘဏ္ဍာရေးဒုဝန်ကြီး (Takehiko Nakao)က ပြောကြားရာတွင် “စိတ်မကောင်းဖွယ် ဖြစ်ပါတယ်”ဟု ဆိုသည်။

“နိုင်ငံစုံက ကြိုးပမ်းမှုတွေ လုပ်နေချိန်မှာ မြန်မာနဲ့ဆက်ဆံရေး အားကောင်းစွာ ရှိနေတဲ့ တရုတ်ကို ကျွန်တော်တို့က အစည်းအဝေး လာတက်စေ လိုပါတယ်”ဟု ၎င်းကဆိုသည်။

--------------------------------------------------------------------------------------------------------------------------------

အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မြန်မာသို့ နောက်အပတ်တွင်လာမည်

(The Associated Press မှ 11 Oct 2012 ရက်စွဲပါ “No.2 US diplomat to visit Myanmar next week, meet its president and Suu Kyi သတင်းကိုဘာသာပြန်ဆိုသည်။)

အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဘန်းသည် အာရှငါးနိုင်ငံ ခရီးလှည့်လည်ရင်း မြန်မာနိုင်ငံသို့ လာမည့်အပတ်တွင် လာရောက် မည်ဖြစ်သည်။

လာမည့်ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည့် ဝီလီယံဘန်းသည် မြန်မာသမ္မတဦးသိန်းစိန် မြန်မာအစိုးရအဖွဲ့ဝင်များ အတိုက်အခံခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် စသူတို့နှင့် တွေ့ဆုံမည်ဟု သိရှိရသည်။

မြန်မာဟု နာမည်ပြောင်းထားသော်လည်း (Burma)ဟု လူသိများသော မြန်မာနိုင်ငံသို့ ပြီးခဲ့သော ဒီဇင်ဘာလက နှစ်ပေါင်း၅၀အတွင်း မြန်မာနိုင်ငံ ရောက် ပထမဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဟီလာရီ ကလင်တန် လာရောက်ခဲ့ပြီးနောက်ပိုင်း ယခုဝီလီယံဘန်းသည် အဆင့်မြင့် အမေရိကန် တာဝန်ရှိ သူတစ်ဦးအဖြစ် လာရောက်ခြင်းဖြစ်သည်။

တပ်မတော်(စစ်တပ်) အာဏာလွှမ်းမိုးထားသောမြန်မာနိုင်ငံတွင်ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ပေါ်ထွက်လာခြင်းကို အသိအမှတ်ပြုသည့် အ နေဖြင့် အမေရိကန် ပြည်ထောင်စုက ယခင်ကချမှတ်ထားသော (Sanctions)များကို ပြန်လည်ရုပ်သိမ်းပေးနေပြီ ဖြစ်သည်။ ယခုနောက်ဆုံး တစ်ကြော့ တုန့်ပြန်မှုအဖြစ် မြန်မာနိုင်ငံသို့ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘဏ်များက ငွေပြန်ချေးခြင်းကို အမေရိကန် ပြည်ထောင်စုက ထောက်ခံအားပေးကူညီရန် သမ္မတ အိုဘားမားက ဗုဒ္ဓဟူးနေ့တွင် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

ဝီလီယံဘန်းသည် မြန်မာနိုင်ငံသို့ မလာမီ ဂျပန်နှင့် တောင်ကိုရီးယားသို့ ဦးစွာဝင်ရောက်မည် ဖြစ်သည်။ ထို့အပြင် အိန္ဒိယသို့လည်း သွားဦးမည်ဟု သိရှိရသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive