Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၅.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် KIO တို့ အချက်(၅)ချက်ပါ ပူးတွဲကြေညာချက်ထုတ်ပြန်
  2. ငြိမ်းချမ်းရေးဆွေးနွေးမှုအောင်မြင်ရေး အခြေခံဥပဒေပြင်ဆင်ရန် လိုအပ်
  3. မီဒီယာများအား နည်းပညာသုံးတိုက်ခိုက်မှု ဖြေရှင်းပေးရန် Eleven Media Group တောင်းဆို
  4. အကောက်ခွန်ဆိုင်ရာ အခြေခံဥပဒေကို ပြင်ဆင်ကာ လွှတ်တော်တင်မည်

***********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် KIO တို့ အချက်(၅)ချက်ပါ ပူးတွဲကြေညာချက်ထုတ်ပြန်

ကချင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ဖြစ်ပွားမှု ရပ်တန့်နိုင်ရေးအတွက် အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင် လွတ်မြောက်ရေးအဖွဲ့(KIO)တို့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီတွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အစိုးရနှင့် KIO အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပသွားရန် အချက်အပါအဝင် အချက်(၅)ချက်ပါ ပူးတွဲကြေညာချက်အား နှစ်ဖက် သဘောတူထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ပူးတွဲကြေညာချက်တွင် တပ်မတော်နှင့် KIO အကြား နှစ်ဖက်ဆက်သွယ်ရေး လမ်းကြောင်းများထားရှိရေး နှစ်ဖက်စစ်ရေး တင်းမာမှု လျှော့ချနိုင်ရေး၊ ထပ်မံဆောင်ရွက်မည့် စည်းဝေးပွဲများအတွက် ပြင်ဆင်မှု၊ ထပ်မံပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် လေ့လာသူများနှင့် သက်သေ အဖြစ်ပါဝင်နိုင်မည့် အဖွဲ့များအား ဖိတ်ခေါ်ရေးနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIO အနေဖြင့် UNFC နှင့် ညှိနှိုင်းပြီးနောက် အစိုးရနှင့် နောက်တစ်ကြိမ် ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလမကုန်မီ ကျင်းပသွားရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ထို့ပြင် အစိုးရနှင့် KIO အကြားခိုင်မာသော စစ်ပြေငြိမ်းရေးကိုဆောင်ရွက်နိုင်ရန် ပဋိပက္ခဖြစ်ပွားရာ နေရာများသို့သွားရောက်၍ လေ့လာ စောင့်ကြည့်ရေးစနစ် ပေါ်ပေါက်ရေးတို့အတွက် ဆက်လက်ဆွေးနွေး ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ KIO ဘက်မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ဦးဆွမ်လွတ်ဂမ်၊ ဦးလဖိုင်လတို့နှင့် အရာရှိအချို့ တက်ရောက်ခဲ့ပြီး အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ဦးအုန်းကြိုင်တို့ တက်ရောက်ခဲ့သည့်အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး Mr.Luo Zhaohui က သက်သေအဖြစ် လည်းကောင်း ကြားဝင်စေ့စပ်သည့်အနေဖြင့် လည်းကောင်း ကဏ္ဍနှစ်ရပ် တာဝန်ယူ၍ Third Party အဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ တွင် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း နှစ်ဘက်စစ်ဦးစီးချုပ်များ မပါရှိမှုကြောင့် စစ်ရေးဆွေးနွေးမှု မပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

YC

           **********************************************

 

ငြိမ်းချမ်းရေးဆွေးနွေးမှုအောင်မြင်ရေး အခြေခံဥပဒေပြင်ဆင်ရန် လိုအပ်

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်းချမ်းရေးဆွေးမှုများ ဆောင်ရွက်ရာတွင် ပိုမိုအောင်မြင်မှုရရှိနိုင်စေရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်အချို့ကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း  သမ္မတရုံးဝန်ကြီးဌာန(၃)မှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ကျင်းပခဲ့သည့် မီဒီယာတွေ့ဆုံဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးရာတွင် power-sharing၊ resource sharing များကို ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ထိုသို့ ဆွေးနွေးရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအချက်အချို့ ဖြစ်သည့် ဖွဲ့စည်းပုံဇယား(၁)နှင့် ဇယား(၂)ကို ပြင်ဆင်ရန်လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ထို့ပြင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်(သို့)တိုင်းဒေသကြီး အစိုးရတို့အကြား အာဏာခွဲဝေကျင့်သုံးခြင်း၊ သဘာဝရင်းမြစ်များ ခွဲဝေထိန်းသိမ်းခြင်းဖြင့် အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ ပိုမိုအကျိုးအောင်မြင် စေနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၁၁)ဖွဲ့အနက် (၁၀)ဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီမှုများရရှိပြီး ဖြစ်သော်လည်း ကချင်လွတ်မြောက်ရေးတပ်မတော်နှင့်မူ ငြိမ်းချမ်းရေးဆွေးနွေးဆဲဖြစ်ကြောင်း သိရသည်။

                     YC

                                                                *************************************************

 

မီဒီယာများအား နည်းပညာသုံးတိုက်ခိုက်မှု ဖြေရှင်းပေးရန် Eleven Media Group တောင်းဆို

ပြည်တွင်းရှိ တရားဝင်ရပ်တည်နေသော မီဒီယာများအား မသမာသူအချို့မှ နည်းပညာသုံးတိုက်ခိုက်နေမှုများကို ဖြေရှင်းပေးရန် သတင်းမီဒီယာ ကောင်စီမှတစ်ဆင့် အစိုးရတာဝန်ရှိသူများထံ မေတ္တာရပ်ခံဖြေရှင်းပေးရန် တိုင်ကြားစာကို Eleven Media Group မှ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင် Red Army Team အမည်ရှိအဖွဲ့တစ်ခုမှ EMG ဝက်ဆိုဒ်နှင့် ဆိုရှယ် ဝက်ဆိုဒ်(Facebook) စာမျက်နှာများအား နည်းပညာအသုံးပြု၍ တိုက်ခိုက်ခဲ့သည့်အပြင် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်လည်း ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာများကိုလည်း Anonymous Myanmar အမည်ရှိ အဖွဲ့တစ်ခုမှ တိုက်ခိုက်၍ ၎င်းတို့စိတ်ကြိုက် Post များ တင်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း အဆိုပါတိုင်ကြားစာတွင် ဖော်ပြပါရှိသည်။

ထို့သို့ တိုက်ခိုက်မှုများပြုလုပ်ရန် မကြာခဏ Myanmar Express ဝက်ဆိုဒ်မှတစ်ဆင့် ထုတ်ပြန်ကြေညာသကဲ့သို့ The Voice Weekly Facebook စာမျက်နှာများတွင် ၎င်းတို့စိတ်ကြိုက်တင်လျက်ရှိသည့် Post များမှာလည်း Myanmar Express Website ပါသတင်းများဖြစ်နေကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် Myanmar Express Website မှာ ဒီမိုကရေစီမလိုလားသော တပ်မတော်အရာရှိအချို့နှင့် ဌာနအချို့မှ လုပ်ဆောင်နေခြင်းဖြစ်သည်ပာု ယူဆသံသယဖြစ်ဖွယ် အချို့ကိုတွေ့ရှိနေရသည့်အတွက် နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ် အစရှိသည့် အစိုးရတာဝန်ရှိသူများအနေဖြင့် ယခု ကိစ္စအား ညှိနှိုင်းဖြေရှင်း ကာကွယ်ပေးပါရန် တင်ပြတိုင်ကြားအပ်ကြောင်း တိုင်ကြားစာတွင် ဖော်ပြပါရှိသည်။

YC

 

                                                        *********************************************

အကောက်ခွန်ဆိုင်ရာ အခြေခံဥပဒေကို ပြင်ဆင်ကာ လွှတ်တော်တင်မည်

အကောက်ခွန်ဦးစီးဌာနအနေဖြင့် အကောက်ခွန်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေအား အာဆီယံနိုင်ငံများတွင် အခွန်ကောက်သောပုံစံများအတိုင်း ပြန်လည်ပြင်ဆင်ကာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဋ္ဌာနမှတဆင့် လွှတ်တော်သို့တင်ပြပြီး အတည်ပြုချက်ရယူမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဋ္ဌာန စီမံရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်းက ပြောကြားသည်ဟု သိရသည်။

အကောက်ခွန်ဦးစီးဋ္ဌာနက လက်ရှိကျင့်သုံးနေသော ဥပဒေများနှင့် နည်းဥပဒေများမှာ ၁၈၇၈ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားသော ပင်လယ် ရေကြောင်း အကောက်ခွန်ဥပဒေ၊ ၁၉၂၄ ခုနှစ်တွင် ပြဋ္ဌာန်းသော ကုန်လမ်းအကောက်ခွန်ဥပဒေများကို အခြေခံသော နည်းဥပဒေများဖြစ်သည်။

ယင်းသို့ ဥပဒေပြင်ဆင်ပြီးပါက အခြားအာဆီယံနိုင်ငံများကဲ့သို့ ၂၄ နာရီ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် အာဆီယံလွတ်လပ်သော ကုန်သွယ်ရေး စနစ်(AFTA)တွင် အဆင်ပြေစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိတွင်ပင် အကောက်ခွန်ဋ္ဌာနအတွက် ကုန်ပစ္စည်းစစ်ဆေးရန် ခေတ်မီနည်းပညာနှင့် စက်ကိရိယာများ ထပ်မံတပ်ဆင်ရန် လိုအပ်နေကြောင်း သိရသည်။

ထိုသို့ အကောက်ခွန်ဆိုင်ရာ ပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်နေချိန်တွင် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံက ဦးစားပေးအခွန်ကင်းလွတ်ခွင့် (Generalized System of Performances)ကို ဧပြီလမှ စတင်ကာ မြန်မာနိုင်ငံသို့ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအကောက်ခွန် အမျိုးအစား မှာ လက်နက်များမှလွဲ၍ ကျန်ကုန်ပစ္စည်းများ အားလုံးအတွက် ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။

                                                                                                                                                                          YC

                                                 *************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၎.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“ဦးဇင်းအမြင်ကတော့ ပြည်သူလူထု ဆန္ဒဖော်ထုတ်တဲ့အခါမှာ ဘယ်သူ ဘယ်ဝါဆီမှ ခွင့်တောင်းခံနေစရာ မလိုဘူး ထင်တယ်။ ဒီ ပုဒ်မ ၁၈ ကလည်း မလိုပါဘူး။ အာဏာရှင်စနစ်လက်ထက်တုန်းက သူတို့ အကျိုးစီးပွား တစ်ခုကို ကြည့်ပြီး ရေးဆွဲတဲ့ ပုဒ်မပါ။ ဘယ်သူ့ကိုမှ အကျိုးမပြုတဲ့ ပုဒ်မဖြစ်နေတယ်။ တစ်ကယ်တမ်း ပြည်သူတွေ ဘာပြောသလဲဆိုတာ နားထောင်ပြီး ဆောင်ရွက်ရင် တိုင်းပြည်က တိုးတက်မှာပါ။ ဒါ့ကြောင့် ပြည်သူ့အသံကို နားထောင်ပါလို့ပဲ ပြောချင်ပါတယ်။”

ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် Venus News Journal အတွဲ (၄) အမှတ် (၂၈) တွင်ပါရှိသော “ပုဒ်မ ၁၈ အား အယုံအကြည်မရှိသဖြင့် ဆန္ဒဖော်ထုတ်ခွင့် စာတင်တော့မည် မဟုတ်ကြောင်း ဗကသ အဖွဲ့ဆို” သတင်းမှ ဂဋ္ဌုန်နီ ဆရာတော် ဦးကာဝိရ ၏ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ကြဘူးဆိုရင် လူငယ်တွေဘက်က ခုခံကာကွယ်မယ့် စိတ်ဓါတ်တွေနဲ့ လူမျိုးရေးအရ အမုန်းပွားလာပြီး စစ်မီးတွေပိုပြီးတောက်လောင်လာမယ်။ အခု စစ်ဘေးဒဏ်ကြောင့် ကချင်ဒေသမှာရှိတဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ ဒုက္ခပိုခံစားနေကြရတယ်။ ဒီလိုအခြေအနေမှာ ကချင် လူငယ်တွေအနေနဲ့ ဘယ်လောက်ခံစားနေရမယ်ဆိုတာ ကျွန်တော်တို့ မွန်လူငယ်တွေကလည်း စာနာမိပါတယ်။”

ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် Open News Journal အတွဲ (၅) အမှတ် (၁၈) တွင်ပါရှိသော “တစ်ပြည်လုံး စစ်ပွဲရပ်ဆိုင်းပြီး အမြန်ဆုံးနိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ရန် မွန်ပြည်သစ်ပါတီ တိုက်တွန်း” သတင်းမှ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ ၏ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းကူပေးပါလို့ သူ့ကို သမ္မတကြီးက နှုတ်နဲ့လည်း ပြောထားပြီးသားဖြစ်ပါတယ်။ အဲဒီတော့ သူကူညီချင်တဲ့ အခန်းကဏ္ဍမှာ ကူညီလို့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ထားပြီးသား လည်း ဖြစ်ပါတယ်။ သူပါမယ်ဆိုလည်း ဝမ်းသာပါတယ်။ တစ်နေ့ပါလာမှာ ဖြစ်ပါတယ်။ သူ့ကို ကြည့်ရတာ ပင်လည်း ပင်ပန်းပါတယ်။ လက်ပံတောင်းတောင် ကိစ္စလည်းကိုင်ရ၊ သူ့ပါတီ ညီလာခံလည်း လုပ်ရ၊ သူ့ မှာလည်း အလုပ်ချိန်တော်တော်များပါတယ်။ တစ်နေ့တစ်ချိန်မှာ မျှော်လင့်သလို ပါလာမှာ ဖြစ်တယ်။”

ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် Open News Journal အတွဲ (၅) အမှတ် (၁၈) တွင်ပါရှိသော “ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် UNFC တိုင်းရင်းသား ကိုယ်စားပြုအဖွဲ့များ ထိုင်းတွင် ထပ်မံတွေ့ဆုံမည်” သတင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း  ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“ဒီ ဥပဒေကို ဖျက်သိမ်းတယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား အားလုံးကိုလည်း လွှတ်ပေးရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအင်အားစု အားလုံးကို အရင် နဝတ အစိုးရ အာဏာတည်ဖို့၊ ၅/၉၆ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အခုဖျက်သိမ်းတယ် ဆိုပေမယ့် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက်ရှိနေသေးတယ်။”

ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် Favourite News Journal အမှတ် (၃/၁၈၆) တွင်ပါရှိသော “ဥပဒေက ပြုတ်သွားပေမယ့် နိုင်ငံရေးသမားကိုတော့ အကျဉ်းကမထုတ်သေး” သတင်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“ကျွန်တော်တို့နိုင်ငံက တခြားနိုင်ငံတွေထက် နောက်ကျပေမယ့် အားသာချက်ကတော့ အခြား နိုင်ငံတွေရဲ့ အကောင်း၊ အဆိုးကို သုံးသပ်ပြီး ကောင်းတာတွေကို အတုယူလုပ်ဆောင်နိုင်တယ်။ မဲခေါင်ဒေသ ကအိမ်နီးချင်း နိုင်ငံတွေနဲ့ မြန်မာနိုင်ငံဟာ ကွာခြားမှုမများတဲ့အတွက် ဒီလေ့လာမှုဟာ အကျိုးအများကြီးရှိပါတယ်”

ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် Favourite News Journal အမှတ် (၃/၁၈၆) တွင်ပါရှိသော “ကျေးလက်နေပြည်သူတွေများတဲ့ မြန်မာနိုင်ငံကျေးလက်ဖွံ့ဖြိုးရေး မဲခေါင်နိုင်ငံများဆွေးနွေး” သတင်းမှ အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။ 

   **************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၎.၂.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1. မြန်မာနိုင်ငံတွင် တံခါးဖွင့်မှုကြောင့် Best  Western ပာိုတယ်အုပ်စုမျက်စိကျ

(4 Feb 2013 ရက်စွဲပါ Bloomberg မှ Nichola Saminather ရေးသားသော Myanmar opening to foreigners draws Best Western Hotels ကိုဘာသာပြန်ဆိုသည်)

  1. ရိုဟင်ဂျာကိစ္စကို လူသားချင်းစာနာသောစိတ်ဖြင့် အာဆီယံဖြေရှင်းသင့်ဟု ဆူရင်ပြောကြား

(The Nation သတင်းစာမှ 4 Feb 2013 ရက်စွဲပါ Asean must address Rohingya issue on humanitarian grounds, surin insists ကိုဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် တံခါးဖွင့်မှုကြောင့် Best  Western ပာိုတယ်အုပ်စုမျက်စိကျ

(4 Feb 2013 ရက်စွဲပါ Bloomberg မှ Nichola Saminather ရေးသားသော Myanmar opening to foreigners draws Best Western Hotels ကိုဘာသာပြန်ဆိုသည်)

photo credit - bloomberg

ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးပိာုတယ်များဖွင့်လှစ်သည့် Best Western international Inc. သည် ပိုမိုကောင်းမွန်လာသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံတွင် ပိာုတယ်အခန်းလိုအပ်ချက်များကြောင့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံးရင်းနှီးမြှုပ်နှံမည်ဖြစ်ပါသည်။

၎င်းသည် Phoenix အခြေစိုက်အုပ်စုဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးအပါအဝင် နေရာများစဉ်းစားလျက်ရှိကြောင်း ဘန်ကောက်အခြေစိုက် အာရှနှင့် အရှေ့အလယ်ပိုင်း နိုင်ငံတကာလုပ်ငန်းများ ဒုတိယဥက္ကဋ္ဌ Glenn de Souza က ဇန်နဝါရီ(၃၁)ရက်နေ့က မေးခွန်းများကို အီးမေးလ်ဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံမှ သမ္မတဦးသိန်းစိန်သည် ဆယ်စုနှစ်ငါးခုခန့်အထီးကျန်ဖြစ်သော တိုင်းပြည်အား ဒီမိုကရေစီနှင့် ၎င်း၏ဘဏ္ဍာရေးနှင့် ပုဂ္ဂလိက အခြေခံအဆောက်အဦးကို ခေတ်မီအောင် အသွင်ပြောင်းရန် ကြိုးစားလျက်ရှိပါသည်။ ၎င်းသည် နိုင်ငံတကာ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရန် နိုဝင်ဘာလက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို လက်မှတ်ရေးထိုးခဲ့ပါသည်။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဥပသေစ်ထွက်ပေါ်လာပြီးနောက်မှာ အခွင့်အလမ်းတွေအများကြီးရှိနေပါတယ်”ပာု de Souza ကပြောပါသည်။

“ပာိုတယ်ကဏ္ဍက လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။ အထူးသဖြင့် အလယ်အလတ်အဆင့်ရှိတဲ့ပာိုတယ်တွေ လိုအပ်နေပါတယ်။ ပထမဆုံးဝင်လာတဲ့လူတွေအတွက်ကတော့ အခွင့်အလမ်းတွေအများကြီးရှိမှာပါ”ပာု ၎င်းကပြောပါသည်။

နိုင်ငံတကာမှ မြန်မာနိုင်ငံသို့လာရောက်သော ဧည့်သည်များကိုကြည့်ပါက နယ်စပ်မှဝင်ရောက်သူမျာကို ထည့်သွင်းတွက်ချက်ခြင်းမပြုပါက ၂၀၁၂ တွင် ၂၀၀၈ ကထက်စာလျှင် သုံးဆခန့်တက်လာပြီး ၅၉၃၃၈၁ ဦး ရှိကြောင်း အစိုးရပာိုတယ်ခရီးဌာန၏ ကိန်းဂဏန်းများကဆိုပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ပိာုတယ်အားလုံး၏ အရေအတွက်မှာလည်း ၂၇% မြင့်တက်လာပြီး(၇၈၇)လုံးရှိလာသည်ပာု အဆိုပါ ကိန်းဂဏန်းများက ပြောပါသည်။

ပာိုတယ်ဖြည့်ဆည်းပေးနိုင်မှုထက် ခရီးသွားများရောက်ရှိလာမှုကပိုများသဖြင့် ရန်ကုန်တွင် နောက်ထပ်ငါးနှစ်မှဆယ်နှစ် ပာိုတယ်အခန်း လိုအပ်ချက်သည် အဓိကဖြစ်နေဦးမည်ပာု ဘန်ကောက်အခြေစိုက် jones Lang LaSalle Hotels မှ အကြီးတန်း ဒုဥက္ကဋ္ဌ Andrews Langdon က တယ်လီဖုန်းအင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

ပျှမ်းမျှပာိုတယ်အခန်းခများမှာလည်း ကြယ်လေးပွင့်နှင့် ငါးပွင့်ပာိုတယ်များအတွက် ၂၀၁၂ ခုနှစ်တွင် ၂၀၀၈ ကထက် ၃၅% ကျော်မြင့်တက် လာပြီး ဒေါ်လာ(၁၃၀)ခန့်ရှိလာပါသည်။ ယခုနှစ်တွင် ၂၅% ခန့်တက်လာဦးမည်ပာု ၎င်းကပြောပါသည်။

အစိုးရသည် လာမည့်ဒီဇင်ဘာလတွင် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲကို လက်ခံကျင်းပနိုင်ရန် ပြင်ဆင်သည့်အနေဖြင့် ရန်ကုန်တွင် ဧက(၂၀၀၀)ရှိ ပိာုတယ်ဇုန်သစ်ကို စီစဉ်လျက်ရှိသည်ပာု ပြီးခဲ့သည့်လက Xinhua သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

“မြန်မာနိုင်ငံပာာ နိုင်ငံတကာ ဧည့်သည်တွေကြားမှာ ရေပန်းစားလာပါတယ်။ နိုင်ငံတကာ ပာိုတယ်အုက်စုတွေပာာ ဈေးကွက်ကို လေ့လာနေပါတယ်။ အခွင့်အလမ်းတွေနဲ့ စွန်းစားရမယ့်အရာတွေကို လေ့လာနေပါတယ်”ပာု Langdon က ပြောပါသည်။

ရင်းနှီးမြှုပ်နှံသူများ၏ ဆွေးနွေးမှုများ

ကမ္ဘာတစ်လွှားတွင် ပိုင်ဆိုင်မှု(၄၀၀၀)ကျော်အား စီမံခန့်ခွဲနေသော Best Wester သည် မြန်မာနိုင်ငံရှိပာိုတယ်များနှင့်ပတ်သက်၍ ဖရန်ချိုက် ပေးရန်နှင့် ပိုင်ဆိုင်မှုပေးရန်နည်းလမ်းများ အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများနှင့် ဆွေးနွေးလျက်ရှိသည်ပာု de Souza ကပြောပါသည်။ အသေးစိတ် ကိုမူ ပြောကြားခြင်းမရှိပေ။ ရွေးချယ်သောနေရာနှင့် သင့်တော်မည့် အမည်  Best Western၊ Best Western Plus (သို့) Best Western Premier ကို ရွေးချယ်ရန် ဆုံးဖြတ်ရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာလေကြောင်းလိုင်း(၈)ခုက ပျံသန်းလျက်ရှိပြီး လက်ရှိလိုင်းများက တိုးချဲ့ပျံသန်းရန် အဆိုပြုထားသည်ပာုဆိုပါသည်။ ပြည်တွင်းပျံသန်းခြင်းများမှာလည်း တိုးတက်လာပြီး ပြည်တွင်းပထမဆုံး တန်ဖိုးနည်းလေကြောင်းလိုင်း Golden Myanmar Airline မှာလည်း စတင်နေကြောင်း ပြောဆိုပါသည်။

Best Western သည် အာရှတစ်လွှားတွင် ၂၀၁၅ ဒုတိယကွာတား၌ ပာိုတယ်(၅၅)လုံးဖွင့်လှစ်ရန် စီစဉ်ထားရာ အရှေ့တောင်အာရှ၌ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ပိုမိုများပြားစွာ ဖွင့်လှစ်မည်ပာု de Souza က ပြောပါသည်။

အာရှတွင်တိုးချဲ့ခြင်း

အင်ဒိုနီးရှားတွင် ပြည်တွင်းလိုအပ်ချက်များကြောင့် အလယ်အလတ်ဈေးကွက်ကို အာရုံပြုမည်ဖြစ်ပါသည်။ ၎င်းတို့သည် ၂၀၁၅ ဇန်နဝါရီလတွင် ပာိုတယ်(၁၅)ခု စီစဉ်ထားရာ မြို့တော် ဂျာကာတာနှင့် ဘာလီကျွန်းအပြင် တိုးတက်လာသည် Semarang၊ Samarinda နှင့် Benjamasin မြို့များတွင် ဖွင့်လှစ်မည်ဖြစ်သည်ပာု ၎င်းက ပြောပါသည်။

ထိုင်းနိုင်ငံ၏ မြို့ကြီးများဖြစ်သော ဘန်ကောက်နှင့် ဖူးခက်တို့တွင်လည်း အလယ်အလတ်ဈေးကွက်အတွက် ပိာုတယ်များဖွင့်လှစ်ရန် စီစဉ်နေပါသည်။ ထိုင်းနိုင်ငံ၌ ၂၀၁၅ ပထမကွာတားတွင် ပိာုတယ်(၇)ခု ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါသည်ပာု ၎င်းကပြောပါသည်။

အရှေ့တောင်အာရှ ဝင်ပေါက်မြို့ကြီးများတွင် ပာိုတယ်လိုအပ်ချက် တိုးတက်လာခြင်းနှင့်အတူ စိန်ခေါ်မှုများအတွက်လည်း ပူပန်မှုများရှိနေရာ၊ ရေကြီးမှုများနှင့် နိုင်ငံရေးအရ အန္တရာယ်များကိုလည်း စိတ်ပူရကြောင်း deSouza က ပြောပါသည်။

အရှေ့တောင်အာရှသည် ပာိုတယ်ဈေးကွက်၌ ကမ္ဘာပေါ်တွင် ဖြစ်ဖွယ်မရှိ အဆွဲဆောင်နိုင်ဆုံးဖြစ်လျက်ရှိဆဲဖြစ်နေကြောင်း de Souz က ပြောပါသည်။ ဒေသတွင်း ခရီးသွားကဏ္ဍသည် ကြီးစွာတိုးတက်လျက်ရှိရာ ၂၀၁၂ တွင်ဒေသတွင်းခရီးသွားမှုသည် ဂဏန်းနှစ်လုံးအထိ တိုးတက်လာကြောင်းဆိုပါသည်။

-----------------------------------------------------------------------------------------

ရိုဟင်ဂျာကိစ္စကို လူသားချင်းစာနာသောစိတ်ဖြင့် အာဆီယံဖြေရှင်းသင့်ဟု ဆူရင်ပြောကြား

(The Nation သတင်းစာမှ 4 Feb 2013 ရက်စွဲပါ Asean must address Rohingya issue on humanitarian grounds, surin insists ကိုဘာသာပြန်ဆိုသည်)

photo credit - CNA

ရွှေ့ပြောင်းနေထိုင်သူ ရိုဟင်ဂျာလူမျိုးများ အရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စတစ်ခုဖြစ်ပြီး အာဆီယံအနေဖြင့် လူသားချင်းစာနာထောက်ထားသော အသိစိတ်ဖြင့် ဝင်ရောက်ဖြေရှင်းသင့်ကြောင်း အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အထွေထွေအတွင်းရေးမှူးဟောင်း ဆူရင်ပစ်ဆာဝမ်က ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်ပြောကြားလိုက်သည်။

ပြဿနာ၏ အဓိကဇစ်မြစ်မှာ ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ်အသိအမှတ်မပြုသော မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်တွင်း ဥပဒေများပင်ဖြစ်ကြောင်း ၎င်းကဆိုသည်။ မြန်မာနိုင်ငံတွင်းမှ အခြားသောအုပ်စုများကလည်း ရခိုင်ပြည်နယ်တွင် အဓိကအခြေချနေထိုင်သော ရိုဟင်ဂျာလူမျိုး ရှစ်သိန်းခန့်အား အသိအမှတ်ပြုခြင်းမရှိကြောင်း အာဆီယံအတွင်းရေးမှူးဟောင်း ဆူရင်ပစ်ဆာဝမ်ကဆိုသည်။

“ဒီပြဿနာကို တဖြည်းဖြည်းချင်း ကိုင်တွယ်ဖြေရှင်းသွားရမှာပါ။ ဘာကြောင့်လဲဆိုတော့ ပြင်ပနိုင်ငံတွေက ဝင်ရောက်စွက်ဖက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေက စိုးရိမ်ပူပန်နေကြလို့ပါပဲ။ ကုလသမဂ္ဂကတော့ ရိုဟင်ဂျာကိစ္စကိုလုပ်ကိုင်ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့လည်း ဂရုတစိုက်နဲ့ လုပ်ကိုင်သွားဖို့လိုပါတယ်။ အာဆီယံအနေနဲ့ကတော့ လူသားချင်းစာနာထောက်ထားတဲ့စိတ်နဲ့ ဖြေရှင်းပေးသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ဤအတောအတွင်းမှာပင် မလေးရှားမှ လှေငယ်ဖြင့် ထိုင်းနိုင်ငံထဲသို့ ရိုဟင်ဂျာ ၁၄၅ ဦး ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်ရောက်ရှိလာသည်။ ၎င်းတို့ကိုထိုင်းနိုင်ငံက ရေနှင့်အခြားသော အကူအညီထောက်ပံ့မှုများရရှိခဲ့ပြီးနောက် ထိုင်းရေပိုင်နက်ပြင်ပသို့ ဆွဲထုတ်ခြင်းခံလိုက်ရသည်။ ၎င်းတို့ထဲတွင် အမျိုးသမီးနှစ်ဦးနှင့် ကလေးနှစ်ဦးပါဝင်သည်ဟုသိရသည်။

ထိုင်းရေကြောင်းရဲတပ်ဖွဲ့ဝင်များအဆိုအရ ယင်းရိုဟင်ဂျာများကို ဖမ်းဆီးထိန်းသိမ်းမှုများမပြုလုပ်ခဲ့ကြောင်း၊ အကြောင်းမှာ ၎င်းတို့အတွက် ခိုလှုံနေထိုင်စရာများ အလုံအလောက်ပေးနိုင်မည်မဟုတ်သောကြောင့်ဖြစ်ကြောင်း၊ ရိုဟင်ဂျာများမှာ ခြေကုန်လက်ပန်းကျနေပြီး ဆာလောင်မွတ်သိပ် နေကြသော်လည်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ပေးအပ်ထားသည့် အစားအစာနှင့် အခြားဆေးဝါးများ ထောက်ပံ့အပ်လိုက်ရခြင်းမရှိကြောင်းသိရသည်။

ထိုင်းအခြေစိုက် သတင်းထောက်များကမူ ယင်းရိုဟင်ဂျာများကို အထောက်အပံ့များပေးအပ်သည့်ကိစ္စအပေါ် သတင်းရယူရန် ရေကြောင်း ရဲတပ်ဖွဲ့ဝင်များနောက်သို့ လိုက်ခွင့်မရရှိလိုက်သည့်အတွက် မကျေမနပ်ဖြစ်ကာ ဝေဖန်ပြောဆိုခဲ့ကြသည်။ ရေကြောင်းရဲတပ်ဖွဲ့မူ သတင်းထောက်များ ရှိနေပါက ရိုဟင်ဂျာများအကြား အထိတ်တလန့်ဖြစ်နေမည်ကိုစိုးရိမ်သောကြောင့်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုသည်။

***************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive