Transparency Myanmar

transparency.myanmar@gmail.com

 
 
 
 
 
Myint Kyaw would like to connect on LinkedIn. How would you like to respond?
 
 
 
 
Myint Kyaw
Data Manager at Myanmar Egress
 
 
 
 
You are receiving Reminder emails for pending invitations. Unsubscribe.
© 2014 LinkedIn Corporation. 2029 Stierlin Ct, Mountain View, CA 94043, USA.
 
 

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

မူဝါဒ အပြောင်းအလဲကြောင့် ဖို့ဝိန်း မြန်မာ ဒုက္ခသည်များ သောကရောက်

(Indy Star News မှ 2 Feb 2014 ရက်စွဲပါ "Fort Wayne refugees from Myanmar worried about policy changes" သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စု ဖို့ဝိန်းမြို့ရောက် မြန်မာဒုက္ခသည်များဆိုင်ရာ စည်းရုံးလှုပ်ရှားသူတစ်ဦးက အမေရိကန် မူဝါဒများ အပြောင်းအလဲကြောင့် သူမတို့ မိသားစုဝင်များ ပြန်လည်ပေါင်းစည်းမည့် ကြိုးပမ်းမှုများ ထိခိုက်မည်ကို စိုးရိမ်ကြောင်း ပြောဆိုလိုက်ပါသည်။

မြန်မာဒုက္ခသည် ၄၀၀၀ ကျော်ကို လက်ခံထားသော ဖို့ဝိန်းမြို့သည် ယင်းကဲ့သို့ ဒုက္ခသည် အသိုင်းအဝိုင်း အကြီးမားဆုံး စုစည်းမိနေသော နေရာတစ်ခုဖြစ်သည်။

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်း ကိုးခုတွင် နေထိုင်သော မြန်မာဒုက္ခသည်များထံမှ အခြေချနေထိုင်ရေး လျှောက်လွှာလက်ခံမှုကို ရပ်ဆိုင်းရန် အမေရိကန် အစိုးရဌာနက ဆုံးဖြတ်ခြင်းကြောင့် စိုးရိမ်မိကြောင်း ပြောဆိုသူမှာ Burmese Advocacy Center ခေါင်းဆောင် မင်းမြင့်နန်းတင် ဖြစ်သည်။

လက်ရှိ မိသားစု ပြန်လည်ပေါင်းစည်းရေး အစီအစဉ်အတွက် မျှော်လင့်ချက်ရှိဦးမည်ဟု ယုံကြည်ကြောင်း သူက ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ခရစ်စတင်းဂက်လောဗော်ဂန်က လျှောက်လွှာ လက်ခံမှု ရပ်ဆိုင်းခြင်းကြောင့် အခြေချနေထိုင်မှုများ ရပ်သွားဦးမည် မဟုတ်ဟု ပြောကြားထားပါသည်။

မြန်မာနိုင်ငံ အထူးသဖြင့် ကရင်ပြည်နယ်မှ စစ်ဘေးရှောင် ဒုက္ခသည်များသည် ၁၉၉၃ မှ စ၍ ဖို့ဝိန်းတွင် စတင် အခြေချနေထိုင်ခွင့် ရရှိကြခြင်းဖြစ်ပြီး ၂၀၀၇ နှင့် ၂၀၀၈ တွင် အများဆုံး ရောက်ရှိခဲ့ကြသည်။      

အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့လိုခြင်း ရှိ ၊ မရှိ ဆုံးဖြတ်ရန် အမေရိကန်နိုင်ငံခြားရေး ဌာနက လွန်ခဲ့သောတစ်နှစ်က နောက်ဆုံး ရက်သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ဇန်နဝါရီလ ၂၄ ရက်တွင် လျှောက်လွှာလက်ခံမှု ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ဒုက္ခသည်စခန်း တစ်ခုစီတိုင်း၏ နောက်ဆုံးသတ်မှတ်ရက်အမှီ တင်ထားသော လျှောက်လွှာအားလုံးကို စီစစ်၍ ပြီးစီးအောင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ရာ လာမည့် ၂ နှစ်ခန့်အထိ ပြန်လည်နေရာချထားမှု အစီအစဉ် ရှိနေဦးမည်ဟု မျှော်လင့်ရကြောင်း မစ္စ မော်ဂန်က ရှင်းလင်းပြောကြားသည်။

ထို့အပြင် UNHCR က တင်ပြသော အထူး အကာအကွယ်ပေးမှု လိုအပ်သူ မြန်မာ ဒုက္ခသည်များ ကိုလည်း ထည့်သွင်းစဉ်းစားပေးသွားမည်ဟု သိရသည်။

အမေရိကန် နိုင်ငံခြားရေးဌာနသည် ၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ဖို့ဝိန်းမြို့သို့ ဒုက္ခသည် ၁၇၀ လက်ခံရန် ခွင့်ပြုခဲ့ပြီး မနှစ်ကလည်း အလားတူ အရေအတွက်ကို လက်ခံခဲ့သည်ဟု မစ္စမော်ဂန်က ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

(The Korea Herald မှ 2 Feb 2014 ရက်စွဲပါ “Lotte Beverage enters Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

(Bernama မှ 30 Jan 2014 ရက်စွဲပါ Myanmar gets first national mobile money service ကိုဘာသာပြန်ဆိုသည်)


မြန်မာဈေးကွက်သို့ Lotte Beverage ဝင်ရောက်လာ

(The Korea Herald မှ 2 Feb 2014 ရက်စွဲပါ “Lotte Beverage enters Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

ကိုရီးယား Lottee သည် Pepsi Co အတွက် ပုလင်းသွတ်သူအဖြစ် မြန်မာအဖျော်ယမကာ ဈေးကွက်သို့ ခြေချလိုက်ပြီဟု ကုမ္ပဏီ က ယခင်အပတ်က ပြောကြားသည်။

ကိုရီးယားနိုင်ငံ၏ နံပါတ် ၅ အကြီးဆုံး ကော်ပရေးရှင်း Lotte ၏ စားသောက်ကုန်၊ အဖျော်ယမကာ အုပ်စု Lotte Chilsong Beverage ဖက်စက် ကုမ္ပဏီ ဖွဲ့စည်းခြင်း အခမ်းအနားကို ရန်ကုန်ထရိတ်ဒါးဟိုတယ်တွင် ဇန်နဝါရီလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များအပါအဝင် Lotte နှင့် MGS မှ အကြီးတန်း တာဝန်ရှိသူများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့သည်ဟု ကုမ္ပဏီက ပြောကြားသည်။

“အရှေ့တောင်အာရှရဲ့ မဟာဗျူဟာမြောက် နေရာမှာ တည်ရှိတယ်လို့ ဆိုနိုင်တဲ့ မြန်မာနိုင်ငံဟာ ကြီးမားတဲ့ အလားအလာ ရှိနေပါတယ်။ Lotte ဟာ ၆၄ နှစ်ကြာ စားဖျော်လုပ်ငန်း အတွေ့အကြုံ၊ ကျွမ်းကျင်မှုတွေကို အသုံးပြုပြီး တော့ မြန်မာဈေးကွက်ကို ဦးဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု Lotte ဥက္ကဌ ရှင်ဒေါင်ဘင် က အခမ်း အနားတွင် ပြောကြားသည်။

Lotte က ၇၀ ရာခိုင်နှုန်းနှင့် ပြည်တွင်း Myanmar Golden Star က ၃၀ ရာခိုင်နှုန်း ထည့်ဝင်ထားသော ဒေါ်လာ ၈၁ သန်းတန် ဖက်စက် ကုမ္ပဏီသည် ကမ္ဘာ့အချိုရည် ကုမ္ပဏီကြီး Pepes Co အတွက် အချိုရည် ပုလင်းသွတ်သူ ဖြစ်လာတော့မည် ဖြစ်သည်။ နှစ်စဉ် ၁၀ ရာခိုင်နှုန်းကျော် ကြီးထွားနေသော ဒေါ်လာ သန်း ၁၅၀ တန် ဈေးကွက် အတွင်းသို့ Pepsi Cola 7 Up Mirinda နှင့် အချိုရည် အမျိုးမျိုးတို့ကို ကုမ္ပဏီက ဖြန့်ဖြူးသွားမည်ဟု သိရသည်။

Lotte သည် MGS ကုမ္ပဏီ၏ ရန်ကုန်နှင့်မန္တလေး စက်ရုံနှစ်ခုရှိ ထုတ်လုပ်ရေးလိုင်းများကို ပြင်ဆင်မွမ်းမံ မည်ဖြစ်ပြီး MGS ၏ နိုင်ငံတစ်လွှား ဖြန့်ဖြူးရေးဌာန ၁၇ ခု ကို အားသာချက်အဖြစ် ရယူလုပ်ကိုင်မည်ဟု ဆိုသည်။ ထို့အပြင် ပြည်တွင်း ပွဲတော်များ၊ ဘောလုံးပွဲများ၊ K-Pop တင်ဆက်မှုပွဲများကိုလည်း စပွန်ဆာ ပေးရန် စီစဉ်နေသည်ဟု သိရှိရသည်။

တရုတ်၊ ရုရှား၊ ဖိလစ်ပိုင် ဈေးကွက်များတွင် ရောက်ရှိနေပြီးဖြစ်သော Lotte အတွက် မြန်မာနိုင်ငံသည် စတုတ္ထမြောက် ဈေးကွက်ဖြစ်လာပေလိမ့်မည်။

Lotte သည် မြန်မာနိုင်ငံတွင် Lotteria Fast food restaurant ၃ ဆိုင် ဖွင့်လှစ်ထားပြီး ဖြစ်ရာ၊ ပထမဆုံး ဆိုင်ကို ပြီးခဲ့သော ဧပြီလက စီစဉ်လျက်ရှိသည်။ နိုင်ငံတကာ ဧည့်သည်များ စုပြုံဝင်ရောက်လာခါနီး နေပြီဖြစ်သော မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မှီ ဝန်ဆောင်မှုများ ရှားပါးသောကြောင့် Lotte က လက်ဦးမှုရယူကာ လုပ်ကိုင်နေခြင်း ဖြစ်သည်။

ထို့အပြင် ရန်ကုန်မြို့လယ်ရှိ ဟိုတယ်စီမံကိန်းတစ်ခုတွင်လည်း ရင်းနှီးမြှုပ်နှံထားပြီး၊ တည်ဆောက်မှု ပြီးစီးပါက  စီမံခန့်ခွဲမှုကို လွှဲပြောင်းရယူ လုပ်ကိုင်သွားမည်ဟု သိရှိရသည်။


မြန်မာနိုင်ငံတွင် ပထမဆုံး မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုစတင်

(Bernama မှ 30 Jan 2014 ရက်စွဲပါ Myanmar gets first national mobile money service ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်ရာ နိုင်ငံသားများအနေဖြင့် ၎င်းတို့၏ မိုဘိုင်းလ် ဟန်းဆက်များမှ တစ်ဆင့်ငွေပေးချေမှုများ ပြုလုပ်နိုင်တော့မည် ဖြစ်သည်။

မြန်မာနိုင်ငံသည် လွန်ခဲ့သော ၂ နှစ်ခန့်ကစတင်ကာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုများ လုပ်ဆောင်ခြင်း၊ အနောက်နိုင်ငံများဘက်က စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးလိုက်ခြင်း အစရှိသည်တို့ကြောင့် ယခု ဆိုလျှင် ငွေစက္ကူအခြေပြုသည့် မြန်မာ့စီးပွားရေးမှာ ခေတ်မီဆန်းသစ်သည့် အဆင့်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ လူဦးရေစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းမျှသာ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ (ဘဏ်များ) နှင့် ထိတွေ့လုပ်ကိုင်ခွင့် ရရှိထားသောကြောင့် MasterCard နှင့် Visa တို့သည် မြန်မာပြည်တွင်း ATM စက်များ တပ်ဆင်နိုင်ရေးအတွက် ပြည်တွင်းဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်လျက်ရှိသည်။

ယခုဆိုလျှင် မြန်မာ့မိုဘိုင်းလ်ငွေကြေးစနစ်ကို စတင်အကောင်အထည်ဖော်လိုက်ပြီ ဖြစ်သည်။ Oberthur နည်းပညာဖြစ်သော MoreMagic m:Wallet ကိုအခြေပြုထားသည့် ယင်းဝန်ဆောင်မှုမှာ တစ်ဦးနှင့်တစ်ဦး ငွေလွှဲပြောင်းပေးနိုင်ခြင်း၊ အေးဂျင့်မှတစ်ဆင့် ငွေအသွင်းအထုတ် လုပ်နိုင်ခြင်း၊ Air Time Top Up ထည့်သွင်းနိုင်ခြင်း၊ လစာငွေပေးနိုင်ခြင်း၊ ကုန်သည်များ ငွေပေးချေမှုပြုလုပ်နိုင်ခြင်း အစရှိသည်တို့ကို ပြုလုပ်နိုင်သည်။

မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ယခု ၂၀၁၄ ခုနှစ်ကုန်ပိုင်းမှစ၍  အေးဂျင့် ၆၀၀၀ ခန့်ထားရှိကာ လုပ်ငန်းထားရှိကာ လာမည့်ငါးနှစ်အတွင်း မိုဘိုင်းငွေကြေးဝန်ဆောင်မှု အသုံးပြုသူဦးရေ ၁၀၀ ရာခိုင်နှုန်းနီးပါးထိ မြင့်တက်လာမည်ဟု အဆိုပါ လုပ်ငန်းက ခန့်မှန်းထားသည်။ ထို့နောက် နောက်ဆုံးတွင် မြန်မာလူဦးရေ၏ ၈၀ ရာခိုင်နှုန်းအား မိုဘိုင်း ငွေကြေးဝန်ဆောင်မှုပြုလုပ်နိုင်မည်ဟုလည်း ရည်မှန်းထားကြောင်း သိရသည်။

Myanmar Mobile Money မှ စီအီးအိုဖြစ်သော ဦးကျော်ထူးလင်းက “OT ရဲ့ Solution ပေါ်မှာ မူတည်ပြီး လုပ်ကိုင်သွားမှာပါ။ မြန်မာနိုင်ငံမှာ မိုဘိုင်းဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း တော်လှန်ရေးလုပ်ဖို့ ကျွန်တော်တို့မှာ ရည်ရွယ်ချက် ရှိပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က မြန်မာပြည်က မိုဘိုင်းအော်ပရေတာတွေ အားလုံးနဲ့ ချိတ်ဆက်ထားပါတယ်၊ Mectel နဲ့ MPT တို့ပေါ့။ မိုဘိုင်းငွေကြေး အေးဂျင့်တွေရဲ့ ကွန်ရက်ကိုလည်း အင်းဝဘဏ်နဲ့ ချိတ်ဆက်ထားပါတယ်” ဟု ပြောကြားသည်


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive