Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

အမေရိကန် ကုန်သွယ်မှုဘဏ် မြန်မာနိုင်ငံတွင် လုပ်ငန်းများစ

(Reuters မှ ၆ Feb ၂၀၁၄ ရက်စွဲပါ "US trade bank launches operations in Myanmar" သတင်းကို ဘာသာပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်အတွက် စိန်ခေါ်မှုများ

(9 February 2014 ရက်စွဲပါ The Star online မှ Rath Hardjono ရေးသားသော Challanges for Suu Kyi ကို ဘာသာပြန်ဆိုသည်။)


အမေရိကန် ကုန်သွယ်မှုဘဏ် မြန်မာနိုင်ငံတွင် လုပ်ငန်းများစ

(Reuters မှ ၆ Feb ၂၀၁၄ ရက်စွဲပါ "US trade bank launches operations in Myanmar" သတင်းကို ဘာသာပြန်ဆိုသည်)

                မြန်မာနိုင်ငံ နှင့် အမေရိကန် ကုန်သွယ်မှုကို ပံ့ပိုးရန် နှင့် ကမ္ဘာ့ ကုန်သွယ်ရေး လောကသို့ မြန်မာနိုင်ငံ ပေါင်းစည်း ပါဝင်လာမှုကို ကူညီရန်အတွက် The Export - Import Bank of the United States သည် မြန်မာနိုင်ငံတွင် အစီအစဉ်များ စတင်နေပြီဖြစ်ကြောင်း ဘဏ် တာဝန်ရှိသူတစ်ဦးက ကြာသာပတေးနေ့တွင် ပြောကြားသည်။

                "ဒီနေ့ကတော့ တကယ် ပြောစမှတ်တွင်တဲ့နေ့ပါ။ ပြန်ပေးရမယ့် အချိန်ကာလ ၅ နှစ်အထိ သတ်မှတ် ပေးထားတဲ့ အမေရိကန် ပို့ကုန် အကြွေးစနစ် ရောင်းချမှုကို လွယ်ကူချောမွေ့စေဖို့အတွက် ပီပီပြင်ပြင် ခြေချတဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ဘဏ်ရဲ့ လုပ်ငန်းကို စတင် ဖွင့်လှစ်လိုက်ပါပြီ" ဟု ဘဏ် တာဝန်ရှိသူက သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားသည်။

                Myanmar ဟု တရားဝင် အမည်ပေးထားပြီး Burma ဟု လူသိများသော မြန်မာနိုင်ငံ နှင့် ပတ်သက် ၍ ပြောကြားရောတွင် ဘဏ် တာဝန်ရှိသူက "မြန်မာနိုင်ငံရဲ့ အကြွေးရောင်းစနစ် ထိုက်တန်သူကို စေ့စေ့စပ်စပ် ပြန်လည် သုံးသပ်ပြီးတဲ့နောက်မှာ ဒီလို ဆုံးဖြတ်ချက်ကို ရရှိခဲ့တာပါ။ ဒီအတွက် နှစ်နိုင်ငံ အကြား ကုန်သွယ် စီးဆင်းမှုကို တိုးတက်လာစေမှာ ဖြစ်ပြီး ကမ္ဘာ့ ကုန်သွယ်ရေးလောကထဲကို မြန်မာနိုင်ငံ ပေါင်းစည်းပါဝင် လာတာကို အကူအညီ ပေးသွားမှာ ဖြစ်ပါတယ်" ဟု ဆိုပါသည်။

                ဒီ ဆုံးဖြတ်ချက်ကြောင့် အမေရိကန် ပို့ကုန် လုပ်ငန်းအတွက် အရေးပါတဲ့ ဈေးကွက်သစ်တစ်ခု ပွင့်လာ မှာ ဖြစ်သလို ၊ အမေရိကန် အလုပ်အကိုင်တွေကိုလည်း အားပေးနိုင်မှာ ဖြစ်ပါတယ်ဟု အဆိုပါ ဘဏ် တာဝန် ရှိသူက ပြောကြားသည်။


ဒေါ်အောင်ဆန်းစုကြည်အတွက် စိန်ခေါ်မှုများ

(9 February 2014 ရက်စွဲပါ The Star online မှ Rath Hardjono ရေးသားသော Challanges for Suu Kyi ကို ဘာသာပြန်ဆိုသည်။)

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုအတွက် တစ်ဦးတည်းသော သင်္ကေတအဖြစ် ဖိအားများပြားလှသည်ကို ပြီးခဲ့သည့် ဒီဇင်ဘာလက သတင်းစာကွန်ဖရင့်တစ်ခုတွင်ပြောခဲ့သည်။ " ကျွန်မဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်အဖြစ် နိုင်ငံရေးဘဝကို စတင်ခဲ့တာ မမေ့ပါနဲ့။ ကျွန်မကတောါ ဒီနည်းထက်ပိုပြီး နိုင်ငံရေး ပီသတဲ့လုပ်ဆောင်ခြင်းမျိုး စဉ်းစားမရသေးလို့ပါ"ဟု ဆိုပါသည်။

သူ၏ပုံရိပ်နှင့်ပတ်သက်၍လည်း အနောက်နိုင်ငံများတွင် သွယ်ဝိုက်ညွန်းဆိုမှုများရှိပါသည်။ ဒီမိုကရေစီ အိုက်ကွန်( Icon) အနေနှင့် ပုံရိပ်ကိုအများပြည်သူက သတ်မှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးသည် ရှည်လျားပြီး နာကျင်ဖွယ်အတိ ဖြစ်ပါသည်။ ဆယ်စုနှစ် နှစ်ခန့်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုသည် လေဒီ ကိုဗဟိုပြုခဲ့ပါသည်။

ကြိုးပမ်းမှုတွင် ပုဂ္ဂိုလ်ရေးနာကျင်မှုများပါ ပါဝင်ရာ လေဒီအနေဖြင့် မိသားစုဘဝ စွန့်လွတ်မြှုပ်နှံရသည်အထိပင် ရှိခဲ့ပါသည်။ ၂၀၁၂ ခုနှစ်ဧပြီလ သမိုင်းဝင်ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD သည် အနိုင်ရ၍ NLD အမတ် ၄၃ဦး လွှတ်တော်တွင်းသို့ ရောက်ရှိခဲ့ပါသည်။

အဆိုပါရွေးကောက်ပွဲမှာ စစ်တပ်နောက်ခံပြုသော အစိုးရနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများမှ တစ်ခုဖြစ်ပါသည်။ ထိုစဉ်မှစ၍ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့ရေးရာမူဝါဒချမှတ်မှုများတွင် တရားဝင် ပါဝင်လာခဲ့သည်။ သူ၏အသံသည် သေးငယ်သော လမ်းကြောင်းမှသာ ကြားနေရသေးသော်လည်း၊ တရားဝင်မှုရှိလာပြီဖြစ်ပါသည်။

ထိုအချက်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းတွင် ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်သော်လည်း ဒီမိုကရေစီ တိုက်ပွဲ၏ ရှေ့လာမည့် လမ်းခရီးသည် ယခင်ကဲ့သို့ ခက်ခဲမှု၊ နာကျင်မှုများ ရှိနေနိုင်ပါသေးသည်။

ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဒီမိုကရေစီလှုပ်ရှားမှုလမ်းကြောင်းများနှင့်ပတ်သက်၍ အနောက် ဒီမိုကရေစီနိုင်ငံများက ကိုင်စွဲထား သောအယူအဆတစ်ခုရှိပါသည်။ ၎င်းမှာ အဆိုပါဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်များအပေါ် မျှော်လင့်ချက်ကြီးမားစွာ ထားကြခြင်း ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော ခေါင်းဆောင်များသည် ဒီမိုကရေစီလှုပ်ရှားမှုများတွင် အရေးပါလှသည်။ မြန်မာပြည်သူများ ဖက်တွယ်၍ နောက်ကလိုက်ရမည့် ခေါင်းဆောင်ဖြစ်သည်။ အင်ဒိုနီးရှားတွင်လည်း ဆူဟာတို၏ ကာလများက ယခုသမ္မတဟောင်း အီဘရာဟင်ဂတ်စ်ဒါးဝါဟစ် သည် ဒီမိုကရေစီလှုပ်ရှားမှု၏ သင်္ကေတဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂတ်ဒ်ဒါး တို့သည် အုပ်ချုပ်သည့် အီလစ်များ၏ အစိတ်အပိုင်းအတွင်းသို့ တရားဝင်ရောက်ရှိ သွားချိန်တွင်မူ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဒီမိုကရေစီလှုပ်ရှားမှုများကို အားပေးအားမြှောက်ပြုသည့် အနောက်နိုင်ငံမှ အသံများ၏ အရေးပါမှုမှာ ရပ်ဆိုင်းသွားသည့် သဘောရှိပါသည်။

တိုင်းပြည်တွင်းရှိ အမျိုးမျိုးသော နိုင်ငံရေးအရ stakeholders များပါဝင်လာကြပြီး တစ်ဦးနှင့်တစ်ဦး မဆက်ဆံ မညှိနှိုင်း၍မရသော အခြေအနေသို့ ရောက်လာပါသည်။ နိုင်ငံရေးအရ ပြောကြားမှုများမှလည်း ပြည်တွင်းမှသာ ထွက်ပေါ် လာသည်မှာ များပြားပြီး၊ နိုင်ငံရေးအရ stakeholders အားလုံးပါဝင်နိုင်မှုသေချာစေရန် ညှိနှိုင်းမှုများ ရှိလာရပါသည်။

ဒီမိုကရေစီဖော်ဆောင်ခြင်း၏ ယခုကဲ့သို့သော အဆင့်မျိုးတွင် အဆိုပါ ခေါင်းဆောင်များ၏ သင်္ကေတမျှဖြင့် မလုံလောက် တော့ပေ။ ဒီမိုကရေစီအတွက် အကောင်အထည်ဖော်ခြင်းများတွင် လက်တွေ့လုပ်ဆောင်ရမှုများ ဖြစ်လာပါသည်။ ရွေးကောက်ပွဲများ၊ နိုင်ငံရေးပါတီများ၏ ပါတီတွင်း ယန္တရားများ အားကောင်းစေခြင်း၊ နိုင်ငံရေးတွင် ပြည်သူများ ကျယ်ပြန့်စွာ ပါဝင်နိုင်စေခြင်းစသည့် ကိစ္စရပ်များကို လုပ်ဆောင်လာရပါသည်။

ဒီမိုကရေစီဖော်ဆောင်ရေးလမ်းကြောင်းတွင် အသွင်ကူးပြောင်းရေးကာလသည် အချိန်မရွေး အခြေအနေ ပျက်ယွင်းသွား နိုင်သော ပွိုင့်သို့ ရောက်နေပါသည်။ အလေးအနက်ရှိရမည့်ကာလ စိတ်ခံစားမှုအမြင့်ဆုံးကာလ၊ အန္တရာယ်ကြီးသော ကာလဖြစ်ပါသည်။

နိုင်ငံရေးအရ မဟာမိတ်များ ပြန်လည်စုစည်းမှုတွင် ကစဉ်ကလျားဖြစ်နေသေးခြင်း၊ နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေး အရလည်းကောင်း စီမံကိုင်တွယ်မှု ရှုပ်ထွေးနေခြင်း၊ နိုင်ငံရေးအရ အသစ်ဖြစ်သော အယူအဆတရားဟောမှု ထွက်ပေါ် လာပြီး လွှမ်းမိုးမှုရှိလာခြင်းများ ရှိလာပါသည်။

အုပ်ချုပ်သူအသစ်နှင့် အဟောင်းကြား လက်တွေ့ညှိနှိုင်းမှုများတွင် ဒီမိုကရက်တစ် ခေါင်းဆောင်များသည် မိမိတို့ ရပ်တည်မှု ခိုင်မာစေရန် အားကောင်းမှုရှိရပါမည်။ တချိန်တည်းမှာပင် ၎င်းတို့သည် အုပ်ချုပ်သူအဟောင်းနှင့် ညှိနှိုင်းရာတွင် ကျွမ်းကျင်လိမ္မာမှုရှိရပါမည်။

ဒီမိုကရေစီကြိုးပမ်းမှုကို မထောက်ခံသူများအပါအဝင် တိုင်းပြည်ရှိ လူတိုင်းက ခေါင်းဆောင်များကို တောင်းဆိုမှုများ ရှိပါမည်။ ယခုကာလသည် ထိုသို့သော ခေါင်းဆောင်များအတွက် အခြေအနေဆိုးကို ဖြတ်သန်းပြီး ပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိခြင်းမရှိမရှိ စမ်းသပ်မည့်အချိန်ဖြစ်ပါသည်။

ထိုနေရာတွင် ကိစ္စရပ်အဖြစ်ပြောရမည်မှာ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် အခြားတိုင်းရင်းသားများအပေါ် ဒေါ်အောင်ဆန်း စုကြည်၏ ရပ်တည်ချက်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရိုဟင်ဂျာများအပေါ် ၎င်း၏မူကို ထုတ်ဖော်ရန် ငြင်းဆန်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ မူဆလင်များထံမှလည်းကောင်း ခရစ်ယာန်အများစုဖြစ်သော ကချင်လူမျိုးများကဲ့သို့သော တိုင်းရင်းသားလူနည်းစုများထံမှလည်းကောင်း  စိတ်ပျက်သော အသံများထွက်ပေါ် လာပါ သည်။ ဒီမိုကရေစီနှင့် ဒီမိုကရေစီ အတွက်မူများမှာ စစ်တပ်အပါအဝင် လူတိုင်းအတွက် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူများအတွက် နှစ်ပေါင်းများစွာ ရုန်းကန်ပေးခဲ့ရခြင်းကြောင့် အကြီးအကျယ် လေးစားမှုများ ရှိပြီးဖြစ်ရာ ဒီမိုကရေစီသင်္ကေတအဖြစ်မှ လည်းကောင်း၊ တစ်ဦးတည်း ဖိုက်တာ အဖြစ်မှ လည်းကောင်း၊ ဂီယညချိန်းရန် လိုအပ်နေပါသည်။ သူမအပေါ် ထောက်ခံမှုအခြေပြုခြင်းကို လူငယ်များနှင့် အောက်ခြေ လူတန်းစား များကို ဒီမိုကရေစီနှင့်ပတ်သက်၍ ပညာသင်ပေးခြင်းမှ တဆင့် ပိုမိုကျယ်ပြန့်စွာ ရယူရန်ဖြစ်ပါသည်။

သူအနေဖြင့် မြေကြီးကို ယခုမှစ၍ ပြင်ဆင်ရမည်ဖြစ်ပါသည်။ သို့မှသာ ဒီမိုကရေစီ အမြစ်တွယ်ပြီး၊ လက်ရှိနှင့် အနာဂတ် မျိုးဆက်များ စားသုံးနိုင်ရန် ကြီးထွားနိုင်မည်ဖြစ်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

ရေနံနှင့်ဓါတ်ငွေ့ကို ပြည်ပသို့ မရောင်းမှီ ပြည်တွင်းလိုအပ်ချက်ကိုအရင်ဖြည့်မည်ဟစွမ်းအင်ဝန်ကြီးဌာနဆို

(International Business Times မှ 7 Feb 2014 ရက်စွဲပါ “ Myanmar oil and gas: Domestic demand comes before exports, Ministry of Energy says” သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် သဘာဝသယံဇာတရေနံနှင့်ဓါတ်ငွေ့တို့ကိုတင်ပို့ရောင်းချရန် မစဉ်းစားမှီ ပြည်တွင်းလို အပ်ချက်ကို လုံလောက်အောင် ဖြည့်ဆီးပေးသွားမည်ဟုစွမ်းအင်ဝန်ကြီးဌာနအကြီးတန်း တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ရှိရေနံနှင့် ဓါတ်ငွေ့လုပ်ကွက် (၃၀)ကိုရှာဖွေထုတ်ယူခွင့်အတွက် တင်ဒါအောင်သူ စာရင်းကိုယခုလင်္တင် ကြေညာရန် စွမ်းအင်ဝန်ကြီးဌာနကအဆင်သင့်ဖြစ်နေသည့် အလျှောက်ယခု အာမခံချက်ထွက်ပေါ်လာ ခြင်းဖြစ်သည်။ ၎င်းတင်ဒါအတွက် မနှစ်ကဖိတ်ခေါ်ရာတွင် Royal Dutch Shell, Exxon Mobil, Total, Statsil, Conoco Phillips တို့အပါအဝင် နိုင်ငံတကာရေနံကုမ္ပဏီအမြောက်အများပါ ဝင်ခဲ့ကြသော်လည်းယခင်ကရှာဖွေထုတ်ယူမှု မပြုလုပ်ရသေးသောလုပ်ကွက်များမှ မည်သို့ အကျိုးအမြတ်ရမည်ကို မည်သူမှ မသိကြပေ။

တိုကျိုတွင် ကျင်းပနေသောရေနံကွန်ဖရင့်သို့ တက်ရောက်ရန် ရောက်ရှိနေသည့် မြန်မာ့စွမ်းအင်ဝန်ကြီးဌာနမှ စီမံကိန်းရေးဆွဲရေးဌာနညွန်ချုပ်ဦးဝင်းမော်က“ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပြီးမှ တင်ပို့ရောင်းချဖို့ အစိုးရကဆုံးဖြတ်ထားပါတယ်”ဟုရေနံသတင်းဌာနPlattsသို့ သောကြာနေ့ကပြောကြားခဲ့သည်။

ရတနာ၊ ရဲတံခွန်နှင့်ရွှေ ဓါတ်ငွေ့စီမံကိန်း (၃)ခုမှ ထွက်ရှိသောဓါတ်ငွေ့ ၈၀ ရာခိုင်နှုန်းကိုထိုင်းနှင့် တရုတ်သို့ တင်ပို့ရောင်းချနေသော မြန်မာအစိုးရ၏ ယခုထွက်ဖော်ပြောဆိုမှုသည် လက်ရှိသဘာဝသယံဇာတစီမံခခန့်ခွဲပုံမှ လမ်းခွဲထွက်လာခြင်း ဖြစ်သည်။

ယခင်တပ်မတော်အစိုးရလက်ထက်တွင် မြင်မကောင်း၊ ရှုမကောင်းလောက်အောင် တိုင်းပြည်၏ လူနေမှုအဆင့် ပိုးစိုးပက်စက် စုတ်ပြတ်နိမ့်ကျသွားခဲ့ခြင်းကြောင့် အသွင်ပြောင်းခေတ်မှီတိုးတက်ရေးကိုတက်သုတ်ရိုက် လုပ်ဆောင်နေ ရသော မြန်မာနိုင်ငံသည် ၎င်း၏ ခြံထွက် စွမ်းအင်ရင်းမြစ်များကိုမရှိမဖြစ် အသုံးပြုရန်လိုအပ်နေပြီးအထူးသဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရာတွင် သုံးရန်ဖြစ်သည်။

မြန်မာနိုင်ငံ ၃၀ ရာခိုင်နှုန်းမျှသာ လျှပ်စစ်ဓါတ်အားကိုသုံးစွဲခွင့်ရသည့်အပြင် ဓါတ်အားလှိုင်းကွန်ယက်မှာ လည်းမကြာခဏ ဖြတ်ဆောက်မှုများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။

လက်ရှိအာဏာရပါတီနောက်ကောက်ကျဖွယ်ရှိသည်ဟုမျှော်လင့်ရသော ၂၀၁၅ ရွေးကောက်ပွဲများနှင့် နီးကပ်လာသည့် အလျှောက် နိုင်ငံတွင် အရေအတွက် အများဆုံးနှင့် အဆင်းရဲဆုံးအခြေခံလူတန်းစားအလွှာကို လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်ရန်အစိုးရကအရှိန်မြှင့် ကြိုးပမ်းလျှက်ရှိရာ ကြီးထွားလာသော ပြည်တွင်းလိုအပ်ချက်ကို ပြည့်မှီရန်အတွက် ဈေးကြီးသည့် သဘာဝဓါတ်ငွေ့ရည် CNG ကိုတင်သွင်းရန်အထိပင် အစိုးရကစဉ်းစားနေသည်။

ဘန်ကောက်အခြေစိုက် ဒေသတွင်းစွမ်းအင်ကဏ္ဍ အကဲခတ်လေ့လာသူကောလင်းရေးနိုးကယခုသတင်းသည် ကမ်းလွန်လုပ်ကွက်တင်ဒါဆွဲသူများအတွက် အံအားသင့်စရာမဟုတ်ဟုမှတ်ချက်ပေးသည်။

“ ကမ်းလွန်လုပ်ကွက် ၃၀ အတွက် ပထမအချီတင်ဒါပြိုင်ကြတဲ့ နိုင်ငံတကာရေနံကုမ္ပဏီကြီးတွေ ဟာရေနံဓါတ်ငွေ့သိုက် အသစ်တွေ့ရှိမှု မှန်သမျှအပေါ် ဖြစ်လာနိုင်တဲ့ ပို့ကုန်ကန့်သတ်မှုတွေကိုသိရှိထားကြပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးသူတို့ (ရေနံကုမ္ပဏီများ) ခန့်မှန်းနိုင်တဲ့ အချက်ကတော့ အသစ်တွေ့မဲ့ရေနံဓါတ်ငွေ့သိုက်တွေဟာ မြန်မာပြည်တွင်းသုံးကြောင့် များများစားစားပဲ့မပါသွားလောက်အောင် ကြီးမားမယ်ဆိုရင် ပြည်ပဈေးကွက်ကို ထုတ်ရောင်းလို့ ရနိုင်တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်” ဟုကောလင်းရေးနိုးကသုံးသပ်ပြောဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ လက်ရှိရေနံချက်စက်ရုံသုံးခု၏ စုစုပေါင်းထုတ်လုပ်နိုင်စွမ်းထက် ပိုများသော ပမာဏဖြစ်သည့် တစ်ရက်လျှင် ရေနံစိမ်းစည် ၅၆,၀၀၀ ချက်လုပ်နိုင်စွမ်းရှိမည့် ရေနံချက်စက်ရုံသစ် တည်ဆောက်ရန် ကန်ထရိုက်လုပ်ငန်းအတွက် နိုင်ငံခြားကုမ္ပဏီများကိုတင်ဒါဖိတ်ခေါ်ရန် စွမ်းအင်ဝန်ကြီးဌာနကစီစဉ်နေကြောင်းPlatts က သတင်းဖော်ပြသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive