yangonchronicle2010.googlegroups.com
ကုလသမဂ္ဂကိုယ်စားလှယ် ဘီလ်ကလင်တန်၏ ဟေတီခရီးစဉ်
အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်သည် အဖွဲ့ဝင် ၅၀၀ ပါဝင်သော နိုင်ငံတကာမှ စီးပွားရေးခေါင်းဆောင်များကို ဦးဆောင်လျက် ဟေတီနိုင်ငံသို့ ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့သည်။ ဟေတီနိုင်ငံ၏ တိုးတက်မှုကို ဖော်ဆောင်ရေးအတွက် သွားခြင်းဖြစ်သည်။
မြို့တော် Part-au-Price ရှိ Inter-American Development Bank (IDB) တွင် ကလင်တန်က “ယခုအချိန်သည် ဟေတီနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အချိန်ကျပြီ ဖြစ်ကြောင်း၊ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း၊ စိတ်ချရသော စီးပွားရေးမိတ်ဆွေဖြစ်ရေး၊ ကမ္ဘာလှည့်ခရီးများကို ဆွဲဆောင်ရန်နှင့် အလုပ်ကြိုးစားသော ဟေတီလူမျိုးတို့အတွက် ချမ်းသာကြွယ်ဝသော နိုင်ငံဖြစ်စေလိုကြောင်း” ပြောကြားပါသည်။
သူ၏ ၂ ရက်ကြာ ခရီးစဉ်အတွင်း UNESCO က ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားသော Sans Souci Palace နှင့် နိုင်ငံ၏ ကမ္ဘာလှည့်ခရီးသည်စခန်းများကို ဦးစားပေးသွားရောက်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါဒေသမှာ ဆီဒါဒယ်လ်တို့၏ နေရာနှင့် ဟေတီ၏ လွတ်လပ်မှု သမိုင်းအထောက်အထား နေရာလည်း ဖြစ်သည်။
ယမန်နေ့က ဟေတီသမ္မတ Rene Preval နှင့် စစ်ဝန်ကြီးချုပ် Michele Pierre-Louis နှင့် တွေ့ဆုံပြီး ဟေတီနိုင်ငံ စီးပွားရေး တိုးတက်မှုအစီအစဉ်ကို ထောက်ခံခဲ့ကြောင်း ပြောခဲ့သည်။ ယခုခရီးစဉ်သည် ကလင်တန်အတွက် တတိယအကြိမ်မြောက်ခရီးစဉ် ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ၎င်းအား အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီးနောက် ဒုတိယအကြိမ်မြောက်ရောက်ရှိခြင်း ဖြစ်သည်။ ၎င်းနှင့်အတူ ဒုတိယအထူးကိုယ်စားလှယ် Paul Farmer လည်း အတူလိုက်ပါလာသည်။ Paul Farmer မှာ ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ပြီး ဆရာဝန်လည်း ဖြစ်သည်။
ဇွန်တွင် စတင် တာဝန်ထမ်းဆောင်ပြီးသည့် အချိန်မှစ၍ ကလင်တန်မှာ လုပ်ငန်းအောင်မြင်မှုများစွာ ရှိခဲ့ပါသည်။ Labadie ကမ်းခြေအပန်းဖြေစခန်းတွင် Royal Caribbean Cruise Line မှ ဒေါ်လာ ၅၅ သန်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့သည်။ အဆိုပါ စခန်းသို့ ၂၀၁၁ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် တစ်သန်းလာရောက်ရန် မျှော်လင့်ထားပါသည်။ အဆိုပါကုမ္ပဏီမှ ဒေသခံ ထုတ်လုပ်သူများထံမှ အစားအစာများဝယ်ယူခြင်းက ဒေသစီးပွားရေးကို တိုးတက်စေမည် ဖြစ်သည်။ ဟိုတယ်လုပ်ငန်း ဧည့်ကြိုနှင့် ဧည့်ခံခြင်း အတတ်ပညာ သင်ကျောင်းကိုလည်း ဒေသခံများအတွက် ဖွင့်လှစ်သွားရန် ရှိပါသည်။ Clinton Global Initiative (CGI) မှလည်း လုပ်ငန်း နှစ်ဒါဇင်ခန့်အတွက် အမေရိကန်ဒေါ်လာ ၂၅၈ သန်း သတ်မှတ်ခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင် Matt Damon Organization မှလည်း လူ ၅၀၀၀၀ အတွက် ရေနှင့် မိလ္လာသန့်စင်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ပေးခဲ့သည်။
ယခုလစောစောပိုင်းက မစ္စတာကလင်တန်က ဤတိုင်းပြည်တွင် ထူးခြားသော အခွင့်အလမ်းများ ရှိကြောင်း၊ မှားယွင်းသော အုပ်ချုပ်မှုနှင့် လျစ်လျူရှုမှုများနှင့် ရုန်းကန်နေရမှုများ ရှိသော်လည်း အပြည်ပြည်ဆိုင်ရာမှ ဟေတီ တိုးတက်မှုအတွက် ဝိုင်းဝန်း ပံ့ပိုးပေးရန်လိုကြောင်း လုံခြုံရေးကောင်စီတွင် ပြောကြားခဲ့သည်။
ဟေတီလူမျိုးတို့ အမြင်မှာ အပြုသဘောဆောင်ကြောင်း၊ အစိုးရ၏ ခေတ်မီတိုးတက်သော နိုင်ငံတည်ဆောက်ရန် ဆုံးဖြတ်မှုနှင့် နိုင်ငံတကာ၏ ကူညီမှုသာ လိုအပ်ပါကြောင်း ပြောကြားသွားသည်။
ကလင်တန်က ဟေတီသည် အတိတ်ကို ကျော်လွန်သွားသည်နှင့် ထူးခြားသော အခွင့်အလမ်းများ ရှိနိုင်ကြောင်း၊ ဟေတီသည် အနောက်ဘက်ဒေသအတွင်း အဆင်းရဲဆုံးနိုင်ငံဖြစ်ပြီး ၎င်းတို့ကို ကူညီထောက်ပံ့ပေးနိုင်မည်ဟု လေးလေးနက်နက်ယုံကြည်ကြောင်း ကလင်တန်က ပြောကြားသွားသည်။
Blog Archive
- ► 2024 (305)
- ► 2013 (1051)
- ► 2012 (1188)
- ► 2011 (1025)
- ► 2010 (2008)
-
▼
2009
(620)
-
▼
October
(211)
-
▼
Oct 05
(21)
- တရားမဝင်ဖြတ်ကျော်သူ ထိုင်းများအား ပစ်မိန့်ကို ဟွန်...
- အထီးကျန် ဧကစာ မြန်မာနိုင်ငံအပေါ် ကျင့်သုံးရမည့် နည်...
- ကုလသမဂ္ဂကိုယ်စားလှယ် ဘီလ်ကလင်တန်၏ ဟေတီခရီးစဉ်
- ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဘေးဖယ်...
- စစ်အစိုးရ၏ မဟာမိတ်နိုင်ငံများ ဒေါ်အောင်ဆန်းစုကြည်အာ...
- ရဲချုပ်ခင်ရီ အတိုင်းအတာတစ်ခု အထိ အရေးယူခံထားရဖွယ်ရှိ
- မြန်မာ့အရေးအဖြေရှာမှုတွင် ထိုင်းနိုင်ငံက ပူးပေါင်းပ...
- ထားဝယ်ရေနက်ဆိပ်ကမ်း ဒေါ်လာ ၃ ထရီလျံမြုပ်နှံမည်
- ယူနန်အသင်းဖြစ်သွားသော ဒဲလ်တာ ယူနိုက်တက်
- ကွန်မြူနစ်တရုတ်ပြည်၏ နှစ်၆၀ပြည့် အခမ်းအနား
- နျူကလီးယားဆောင်ရွက်ချက်များ ငြိမ်း ချမ်းရေးကို ဦး...
- ၂၀၁၀ ရွေးကောက်ပွဲ လွပ်လပ်ပြီးတရား မျှတမှုရှိမည်ဟု စ...
- မြန်မာအစိုးရ ဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
- မြန်မာနိုင်ငံခြားရေးဝန်ကြီးက လွပ်လပ်၍ တရားမျှတသော ...
- မြန်မာနိုင်ငံတွင် နိုင်ငံတကာ GSM များသုံးနိုင်မည်
- မြန်မာနိုင်ငံ၏ နျူကလီယာအရေးနှင့် အမေရိကန်မူဝါဒ
- ကမ္ဘောဒီးယားတွင် အခြေခံလွတ်လပ်ခွင့် များကန့်သတ်ပိတ်...
- မြန်မာနိုင်ငံအပေါ်ခပ်ကြမ်းကြမ်း ကိုင်တွယ်ရန် ကုလသမဂ...
- မြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှုများဖယ်ရှားရေးအတွက် ဂျင...
- ကမ္ဘာ့စီးပွားရေး မျှော်လင့်သည်ထက်ပိုမိုမြန်ဆန်စွာတိ...
- တိုင်ဖုန်း Parma ကိုဆုတောင်းရင်းစောင့်စားနေသော ဖိလ...
-
▼
Oct 05
(21)
-
▼
October
(211)
Labels
- Op-Ed (4)
Posted by
Transparency Myanmar 2010
Monday, October 5, 2009
Subscribe to:
Post Comments (Atom)