လက်ရှိကျင်းပနေသည့် မြန်မာလိဂ်၏ ဇယားထိပ်တွင် ရပ်တည်နေသော ဒဲလ်တာယူနိုက်တက် အသင်းအား ပရီးမီးယားကော်ဖီ ၊ Diamond Star ဂျုံကုမ္ပဏီ၊ က လွှဲပြောင်းရယူလိုက်ခြင်းသည် တရုတ်ယူနန်ပြည်သားများက ပိုင်ဆိုင်သွားခြင်းဖြစ်သည်ဟု ထိပ်တန်းစီးပွားရေးအသိုင်းအ၀ိုင်းက စုံစမ်းသိရှိရသည်။
ဒဲလ်တာအသင်းကို ယခင်က ပိုင်ဆိုင်ခဲ့သည့် Max Cement ကုမ္ပဏီအနေဖြင့် အသင်းအား ဆက်လက်တာဝန်ယူရန် မဖြစ်နိုင်တော့သည့်အတွက် ပရီးမီးယားကော်ဖီကုမ္ပဏီသို့ လွှဲပြောင်းရောင်းချ လိုက်ကြောင်း ပရီးမီးယားကော်ဖီကုမ္ပဏီပိုင်ရှင် ဒေါက်တာ ကိုကိုကြီး သည် တရုတ်နိုင်ငံယူနန်နွယ်ဖွားတစ်ဦးဖြစ်ကြောင်း ထပ်ဆင့် စုံစမ်းသိရှိရသည်။ ၎င်း၏ ဖခင်မှာ မြန်မာပြည်ရောက် ယူနန်ကုန်သည်များအသင်း ဥက္ကဌဖြစ်သည်။
“မြန်မာလိ ပိုင်ရှင်တွေက အားလုံးထိပ်တန်းသူဌေးတွေဘဲ ဒီထဲမှာ ၀င်တိုးရဲတယ်ဆိုတော့ တော်ရုံတန်ရုံ ကြွယ်ဝချမ်းသာမှုနဲ့တော့ မရဘူး” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ၎င်းအမြင်ကို ထုတ်ဖော်ပြောကြားသည်။
မန္တလေးဗထူးကွင်းတွင် စက်တင်ဘာလ (၂၃)ရက်နေ့က ကျင်းပခဲ့သော ရတနာပုံနှင့် ဒဲလ်တာ ယူနိုက်တက် အသင်းတို့၏ ယှဉ်ပြိုင်ပွဲတွင် အငြင်းပွားဖွယ်ရာ ပြဿနာများပေါ်ပေါက်ပြီးနောက် ဒဲလ်တာ ယူနိုက်တက်ကို ယခင်ကပိုင်ဆိုင်ခဲ့သော ဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်က ကုန်ကျထားသောငွေ သိန်း၅၀၀၀ကျော်ကို ပရီးမီးယားကော်ဖီမှ ပေးချေစရာမလိုဘဲ လွှဲပြောင်းရောင်းချခဲ့ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့သော ဘောလုံးအဖွဲ့ချုပ်၏ သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဇော်က ပြောကြားခဲ့သည်။
စက်တင်ဘာလ ၃၀ရက်နေ့နောက်ပိုင်း ဒဲလ်တာအသင်းကန်မည့် ပွဲစဉ်များတွင် ဘောလုံးသမားများ အနေဖြင့် Max Cement ကုမ္ပဏီစာသား အားကစားဝတ်စုံအစား ပရီးမီးယားကော်ဖီအမှတ်တံဆိပ်ပါ ၀တ်စုံအား ပြောင်းလဲဝတ် ဆင် သွားမည်ဟု သတင်းရရှိသည်။
မြန်မာလိဂ်အသင်း၏ ပိုင်ရှင်သူဌေးကြီးများတွင် ရေသန့်ရောင်းစားသည့် ဦးအောင်သောင်း အတွက် မန္တလေးတိုင်းတွင် မဲဆွယ်ပေးနေသူ ကြူကုတ် ပန်ဆိုင်း တရုတ် လွယ်ဟိန်းကုမ္ပဏီသူဌေး နှင့် တောအရက်ရောင်းစားရင်း သူဌေး ဖြစ်လာသူ ဦးအောင်မိုးဇော်တို့ ၂ဦးမှလွဲ၍ ကျန်သူဌေးများသည် လိုင်စင်များ၊ ပါမစ်များနှင့်အထူးအခွင့်အရေးရပြီး ကြွယ်ဝချမ်းသာနေသူများ ထူထောင်ထားသည့် ဘောလုံးအသင်းများဖြစ်ပြီး ယခုယူနန်သူဌေးတစ်ဦးလာကြောင်း နောက်ပိုင်းတွင် မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုရောင်းချခြင်းဖြင့် ကြွယ်ဝချမ်းသာသူများ၏ ငွေကြေးမြုပ်နှံမှုများ မြန်မာလိဂ်တွင် ၀င်ရောက်လာပြီး ငွေကြေးခ၀ါမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက သုံးသပ်ပြောကြားသည်။ ဒေါက်တာ ကိုကိုကြီး ဖခင်မှာ ဆိုရှယ်လစ် ခေတ် မြန်မာပြည်ရောက်စ က မန္တလေးမြို့မှ နာမည်ကြီး ရွှေမြင်းပျံလက်ဖက်ခြောက် လုပ်ငန်းကို ဝယ်ယူခဝါချခဲ့သူ ဖြစ်သည်။ ဒေါက်တာ ကိုကိုကြီးသည် ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဦးဝင်းမြင့်၊ ဝန်ကြီး ဦးစိုးသာ၏သား အောင်စိုးသာတို့ နှင့် ရေနံချောင်းတွင် ရွှေနဂါးမင်း ဆိုင်ကယ် ထုတ်လုပ်ရေး အလုပ်ရုံထောင်၍ တရုပ်ဆိုင်ကယ် မှောင်ခိုသွင်းရောင်းခဲ့သူဖြစ်သည်။ ဒေါက်တာ ကိုကိုကြီးသည် မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း ဗဟို အလုပ်အမှုဆောင်ဖြစ်သည်။
Blog Archive
- ► 2024 (306)
- ► 2013 (1051)
- ► 2012 (1188)
- ► 2011 (1025)
- ► 2010 (2008)
-
▼
2009
(620)
-
▼
October
(211)
-
▼
Oct 05
(21)
- တရားမဝင်ဖြတ်ကျော်သူ ထိုင်းများအား ပစ်မိန့်ကို ဟွန်...
- အထီးကျန် ဧကစာ မြန်မာနိုင်ငံအပေါ် ကျင့်သုံးရမည့် နည်...
- ကုလသမဂ္ဂကိုယ်စားလှယ် ဘီလ်ကလင်တန်၏ ဟေတီခရီးစဉ်
- ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဘေးဖယ်...
- စစ်အစိုးရ၏ မဟာမိတ်နိုင်ငံများ ဒေါ်အောင်ဆန်းစုကြည်အာ...
- ရဲချုပ်ခင်ရီ အတိုင်းအတာတစ်ခု အထိ အရေးယူခံထားရဖွယ်ရှိ
- မြန်မာ့အရေးအဖြေရှာမှုတွင် ထိုင်းနိုင်ငံက ပူးပေါင်းပ...
- ထားဝယ်ရေနက်ဆိပ်ကမ်း ဒေါ်လာ ၃ ထရီလျံမြုပ်နှံမည်
- ယူနန်အသင်းဖြစ်သွားသော ဒဲလ်တာ ယူနိုက်တက်
- ကွန်မြူနစ်တရုတ်ပြည်၏ နှစ်၆၀ပြည့် အခမ်းအနား
- နျူကလီးယားဆောင်ရွက်ချက်များ ငြိမ်း ချမ်းရေးကို ဦး...
- ၂၀၁၀ ရွေးကောက်ပွဲ လွပ်လပ်ပြီးတရား မျှတမှုရှိမည်ဟု စ...
- မြန်မာအစိုးရ ဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
- မြန်မာနိုင်ငံခြားရေးဝန်ကြီးက လွပ်လပ်၍ တရားမျှတသော ...
- မြန်မာနိုင်ငံတွင် နိုင်ငံတကာ GSM များသုံးနိုင်မည်
- မြန်မာနိုင်ငံ၏ နျူကလီယာအရေးနှင့် အမေရိကန်မူဝါဒ
- ကမ္ဘောဒီးယားတွင် အခြေခံလွတ်လပ်ခွင့် များကန့်သတ်ပိတ်...
- မြန်မာနိုင်ငံအပေါ်ခပ်ကြမ်းကြမ်း ကိုင်တွယ်ရန် ကုလသမဂ...
- မြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှုများဖယ်ရှားရေးအတွက် ဂျင...
- ကမ္ဘာ့စီးပွားရေး မျှော်လင့်သည်ထက်ပိုမိုမြန်ဆန်စွာတိ...
- တိုင်ဖုန်း Parma ကိုဆုတောင်းရင်းစောင့်စားနေသော ဖိလ...
-
▼
Oct 05
(21)
-
▼
October
(211)
Labels
- Op-Ed (4)
Posted by
Transparency Myanmar 2010
Monday, October 5, 2009
Subscribe to:
Post Comments (Atom)