Transparency Myanmar

transparency.myanmar@gmail.com

အတိုက်အခံများကို ဖိနှိပ်ကာ ခေါင်းဆောင်များကို ထောင်ဒဏ်ပေးပြီး၊ အရှေ့တောင်အာရှတွင် ဒုက္ခသည်ပြဿနာကို ဖန်တီးနေသော မြန်မာစစ်အစိုးရအပေါ် အမေရိကန်အစိုးရ၏ ထားရှိသည့် မူဝါဒကို ဆီးနိတ်ဆပ်ကော်မတီတွင် ယနေ့ကြားနာခဲ့သည်။ အိုဘားမားအစိုးရသည် စစ်အစိုးရနှင့် သံတမန်ရေးရာ စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သော် လည်း၊ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟယ်လရီကလင်တန်က ပြောကြားခဲ့သည်။
          လာမည့်ရက်သတ္တပတ်အတွင်း နယူးယောက်တွင် အမေရိကန်နှင့် မြန်မာအစိုးရတို့ ဆွေးနွေးမှုပြုလုပ်မည်ဖြစ်သည်။
          ဆီးနိတ်လူမျိုးစုခေါင်းဆောင်မစ်၊ မက်ကော(န်)လ်သည် မြန်မာအစိုးရနှင့် ပတ်သက်၍ ကွန်ကရက်တွင် ထုတ်ဖော်ဆန့်ကျင်ခဲ့သူဖြစ်ပြီး၊ စစ်အစိုးရအား ပိတ်ဆို့မှုများ ပြုလုပ်ရန် ဥပဒေပြုရေးဆွဲခဲ့သူဖြစ်သည်။ အိုဘားမား၏ မြန်မာနိုင်ငံအပေါ် ပေါ်လစီပြောင်းလဲမှုအတွက် ၎င်းမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
          အိုဘားမားအစိုးရတက်ခါစက နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကို “မြန်မာနိုင်ငံအပေါ်ထား ရှိသည့် အမေရိကန်ပေါ်လစီကို ပြန်လည်စိစစ်ခြင်းကို ဦးစားပေးဆောင်ရွက်ပါ” ဟုပြောခဲ့သည်။ အမေရိကန်အစိုးရမှ မြန်မာစစ်အစိုးရနှင့် ပတ်သက်၍ ယင်းတို့၏ ရည်မှန်းချက်များကို အောင်မြင် ရေးအတွက် မည်သို့လုပ်ဆောင်မည်လဲဟု မေးခဲ့ရာ၊ ဟယ်လရီကလင်တန်သည် မြန်မာနိုင်ငံ၏ အခြေခံရည်မှန်းချက်၊ စည်းလုံးညီညွတ်ပြီး ချမ်းသာကြွယ်ဝ၍ ငြိမ်းချမ်းသော ဒီမိုကရက်တစ်မြန်မာ နိုင်ငံအဖြစ် ရောက်ရှိအောင်နှင့် လူ့အခွင့်အရေးများကို အလေးပေးရန် စစ်အစိုးရနှင့် တိုက်ရိုက် ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့သည်။
          မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုအား ပယ်ဖျက်ပေးရန်အတွက် အမေရိကန်နှင့် ဆက်သွယ်ရေး ကောင်းမွန်သည့်အဆင့်ရှိရန်လိုကြောင်း၊ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသား အားလုံးနှင့်ခေါင်းဆောင်အောင်ဆန်းစုကြည်ကို လွှတ်ပေး၍ ၂၀၁၀ခုနှစ်တွင် တရားမျှတသော ရွေးကောက်ပွဲပြုလုပ်ပေးရန်လိုကြောင်း၊ သို့မှသာ အတိုက်အခံများနှင့် လူမျိုးစုအဖွဲ့များ ပါဝင်ပြီးအဓိပ္ပါယ်ရှိသည့် ရွေးကောက်ပွဲဖြစ်နိုင်ကြောင်း မက်ကော်နဲလ်မှ ပြောကြားသွားသည်။ မြန်မာနိုင်ငံသည် နိုင်ငံတကာလိုက်နာသင့်သည့်အချက်များကိုလည်း ကျင့်သုံးပြီး၊ တားမြစ်ထား သည့် မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှုများကိုလည်း ရပ်ဆိုင်းသင့်ကြောင်းလည်း ပြောကြားခဲ့သည်။
          အင်ဒီယာနာပြည်နယ်ဆီးနတ်တာ တစ်ဦးဖြစ်သော ဆီးနိတ်နိုင်ငံခြားရေးကော်မတီမှ အဆင့်မြင့်ရီပတ်ပလစ်ကင် ပါတီဝင် ဆီနိတ်တာ ရစ်ချက်လျူဂါမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့်အကြောင်းအရာများကို တင်ပြရန် သဘော ထားကြေညာချက်ထုတ်ပြန်ခဲ့သည်။
          အဆိုပါကြေညာချက်တစ်စိတ်တစ်ဒေသမှာ -
          ဥက္ကဌ Webb ကို ယခုကဲ့သို့ အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် ပေါ်လစီကို တင်ပြခွင့်ပြု၍ ကျေးဇူးတင်ကြောင်း၊ ဒီတင်ပြချက်ကြောင့် အိုဘားမားအစိုးရက မြန်မာနိုင်ငံအပေါ် ထားသည့် ပေါ်လစီဆန်းစစ်ချက်ကို အချိန်မီပြုလုပ်နိုင်ခဲ့ကြောင်း ပြောသည်။
          အမေရိကန်အစိုးရသည် ဖြစ်နိုင်ချေရှိသည့် ပေါ်လစီကို ချမှတ်ခဲ့ကြောင်း၊ ကျွန်ုပ်တို့ အနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပညာရေး၊ ကျန်းမာရေးရာ အဆင့်နိမ့်ကျမှုများကို တိုက်ရိုက် ဆက်သွယ်သိရှိထားသည့် တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူနှင့် တောင်ကိုရီးယားတို့၏ သဘောထားများဖြင့်လည်း နှိုင်းယှဉ်ကြည့်ရန်လိုကြောင်း၊ မြန်မာနိုင်ငံ စီးပွားရေးအပေါ်မှားယွင်း သော စီမံခန့်ခွဲမှုများသည် (miss management) အမေရိကန်စီးပွားရေး ပိတ်ဆို့မှုမလုပ်ခင် ကတည်းက ရှိခဲ့ကြောင်းပြောသည်။
          ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ စစ်ပြေးဒုက္ခသည်များစွာ ရောက်ရှိနေပြီး၊ အများစုမှာ လူမျိုးစုအဖွဲ့ဝင်များဖြစ်ကြောင်း ကုလသမဂ္ဂမှလည်း အခက်အခဲများစွာ တွေ့ရှိနေရပါသည်။ ဒုက္ခသည် ၅၀၀၀၀ ခန့်က တတိယနိုင်ငံတွင် ပြောင်းရွှေ့နေထိုင်ရန်အတွက် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးအဖွဲ့ (UNHCR) မလေးရှားမှတဆင့် လျှောက်ထားခဲ့ပြီး၊ အယောက် ၁၀၀၀၀ ခန့်မှာ အင်ဒီရာနာပြည်နယ်တွင် နေရာချပေးခဲ့ရပါသည်။ အိုဘားမားပေါ်လစီတွင် မြန်မာ-မြောက်ကိုရီးယားဆက်ဆံမှုကို ဆန်းစစ်ချက်လည်း ပါဝင်သည်။ အမေရိကန်သည် အာရှဒေသ တွင်းရှိ ၎င်း၏မိတ်ဆွေနိုင်ငံများ၊ မဟာမိတ်များအတွက် စုပေါင်း၍ မြန်မာနိုင်ငံမှ (သို့မဟုတ်) မြန်မာနိုင်ငံသို့ အစုလိုက်အပြုံလိုက် သေကျေပျက်စီးနိုင်သော လက်နက်များတပ်ဆင်ထုတ်လုပ် ရောင်းချခြင်းကို ဆန့်ကျင်နိုင်ရေးအတွက် လုပ်ဆောင်ပေးရန် တာဝန်ရှိပါသည်။
          ၂၀၀၄ ခုနှစ်နောက်ပိုင်း မြန်မာနှင့် မြောက်ကိုရီးယားတို့ ပြန်လည်ဆက်ဆံရေးကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို ကျွန်တော်စတင်ဆွေးနွေးခဲ့စဉ်ကတည်းက နိုင်ငံခြား ဆက်ဆံရေးကော်မတီမှလည်း အဆိုပါကိစ္စကို အမေရိကန်အစိုးရတာဝန်ရှိသူများက အသေးစိတ် ခင်းကျင်းတင်ပြခဲ့ပါသည်။
          မြန်မာအရာရှိများ ရုရှားနိုင်ငံသို့ နည်းပညာသင်တန်းများနှင့် နျူကလီးယားနည်းပညာ သင်တန်းများတက်ရောက်ခြင်းကလည်း မေးခွန်းထုတ်စရာများ ဖြစ်ခဲ့ပါသည်။ ရုရှားအစိုးရ၏ အကူ အညီဖြင့် စစ်အစိုးရက နျူကလီးယားဓာတ်ပေါင်းဖိုကို ဆေးပညာသုတေသနအတွက် အသုံးချမည် ဆိုသော်လည်း၊ ပို့ဆောင်ခဲ့သည့် ပညာသင်အရေအတွက်မှာ လိုသည်ထက်ပိုနေပါသည်။ မြန်မာနိုင်ငံ၏ ယူရီနီယမ်ထွက်ရှိမှု၊ သန့်စင်မှုနှင့် ထုတ်လုပ်မှုများသည်လည်း စိုးရိမ်ဖွယ်ရာ ဖြစ်နေ ပါသည်။
          Emerithus of Los Alamos National Laboratory ၏ ဒါရိုက်တာနှင့် စတင်းဖို့ဒ် တက္ကသိုလ် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဌာန တွဲဘက်ဒါရိုက်တာ Dr.Sigfired Hecken က အေခရုခန်ကွန်ရက် (A.Q Kham Network) သည် ကုမ္ပဏီများကို ဆက်သွယ်ပေးပြီး၊ အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများကို အန္တရာယ်ရှိသော လက်နက်ရောင်းဝယ်မှု အဖွဲ့အစည်းများ အသွင်ရောက်စေခဲ့သည်။ မြောက်ကိုရီးယား၏ နျူကလီးရီးယား ဓာတ်ပေါင်းဖို ဆီးရီးယားတွင် တည်ဆောက်မှု၊ အီရန်နှင့် မြန်မာနိုင်ငံတွင် လုပ်ဆောင်မှုများသည်လည်း ပုံစံမျိုးစုံ ဖြင့် တိုးချဲ့မှုများဖြစ်သည်။ အစိုးရက လုပ်ဆောင်ပြီး တရားမ၀င်အဖွဲ့ကွန်ရက်များက ကူညီပေးခဲ့ ကြသည်။

0 comments:

Post a Comment