Transparency Myanmar

transparency.myanmar@gmail.com

          သမ္မတအိုဘားမားသည် မြန်မာနိုင်ငံ၏ အာဏာရှင်အစိုးရနှင့် စတင်၍ စကားပြောရန် ဆုံးဖြတ်ခဲ့ပါသည်။ ထို့ကြောင့်ပင် ပြီးခဲ့သည့် အင်္ဂါနေ့က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell သည် ကုလသမဂ္ဂညီလာခံသို့ လာရောက်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နှင့် နယူးယောက်မြို့တွင် တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုမှာ နှစ်ပေါင်းများစွာအတွင်း နှစ်နိုင်ငံ အစိုးရကြား အဆင့်မြင့်ဆုံး တွေ့ဆုံမှုဖြစ်ခဲ့ပါသည်။
          မြန်မာစစ်အစိုးရအနေဖြင့် နိုင်ငံသားများအား အခြေခံအကျဆုံးလူ့အခွင့်အရေးများ ဖော်ဆောင်ပေးရန် ပျက်ကွက်ခြင်း၊ နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်အား ၁၄နှစ်ကြာ နေအိမ် အကျယ်ချုပ်ဖြင့် ထားရှိခြင်းတို့ ရှိခဲ့သော်လည်း အမေရိကန်တို့အနေဖြင့် မည်သို့မျှ သဘောမထားပါ။ ပြီးခဲ့သည့် တနင်္လာနေ့က ကုလသမဂ္ဂညီလာခံလာရောက် တက်ရောက်သော မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အား ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ခေါ်ယူတွေ့ဆုံတောင်းဆိုမှုများ ရှိခဲ့ပါသည်။
          ယခုကဲ့သို့ စကားပြောခြင်းဖြင့် ချက်ခြင်း ပြီးပြည့်စုံသော အဖြေထွက်မည်မဟုတ် သော်လည်း အချိန်ယူ၍ ကျွမ်းကျင်လိမ္မာစွာကိုင်တွယ်ပါက အကောင်းဘက်သို့ဦးတည်သော ပြောင်းလဲမှုများ ဖြစ်လာပေလိမ့်မည်။
          ကလင်တန်ရော ဘွတ်ရှ်အစိုးရများက မြန်မာစစ်အစိုးရအပေါ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု  များပြုလုပ်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ကျော်အား မလွှတ်မချင်း စကားပြောရန် ငြင်းဆန်ခြင်း၊ ပြင်းထန်သော အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပါသည်။ သို့သော် ဒဏ်ခတ်ခြင်းတစ်ခုတည်းဖြင့် မည်သည့်ရလဒ်မျှမရသည်ကို တွေ့ရှိခဲ့ရသည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းများ၏ အဆက်အဆံပြုလုပ်ခြင်းနည်းလမ်း သည်လည်း အလုပ်မဖြစ်ခဲ့ပါ။ ထို့ကြောင့် အမေရိကန်တို့အနေဖြင့် ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ် နေချိန်တွင်းမှာပင်ကန့်သတန် ပိတ်ဆို့မှုကိုလည်း ဆက်လက်ထားရှိသွားရန် ဆုံးဖြတ်ခဲ့ပါသည်။
          သို့ဖြစ်ရာ နှစ်နိုင်ငံအကြား ဆွေးနွေးစရာ ခေါင်းစဉ်အများပြား ရှိနေပါသည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု ထိန်းချုပ်ရေး၊ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန် စစ်သားများ၏ ရုပ်ကြွင်းများ ဆက်လက်ရှာဖွေရေးနှင့် မြန်မာနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံအကြား နျူကလီးယားပတ်သက် ဆက်နွယ်မှုများစသည့် ခေါင်းစဉ်များပါဝင်ပေသည်။
          သို့ရာတွင် တွေ့ဆုံဆွေးနွေးမှုတွင် မြင်သာသော တိုးတက်မှုများမရမခြင်း မြန်မာနိုင်ငံ အတွင်း တွင်းထွက်သဘာဝအရင်းအမြစ်များနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ထားခြင်း ကဲ့သို့ အရေးယူပိတ်ဆို့မှုမျိုးကို ဆက်လက်ထားရှိရန် ကျွန်ုပ်တို့ သဘောတူပေသည်။ မြင်သာသော တိုးတက်မှုဟု ဆိုရာဝယ် လာမည့်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်သူ၏ NLD ပါတီ ကို ပါဝင်စေခြင်းကဲ့သို့သော ပြောင်းလဲမှုကို ဆိုလိုပေသည်။
          မြန်မာအစိုးရအနေဖြင့် မည်သည့်တိုးတက်ဖြစ်ပေါ်ပြောင်းလဲမှုကိုမဆို ဖော်ဆောင်နိုင်သည် နှင့် ပိတ်ဆို့အရေးယူမှုများကို ဖြေလျော့ပေးသွားပေမည်။
          ဒေါ်အောင်ဆန်းစုကြည်ကလည်း အကန့်အသတ်ဖြင့် အဆက်အဆံပြုလုပ်ရေးအယူအဆ ကို မြန်မာအစိုးရရော အမေရိကန်အစိုးရကပါ အတိုက်အခံများနှင့် စကားပြောရန် တိုက်တွန်းထားသည်။
          မြန်မာစစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲနည်းလမ်းဖြင့် ၎င်းတို့၏ အာဏာဆုပ်ကိုင်ထားမ ကို နိုင်ငံတကာက တရားဝင်လက်ခံလာအောင် ပြုလုပ်နိုင်မည်ဟု မျှော်လင့်နေပေသည်။သို့သော် မှန်ကန်သော ဖိအားပေးမှုများဖြင့် အချို့သော နိုင်ငံရေး အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင် လိမ့်မည်ဟု အချို့က ယုံကြည်နေပေသည်။ သို့ရာတွင် ရွေးကောက်ပွဲတွင် အတိုက်အခံများနှင့် ၎င်းတို့အပေါ်နေရာပေးမှုများ မရရှိပဲရှိပါက ၎င်းရွေးကောက်ပွဲကို အမေရိကန်တို့အနေဖြင့် လက်ခံ နိုင်မည်မဟုတ်ကြောင်း ရှင်းလင်းစွာ ပြောကြားထားပြီးဖြစ်ပါသည်။
          ပြောင်းလဲမှုများကတော့ မြန်မာနိုင်ငံတွင် မမျှော်လင့်ပဲ အနှေးနှင့်အမြန် ရောက်ရှိလာ တော့မည်ဖြစ်သည်။ သို့ရာတွင် သမ္မတ အိုဘားမားအနေဖြင့် ရှေ့သို့ ဆက်လက်ဖော်ဆောင်ရမည့် အရာများအတွက် အကန့်အသတ်ပါသော အဆက်အဆံ (Limited engagement) ဖြင့် ဆက်လက်တွန်းအားပေးသွားလိမ့်မည်။

0 comments:

Post a Comment