မြန်မာက နယ်ခြားတည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်မည်ဟု တရုတ်မျှော်လင့်
24 - Oct - 2009
Xinhua News
တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်က မြန်မာနိုင်ငံသည် ပြဿနာအရပ်ရပ်ကို တိကျမှန်ကန် စွာကိုင်တွယ်နိုင်ပြီး၊ တရုတ်မြန်မာနယ်စပ်ဒေသငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းစောင့် ရှောက်နိုင်လိမ့်မည်ဟု ၎င်းအနေနှင့်ယုံကြည်မိကြောင်း စနေနေ့ကပြောကြားသည်။
တရုတ်-မြန်မာ အိမ်နီးချင်းကောင်းဆက်ဆံရေးကို တိုးတက်စေရန်ရည်ရွယ်သည့် နှစ်ဖက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံလုံးအတွက် မရှိမဖြစ်လိုအပ်ချက်များနှင့် ကိုက်ညီ၍ ဒေသတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကိုဖြစ်ပေါ်စေလိမ့် မည်ဟု ၀မ်ကျားပေါင်က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အား အာဆီယံထိပ်သီးညီလာခံ ၏ အ၀န်းအ၀ိုင်းတွင် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
အေးချမ်းတည်ငြိမ်ခြင်း၊ ပေါင်းစည်းညီညွတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းများကို မြန်မာနိုင်ငံက နားလည်သဘောပေါက်လိမ့်မည်ဟု တရုတ်က မျှော်လင့်ကြောင်း "၀မ်"က ပြောကြားခဲ့ပြီး၊ အရှေ့တောင်အာရှနိုင်ငံများကို တတ်စွမ်းသမျှ အကူအညီများပေးသွားမည်ဖြစ်ကြောင်း ကတိပြု ခဲ့သည်။
မြန်မာဝန်ကြီးချုပ်ကလည်း တရုတ်နိုင်ငံ၏ ရေရှည်ကူညီထောက်ပံ့မှုများကို အသိအမှတ်ပြု သည့်အနေဖြင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်မိတ်ဆွေဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး များကို ပိုမိုခိုင်မာအောင်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သော သြဂုတ်လက တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင်းသို့ ထွက်ပြေးခဲ့သော မြန်မာနယ်စပ်ဒေသခံ တစ်သောင်းကျော်မှာ ယခုအခါ တိုက်ပွဲများပြီးဆုံးသွား သော မြန်မာနိုင်ငံမြောက်ပိုင်း၊ ၎င်းတို့၏ ဇာတိမြေသို့ပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံပိုင်သတင်းဌာနများက ဖော်ပြခဲ့ပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---