ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော ၁၅ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပြီးဆုံး
(www.chinaview.cn : 25 - 10 - 2009)
(၁၅)ကြိမ်မြောက် အာဆီယံထိပ်တန်းအစည်းအဝေးသည် တနင်္ဂနွေနေ့က တက်ရောက် ခဲ့ကြသောခေါင်းဆောင်များ၏ထောက်ခံဆုံးဖြတ်မှုဖြင့် ကြေညာချက်၊ သဘောတူညီချက်များစွာကို ထုတ်ပြန်လျက်ပြီးဆုံးခဲ့ပါသည်။
အာဆီယံထိပ်တန်း အစည်းအဝေးနှင့်အတူ အာဆီယံ-တရုတ် (၁၂)ကြိမ်မြောက် အစည်းအဝေး၊ အာဆီယံ-တောင်ကိုရီးယား (၁၂)ကြိမ်မြောက်အစည်းအဝေး၊ အာဆီယံ-အိန္ဒိယ (၇)ကြိမ်မြောက်အစည်းအဝေး၊ အာဆီယံအပေါင်း (၃)နိုင်ငံ၏ (၁၂)ကြိမ်မြောက် အစည်းအဝေးနှင့် အရှေ့အာရှ(၄)ကြိမ်မြောက်အစည်းအဝေးတို့ကို အောက်တိုဘာလ(၂၃)ရက် နေ့မှ (၂၅)ရက်အထိ ကျင်းပခဲ့ပါသည်။
အဓိကသဘောတူညီချက်စာတမ်းဖြစ်သည့် ASEAN Intergovernmental Commission on Human Rights (AICHR) လူ့အခွင့်အရေးနှင့်ပတ်သက်၍ အာဆီယံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်၊ Cha-am Hua Hin ကြေညာချက်စာတမ်း၊ (Hua Hin Declaration on Strengthening Cooperation on Education to Achieve an ASEAN Caring and Sharing Community) အာဆီယံနိုင်ငံများအတွင်း ပညာရေးကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင် ရွက်ခြင်းဖြင့် အာဆီယံ၏အလေးထားဂရုစိုက်၍ မျှဝေခံစားသည့်အသိုင်းအ၀န်းတစ်ခုကို ရရှိအောင် ဆောင်ရွက်ရန် Cha-am Hua Hin ကြေညာချက်စာတမ်း၊ အာဆီယံခေါင်းဆောင်များ၏ အာဆီယံ နိုင်ငံအချင်းချင်းဆက်ဆံရေးကြေညာချက်၊ (ASEAN Leader's Statement on ASEAN Connectivity) ရာသီဥတုပြောင်းလဲခြင်းအတွက် အာဆီယံနိုင်ငံများ၏ပူးတွဲထုတ်ပြန်ကြေညာ စာတမ်း (မူကြမ်း)တို့ကို အတည်ပြုခဲ့ကြသည်။
လက်ရှိအာဆီယံအဖွဲ့၏ဥက္ကဌ ထိုင်းနိုင်ငံ၏၀န်ကြီးချုပ် Abhisit Vejjajiva အား ထိုင်းနိုင်ငံ သည် အာဆီယံ ဥက္ကဋ္ဌနေရာကို ရယူခဲ့စဉ်က ရည်မှန်းချက် (၃)ခုကို ချမှတ်ထားခဲ့ကြောင်း၊ အာဆီယံချာတာကို သဘောတူညီလက်ခံခြင်း၊ ပိုမိုရင်းနှီးစွာဆက်ဆံလုပ်ဆောင်သော အာဆီယံ ဖြစ်လာရေးနှင့် လူ့အဖွဲ့အစည်းအတွက် အာမခံချက်ပေးနိုင်သောအဖွဲ့အစည်းဖြစ်လာစေရန် ထောက်ပံ့ပေးရန်တို့ ဖြစ်ပါသည်။
၎င်းက တက်ရောက်လာသော အာဆီယံခေါင်းဆောင်များကို အာဆီယံ၏ပူးပေါင်းဆောင် ရွက်မှုကဏ္ဍသစ်တစ်ရပ်ကိုဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။ အာဆီယံသည် ဒေသတွင်း အကောင်အထည်ဖေါ်လုပ်ဆောင်မှုအဆင့်ဆင့်ကို လုပ်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင် ခြင်းဖြင့် ပြင်ပအဖွဲ့အစည်းများနှင့် ဆက်ဆံရာတွင် အရေးပါသောကဏ္ဍတစ်ခုတွင် ရပ်တည်စေနိုင် မည်ဖြစ်ကြောင်းပြောခဲ့သည်။
(၂၀၁၅) တွင် ဖွဲ့စည်းရန်မျှော်မှန်းထားသည့် အာဆီယံလူအဖွဲ့အစည်း (ASEAN COMMUNITY) ဖြစ်ပေါ်လာရန်မှာ (၆)နှစ်သာလိုတော့ကြောင်း၊ အာဆီယံကို အနာဂတ်တွင် ကျွန်ုပ်တို့၏လူထု၊ ကျွန်ုပ်တို့၏ဒေသနှင့် ကမ္ဘာကြီးအတွက် အကျိုးပြုနိုင်သောအဖွဲ့အစည်းအဖြစ် တည်ထောင်သွားရန်ပြောကြားခဲ့သည်။
လာမည့် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ၎င်းနှင့်ပတ်သက်သော အစည်းအဝေးများကို ဗီယက်နမ်နိုင်ငံတွင် ကျင်းပရန် သတ်မှတ်ထားပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---