Transparency Myanmar

transparency.myanmar@gmail.com

ကမ္ဘာပေါ်တွင်  နျူကလီးယား မပြန့်ပွားရေးအတွက် ကုလသမဂ္ဂ္ဂကဦးဆောင် ပြုလုပ်သော ဆုံဖြတ်ချက်မူကြမ်းချမှတ်ရာမြန်မာစစ်အစိုးရက မဲမပေးဘဲနေခဲ့ကြောင်း သိရသည်။ အဆိုပါဆုံးဖြတ်ချက်မူကြမ်းကို နိုဝင်ဘာလဆန်းပိုင်းက ကုလသမဂ္ဂအထွေထွေညီလာခံတွင် အတည်ပြုရေးဆွဲနိုင်ခဲ့ကြောင်း၊ နျူလီးယားမပြန့်ပွားရေးနှင့် လက်နက် တပ်ဆင်မှုမပြုရေး ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် နိုင်ငံ ၁၇၀ က အတည်ပြုမဲ ပေးဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်နိုင် ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ဂျပန်နိုင်ငံသည် အဆိုပါဆုံးဖြတ်ချက် မူကြမ်းကိုထောက်ခံခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနက အဆိုပါ နျူကလီးယားမပြန့်ပွားရေးနှင့် လက်နက်ဖျက်သိမ်းရေးနှင့်ပတ်သက်သော ဆုံးဖြတ်ချက်မူကြမ်းတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများအတွက် အပြုသဘောဆောင်သည့် သုံးသပ်ချက် များမပါဝင်ကြောင်း ကြေညာချက်ထုတ် ပြန်သည်။

မြန်မာနိုင်ငံ၏ နျူကလီးယားဆောင်ရွက်ချက်များနှင့်ဦးတည်ချက်များသည် လွန်ခဲ့သည့် ခြောက်လတာမျှကတည်းက သိသိသာသာထွက်ပေါ်လာခဲ့ပြီး အဆိုပါ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ မြောက်ကိုရီးယားနိုင်ငံနှင့် နွေးထွေးသောဆက်ဆံရေးများထွက်ပေါ်လျက်ရှိသည်။ ကုလသမဂ္ဂ္ဂ၏အဆိုပါဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားနိုင်ငံသာမက အိန္ဒိယနိုင်ငံကလည်း ကန့်ကွက် ကာပယ်ချလိုက်ကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ နျူကလီးယားအရေး ကိစ္စ္စနှင့်ဆက်နွှယ်ပြီး လွန်ခဲ့သော သြဂုတ်လက စုံစမ်းဖော်ထုတ်မှုအစီရင်ခံစာတစ်စောင်ပေါ်ထွက်ခဲ့သည်။ အဆိုပါ အစီရင်ခံစာကို သြစတြေးလျပညာရှင် ဒက်စ်မွန်ဘောလ်နှင့် ဂျာနယ်လစ် ဖီလ်သွမ်တန်က ကပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စုံစမ်းဖော်ထုတ်မှုများပြုလုပ်ရာတွင် မြန်မာစစ်တပ်မှ ပြည်ပြေးစစ်အရာရှိနှစ်ဦး ကိုတွေ့ဆုံမေးမြန်းမှုများပြုလုပ်ပြီး သက် သေအထောက်အထားများရယူခဲ့သည် ဟုဆိုသည်။

မြန်မာနိုင်ငံသို့ အမှန်တရားရှာဖွေ သည့်ခရီးစဉ်ဟူသောခေါင်းစဉ်ဖြင့်သွား ရောက်ခဲ့သော အမေရိကန်အကြီးတန်း အရာရှိကြီးများက ၄င်းတို့သည် မြန်မာ နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံ နှင့် နျူကလီးယားကိစ္စ ပူးပေါင်းဆောင် ရွက်မှုများမှ ကင်းဝေးမည့် နည်းလမ်း များကိုရှာဖွေမည်ဖြစ်ကြောင်းထုတ်ဖော် ပြောဆိုထားပြီးဖြစ်သည်။ လက်ရှိအနေ အထားတွင် မြန်မာပြည် နျူကလီးယား လက်နက်ထုတ်လုပ်တပ်ဆင်သည့် အထောက်အထားများမတွေ့ရသေးသော်လည်းအနာဂတ်ကာလတွင် ဆောင်ရွက်လာနိုင်ကြောင်း လေ့လာသူများကခန့်မှန်း ပြောဆိုသည်။

(နိုင်ငံတော်တော်များများဟာ နျူကလီးယားကိစ္စ္စကို အိပ်မက်မက်နေကြတယ်။ လက်နက်ထုတ်ဖို့လုပ်ကြသလို အေးအေးဆေးဆေးနဲ့ သုတေသနလုပ်ဖို့လည်းလုပ် ကြတာရှိပါတယ်။ မြန်မာက အဲဒီနျူကလီးယားနဲ့ပတ်သက်ပြီး ကုလ ရဲ့ဆုံးဖြတ်ချက်ကို မဲမပေးဘဲကြားနေအဖြစ်နေလိုက်တယ်ဆိုတဲ့သတင်းကိုကျွန်တော်ကတော့ သိပ်ပြီးမအံ့သြပါဘူး) ဟု မြန် မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုအောင် နိုင်ဦးက ပြောသည်။

(နှစ်ပေါင်းများစွာ အထီးကျန်ဆန်ဆန်နေခဲ့ရတဲ့မြန်မာလိုနိုင်ငံအနေနဲ့ တခြား နိုင်ငံတွေကိုကြည့်ပြီး ဆူပါပါဝါနိုင်ငံကြီးတွေလို တစ်ယောက်ရဲ့ပုခုံးပေါ်တစ် ယောက်တက်ရပ်နိုင်အောင်လုပ်မယ်။ နျူကလီးယားပိုင်ဆိုင်လာနိုင်အောင်လည်း ကြိုးစားမှာပဲ)။

ကုလသမဂ္ဂ ၏ အဆိုပါ နျူကလီးယား ဆိုင်ရာ ဆုံးဖြတ်ချက်ကို တရုတ်၊ပြင်သစ်၊ အီရန်၊ အစ္စ္စရေး၊ ပါကစ္စ္စတန်၊ ကျူးဘားနှင့် ဘူတန်နိုင်ငံတို့ကလည်း မဲမပေးဘဲနေခဲ့ ကြသည်။  မှတ်တမ်းများအရ တရုတ် နှင့် အစ္စ္စရေးတို့သည် မြန်မာစစ်အစိုးရကို လက်နက်ထောက်ပံ့နေသော နိုင်ငံများ ဖြစ်သည်။

မြန်မာနိုင်ငံက အဆိုပါ ဆုံးဖြတ်ချက် ကို မဲမပေးဘဲနေခြင်းသည် အနာဂတ် ကာလ နိုင်ငံကာကွယ်ရေးအစီအမံများ တိုးမြှင့်ရန် အစီအစဉ်များရှိသောကြောင့် ဖြစ်နိုင်သည်ဟု ကိုအောင်နိုင်ဦးက သုံး သပ်ပြောဆိုသည်။

( ပြည်တွင်းပြဿနာတွေရှိတဲ့ နိုင်ငံအတော်များများဟာ နိုင်ငံတော်အချူပ်အခြာအာဏာ ဆိုတဲ့အကြောင်းပြချက် နဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ကြိုးစားလေ့ ရှိကြပါတယ်။ သူတို့က ပြည်တွင်းရေး ကို အခြားတစ်ယောက်ယောက်က၀င်ရောက်စွက်ဖက်မှာကို မလိုလားကြပါ ဘူး)ဟု ကိုအောင်နိုင်ဦးကဆိုသည်။

 

Burma abstains from nuclear resolution ကိုဘာသာပြန်ထားခြင်းဖြစ် သည်။

 



--
Posted By icypress to Sensible Rumour at 11/11/2009 07:15:00 AM

0 comments:

Post a Comment