Transparency Myanmar

transparency.myanmar@gmail.com

From BBC News: 20 - Nov - 2009

တောင်ကိုရီးယား အာဏာပိုင်များသည် တိုင်းပြည်၏ မျှော်မှန်းချက်ဖြစ်သော အမေရိကန်နှင့် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ကို ပြန်လည် ညှိနှိုင်းလိုမှုအပေါ် အားလျော့စေသော ပြောကြားမှုများ ပြုလုပ်ခဲ့ပါသည်။

သမ္မတ Barack Obama နှင့် သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတ Lee Myung-bak က အမေရိကန်တို့ စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍ စကားပြောရန် ဆန္ဒရှိကြောင်း ပြောကြားလိုက်ပြီးနောက် တစ်ရက်တွင် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

သို့သော် ကိုရီးယား သမ္မတ၏ ပြောလိုသည့် အချက်မှာ ပြန်လည် ညှိနှိုင်း ဆွေးနွေးခြင်းကို မဆိုလိုကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး Yu Myung-hwan က ရှင်းလင်းခဲ့ပါသည်။

နှစ်နိုင်ငံစလုံးသည် ၂၀၀၇ ခုနှစ် ဇွန်လက လက်မှတ် ရေးထိုးထားသော စာချုပ်ကို တရားဝင် မကြေညာရသေးပါ။

အမေရိကန် အစိုးရ တာဝန်ရှိသူများသည် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (FTA) ၏ အမေရိကန်တို့ အားနည်းနေသော ကားထုတ်လုပ်မှုအပေါ် ရိုက်ခတ်မှုများနှင့် စပ်လျဉ်း၍ စိုးရိမ်မှုများကို အကြိမ်ကြိမ် ထုတ်ဖော် ပြောကြားခဲ့ကြပါသည်။

၂၀၀၈ ခုနှစ်က တောင်ကိုရီးယားသည် အမေရိကန်သို့ ကားအစီးရေ (၆၀၀,၀၀၀) တင်ပို့ခဲ့ပြီး၊ အမေရိကန်က တောင်ကိုရီးယားသို့ ကား (,၀၀၀) သာ တင်ပို့နိုင်ခဲ့ပါသည်။

တောင်ကိုရီးယား အစိုးရ တာဝန်ရှိသူများကလည်း FTA သည် ၎င်းတို့၏ စိုက်ပျိုးရေး ကဏ္ဍတွင် ဆိုးရွားစွာ ထိခိုက်ကြောင်း ပြန်လည် ဖော်ပြခဲ့ကြပါသည်။

၂၀၀၈ ခုနှစ်တွင် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ လမ်းကြောင်းနှစ်ခုဖြစ်သော ကုန်သွယ်ရေးသည် ဒေါ်လာ (၈၄.) ဘီလီယံ (ပေါင်စတာလင် ၅၀.၈ ဘီလီယံ) ထိ တိုးတက်ခဲ့ရာ၊ ဝါရှင်တန်အနေဖြင့် တောင်ကိုရီးယား၏ ကုန်သွယ်ဖက်နိုင်ငံများ စာရင်းတွင် တရုတ်၊ ဥရောပ သမဂ္ဂနှင့် ဂျပန်တို့ ပြီးလျှင် စတုတ္ထနေရာတွင် ရပ်တည်ခဲ့ပါသည်။

Korea Institute for International Economic Policy က ပြောကြားခဲ့ရာတွင် FTA သည် တောင်ကိုရီးယား၏ ရေရှည်တိုးတက်မှုကို ( %) ထိ ရှိခဲ့ပြီး၊ အလုပ်အကိုင် (၃၄၀,၀၀၀) ဖန်တီးနိုင်ခဲ့သည်ဟု ဖော်ပြခဲ့ပါသည်။

နိုဝင်ဘာလဆန်းက အမေရိကန် Chamber of Commerce က ပြောရာတွင် FTA တရားဝင် မဖြစ်သေးသည့်အတွက် အမေရိကန် အလုပ်အကိုင်နေရာ (၃၅၀,၀၀၀) နှင့် ပို့ကုန် ရောင်းချရမှုတို့မှာ အကြီးအကျယ် ထိခိုက်တော့မည့် အနေအထားကို ကြုံတွေ့နေရသည်ဟု ဆိုပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment