Transparency Myanmar

transparency.myanmar@gmail.com

Global Post , Richard Sollom,28 Nov 2009

          ၁၉၈၉ ခုနှစ် နိုဝင်ဘာလတွင် ဘာလင်တံတိုင်းကြီးပြိုကျသွားပြီးနောက် ယခုအနှစ်နှစ်ဆယ် အကြာတွင် မြန်မာနိုင်ငံ၏ အစွန်အဖျားတစ်နေရာတွင် ဖိနှိပ်မှုတံတိုင်းတစ်ခု တိတ်ဆိပ်စွာထွက်ပေါ် လာခဲ့ပါသည်။

          မြန်မာစစ်အစိုးရသည် မြန်မာနိုင်ငံ အနောက်ဖက် ဘင်္ဂလားဒေရှ် နယ်စပ်တွင် သံဆူးကြိုးများပါ ဝင်သော အုတ်တံတိုင်းကို စတင်တည်ဆောက်ခဲ့ပါသည်။ ဘင်္ဂလာဒေ့ရှ်မှ ပြန်ဝင်လာမည့် ရိုဟင်ဂျာ လူမျိုး နှစ်သိန်းခန့်ကို တားဆီးရန် ရည်ရွယ်၍ တံတိုင်းတည်ဆောက်ခြင်းဖြစ်နိုင်ပါသည်။ ရိုဟင်ဂျာများ မှာ ဖိနှိပ်ခံနေရသော မြန်မာမူဆလင် တိုင်းရင်းသားများဖြစ်ပြီး၊ ယခုအခါတိုင်းပြည်မဲ့ဖြစ်နေပါသည်။

          ယခုအဖြစ်အပျက်သည် မြန်မာနိုင်ငံ၏ လွတ်လပ်သော ကမ္ဘာကြီးမှ အထီးကျန်ပြီးနှစ်ပေါင်း ငါးဆယ်ခန့် စစ်တပ်အုပ်ချုပ်ရေး၏ အမှတ်အသားများပင်ဖြစ်ပါသည်။ တိုင်းရင်းသား လူမျိုးများကို ဖိနှိပ်နေမှုများသည် အနောက်ကမ္ဘာအား မြန်မာနိုင်ငံ၏ အတားအဆီးများ နောက်ကွယ်မှ ဖိနှိပ်မှုများ အား သတိပြုမိအောင် သတိပေးနေသလို ရှိပါသည်။

          လူ့အခွင့်အရေး ကိစ္စများကို ရှာဖွေဖော်ထုတ်သူ အနေဖြင့် ကျွန်ုပ်သည် မြန်မာအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သို့ သုံးပတ်ကြာသွားရောက်ခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း ကျွန်ုပ်သည် မြန်မာအရပ်ဘက် လူ့အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအရ နှိပ်စက်မှု ခံခဲ့ရသော သူများနှင့် တွေ့ဆုံခဲ့ပါသည်။ ကျွန်ုပ်တို့သည် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူသားချင်း မစာနာသော ရာဇဝတ်မှုများကို ဖော်ထုတ်နိုင်ခဲ့ပါသည်။ လူသတ်မှုများ၊ အဓမ္မ ရွှေ့ပြောင်းစေမှုများ၊ အဓမ္မခိုင်းစေမှု များ၊ ကလေးသူငယ်များကို စစ်မှုထမ်းစေခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်မှုများကို စစ်တပ်မှ ပုဂ္ဂိုလ်များ ကျူးလွန်လျက်ရှိပြီး တိုင်းရင်းသား လူမျိုးများ အပေါ်တွင်လည်း လူ့အခွင့်အရေးအရ နှိပ်စက် ညှင်းပမ်းမှုများပြုလုပ်လျက်ရှိပါသည်။

          ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazaar တွင် ၂၀၀၇ ခုနှစ်က ရွှေဝေါရောင်တော်လှန်ရေး(ဘုန်း တော်ကြီး အရေးအခင်း)တွင် ပါဝင်ခဲ့ပြီး စစ်အစိုးရ၏ ထောင်ချနှိပ်စက်ခြင်းခံရသူ အသက် ၇၂ နှစ်အရွယ် ဘုန်းတော်ကြီးတစ်ပါးနှင့်တွေ့ဆုံခဲ့ပါသည်။

          အိန္ဒိယနိုင်ငံ Aizawl တွင် ယခုနှစ် ချင်းပြည်နယ်မှ ထွက်ပြေးလာသော ခရစ်ယာန် အမျိုးသမီး များ၏ သတင်းပေးမှုအရ စစ်တပ်၏ အတင်းအကျပ်ခိုင်းစေခံရသော အလုပ်သမားများအား လိင်ပိုင် ဆိုင်ရာ ရက်ရက်စက်စက်နှိပ်စက်မှုများကို သိရှိရပါသည်။

          ထိုင်းနိုင်ငံ၏ နယ်စပ်မြို့မဲဆောက်တွင် ကျွန်ုပ်သည် အသက် ၁၄ နှစ်အရွယ် ယောက်ျား လေးတစ်ဦးနှင့်တွေ့ဆုံခဲ့ရာ ၎င်းသည် ကရင်ပြည်နယ်စပ်တွင် ကျွဲထိန်းကျောင်းရင်း မြေမြှုပ်မိုင်းနင်းမိ ကာ ဘယ်ဖက်ခြေထောက် ဖြတ်ခဲ့ရသူဖြစ်ပါသည်။

          လူ့သိက္ခာ ညှိုးနွမ်းအောင် ပြုလုပ်သော ကျူးလွန်မှုအဖြစ်အပျက်များမှာ မပြောပဲ ချန်ထား၍ မရအောင် ထင်ရှားပါသည်။ ထိုကိစ္စရပ်များသည် စစ်တပ်၏ အစိုးရဆန့်ကျင်သူများကို ထောင်ချခြင်း၊ နှိပ်စက်ခြင်း၊ အတင်းအကျပ်လုပ်အားပေးစေခြင်း၊ ချင်း၊ ကရင်၊ ကိုးကန့်၊ ရခိုင်၊ ရိုဟင်ဂျာနှင့် ရှမ်းစ သည့် တိုင်းရင်းသားများကို အသံတိတ်နေအောင် လုပ်ထားခြင်း စသည်တို့ကို စနစ်တကျ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နေမှုများကို မီးမောင်းထိုးပြနေသလိုဖြစ်ပါသည်။ အစိုးရ၏ နှိပ်စက်မှုမခံရသော အဖွဲ့ဟူ၍ မရှိပါ။

          မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲကျင်းပခဲ့ဘူးပြီး အနိုင်ရသော NLD ပါတီ၏ ရလဒ်ကို အသိအမှတ်မပြုပဲ၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထိန်းသိမ်းထားခဲ့ပါ သည်။

          ကြင်နာမှု ကင်းမဲ့သော မြန်မာစစ်ခေါင်းဆောင်သည် လာမည့်နှစ် ရွေးကောက်ပွဲတွင် ဒုတိယ တစ်ကြိမ် ရှုံးနိမ့်မှု အဖြစ်ခံလိမ့်မည် မဟုတ်ပေ။ ထို့ကြောင်ပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၎င်း၏ တိုင်းပြည်ကို စစ်တပ်လွှမ်းမိုးမှု သြဇာသွင်းရန် ရှေ့တိုးကြိုးစားခဲ့ရာ ရလဒ်အဖြစ် အတင်းအကျပ် ရွှေ့ပြောင်းစေမှုများ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုသာ ဖြစ်စေပါသည်။ သန်းရွှေ၏ စစ်တပ်သည် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ကို ဖမ်းဆီးထားပြီး၊ ရွာပေါင်း ၃၂၀၀ ခန့်ကိုလည်း ဖျက်ဆီးကာ လူပေါင်း ၃ သန်းခန့်ကို ထွက်ပြေးစေခဲ့ပါသည်။ ထိုသို့ပြုမှုများကြောင့် NLD နှင့် အခြားနိုင်ငံရေး ပါတီများသည် လာမည့် ရွေးကောက်ပွဲအတွက် မည်သို့မျှ မလှုပ်ရှားဝံ့အောင် ရှိနေရပါသည်။

          တစ်ချိန်တည်းမှာပင် အမေရိကန်ပြည်ထောင်စု သမ္မတ Obama ကလည်း မြန်မာနိုင်ငံနှင့်ပတ် သက်၍ မူဝါဒအသစ်ပြောင်းခဲ့ပြီး အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နှင့်အဖွဲ့သည် စက်တင်ဘာလက နယူးယောက်တွင် မြန်မာအဆင့်မြင့် အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး၊ ယခုလအစောပိုင်းက နေပြည်တော်တွင် ဒုတိယအကြိမ် တွေ့ဆုံခဲ့ပါသည်။ Obama ကိုယ်တိုင် ယခုလအတွင်း စင်ကာပူတွင် မြန်မာဝန်ကြီးချုပ်အပါအဝင် အာဆီယံ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပါသည်။

          အထက်ပါ သံတမန်ရေးရာ လုပ်ဆောင်မှုများ အောင်မြင်ရန်အတွက် Obama အစိုးရအနေဖြင့် သတ်မှတ်ချက်များ ပြုလုပ်ထားရမည်ဖြစ်ပြီး၊ လက်ခံနိုင်လောက်သည့် အကျိုးဆက်များကိုလည်း ဖော် ပြရမည်ဖြစ်ပါသည်။ အကျိုးဆက်များတွင် မြန်မာနိုင်ငံအပေါ် ဆက်ဆံရေး မဟာဗျူဟာအသစ်သည် စစ်မှန်သော နိုင်ငံရေး ပြောင်းလဲမှုများအတွက် လှုပ်ရှားမှုများ ထွက်ပေါ်မလာပဲ မအောင်မြင်နိုင် ကြောင်းကိုလည်းထည့်သွင်း တွက်ချက်ရမည် ဖြစ်ပါသည်။ နှစ်နိုင်ငံဆက်လက်စကားပြောရေးအတွက် မြန်မာ အစိုးရအနေဖြင့် အနည်းဆုံး နိုင်ငံရေး အကျဉ်းသားများ လွှတ်ပြီး တိုင်းရင်းသား လူမျိုးစုများ အပေါ်ဖိနှိပ်မှု များရပ်ဆိုင်းပေးသည့် အလျော်အစားတော့ ပေးရလိမ့်မည်ဖြစ်သည်။ အဆိုပါအချက် ၂ ခုကို မပြုလုပ်ပဲ ၂၀၁၀ တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာမည်မဟုတ်ပေ။

          အမေရိကန်တို့နှင့် တွေ့ဆုံလိုက်ခြင်းအားဖြင့် ဗိုလ်ချုပ်မှူးကြီးသည် သူအလိုချင်ဆုံးအရာတစ်ခု ဖြစ်သည့် နိုင်ငံတကာက အသိအမှတ်ပြုမှုကို ရရှိလိုက်ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပြောင်းလဲမှုအ တွက် အကောင်းဆုံးမျှော်လင့်ချက်ဖြစ်သည်။ အကယ်၍သာ ယခုအဆင့်မြင့်သံတမန် စကားပြောမှု များသည် စစ်အစိုးရကို အပေါင်းလက္ခဏာဆောင်သော အရေးကြီးသည့် ပြောင်းလဲမှုများပြုလုပ်ရန် မလုပ်နိုင်ပါက၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် ပိုမို၍ပြင်းထန်သော အရေးယူမှုများ ပြုလုပ်သင့်ပါ သည်။ ၂၀၀၈ ခုနှစ်က ချမှတ်ပြီးသော မြန်မာ့ကျောက်စိမ်း ဥပဒေကို အပြည့်အဝချမှတ်ရေး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံ၏ လူသားချင်း ကိုယ်ချင်းမစာနာသည့် ရာဇဝတ်မှုများ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ဖိအားပေးရမည်ဖြစ်ပါသည်။

          မြန်မာ စစ်အစိုးရသည် ပြင်ပမှ ပြောင်းလဲမှုများအတွက် တောင်းဆိုမှုများကို လစ်လျူရှုခဲ့သည်မှာ ဆယ်စုနှစ်များရှိခဲ့ပြီဖြစ်ပါသည်။ အမေရိကန် ပြည်ထောင်စုက အဆိုပါ အပြုအမူကို ပြောင်းလဲရန် ကြိုးစားနေခြင်းသည် အရာမထင်ခဲ့သော သံတမန်ရေးရာ ဆက်ဆံမှုများအတွက် အကောင်းအဆိုးများ၊ တာဝန် ယူရမှုများကို ရပ်တန့်သွားစေရန်မဟုတ်ပေ။­­­­­­

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment