Transparency Myanmar

transparency.myanmar@gmail.com

The Jakarta Post, 6th February 2010

          ယခုနှစ်အတွင်း အားလုံး ပါဝင်နိုင်မည့် အထွေထွေ ရွေးကောက်ပွဲများကို ကျင်းပရန် ကတိ ပေးထားခြင်းကို မြန်မာနိုင်ငံက လုပ်ဆောင်နိုင်လိမ့်မည်ဟု အင်ဒိုနီးရှား နိုင်ငံက မျှော်လင့်နေကြောင်း သံအမတ်ကြီး Sebastianus Sumarsono က စနေနေ့တွင် ပြောကြားခဲ့ပါသည်။

          "တကယ်လို့ အားလုံး ပါဝင် ယှဉ်ပြိုင်နိုင်မှသာ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်တယ်လို့ ယူဆရမှာပါ။ မြန်မာ အစိုးရကလည်း ဒီအတိုင်း ကတိ ပေးထားပါတယ်" ဟု Sumarsono က နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ အဝန်းအဝိုင်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

          မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လုပ်ငန်းစဉ် တိုးတက် ဖွံ့ဖြိုးမှုများကို အင်ဒိုနီးရှားက တက်ကြွစွာ လိုက်ပါ စောင့်ကြည့်နေကြောင်းနှင့် အတွေ့အကြုံ မျှဝေခြင်း အပါအဝင် လိုအပ်သမျှကို ကူညီ ထောက်ပံ့ရန် အဆင်သင့် ရှိနေသည် ဟုလည်း ၎င်းက ဆိုပါသည်။

          အင်ဒိုနီးရှားသည် မြန်မာနိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေးကို နှစ်ပေါင်း ၆၀ ကျော် ထိန်းသိမ်းခဲ့ပါသည်။

          ဇွန်လ နှင့် အောက်တိုဘာလ အကြား ကျင်းပဖွယ် ရှိသည့် ရွေးကောက်ပွဲတွင် ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင် ရရှိနိုင်မည့် အခွင့်အရေးနှင့် ပတ်သက်၍မူ Sumarsono က မှန်းဆ ပြောကြားခြင်း မပြုခဲ့ပါ။

          "NLD ပါတီရဲ့ လူငယ် မျိုးဆက်သစ်တွေက ပါဝင် ယှဉ်ပြိုင် ချင်ပေမယ့် ပါတီရဲ့ ဝါရင့် လူကြီးပိုင်းက ပြိုင်ချင်တဲ့ ဆန္ဒ မရှိဘူးလို့ ပြောနေကြတယ်" ဟု ၎င်းက ပြောပါသည်။

          ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလတွင် လွှတ်ပေးနိုင်ဖွယ် ရှိသည်ဟု မြန်မာ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက ယခင်လတွင် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment