Transparency Myanmar

transparency.myanmar@gmail.com

monster and critics.com, 21st September 2010

မြန်မာနိုင်ငံ၏ လာမည့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည့် လွတ်လပ်သော တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများက မဲဆန္ဒရှင်များအား အင်္ဂါနေ့က တိုက်တွန်း ပြောကြားရာတွင် "မဲဆန္ဒရှင်များ အနေဖြင့် မဲပေးရာတွင် သတ္တိရှိရှိ စဉ်းစား သတ္တိရှိရှိ ဆုံးဖြတ်ကြရန်'' ထုတ်ဖော် နှိုးဆော်လိုက်သည်။

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများသည် လာမည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲများနှင့် ပတ်သက်သည့် ၎င်းတို့ အားလုံး၏ သဘောထားကို သိရှိစေရန် အတွက် ပူးတွဲ ကြေညာချက် တစ်စောင်ကို ကုန်သည်ကြီးများ ဟိုတယ်တွင် ထုတ်ပြန်ခဲ့ကြပြီး လက်ရှိ အာဏာရ စစ်ဖက် အစိုးရပေါ် အတိုက်အခံ အဖြစ် ရပ်တည်မည် ဖြစ်သော ၎င်းတို့၏ စုစည်း ညီညွတ်မှုကို ပြသခဲ့ကြသည်။

ကြေညာချက်တွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို အားပေးရန် လူထုအတွက် အကျိုးပြုသည့် ဥပဒေများကို ထောက်ခံ၍ ဒီမိုကရေစီ နည်းမကျသော ဥပဒေများကို ဖယ်ရှားပစ်ရန် အမျိုးသား ပြန်လည် ညှိနှိုင်း ပေါင်းစည်းရေးကို ကြိုးစားရန် စီးပွားရေးအတွက် အဆင့် ရှိသည့် ကွင်းသစ်တစ်ခု ဖန်တီးရန် ဖော်ပြထားသည်။

အထက်ပါ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများတွင် တင်အေး (နေပြည်တော်)၊ ကောင်းမြတ်ထွဋ်၊ သန့်ဇော်ဦး၊ ရန်ကျော်၊ လှရှိန်၊ စောနိုင်ဝင်းနှင့် ကိုကိုဝင်းတို့ ပါဝင်သည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများက လူဦးရေ အတော်များများကို ဖယ်ထုတ်ပြီး ဖြစ်နေသောကြောင့် လွတ်လပ် မျှတမှု ရှိမည် မဟုတ်ဟု အကဲခတ်များက ဝေဖန်နေကြသော လာမည့် ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီ ၃၇ ခုနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၄ ဦး ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိထားသည်။

အတိုက်အခံ ပါတီကြီး ဖြစ်သော NLD နှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာမူ အကျယ်ချုပ် ပြစ်ဒဏ်ကျခံ နေရခြင်းကြောင့် မဲပေးခွင့် မရရှိပါ။

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ ပြည်သူ သန်းပေါင်းများစွာကို လုံခြုံရေးအရ စိုးရိမ်ရသောကြောင့် မဲပေးခွင့် ပယ်ဖျက်ကြောင်း ယခင် အပတ် စစ်အစိုးရက ကြေညာခဲ့သည်။

အလားအလာ ရှိသော ကိုယ်စားလှယ်လောင်း များစွာမှာလည်း ကြီးမြင့်လှသော မှတ်ပုံတင်ကြေး (တစ်ဦးလျှင် ၅ သိန်း)  ကြောင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိကြပါ။ ဆင်းရဲ နွမ်းပါးလှသော မြန်မာနိုင်ငံတွင် တစ်ဦးချင်း နှစ်စဉ် ပျမ်းမျှ ဝင်ငွေမှာ ၆ သိန်းပင် မပြည့်ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment