Transparency Myanmar

transparency.myanmar@gmail.com

www.newstime.co.za, 19th November 2010

"ရန်ကုန်မြို့နဲ့ ပတ်သက်ပြီး ခံစားချက်ကို ပြောရရင် မယုံနိုင် လောက်အောင်ပါပဲ။ နေရာ တစ်ခုဟာ ဆယ်စုနှစ် များစွာ ကြာပြီးတဲ့နောက် မပြောင်းလဲဘူး၊ ဒါမှမဟုတ် အရင်ထက် ပိုဆိုး သွားတယ်လို့ ဆိုရင် ကြည့်ရမှာ ရှက်ဖို့တောင် ကောင်းသေးတယ်…."

တစ်စစီ ပျက်စီးနေပြီး လျစ်လျူရှု ခံထားရသော မြို့တော်အား ကြည့်ရသည်မှာ ထူးဆန်း နေသေးတော့သည်။ အဘယ်ကြောင့် ဆိုသော် မြန်မာ စစ်အာဏာရှင် လက်အောက်တွင် မြို့ကြီးသည် ခြောက်ကပ်သွားပြီး မတရား အုပ်ချုပ်ခံနေရပြီး၊ အကူအညီ ကင်းမဲ့လျက် ရှိပါသည်။ နေရာ တကာတွင် စစ်သားများကို တွေ့နေရသည်။ ညစ်ပတ် စိတ်ညစ်ဖွယ် ကောင်းသော နောက်ဖေး လမ်းကြားတွင်ပင် စစ်သားများ ရှိနေသည်။ လူငယ် ဖြစ်သည့် အတွက် အခွင့်အရေး ပိုမရပေ။ အင်အားများ ပြည့်နေသည့် လူငယ်များကို သုံးစရာ နေရာ မရှိပေ။  ဦးနှောက် ကောင်း စဉ်းစားလျှင် စိတ်ပျက်ဖွယ်သာ တွေးမိမည်။ စစ်ထောက်လှမ်းရေး၏ ပစ်မှတ်များသာ ဖြစ်ကြရသည်။ အစိုးရက ကျောင်းသားများနှင့် သတင်းစာ ဆရာများကို အမုန်းဆုံး ဖြစ်ပြီး ချေမှုန်းလေ့ ရှိသည်။ ထို့အတူပင် ရွေးကောက်ပွဲ နိုင်ခဲ့သော ဒီမိုကရက် များကိုလည်း စစ်တပ်က ထောင်ထဲ ပို့ထားသည်။ အဆုံးစွန် အကြောက် တရားများနှင့် အုပ်စိုးမှု အောက်တွင် အဆုံးစွန် ကြောက်ရွံ့ ရမှုတော့ မရှိလှပေ။ သို့သော် ငြီးငွေ့ဖွယ် ကောင်းပြီး သဲထိတ် ရင်ဖိုတော့ ရှိလှသည်။ မျှော်လင့်ချက် ကင်းမဲ့သော ကြိုးတန်းပေါ် လျှောက်နေရ သလိုပင် ဖြစ်သည်။

ကျွန်ုပ် တွေ့ခဲ့ရသော မြန်မာ တစ်ဦးက ယင်းတို့၏ အကြောက် တရားများနှင့် နိုင်ငံရေးနှင့် ပတ်သက် ခြောက်လှန့် ခံရမှုများကို ပွင့်ပွင့်လင်းလင်း ပြောပြရာ "သူတို့က သေနတ်နဲ့ အုပ်ချုပ်တာလေ။ သူတို့က ငါတို့ အိမ်တွေကို အချိန်မရွေး လာပြီး တံခါးခေါက်မယ်။ ပြီးရင် ဖမ်းသွားမယ်"ဟု ဆိုသည်။ တက္ကစီ မောင်းသူ တစ်ဦးက ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

ဈေးထဲတွင် အရောင်း အ၀ယ် လုပ်နေသူ တစ်ဦးက ကျွန်ုပ်အား ပြောပြခဲ့ရာ နည်းနှင်နှင်ပင်။ "ဒီမှာထောင်ဆို တစ်သက် တစ်ကျွန်း ချတာဗျ။ ကျွန်တော့် သူငယ်ချင်း အတော်များများ အဖမ်းခံရတယ်။ ကျွန်တော်သိတယ်။ ကျွန်တော် သူတို့ကို ပြန်တွေ့ရမှာ မဟုတ်တော့ဘူး"ဟု ဆိုသည်။

ကျွန်ုပ် နိုင်ငံသို့ နောက်ဆုံး ရောက်ခဲ့စဉ် ၁၉၇၀ ၀န်းကျင် ကတည်းက ဗိုလ်ချုပ်များ လက်ထဲတွင် အာဏာ ရှိနေရာ ယခုအထိ ရှိနေဆဲ ဖြစ်သည်။ ယင်းတို့သည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို ထိန်းချုပ်ပြီး ရပ်တည်လာခဲ့ကာ ယင်းတို့၏ အကြီးဆုံး စီးပွားဖက် တရုတ်ထံမှ ငွေကြေး ထောက်ပံ့မှုများဖြင့် ပြိုလဲ မသွားအောင် ထိန်းလာခဲ့သည်။ မြန်မာ နိုင်ငံသည် တရုတ်နှင့် သာမန် ကုန်ပစ္စည်း ဖရဲသီးမှ အစ ဟီးရိုးအင်း အထိ အရောင်းအ၀ယ် ပြုခဲ့သည်။ မြန်မာနိုင်ငံသည် အပယ်ခံ နိုင်ငံတစ်ခု ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ် ပြု ဒေါ်အောင်ဆန်း စုကြည်အား အကျဉ်းချထားကာ ဒီမိုကရက်တစ် လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်နေသော နိုင်ငံ ဖြစ်သည်။

စစ်တပ်၏ ဖိနှိပ်မှု အောက်တွင် မကျေနပ်စရာများ ရှိသည့် အထဲတွင် ပြည်သူများသည် သည်းခံခြင်း၊ ကိုယ်ချင်းစာ တရားများ ရှိသည့် ဗုဒ္ဓ၀ါဒကို ယုံကြည်နေပုံ ရသည်။ ယခု အရှေ့တောင် အာရှ ပြန်လည် နိုးထလာချိန်တွင် ရန်ကုန်သည် တစ်မျိုး တစ်ဘာသာ ရှိနေပြီး အဆုံးစွန် ပျက်စီးခြင်းသို့ ရောက်ရှိနေသည်။ မြန်မာ နိုင်ငံသည် အိုဟောင်းပြီး မသန်စွမ်းတော့သည့် အသွင်ကို ဆောင်နေပြီး စိတ်စွမ်းအင်များလည်း ကျဆင်း၊ စွမ်းဆောင်ရည်များလည်း လုံးဝ မရှိတော့သည့် အခြေအနေတွင် ရှိနေသည်။

ပညာရေးမှာလည်း အနှိမ်ခံ ထားရပါပြီး ကျောင်းဆရာများမှာ တစ်လလျှင် ၃၄ ဒေါ်လာသာ ၀င်ငွေ ရှိသည်။ စစ်တပ် တစ်ခုသာလျှင် ချမ်းသာသည်။ လူတိုင်းသည် အသက်ရှင်ရေး အတွက်သာ ရုန်းကန်နေရလျက် ရှိပြီး ကျွန်ုပ် တွေ့သော လူများသည် စိတ်ထား နူးညံ့ပြီး ကူညီတတ်ကြသည်။ ကျွန်ုပ် တွေ့ဖူးသော နိုင်ငံများတွင် ရက်ရောမှုနှင့် ကြင်နာမှုမှ လွဲ ဘာမှ မတွေ့ရသော နိုင်ငံ ဖြစ်သည်။

မြန်မာ နိုင်ငံတွင် အုပ်ချုပ်နေသော စစ်သားများက ပြောခဲ့လိမ့်မည်။ --------- သည် သေသွားသည်က ပိုကောင်းသည်ဟု ပြောခဲ့လိမ့်မည်။ ------- ကိုယ်တိုင်လည်း သဘော တူခဲ့သည်။ ကလေးများအား ပညာသင်သော ဘ၀ အပြီးတွင် ယင်းသည် ဆင်းရဲလျက်ပင် ရှိနေသေးသည်။ ယင်းက ပြောကြားရာတွင် "လူတွေရဲ့ ၈၅ % က အစိုးရကို ဆန့်ကျင်ကြတယ်။ ကျန်တဲ့ ၁၅ % မှာ အစိုးရ ဆွေမျိုးတွေနဲ့ တရုတ်တွေပဲ"ဟု ဆိုခဲ့သည်။

"ကျွန်ုပ် ပထမ အခေါက် လာစဉ်ကပင် တရုတ်များအပေါ် မုန်းတီးစိတ်များ တွေ့ခဲ့ရသည်။ ယခု တစ်ခေါက်တွင် ထိုကိစ္စ ပိုမို ကြားလာရသည်။ အဘယ်ကြောင့် ဆိုသော် ပြည်တွင်းမှ တရုတ်များသည် ပြည်မမှ တရုတ် ဗျူရိုကရက်များနှင့် ကောင်းကောင်း ဆက်ဆံနိုင်သည်။ ယင်းတို့သည် ကျောက်စိမ်း ရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး၊ အစား အသောက်နှင့် အခြား ပစ္စည်းများ ရောင်းဝယ်ရေး များကို လုပ်ကိုင်နေသည်။ မန္တလေးမြို့တွင် ကျွန်ုပ်တွေ့ခဲ့ရသော ပညာတတ် မြန်မာ တစ်ဦးက ပြောကြားရာတွင် "အစိုးရဟာ မူးယစ်ဆေးဝါးနဲ့ ဘိန်းရောင်းဝယ်မှု ကနေ ငွေတွေ အများကြီး ရပါတယ်။ ဗိုလ်ချုပ်တွေဟာ ကမ္ဘာ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှာ ပါဝင် ပတ်သက် နေပါတယ်"ဟု ဆိုသည်။

ရေနံ၊ သစ်နှင့် အစား အသောက်များ လိုအပ်နေသော တရုတ်၏ ကြီးပွား တိုးတက်လာမှုသည် ဒိုင်းနမစ် အရွေ့သစ် တစ်ခုကို ဖန်တီးခဲ့သည်။ တရုတ်သည် မည်သည့် နိုင်ငံတွင်မဆို ဒီမိုကရက်တစ် အဖွဲ့အစည်းများ ဖွံ့ဖြိုးလာမှုကို မမြင်လိုပေ။ တစ်နည်း ပြောရလျှင် တရုတ်သည် ဖိနှိပ်သော အစိုးရများ အတွက် မဟာမိတ် ဖြစ်သည့် သဘာဝ ရှိပေသည်။ ဆိုပါစို့။ အာဖရိက နိုင်ငံ တစ်ခုသည် အကျင့်ပျက် ခြစားခြင်း၊ ရက်စက် ကြမ်းကြုတ်ခြင်းတို့ ရှိနေခြင်းကြောင့် ကမ္ဘာ့ဘဏ်က ငွေကြေး ထောက်ပံ့ရန် ငြင်းဆန်ပြီး၊ အကူအညီ ရလိုလျှင် ရွေးကောက်ပွဲ ကျင်းပရမည်ဟု တောင်းဆိုပါက တရုတ်သည် မရိုးသားသည့် အကူအညီ အဖြစ် ငွေကိုင်လျက် ပေါ်လာမည် ဖြစ်ပြီး နှောင်ကြိုး မပါဘဲ ငွေကြေး အကူအညီ ပေးလိမ့်မည်။ ကျွန်းသစ်များကို ယူသွားမည်။ အစားအသောက်များ ယူသွားမည်။ မူးယစ် ဆေးဝါးများလည်း ပါဝင်မည် ဖြစ်သည်။

မြန်မာ နိုင်ငံသည် တရုတ်နှင့် နီးကပ်သော ဆက်ဆံရေး ရှိနေရခြင်းမှာ ကျယ်ပြန့်သော နယ်စပ် ရှိခြင်းလည်း ပါဝင်သည်။ မြန်မာ နိုင်ငံဖက်မှ ကုန်တင် ကားများဖြင့် တရုတ် ပြည်သို့ ဟင်းသီး ဟင်းရွက်များ၊ ကျွန်းသစ်လုံးကြီးများ၊ ကျောက်မျက် ရတနာများ၊ ဘိန်းများ တင်ဆောင် သွားကြမည် ဖြစ်သည်။ တဖန် တရုတ်ပြည်မှ ရာဘာ ဖိနပ်များ၊ စည်သွပ်ဗူးများ၊ ဈေးပေါသော စက်ဘီးများ၊ လက်နက်များနှင့် -- စသည်များ ပြန်လည် တင်ဆောင်လာသည်။

ဆင်းရဲပြီး ငတ်ပြတ်နေသော မြန်မာနိုင်ငံမှ ချမ်းသာ ကြွယ်ဝသော တရုတ်နိုင်ငံသို့ ဆန်၊ ခရမ်းချဉ်သီး၊ ပဲ၊ ကြက်သွန်၊ လိမ္မော်သီး၊ ဟင်းခတ် အမွေးအကြိုင်များ စသည့် အစား အသောက်များ တင်ပို့သည်။ တရုတ်က မြန်မာနိုင်ငံကို ကိုယ်ပိုင် လယ်မြေဟု သဘောထားသဖြင့် သူ့နိုင်ငံရှိ လယ်မြေ များနေရာတွင် စက်ရုံများ ဆောက်သည်။ ထုတ်လုပ်မှုနှင့် နည်းပညာ ဖွံ့ဖြိုးမှုကို ပိုအချိန်ပေး လာနိုင်သည်။

တက္ကသိုလ် ပရ၀ုဏ်ဟု ထင်ရသော နေရာ တစ်ခုကို ရထားဖြင့် ဖြတ်လာရင်း တွေ့ရသည်။ အသေအချာ ကြည့်မိသော် စစ်ကျောင်းကြီး တစ်ခု ဖြစ်နေပြီး အင်္ဂလိပ်လိုရော မြန်မာလိုရော စာတမ်းထိုး ထားရာ နောင်တစ်ခေတ်၏ အောင်စစ်သည် (The Triumphant Elite of the Future) ဟူ၏။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment